AstraShark Software

AstraShark Software Software Development Company Limited

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်- - - - - -1. Snapdrop.netဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘ...
13/08/2024

ဒီ Website ၁၀ခုသာ ကြိုသိခဲ့ရင် တော်တော်ကောင်းမယ်

- - - - - -

1. Snapdrop.net
ဒီ Websiteကတော့ ဘယ် Phone ဖြစ်ဖြစ် ဘယ် Deviceဘဲ ဖြစ်နေ File ကို ကြားခံမလိုဘဲ Share နိုင်ပါတယ်
ကြိုးလည်းမလိုဘူး Zapyaလည်းမလိုဘူး Same Wifiဖြစ်နေရင် ကြိုက်ရာ File - Data - Picture - Videoကို လှမ်းပို့ပေးနိုင်ပါတယ်
သုံးပုံ သုံးနည်းလည်း အရမ်းရိုးရှင်းပြီး အလွယ်ကူဆုံး File Shareလုပ်နိုင်တဲ့ Websiteလည်းဖြစ်ပါတယ်

2. Kamua.com
ခုလို Tiktokတွေ Instagram Reelsတွေ Youtube Shortsတွေ ခေတ်စားနေချိန်မှာ အများဆုံး 16:9 Aspect Ratioနဲ့ ရိုက်ကြပြီး Reelsတို့ဘာတို့မှာ တင်မယ်ဆို 9:16 Aspect Ratio နဲ့ ရိုက်ရကြပါတယ်
ဒါကြောင့် ဒါလေးကတော့ ပြန်ပြီး ရိုက်နေစရာ မလိုဘဲ ရှိတဲ့ 16:9 Ratio Video ကို 9:16 ပြန်ပြောင်းပေးမယ့် Websiteလည်းဖြစ်ပါတယ်
Server Speedလည်းတော်တော်ကောင်းတော့ အချိန်တိုမှာဘဲ Video Upload & Download လုပ်နိုင်ပါတယ်
ကိုယ်ရဲ့ Internet Speed တော့ မြန်ဖို့ လိုမယ်နော်

_____________

3. remove.bg
ဒါလေးကတော့ Passportဓာတ်ပုံဖြစ်ဖြစ် Driver License - National Identity Card မျိုးစုံကို ဆိုင်တွေ သွားရောက် ရိုက်နေစရာ မလိုဘဲ
ကိုယ်ရိုက်ထားတဲ့ ပုံကို Background Remove လုပ်ပေးတဲ့ Website လေးဖြစ်ပါတယ်

_____________

4. earth.google.com
နိုင်ငံတကာ ပတ်နေစရာမလိုဘဲ Realityကို Virtual World လို ကြည့်ချင်နေရင် အကောင်းဆုံး ကြည့်ရှူလေ့လာနိုင်တဲ့ Google Earth Website ဖြစ်ပါတယ်
ကိုယ်ရောက်သွားသလို 2D 3Dနဲ့ ကြည့်ရှူနိုင်ပြီး ကိုယ်ရဲ့ Dream Country လေးကို ခဏသာ ကြည့်ပြီး သွားရောက်ဖို့ အတူကြိုးစားလိုက်ရ‌အောင်...

_____________

5. pdfescape.com
တစ်ခါတစ်လေ pdfမှာ editဖို့ လိုနေပေမယ့်လည်း Adobe Acrobatကြီး မရှိတဲ့ အချိန် အမြန်ဆုံးနဲ့ အလွယ်ဆုံးနည်းလေးကို pdfescape ဖြစ်ပါတယ်
pdfescape က တစ်ဆင့် ကိုယ်လိုချင်တာတွေ ထည့်မယ် Signatureတွေထိုးမယ့် အများကြီး ထပ်မံ လုပ်လို့ရပါတယ်

_______

6. unsplash.com
High Resolution ဓာတ်ပုံများ Short Videoများအစားထိုးသုံးဖို့အတွက် သိန်းချီထဲက ကြိုက်နှစ်သက်ရာ ရွေးယူပြီး အသုံးပြုနိုင်ပါတယ်
အားလုံးနီးပါး Freeဆိုတော့ ဒို့မြန်မာတွေအတွက် အကြိုက်ပေါ့...!

_____________

7. app.grammarly.com
Email ပို့တာဖြစ်ဖြစ် နိုင်ငံခြား Supplier သို့မဟုတ် ဧည့်သည်တွေနဲ့ ပြောတာဖြစ်ဖြစ် ကိုယ်သုံးနေတဲ့ English စကားလုံးနဲ့ Grammar မှန်မမှန် စစ်ဆေးပေးတဲ့ Websiteဖြစ်ပါတယ်
တော်တော်များများလည်း အသုံးပြုကြပြီး ခုဆို"အများပြား Extension"တွေ တွဲသုံးနေကြပါတယ်

_____________

8. invideo.io
ကိုယ်ရဲ့ စီးပွားရေး ကိုယ်ရဲ့ Productတွေကို Professionalကျကျ ဆွဲဆောင်စရာ Videoပြုလုပ်လို့ရတဲ့ Website ဖြစ်ပါတယ်
သိန်းဂဏန်းပေးစရာမလိုဘဲ ကိုယ်ပိုင် Brand Stories Video ကို အခမဲ့ ဖန်တီးနို်ငပါတယ်

_____________

9. semrush.com
ဒီခေတ်မှာ အရမ်းလေ့လာရတဲ့ Competitorတွေရဲ့ Strategyကို လေ့လာနိုင်တဲ့ Websiteလေးဖြစ်ပါတယ်
မြန်မာနိုင်ငံမှာတော့ SEO Runတာ အရမ်းနည်းပြီး
Web Pageတွေဘဲ လေ့လာနိုင်မှာဆိုတော့ နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ရသူတွေအတွက် ဒီWebisteကတော့ ရွှေလို တန်ဖိုးရှိပါတယ်

