LILY - Business Consulting Services

LILY - Business Consulting Services Business Consulting Services

"Happy New Year 2020" 🎇🎆နှစ်သစ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ Lily - Business ...
31/12/2019

"Happy New Year 2020" 🎇🎆

နှစ်သစ်မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေလို့ Lily - Business Consulting Services မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏🙏🙏



17/09/2019

- Business Manager Position -

Vacancy Announcement------------------------------------Currently one of the international non-government organization (...
20/08/2019

Vacancy Announcement
------------------------------------
Currently one of the international non-government organization (Welthungerhilfe) is looking for “Senior Administration and Finance Officer” (one national post).

The position will be based in Pathein, Ayeyarwady Division.

Job title: Senior Administration and Finance Officer
Reports to: Head of Project
Duty Station: Pathein, Ayeyarwady
Duration: Until March 2020

Objectives of the position
------------------------------------
Responsible for undertaking all administrative duties necessary for the smooth running of the project, supervise and organize office administration to the project team, ensuring the financial administration and book-keeping system as well as HR and procurement in compliance with Welthungerhilfe and LIFT rules and regulations. Coordination with Welthungerhilfe country office on administration and accounting matters.

Qualified women and men are encouraged to apply!
Interested persons should submit an application letter and an updated CV including educational qualifications, contact number and contact details of at least two professional references to:

[email protected] and [email protected]

Only shortlisted candidates will be contacted for an interview.

for details Job Description: via email [email protected]

10/08/2019

The MEAL Expert is responsible for monitoring the project implementation and its impact on the levels of outputs and intermediary outcomes of all four sector components. (S)he supervises MEAL Officer and the Communications Officer and coordinates the MEAL activities of the respective field staff.

• Follow up on the Monitoring/Evaluation and Learning Plan (MEAL) of the Project, improve existing M&E formats or structures when needed;
• Spend time in the field to follow up on project’s activities first hand and extracts and discusses lessons learnt with project staff;
• Identifies success stories and “the unexpected” and documents these ensure that relevant field data are summarized, processed and ready for entering into an internal data processing system without delay;
• Coordinates the timely reporting to LIFT according to the LIFT reporting intervals and formats;
• Supports the Project Manager in answering the LIFT M&E Learning Questions, elaborates
respective ToR and monitors the progress;
• Provides regular or at-occasion updates of the project documents for public relations (e.g. project
fact sheets);
• Supports the Head of Project in the elaboration of ToRs for consultancies for end line studies;
• Guide and support the Communication Officer to cooperate with various media in the production of
a documentary and other media and learning products about the project;

28/05/2019

A foreign investment company,
Aims International Myanmar is urgently looking for "Digital Marketing and Communication Specialist position"

Salary - Negotiable
Office - Sule Square

send your CV to-
[email protected]
+959 777326262

လုပ်ငန်းစတင်သူများပြုလုပ်လေ့ရှိသော အမှား (၉) ခုစီးပွားရေး လုပ်ငန်းသစ် စတင်ရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကြိုတင်စီစဉ်...
19/05/2019

လုပ်ငန်းစတင်သူများပြုလုပ်လေ့ရှိသော အမှား (၉) ခု

စီးပွားရေး လုပ်ငန်းသစ် စတင်ရာမှာ အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကြိုတင်စီစဉ်ထားမှု ရှိဖို့နဲ့ အဲဒီ အစီအစဉ်အတိုင်း လိုက်လုပ်နိုင်မယ် စည်းကမ်းရှိဖို့ပါပဲ။ အခုမှစတင်တဲ့ လုပ်ငန်းသစ်တစ်ခုမှာ ပါဝင်ရတာဟာ အမြဲတမ်း စိတ်ဝင်စားဖို့ ကောင်းနေတာတော့ မဟုတ်ပါဘူး။ မကြာခဏ ဆိုသလို လုပ်ရမယ့် ကိစ္စတွေ လုပ်ဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးဖို့ လိုပါတယ်။ အဲရစ်ရိုက်စ် (Eric Ries) ကတော့ သူရဲ့ စာအုပ်ဖြစ်တဲ့ “The Lean Setup” မှာ ဒီလိုရေးထားပါတယ်။ “ကျွန်တော် ဟာ ကျွန်တော်ရဲ့ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေ နဲ့ တခြားလူတွေရဲ့ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေ ကို လေ့လာရာက သိလိုက်ရတာကတော့ လုပ်ငန်းတိုင်းမှာ ရှိတတ်တဲ့ ပျင်းစရာ ကောင်းတယ် ဆိုတဲ့ အလုပ်တွေ၊ ကိစ္စတွေ ဟာ လုပ်ငန်းတစ်ခုရဲ့ အောင်မြင်မှု ဆုံးရှုံးမှု အပေါ် အကျိုးသက်ရောက်မှု အရှိဆုံး ဆိုတာပါပဲ။ စီးပွားရေး လုပ်ငန်းသစ်တစ်ခု စတင်ရာမှာ အောင်မြင်တယ် ဆုံးရှုံးတယ် ဆိုတာဟာ ပါရမီ ပါလာတာတို့၊ အချိန်ကောင်း နေရာကေင်းရသွားတာတို့ မဟုတ်ပါဘူး။ တိကျတဲ့ လုပ်ပုံလုပ်နည်းတွေ ကို လိုက်နာခြင်း အားဖြင့် စီးပွားရေး လုပ်ငန်းသစ်တစ်ခု အောင်မြင်အောင် လုပ်နိုင်ပါတယ်။ ဆိုလိုတာကတော့ လုပ်ငန်းသစ်တစ်ခု အောင်မြင်စေတဲ့ နည်းလမ်းတွေ ကို သင်ယူလို့ရပါတယ်။ သင်ပေးလို့ရပါတယ်။”
အမှားတွေ မကြာခဏ မလုပ်မိအောင် ကြိုးစားတာ သင်ယူတာဟာ အဲဒီ “လုပ်ငန်းသစ်တစ်ခု အောင်မြင်စေတဲ့ နည်းလမ်း” ဆိုတာထဲက တစ်ခုပါပဲ။ အောက်မှာ ရေးထားတာကတော့ စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရာမှာ ရှောင်ရှားသင့်တဲ့ အမှား ကိုးခု ပါပဲ။

