28/07/2026
⚽ "ဖူဆယ်လောကရဲ့ ထူးထူးဆန်းဆန်း သမိုင်းကြောင်းနဲ့ မထင်မှတ်ထားတဲ့ အချက်များ"
⚽ "ဖူဆယ်လောကရဲ့ ထူးထူးဆန်းဆန်း သမိုင်းကြောင်းနဲ့ မထင်မှတ်ထားတဲ့ အချက်များ"
၁။ မိုးရွာလို့ စတင်ခဲ့ရတဲ့ အားကစား 💦💧
ဖူ ဆယ် (Futsal) ကစားနည်းကို ၁၉၃၀ ပြည့်နှစ် မှာ
ဥရုဂွေးနိုင်ငံသား ဆရာတစ်ဦးဖြစ်သူ Juan Carlos Ceriani က စတင်တီထွင်ခဲ့တာ ဖြစ်ပါတယ်။
သူဟာ ဥရုဂွေးနိုင်ငံ၊ မွန်တီဗီဒီယိုမြို့ (Montevideo) ရှိ YMCA အသင်းမှာ လူငယ်တွေကို အားကစားသင်ကြားပေးရင်း အပြင်မှာ မိုးရွာလို့ ဘောလုံးမကစားနိုင်တဲ့အခါ မိုးလုံလေလုံ အိမ်တွင်းကစားကွင်း (Indoor court) ထဲမှာ စတင်ကစားစေခဲ့ရာမှ ဖူဆယ်ကစားနည်း ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။
၂။ ဘောလုံးက ဘာလို့မခုန်တာလဲ? ⚽
ဖူဆယ်ဘောလုံးဟာ ပုံမှန်ဘောလုံးတွေထက် အရွယ်အစား သေးငယ်ရုံတင်မကဘဲ အတွင်းမှာ လေအပြည့်မဖြည့်ဘဲ အထူးပြုလုပ်ထားတာကြောင့် မြေကြီးနဲ့ရိုက်ရင် အရမ်းမခုန်ပါဘူး။ ကစားသမားတွေ ဘောလုံးထိန်းရတာ ပိုမြန်အောင်နဲ့ မိုးပေါ်ထောင်ကန်ရင် မတော်တဆထိခိုက်မှု မရှိအောင် ထိန်းချုပ်ထားတာဖြစ်ပါတယ်။
၃။ ၄ စက္ကန့် စည်းမျဉ်းနဲ့ "ကတ်" ပြနိုင်တဲ့ ဒိုင်လူကြီး 🏆
ဖူဆယ်မှာ ဘောလုံးအပြင်ထွက်သွားရင် သို့မဟုတ် ဂိုးသမား ဘောလုံးကိုင်ထားရင် ၄ စက္ကန့် အတွင်း ပြန်စရပါတယ်။ စက္ကန့်ရေတွက်တာကိုလည်း ဒိုင်လူကြီးက လက်ချောင်းလေးတွေနဲ့ ပွင့်ပွင့်လင်းလင်း ရေတွက်ပြရတာပါ။ ဒါ့အပြင် အမှားအယွင်းများလွန်းရင် တိုက်ရိုက်အနီကတ်၊ အဝါကတ် ပြသခံရပြီး ဖီဖာရဲ့့ တရားဝင် Laws of the Game အရ အနီကတ်ပြခံရတဲ့ ကစားသမားဟာ ကွင်းအတွင်းမှ ချက်ချင်း ထွက်ပေးရရုံတင်မကဘဲ အရန်ခုံမှာပါ ထိုင်ခွင့်မရှိဘဲ ကွင်းပြင်သို့ စွန့်ခွာရပါတယ်။ (အစားထိုးလဲလှယ်ခွင့် မရှိပါ)။
ဒါပေမဲ့ ထိုအသင်းဟာ ကစားသမား ၁ ယောက် လျှော့ဖြင့် ၂ မိနစ် တိတိ ဆက်လက်ကစားရပါတယ်။
၂ မိနစ်ပြည့်သွားရင် သို့မဟုတ် ၂ မိနစ် မပြည့်မီ တစ်ဖက်အသင်းက ဂိုးသွင်းယူသွားရင် အပြစ်ပေးခံထားရတဲ့ အသင်းဟာ အနီကတ်ပြခံရသူ၏နေရာတွင် အရန်ကစားသမား တစ်ယောက်ကို အစားထိုး ကွင်းအတွင်း ပြန်လည် ထည့်သွင်းခွင့် ရရှိပါတယ်။
(မှတ်ချက် - ဘောလုံးပွဲလိုမျိုး ၁ ယောက်လျော့နဲ့ ပွဲပြီးတဲ့အထိ ၁၀ ယောက်တည်း ကစားရတာမျိုး မဟုတ်ဘဲ ၂ မိနစ်ပြည့်ရင် (သို့) ဂိုးဝင်ရင် လူအင်အား ပြန်ပြည့်သွားတာ ဖြစ်ပါတယ်)
၄။ နာရီဝက်ပွဲမှာ ၁ မိနစ်ကျန်ရင် တကယ့် ၁ မိနစ် မဟုတ်ဘူး!⏰
ဖူဆယ်မှာ ဘောလုံးအပြင်ထွက်တိုင်း သို့မဟုတ် ပွဲခဏရပ်တိုင်း နာရီကို ခဏရပ်ထားတာကြောင့် ပွဲချိန် ကစားချိန် မိနစ် ၂၀ ဆိုပေမယ့် တကယ့်လက်တွေ့မှာ ပွဲပြီးဖို့ ၄၅ မိနစ်ကနေ ၁ နာရီနီးပါး ကြာမြင့်တတ်ပါတယ်။
#ဖူဆယ်ချစ်သူ