_____________

10. urbandictionary.com
နေ့တိုင်းလိုလို Slang & Informal Wordsတွေ ထွက်နေတဲ့ "English Language"မှာ အသေးစိတ် အဓိပ္ပာယ်ကို ရှင်းပြပေးတဲ့ Educational Websiteကောင်းလေးဖြစ်ပါတယ်


Software

----------------------

Graphic Designer & Web Designer တွေ Basic Color ရွေးချယ်ခြင်း သဘောတရား------------တစ်ခါတစ်လေမှာ ဘယ်အရောင်တွေကို ဘယ်နေရာမ...
12/07/2024

Graphic Designer & Web Designer တွေ Basic Color ရွေးချယ်ခြင်း သဘောတရား
------------
တစ်ခါတစ်လေမှာ ဘယ်အရောင်တွေကို ဘယ်နေရာမှာ သုံးရမလဲဆိုတာ ရွေးချယ်ရခက်နေတဲ့ Graphic Designer , Web Designer တွေအတွက် အခက်အခဲတစ်ခုကို ပြေလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။

AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 – AI Hackathon...
08/07/2024

AI ကို စိတ်ဝင်စားတဲ့ မြန်မာလူငယ်တိုင်းအတွက် အခွင့်အလမ်းအသစ်တွေယူဆောင်လာတဲ့ Samsung Innovation Campus 2024 – AI Hackathon

စာသင်ချိန် နာရီ ၄၀ ကြာ AI Comprehensive Training ကို အခမဲ့ တက်ရောက်ခွင့်ရမယ့်အပြင် AI Hackathon ပြိုင်ပွဲမှာပါဝင်ရင်း Prize Pool ကျပ်သိန်း (၆၀) အထိ ပိုင်ဆိုင်နိုင်ခွင့်ရနိုင်မယ့် လူငယ်တိုင်း လက်မလွှတ်သင့်တဲ့အစီအစဉ်

လူငယ်တွေအတွက် အခွင့်အလမ်း အသစ်တွေကို အမြဲယူဆောင်လာပေးနေတဲ့ Samsung Myanmar ကနေ AI ကို စိတ်ဝင်စားပြီး ကိုယ့်ရဲ့ စိတ်ကူးအိပ်မက် နဲ့ Idea တွေကို လက်တွေ့အကောင်အထည်ဖော်ချင်တဲ့ မြန်မာလူငယ်တွေအတွက် Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်အသစ်ကို ထပ်မံမိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

တီထွင်ဆန်းသစ်မှုတွေကို အမြဲဖန်တီးပြုလုပ်နေသလို AI နည်းပညာမှာလည်း ကမ္ဘာ့ထိပ်တန်းကနေ ဦးဆောင်နေတဲ့ နည်းပညာကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ Samsung ဟာ စမတ်ဖုန်းတွင်သာမက တခြား အိမ်သုံးလျှပ်စစ်ပစ္စည်းများဖြစ်သော တီဗီ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်များမှာပါ AI နည်းပညာများထည့်သွင်းခဲ့ပြီး စျေးကွက်တွင်လည်း ဦးဆောင်သူအဖြစ် ရပ်တည်လျက်ရှိပါတယ်။ ယခု အစီအစဉ်ကနေ အရည်အချင်းရှိ AI နည်းပညာရှင်တွေ ထပ်မံပေါ်ပေါက်လာအောင် ပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးနေတာလည်း ဖြစ်ပါတယ်။

ဇွန်လ (၂၇) ရက် ကနေ ဇူလိုင်လ (၁၀) ရက် အတွင်း စာရင်းသွင်းလျှောက်ထားနိုင်မယ့် အဆိုပါအစီအစဉ်ကို Samsung Myanmar နဲ့အတူ Myanmar Cyber Youths နဲ့ Tee Htwin - CSR တို့ က Lead Organization and Partner အဖြစ် ပါဝင်အားဖြည့်ပေးထားတာဖြစ်ပြီး ပါဝင်ဖို့ အရွေးချယ်ခံရသူများအနေနဲ့

- IT & Programming ကျွမ်းကျင်ပညာရှင်များကိုယ်တိုင် သင်ကြားပေးပြီး၊ Coding အတွေ့အကြုံပြင် ကိုယ်တိုင် Intelligence App များကို ဖန်တီးနိုင်မယ့်အတွေ့အကြုံတွေကို ရရှိနိုင်စေမယ့် စာသင်ချိန် နာရီ ၄၀ ကြာ AI Comprehensive Training ကို အခမဲ့တက်ရောက်ခွင့်
- သင်တန်းကာလပြီးဆုံးပါက မိမိ Ideas များကို လက်တွေ့အကောင်အထည်ဖော်နိုင်မယ့် AI Hackathon ပြိုင်ပွဲမှာ ပထမဆု ကျပ်သိန်း (၃၀) ၊ ဒုတိယဆု ကျပ်သိန်း (၂၀) နဲ့ တတိယဆု ကျပ်သိန်း (၁၀) စသဖြင့် စုစုပေါင်း Prize Pool ကျပ်သိန်း (၆၀) ကို ပိုင်ဆိုင်နိုင်ခွင့်
- Coding အတွေ့အကြုံအပြင် ကိုယ်တိုင် Intelligence Apps တွေကို Online, Offline သင်တန်းများမှတဆင့် Hands-on Experience ရယူနိုင်ခွင့်
- အတွေ့အကြုံရှိ Mentor များ၊ Judges များရဲ့ အနီးကပ် Mentorship ကို ရရှိနိုင်ခွင့်
- မိမိစွမ်းဆောင်ရည်တွေကို ပြသပြီး Career Opportunities များကို ဖန်တီးနိုင်ခွင့်
- သင်တန်းပြီးဆုံးကြောင်း Certificate နဲ့ ဆုများ ပိုင်ဆိုင်နိုင်ခွင့် စတဲ့ အခွင့်အရေးကောင်းများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