၁။ လုံလောက်တဲ့ ငွေကြေး မသုံးစွဲခြင်းနဲ့၊ ငွေကြေး အလွန်အကျွံ သုံးစွဲခြင်း
လုပ်ငန်းသစ်တစ်ခု စတင်တဲ့ သူတစ်ယောက် အနေနဲ့ ပိုက်ဆံက ခင်ဗျားအတွက် အကြီးအကျယ် စဉ်းစားရတဲ့ ကိစ္စပါပဲ။ အချိန် မတိုင်ခင် သုံးလိုက်တဲ့ ပိုက်ဆံဟာ အလဟဿ ဖြစ်ဖို့များပါတယ်။ အဲဒီအတွက် ပိုက်ဆံ ရှာဖွေတာနဲ့ ပိုက်ဆံ စုဆောင်းတာဟာ တခြားကိစ္စတွေ အားလုံးထက် ဦးစားပေး ကိစ္စ ဖြစ်သွားတတ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တွေ့လေ့ ရှိတဲ့ အတွေးလမ်းကြောင်း နှစ်ခု ရှိပါတယ်။ တစ်ခုက “ ပိုက်ဆံ ရှာဖို့ အတွက် ပိုက်ဆံ သုံး ကို သုံး ရမယ်” ဆိုတာ ဖြစ်ပြီး၊ နောက်တစ်ခုကတော့ “ကျွန်တော် လုံလောက်တဲ့ ဝင်ငွေ ရတဲ့ အထိ အနိမ့်ဆုံး လိုအပ်ချက်ကိုပဲ သုံးသွားမယ်” ဆိုတာပါပဲ။
အခုပြောခဲ့တဲ့ တွေးခေါ်ပုံ စိတ်နေစိတ်ထား နှစ်မျိုး စလုံးဟာ တစ်ဖက်ဖက်ကို အစွန်းရောက်သွားမယ် ဆိုရင် လုပ်ငန်းကို ဒုက္ခပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ရင်းနှီးမြုပ်နှံငွေကို ဥာဏ်ရှိရှိ အသုံးချပါ။ ဒါပေမယ့် လူတော်လူကောင်းတွေနဲ့ အရည်အသွေး ကောင်းတဲ့ ပစ္စည်းတွေ အတွက် ရင်းနှီးမြုပ်နှံဖို့ကိုတော့ ကြောက်မနေပါနဲ့။ ဒါဟာ ရေရှည်အတွက် တကယ်ကောင်းစေတဲ့ အကျိုးရှိစေတဲ့ ကိစ္စပါ။

၂။ ကိုယ့်မှာ တစ်ပုံစံတည်းတူတဲ့ ပြိုင်ဘက် မရှိဘူးလို့ ထင်မြင်ခြင်း
ကုန်ပစ္စည်းသစ် ဒါမှမဟုတ် စီးပွားရေး ပုံစံသစ် ပြုလုပ်ခြင်းကြောင်းရတဲ့ စိတ်လှုပ်ရှားမှုတွေဟာ စွန်ဦးတီထွင်သူတွေကို သူတို့အတွက် ပုံစံတူ ပြိုင်ဘက် မရှိဘူးလို့ ထင်လာစေပါတယ်။ ဒါမှမဟုတ် သူတို့ရဲ့ ကုန်ပစ္စည်းဟာ တခြားလူတွေရဲ့ ပစ္စည်းထက် ခေါင်းတစ်လုံး မက သာနေတဲ့အတွက် သူတို့ဟာ သူတို့ သီးသန့် တန်းတစ်ခုမှာ ရပ်တည်တယ် လို့ ထင်စေပါတယ်။ တကယ်တမ်း လက်တွေ့မှာတော့ ကိုယ်နဲ့ တိုက်ရိုက် ဆက်စပ်တဲ့ ပြိင်ဘက် မရှိတဲ့ လုပ်ငန်း ဆိုတာ အင်မတန်ကို ရှားပါတယ်။ ခင်ဗျား က လုံးဝကို မရှိသေးတဲ့၊ မပေါ်ဖူးသေးတဲ့ ပစ္စည်းအသစ်တစ်ခုကို ထုတ်လုပ်နေတာ မဟုတ်ဘူး ဆိုရင်တော့ ခင်ဗျားရဲ့ ဈေးကွက် ဝေစုကို ခွဲယူမယ့် လူတစ်ယောက် ရှိနေမှာပါပဲ။ ခင်ဗျား မှာ တာဝန် ရှိတဲ့အတိုင်း ခင်ဗျားရဲ့ ပြိုင်ဘက်တွေက ဘယ်သူတွေလဲ ဆိုတာ လေ့လာပြီး ခင်ဗျားရဲ့ လုပ်ငန်းကို သူမတူအောင် ဘယ်လို လုပ်လို့ရမလဲ ဆိုတာကို စဉ်းစားပါ။

၃။ အလုပ်အတွက် လိုအပ်တဲ့ ဝန်ထမ်း ခန့်ထားမှုကို ကုန်ကျစရိတ်ပေါ် အခြေခံပြီး ပြုလုပ်ခြင်း
ဒါဟာ နံပါတ်တစ် အချက်နဲ့ တိုက်ရိုက် ဆက်စပ်နေပါတယ်။ ဒါပေမယ့် ဒီအချက်က အရမ်းကို အရေးကြီးတဲ့အတွက် အချက်တစ်ခု အနေနဲ့ ခွဲပြီး ရေးထားတာပါ။ တကယ်လို့ ရင်းနှီးမြုပ်နှံငွေတွေ ကျပ်တည်းလာပြီ ဆိုရင် လူသစ်ရှာတဲ့ နေရာမှာ ကုန်ကျစရိတ်ကို ချွေတာ ဖို့ ကြိုးစားကြပါတယ်။ ဒီလို လုပ်တဲ့ နည်းလမ်းရဲ့ ပြသနာက ဘယ်လိုပဲ လုပ်လုပ် နောက်ဆုံးမှာတော့ ရေရှည်အတွက် ဆုံးရှုံးတာပါပဲ။ လခနည်းတဲ့ ဝန်ထမ်းတွေ အကြံပေးတွေဟာ ပုံမှန်အားဖြင့် ဈေးသက်သာရတဲ့ အကြောင်းအရင်း ရှိပါတယ်။ သူတို့ဟာ အများအားဖြင့် အတွေ့အကြုံမရှိတာ၊ ကျွမ်းကျင်မှု မရှိတာ၊ မျက်နှာလွှဲ လို့မရတာ တစ်ခုခု (ဒါမှမဟုတ်) သုံးခု စလုံး လဲ ဖြစ်နိုင်ပါတယ်။

၎။ ဖြစ်နိုင်တဲ့၊ ရယူနိုင်တဲ့ ဦးတည်ချက် မရှိခြင်း
လုပ်ငန်းသစ် စတင်သူတွေဟာ သူတို့ရဲ့ ကြီးမားတဲ့ စိတ်ကူး အပေါ်မှာ အခြေတည်ပြီိး လုပ်ကြပါတယ်၊ တိကျသေချာတဲ့ လမ်းကြောင်း အစီအစဉ် မရှိဘဲ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်း လက်တွေ့မှာတော့ ခင်ဗျားအနေနဲ့ အောင်မြင်ဖို့ ဆိုရင် တိကျသေချာ သဘာဝ ကျတဲ့ တကယ် ရယူနိုင်မယ် ဦးတည်ချက်၊ အောင်မြင်မှု ကို သတ်မှတ်ထားရပါမယ်။
ကိုယ့်ရဲ့ ရေတို၊ ရေရှည် ဦးတည်ချက်၊ ကို ချရေးပါ။ ရေးတဲ့ အခါမှာ တိတိကျကျ ဖြစ်ပါစေ။ ဥပမာ “ငါ ဒီနှစ်ထဲမှာ ပိုက်ဆံ သိန်း ၁ သောင်း ရအောင် လုပ်မယ်ဆိုတာမျိုး” မရေးပါနဲ့၊ သဘာဝကျတဲ့ ရည်မှန်းချက် ဦးတည်ချက် ထားပါ။ ပြီိးတဲ့အခါ အဲဒီကို ရောက်ဖို့ ဘယ်လို နည်းလမ်းနဲ့ သွားမယ် ဆိုတာကို တိတိကျကျ သတ်မှတ်ပါ။

