Bright Life Insurance

Directions

Bright Life Insurance No One Can Save You But You.....

29/09/2026
ဘန်ကောက်မှာ မှန်ပြောင်းကြည့်တဲ့ claim case  မှန်ပြောင်းကြည့်ဖို့ ဘာကြောင့်လိုတာလဲ?”တချို့လူတွေက အစာအိမ်မအီတာ၊ ရင်ပြည့်တာ...
28/09/2026

ဘန်ကောက်မှာ မှန်ပြောင်းကြည့်တဲ့ claim case

မှန်ပြောင်းကြည့်ဖို့ ဘာကြောင့်လိုတာလဲ?”

တချို့လူတွေက အစာအိမ်မအီတာ၊ ရင်ပြည့်တာ၊ အစာမကြေတာလို Dyspepsia လက္ခဏာတွေရှိပေမယ့် ဆေးသောက်ပြီးပဲ ကျော်သွားတတ်ပါတယ်။

ဒါပေမယ့် အချို့အခြေအနေတွေမှာ Gastroscopy (အစာအိမ်မှန်ပြောင်း) နဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းအပေါ်ပိုင်းကို တိုက်ရိုက်ကြည့်ပြီး ပြဿနာရဲ့အကြောင်းရင်းကို ရှာဖွေဖို့ လိုအပ်နိုင်ပါတယ်။ လိုအပ်ရင် အသားစယူစစ်ဆေးနိုင်တာလည်း ရှိပါတယ်။

ဒီ Customer ရဲ့ Case မှာလည်း ဆရာဝန်က specific diagnosis ရရှိဖို့ Gastroscopy & Colonoscopy စစ်ဆေးရန် အကြံပြုထားခဲ့ပါတယ်။

ပြီးတော့ Medical Claim အနေနဲ့
3,306,963 ( 33 သိန်းကျော်) MMK Approved ဖြစ်ခဲ့ပါတယ်။

Insurance ဆိုတာ မဖြစ်ခင်ကတည်းက ကြိုတင်ပြင်ဆင်ထားခြင်း ပါ။

ဒီဟာက လူတိုင်း ဒီပမာဏရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ Claim က Plan နဲ့ Coverage၊ Policy Terms & Conditions ပေါ်မူတည်ပါတယ်။

ဒါပေမယ့် မမျှော်လင့်ထားတဲ့ ဆေးကုသစရိတ်တွေကြုံလာတဲ့အခါ ကြိုတင်စီစဉ်ထားတဲ့ Protection က ဘယ်လောက်အရေးကြီးလဲ ဆိုတာ ဒီ Case လေးက ပြသနေပါတယ်။

Insurance က လူတစ်ယောက်နဲ့တစ်ယောက် အသက်၊ လိုချင်တဲ့ Coverage နဲ့ Budget မတူလို့ Premium လည်း မတူနိုင်ပါတယ်ရှင့်။

အရင်ဆုံး ကိုယ့်အတွက် ဘာကို အဓိက Protection လုပ်ချင်လဲ သိရင် ပိုသင့်တော်တဲ့ Plan ကို ရှင်းပြပေးလို့ရပါတယ်။

1️⃣ အသက်ဘယ်လောက်ရှိပါသလဲ?
2️⃣ ကိုယ့်အတွက်လား / မိသားစုအတွက်လား?
3️⃣ Medical Protection ကို အဓိကလိုချင်တာလား၊ Life Protection ပါ လိုချင်တာလား?
4️⃣ လစဉ် Budget အကြမ်းဖျင်း ဘယ်လောက်အတွင်း စဉ်းစားထားပါသလဲ?

