Phyo Wai -ဖြိုးဝေ

Phyo Wai -ဖြိုးဝေ "Your choice is your life." "မင်းရဲ့ရွေးချယ်မှုက မင်း?

21/03/2023

သင်ဟာ
Supervisor လား
Manager လား
Director လား
Leader လား

1) Supervisor လုပ်မယ်ဆိုရင် Supervise လုပ်တတ်ရမယ်။

2) Manager လုပ်မယ်ဆိုရင် Supervise လုပ်တာလည်း သိရမယ့်အပြင် စီမံခန့်ခွဲတတ်ရမယ်။

3) Director လုပ်မယ်ဆိုရင် Supervise လုပ်တာရယ် စီမံခန့်ခွဲတာရယ်အပြင် မှန်ကန်တဲ့ဖက်ကို Direction ပေးတတ်ရမယ်။

4) ခေါင်းဆောင်လုပ်မယ်ဆိုရင်တော့ အပေါ်က အချက်တွေ ရှိရမယ်။ နောက်ပြီးတော့ မှန်ကန်တဲ့ Vision လည်း ရှိရမယ့်အပြင် လူတွေကို ကိုယ့်နောက်လိုက်လာစေမယ့် သြဇာညောင်းမှုလည်း လိုအပ်ပါတယ်။

ခေါင်းဆောင်မှု အယူအဆအလြဲမ်ား

1) The Management Myth
စီမံခန့်ခွဲနေသူတိုင်းဟာ ခေါင်းဆောင်/ မဟုတ်ပါ။

2) The Entrepreneur Myth
လုပ်ငန်းရှင်ဖြစ်တိုင်း ခေါင်းဆောင်/ မဟုတ်ပါ။

3) The Knowledge Myth
ဗဟုသုတများတိုင်း ခေါင်းဆောင်/ မဟုတ်ပါ။

4) The Pioneer Myth
အရင်ဦးဆုံး ရှေ့ကသွားတိုင်း ခေါင်းဆောင်/ မဟုတ်ပါ။

5) The Position Myth
ရာထူးရှိတိုင်း ခေါင်းဆောင်/ မဟုတ်ပါ။

ခေါင်းဆောင်မှုဆိုတာကို

- Who They Are (သူတို့ဘယ်လိုလူတွေလဲ)

- Who They Know (သူတို့ဘယ်သူတွေကို သိလဲ)

- What They Know (သူတို့ဘာတွေကို သိလဲ။)

- What They Feel (သူတို့ဘာတွေကို ခံစားပြီး သိနိုင်သလဲ)

- Where They've Been (သူတို့ဘာတွေ လုပ်ခဲ့သလဲ)

- What They Have Done (သူတို့ ဘာတွေ ပြီးမြောက်ခဲ့သလဲ)

- What They Can Do (သူတို့ဘာတွေကို လုပ်နိုင်သလဲ)

ဆိုတာတွေနဲ့ တိုင်းတာနိုင်ပါတယ်။

အမွန္ကန္ဆုံး တိုင်းတာနိုင်တဲ့အချက်ကတော့ လူတွေအပေါ်ဘယ်လောက်သြဇာညောင်းသလဲဆိုတာပါပဲ။ ဒါ့အပြင်ဘာမှ လျော့ပြီးလည်းမရှိ ပိုပြီးလည်း မရွိပါဘူး။

လူတစ်ယောက်ဟာ ရှေ့က သွားနေမယ်၊ သူ့ကိုယ်သူခေါင်းဆောင်လို့ထင်ရင် ထင်နေမယ်၊ ဒါပေမယ့် သူ့နောက်မှာ ဘယ်သူမှမရှိရင် သူဟာ လမ်းလျှောက်နေသူ သက်သက်ပါပဲ။

တကယ့် စစ်မြေပြင်ရောက်ပြီဆိုရင်တော့ လေ့ကျင့်ရေးကွင်းမှာလို အစမ်းကစားနေဖို့ မလွယ်ပါဘူး။ နိုင်အောင် တိုက္သာ တိုက်ဖို့ပဲ ရှိပါတယ်။

Battlefield is not a playground for children!!!!

တကယ်လက်တွေ့စီမံခန့်ခွဲတဲ့နေရာမှာလည်း ကျောင်းက အတန်းထဲမှာ Case Study တွေ လုပ်သလို စီမံခန့်ခွဲမှု သင်ခန်းစာ ကြားဖူးနားဝတွေ လျှောက်စမ်းသပ်နေလို့ မဖြစ်ပဲ ထိထိရောက်ရောက် ဦးဆောင်နိုင်ဖို့ စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါတယ်။

အဓိကက Result ဆိုတဲ့အတိုင်း စီမံခန့်ခွဲသူ ကြီးငယ် မရွေး အပြောထက် အမှန်တကယ် ရလာဒ်ကောင်းတွေ ထွက်လာဖို့ 100% Responsibility ယူပြီး လူတွေလည်း ပျော်အောင် ရလာဒ်ကောင်းလည်း ထွက်အောင် ရည်ရွယ်တဲ့ ခေါင်းဆောင်မှုပုံစံမျိုးနဲ့ ဆောင်ရွက်သင့်ပါတယ်။

