02/08/2015
ရေဘေးသင့် လှူဒါန်းဖို့ အိမ်မှုကိစ္စလုပ် အလှူငွေရှာ
============================
အိမ်မှုကိစ္စများလုပ်ကိုင်ပေးပြီး ရရှိလာတဲ့လုပ်အားခတွေကို ရေဘေးသင့်ပြည်သူတွေကို လှူဒါန်းဖို့လုပ်ဆောင်နေတာဖြစ်ပါတယ်။
အိမ်မှုကိစ္စများကို တစ်နာရီ ၂၅၀၀ ကျပ်နှုန်းနဲ့ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များမှာ ဝန်ဆောင်မှုပေးနေတာဖြစ်ပြီး ၂ ရက်အတွင်း လုပ်အားခ ကျပ် ၂ သိန်းခြောက်သောင်းကျော်နဲ့အလှူရှင်များထံမှကျပ်ကိုးသိန်းခွဲကျော်ရရှိခဲ့ကြောင်းပါဝင်လုပ်ကိုင်နေတဲ့မအေးမြတ်လင်းကပြောပါတယ်..။
အဝတ်လျှော်၊ မီးပူတိုက်၊ အိမ်သန့်ရှင်းရေး စတဲ့ အိမ်မှုကိစ္စတွေကို မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ အင်းစိန်၊ ကြည့်မြင်တိုင်၊ မင်္ဂလာဒုံလေဆိပ်အနီးတဝိုက် မြို့နယ်များမှာ ဝန်ဆောင်မှုပေးနေကြတာဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မယ့်အင်အားထပ်မံလိုအပ်နေတယ်လို့ မဖူးပွင့်သဉ္ဇာဖြိုးကပြောပါတယ်။၂ ရက်ပေါင်း ရရှိတဲ့ အလှူငွေတွေကို ပွင့်ဖြူရေဘေးအတွက် လှူဒါန်းခဲ့တာဖြစ်ပါတယ်။ သြဂုတ်လ ၁ ရက်အထိ ဝန်ဆောင်ခနဲ့ အလှူငွေ စုစုပေါင်း ကျပ် ၁၁ သိန်းကျော်နဲ့ အမေရိကန်ဒေါ်လာ ၁၂၅၊ စင်ကာပူ ဒေါ်လာ ၆၅၀ ရရှိထားပြီး ဒုတိယအကြိမ် ဟားခါးဒေသကို သွားရောက်လှူဒါန်းဖို့ စီစဉ်နေပါတယ်။ “ကျွန်တော်တို့ လူငယ်တွေလဲဖြစ်နေတယ်၊ လက်ထဲမှာလည်း ပိုက်ဆံမရှိဘူး၊ လူငယ်တွေဆိုတော့ လုပ်အားလှူနိုင်တယ်။ နှစ်ဦး နှစ်ဘက် အဆင်ပြေအောင် ဒီအစီအစဉ်ကို လုပ်တာပါ” ဟု မဖူးပွင့်သဉ္ဇာဖြိုးက ရှင်းပြပါတယ်။အဆိုပါ လူငယ်များဟာ လူမှုအကျိုးပြု ဖွံ့ဖြိုးရေး ခေါင်းဆောင်မှု သင်တန်းတက်ရောက်ခဲ့သူများဖြစ်ပြီး နိုင်ငံအဝန်းရေကြီးမှုများဖြစ်ပေါ်ခဲ့တဲ့အချိန် ဖေ့စ်ဘွတ်ခ်မှတဆင့် ပြည်သူ့ထံမှ ပြည်သူ့ထံသို့ အစီအစဉ် (ကျွန်တော်၊ကျွန်မ တို့ကိုခိုင်းပါ) စာသားများရေးကာ ဝန်ဆောင်မှုကို စတင် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
By ထက်အာကာ On Sun, 2015-08-02 15:13 7daydaily news Location ရန်ကုန် Issue No.No.813 Sunday, August 2, 2015
အိမ်ရှင်မလေးအိမ်မှုအကူဝန်ဆောင်မှုလုပ်ငန်းမှ လေးစားစွာဖြင့် ဂုဏ်ပြုဖော်ပြအပ်ပါသည်။( ၀၉ ၂၅၂၅၉၈၀၅၆/၀၉ ၂၅၂၅၉၈၀၅၇)