Zar Ni pharmacy and Convenience Store

Zar Ni pharmacy and Convenience Store Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zar Ni pharmacy and Convenience Store, Business service, Bohyoke Road Kawhmu Township Yangon, Yangon.

19/08/2022

"အခိုက်အတန့် "

လူတွေက
ချမ်းသာခြင်းသာ
သင်္ခါရလို့ထင်တယ်
တစ်ကယ်တော့
ဆင်းရဲခြင်းလည်း သင်္ခါရပဲ
မင်းကြိုးစားနေသမျှကာလပတ်လုံး
အဆင်မပြေခြင်းက သင်္ခါရ
မင်း မကြိုးစားပဲ
ရေသာခို အချောင်နေနေသရွေ့
မင်းအတွက်ဆင်းရဲခြင်းက
ထာဝရပဲ။

#ဆရာအောင်သင်း

အလီဘာဘာ👍
28/07/2022

အလီဘာဘာ👍

အကြံပေးစာ

ဘယ်လိုအခြေအနေမှာ လုပ်ငန်းမစတင်ဖို့
ဘယ်လိုစိတ်ဓာတ်မရှိရင် လုပ်ငန်းမစတင်ဖို့
ဘာတွေရင်မဆိုင်ရဲရင် လုပ်ငန်းမစတင်ဖို့

❗️တစ်ရက် ၈နာရီဘဲအလုပ်လုပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️တစ်ပတ် ၅ရက်ဘဲ အလုပ်လုပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️အိပ်ရေးဝဝအိပ်ချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️ညဘက်တွေ အိပ်မပျော်ဘဲ စဉ်းစားရင်းမိုးလင်းရတဲ့ရက်တွေ မကြုံချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️စာဖတ်ရမှာပျင်းလျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️သူငယ်ချင်းတွေကို ဆုံးရှုံးရမှာကြောက်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️အပေါင်းအသင်းတွေရဲ့ အငြိုငြင်မခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ကါနဲ့

❗️No လို့ ပြောရမှာ အားနာနေသေးရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️အားလပ်ချိန်ပိုလိုချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️နေ့စဉ်ရက်ဆက် ခေါင်းကိုက်လောက်အောင် မစဉ်းစားချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️လူတွေရဲ့ အမုန်းမခံနိုင်လျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲဲ့

❗️အထင်လွဲမခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️စိတိရှုပ်မခံနိုင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️အပန်းဖြေခရီးခဏခဏ သွားချင်ရင် ကိုယ်ကိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️ငွေကြေးကျပ်တည်းတာ မခံနိုင်လျှင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️ပြသနာတွေ မဖြေရှင်းချင်ရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️သင်ယူလေ့လာချင်စိတ်မရှိရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️ကိုယ့်ကိုကိုယ် အောင်မြင်မယ်လို့ မယုံကြည်သေးရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

❗️ဘယ်လိုအခြေနေမှာဖြစ်ဖြစ် ရအောင်ဆက်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မရှိရင် ကိုယ်ပိုင်လုပ်ငန်း မလုပ်ပါနဲ့

လုပ်ငန်းစခါစမှာ ရင်ဆိုင်ရမှာတွေက အများကြီးပါ

ီ_ဘာ_ဘာ

10/01/2022

hi. ;;;
ကျမ္မာေရးဂရုစိုက်ကြပါ😀😃😄

22/07/2021

ဒီနေ့မနက်ခင်း ကြုံတွေ့ခဲရတဲ့မြောက်ဥက္ကလာပ
ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနရှေ့က
မြင်ကွင်းတွေဟာ ကျနော့တစ်သက်မမေ့နိုင်သလို
စာစီကာ စီကာပတ်ကုံးရေးပြရရင် ဝတ္တုတိုတစ်
အုပ်စာလောက်နီးပါးရေးပြရမယ်ထင်ပါတယ်။

လိုရင်းတိုရှင်း အတိုဆုံးရေးပြရရင်...