အစီအစဉ်မှာ ပါဝင်ဖို့ ရွေးချယ်ခံရသူများ အနေနဲ့ Samsung Innovation Campus ကို တစ်လ (နာရီ ၄၀) ကြာ တစ်ဦးချင်းစီ တက်ရောက်ရမှာဖြစ်ပြီးး ပရိုဂရမ်ရေးသားခြင်းနဲ့ AI နဲ့သက်ဆိုင်တဲ့သင်ခန်းစာတွေကို Online/ Offline သင်ကြားရမှာဖြစ်ကာ AI Hackathon ပြိုင်ပွဲမှာ ပါဝင်နိုင်ဖို့နဲ့ သင်တန်းပြီးဆုံးကြောင်း လက်မှတ်ရရှိဖို့အတွက် သင်တန်းတက်ရောက်ချိန် ၇၅% ပြည့်မီဖို့လိုအပ်ပါတယ်။

Samsung Innovation Campus 2024 – AI Hackathon အစီအစဉ်ကို အသက် ၁၆ နှစ်မှ ၂၅ နှစ်ကြား မြန်မာနိုင်ငံမှာ လက်ရှိနေထိုင်နေသူ လူငယ်တွေ ပါဝင်နိုင်မှာဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှ ဇူလိုင်လ (၁၀) ရက်နေ့ အတွင်း အောက်ပါအချက်အလက်တွေအတိုင်း စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

Samsung Myanmar ကနေ တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေ မှန်ကန်ပြည့်စုံအောင် ဖြည့်ပြီးစာရင်းပေးသွင်းရမှာဖြစ်ပါတယ်။ (စာရင်းသွင်းရန် လင့်ကို Comment မှာ ချပေးထားပါ့မယ်)

ပါဝင်သူများအနေနဲ့ Python သို့မဟုတ် အခြားသော Programming ဘာသာရပ်များကို အခြေခံသိထားရန် လိုအပ်ပြီး Artificial Intelligence (AI) နှင့် Machine Learning တို့ကို သင်ယူလိုစိတ်ရှိရန် လိုအပ်ပါတယ်။

AI Hackathon ပြိုင်ပွဲမှာ လူကိုယ်တိုင် ယှဉ်ပြိုင်ရန် လိုအပ်တာကြောင့် လျှောက်ထားသူဟာ လက်ရှိမြန်မာနိုင်ငံမှာ နေထိုင်နေသူ ဖြစ်ရပါမယ်။
အသေးစိတ် စည်းကမ်းသတ်မှတ်ချက်တွေကိုတော့ Comment မှာ ချပေးထားတဲ့ လင့်ကနေ ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်။

(Samsung Myanmar ရဲ့ သတင်းထုတ်ပြန်ချက်ကို ပြန်လည်မျှဝေပေးခြင်း ဖြစ်ပါတယ်။)


𝐑 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ဆိုတာ ဘာလဲ? R programming ဆိုတာ R software, R studio  စတဲ့ platform တွေပေါ်ကို ကိန်းဂဏန်းတွေ တွက်ချက်တဲ့အခ...
04/07/2024

𝐑 𝐩𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠 ဆိုတာ ဘာလဲ?
R programming ဆိုတာ R software, R studio စတဲ့ platform တွေပေါ်
ကို ကိန်းဂဏန်းတွေ တွက်ချက်တဲ့အခါ data visualization (data တွေကို Graphs တွေ Charts တွေနဲ့ဖော်ပြခြင်း) တွေ လုပ်တဲ့အခါ သုံးတဲ့ programming language တခုပါပဲ။

R programming language နဲ့ ပတ်သတ်ပြီး knowledge မရှိရင်တောင်မှ R software ကို calculator တခုလို အသုံးပြုနိင်ပါတယ်။ ပေါင်းနှုတ်မြှောက်စား စတာတွေကို Excel လို = (equal sign) ချစရာမလိုဘဲ အလွယ် တကူ တန်းတွက်လို့ရတယ်။ စမ်းချင်ရင် အောက်က link က‌နေ R software ကို download ဆွဲပြီး စမ်းသပ်ကြည့်နိင်ပါတယ်။
https://cran.r-project.org/bin/windows/ (R for windows)
https://cloud.r-project.org/bin/macosx/ (R for macOS)

𝐑 နဲ့ 𝐌𝐢𝐜𝐫𝐨𝐬𝐨𝐟𝐭 𝐄𝐱𝐜𝐞𝐥 ဘာကွာလဲ? 𝐑 က ဘာတွေပိုကောင်းလဲ?
1. Big data / large data (ရာနဲ့ချီ ထောင်နဲ့ချီ သောင်းနဲ့ချီတဲ့ data တွေ) တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ R က excel ထက်ပိုမြန်တယ်။ ပိုပြီး effective ဖြစ်တယ်။
2. R မှာ Function တွေကို ကိုယ့်စိတ်ကြိုက်ဖန်တီးလို့ရတယ်။ သိမ်းထားပြီး လိုချင်တဲ့ အခါမှာ ပြန်ထုတ်သုံးလို့ရတယ်။ တခါပဲရေးထားပြီး ထပ်ခါထပ်ခါ ရေးစရာ မလိုတဲ့အတွက် အချိန်ကုန်သက်သာတယ်။
3. R မှာ စာရင်းအင်းနဲ့ ပတ်သက်တာတွေကို ခဏလေးနဲ့ အလွယ်တကူ တွက်လို့ရတယ်။ ဥပမာ- frequency ရှာတာမျိူး, number တွေကို ငယ်စဥ်ကြီး လိုက် (သို့) ကြီးစဥ်ငယ်လိုက်စီတာမျိူး။

