Ko Maung Maung

Ko Maung Maung Ko Maung Maung

20/08/2025

သွေးစစ်တဲ့အခါ ဘယ်ဟာက ဘာကိုစစ်ရ လဲဆိုတာ သိဖို့လိုပါတယ်...Sharing လုပ်တဲ့သဘောလေးပါပဲ.... ဗဟုသုတအဖြစ်....
...CP(Auto) ကေတာ့ သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ
....Creatinine က တော့ ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ်
....Electrolytes ကေတာ့ ဆီးချိုရောဂါကြောင့် ဆီးမ်ားမ်ားသြားတဲ့အခါ ဆုံးရှုံသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ
......HBA1c ကေတာ့ လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ
.......Urine RE ကေတာ့ ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ.....
.......FBS ( Fasting Blood Sugar ) ကေတာ့ ဘာအစားမွ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျိုး ပါ
.......HbsAg ကေတာ့ အသားရောင်အသားဝါ Bပိုးစစ်တာပါ
......Alkaline Phosphates ကေတာ့ အသည်းစစ်ဆေးတာပါ
.......AFP က အသည်းကင်ဆာစစ်တာမျိုးပါ
.......Lipid profile ကေတာ့ သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ
.......VDRL ကေတာ့ syphilis အတွက် စစ်ဆေးမှုမျိုးပါ
........ECG ကေတာ့ နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ
.........EST ကေတာ့ ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ
........ Urine test ကေတာ့ ဆီးစစ်ဆေးတာ
( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ
..........Blood Sugar ကေတာ့ သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ
(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ )
........SGOT, SGPT, Serum Bilirubin.,ALT -
အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့
သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ
(အသားဝါစေသော ဓာတ်က်ို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ)
......BUN ကေတာ့ ကျောက်ကပ်စစ်တာမျိုးပါ
.........Cholesterol က တော့
သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ
.........HDL Cholesterolကေတာ့
သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ
..........LDL Cholesterol အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ
........Haemogram ကေတာ့
(သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏု စိတ် စစ်ဆေးတာ)မျိုးပါ
.......HBs Antigen ,HCV Antibodyကေတာ့
အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ
.......Anti HBS ကေတာ့ Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ
........Anti HCVကေတာ့ C ပိုးစစ်တာပါ
..........( X -ray )ကေတာ့ ဓာတ်မှန်ရိုက်တာ
(ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ
.........(Chest X-ray)ကေတာ့
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ
........USG (Ultrasound)ကေတာ့ အယ်ထရာဆောင်း
(တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ)
အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ
..... Thyroid Function Test ကေတာ့
လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ
........T3,T4,TSH ကေတာ့
သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ
.....Vitamin D (total )က တော့
အရိုးပွရောဂါအတွက်စစ်တာမျိုးပါ
....Uric acid (Gout )က တော့
အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ
.....RA ကေတာ့
သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ
... ESR က တေ့ာ
သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ္တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာမျိုးပါ
......PSA/CA 125/CA 153 ကေတာ့
ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ
.....PSAကေတာ့ ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ
.....CEAကေတာ့ အစာအိမ်နဲ့
အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ
........Digital Mammogram ကတော့
ရင်သားဓာတ်မှန် ရိုက်တာ ပါ
.......CRP ကေတာ့
သွေးကြောရောင်ကိုင်းတာကို စစ်တာပါ

ကျေးဇူးတင်လျှက်............

Credit dr hein laboratory

23/07/2025

#လူတစ်ဦးမှာရှိသင့်တဲ့ပမာဏများ

#သွေးပေါင်ချိန်
120/80

#သွေးခုန်နှုန်း
60 ~ 100

#ခန္ဓာကိုယ်အပူချိန်
98.2 ~ 100.5 °F ( 36.8 ~ 38 °C)

#အသက်ရှူနှုန်း
တမိနစ်လျှင် 12 ~ 16 ကြိမ်

#ဟေမိုဂလိုဘင် (Hemoglobin)
အမျိုးသား- 13 ~ 18 g/dL
အမျိုးသမီး- 11.5 ~ 16 g/dL

#ကိုလက်စထရော (Cholesterol)
200mg/dLအောက်

#ဆိုဒီယမ် (Sodium)
135 ~ 145 mEq/L

ထရိုင်ဂလစ်ဆရိုက် (Triglycerides)
150 mg/dLအောက်

#ခန္ဓာကိုယ်တွင်း သွေးပမာဏ
5 ~6 လီတာ

#သကြား (သွေးတွင်းဂလူးကို့စ်)
ကလေးများ ။ 70 ~ 130 mg/dL
လူကြီးများ ။ 70 ~ 110 mg/dL
(အစားမစားမှီ) (အစာစားပြီး ၂နာရီအကြာ)

