05/03/2018
လုပ္ငန္းရွင္ေတြ၊ အခုမွ လုပ္ငန္းစတင္လုပ္ကိုင္လိုသူေတြနဲ႕ Branding Business ကို လုပ္ကိုင္ေနတဲ့ မိတ္ေဆြမ်ားအတြက္ပါ။
ကုန္အမွတ္တံဆိပ္တစ္ခုဟာ ဘယ္လိုအခ်က္ေတြနဲ႕ ျပည့္စုံရမယ္ဆိုတာကို Deep Art အဖြဲ႕သားမ်ားမွ ေလ့လာမႈမ်ားကို ေဖာ္ျပလိုက္ပါတယ္။ အေရးပါမႈအလိုက္ စီစဥ္ေရးသားထားပါတယ္ခင္ဗ်ာ။
၁. ကိုယ္စားျပဳျခင္း
မိမိကုန္အမွတ္တံဆိပ္ဟာ လွပေနဖို႔ထက္ ကိုယ့္လုပ္ငန္းရဲ႕ အဓိပၸါယ္၊ အႏွစ္သာရမ်ားကိုေဖာ္ျပနိုင္ဖို႔က အေရးႀကီးပါတယ္။
၂. ရိုးရွင္းျခင္း
ၾကည့္ရႈသူေတြရဲ႕ အလြယ္တကူအသိအမွတ္ျပဳခံရဖို႔ logo ကုန္အမွတ္တံဆိပ္ ဟာ ရိုးရွင္းေနရပါမယ္။ ဒါမွလဲ မွတ္မိလြယ္ေနမွာပါ။
၃. တည္ၿမဲျခင္း
ေခတ္စားေနတဲ့ design ေရစီးေၾကာင္းေတြအတိုင္း logo တစ္ခုျပဳလုပ္ျခင္းထက္ ေရရွည္ကိုယ့္လုပ္ငန္းကို ကိုယ္စားျပဳနိုင္တဲ့ logo ကိုသာ ပိုင္ဆိုင္ဖို႔ႀကိဳးစားပါ။ Logo တစ္ခုရဲ႕ ေနာက္က ကုန္က်စရိတ္ကမ်ားလြန္းပါတယ္။ logo အသစ္ထပ္ဆြဲရင္ ေၾကာ္ျငာစရိတ္ကလဲ ေနာက္ကထပ္လိုက္ရမွာပါ။
၄. ေနရာအႏွံ႕ အသုံးျပဳနိုင္ျခင္း
ပုံႏွိပ္မွာလား၊ digital platform ေပၚမွာပဲ ၾကည့္မလား၊ အကၤ်ီတံဆိပ္ရိုက္မွာလား ေနရာတကာမွာ အေရာင္ေတြ၊ ပုံသဏၭာန္ေတြဟာ တသတ္မတ္တည္းျဖစ္ေနရပါမယ္။ ကာလာကို အမ်ားဆုံး ၂ ေရာင္ ၃ ေရာင္ထက္ မေက်ာ္တာ အေကာင္းဆုံးပါ။
၅. လိုက္ဖက္ျခင္း
အထက္ပါအခ်က္ ၄ ခ်က္နဲ႕ ျပည့္စုံတဲ့ Logo ပိုင္ဆိုင္ၿပီဆိုရင္ေတာ့ Branding material (letterhead, Business Card, Envelope) ေတြဆက္လက္ျပဳလုပ္ဖို႔ လိုက္ဖက္မႈရွိလား စစ္ေဆးရမွာပါ။ Logo ကတစ္မ်ိဳး Letterhead ကတစ္မ်ိဳးဆိုရင္ေတာ့ မွန္ကန္တဲ့ အသိအမွတ္ျပဳျခင္း (Brand Awareness) အလြယ္တကူမရနိုင္ပါဘူး။
သူငယ္ခ်င္းမိတ္ေဆြမ်ား အားလုံး အထက္ပါအခ်က္ေတြနဲ႕ ကိုက္ညီတဲ့ ကုန္အမွတ္တံဆိပ္မ်ား ပိုင္ဆိုင္နိုင္ပါေစလို႔ Deep Art အဖြဲ႕က ဆုေတာင္းေပးလိုက္ပါတယ္ဗ်ာ။