"Your choice is your life."
"မင်းရဲ့ရွေးချယ်မှုက မင်း�

ဘဝထဲကစွန့်လွှတ်သင့်သူများ  ================= လောကမှာ အချို့အရာတွေကို ကိုယ္က ဆုပ်ကိုင်ထားမိတဲ့အခါ ကိုယ့်အတွက်ဘာအကျိုးမှမရ...
02/02/2023

ဘဝထဲကစွန့်လွှတ်သင့်သူများ
=================

လောကမှာ
အချို့အရာတွေကို
ကိုယ္က ဆုပ်ကိုင်ထားမိတဲ့အခါ
ကိုယ့်အတွက်ဘာအကျိုးမှမရှိတဲ့
အရာမျိုးတွေရှိတတ်ပါတယ်။

ဒါကြောင့်
ကိုယ့်ရဲ့ စိတ်ချမ်းသာမှုအတွက်
စွန့်လွှတ်ရမယ့်အရာတွေရှိနေပါတယ်။
အဲဒါတွေဟာ ကိုယ့် ဘဝအတွက်
မကောင်းစေတဲ့အရာမှန်သမျှပဲဖြစ်ပါတယ်။

ကိုယ့်အပေါ် မကောင်းတဲ့ပတ်ဝန်းကျင်
မကောင်းတဲ့အကျင့်ဆိုးရှိတဲ့သူတွေဟာ
ကိုယ်ကျိုးအတွက်သာပေါင်းသင်းတာပါ
သူ့ကိုယ်ကျိုးမပြည့်တဲ့အချိန်ကျရင်
ကိုယ့်ကိုစွန့်ခွာသွားမှပါပဲ။

ကိုယ့်ဘဝအတွက်
စွန့်လွှတ်သင့်တဲ့သူမျိုးကို
ပြတ်သားစွာစွန့်လွှတ်တတ်ပါစေ။
ဒါမွ ကိုယ့်စိတ်ကို ပေါ့ပါးစေပါလိမ့်မယ်။

ဒီလိုမှမဟုတ်ရင်တော့
ကိုယ်နဲ့ မတော်တဲ့ဖိနပ်ကို
စီးရသလိုပဲ စီးလိုက်တိုင်း
ဖိနပ်ပေါက်တဲ့ ဝေဒနာကို
ခံစားနေရတာမျိုးလို ဖြစ်နေပါလိမ့်မယ်။

ဥပမာ
ကိုယ့်အပေါ် သူ့လိုအပ်ချက်ကို
ရေသာခိုပြီး ဖြည့်ဆည်းပေးဖို့
ချဉ်းကပ်နေတဲ့ မိတ်ဆွေမျိုးကို
မစွန့်လွှတ်ပဲ အားနာနေရမယ်ဆိုရင်
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ကိုယ့်ကို စိတ်အနှောက်အယှက်
ဖြစ်လာစေနိုင်ပါလိမ့်မယ်။

ပြောချင်တာက သူ့ဘဝအတွက်
လုံးဝ ကိုယ့်ကို အသုံးချချင်တဲ့စိတ်
ရှိတဲ့သူမျိုးကို ပြတ်သားစွာစွန့်လွှတ်ပစ်ပါ။

လောကမှာ
ကိုယ့်အရည်အချင်းနဲ့ ကိုယ့်ရဲ့ ဘဝကို
လာပြီး ခြယ်လှယ်လို့ မရသလို၊
ဘယ်သူ့အတွက်မှလည်း
တစ်ချိန်လုံး အကြောင်းမဲ့
ကယ်တင်နေနိုင်မှာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုသာ ကယ်တင်နိုင်ရမှာပါ။

ဒါကြောင့် ဒီနေ့ကစပြီး
ဘယ်လိုအရာမျိုးတွေကို
ဘဝထဲက စွန့်လွှတ်သင့်သလဲဆိုတော့
အကျင့်ဆိုးရှိတဲ့သူတွေ၊
အပေါင်းအသင်းဆိုးတွေ၊
relationship ဆိုးတွေ၊
ပတ်ဝန်းကျင်ဆိုးတွေ
စတဲ့သူတွေကို စွန့်လွှတ်ဖို့ ကြိုးစားပါ။

ကိုယ့်ဘဝအတွက်
အဆိပ်အတောက်
ဖြစ်စေတဲ့သူဟူသမျှကို
စွန့်လွှတ်တဲ့အချိန်ကစပြီး
တဖြေးဖြေး ကိုယ့်ရဲ့ ဘဝဟာ
အချုပ်အနှောင်ကင်းစွာ
ပိုမိုတိုးတက်လာပါလိမ့်မယ်။

Credit

KFC စတိုင်လ်ကြက်ကြော်နည်း=================၁လုံးCPကြက်..........၁ကောင်အကြော်ခံဆီ.......၅လီတာခန့်ကွကျဥအကာ......ဂျုံနုမှုန်...
20/08/2022