(၁)မနက်လေးနာရီ မိုးစွေစွေရွာနေတဲ့ကြားက
ကားကိုအပြင်းမောင်းဝင်လာတဲ့ကျနော့ကို
အိပ်မှုန်စုံဝါး အူကြောင်ကြားနဲ့ ဂိတ်ပေါက်ဝမှာ
သေနတ်ကိုင်ပြီး အူတူတူကြည့်နေတဲ့ ရဲတပ်ဖွဲ့
ဝင်သုံးယောက်။(ဘာမှလည်းမမေးပါဘူး)

(၂)အဖေအလောင်းကို တွန်းလှည်းပေါ်တင်ထားပြီး
ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဖြစ်နေကြတဲ့ ကျနော့တူမနဲ့ သူ့အမေရဲ့ ပူဆွေးသောက။

(၃)Probox တက္ကဆီ တစ်စီးပေါ်က အသက်ထွက်
လုဆဲဆဲ အဖေကို ရလိုရငြား ကယ်ပါကူပါ ငိုယိုနေ
ကြတဲ့မိသားတစ်စုနဲ့ ကျနော်တွေ့သော တစ်ဦးတည်းသောဆရာဝန်မှ ဟိုကားပြေးလိုက် ဒီကားပြေး
ကြည့်လိုက်နဲ့ သူ့ရဲ့ဒုက္ခ။

(၄)သူ့ရှေ့တင်အသက်ထွက်သွားတဲ့လူနာကို
လူနာရှင်စိတ်ကျေနပ်အောင် စမ်းသပ်ခုံကိုတင်ပြီး
နှလုံးနိုးစက်တွေနဲ့နိုးကြည့် လက်ကိုထောက်ကြည့်
မျက်လုံးဖြဲပြီး သူငယ်အိမ်ကိုဓာတ်မီးလေးနဲ့ထိုးကြည့်ပေးတဲ့ဆရာဝန်ရဲ့ ခေါင်းခါပြတဲ့ ဝမ်းနည်းစရာ
မြင်ကွင်းနဲ့နောက်ဆက်တွဲ အောင်မလေးအဖေရယ်
သမီးတို့ကိုထားသွားပြီလားလို့ ဆွေးဆွေးမြေ့မြေ့
ငိုကြွေးလိုက်တဲ့အချိန် ကျနောိပါရောပြီးမျက်ရည်
ကျခဲ့မိတဲ့အဖြစ်။

(၅)အောက်ဆီဂျင်ကျပြီး ဆေးရုံတင်ဖို့ရောက်လာ
ကြတဲ့ ကရင်အဒေါ်ကြီးနဲ့သူ့မိသားစု။ အဒေါ်ကြီး
ကိုဆေးရုံထဲမသွင်းပဲ တွန်းလှည်းပေါ်ထိုင်ခိုင်းပြီး
အောက်ဆီဂျင်အိုးရှိရာ နေရာမှာနှားခေါင်းပိုက်တပ်
ရှုခိုင်းထားပေမဲ့ သူ့မျက်နှာခံစားချက်ကမမြင်ရက်
စရာမို့ ကျနော်မျက်နှာလွဲ တခြားဘက်ရှောင်ထွက်လာပြီး နွမ်းပါးပုံရတဲ့အတွက် ပိုသနားမိတဲ့အဖြစ်။

(၆)အမေဖြစ်သူကိုမတ်တူးကားနောက်ခန်းမှာတင်
ပြီး အောက်ဆီဂျင် ရှုရဖို့အရေး ဗျာများနေတဲ့သား
တစ်ယောက်။ ၄၀လီတာအိုးကို ၇သိန်းနဲ့ဝယ်ပြီး
အောက်ဆီဂျင်ဖြည့်ကာ ကားပေါ်တင်ရှုခိုင်းထားတဲ့
အပူသည်သားတစ်ယောက်။

(၇)အရေးပေါ်ဌာနအပေါက်ဝမှာ စုံစမ်းမေးမြန်းရန်
စာချိတ်ထားပြီး ပလတ်စတစ်ရုံထဲဝင်ထိုင်နေတဲ့
ဆေးရုံဝန်ထမ်းကောင်မလေး(၂)ယောက်။ အဲဒီ၂
ယောက်ကိုအဒေါ်ကြီးတစ်ယောက်က မအူမလည်
နဲ့ ပစ္စည်းလေးပေးချင်လို့ပါပြောတာကို ဒီကာလ
ဟာဗုံးပေါက်တဲ့ကာလမို့ ဘာပါဆယ်မှလက်ခံလို့မရဘူးပြောကာ နားမလည်သူကိုနားလည်အောင်
မရှင်းပြပဲ ငါတို့ရှေ့ကထွက်သွားရင်ပြီးရောဆိုတဲ့
သဘောနဲ့ တာဝန်မဲ့စွာဘုတောကြတဲ့ ကောင်မလေး
၂ယောက်။

(၈)မိုးလင်းလာတာနဲ့အမျှအောက်ဆီဂျင်ရုံနားမှာကားတွေ ပိုပိုများလာကာ လူနာကကားပေါ်မှာထိုင်
အောက်ဆီဂျင်အိုးကြီးကိုကားတံခါးဘေးထောင်ပြီး
အောက်ဆီဂျင်ရှုနေကြတဲ့ လူမမာတင်ကား ဆယ်စီးမကတဲ့မြင်ကွင်း။