[Unicode]
လုပ်ငန်းရှင်တွေ၊ အခုမှ လုပ်ငန်းစတင်လုပ်ကိုင်လိုသူတွေနဲ့ Branding Business ကို လုပ်ကိုင်နေတဲ့ မိတ်ဆွေများအတွက်ပါ။
ကုန်အမှတ်တံဆိပ်တစ်ခုဟာ ဘယ်လိုအချက်တွေနဲ့ ပြည့်စုံရမယ်ဆိုတာကို Deep Art အဖွဲ့သားများမှ လေ့လာမှုများကို ဖော်ပြလိုက်ပါတယ်။ အရေးပါမှုအလိုက် စီစဉ်ရေးသားထားပါတယ်ခင်ဗျာ။
၁. ကိုယ်စားပြုခြင်း
မိမိကုန်အမှတ်တံဆိပ်ဟာ လှပနေဖို့ထက် ကိုယ့်လုပ်ငန်းရဲ့ အဓိပ္ပါယ်၊ အနှစ်သာရများကိုဖော်ပြနိုင်ဖို့က အရေးကြီးပါတယ်။
၂. ရိုးရှင်းခြင်း
ကြည့်ရှုသူတွေရဲ့ အလွယ်တကူအသိအမှတ်ပြုခံရဖို့ logo ကုန်အမှတ်တံဆိပ် ဟာ ရိုးရှင်းနေရပါမယ်။ ဒါမှလဲ မှတ်မိလွယ်နေမှာပါ။
၃. တည်မြဲခြင်း
ခေတ်စားနေတဲ့ design ရေစီးကြောင်းတွေအတိုင်း logo တစ်ခုပြုလုပ်ခြင်းထက် ရေရှည်ကိုယ့်လုပ်ငန်းကို ကိုယ်စားပြုနိုင်တဲ့ logo ကိုသာ ပိုင်ဆိုင်ဖို့ကြိုးစားပါ။ Logo တစ်ခုရဲ့ နောက်က ကုန်ကျစရိတ်ကများလွန်းပါတယ်။ logo အသစ်ထပ်ဆွဲရင် ကြော်ငြာစရိတ်ကလဲ နောက်ကထပ်လိုက်ရမှာပါ။
၄. နေရာအနှံ့ အသုံးပြုနိုင်ခြင်း
ပုံနှိပ်မှာလား၊ digital platform ပေါ်မှာပဲ ကြည့်မလား၊ အင်္ကျီတံဆိပ်ရိုက်မှာလား နေရာတကာမှာ အရောင်တွေ၊ ပုံသဏ္ဌာန်တွေဟာ တသတ်မတ်တည်းဖြစ်နေရပါမယ်။ ကာလာကို အများဆုံး ၂ ရောင် ၃ ရောင်ထက် မကျော်တာ အကောင်းဆုံးပါ။
၅. လိုက်ဖက်ခြင်း
အထက်ပါအချက် ၄ ချက်နဲ့ ပြည့်စုံတဲ့ Logo ပိုင်ဆိုင်ပြီဆိုရင်တော့ Branding material (letterhead, Business Card, Envelope) တွေဆက်လက်ပြုလုပ်ဖို့ လိုက်ဖက်မှုရှိလား စစ်ဆေးရမှာပါ။ Logo ကတစ်မျိုး Letterhead ကတစ်မျိုးဆိုရင်တော့ မှန်ကန်တဲ့ အသိအမှတ်ပြုခြင်း (Brand Awareness) အလွယ်တကူမရနိုင်ပါဘူး။
သူငယ်ချင်းမိတ်ဆွေများ အားလုံး အထက်ပါအချက်တွေနဲ့ ကိုက်ညီတဲ့ ကုန်အမှတ်တံဆိပ်များ ပိုင်ဆိုင်နိုင်ပါစေလို့ Deep Art အဖွဲ့က ဆုတောင်းပေးလိုက်ပါတယ်ဗျာ။