KFC စတိုင်လ်ကြက်ကြော်နည်း
=================
၁လုံး
CPကြက်..........၁ကောင်
အကြော်ခံဆီ.......၅လီတာခန့်
ကွကျဥအကာ......
ဂျုံနုမှုန့်...............၁ ၁/၂ခွက်(လက်ဖက်ရည်ပန်းကန်လုံး)
သကြားညို..............၁ဇွန်း(ထမင်းစားဇွန်း)
ဆား.....................၁ဇွန်း(လက်ဖက်ရည်ဇွန်း)

ဟင်းခတ်အမွှေးအကြိုင်အရောအတွက်
•••••••••••••••••••••••••••••

ငရုတ်ပွတောင့်အမှုန့်............၁ဇွန်း
ဆားဓာတ်ပါသော
ကြက်သွန်နီအမှုန့်................၁ဇွန်း
ငရုတ်စပ်မှုန့်......................၁ဇွန်း
ငရုတ်ကောင်းမှုန့်အစစ်...........၁ဇွန်း
ဆားဓာတ်ပါဝင်သော
တရုတ်နံနံအမှုန့်...................၁/၂ဇွန်း
ဆာဂီအခြောက်မှုန့်................၁/၂ဇွန်း
ကြက်သွန်ဖြူ အမှုန့်................၁/၂ဇွန်း
ဟင်းချက်မဆလာ..................၁/၂ဇွန်း
အော်ရီဂန်နို..........................၁/ဇွန်း
ပင်စိမ်းမှုန့်............................၁/၂ဇွန်း

(မှတ်ချက်။ ။ လက်ဖက်ရည်ဇွန်း)

ခေါင်း၊ ခြေထောက်မပါသောကြက်သားကိုထက်ခြမ်းပိုင်းလိုက်ပါ။

ရင်ပုံသားတစ်ခြမ်းကို ကန့်လန့်ဖြတ်၂ပိုင်း ဖြတ်ပိုင်းပါ။
အတောင်ပံတွေကိုသီးသန့်စီဖြတ်ပိုင်းပါ။

ပေါင်ရင်းဖက်ကိုနှစ်ပိုင်းဖြတ်ပိုင်းပြီး၊ဒူးဆစ်အောက်ဆား၊သကြားညိုတို့ဖြင့်အရသာနယ်ထားပါ။ကိုနှစ်ခုပိုင်းယူပါ။

ကျန်ရှိတဲ့ဂျုံ မှုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်အားလုံးကိုသမအောင်ပေါင်းစပ်ပါ။

ကြက်ကြော်ဆီကန်မှာ ဆီကို ၃၅၀ဒီဂရီဖာရင်ဟိုက်ရောက်အောင်အပူပေးထားပါ။

ကြက်ဥအကာကိုအရည်ပုံစံဖြစ်သွားသည်အထိခေါက်မွှေပါ။

အရသာနယ်ထားတဲ့ကြက်သားတစ်တုံးချင်းစီကိုကြက်ဥရည်ထဲနှစ်ပါ။

ရောစပ်ထားသောဂျုံ နှင့်ဟင်းခတ်အမွှေးအကြိုင်အရောမှုန့်တို့ကိုကပ်လူးပါ။

ဒုတိယအကြိမ် ကြက်ဥရည်ထဲ ပြန်နှစ်ပါ။ ဂျုံ မှုန့်အရောကိုဖုံးအုံးသည်အထိကပ်လူးပါ။

သတ်မှတ်ဆီအပူချိန်ထဲကိုထည့်ကြော်ပါ။

ရင်ပုံနှင့် တောင်ပံတွေဟာ (၁၂)မိနစ်မှ(၁၄)မိနစ်အတွင်းကျက်နိုင်ပေမယ့်ပေါင်ရင်းပိုင်း၊ဒူးဆစ်ပိုင်းတို့ကိုတော့မိနစ်အနည်းငယ်ပိုပြီးကြော်ပေးရပါမယ်။

အပူချိန်တိုင်းကိရိယာနှင့်ထိုးသွင်းစမ်းသပ်ကြည့်လျှင် ၁၆၅ဒီဂရီဖာရင်ဟိုက်သို့ညွှန်ပြနေလျှင်ကောင်းမွန်စွာကျက်တဲ့အနေအထားသို့ရောက်နေပါပြီ။

အထက်ပါအနေအထားရောက်လျှင်ဆီစစ်ဇကာသို့ပြောင်းထည့်ပါ။

ဆီစစ်ဇကာမှတဆင့် ဆီစုပ်စက္ကူ အတွင်းပြောင်းထည့်အအေးခံပါ။

မိမိနှစ်သက်ရာခရမ်းချဉ်သီးဆော့စ်(သို့) ငရုတ်ဆော့စ်တို့ဖြင့်တွဲဖက်သုံးဆောင်ပါ။

ရည်ညွှန်းချက်။ ။ ကိုယ်တိုင်စမ်းသပ်လိုသူများအတွက်ဘာသာပြန်ဖော်ပြခြင်းဖြစ်ပါသည်။ဆိုင်မှာပဲသွားစားတော့မယ်ဆိုတဲ့ကောမန့်မျိုးတော့မရပါစေနှင့်လိုဆုတောင်းရင်းဖတ်ခဲ့သမျှ ၊ လေ့လာထားသမျှ ကိုဝေမျှပေးလိုက်ပါတယ်။

Credit...

