19/08/2026
Router လေးကို နေရာရွှေ့လိုက်ရုံနဲ့ အင်တာနက်လိုင်း ပိုမြန်သွားနိုင်တယ်ဆိုရင်ရော?
Wi-Fi လိုင်းက တစ်အိမ်တည်းမှာပဲကို ဘာလို့ တစ်နေရာနဲ့တစ်နေရာ လိုင်းဆွဲအား မတူတာလဲ? 🤔
အိမ်မှာ Wi-Fi သုံးနေရင်း ဧည့်ခန်းထဲမှာတော့ လိုင်းကောင်းသားနဲ့... အိပ်ခန်းထဲရောက်သွားတာနဲ့ အဝိုင်းလည်နေတာ၊ Video ကြည့်ရင် ဝါးပြီး အဝိုင်းလည်နေတာတွေ ကြုံဖူးကြမှာပါ။ 📱💻
အဲ့ဒီအခါ "လိုင်းက မကောင်းတော့ဘူး" လို့ပဲ ထင်ပြီး စိတ်ညစ်သွားတတ်ကြပါတယ်။ 📉😔
တကယ်တော့ အဲ့ဒီပြဿနာရဲ့ အဓိကတရားခံက အင်တာနက်လိုင်း မကောင်းတာထက် Router လေးကို တပ်ဆင်ထားတဲ့ နေရာကြောင့် ဖြစ်ဖို့များပါတယ်။ 🏠
Router ကနေ ထွက်လာတဲ့ လှိုင်းတွေဟာ ပတ်လည် ဖြန့်ကျက်ပြီး ထွက်လာတာပါ။ ဒါပေမဲ့ အိမ်ထဲမှာရှိတဲ့ နံရံတွေ၊ မှန်ဘောင်တွေ၊ သံချောင်းတွေနဲ့ ပရိဘောဂပစ္စည်းတွေက အဲ့ဒီလိုင်းလှိုင်းတွေကို တားဆီးပိတ်ပင်တတ်ကြပါတယ်။
ဒါကြောင့် အိမ်မှာ Wi-Fi အပြည့်အဝနဲ့ အကောင်းဆုံးသုံးနိုင်ဖို့ ဒီအချက်လေးတွေကို လုပ်ကြည့်လိုက်ပါ။
✅အိမ်ရဲ့ အလယ်ဗဟိုမှာ ထားပါ: Router ကို အခန်းထောင့်တစ်နေရာ (သို့မဟုတ်) တံခါးပိတ်အခန်းထဲမှာ ထားမယ့်အစား အိမ်ရဲ့ ဗဟိုကျတဲ့နေရာမှာ ထားပေးပါ။ ဒါမှ အိမ်ရဲ့ ဘယ်နေရာမဆို လိုင်းလှိုင်းတွေ မျှတစွာ ရောက်ရှိနိုင်မှာပါ။🏠
✅အမြင့်ကို တင်ထားပါ: ကြမ်းပြင်ပေါ်မှာ တိုက်ရိုက်ချထားတာထက် စားပွဲခုံပေါ် (သို့မဟုတ်) အနည်းငယ် မြင့်တဲ့နေရာမှာ တင်ထားပေးခြင်းက လိုင်းဖြန့်ထွက်မှုကို ပိုကောင်းစေပါတယ်။📶
✅အတားအဆီးတွေနဲ့ ဝေးဝေးထားပါ: ရေခဲသေတ္တာ၊ မှန်ပြတင်းပေါက်ကြီးတွေနဲ့ သတ္တုပစ္စည်းတွေအနီးမှာ Router ကို ထားမိရင် လိုင်းလှိုင်းတွေကို အဓိကစုပ်ယူတားဆီးတတ်လို့ အဲ့ဒီပစ္စည်းတွေနဲ့ ဝေးတဲ့နေရာမှာ ထားပေးသင့်ပါတယ်။
Router ရဲ့ တည်နေရာကို ခဏလေး ပြောင်းလဲပေးလိုက်ရုံနဲ့တင် အိမ်မှာ အင်တာနက်သုံးရတာ ပိုမြန်ဆန်လာပြီး ပိုပြီး အဆင်ပြေသွားပါလိမ့်မယ်။