စတာလေးတွေ ပြောရုံနဲ့ အသင့်တော်ဆုံး package ကို စီစဉ်ပေးပါတယ်ရှင်

❤️ မမျှော်လင့်ထားတဲ့အချိန်မှာ
🏥 Medical expenses တွေကို
💰 ကိုယ့်ဘက်က Financial Protection ရှိအောင် စီမံထားကြရအောင်

Zin Mar Win
09788026903
[email protected]
Financial Services Consultant
IA(N) LI-09136
ELite Club 2026
အာမခံထားချင်တာပဲဖြစ်ဖြစ် ၊AIA company နဲ့လက်တွဲလုပ်ကိုင်လိုတာပဲဖြစ်ဖြစ် သိချင်တာ အသေးစိတ်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် 💚

09788026903

26/09/2026
24/09/2026

AIA has been named on Fortune’s 2026 Change the World list.

This recognition highlights our work in driving behaviour change and prevention at scale through AIA Vitality, supporting millions of people in Asia to build healthier habits and take greater ownership of their wellbeing.

At AIA, we've long believed that helping people live Healthier, Longer, Better Lives means playing a role before illness occurs. Through AIA Vitality and our AIA One Billion ambition, we're turning that belief into action across the region.

Learn more about the work that earned us a place on this year's list: https://fortune.com/company/aia-group/

24/09/2026

ကင်ဆာတွင် အသုံးပြုသော chemo ဆေးများအမျိုးအစား၊ အသုံးပြုသောရောဂါနဲ့ ဘေးထွက်ဆိုးကျိုးများကို အောက်ပါအတိုင်းဖော်ပြထားပါတယ် ။