10/07/2022

ဘဝဆိုတာ
အရိုးသားဆုံးဖြတ်သန်းနိုင်လေ
အေးချမ်းမှုကို ပိုရလေ ~ •

သဘာဝနဲ့နီးစပ်ခဲ့သူမို့
သဘာဝကို လွမ်းတယ် 💛

Credit:

ဘာအားစိုက်ထုတ်မှုမှမပါဘဲသူ့အလိုလို ဖြစ်တည်သွားမှာတွေကို ကြောက်တယ်။အဲ့ဒီ့ဖြစ်တည်မှုတွေကိုကိုယ့်အစွမ်းအစလို့ ထင်မှတ်သွားမှ...
10/07/2022

ဘာအားစိုက်ထုတ်မှုမှမပါဘဲ
သူ့အလိုလို ဖြစ်တည်သွားမှာတွေကို
ကြောက်တယ်။

အဲ့ဒီ့ဖြစ်တည်မှုတွေကို
ကိုယ့်အစွမ်းအစလို့ ထင်မှတ်သွားမှာတွေကို
ပိုကြောက်တယ်။

အဲဒီ့အထင်အမှားတွေမှာ
သာယာမိန်းမောပြီး
ဘယ်တော့မှ မကြိုးစားဖြစ်တော့မှာကို
အကြောက်ဆုံးပဲ။

တစ်ခါတစ်ခါ
ကိုယ့်အသက်ရှူခြင်း နှာသီးဝနား
အောင်မြင်ခြင်းတွေ သင်း လာတိုင်း
ဘယ်လောက် မွှေးမြနေသလဲထက်
ဘယ်အရပ်ဒေသက ရောက်ရှိလာသလဲလို့
စောကြောဆင်ခြင်ကြည့်မိတယ်။

လွင့်ဝဲရတာခြင်းတူရင်တောင်
သူတစ်ပါးကူမှ မင်းမူရတဲ့
စက္ကူစွန် မဖြစ်ချင်ဘူး။
ကိုယ့်အသက်ဓာတ်ကို
အသည်းပေါက်မတတ် ဖြန့်ပျံတဲ့
ငှက်ငယ်တစ်ကောင်ပဲ ဖြစ်ချင်မိတယ်။

Two is better than one ဆိုတာ
လက်ခံပါတယ်။
ဒါပေမယ့်
One is stronger than two အဖြစ်ကိုတော့
ပိုမြတ်နိုးတယ်။

Crd
-အေးရိပ်-

ကောင်းကင်ပေါ်မှာမိုးတွေညိုမှိုင်းလာရင်🤗😍ဖြတ်သန်းဖူးတဲ့ငယ်ဘဝလေး‌တွေကိုအရမ်းလွမ်းပါတယ်🌄🌅🌾
08/07/2022

ကောင်းကင်ပေါ်မှာမိုးတွေညိုမှိုင်းလာရင်🤗😍
ဖြတ်သန်းဖူးတဲ့ငယ်ဘဝလေး‌တွေကိုအရမ်းလွမ်းပါတယ်🌄🌅🌾

ဘဝဆိုတာ   အရိုးသားဆုံးဖြတ်သန်းနိုင်လေ         အေးချမ်းမှုကို ပိုရလေ ~ • သဘာဝနဲ့နီးစပ်ခဲ့သူမို့       သဘာဝကို လွမ်းတယ် 💛 ...
25/06/2022

ဘဝဆိုတာ
အရိုးသားဆုံးဖြတ်သန်းနိုင်လေ
အေးချမ်းမှုကို ပိုရလေ ~ •

သဘာဝနဲ့နီးစပ်ခဲ့သူမို့
သဘာဝကို လွမ်းတယ် 💛

Credit:

 #ရန်ကုန်မှာ_YBS_Busကားစီးမယ်ဆိုရင် 🚌🚎မင်္ဂလာဈေးကို ရောက်တဲ့ နံပါတ်တွေ၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ၃၊...
07/06/2022