R မှာကောင်းတာက Excel နဲ့တွဲသုံးလို့ရတာပဲ။ Excel မှာ data တွေရိုက်ထည့်ပြီး R မှာ analysis လုပ်လိုက်မယ်ဆိုရင်တော့ဖြင့် ကိုယ်လိုချင်တဲ့ရလဒ်တွေကို အချိန်ကုန် လူပင်ပန်း သက်သာစွာနဲ့ ရနိင်တယ်။ နောအဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

software

𝐃𝐚𝐭𝐚 𝐭𝐲𝐩𝐞𝐬 & 𝐯𝐞𝐜𝐭𝐨𝐫𝐬 𝐢𝐧 𝐑 R မှာ အခြေခံအကျဆုံးဖြစ်တဲ့ data types တွေ နဲ့ vectors  တွေ အကြောင်း ဆွေးနွေးသွားပါ့မယ်။ R မှာ ...
04/07/2024

𝐃𝐚𝐭𝐚 𝐭𝐲𝐩𝐞𝐬 & 𝐯𝐞𝐜𝐭𝐨𝐫𝐬 𝐢𝐧 𝐑
R မှာ အခြေခံအကျဆုံးဖြစ်တဲ့ data types တွေ နဲ့ vectors တွေ အကြောင်း ဆွေးနွေးသွားပါ့မယ်။ R မှာ Data အမျိူးအစား ငါးမျိူး ရှိပါတယ်။
1. Numeric – (0.001, 123, 321,…)
2. Character – (“Hello”, ”123”, “apple”,…)
3. Integer – (1L, 3L, 50L,..)
4. Complex – (x+3y, 5+6i, …)
5. Logical – (TRUE, FALSE)
Ref: https://www.w3schools.com/r/r_data_types.asp

ကိန်းဂဏန်းတွေသည် Numeric data လည်းဖြစ်နိင်သလို character data လည်း ဖြစ်နိင်တယ်။ quotation mark (“ “) မပါဘဲရေးထားရင် numeric data (eg- 123)။ quotation mark ထဲမှာရေးထားရင် character data
(eg – “123”)။ numeric data တွေကို ပေါင်းနှုတ်မြှောက်စား လုပ်လို့ရပေမဲ့ character data တွေကိုတော့ လုပ်လို့မရပါဘူး။ ဥပမာ - 123*3 ဆိုရင် 369
ရမယ်ဆိုပေမဲ့ “123”*3 ဆိုရင်တော့ error ထွက်တာတွေ့ရလိမ့်မယ်။ အောက်မှာ နမူနာပြထားပါတယ်။

Data type တွေအကြောင်းသိပြီးပြီဆိုတော့ Data value တွေကို ဘယ်လို assign လုပ်ကြသလဲ ဆိုတာ မြင်သာအောင် လက်တွေ့ ပုံနဲ့တကွ ရှင်းပြထားပါတယ်။ ကိုယ်တိုင် လုပ်ရင် ပိုပြီးသဘောပေါက်လွယ်တာမို့ ကိုယ်တိုင်စမ်းကြည့်ကြဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

SketchUp & 3D Max Model  တွေကို Free downလို့ ရမဲ့websiteတွေဖြစ်ပါတယ် 🧑‍💻👩‍💻13 Sites with Free SketchUp Models Download ...
02/07/2024

SketchUp & 3D Max Model တွေကို Free downလို့ ရမဲ့websiteတွေဖြစ်ပါတယ် 🧑‍💻👩‍💻

13 Sites with Free SketchUp Models Download

1). TurboSquid
2). 3D Warehouse
3). CGTips
4). CADdetails
5). CGTrader
6). SketchUp Texture Club
7). Open3Dmodel
8 ). Free 3D
9). GrabCAD
10). CADnav
11). 3Dexport
12). CADblocksfree
13). Sketchfab

MPT သမားတွေ 500 MB Free ရ*2006*5 # ကို ခေါ်ပြီး ရယူပါ။ MPT မှ SEA-ME-WE5ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြ...
01/07/2024

MPT သမားတွေ 500 MB Free ရ

*2006*5 # ကို ခေါ်ပြီး ရယူပါ။

MPT မှ SEA-ME-WE5
ပင်လယ်ရေအောက် ကေဘယ်လ်ဆက်ကြောင်း ချို့ယွင်းမှု ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများ မူလအတိုင်းပြန်လည် အသုံးပြုနိုင်ပြီ ဖြစ်ကြောင်းနှင့် အဆိုပါကာလအတွင်း အဆင်မပြေမှုများအတွက် သုံးစွဲသူများသို့ အနူးအညွတ် တောင်းပန်အပ်ပါသည်။ အဆင်မပြေဖြစ်ခဲ့သည့် သုံးစွဲသူများအတွက် ဒေတာလက်ဆောင် 500MB အား *2006*5 # ကို ခေါ်ဆိုခြင်းမှတစ်ဆင့် (ဇွန်လ ၂၉ ရက်မှ ဇူလိုင်လ ၇ ရက်အထိ) ပေးအပ် သွားမည်ဖြစ်ပါသည်။

Data Analyst လုပ်မယ်ဆို?လိုအပ်တဲ့ Skills တွေကို နှစ်ပိုင်းခွဲနိုင်ပါတယ်။ Technical နဲ့  Knowledge ပါ။အရင်ဆုံး Technical ...
30/06/2024

Data Analyst လုပ်မယ်ဆို?