၅။ ဈေးကွက် ရှာဖွေခြင်း၊ မားကက်တင်း နဲ့ပါတ်သက်လို့ မတွေးထားခြင်း
“ခင်ဗျားသာ တည်ဆောက်လိုက်၊ တခြားသူတွေ လာဝယ်ကြမှာပဲ” ဒါဟာ လုပ်ငန်းသစ် စတင်သူတွေ ရဲ့ ကြားထဲမှာ ပုံမှန်အားဖြင့် ယုံကြည်ထားကြတဲ့ အချက်တစ်ခုပါပဲ။ သူတို့ ထင်တာက သူတို့ရဲ့ ကုန်ပစ္စည်းဟာ အရမ်းကို တီထွင်မှု အသုံးကျမှု ကောင်းလွန်း နေတဲ့ အတွက် အသုံးပြုသူတွေကြားထဲမှာ တစ်ယောက်စကား တစ်ယောက်နား ဆိုသလို ပြန့်ပွားသွားမယ် လို့ ဖြစ်ပါတယ်။
တကယ်တမ်း လက်တွေ့မှာတော့ လုပ်ငန်းသစ်တွေရဲ့ အများစု (အားလုံးနီိးပါး) ဟာ ကြော်ငြာလုပ်ငန်း၊ မားကက်တင်း လုပ်ငန်းမှာ ရင်းနှီးမြုပ်နှံကြရပါတယ်။ မားကက်တင်း ဆိုတဲ့နေရာမှာ SEO (Google နှင့် ရှာဖွေရာတွင် အဆင်ပြေစေရန် ပြုလုပ်ခြင်း)၊ အင်တာနက် မားကက်တင်း၊ လူအများနှင့် ဆက်ဆံမှု အခပေး ကြော်ငြာ အစရှိတာတွေ အားလုံး ပါပါလိမ့်မယ်။ ကိုယ့်ရဲ့ ပြိုင်ဘက်တွေ ဘယ်နေရာမှာ ပိုက်ဆံ အသုံးပြုနေလဲ ဆိုတာကို လေ့လာပါ၊ ပြီးတော့ ကိုယ့်ကိုယ်ကို ဘယ်လို အဲဒီထက် ပိုကောင်းအောင် လုပ်မလဲ ဆိုတဲ့ မေးခွန်းမေးပါ။

၆။ အမြတ်အစွန်း အလွန် နည်းပါးခြင်း
လုပ်ငန်း ရှင်သန်နိုင်လောက်တဲ့ အမြတ်ငွေ ရရှိနေဖို့က ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်မှု အတွက် အလွန်ပဲ အရေးကြီးပါတယ်။ အခု အချိန်မှာ အမြတ်အစွန်း အလွန်အမင်း လျော့ချထားတာဟာ ရေရှည်မှာ ခင်ဗျားအတွက် ပြသနာတွေ အများကြီိး ဖြစ်လာနိုင် ပါတယ်။ နောက်ပိုင်း ခင်ဗျား အနေနဲ့ ဈေးတင်ရမယ့် အချိန် ရောက်ရင် ခင်ဗျားရဲ့ ဖောက်သည်တွေအတွက် သိပ်ပြီး သဘောမကျ တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

၇။ အားလုံးကို ကိုယ်တစ်ယောက်တည်း လုပ်နိုင်တယ် လို့ ထင်မြင်ခြင်း
လုပ်ငန်း အစမှာတော့ (တခြားဝန်ထမ်းတွေ ရှိပေမယ့်) ခင်ဗျားလောက် ဘယ်သူမှ ကောင်းအောင် မလုပ်နိုင်ဘူး လို့ ထင်တတ်တာဟာ ပုံမှန်ပါပဲ။ ခင်ဗျားအနေနဲ့က ခင်ဗျားရဲ့ ကုန်ပစ္စည်း၊ စီးပွားရေးပုံစံ ခေါင်းကစပြီိး ခြေဖျားထိ သိပါလိမ့်မယ်။ ပြီိးတော့ ခင်ဗျား တစ်ယောက်တည်းကသာ ခင်ဗျားရဲ့ လုပ်ငန်း အောင်မြင်စေဖို့ စိတ်ဝင်စားတဲ့ သူ လဲ ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့် လောက်ဘယ်သူမှ ကောင်းအောင် မလုပ်နိုင်ဘူး ဆိုတဲ့ အမြင်ဟာ၊ လုပ်ငန်းကို အားကုန်သွားစေတတ်ရုံသာ မက လုပ်ငန်း အောင်မြင်ဖို့ သိသိသာသာ ကို နှေးကွေး၊ အနှောက်အယှက်ဖြစ်စေတဲ့ အမြင်ပါ။ တွေးခေါ်မြော်မြင် တတ်တဲ့၊ လုပ်ငန်း အတွေ့အကြုံရှိတဲ့ အကြံပေး ဒါမှမဟုတ် ကူညီ စောင့်ရှောက်သူ တစ်ယောက်ရှိခြင်းဟာ ခင်ဗျားအတွက် အလိုအပ်ဆုံး ဖြစ်တဲ့ လုပ်ငန်း နဲ့ ဈေးကွက် ဦးတည်ချက် အယူအဆ ကို ရရှိစေပါတယ်။

၈။ “အကယ်၍ တစ်ခုခု ဖြစ်ခဲ့လျှင်…” ကို ကြောက်ရွံ့လွန်း၍ မစွမ်းဆောင်နိုင်ခြင်း
ရောဘတ်(အက်ဖ်)ကနေဒီ (Robert F.Kennedy – Former US President) က “အကြီးအကျယ် ကျဆုံးဖို့ မကြောက်တတ်သူတွေသာ အကြီးအကျယ် အောင်မြင်မှုရနိုင်ပါတယ်” ဟု ပြောခဲ့ဖူးပါတယ်။ လုပ်ငန်းသစ် စတင်ရတာ ခက်ခဲပါတယ်။ ပြီးတော့ ကြောက်ရွံနေတတ်တဲ့ သူတွေ အတွက် မဟုတ်ပါဘူး။ ဆုံးရှုံးမှာ ငြင်းပယ်ခံရမှာ ကြောက်တယ်ဆိုတာဟာ နားလည် လက်ခံနိုင်တဲ့ ကိစ္စတွေပါ။ ဒါပေမယ့် အဲဒီ ကြောက်ရွံ့မှုတွေကြောင့် ခင်ဗျား မလုပ်နိုင် မကိုင်နိုင် ဖြစ်နေတာကို ဘာမှ မလုပ်ဘူးဆိုရင်တော့ အဲဒီ ကြောက်ရွံ့မှုတွေက ခင်ဗျားရဲ့ လုပ်ငန်းတွေကို ပိုပြီး ခက်ခဲစေမှာပါ။ လူတိုင်းဖြစ်တတ်တဲ့ ကြောက်ရွံ့မှုတွေကို သတိထား ကြည့်တာဟာ ပထမဆုံး လုပ်သင့်တဲ့ အရေးကြီးတဲ့အချက်ပါ။ ဒီလို သတိထား ကြည့်ခြင်းအားဖြင့် တခြားလူတွေလဲ ခင်ဗျားလို ဖြစ်ဖူးကြလိမ့်မယ် ဆိုတာကို ပြန်သတိရမိပါလိမ့်မယ်။