#ရန်ကုန်မှာ_YBS_Busကားစီးမယ်ဆိုရင် 🚌🚎

မင်္ဂလာဈေးကို ရောက်တဲ့ နံပါတ်တွေ
၃၊ ၇၊ ၈၊ ၂၅၊ ၂၇၊ ၃၃

ယုဇနပလာဇာကို ရောက်တဲ့နံပါတ်တွေ
၃၊ ၉၊ ၂၀၊ ၂၅၊ ၂၇၊ ၃၃

အောင်မင်္ဂလာအဝေးပြေးဝင်း ကိုရောက်တဲ့နံပါတ်တွေ
၂၊ ၁၇၊ ၁၈

ပါရမီလမ်းကိုရောက်တဲ့နံပါတ်တွေ
၁၀၊ ၁၂၊ ၁၈၊ ၃၂

ပါရမီကိုရောက်တဲ့နံပါတ်
၃၀

နတ်မောက်လမ်းကို ရောက်တဲ့နံပါတ်


မြေနီကုန်းကိုရောက်တဲ့နံပါတ်တွေ
၁၁၊ ၂၀၊ ၂၁၊ ၃၅၊ ၃၇၊ ၃၉

လှည်းတန်းကိုရောက်တဲ့နံပါတ်တွေ
၂၁၊ ၃၅၊ ၃၇၊ ၃၉

ယာဉ်လိုင်း အမှတ် ၁ မှ ၆၀ အောက်ပါခရီးစဉ်လမ်းကြောင်းများပေါ်ရောက်ရှိနိုင်သော ယာဉ်လိုင်း အမှတ်များဖြစ်ပါတယ်။ ယာဉ်အမှတ် ဆုံပွိုင့်များဟာ ယာဉ်လိုင်းအမှတ်တစ်ခုမှအခြားတစ်ခုသို့ပြောင်းစီးနိုင်မယ့် transit point များဖြစ်ပါတယ်။