လိုအပ်တဲ့ Skills တွေကို နှစ်ပိုင်းခွဲနိုင်ပါတယ်။ Technical နဲ့ Knowledge ပါ။

အရင်ဆုံး Technical Skill အကြောင်း ပြောကြရအောင်။ လိုအပ်တဲ့ Technical Skills တွေကတော့

1. Excel
2. Power BI/Tableau
3. SQL (Database)
4. Python Programming

1. Excel - စာရင်းတွေ၊ ဒေတာတွေကို အသိမ်းအများဆုံးက Excel ဖြစ်တဲ့အတွက် Excel ကို မဖြစ်မနေ ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရပါမယ်။ Excel ထဲမှာတင် Data Clean လုပ်တာ၊ Format ပြောင်းတာ စတာတွေကို မဖြစ်မနေလုပ်တတ်မှ အဆင်ပြေပါမယ်။ Excel နဲ့ Power BI/Tableau ရရင် Junior Data Analyst တစ်ယောက်အဖြစ်လုပ်လို့ရပေမယ့် Excel ရဲ့ တချို့ကန့်သတ်ချက်တွေကြောင့် ကျွမ်းကျင်တဲ့ Data Analyst တစ်ယောက်ဖြစ်ဖို့ ဆို Excel တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ဒါပေမယ့် Data Analyst လုပ်မယ်ဆုံးဖြတ်ထားပြီးရင် Excel ကို အရင်ရရပါမယ်။

2. Power BI / Tableau - ဒီဆော့ဖ်ဝဲနှစ်ခုက Data Visualization အတွက်ပါ။ ကိုယ့်ရဲ့တွေ့ရှိချက်တွေကို ပုံလေးတွေနဲ့ ပြသပေးဖို့လို့ပဲ အလွယ်ပြောပါမယ်။ မြန်မာနိုင်ငံမှာက Power BI ကို အသုံးများပြီး နိုင်ငံခြားမှာက Tableau ကို အသုံးများပါတယ်။ တစ်မျိုးစီကောင်းကြတဲ့အတွက် နှစ်ခုလုံးကို သိထားဖို့လိုပါတယ်။ လောလောဆယ် Local မှာ အလုပ်ဝင်မယ်ဆို Power BI က ပိုကောင်းပါတယ်။ သင်ရတာလည်း ပိုလွယ်ပါတယ်။ Tableau မှာလည်း အားသာချက်တွေရှိတာကြောင့် ဒီနှစ်ခုလုံးကို သုံးတတ်ရင် ပိုကောင်းပါတယ်။

3. SQL (Database) - SQL ဆိုတာက Database Language တစ်ခုဖြစ်ပါတယ်။ ကိုယ့်အလုပ်ရဲ့သဘောတရားအရ Database ထဲက ဒေတာတွေဆွဲထုတ်ရတာမျိုး ရှိလာရင် SQL ရေးတတ်တာပိုကောင်းပါတယ်။ Senior Data Analyst တစ်ယောက်ဖြစ်လာဖို့အထိဆိုရင် Database Design တစ်ခုကို ကိုယ်တိုင်ဆွဲတတ်ဖို့ တနည်းအားဖြင့် ကိုယ့်ရဲ့ Power BI Report အတွက်လိုအပ်တဲ့ Data Mart တွေကို ကိုယ်တိုင်ဆောက်တတ်ဖို့အထိ လိုအပ်ပါလိမ့်မယ်။ Excel ဖိုင်တွေအများကြီးနဲ့ Power BI Report ဆောက်မယ်ဆို ကိုယ့်ရဲ့ Report ကြီးက အရမ်းလေးနေမှာမို့ပါ။

4. Python Programming - တကယ်ကြမ်းတဲ့ Data Analyst တစ်ယောက်ဖြစ်ဖို့ဆို Python ကို မဖြစ်မနေကို တတ်မြောက်ရပါမယ်။ Data တွေကို ဆွဲထုတ်တာ၊ Data Cleaning လုပ်တာ၊ Data Mart ဆောက်တာနဲ့ တခြားသော Task တွေကို အချိန်တိုအတွင်း အမြန်ပြီးဖို့ဆို Python Programming က မရှိမဖြစ်ပါ။ Senior Level အတွက် ပိုပြီးလိုအပ်တာဆိုပေမယ့် Data Analyst တစ်ယောက်လုပ်ပြီး ကုဒ်မရေးတတ်ရင်တော့ အချိန်တိုအတွင်း အလုပ်တွေအမြန်ပြီးဖို့တော့ ခက်ပါမယ်။ မျက်နှာလည်းငယ်ရပါလိမ့်မယ်။

Knowledge Skills တွေကို ဆက်ပြောပါမယ်။ လိုအပ်တဲ့ Knowledge Skills တွေကတော့ -

1. Statistics
2. Domain Knowledge
3. Problem-Solving & Logical Thinking

1. Statistics - Data Analyst တစ်ယောက်အနေနဲ့ ပုံမှန် Descriptive Analytic အတွက် Statistics အများကြီးသိဖို့မလိုပေမယ့် Insight တွေ ရှာမယ်ဆို Statistics တတ်ထားဖို့က လိုပါတယ်။ ကိုယ့်ရဲ့ တွေ့ရှိချက်က ဘယ်လောက်အထိခိုင်မာတယ်ဆိုတာသိမှ ခိုင်ခိုင်မာမာ ပြောပြနိုင်မှာမို့ Statistics က မရှိမဖြစ်လိုအပ်ပါတယ်။ Junior Level မှာတော့ သိပ်မလိုအပ်သေးပေမယ့် Senior Level သွားမယ်ဆို မဖြစ်မနေ လိုမှာပါ။

2. Domain Knowledge - Domain Knowledge ဆိုတာက ကိုယ်လုပ်မယ့်လုပ်ငန်းနယ်ပယ်အကြောင်းပါ။ Banking, Retail, Sale, Marketing စသဖြင့် ကိုယ်လုပ်တဲ့နယ်ပယ်အလိုက် တီးမိခေါက်မိတော့ သိထားမှ Insight တွေကို မြန်မြန်ဆန်ဆန်ရှာပေးနိုင်မှာပါ။ Junior Level ကတော့ အလုပ်လုပ်ရင်း အလုပ်ထဲမှာစကားပြောရင်း သင်ယူသွားနိုင်ပါတယ်။ ကိုယ့်ဘာသာလည်း စာတွေရှာဖတ်ကြည့်ပါ။