၉။ ကုန်ပစ္စည်းကို ဦးစားပေး၍ အသုံးပြုသူများအား ဦးစားမပေးခြင်း
ကုန်ပစ္စည်းတစ်ခု ထုတ်လုပ်တဲ့အခါ၊ ဒါမှမဟုတ် စီးပွားရေးပုံစံ တစ်ခုသတ်မှတ်တဲ့အခါမှာ ခင်ဗျားအနေနဲ့ ဝယ်သူ ပထမ ဆိုတဲ့ စိတ်ဓါတ် ရှိဖို့ အရေးကြီးပါတယ်။ သို့သော်လည်း လုပ်ငန်းစတင်သူ အများစုဟာ ပိုက်ဆံရှာဖွေဖို့အတွက် အဓိက စဉ်းစားကြ တဲ့အခါ ရေရှည် တည်တံ့နိုင်တဲ့ စီးပွားရေး တစ်ခု ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ အလုပ်အပေါ် ကျေနပ်တဲ့၊ ကိုယ်ဆီကပဲ ဝယ်တဲ့ ဖောက်သည်တွေ ရှိဖို့ အဓိက လိုအပ်တယ် ဆိုတာကို မေ့သွားတတ်ပါတယ်။

လုပ်ငန်း အသစ်တစ်ခုကို စတင်တည်ထောင် တာဟာ မလွယ်ပါဘူး။ အမှားဆိုတာဟာ ရှောင်လို့မရနိုင်တဲ့ လုပ်ငန်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဒါပေမယ့် မှားတတ်တယ် ဆိုတာဟာ တခြားလူတွေ မှားပြီးသား ကိစ္စတွေကို နမူနာ မယူဘဲ ကိုယ်တိုင် မှားကြည့်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။


ref: http://www.entrepreneur.com/article/245344v

" IQ နှင့် EQ " #ဒေါက်တာနီလာကြူ (စိတ်ပညာပါမောက္ခ)လူတစ်ယောက်ဟာ IQ ကောင်းရင် ကျောင်းကောင်းကောင်းမှာ တက်ခွင့်ရတယ်။ အလုပ်ကောင...
18/05/2019

" IQ နှင့် EQ "

#ဒေါက်တာနီလာကြူ (စိတ်ပညာပါမောက္ခ)

လူတစ်ယောက်ဟာ IQ ကောင်းရင် ကျောင်းကောင်းကောင်းမှာ တက်ခွင့်ရတယ်။ အလုပ်ကောင်းကောင်းရတယ်။ ဒါပေမဲ့ အဲဒီအလုပ်မှာ ရေရှည်မြဲဖို့နဲ့ ပိုတိုးတက်ပြီး အောင်မြင်ဖို့၊ ခေါင်းဆောင်ကောင်းဖြစ်ဖို့အတွက်တော့ EQ ကောင်းဖို့ လိုပါတယ်။

IQ (Intelligence Quotient) ဆိုတာက ဉာဏ်ရည်ပြကိန်းဖြစ်ပြီး သိမှုကို သုံးရတယ်။ EQ (Emotional Quotient) ကတော့ စိတ်ခံစားမှု ပြကိန်းဖြစ်တယ်။ ပြကိန်းလို့ပြောတဲ့အတိုင်း ကိန်းဂဏန်းပါတယ်။ တိုင်းလိုက်တဲ့ ရမှတ်ပါတယ်။

အခုနောက်ပိုင်းမှာ IQ ထက် EQ က ပိုအရေးပါလာတယ်။ EQ မြင့်တယ်ဆိုရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်။ သူတစ်ပါးရဲ့စိတ်ခံစားမှုကို နားလည်ပေးနိုင်တယ်။ ကိုယ်က မှန်တယ်၊ မှားတယ်ဆိုတဲ့ ကြောင်းကျိုးပြတဲ့အချက်အလက်ကိုပဲ စဉ်းစားတာမဟုတ်ဘဲ သူတစ်ပါးရဲ့စိတ်ကို နားလည်ပေးတာမျိုး၊ စာနာစိတ်ထားတာမျိုးကို ပြောတာပါ။ ဥပမာ ငါ့ဘက်က မှန်တယ်၊ သူ မှားတာ၊ ငါ ဒေါသထွက်တဲ့အတွက်၊ ငါ မှန်တဲ့အတွက် ငါပြောပစ်လိုက်မယ်၊ ငါအော်ပစ်လိုက်မယ်ဆိုတာမျိုးက EQ နိမ့်လို့ပဲ။

EQ ရဲ့အရည်အသွေးတွေထဲမှာပါတဲ့ အချက်တွေကို ပြောရရင်-

နံပါတ်(၁) Self-awareness ဆိုတာ ကိုယ့်စိတ်ကိုယ်သိတာ။ ပထမဆုံး အခြေခံအရေးကြီးတာက Self-awareness ပဲ။ လူတွေဟာ တစ်ခါတလေမှာ ကိုယ့်စိတ်ကိုယ် မသိကြဘူး။ ကိုယ့်စိတ်ကိုယ် သိမှ ထိန်းညှိနိုင်မယ်။ ထိန်းချုပ်နိုင်မယ်။

နံပါတ် (၂) Self-control ဆိုတာ ကိုယ့်စိတ်ကို ကိုယ်ထိန်းချုပ်တာ။ စိတ်ကိုထိန်းချုပ်တယ်ဆိုတာက ခံစားချက်ကို ဒီအတိုင်းဖိနှိပ်ချိုးနှိမ်ထားခိုင်းတာ မဟုတ်ဘူး။ မှန်ကန်တဲ့နည်းလမ်းနဲ့ ဖော်ထုတ်တတ်ဖို့ပါ။ Aristotle ပြောဖူးသလို စိတ်တိုဒေါသထွက်ရတာ လွယ်တယ်။ ဒါပေမဲ့ ဒေါသထွက်တဲ့အခါ လူမှန်၊ အချိန်မှန်၊ ဒီဂရီမှန်၊ ရည်ရွယ်ချက်မှန်မှန် ဒေါသထွက်တတ်ဖို့ဆိုတာ မလွယ်ကူလှဘူး။ ဆိုလိုတာက ဒေါသထွက်သင့်တဲ့သူကို ဒေါသထွက်သင့်တဲ့အချိန်မှာ ဒေါသထွက်သင့်သလောက် ဒီဂရီအတိုင်းအတာနဲ့ မှန်မှန်ကန်ကန် ဒေါသထွက်တတ်ဖို့ဆိုတာ လူတိုင်းမလုပ်နိုင်ဘူးဆိုတဲ့ သဘောပါ။

