01/10/2026
YPS ကတ်သုံးရင် ထွက်ပေါ်လာတဲ့ အသံကို ဂရုစိုက်နားထောင်ပေးပါ…
YPS ကတ်ကိုအသုံးပြုကြတဲ့ လူကြီးမင်းတို့အနေနဲ့ ယာဉ်စီးခအတွက် YPS ကတ် နဲ့ ငွေပေးချေတဲ့အခါ စက်ကနေထွက်ပေါ်လာတဲ့ အသံတွေရဲ့ အဓိပ်ပါယျကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။
YPS ကတ်ဖြတ်တဲ့အခါ
၁။ "တီ" ဟုပေါ်ထွက်လာပါက ငွေပေးချေတာ အဆင်ပြေပါသည်။
၂။ "ပိုက်ဆံမလုံလောက်ပါ" ဟုပေါ်ထွက်လာပါက ယာဉ်စီးခပေးချေဖို့ ကတ်ထဲ လက်ကျန်ငွေအလုံအလောက်မရှိတော့တာမို့ ထပ်မံငွေဖြည့်သွင်းမှ အသုံးပြုနိုင်မည်ဖြစ်ပါသည်။
၃။ "အသုံးပြု၍မရပါ" ဟု ပေါ်ထွက်လာပါက ငွေဖြတ်စက် Error ဖြစ်နိုင်သလို ၊ လူကြီးမင်းကတ်ရဲ့ Error လည်းဖြစ်နိုင်ပါသဖြင့် YPS Call Center သို့ဆက်သွယ်မေးမြန်းပါ။
၄။ "ကတ်ဖြင့် ထပ်မထိပါနဲ့" ဟုပေါ်ထွက်လာပါက ကတ်ကို တစ်ကြိမ်ထိပြီး နောက်တကြိမ်ထပ်မထိရန် ပြောခြင်းဖြစ်ပါသည်။ နှစ်ကြိမ် ထိမိပါက နှစ်ခါ ငွေဖြတ်သွားနိုင်ပါသည်။
၅။ "Card ပြန်ဖြတ်ပါ" ဟုပေါ်ထွက်လာပါက ပထမအကြိမ် ငွေပေးချေတာ အဆင်မပြေတာမို့ ထပ်မံငွေဖြတ်ခိုင်းခြင်းဖြစ်ပါသည်။
YBS စီးတိုင်း ယာဉ်စီးခအတွက် ငွေအကြွေကိစ္စ စိတ်မညစ်ရအောင် YPS ကတ်ကို အခုပဲ အသုံးပြုလိုက်ပါ။
YPS Cardနဲ့ ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက YPS Page Messenger မှတဆင့် စုံစမ်းမေးမြန်း နိုင် ရုံသာမက Call Center Phone Number: (Hotline နံပါတ်) 09772666699 သို့ တနင်္လာနေ့ မှ သောကြာနေ့အထိ ရုံးချိန် နံနက် (၈) နာရီ ) မှ ညနေ(၆) နာရီ) အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်။