3. Problem-Solving & Logical Thinking - ဒါကတော့ ကိုယ့်ရဲ့ Work Done Mindset လို့လည်း ပြောလို့ရပါတယ်။ Upper Management ကတော့ သူတို့ရချင်တဲ့ပုံစံကို ပြောပြမှာပါ။ ဒါကို ဘယ်လိုဖြစ်အောင် လုပ်ပေးမလဲဆိုတာကို ကိုယ့်ဘာသာပဲ အဖြေရှာရမှာပါ။

ကျွန်တော်ဆိုရင် လက်ရှိအလုပ်မှာ Statistically Analysis သိပ်မလုပ်ရပေမယ့် Report တွေ တော်တော်များများကို ဆောက်ပေးရပါတယ်။ ဒေတာနည်းတဲ့ Project တွေက ပြဿနာမရှိသေးပေမယ့် ဒေတာများတဲ့ Project တွေကျရင် Excel, Power BI တို့က မနိုင်တော့ပါဘူး။ ဒီအခါမှာ Different Approach ကနေ ချဉ်းကပ်ဖို့လိုလာပါပြီ။ ကိုယ်လိုချင်တဲ့ result တစ်ခုရဖို့ ဖြတ်လမ်းနည်းတွေသုံးရသလို စနစ်တကျလုပ်ရတာတွေလည်း ရှိပါတယ်။

ကိုယ်စဉ်းစားတဲ့ နည်းလမ်းအတိုင်း လိုက်အကောင်အထည်ဖော်ဖို့က Technical Skills ကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် Python နဲ့ Database နဲ့ကို လေ့လာဖို့ တိုက်တွန်းတာပါ။ ဥပမာ - User သုံးသန်းနီးပါးလောက်ပါတဲ့ CSV ဖိုင်ကို Excel ထဲမှာ ဖွင့်ကြည့်လို့တောင် မရပါဘူး။ ဒီဖိုင်တစ်ခုကို Power BI မှာတင်မယ်ဆို ရပေမယ့် ဒီလိုဖိုင်တွေက အများကြီးဖြစ်လာရင် Power BI က မနိုင်တော့ပါဘူး။ ဒီအခါမှာ ကိုယ့်ဘာသာ Data Mart ဆောက်ပေးရပါတယ်။ ဒီလိုတွေကြုံလာတဲ့အခါ ဒါတွေကို ရှင်းနိုင်ဖို့လိုပါတယ်။

စိတ်ဓာတ်ကျအောင် ပြောတာတော့မဟုတ်ပါဘူး။ ဖြစ်လာမယ့်ဟာတွေကို ကြိုပြောပြပေးတာပါ။ Senior Data Analyst တွေနဲ့ တွဲလုပ်ရလို့ လက်တွဲခေါ်ပေးရင် ကံကောင်းမှာဖြစ်ပေမယ့် Section တစ်ခုလုံးမှာ ကိုယ်ပဲရှိတယ်ဆို ကိုယ့်ကို ဘယ်သူမှ မကယ်နိုင်ပါဘူး။ ကိုယ့်ဘာသာပဲ အဖြေရှာရမှာပါ။ ဒါကြောင့် Problem Solving Skill ကောင်းဖို့လိုပါတယ်။

ယနေ့ခေတ်ရဲ့ စိန်ခေါ်မှု အမျိုးမျိုးကြားမှာ ကိုယ့်လုပ်ငန်းအတွက် စိုးရိမ်ပူပန် နေရပြီလား?🤷လုပ်ငန်းရှင်များအနေဖြင့် Online ...
30/06/2024

ယနေ့ခေတ်ရဲ့ စိန်ခေါ်မှု အမျိုးမျိုးကြားမှာ ကိုယ့်လုပ်ငန်းအတွက် စိုးရိမ်ပူပန် နေရပြီလား?🤷

လုပ်ငန်းရှင်များအနေဖြင့် Online Business အတွက် မိမိတို့ရဲ့ Customer/ Supplier တို့နဲ့ အမြဲမပြတ် အဆက်အသွယ်ရှိနေဖို့၊ မိမိ စီးပွားရေးရဲ့ ဒုတိယစာမျက်နှာအဖြစ် ဖော်ပြနိုင်ဖို့ Data Driven ရရှိနိုင်တဲ့ Website Platform တစ်ခုက မဖြစ်မနေ လိုအပ်လာပါပြီ။

အချိန်တိုတွင်းမှာ အရည်အသွေးပြည့်မီပြီး အသက်သာဆုံးဈေးနှုန်းနဲ့ ကိုယ့်လုပ်ငန်းအတွက် Profile Website တွေကို Astrashark မှာ အပ်နှံလို့ရနေပါပြီရှင့်။

✨ ကိုယ်ပိုင် portfolio လေးနဲ့ professional ဆန်ဆန် မိမိ လုပ်ငန်းကို လူသိများချင် ၊ တိုးတက်ချင်ရင်တော့ Astrashark Software ကို ဆက်သွယ်လိုက်တော့နော် ✨