နံပါတ်(၃) Self-regulation ဆိုတာ ကိုယ့်စိတ်ကိုယ် ထိန်းညှိတာ။ လူတစ်ယောက်ဟာ တစ်ခါတလေမှာ စိတ်ဆိုးတာတွေ၊ စိတ်ညစ်တာတွေ ရှိတယ်။ ဒေါသတွေ ရှိတယ်။ မနာလိုတာတွေ ရှိတယ်။ ကိုယ်ထင်တာ၊ ကိုယ်ဆုံးဖြတ်လိုက်တာက မှားရင်လည်း မှားသွားမယ်။ အဲဒီအခါမျိုးမှာ ကိုယ်သိထားတဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေအရ ကိုယ်မှန်တယ်ထင်ခဲ့ပေမယ့် နောက်ထပ်ရလာတဲ့ အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ ကိုယ့်အယူအဆက မှားနေတယ်ဆိုတာကို သိလိုက်ရင် ပြန်ပြောင်းလိုက်တာ၊ ပြန်ပြင်လိုက်တာမျိုးကို ပြောတာပါ။ မှားမှန်းသိရင် ပြန်ပြင်နိုင်တယ်။ အမှားကြီးကို ကိုင်စွဲမထားဘူးပေါ့။ ဒါကို မလုပ်သင့်ဘူး၊ ဒါကိုလုပ်ရင် အကျိုးအပြစ် ဘယ်လိုဖြစ်မလဲဆိုတာ ပြန်စဉ်းစားပြီး ကိုယ့်စိတ်ကိုယ် ပြန်ညှိတာပေါ့။ ဒေါသထွက်မိရင်လည်း ဒေါသကို ပြန်ထိန်းချုပ်လိုက်တာပေါ့။

နံပါတ်(၄) Self-motivation ဆိုတာ ကိုယ့်ကိုယ်ကိုယ် စေ့ဆော်တာ၊ တိုက်တွန်းတာပါ။ ကြိုးစားဖို့အတွက် ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယ် မောင်းနှင်နေတဲ့စိတ်၊ လုပ်ချင်ကိုင်ချင်တဲ့စိတ်ရှိတာပေါ့။ သူများခိုင်းမှ၊ တိုက်တွန်းမှ လုပ်တာမျိုး မဟုတ်ဘူး။

နံပါတ်(၅) Empathy ဆိုတာ သူတစ်ပါးကို စာနာတတ်တဲ့ စိတ်ထားပါ။ စာနာတာ (Empathy)နဲ့ သနားတာ(Sympathy)က မတူဘူး။ Sympathy က သနားရုံပဲသနားတာ။ ဟယ်... ဟိုတစ်ယောက် သနားပါတယ်၊ မ၀တ်နိုင်မစားနိုင်နဲ့ဆိုပြီး သနားတာ။ ငါသာ သူလိုဖြစ်ရင်လို့ စာနာတာ မပါဘူး။ စာနာတာကကျတော့ သူ ငါ့ကို လက်သီးနဲ့ထိုးရင် ငါနာမှာပဲ၊ ငါ သူ့ကို ထိုးရင်လည်း သူနာမှာပဲ၊ တော်ပြီ ငါမထိုးတော့ဘူးဆိုတာက စာနာတာပဲ။ သူ့ကို ငါ ဒီလိုပြောလိုက်ရင် သူ ကြိုက်ပါ့မလား၊ ငါ့ကို ပြောရင်ကော ငါ ဘယ်လိုဖြစ်မလဲဆိုတာမျိုး စာနာတာပေါ့။ စာနာတယ်ဆိုတာ ကိုယ်ချင်းစာကြည့်လိုက်တာပဲ။

လူတစ်ယောက်ဟာ အဲဒီလိုမျိုး ကိုယ့်စိတ်ကိုယ် နားလည်နိုင်တယ်၊ ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တယ်၊ ထိန်းညှိနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ်စေ့ဆော်တိုက်တွန်းနိုင်တယ်၊ သူတစ်ပါးကို စာနာနိုင်တယ်ဆိုရင် EQ မြင့်တယ်။ အဲဒါဆိုရင် လုပ်ငန်းခွင်မှာ အောင်မြင်တယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်။ အများရဲ့ချစ်ခင်လေးစားမှုကို ရတယ်။ အထူးသဖြင့် ခေါင်းဆောင်တစ်ယောက်မှာ အဲဒီစိတ်ဓာတ်တွေ ရှိရမယ်။

ဒါကြောင့် တင်စားပြောမယ်ဆိုရင် ကျောင်းကောင်းကောင်းမှာ ၀င်ခွင့်ရဖို့၊ အလုပ်ကောင်းကောင်းရဖို့ IQ က အရေးကြီးပေမယ့် အဲဒီ ရတဲ့အလုပ်နေရာမှာ မြဲမလား၊ ပိုတိုးတက်အောင်မြင်သွားပြီး ထိပ်ဆုံးဆိုတဲ့ခုံမှာ ထိုင်ရမလားဆိုတာအတွက်တော့ EQ က ပိုအရေးကြီးတယ်။ ကျွန်မက IQ ကောင်းလို့ အလုပ်တော့ရတယ်။ ဒါပေမဲ့ ကျွန်မက ကိုယ့်စိတ်ကိုယ်မထိန်းနိုင်လို့ လုပ်ငန်းခွင်ထဲမှာ လူတိုင်းနဲ့ အဆင်မပြေဘူးဆိုရင် အဲဒီအလုပ်က ပြုတ်သွားမှာပဲ။ အလုပ်မပြုတ်ရင်တောင် ဒီထက် ရှေ့ဆက်မတက်ဘူး။ IQ ကောင်းလို့ ဒီအလုပ်ရတယ်၊ EQ ပါကောင်းမယ်ဆိုရင် ဒီအလုပ်လည်း မြဲတယ်။ ဒီထက်လည်း ရှေ့ဆက်တိုးတက်တယ်။ ခေါင်းဆောင်နေရာကို မြန်မြန်ရောက်တယ်။

#ဒေါက်တာနီလာကြူ (စိတ်ပညာပါမောက္ခ) အားအစဉ်လေးစားလျှက်
Eternal Light Magazine
February 2017

🔹Urgent Posts 🔹International Franchise Restaurant တစ်ခုအတွက် အောက်ပါ Position များလိုအပ်လျှက်ရှိပါတယ်။ - Business Develo...
09/05/2019

🔹Urgent Posts

🔹International Franchise Restaurant တစ်ခုအတွက် အောက်ပါ Position များလိုအပ်လျှက်ရှိပါတယ်။

- Business Development
- Marketing
- IT
- Research and Development

🔸 With attractive Salary and other benefit

📧 Email: [email protected]
Or contact: 09777326262

Job Vacancy Announcement Position: Marketing Specialist - Marketing and Communication Department Company Name: AIMS Inte...
05/05/2019

Job Vacancy Announcement

Position: Marketing Specialist - Marketing and Communication Department
Company Name: AIMS International Myanmar Co., Ltd.

AIMS International Myanmar Co., Ltd is a Subsidiary of AIMS Singapore HQ, specialising in migration and relocation. Dedicated to supporting individuals and companies in all their immigration, visa, passport, migration and relocation needs. AIMS was Incorporated in Singapore in November 2006, and has since expanded its global footprint with 14 offices including AIMS Myanmar across Asia Pacific. AIMS offers an entire suite of services from skills migration, business and investment migration, passport programs and relocation services.
For more information, please visit https://aims.sg

We are looking for an enthusiastic Marketing Specialist to help us in our overall marketing efforts. The Marketing Specialist will be responsible for executing effective marketing strategies, assisting with campaign development, analyzing the effectiveness of each campaign and developing our lead generation programs. The successful candidate will play an integral role in building and engaging the company’s customer base, and creating effective strategies that will promote the long-term growth.

