06/10/2018
အခုထိ အဲ့ အကျင့်ရှိသူတွေနဲ့ကြုံနေရတုန်း
Online ကမှာတဲ့အချို့ Customersများကို သိစေရန်
မှာပြီးပစ္စည်းများကို cancel လုပ်ချင်ရင် ကြိုလုပ်ပေးပါ Delivery လက်ထဲထည့်ပေးလိုက်ပြီးမှ order cancel မလုပ်ပါနဲ့ အဆိုးဆုံးက လာပို့ဖို့Deliveryကို နေ့တွေ အချိန်တွေချိန်းပြီး Deli သမားကအချိန်မီအောင်အပြေးလာပြီးပို့ပေးတော့ ရောက်ကာမှ phမကိုင်တော့တာ phကိုစက်ပိတ်လိုက်တာတွေ တကယ့်ကိုလူမဆန်တဲ့ အပြုအမူတွေ မလုပ်ကြပါနဲ့ မြို့ထဲဆို တော်ပါသေးတယ် ပြန်လာရတာ လှိုင်သာယာ ရွှေပြည်သာ မြောက်ဒဂုံ တောင်ဒဂုံလိုဆို အဲ့Deli သမားဘယ်လိုဆက်လုပ်ရမလဲ Deli phဆက်တာမယူချင်ရင် ခရီးသွားနေတယ် စသဖြင့်အကြောင်းပြချက်ပေးလိုက်ပါ Deliလည်း လာပို့စရာမလိုတော့ပါဘူး အခုဟာက ပို့ခ တကြောင်းစာ OS ကပေးပေမယ့် မရောင်းရပဲပို့ခပေးရတော့လည်း OSသမားမှာ ဘယ်လိုမှအမြတ်ကျန်ဖို့မဖြစ်နိုင်ပါဘူး နယ်ကOSသမားတွေဆို ပိုဆိုးပါတယ် ကားဂိတ်ပို့ခ တန်ဆာခ ထပ်ကုန်တော့ အချို့တွေဆို စိတ်ကုန်ပြီး OSလောကကထွက်သွားရတဲ့အထိ နစ်နာပါတယ် ကြားထဲက Deli သမားနဲ့ OSသမားမိတ်ပျက်ပြီး စီးပွားရေးထိခိုက်လာနိုင်ပါတယ် Customersများကို ဘယ်သူမှရိုက်နှက်ပြီး ဝယ်ရမယ်လို့မပြောပါဘူး ကိုယ့်စိတ်သဘော ကိုယ့်ဆုံးဖြတ်ချက်နဲ့မှာရင် ကိုယ့်သိက္ခာကိုယ်လေးစားပြီး ကိုယ့်စကားကိုယ်တန်ဖိုးထားကြပါ Onlineပေါ်မှာ ဆော့နေကြတာမဟုတ်ပါဘူး စားဝတ်နေရေး စီးပွားရေး ကျောင်းစရိတ် အကြောင်းပြချင်အမျိုးစုံနဲ့ ph bill နဲ့ အင်တာနက်ဖိုးအကုန်ခံ သိန်းချီရင်းပြီး နေ့မအား ညမနား အလုပ်လုပ်နေကြတာပါ ကိုယ်ချင်းမစာနိုင်ရင်တောင် လူလိုနားလည်ပေးကြပါလို့ တောင်းဆိုပါတယ်နော်