လှည်းကူးဈေးရှေ့ 1,45
တာဆုံ 1,43,44
ဒရယ်ဖို 1
ပေါက်ကုန်း 1
ရဲမွန် 1
စီအိုတီ 1
ဇရပ်ကွင်း(တာဆုံ) 1
အင်းတိုင် 1
တရုတ်ကုန်း 1
သနပ်ပင် 1,51
သင်္ဃန်းကျွန်း 1
ရွာသာကြီး(စီးပွားရေးတက္ကသိုလ်) 1,46
တောင်မြောက်လမ်းဆုံ 1,2,3,6,7,24,25,46,60
စံပြဈေး 1,1,3,6,7,24
ဇဝန 1,7,10,18,24,32
သုမင်္ဂလာ 1
ရတနာလမ်း(သင်္ဃန်းကျွန်း) 1,14,26,27,42,60
မြင်သာ(ကညန) 1
ယုဇန(ခိုင်ရွှေဝါလမ်း) 2
ပြည်ထောင်စုလမ်း 2,7,15,24,25,26,27,29,30
လှော်ကားလမ်း 2,6,7,42,43,44
မောင်းမကန်လမ်း 2,3,6
အမှတ်(၂)လမ်း 2,46,60
ဗိုလ်မှူးဗထူးလမ်း 2
မြောက်ဥက္ကလာပအဝိုင်း 2,10,15,16,19,28,32,36
ခေမာသီလမ်း 2,15
ဆေးတက္ကသိုလ်(၂) 2
မြောက်ဥက္ကလာပဆေးရုံ 2
သုဓမ္မာလမ်း 2,8,10,15,18,19,36,42
၆ကွေ့ 2,16,17,18,19
အောင်မင်္ဂလာအဝေးပြေးကွင်း 2
ယုဇနဥယျာဉ်မြို့တော် 3,4
ပဲခူးမြစ်လမ်း 3,4,5
ဧရာဝဏ်လမ်း 3,4,8,9,32
စည်ပင်လမ်း 3,6
လေးထောင့်ကန်လမ်း 3,18,24,32
အရှေ့မြင်းပြိုင်ကွင်းလမ်း 3,18,26,27
တာမွေအဝိုင်း 3,12,14,20,26,27,29,59
ဗညားဒလလမ်း 3,20,27,33
ယုဇနပလာဇာ 3,9,20,25,27,33
မင်္ဂလာဈေး 3,7,8,25,27,33
ကျိုက္ကဆံလမ်း 3,9,18,25,27,33
ကွေ့မ 4
ရတနာလမ်း(ဒဂုံဆိပ်ကမ်း) 4,5
တိုင်းရင်းသားကျေးရွာ 4,5
သံလျင်တံတားချဉ်းကပ်လမ်း 4,42
သာကေတအဝိုင်း 4,32,33,42
ကျောက်တိုင် 4,5,9,9,10,32,33
မင်းနန္ဒာလမ်း 4,5,8,9,10,33
မဟာဗန္ဓုလတံတား 4,31,34
အနော်ရထာလမ်း 4,5,7,31,54,58
ဆူးလေ 4,7,12,29,36
ရိုးမရိပ်သာ 5
၈၉လမ်းဆုံ 5
ယုဇနဥယျာဉ် 5
ကျွန်းရွှေဝါလမ်း 5
ရွှေလီလမ်း 5
သာကေတ(အဝိုင်း) 5,8,34
စက်ဆန်းတံတား 5
ညောင်တန်း 5
ဗိုလ်တစ်ထောင်ဘုရားလမ်း 5,24,26,31,34,56,58
ဗိုလ်ချုပ်အောင်ဆန်းလမ်း 5,56
အောင်မြင့်မိုရ် 6
သံသုမာလမ်း 6,9,14,18,24,25,26,27,29,32,38,42,60
ဘေလီ 6,12,14,18,26,27,29,30,32
ချော်တွင်းကုန်း 6,10
နဝဒေး 6,10,15,16,19,28,36
၈မိုင်လမ်းဆုံ 6,15,16,19,30,35,37
ကျိုက်ဝိုင်းဘုရားလမ်း 6
မင်းဓမ္မလမ်း 6
စော်ဘွားကြီးကုန်း 6,11,37,41
ပြည်လမ်း 6,35,37,41,43
၁၀မိုင်ကုန်း 6,37
၉မိုင် 6
တောင်ဒဂုံ(၇၀/၇၂)ရပ်ကွက် 7
ရတနာပုံလမ်း 7
ကျန်စစ်သားလမ်း 7,29,30,53,54
ဘုန်းကြီးကျောင်းကွေ့ 7
ကုန်တိုက် 7
စက်မှုဇုံ 7
တာမွေ(ဗလီ) 7,25
သိမ်ဖြူ 7,20,20
မဟာဗန္ဓုလလမ်း 7,21,34,35,37,39,42,57
အင်းဝ အိမ်ရာ 8
၇ဈေးလမ်း 8
မြင်တော်သာလမ်း 8,34
ယမုံနာလမ်း 8,31
သာကတေတံတား 8,9
နတ်မောက်လမ်း 8
ဦးထောင်ဘိုလမ်း 8,11
ရွှေတိဂုံဘုရားလမ်း 8,11
ဇီဝကလမ်း 8,11
တိုင်းရင်းသား နည်းပညာတက္ကသိုလ် 9
ဒေါပုံ 9,33
ရွေဗဟို 9
သမိန်ဗရမ်းလမ်း 9,18,25,26,59
ကြက်ဘဲဈေး 9,18,24,25,26
သုဝဏ္ဏတံတား 9,10,24,32
တိုင်းရင်းသားကျေးရွာ 10
ရှုခင်းသာမြို့ပါတ်လမ်း 10,31,42
၅ကွေ့ 10
ဇင်ဂမလမ်း 10
အသင်းတိုက် 10,18,24
သုမင်္ဂလာလမ်း 10,32
ပါရမီလမ်း 10,12,18,32
ဗိုလ်မှုးဗထူးလမ်း 10,27,28
ဒဂုံတက္ကသိုလ် 10,27
ခရေရိပ်မွန်အိမ်ရာ 11
ခရေပင်လမ်းခွဲ 11,17,35,37,42,44
အင်းစိန်ပန်းခြံ 11,15,21,22,41
ဗဟိုလမ်း 11,22
ရွာမကျောင်းလမ်း 11,22
လှည်းတန်းခိုင်ရွှေဝါ 11,22
ဟံသာဝတီလမ်း 11
အထက်ကြည့်မြင့်တိုင်လမ်း 11,22,41
ဗားကရာလမ်း 11,20,59
မြေနီကုန်း 11,20,21,35,37,39
ဓမ္မစေတီလမ်း 11,59
လင့်လမ်း 11,20
အနောက်ရွှေဂုံတိုင်လမ်း 11
သွေးဆေးကန်လမ်း 11
ဦးဝိစာရလမ်း 11,27
(၅၀)ကွေ့ 12,15
၄၆လမ်းဆုံ 12
(၇/၈)လမ်းဆုံ 12,25
မဝတလမ်းဆုံ 12
နန္ဒဝန်ဈေး 12
သစ္စာလမ်း 12,29,38
မိုးကောင်းလမ်း 12,14,26,27,38
ကံဘဲ့လမ်း 12,29
ရန်ကင်းလမ်း 12,14,29,38
ဂွတ္တလစ်ဈေးကွေ့ 12
ရွှေဂုံတိုင်လမ်း 12,59
ရွှေဂုံတိုင် 12,20,29
ရန်ကုန်ဘူတာကြီး 12,28,29,36
ဒဂုံမြောက်(ဘုရင့်နောင်လမ်းဆုံ) 14
ဘုရင့်နောင်လမ်း 14,15,19,20,23,38,42
ပင်လုံလမ်း 14,26,29
ဦးချစ်မောင်လမ်း 14
ရန်ကင်းစင်တာ 14
ရန်ရှင်းလမ်း 14,38
စက်မှု(၁)လမ်း 14,38
ကမ္ဘာအေးဘုရားလမ်း 14,28,29,30,36,38
ကုက္ကိုင်း 14,38
တက္ကသိုလ်ရိပ်သာလမ်း 14,38
လှည်းတန်းလမ်း 14,30,38
ဆင်မလိုက် 14,19,20,23,38,40
ကြည့်မြင့်တိုင်ကမ်းနားလမ်း 14,59