👉 နမူနာ website လေးကို ဒီမှာကြည့်ပါရှင့် - https://aunglinkhant.vercel.app/

လူကြီးမင်းတို့ရဲ့ website ကို

✅ ဈေးနှုန်း မှန်မှန်

✅ Premium ဆန်ဆန်

✅ standard ကျကျ

✅ customer စိတ်တိုင်းကျ

✅ 24 hour service

✅ device မျိုးစုံနဲ့ ဝင်ကြည့်နိင်ပြီး

✅ package ပေါင်းများစွာ နဲ့

ဝန်ဆောင်မှု ပေးနေပါတယ်ရှင့် 🙋✨

လူကြီးမင်းတို့ရဲ့ personal portfolio က စလို့ business သုံး pos software များနဲ့ website များကိုလည်း ဝန်ဆောင်မှု ပေးနေပါပြီနော်🥰
အသေးစိတ်ကို ပိုမို သိရှိနိုင်ဖို့ 09765203468 (သို့မဟုတ်) page messenger သို့ အခုပဲ ဆက်သွယ်မေးမြန်းလိုက်ပါနော်။



software

အားနေတဲ့အချိန်တွေမှာ လေ့လာထားကြဖို့ကွန်ပြူတာအခြေခံစာအုပ်များhttps://m.facebook.com/story.php?story_fbid=159432565581809&...
11/06/2024

အားနေတဲ့အချိန်တွေမှာ လေ့လာထားကြဖို့

ကွန်ပြူတာအခြေခံစာအုပ်များ
https://m.facebook.com/story.php?story_fbid=159432565581809&id=104755824382817

ကွန်ပြူတာနဲ့ပက်သက်ပြီးပညာဒါန
https://m.facebook.com/story.php?story_fbid=178066806928224&id=116763326391906

လုပ်ငန်းခွင်သုံး Excel
https://m.facebook.com/story.php?story_fbid=3135414499855076&id=686944984702052

microsoft office word 2010pdf
https://m.facebook.com/story.php?story_fbid=159432565581809&id=104755824382817

Digital marketing & social marketing
https://m.facebook.com/story.php?story_fbid=251465986304725&id=110091677108824

photoshop ပညာဒါနများ
https://m.facebook.com/story.php?story_fbid=877990699347180&id=473814026431518

❤English learning ❤

ကိုယ့်ရဲ့ english level ကိုစစ်ဆေးနိုင်သောsites များ
https://m.facebook.com/story.php?story_fbid=165246025188196&id=110950240617775

✨youtube ပေါ်က english စာလေ့လာနိုင်ဖို့✨
https://m.facebook.com/story.php?story_fbid=2531779953719374&id=1721195848111126

Youtube မှာ English lessons နှင့် Audiobook, general knowledge များ‌တင်နေသောချန်နယ်
https://www.facebook.com/349881352447069/posts/1208287863273076/

✨English listening အတွက် sites များ
https://m.facebook.com/story.php?story_fbid=3212319938833183&id=995672743831258

✨IELTS အကြောင်းနဲ့လေ့လာနိုင်သော sites များ
https://m.facebook.com/story.php?story_fbid=2741173475981499&id=357788354320035

✨IELTS preparation class
https://m.facebook.com/story.php?story_fbid=1003100046758107&id=318770341857751

✨မြန်မာလိုသင်ယူနိုင်တဲ့ Eng youtube channels
https://www.facebook.com/110871380694677/posts/126031242512024/

✨Eng စာေလ့လာဖို့✨
https://m.facebook.com/story.php?story_fbid=108419150881180&id=103379911385104

✨English book collection
https://m.facebook.com/story.php?story_fbid=692529554629501&id=129943894221406

❤ဘာသာစကား❤

ဂျပန်စာ self study
https://m.facebook.com/story.php?story_fbid=1225613144437052&id=971727396492296

Sensei yamin ရဲ့ပညာဒါန N5 links
https://m.facebook.com/story.php?story_fbid=2828079863926016&id=2192176940849648

N5ပညာဒါန videos များ
https://m.facebook.com/story.php?story_fbid=581653545833566&id=149611535704438

N4 ပညာဒါန
https://m.facebook.com/story.php?story_fbid=3106508479416485&id=2192176940849648

ကိုးရီးယားစာလေ့လာကြမယ်
https://m.facebook.com/story.php?story_fbid=942992912805244&id=100012836319073

Crd

English free class
https://m.facebook.com/story.php?story_fbid=102946851972949&id=102072835393684

Japanese free class
https://www.facebook.com/112394467060332/posts/297965175169926/

Korean free class
https://m.facebook.com/story.php?story_fbid=257231459456783&id=105338694646061

Harvard University free online courses
https://m.facebook.com/story.php?story_fbid=311956350365832&id=101057464789056

Thai free class
https://m.facebook.com/story.php?story_fbid=299089295161361&id=111519123918380

Thai, Japanese,Korea,German, Chinese & Russian Basic free Languages Class
https://m.facebook.com/story.php?story_fbid=162253972485605&id=102352335142436

Educational Free website 12ခု
https://m.facebook.com/story.php?story_fbid=695851454459348&id=353923085318855

Free Digital skill courses
https://m.facebook.com/story.php?story_fbid=317718839789583&id=101057464789056

LCCI level 1,2
https://m.facebook.com/story.php?story_fbid=100933165509737&id=100686258867761

Designer free class
https://m.facebook.com/story.php?story_fbid=2818036408452763&id=2212303912359352

Free crochet class
https://m.facebook.com/story.php?story_fbid=354757309047432&id=335598640963299

MYOB Software free class
https://m.facebook.com/story.php?story_fbid=278150104016367&id=109718737526172

For your mental health
https://m.facebook.com/story.php?story_fbid=231919575347751&id=109975187542191

Part time job
https://m.facebook.com/story.php?story_fbid=2964575620534859&id=100009473502242

Crd

Web Development Free Class

https://m.facebook.com/story.php?story_fbid=1364315693924471&id=100010381592688

Edx Education Website (Free Course )

https://m.facebook.com/story.php?story_fbid=2938244689792123&id=100008198618729

Coursera Educational website (highly recommend )

Coursera ကတော့ fieldအစုံကို uni အစုံကနေသင်ပေးတာမို့ ကိုယ် တက်ချင်တာကို ရှာပြီး enrollလို့ရပါတယ် free courseတွေတင်ကိုမနည်းပါဘူး admin တစ်ခုချင်း link မချတော့ဘူးနော်
https://www.coursera.org/