Responsibilities

Develop marketing strategies for projects, including company websites and social media

Work closely with the sales team on program development and implementation

Create and execute lead generation programs

Analyze data to determine campaign efficiency

Ensure creative marketing materials undergo regular review and adhere to brand guidelines

Plan and execute initiatives to reach the target audience through appropriate channels (social media, e-mail, TV etc.)

Develop and communicate marketing plans, campaign results and project recommendations to senior management team

Liaise with external vendors to execute promotional events and campaigns

Collaborate with marketing and other professionals to coordinate brand awareness and marketing efforts

Assist in analyzing marketing data (campaign results, conversion rates, traffic etc.) to help shape future marketing strategies

Undertake individual tasks of a marketing plan as assigned

Requirements

Proven experience as marketing specialist or similar role

Strong organization and prioritization skills

Proficiency with Google Analytics and web analysis tools

Ability to work well in a fast-paced, collaborative environment

Strong understanding of Microsoft Office programs

Excellent analytical, communication and presentation skills

Well-organized and detail oriented

Exceptional communication and writing skills

Commercial awareness partnered with a creative mind

In depth knowledge of traditional and digital marketing and market research methods

1-3 years of experience in a Marcom or PR role

Salary: Negotiable
Office located at Sule Square

Send your CV to
[email protected]
09 777326262

Job Vacancy Announcement Position: Sales Consultant - Sales and Development Department Company Name: AIMS International ...
30/04/2019

Job Vacancy Announcement

Position: Sales Consultant - Sales and Development Department
Company Name: AIMS International Myanmar Co., Ltd.

AIMS International Myanmar Co., Ltd is a Subsidiary of AIMS Singapore HQ, specialising in migration and relocation. Dedicated to supporting individuals and companies in all their immigration, visa, passport, migration and relocation needs. AIMS was Incorporated in Singapore in November 2006, and has since expanded its global footprint with 14 offices including AIMS Myanmar across Asia Pacific. AIMS offers an entire suite of services from skills migration, business and investment migration, passport programs and relocation services.
For more information, please visit https://aims.sg

We are looking for a motivated, outgoing, and confident sales consultant to join our growing team and drive sales for our business. As a sales consultant, you will act as a liaison between our business and the customer in order to establish trust, increase knowledge, and drive more sales for our company.

Duties of the Sales Consultant

Generate leads and turning them into opportunities for sales.
Contact potential customers via telephone, email and face to face.
Work to KPI’s and revenue targets as set by the Head of Sales sales.
Arrange meetings with prospects in order to demonstrate products.
Maintain in-depth product knowledge and uphold relationships with clients to ensure they remain satisfied, that their questions are answered
Negotiate with potential customers and closing sales.
Identify opportunities for new business within the market.
Pay attention to competitors and their activities within the industry.
Build long term relationships with new and existing customers.
Ensure all administration relating to sales is completed effectively.
Work closely with other departments and finding opportunities to cross sell.

Requirements

Proven ability to drive sales and generate new business.
relevant industry experience ideally gained from a competitor business is preferable.
Confident and experienced negotiator able to drive revenue.
Ambitious and driven personality with a hunger for success.
Thrive as an individual and as part of a team
1-3 years of experience in a sales or customer service role

Salary: Negotiable
Office located at Sule Square

Send your CV to
[email protected]
09 777326262

Job Vacancy Announcement Position: Assistant Manager - HR and AdministrationCompany Name: AIMS International Myanmar Co....
26/04/2019

Job Vacancy Announcement

Position: Assistant Manager - HR and Administration
Company Name: AIMS International Myanmar Co., Ltd.

AIMS International Myanmar Co., Ltd is a Subsidiary of AIMS Singapore HQ, specialising in migration and relocation. Dedicated to supporting individuals and companies in all their immigration, visa, passport, migration and relocation needs. AIMS was Incorporated in Singapore in November 2006, and has since expanded its global footprint with 14 offices including AIMS Myanmar across Asia Pacific. AIMS offers an entire suite of services from skills migration, business and investment migration, passport programs and relocation services.
For more information, please visit https://aims.sg

We are looking for a highly motivated HR & Admin Officer to join our team and support the day-to-day activities of our Human Resources department.

The HR & Admin Officer’s responsibilities shall include processing employee data, updating company policies and assisting in the hiring process. To be successful in this role, you should have solid organizational skills and be familiar with HR functions and Myanmar Labour Law. Ultimately, you will make sure all HR operations run smoothly.

Responsibilities

• Maintaining physical and digital personnel records like employment contracts and PTO requests
• Develop hiring plans with job design, sourcing, interview scheduling, HR behaviour, fitness interviews, reference checks, salary negotiations, employment contracts, dispute resolution, dealing with recruitment agencies and to;

• Manage day-to-day HR operational activities and personnel support services such as personnel records, administration of benefits, and HR reports.
• Implement and manage all HR functions including recruitment, performance management, employee relations, benefits, compensation and employee administration
• Develop and maintain employment policies and procedures, rules and regulations, disciplines, employee handbook and employee forms
• Develop training and onboarding material to provide orientations for new employees by sharing onboarding packages and explaining company policies
• Develop, implement and maintain effective compliance with all federal and state labour laws
• Lead annual performance management and professional development initiatives process for staffs
• Arrange travel accommodations and process expense forms
• Accomplishes human resources department and organization mission by completing related results as needed.

Salary: Negotiable
Office located at Sule Square

Send your CV to
[email protected]
09 777326262

FOB ဆိုတာ ဘာလဲCIF ဆိုရင် ​ဘာ​တွေထပ်​​ပေါင်းကုန်​ကျခံထား/ခံရမလဲ။နိုင်ငံဖြတ်​​ကျော်ေ​ရာင်းဝယ်မှုအတွက် မသိမဖြစ် နားလည်ထာ...
17/04/2019

FOB ဆိုတာ ဘာလဲ
CIF ဆိုရင် ​ဘာ​တွေထပ်​​ပေါင်းကုန်​ကျခံထား/ခံရမလဲ။
နိုင်ငံဖြတ်​​ကျော်ေ​ရာင်းဝယ်မှုအတွက် မသိမဖြစ် နားလည်ထားရမည့် transportation အ​ခေါ်အ​ဝေါ်၏ အဓိပ္ပါယ်​ ဖွင့်​ဆိုချက်​များကို ​လေ့လာ​စေချင်​ပါသည်​။

Export & Import Incoterms (International Commercial Terms) များ
#################################xx

အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း(International Chamber Of Commerce) (ICC) မှ ထုတ်ပြန်ခဲ့သည့် Incoterms 2010 ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှစတင်၍ တစ်ကမ္ဘာလုံး လိုက်နာကျင့်သုံးလျှက်ရှိရာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) FOB (Free On Board) ။ ရောင်းသူသည် ရောင်းချမည့် ကုန်ပစ္စည်းကိုတင်ပို့ရမည့်သင်္ဘောပေါ်သို့ရောက်ရှိသည်အထိ တင်ပို့ပေးရန်တာဝန်ရှိ သည်။ ရောင်းသူသည် တင်ပို့မည့်ကုန်ပစ္စည်းအတွက် ကျသင့်သည့် အကောက် ခွန်များကို တာဝန်ယူဆောင်ရွက်ရမည်။ ဝယ်သူသည် ကုန်ပစ္စည်း သင်္ဘောပေါ် သို့ရောက်ရှိပြီးသည်နှင့်တစ်ပြိုင်နက် ကုန်ပစ္စည်းနှင့်ပတ်သက်၍ ပေါ်ပေါက်လာ သည့်ဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အားလုံးကို တာဝန်ယူရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာအသုံးပြုရမည်။

( ခ ) FAS (Free Along side Ship)။ ရောင်းသူသည်ကုန်ပစ္စည်းအားတင်ပို့မည့် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ကမ်းရှိ သင်္ဘောနံဘေးအရောက် ပို့ဆောင်ပေးပြီး ရောင်းချခြင်းကို လွှဲပြောင်းပေးရမည်ဖြစ်သည်။ ရောင်းသူသည် တင်ပို့မည့် ကုန် ပစ္စည်းအတွက် အကောက်ခွန် ကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး ဝယ်သူသည် ကုန်ပစ္စည်းလက်ခံသည့် အချိန်မှစ၍ ကုန်ပစ္စည်း ဆုံးရှုံးမှုနှင့် အခြားကုန်ကျစရိတ်များအားလုံးကို ကျခံရမည်ဖြစ်သည်။ ဤစနစ် ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက် သာ အသုံးပြုရမည်။

( ဂ ) CFR ( Cost and Freight ) ။ ရောင်းသူသည် ကုန်ပစ္စည်းများတင်ပို့ရာတွင်တင်ပို့မည့်ကုန်ပစ္စည်းသင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများ ကို လွှဲပြောင်းပေးပြီးဖြစ်သည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် ကျသင့်သည့် သင်္ဘောခနှင့် အခြားကုန်ကျစရိတ်များ အားလုံးကို တာဝန်ယူရ မည်ဖြစ်သည်။ ဝယ်သူသည် နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စရိတ်စက များ၊ ဆုံးရှုံးမှုများ (သို့မဟုတ်) ပျက်စီးမှုများအားလုံးကို တာဝန်ယူရမည် ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်းရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။ သင်္ဘောပေါ်သို့ရောက်ရှိသည်နှင့် ကုန်ပစ္စည်းများကို လွှဲပြောင်းပေးပြီးဖြစ်ပါသည်။ ရောင်းသူသည် ဝယ်သူသို့ ရောင်းချမည့် ကုန်ပစ္စည်းအပေါ်အာမခံကြေးပေးဆောင်ပြီး ကုန်ပစ္စည်းကို ပို့ဆောင်ပေးရမည် ဟူသောအချက်မှလွဲ၍ ကျန်ကိစ္စရပ်များအားလုံးမှာ CFR နှင့် အတူတူပင်ဖြစ်သည်။ ဤစနစ်ကို ပင်လယ်ရေကြောင်း၊ ပြည်တွင်း ရေကြောင်းဖြင့် သယ်ယူပို့ဆောင်မှုအတွက်သာ အသုံးပြုရမည်။

( င ) EXW (Ex Works) ။ ဝယ်သူအတွက် တာဝန်အကြီးမားဆုံး ဖြစ်စေပြီး ရောင်းသူအတွက် တာဝန်အနည်းဆုံး ဖြစ်စေသည်။ ရောင်းသူသည် ၄င်း၏ အဆောက်အဦးနှင့် မြေယာနေရာ (အလုပ်နေရာ၊ စက်ရုံ ၊ ဂိုဒေါင်)တွင် ဝယ်သူနှင့် သဘောတူညီထားသောနေ့၌ ကုန်ပစ္စည်း စုစည်းပေးရန် တာဝန်ရှိ သည်။ ဝယ်သူသည် ကုန်ပစ္စည်းများ နောက်ဆုံးရောက်ရှိရာနေရာအထိ သယ်ယူပို့ဆောင် စရိတ်အားလုံးနှင့် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များ ကို တာဝန်ယူဖြေရှင်းဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်။

( စ ) FCA (Free Carrier)။ ရောင်းသူသည် ကုန်ပစ္စည်းများအား ဝယ်သူ အလိုရှိသည့်အတိုင်း စုစည်းပေးရန် (သို့မဟုတ်) ကုန်ဝယ်သူ၏ လိုလားချက် အတိုင်း ကားဂိတ်၊ လေဆိပ် ၊ ရထားဘူတာ (သတ်မှတ်ထားသည့်နေရာ) သို့ ပေးပို့ပေးရန်တာဝန်ရှိသည်။ ဝယ်သူသတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်း သယ်ယူခကို ရောင်းသူမှ တာဝန်ယူရမည်ဖြစ်ကာ ကုန်ချနေရာတွင် အကောက်ခွန် ရှင်းလင်းခ၊ သင်္ဘောခ၊ ကုန်ပစ္စည်းနောက်ဆုံး ရောက်ရှိရာနေရာသို့ ကုန်သယ် ဆောင်ခတို့ကို ဝယ်သူမှတာဝန်ယူရပါမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရ မည့်ပုံစံအမျိုးမျိုး အပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု ပုံစံဖြင့်မဆို အသုံးပြုနိုင်သည်။

(ဆ) CPT (Carriage Paid To ) ။ ကုန်ရောင်းသူသည် ကုန်ပစ္စည်းအားသယ်ယူပို့ဆောင်ပေးသည့်ယာဉ်ပေါ်သို့ ကုန်ပစ္စည်းကို တာဝန်ယူ တင်ပို့ပေးရ မည့်အပြင် ကုန်ချရမည့်နေရာသို့ အရောက်ပေးပို့ပေးရန် တာဝန်ရှိသည်။ ရောင်းသူသည် ကုန်ပစ္စည်းတင်ပို့ရာတွင် အကောက်ခွန်ရှင်းလင်းခ၊ ကုန် ပစ္စည်းသယ်ယူခနှင့် အခြားကုန်ကျစရိတ်များကို တာဝန်ယူရမည်ဖြစ်သည်။ သယ်ယူပို့ဆောင်မည့် ယာဉ်ပေါ်သို့ ကုန်ပစ္စည်းများ လွှဲပြောင်းတင်ပို့ပြီးစီးပါက ကုန်ရောင်းသူ၏ တာဝန်ယူမှု အပိုင်းပြီးဆုံးပြီဖြစ်သည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင်မည်သည့် သယ်ယူပို့ဆောင်မှု ပုံစံဖြင့် မဆို အသုံးပြုနိုင်သည်။

