13/09/2026
🔌 Internet မရတဲ့အခါ ဒီ (3) ချက်ကို အရင်စစ်ကြည့်ပါ!
အင်တာနက် Connection ခဏခဏ ကျနေလို့, Wi-Fi မရလို့ စိတ်ညစ်နေပြီလား?
လူကြီးမင်းတို့ရဲ့ အိမ်သုံး/ရုံးသုံး အင်တာနက်မှာ ရုတ်တရက် အခက်အခဲလေးတွေ ဖြစ်လာပြီဆိုရင် Customer Care ကို မဆက်သွယ်ခင် ဒီအချက် ၄ ချက်နဲ့ ကိုယ်တိုင် အရင်ဆုံး စစ်ဆေးကြည့်လို့ရပါတယ် ခင်ဗျာ။
✅Power Plug နှင့် Cable များကို စစ်ဆေးပါ
📌လုပ်ဆောင်ရမည့်အချက် - Router ရဲ့ Power Adapter ကြိုး၊ နောက်ဘက်က LAN ကြိုးနဲ့ ဖိုက်ဘာကြိုး (Fiber Cable) လေးတွေ လျော့နေတာ၊ ပြုတ်နေတာမျိုး ရှိမရှိ သေချာပြန်တပ်ဆင်ပေးပါ။ ကြိုးတွေ ခိုင်ခိုင်မာမာ တပ်ဆင်ထားမှသာ ဆက်သွယ်မှု ပုံမှန်ဖြစ်မှာပါ။
✅Device တစ်ခုတည်းမှာလား၊ အားလုံးမှာလား စစ်ဆေးပါ
📌လုပ်ဆောင်ရမည့်အချက် - အင်တာနက်လိုင်း မရတာက ဖုန်းတစ်လုံးတည်းမှာပဲလား၊ ဒါမှမဟုတ် အိမ်မှာရှိတဲ့ ဖုန်း၊ လက်ပ်တော့၊ တီဗီ စတဲ့ Device အားလုံးမှာ ဖြစ်နေတာလား ခွဲခြားကြည့်ပါ။ တစ်ခုတည်းမှာ ဆိုရင်တော့ Device ရဲ့ Wi-Fi Setting ကို On/Off ပြန်လုပ်ပေးပါ။
✅Router ကို Restart ပြုလုပ်ပါ (Power Reset)
📌လုပ်ဆောင်ရမည့်အချက် - အထက်ပါ အချက်တွေ အကုန်စစ်ဆေးပြီးပြီ ဆိုရင်တော့ Router စက်ရဲ့ နောက်ဘက်က Power ခလုတ် (သို့) ပလပ်ကို ဖြုတ်လိုက်ပါ။ ၁ မိနစ်လောက် စောင့်ပြီးမှ ပလပ်ကို ပြန်ထိုးပေးပြီး Router စက် Restart ဖြစ်သွားတာကို စောင့်ပါ။
💡အထက်ပါ အခြေခံ အချက် (3) ချက်နဲ့ စစ်ဆေးပြီးလို့မှ အင်တာနက်လိုင်းက ဆက်လက် မရသေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။
Fortune Broadband ရဲ့ အင်တာနက်အသုံးပြုသူများအတွက် လိုအပ်တဲ့ အကူအညီတွေကို Fortune Broadband ၏ Official page Messenger ကနေဖြစ်စေ၊ Hotline ဖုန်းနံပါတ်တွေကနေ ဖြစ်စေ ဆက်သွယ်ပြီး အမြန်ဆုံး အကူအညီ ရယူနိုင်ပါတယ် ခင်ဗျာ။
𝐘𝐚𝐧𝐠𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞𝐬
📞𝟎𝟏- 𝟐𝟑𝟎𝟓𝟒𝟗𝟒 ,📞𝟎𝟏- 𝟐𝟑𝟎𝟓𝟒𝟗𝟓
𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐇𝐨𝐭𝐥𝐢𝐧𝐞𝐬
📞𝟎𝟗𝟕𝟓𝟔𝟎𝟑𝟎𝟒𝟒𝟒,📞𝟎𝟗𝟕𝟓𝟔𝟏𝟑𝟎𝟒𝟒𝟒
📞𝟎𝟗𝟒𝟎𝟎𝟒𝟑𝟎𝟒𝟒𝟒,📞𝟎𝟗𝟒𝟒𝟏𝟎𝟑𝟔𝟒𝟎𝟓
’sConnect