Coursera Website မှ Certificate Free ရယူဖို့အတွက် Financial Aid လျှောက်နည်း
https://www.facebook.com/100599128503473/posts/223314652898586/

Educational Free Website 12 ခု စုစည်းမှု

https://m.facebook.com/story.php?story_fbid=695851454459348&id=353923085318855

Korean Language Level 1 to Level 4 အထိ လေ့လာနိုင်မယ့် Free YouTube Channel
https://m.facebook.com/story.php?story_fbid=257231459456783&id=105338694646061

Korean Books ( TTMIK က $နဲ့ဝယ်ရတာတွေကို အခု free down ဖို့အတွက် ရှာပြီးတင်ပေးထားပါ)postပိုင်ရှင်ကပြန်ဖျက်မှာမို့လို့ မြန်မြန်လေး down ထားလိုက်တာ စိတ်ချရပါတယ်

https://www.facebook.com/groups/1130854413992333/permalink/1136972990047142/

IELTS SELF STUDY TIPS

https://m.facebook.com/story.php?story_fbid=1412082749155524&id=903424113354726

Japanese Language Free Class (Sensei သင်ပေးတာက closed gpထဲFreeသင်ပေးတာပါ gp linkချမရလို့ ဒီpage နာမည်အတိုင်းနောက်မှာ Free Classလို့ထည့်ရိုက်ရင်ကျလာမှာပါ )

https://www.facebook.com/Hoshikojapaneseknowledge/

Japanese Free Class for 2 weeks (beautiful society ကsenseiသင်ပေးတာပါ )

https://www.facebook.com/105572940973086/posts/314696703394041/

IELTS Cambridge 1 to 15 books download

https://m.facebook.com/story.php?story_fbid=157549986240642&id=105846688077639

IELTS SELF STUDY free website
https://ieltsliz.com/

https://www.ieltsadvantage.com/

For English Speaking and IELTS speaking test

https://youtube.com/c/EnglishSpeakingSuccess (IELTS Speaking testအတွက် category တွေခွဲပြီး ရှင်းပြတာမို့ practiceလုပ်လို့အဆင်ပြေပါတယ် )

BBC ENGLISH
https://youtube.com/user/bbclearningenglish

English Vocabulary တွေ IELTSအတွက်ရော sharing လုပ်ပေးနေကြ Page လေး
https://www.facebook.com/Learn-English-With-Rain-104233568320010/

Apps to improve English Skills

https://m.facebook.com/story.php?story_fbid=814190959212107&id=100018636313134
Korean Basic & Level 1 by Yonsei University

https://coursera.org/share/f3fc7b425d637b08d25589b1ed163b33
Yonsei ကသင်တာဖြစ်လို့ ရှင်းလင်းပြီး တော်"ကောင်းပါတယ် financial aidနဲ့ အတူ certificate ထုတ်လို့ရပါတယ်

Talk to me in Korean (YTရောWebsiteရောရှိပါတယ် )
https://youtube.com/c/TalkToMeInKorean2009
Conversations တွေရော Grammar တွေရော စုံလင်ပြီး သင်တာ တိုတိုနဲ့ ရှင်းတဲ့channelပါ

Topik 1 old questions taught by Myanmar Teacher (YT channel)
https://youtube.com/channel/UCvdUU31r26SVSskRlU_m7Dw

Let's Study with Moon ( Korean Language)
Conversations အတိုလေးတွေ reading, grammar point လေးတွေတင်ပေးတဲ့ page ပါ

https://www.facebook.com/shinymoon8/
Telegram Education Channel
_____________________________
Korean Self Study Group Chat
https://t.me/eebyvh

Improve English
https://t.me/ingliztiliuzz

Learn English Idioms Land
https://t.me/Idiomsland

Hangul
https://t.me/hangulhm

English tips and tools
https://t.me/EnglishTipsandTools

Let's learn Korean with Jiwoo
https://t.me/letslearnkoreanwithjiwoo


Software

🔵 Astrashark မှာ Personal Portfolio Websiteများ ရေးဆွဲပေးနေပါပြီ  ✨ ကိုယ်ပိုင် portfolio လေးနဲ့ professional ဆန်ဆန် မိမိ...
30/04/2024

🔵 Astrashark မှာ Personal Portfolio Websiteများ ရေးဆွဲပေးနေပါပြီ

✨ ကိုယ်ပိုင် portfolio လေးနဲ့ professional ဆန်ဆန် မိမိ လုပ်ငန်းကို လူသိများချင် ၊ တိုးတက်ချင်ရင်တော့ Astrashark Software ကို ဆက်သွယ်လိုက်တော့နော် ✨

👉 နမူနာ website လေးကို ဒီမှာကြည့်ပါရှင့် - https://aunglinkhant.vercel.app/

လူကြီးမင်းတို့ရဲ့ website ကို

✅ ဈေးနှုန်း မှန်မှန်

✅ Premium ဆန်ဆန်

✅ standard ကျကျ

✅ customer စိတ်တိုင်းကျ

✅ 24 hour service

✅ device မျိုးစုံနဲ့ ဝင်ကြည့်နိင်ပြီး

✅ package ပေါင်းများစွာ နဲ့

ဝန်ဆောင်မှု ပေးနေပါတယ်ရှင့် 🙋✨

လူကြီးမင်းတို့ရဲ့ personal portfolio က စလို့ business သုံး software များနဲ့ website များကိုလည်း ဝန်ဆောင်မှု ပေးနေပါပြီနော်🥰

Address

Chanthar Street, Sanchaung Township
Yangon
11111

Telephone

+959698622130

Website

Alerts

Be the first to know and let us send you an email when AstraShark Software posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share