12/05/2026
✈️✨Airlines & Tourism Industry Forum အခမ်းအနားကျင်းပပြုလုပ်ခြင်း
၂၀၂၆ ခုနှစ် မေလ (၁၀)ရက် နေ့လည်(၁)နာရီက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မင်္ဂလာခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် Airlines & Tourism Industry Forum အားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဟိုတယ်၊ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
ထို့နောက် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအေးမြင့်ကြူ၊ ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌနှင့် ညီနောင် အသင်းများမှ တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံး၊ အင်ဒိုနီးရှားနိုင်ငံသံရုံးနှင့် မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေး အသင်းတို့မှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းရှင်များ၊ Vietnam နိုင်ငံ၊ Visit Indochina မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ ပါဝင်တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ လေကြောင်းလိုင်းများနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ(၂)ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အပံ့ဖြစ်စေသော ယခုဖိုရမ်အား အောင်မြင်အောင် စီစဉ်ပေးကြသူများအားလုံးကို နိုင်ငံတော် နှင့် ဝန်ကြီးဌာနကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဖိုရမ်မှတစ်ဆင့် လေကြောင်းလိုင်း များနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ (၂) ရပ်လုံး ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်ရေး၊ ခရီးသွား လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် စီးပွားရေးအခွင့်အလမ်းသစ်များကို ပိုမိုဖော် ဆောင်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လေကြောင်းလိုင်းများ၏ အခန်းကဏ္ဍမှာ ခရီးသွားလုပ်ငန်းအတွက် အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး ခရီးစဉ်ဒေသများ၏ International Gateway လည်းဖြစ်ပါကြောင်း၊ လေကြောင်း ချိတ်ဆက်မှု (Air Connectivity) အားကောင်းခြင်းမှာ ခရီးစဉ်ဒေသများ၏ ယှဉ်ပြိုင် နိုင်စွမ်းကို မြှင့်တင်ပေးနိုင်ရုံသာမကဘဲ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသော ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်ဖြင့် လိုက်ပါဖွံ့ဖြိုး တိုးတက်စေ မှာဖြစ်ပါကြောင်း၊ လေကြောင်းကဏ္ဍနှင့် ခရီးသွားကဏ္ဍမှာ အပြန်အလှန် အကျိုးပြုနေသည့် ကဏ္ဍများဖြစ်သဖြင့် လေကြောင်းကွန်ရက်များ ပိုမိုခိုင်မာလာအောင် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၏ ပထမ (၃) လပတ်မှာတင် အပြည်ပြည်ဆိုင်ရာလေဆိပ်များကတစ်ဆင့် ခရီးသွားဧည့်သည် (၉၀၀၀၀) နီးပါး ဝင်ရောက်ခဲ့သည့် အတွက် ယခုနှစ်တွင် နှစ်ဆနီးပါးဝင်ရောက်မည်ဟု ခန့်မှန်းထားသဖြင့် ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှု ပိုမိုတိုးတက်လာမှုမှာ လေကြောင်းချိတ်ဆက်မှု များအပြင် ပြည်ဝင်ဗီဇာဆိုင်ရာ လွယ်ကူချောမွေ့မှုမှာလည်း အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပြည်ဝင်ဗီဇာဖြေလျော့ထားသော နိုင်ငံများပိုမို တိုးချဲ့ရရှိရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် နိုင်ငံတကာခရီးသွားပြခန်းများတွင် တက်ကြွစွာ ပါဝင်ပြသလျက် ရှိပါကြောင်း၊ ယခင်နှစ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သော နိုင်ငံတကာခရီးသွားပြပွဲ-၂၀၂၅ သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း (MAI)တို့နှင့် ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံကိုယ်စားပြု ခရီးသွား ပြခန်းကို အောင်မြင်စွာ ပြသနိုင်ခဲ့ပါကြောင်း၊ လေကြောင်းလိုင်းများအနေဖြင့်လည်း နိုင်ငံတကာဈေးကွက်အား ထိုးဖောက်နိုင်ရေးအတွက် မြန်မာ့ခရီးသွားမြှင့်တင်ရေးကဏ္ဍများ တွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေ လိုပါကြောင်း၊ ယနေ့ Forum အစီအစဉ်များတွင် မြန်မာ့ခရီးသွား မြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်း လိုင်းများ၊ ပြည်တွင်း လေကြောင်းလိုင်းများ၏ အခန်းကဏ္ဍနှင့် ခရီးသွားကဏ္ဍအတွက် အကျိုးဖြစ်ထွန်းစေမည့် ဆွေးနွေးချက်များ ပါဝင်နေသည်ကိုတွေ့ရှိရပါကြောင်း၊ ဆွေးနွေးမှုများမှ တစ်ဆင့် ခရီးသွားလုပ်ငန်းရှင်များ အတွက် ဗဟုသုတသစ်များ၊ လေကြောင်းလိုင်းများနှင့် ခရီးသွားကဏ္ဍအကြား ပိုမိုခိုင်မာသည့် မဟာဗျူဟာမြောက် ရှေ့လုပ်ငန်းစဉ်များ ဖော်ဆောင်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ လေကြောင်းလိုင်းများအနေဖြင့် မြန်မာနိုင်ငံသို့ ခရီးစဉ်များ တိုးချဲ့ ပျံသန်းပြေးဆွဲပေးနိုင်ရေး၊ ပျံသန်းမှုအကြိမ်ရေ တိုးမြှင့်ပေးနိုင်ရေး၊ တင်ဆောင်နိုင်မှု စွမ်းအားများ မြှင့်တင်ပေးနိုင်ရေး အတွက် ဝိုင်းဝန်းကြိုးစားပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် မြန်မာနိုင်ငံရှိ လေဆိပ်(၈)ခုကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ လေကြောင်းကဏ္ဍနှင့် ခရီးသွားလုပ်ငန်းကဏ္ဍတို့ ပိုမိုတိုးတက်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြစေလိုပါကြောင်း တိုက်တွန်းပြောကြားပါသည်။
ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဥက္ကဌ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဌတို့က အသီးသီး နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြ သူများနှင့် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။
ဆက်လက်၍ မြန်မာ့ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် နိုင်ငံတကာလေကြောင်း လိုင်းများ၏အခန်းကဏ္ဍ၊ မြန်မာ့ခရီးစဉ်ဒေသများသို့ ပိုမိုနီးကပ်စွာ ပြည်တွင်းလေကြောင်း ကဏ္ဍ၏ ရှေ့လုပ်ငန်းစဉ် ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲများအား ဆွေးနွေးပွဲအား ကဏ္ဍ(၂)ရပ်ခွဲပြီး ကျင်းပပြုလုပ်ခဲ့ကြပါသည်။
International Panel Discussion Panel Discussion (Myanmar Tourism Promotion အတွက် International Airlinesများ၏ အခန်းကဏ္ဍ(How significant is the role of International Airlines in promoting tourism in Myanmar)တွင် Moderator အဖြစ်
• U Kyaw Win Tun, Chairman, Airlines Committee, UMTA
- Panelists များအဖြစ်
• Dr. Thet Lwin Toh, Managing Director, Myanmar Voyages International Tourism Co., Ltd
• U Kyaw Min Htin, Chairman, Myanmar Tourism Marketing Association
• Daw Thazin, Managing Director, Htoo Travels
• U Okkar Kyaw, Industry Affairs Manager, IATA
• Daw Moe Sandar Aung, Area Manager, Malaysia Airlines
• Daw Cho Mar New, Head of Sales, Myanmar Airways International
• Daw Kyawt Kyawt Moe, Director, Department of Civil Aviation (DCA)
Domestic Panel Discussion အစီအစဉ်အဖြစ် မြန်မာ့ခရီးစဉ်ဒေသများသို့ ပိုမိုနီးကပ်စွာ ပြည်တွင်းလေ ကြောင်းကဏ္ဍ၏ ရှေ့လုပ်ငန်းစဉ်) (Closer to Myanmar Destinations: The Domestic Aviation Roadmap)
- Moderator အဖြစ်
• Daw Tin Kyi Min, Director of Business Development, Mann Yadanar Pon Airlines
- Panelists များအဖြစ်
• Daw Thidar Aye, Deputy Director, Tourism Promotion Department
• Daw Kay Thwe Soe, Managing Director, Amazing Time Travels & Tours Co., Ltd
• U Ye Win, EC-Union of Myanmar Travel Association
• Daw Cho Mar New, Head of Sales, Mingalar Air
• Daw Su Hlaing Win, Deputy Director, Department of Civil Aviation (DCA)
• U Myo Thura, Chief Commercial Officer, Myanmar National Airlines (MNA)အဖြစ်ဆောင်ရွက်ခဲ့ကြပါ သည်။
Airlines & Tourism Industry Forumပွဲဖြစ်မြောက်အောင်တစ်ဖက်တစ်လမ်းမှ Main Sponsor အဖြစ် Vietnamနိုင်ငံ Visit Indochia ၊ Diamond Sponsor အဖြစ် Myanmar Airways International (MAI)၊ Gold Sponsor အဖြစ် Sprout & Sweet Bakery မှပံ့ပိုးကူညီပေးခဲ့ပါသည်။