၁။ Alkylating Agents (ဓာတုဗေဒဆိုင်ရာ ဆေးဝါးများ)
• ဥပမာများ: Cyclophosphamide, Ifosfamide, Melphalan, Busulfan
• အသုံးပြုသည့်ရောဂါများ: သွေးကင်ဆာ (leukemia), lymphona, ရင်သားကင်ဆာ, သားဥအိမ်ကင်ဆာ, အဆုတ်ကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု (သွေးဆဲလ်နည်းသွားခြင်းကြောင့် ရောဂါကူးစက်လွယ်ခြင်း၊ သွေးအားနည်းခြင်း၊ သွေးထွက်လွယ်ခြင်း)
• ပျို့အန်ခြင်း
• ဆံပင်ကျွတ်ခြင်း
• သားသမီးမရနိုင်တော့သည့် အန္တရာယ်
• ရေရှည်တွင် ဒုတိယ သွေးကင်ဆာ ဖြစ်နိုင်ခြေရှိခြင်း
၂။ Antimetabolites (ဆဲလ်ပွားခြင်းကို ဆန့်ကျင်သော ဆေးဝါးများ)
• ဥပမာများ: Methotrexate, 5-Fluorouracil (5-FU), Capecitabine, Cytarabine, Gemcitabine
• အသုံးပြုသည့်ရောဂါများ: သွေးကင်ဆာ, ရင်သားကင်ဆာ, သားဥအိမ်ကင်ဆာ, အစာအိမ်နှင့် အူလမ်းကြောင်းကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု
• ပါးစပ်အနာများပေါက်ခြင်း (mucositis)
• ဝမ်းလျှောခြင်း
• လက်ဖဝါးနှင့် ခြေဖဝါးများ နီရဲနာကျင်ကာ အရေခွံလန်ခြင်း (capecitabine/5-FU တို့နှင့် ပိုဖြစ်တတ်သည်)
• အသည်းကို ထိခိုက်ခြင်း (methotrexate ဖြင့် ကုသရာတွင်)
၃။ Anti-tumor Antibiotics (ကင်ဆာကို ဆန့်ကျင်သော ပဋိဇီဝဆေးများ)
• ဥပမာများ: Doxorubicin, Daunorubicin, Bleomycin, Mitomycin
• အသုံးပြုသည့်ရောဂါများ: ရင်သားကင်ဆာ, ဆီးအိတ်ကင်ဆာ, အဆုတ်ကင်ဆာ, sarcomas (တစ်ရှူးကင်ဆာ), သွေးကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု
• ဆံပင်ကျွတ်ခြင်း
• နှလုံးကို ထိခိုက်ခြင်း (doxorubicin/daunorubicin ဖြင့် cardiomyopathy ဖြစ်နိုင်သည်)
• အဆုတ်ကို ထိခိုက်ခြင်း (bleomycin ဖြင့် အဆုတ်တစ်သျှူးများ မာကျောလာနိုင်သည်)
• ပါးစပ်အနာများပေါက်ခြင်း
၄။ Topoisomerase Inhibitors (ဆဲလ်ပွားခြင်းကို ဟန့်တားသော ဆေးဝါးများ)
• ဥပမာများ: Irinotecan, Topotecan, Etoposide, Teniposide
• အသုံးပြုသည့်ရောဂါများ: အဆုတ်ကင်ဆာ, အူမကြီးကင်ဆာ, သားဥအိမ်ကင်ဆာ, သွေးကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု
• ဝမ်းလျှောခြင်း (irinotecan ဖြင့် အထူးသဖြင့် ဆိုးရွားနိုင်သည်)
• ပျို့အန်ခြင်း
• ဆံပင်ကျွတ်ခြင်း
၅။ Mitotic Inhibitors (အပင်မှ ထုတ်လုပ်သော ဆေးဝါးများ)
• ဥပမာများ: Paclitaxel, Docetaxel, Vincristine, Vinblastine
• အသုံးပြုသည့်ရောဂါများ: ရင်သားကင်ဆာ, အဆုတ်ကင်ဆာ, lymphoma, သွေးကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• အာရုံကြောများ ထိခိုက်ခြင်း (လက်နှင့် ခြေထောက်များတွင် ထုံကျဉ်ခြင်း၊ အထူးသဖြင့် vincristine, paclitaxel တို့နှင့်ဖြစ်သည်)
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု (vincristine သည် ခြင်ဆီကို အနည်းငယ်သာ ထိခိုက်စေသည်)
• ဆံပင်ကျွတ်ခြင်း
• ဆေးမတည့်သည့် တုံ့ပြန်မှုများ (paclitaxel, docetaxel ကဲ့သို့သော taxanes အုပ်စုဝင်ဆေးများ)
၆။ Platinum-based Drugs (Alkylating နှင့် ဆင်တူသော ဆေးများ)
• ဥပမာများ: Cisplatin, Carboplatin, Oxaliplatin
• အသုံးပြုသည့်ရောဂါများ: သားဥအိမ်ကင်ဆာ, testicular ကင်ဆာ, အဆုတ်ကင်ဆာ, အူမကြီးကင်ဆာ, ဆီးအိတ်ကင်ဆာ
• ဘေးထွက်ဆိုးကျိုးများ:
• ကျောက်ကပ်ကို ထိခိုက်ခြင်း (cisplatin)
• နားလေးခြင်း (cisplatin)
• ပျို့အန်ခြင်း (cisplatin ဖြင့် ဆိုးရွားနိုင်သည်)
• အာရုံကြောများ ပျက်စီးခြင်း (oxaliplatin ဖြင့် အအေးဒဏ်ကို မခံနိုင်ခြင်း၊ အာရုံကြော ထိခိုက်ခြင်း)
• ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု (carboplatin)
✅ အနှစ်ချုပ်:
• ဓာတုကုထုံးဆေးဝါးများအားလုံးသည် ရိုးတွင်းခြင်ဆီ ပိတ်ဆို့မှု၊ ပျို့အန်ခြင်း၊ ဆံပင်ကျွတ်ခြင်းနှင့် မောပန်းနွမ်းနယ်ခြင်းတို့ကို အများအားဖြင့် ဖြစ်စေသည်။
• အချို့သော ဆေးအမျိုးအစားများသည် သီးခြားကိုယ်တွင်းအင်္ဂါများကို (နှလုံး၊ အဆုတ်၊ ကျောက်ကပ်၊ အာရုံကြော သို့မဟုတ် အစာအိမ်နှင့် အူလမ်းကြောင်း) ထိခိုက်စေနိုင်သည်။


#ဆရာဝန်နဲ့တိုင်ပင်ရန်

22/09/2026
22/09/2026
21/09/2026

ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ် အခမဲ့ ကျန်းမာရေးစစ်ဆေးမှု နှင့် အသိပညာပေး ဟောပြောပွဲကြီး ❤️🩺