(၉)သေဆုံးသွားတဲ့အလောင်းတွေကိုတင်ဖို့ တစ်စီး
ပြီးတစ်စီးရောက်လာကြတဲ့ ဟရဟိတအသင်းအဖွဲ့
ကားတွေနဲ့ လေးစားစရာ ကိုယ်ကျိုးစွန့်ပရဟိတ
ယာဉ်မောင်းလူငယ်လေးတွေနွမ်းလျတဲ့ပုံရိပ်။

(၁၀)Taxi ကားကို ပေ၃၀ အကွာအဝေးသို့ နွားလို
မောင်း ကားပိတ်ရပ်လိုက်ပြီး ပုဆိုးတမမ ဇပြချင်
နေတဲ့ပညာမဲ့ ယာဉ်မောင်း။ ကားပေါ်တင်လာတာက
၃၀ ကျော်အရွယ်ကျားနှစ်ယောက်။ တစ်ယောက်က
မျက်ဖြူလှန်နေပြီ။ဘာတွေဆက်ဖြစ်ဲကြမလဲတော့
မသိ။

(၁၁)လူတွေဒီလောက်ကမ္ဘာပျတ်နေပေမဲ့ သူနဲ့ဘာမှ
မဆိုင်သလို သိမ်းစရာရှိတဲ့အမှိုက်တွေကို PPEဝတ်
ပြီး သိမ်းဆည်းထုတ်ပိုးကာ တစ်ခေါက်ပြီးတစ်ခေါက်သယ်နေတဲ့ သန့်ရှင်းရေးဝန်ထမ်း။

(၁၂) ဟိုကားတွေမောင်းထုတ်လိုက် ဒီကားတွေလက်ပြလိုက်နဲ့ နေရာချပေးနေတဲ့ ဆေးရုံလုံခြုံရေး
ဝန်ထမ်းရဲ့ အငြိမ်မနေရပြေးလွှားနေရတဲ့ဘဝ။
တစ်ချက် တစ်ချက် ဆေးရုံဝင်ပေါက်ထိမက လမ်း
မကြီးပေါ်ထိကားတားကာ ရှင်းထုတ်ပေးနေတဲ့
တာဝန်ကျေဝန်ထမ်း။

ဒါဟာ မနက်ပိုင်းခနလေးအတွင်းမှာ ကျနော်မကြည့်ချင်ပဲမြင်ခဲ့ရတဲ့ မြောက်ဥက္ကလာပဆေးရုံကြီး
အရေးပေါ်ဌာနရှေ့ကဖြစ်ပျတ်နေတဲ့မြင်ကွင်းတွေ
ထဲက တစ်ချို့အကြောင်းအရာတွေပါ။

စိတ်ခံစားချက်ရသမျိုးစုံကို တခနအတွင်းဒီလောက်ထိစုံစုံလင်လင်တစ်ခါမှ မခံစားရဖူးသေးပါ။

ဒီနေ့တော့အတွေးပေါင်းများစွာ စိတ်ဒဏ်
ရာပေါင်းများစွာကို တပြိုင်တည်းခံစားလာရလို့
လူပန်း စိတ်နွမ်းပြီး ဘာမှကိုမလှုပ်ချင်တော့ပဲ
ဒီမြင်ကွင်းတွေကို ဖွင့်ဟရေးပြလိုက်ပါတယ်။

Tun Win

မြကြာဖြူကဘောစိဆီက ကြော်ငြာခ တောင်းရမယ်😘😘🤪
04/10/2018

မြကြာဖြူကဘောစိဆီက ကြော်ငြာခ တောင်းရမယ်😘😘🤪

ဆိုကြမယ် ...မတီးတက်တီိးတက်  တီးကြမယ်ဝါသနာပါရင် လာဟဲလိုက်နော့်
24/03/2018

ဆိုကြမယ် ...
မတီးတက်တီိးတက် တီးကြမယ်
ဝါသနာပါရင် လာဟဲလိုက်နော့်

ရိုးရှင်းကြသည်
24/03/2018

ရိုးရှင်းကြသည်

လိုအပ်ချက်များရှိရင် မှာကြားနိုင်ပါတယ်ခင်ဗျာ ၀၉၉၆၆၆၉၀၀၆၆
02/11/2017

လိုအပ်ချက်များရှိရင် မှာကြားနိုင်ပါတယ်ခင်ဗျာ ၀၉၉၆၆၆၉၀၀၆၆

Address

Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959978761821

Website

Alerts

Be the first to know and let us send you an email when Zar Ni pharmacy and Convenience Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share