( ဇ ) CIP ( Carriage and Insurance Paid To) ။ ကုန်ရောင်းသူသည် ကုန်ပစ္စည်းအား သယ်ယူပို့ဆောင်ပေးသည့် ယာဉ်ပေါ်သို့ကုန်ပစ္စည်းကို တာဝန် ယူတင်ပို့ပေးရမည့်အပြင် ကုန်ချရမည့်နေရာသို့ အရောက်ပေးပို့ပေးရန် တာဝန်ရှိသည်။ ရောင်းသူသည် ကုန်ပစ္စည်း တင်ပို့ရာတွင် အကောက်ခွန် ရှင်းလင်းခ၊ ကုန်ပစ္စည်းသယ်ယူခ၊ အာမခံကြေးနှင့် အခြားကုန်ကျစရိတ် များကို တာဝန်ယူရမည်ဖြစ်သည်။ တာဝန်ယူမှုအပိုင်းမှာ CPT နှင့်အတူတူ ပင်ဖြစ်သည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့်ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြုနိုင်သည်။

( ဈ ) DAT (Delivered At Terminal )။ ရောင်းသူသည် ကုန်ပစ္စည်း များကို သယ်ယူပို့ဆောင်သည့်ယာဉ်ပေါ်သို့ သယ်ချပြီးသည်နှင့်တစ်ပြိုင်နက်ဝယ်သူ၏အမည်သတ်မှတ်ထားသည့်ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာ တွင် ဝယ်သူ၏ အလိုရှိသည့်အတိုင်း ပေးပို့ရောင်းချရမည်ဖြစ်သည်။ ကုန်ချ နေရာ ဆိုရာတွင် ဆိပ်ကမ်း၊ ဂိုဒေါင်၊ ကွန်တိန်နာဝင်း (သို့မဟုတ်) ကားဂိတ် ဘူတာရုံ (သို့မဟုတ်) လေဆိပ်၊ ကုန်စည်အဝင်အထွက်နေရာစသည်တို့ အပါ အဝင် မည်သည့်နေရာ မဆိုပါဝင်သည်။ ရောင်းသူသည် ကုန်ပစ္စည်းများအား အမည်သတ်မှတ်ထားသည့် ဆိပ်ကမ်း (သို့မဟုတ်) ကုန်ချနေရာသို့ သယ်ယူ ခြင်းနှင့်ကုန်ပစ္စည်းများ သယ်ချခြင်းစသည့် ကုန်ကျစရိတ်နှင့် ကိစ္စများအားလုံး ၏ တာဝန်ကိုကျခံရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါအဝင်မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့်မဆိုအသုံးပြုနိုင်သည်။

(ည) DAP (Delivered At Place) ။ ရောင်းသူသည် ဝယ်သူလိုလားချက် အတိုင်း ကုန်ချနေရာတွင် သယ်ချရန်အသင့်ဖြစ်နေသည့် ကုန်ပစ္စည်း သယ်ဆောင်သည့် ယာဉ်ပေါ်မှ ဝယ်သူအလိုရှိသည့်အတိုင်း ကုန်ပစ္စည်းများ အားထားရှိပြီးသည့်နောက် ကုန်ပစ္စည်းအား ပေးပို့ရောင်းချပြီးဖြစ်သည်။ ရောင်းသူသည် သတ်မှတ်ထားသောနေရာသို့ ကုန်ပစ္စည်းသယ်ဆောင်ခြင်း အပါအဝင် ကုန်ပစ္စည်း သယ်ဆောင်ရာတွင် ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူပို့ဆောင်ရမည့် ပုံစံအမျိုးမျိုးအပါအဝင် မည်သည့်သယ်ယူပို့ဆောင် မှုပုံစံဖြင့် မဆို အသုံးပြုနိုင်သည်။

( ဋ ) DDP (Delivered Duty Paid)။ ရောင်းသူသည် ကုန်ပစ္စည်းများကို လွှဲပြောင်း ရောင်းချပြီး အခွန်ပေးဆောင်ပြီးသည်အထိ သယ်ယူပို့ဆောင်ခစရိတ် အားလုံးနှင့် ပေါ်ပေါက် လာနိုင်သည့် ဘေးအန္တရာယ်များကို တာဝန်ယူဖြေရှင်း ဆောင်ရွက်ရမည်။ ဤစနစ်ကို သယ်ယူ ပို့ဆောင်ရမည့် ပုံစံအမျိုးမျိုး အပါအဝင် မည်သည့်သယ်ယူပို့ဆောင်မှုပုံစံဖြင့်မဆို အသုံးပြု နိုင်သည်

1) FOB, CFR, CIF Terms များတွင် သင်္ဘော၏လက်ရမ်း Ship's Rail ကို ကျော်ဖြတ်ပြီးမှ သင်္ဘောပေါ်ရောက်သည်ဟု သတ်မှတ်သည် .. ကုန်ပစ္စည်းအား သင်္ဘောပေါ်တင်နေစဉ် ဆိပ်ခံတံတားပေါ်သို့၎င်း ရေထဲသို့၎င်း ပြုတ်ကျ ပျက်စီး ပျောက်ဆုံးသွားပါက ရောင်းသူ၏တာဝန်ဖြစ်ပြီး ဝယ်သူက ကုန်လက်ခံရရှိသည်ဟု မသတ်မှတ်ပါ ..

2) CIF တွင် CFR ထက် တာဝန်ပိုလာသည့်ကိစ္စမှာ Seller မှ Insurance premium ကို Buyer's name ဖြင့် ကုန်ပစ္စည်းတန်ဘိုး+10% အပိုဆောင်း၍ (ကုန်ပစ္စည်းဆုံးရှုံးခဲ့လျှင် နစ်နာကြေး အတိုး ရုံးစရိတ် စသည်တို့ ထေမိကာမိစေရန်) ဝယ်သူအမည်ဖြင့် ဝယ်ယူထားရှိပေးရမည်ဖြစ်သည် ..

3) FAS Term တွင် ရောင်းသူသည် တင်မည့်ကုန်ကို သင်္ဘောနံဘေးသို့ အရောက်ပို့ရမည်ဆိုရာတွင် ဆိပ်ကမ်းကပ်ထားသည့် သင်္ဘောဘေးဆိပ်ခံခုံပေါ်သို့၎င်း (ကွန်တိန်နာပုံးသယ်လာသည့်ကား သင်္ဘောဘေးသို့ မောင်းလာ၍၄င်း) .. ကုန်သယ်မည့်သင်္ဘောသည် မြစ်လယ် သို့မဟုတ် ပင်လယ်ထဲကျောက်ချ၍ ကုန်တင်မည်ဆိုလျှင် ရောင်းသူသည် တင်မည့်ကုန်ကို ရေယာဉ်များဖြင့် ကုန်တင်မည့်သင်္ဘောဘေးအထိ၎င်း အရောက်ပို့ဆောင်ပေးရမည် ဖြစ်သည် ..


---------------------------------------------------------------------

we’d like to introduce our all of service that freight forwarding business as🤝✈⛴🚍

¡ Sea Freight (Both FCL & LCL )

¡ Air Freight

¡ Air Freight Domestics

¡ Courier Service ( UPS & SF )

¡ Local Trucking Service

¡ Land-Sea Service

¡ land Air Service

¡ Cargo Freighter Service etc of logistics Work.



We hope our information is useful for your business requirement of sending document, parcel and cargo.

(Group of UCL Co.,Ltd)

Address

Mingyi Street
Yangon

Telephone

+959777326262

Website

Alerts

Be the first to know and let us send you an email when LILY - Business Consulting Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LILY - Business Consulting Services:

Share