"နှလုံး" ဆိုတာ ခဏလေးတောင်မနားဘဲ အလုပ်လုပ်ပေးနေတဲ့ ခန္ဓာကိုယ်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ နေ့စဉ်ဘဝမှာတော့ နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်...💓✨

လာမယ့် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ (𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐭 𝐃𝐚𝐲) မှာ သင့်နှလုံးသားကို ဘယ်လိုမျိုး ဂရုစိုက်ပေးရမလဲဆိုတာ သိရှိနိုင်ဖို့ မြောက်ဥက္ကလာအထွေထွေရောဂါကုဆေးရုံကြီးမှ

နှလုံးအထူးကုဆရာဝန်ကြီး
တွဲဘက်ပါမောက္ခဒေါက်တာဇင်မာမာသန်း ရဲ့
🫀“နှလုံးကို ဂရုစိုက်ဖို့ မမေ့ပါနှင့်” 🫀
🫀𝐃𝐎𝐍'𝐓 𝐌𝐈𝐒𝐒 𝐀 𝐁𝐄𝐀𝐓🫀

အသိပညာပေး ဟောပြောပွဲကြီးကို တက်ရောက်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်နော်🩺👨‍⚕️🤝

ပွဲကို တက်ရောက်သူများအတွက် အထူးအစီအစဉ်အဖြစ် သွေးတွင်းအဆီဓာတ် စစ်ဆေးမှု နှင့် သွေးပေါင်ချိန် တိုင်းတာမှု များကိုလည်း (အခမဲ့) ပြုလုပ်ပေးသွားမယ့်အပြင် ဆရာဝန်ကြီးနဲ့ တိုက်ရိုက် အမေးအဖြေပြုလုပ်နိုင်မယ့် အခွင့်အရေးလည်း ပါရှိတာမို့ လက်မလွှတ်သင့်ဘူးနော်...🩸🩺💬

#ပွဲကျင်းပမည့်အစီအစဉ်များအသေးစိတ်
🔹 ကျင်းပမည့်ရက်: ၂၇.၉.၂၀၂၆ (တနင်္ဂနွေနေ့)
🔹 အချိန်: နံနက် ၉:၀၀ နာရီ မှ ၁၁:၃၀ နာရီအထိ
🔹 နေရာ: ဥက္ကလာဆေးရုံကြီး (၁၁ လွှာ ခန်းမ)
အမှတ်(၁၃၇/ဃ)၊ သုဓမ္မာလမ်းမကြီး ၊
​ မြောက်ဥက္ကလာပမြို့နယ် ၊ ရန်ကုန်။

❗️ပွဲတက်ရောက်ခွင့်ကို လူဦးရေ (၅၀) ဦး သာ ကန့်သတ် ထားတာမို့ အမြန်ဆုံး ကြိုတင်စာရင်းပေးသွင်းလိုက်ကြစို့နော်❗️

ကြိုတင်စာရင်းပေးသွင်းရန် ဖုန်းနံပါတ်များ
☎️09-43208326
☎️ 09-765485562

သင့်နှလုံး ကျန်းမာရေးကို အလေးထားတယ်ဆိုရင်တော့ အခမဲ့ သွေးတွင်းအဆီဓာတ် စစ်ဆေးခွင့်နဲ့အတူ နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ အဖိုးတန် အသိပညာပေး ဆွေးနွေးမှုတွေကို တစ်နေရာတည်းမှာ ရရှိနိုင်မည့် ဒီလို အခွင့်အရေးကောင်းကို လက်လွတ်မခံဘဲ ယခုပဲ စာရင်းပေးသွင်းလိုက်ပါ။ ❤️✨

#ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ .reddy's #ကျန်းမာရေးဟောပြောပွဲ

Address

22nd Floor, Junction City Tower, Bogyoke Aung San Road
Yangon
11143

Website

Alerts

Be the first to know and let us send you an email when Bright Life Insurance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share