သခင်မြပန်းခြံ 14,19,22,23,30,40,41,56,57
ရာဇာသင်္ကြန်လမ်း 15
ကြိုးတံတား 15
သမိုင်းလမ်းဆုံ 15,19,21,39
ဘုရင့်နောင်လမ်းဆုံ 15,19
ပေါက်တောဝ 15,22,40
ဘီအိုစီ 15,39
YTU 15,21,39
ရွှေပေါက်ကံ(တောင်ငူလမ်း) 16
ကျောက်လမ်း 16
ဘုရင့်နောင်တံတား 16,20,23
ပုသိမ်လမ်း 16,23,54
သမကုန်း 16,22
ဒဂုံဧရာအဝေးပြေးဝင်း 16
ရွှေပေါက်ကံ 17,19
(ဆင်ဖုံ) 17,19
အောင်မင်္ဂလာအဝေးပြေး 17,18
ဒညင်းကုန်းလမ်းဆုံ 17,40,42
ရွှေပြည်သာတံတား 17,21
ပေါက်တန်းအဝိုင်း 17
သမကုန်းအဝိုင်း 17,20,23
အနောက်ပိုင်းနည်းပညာတက္ကသိုလ် 17,23
ခရေရိပ်မွန် 18
အမှတ်(၃)လမ်းဆုံ 18,32,35,36,42
ဘုန်းကြီးလမ်း 18,32,35,37,39,42
ဝေဇယန္တာလမ်း 18,32
သီရိမင်္ဂလာဈေးသစ် 19,20,23,38,40
စံပြငါးဈေး 19,20,23,40
TBဆေးရုံ 20
ဒဂုံဧရာအဝေးပြေး 20
ဘီအိုစီအဝိုင်း 20,23
တာမွေလမ်း 20,27
မြရာကုန်းလမ်း 20
မြန်မာ့ဂုဏ်ရည်လမ်း 20
အနောက်ပိုင်းတက္ကသိုလ်(ထန်းတပင်) 21,22
ပေါက်ကုန်းအဝိုင်း 21,22
၁၄လမ်းဆုံ 21,40
ဒညင်းကုန်း 21,39,44
အောက်မင်္ဂလာဒုံလမ်း 21
ပြည်တော်သာ 21,40
မင်းကြီးလမ်း 21
လှည်းတန်း 21,35,37,39
စံပြ 21,37,39
ကမ်းနားလမ်း 21,23,24,26,34,35,37,39,40,56,57,58
မော်တင် 21,35,37,39
ရိုးကြီး/ရိုးလေး 22
မီးခွက်ဈေး 22,52
အောင်ဇေယျတံတား 22
အနောက်ကြို့ကုန်း 22
ဟံသာဝတီ 22
စလင်းကွင်း 22
ဗားကရာ 22
အနောက်ပိုင်းဆေးရုံ 22
အလုံလျှပ်စစ်ရုံး 22
ဂျမခန်နာ 22
(တူးချောင်း) 23
ကျန်စစ်သားလမ်း 24
တပင်ရွှေထီးလမ်း 24
အထက်ပုဇွန်တောင်လမ်း 24,26
ပုဇွန်တောင်ဈေး 24,26
မဟာဗန္ဓုလတံတားအောက် 24,26
ရာဇဓိရာဇ်လမ်း 24,26
ဒဂုံတက္ကသိုလ် 25,26,28,29,30
မင်းရဲကျော်စွာလမ်း 25,26,27,29,30
ငမိုးရိပ်တံတား 25
ရွှေဗဟိုရ် 25
အောင်ဇေယျလမ်း 26,60
စိတ်ကျန်းမာရေး 27
၁၃၃ရပ်ကွက် 27
ဗဟန်း(၃)လမ်း 28,36
ဆူးလေမြို့တော်ခန်းမ 28
ဂွတ္တလစ်ဈေး 29
ပါရမီ 30
ညောင်ပင် 30
ကြည့်မြင့်တိုင် 30
သန်လျင်(အရှေ့ပိုင်းတက္ကသိုလ်) 31
သန်လျင်ကျောက်တန်းလမ်း 31
သန်လျင်အမှတ်(၁)တံတား 31,32,33,34
ဗိုလ်တစ်ထောင်ဈေးလမ်း 31
ကုန်သည်လမ်း 31,56
ရေကြောင်းတက္ကသိုလ် 32
ဘုရားလမ်းဆုံ 32
သန်လျင်(မြို့မဈေး) 32
ဗိုလ်ချုပ်နေဝင်းလမ်း 32
ခရေရိပ်မွန်အိမ်ရာ 32
ကျောက်တန်း 33
ကျောက်တန်း(သန်လျင်လမ်း) 33
ခရမ်း 34
သုံးခြ 34
အရှေ့ပိုင်းတက္ကသိုလ် 34
သန်လျင်ကျောက်တန်း လမ်း 34
သိမ်ဖြူလမ်း 34
ထောက်ကြန့် 35,36,37,41
နွယ်ခွေ 35,36
အမှတ်(၃)လမ်းပုလဲမြို့သစ် 35
အမှတ်(၃)လမ်း 36
ပုလဲမြို့သစ် 36
ဘေလီ 38
တောင်ဥက္ကလာဘုရား 38
ရွှေပြည်သာ(လိန်ကုန်း) 39,40,42
အမှတ်(၄)လမ်း 39,43,44
ကွန်ပြူတာတက္ကသိုလ် 39
ပြည်တော်သာ(အောက်လမ်း) 39
ထန်းခြောက်ပင် 40,42
ပုလဲလမ်း 40
ဘုရင့်နောင်လမ်းမကြီး 40
ဘုရင့်နောင် 40
လမ်းသစ်လမ်း 41
လှည်တန်းလမ်း 41
၃ထောင်ကွေ့ 41
အောက်ကြည့်မြင့်တိုင်လမ်း 41,59
ရွှေပြည်သာကွေ့ 42
ကမာကြည်လမ်း 42
လိန်ကုန်း 43,44
မှော်ဘီဈေးရှေ့ 43
ထောက်ကြန့် 44,55
ရန်ကုန်ပဲခူးလမ်း 44
လှည်းကူးဈေးရှေ့ 44
ဖောင်ကြီးလမ်း 45
ဖောင်ကြီး 45
မင်းကုန်း 45
ဒါးပိန် 46
လှိုင်သာယာ ဘီအိုစီ 47,49
တွံတေးကြိုးတံတား 47,49
တွံတေးမြို့ 47
ဘုရားငုတ်တို 47,48,49,50
ကံဘဲ့ 47,49,50
တွံတေး 47,48
ဒလ 48,50
ကော့မှူး 49,50
ကွမ်းခြံကုန်း 49,50
ပဲခူး 51
ခရမ်း 51
ထန်းတစ်ပင် 52
ရန်ကုန်ပုသိမ်လမ်း 52
ရန်ကုန်ညောင်တုန်းလမ်း 52
ရွှေလင်ဗန်းလမ်းဆုံ 53
ညောင်တုန်းလမ်း 53,54
ဗိုလ်အောင်ကျော်လမ်း 53,54,54
ရွှေလင်ဗန်းလမ်းဆုံ 53
၈၆ဂိတ် 54
ရွှေရင်အေးလမ်း 54,54
အောက်ထိပ် 54
၈၆ဂိတ် 54
တိုက်ကြီး 55
ဥက်ကံ 55
မြောင်းတကာ 55
မှောဘီနည်းပညာတက္ကသိုလ် 55
မှော်ဘီ 55
သခင်မြပန်းခြံ 56,57
ဗိုလ်တစ်ထောင် 57
ဘုရားလမ်း 57
ဗိုလ်တစ်ထောင်ဘုရား(ကမ်းနားလမ်း) 58
ဗိုလ်တစ်ထောင်ဘုရား 58
သင်္ဃန်းကျွန်းစံပြဈေး 59
သံသုမာ 59
ကြက်ဘဲဈေး 59
အာသောကလမ်း 59
ရွှေဂုံတိုင်ဂုံးကျော်တံတား 59
ရွှေဂုံလမ်း 59
သခင်မြပန်းခြံလမ်း 59
နှင်းဆီကုန်းလမ်း 59
တောင်ဒဂုံ 60
သာကေတဧရာဝဏ် 60
ပြည်ထောင်စုလမ်းဆုံ 60
ပြည်ထောင်စုလမ်းမကြီး 60
သင်္ဃန်းကျွန်းစံပြဈေး 60
ကျောက်ကုန်း 60

