26/02/2026
⛔ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုတာ မျက်စိစုံမှိတ်ပြီး လျှောက်လုပ်နေလို့ မရပါဘူး။ ကိုယ်သွားမယ့် လမ်းကြောင်းမှာ ဘာတွေရှိလဲဆိုတာကို အရင်သိဖို့ လိုပါတယ်။
‼️ ဈေးကွက်ကို စနစ်တကျ စိုးမိုးနိုင်ဖို့အတွက် ဧရိယာ (၄) မျိုးခွဲပြီး မဟာဗျူဟာ ချမှတ်ပုံ
1️⃣ 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐀𝐫𝐞𝐚
ဒီနေရာမျိုးက အခုလက်ရှိမှာ အရောင်းသိပ်မသွက်သေးပေမဲ့ နောင်တစ်ချိန်မှာ ကုမ္ပဏီအတွက် ရွှေတွင်းကြီးဖြစ်လာမယ့် နေရာမျိုးပါ။ ဒီလိုနေရာမျိုးမှာ လက်ရှိဝင်ငွေထက် အနာဂတ်အလားအလာ (Potential) ကို ကြည့်ပြီး ကြိုတင်ရင်းနှီးမြှုပ်နှံထားဖို့ လိုပါတယ်။
2️⃣ 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 𝐀𝐫𝐞𝐚
ကိုယ့်ရဲ့ ပြိုင်ဘက်တွေ အားအကောင်းဆုံးဖြစ်နေတဲ့ နေရာတွေပေါ့။ ဆိုင်ထဲဝင်လိုက်တာနဲ့ ပြိုင်ဘက်ပစ္စည်းတွေက နေရာအပြည့်ယူထားတယ်ဆိုရင် ဒါ Competition Area ပါပဲ။ ဒီနေရာမှာတော့ မျက်စိမှိတ်ပြီး ဝင်တိုးလို့ မရပါဘူး။ ပြိုင်ဘက်က ဈေးသက်သာလား၊ Service ကောင်းလားဆိုတာ အရင်ဆန်းစစ်ပါ။ သူတို့ရဲ့ အားနည်းချက်ကိုသိမှ ကိုယ့်ပစ္စည်းအတွက် Marketing Activity တွေ၊ Promotion တွေနဲ့ Market Share လုဖို့ တိုက်စစ်ဖွင့်နိုင်မှာပါ။
3️⃣ 𝐂𝐨𝐯𝐞𝐫𝐚𝐠𝐞 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐫𝐞𝐚
ဒါကတော့ လက်တွေ့ ကွင်းဆင်းရမယ့် အပိုင်းပါ။ Strategic နဲ့ Competition ဧရိယာတွေကို သိပြီဆိုရင် Route Plan ဆွဲရပါတော့မယ်။ ဘယ်လမ်းကို ဘယ်နေ့သွားမလဲ၊ ကားဘယ်နှစ်စီးလွှတ်မလဲ၊ အရောင်းဝန်ထမ်းတစ်ယောက်ကို ဆိုင်ဘယ်နှစ်ဆိုင် တာဝန်ပေးမလဲဆိုတာတွေကို စနစ်တကျ တွက်ချက်ရပါမယ်။ အဓိကကတော့ စရိတ်သက်သာပြီး အထိရောက်ဆုံး ဖြန့်ဖြူးနိုင်ဖို့ပါပဲ။
4️⃣ 𝐓𝐞𝐬𝐭𝐢𝐧𝐠 𝐀𝐫𝐞𝐚
စီးပွားရေးမှာ အမြဲတမ်း Expansion လုပ်နိုင်ဖို့ အခွင့်အရေးကို ရှာနေရပါမယ်။ Testing Area ဆိုတာ ပစ္စည်းအသစ်တစ်ခုကို နေရာသစ်တစ်ခုမှာ စမ်းသပ်ရောင်းချကြည့်ရမှာမျိုးပါ။ ဒီမှာတော့ အင်အားအကုန်မသုံးဘဲ စမ်းသပ်ကြည့်မယ်၊ အောင်မြင်တယ်ဆိုမှ Coverage Plan ထဲထည့်ပြီး တိုးချဲ့သွားရမှာ ဖြစ်ပါတယ်။
လူကြီးမင်းတို့အနေနဲ့ ဒီအချက် ၄ ချက်ကို ပိုင်ပိုင်နိုင်နိုင် ခွဲခြားနိုင်မှသာ ဈေးကွက်မှာ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။
📍သင့်လုပ်ငန်းအတွက် အကိုက်ညီဆုံး စီးပွားရေးနည်းဗျူဟာကို ရှာဖွေဖို့အတွက် လိုအပ်တဲ့ Consulting Services တွေအကြောင်းကို အသေးစိတ်မေးမြန်းချင်တယ်ဆိုရင် 𝐑𝐚𝐧𝐠𝐨𝐨𝐧 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐢𝐧𝐠 𝐆𝐫𝐨𝐮𝐩 ကို အမြန်ဆုံးဆက်သွယ်လိုက်ပါ။