credit-Khin Maung Ko

16/05/2022

တစ်နေ့ ကျုပ်မိဖုရားလေးကို အ့လိုချက်ကျွေးနိုင်ရမယ် ❤🥰

🙏 က ဆုန် လ ပြည့် ~ ဗု ဒ္ဓ နေ့ 🙏(14.5.2022)
14/05/2022

🙏 က ဆုန် လ ပြည့် ~ ဗု ဒ္ဓ နေ့ 🙏

(14.5.2022)

နေပူထဲ မထားရဆိုတဲ့ အရာကိုနေပူထဲ ထားပါများရင် အချိန်မတန်ခင် ပျက်စီးသွားတတ်တယ် ။ အေးခဲပါတယ်ဆိုတဲ့ ရေခဲတုန်းကိုရေခဲသေတ္တာထဲ ...
12/05/2022

နေပူထဲ မထားရဆိုတဲ့ အရာကို
နေပူထဲ ထားပါများရင်
အချိန်မတန်ခင် ပျက်စီးသွားတတ်တယ် ။

အေးခဲပါတယ်ဆိုတဲ့ ရေခဲတုန်းကို
ရေခဲသေတ္တာထဲ မသိမ်းပဲနေကြည့်လေ
အရည်ပျော်သွားမှာပေါ့ ။

အေးဆေးပါတယ်ဆိုတဲ့လူကိုလဲ
အနိုင်ကျင့်ပါများရင်
ပြန်ပြီး အနိုင်ယူလာတတ်လိမ့်မယ် ။

လူတွေက
ကိုယ်ထိတာမှ မဟုတ်ရင်
နာရကောင်းမှန်း မသိကြဘူး
နိုင်လို့ရရင် နိုင်ချင်တယ်
ပစ်ထားလို့ရရင် ပစ်ထားကြတယ်

သည်းခံမှုမှာ Expired date ရှိတယ်

အဲ့ဒီနေ့ကို ရောက်လာတဲ့အခါမှတော့
ဘယ်သူ့ မျက်နှာမှ ထောက်နေတော့မှာမဟုတ်ဘူး
ပေါက်ကွဲပစ်လိုက်မှာက သဘာဝပဲ ။

#သျှင်ယွန်း

Address

SanChaung
Yangon
1342

Website

Alerts

Be the first to know and let us send you an email when Phyo Wai -ဖြိုးဝေ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share