သံဓာတ် (Iron):
8 ~ 15 mg

ယူရစ်အက်စစ် ( Uric Acid )
အမျိုးသား ။ 3.5 ~ 7.0 mg/dl
အမျိုးသမီး။ 2.5 ~ 5.7 mg/dl

သွေးဖြူဥ (White Blood Cells)
4,000 ~ 11,000 cells/μL

သွေးဥမွှာ (Platelets)
150,000 ~ 400,000 cells/μL

သွေးနီဥ (Red Blood Cells)
5.6 ~ 6.0 million cells/μL

ဗီတာမင် D3
20 ~ 50 ng/mL

ကယ်လ်စီယမ် (Calcium)
8.6 ~ 10.3 mg/mL

ဗီတာမင် B12
200 ~ 900 pg/mL

BMI
18.5 ~ 24.9 အတွင်း

နေ့စဉ်ရေသောက်ရမည့်ပမာဏ
၈ခွက်

အိပ်ရေး တည ၇ နာရီမှ ၉ နာရီ

WHO အကြံပြုချက် ကိုယ်လက်လှုပ်ရှားမှုတပါတ် မိနစ် ၁၅၀

ဇော်မိုးအောင်(ကိုရီးယား)

#ကျန်းမာရေးဗဟုသုတရကြပါစေ

16/04/2025
25/12/2024

ဆရာကြီး မင်းသိင်္ခရဲ့ စာအုပ်( ၈၁ )အုပ်
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

ရာဇဝင်ထဲကလိုမင်းသား.pdf
https://yadi.sk/i/wJq_joryxw6S7
မင်းသိင်္ခ - ယတြာများ.pdf
https://yadi.sk/i/gMRlEw4Uxw6P9
ဘမျိုးဘိုးတူဘယ်သန်ဘမှန် (၂).pdf
https://yadi.sk/i/PWd0m2Mixw6N5

ဆားပုလင်းနှင်းမောင်နှင့် မိုးပေါ်မှာ ကြယ်တစ်လုံး.pdf
https://yadi.sk/i/jhPUrTk7xw6LE
မနောမယ ကိုပီတာ.pdf
https://yadi.sk/i/iJWWGWguxw6Ra
မင်းသိင်္ခ..ပတ္တမြားမိုး.pdf
https://yadi.sk/i/4a3OfAyxxw6Pa
ရွှေမြသာ (1).pdf
https://yadi.sk/i/I0ZQvHDXxw6T4
တူသော၀တ္ထုတိုများ.pdf
https://yadi.sk/i/7X83r4o7xw6MC

ပါပလူမျိုး ကိုးဆယ့်ကိုး.pdf
https://yadi.sk/d/KfRQSM-2xw6MK
မင်းသိင်္ခ - မဲခေါင်ကျော်စွာ.pdf
https://yadi.sk/i/SbMwV_2Uxw6P5
ပုဏ္ဏားဘကွန်း (၂).pdf
https://yadi.sk/i/6Y2rI_75xw6Mf
မြင်းကပါအကျဉ်းသား.pdf
https://yadi.sk/i/bqH2Ctg2xw6Ud
မနုစာရီ.pdf
https://yadi.sk/i/mtD9_2Mxxw6Ro

မဟာမြိုင် ခရီးသည် (၁) .pdf
https://yadi.sk/i/Mg-2Oufmxw6QT
မြကျွန်းသာပေါ်က မျောက်သုံးကောင် ၂.pdf
https://yadi.sk/i/umBqbz6txw6UY
ပေတလူ.pdf
https://yadi.sk/i/rz5f5mEtxw6SZ
ပြည်ကြီးမဏ္ဍိုင်မြကြီး .pdf
https://yadi.sk/i/Whc4onghxw6UQ

မိုးနှင့် အတူ.pdf
https://yadi.sk/i/z1aBBrVUxw6RL
မင်းသိင်္ခ...မိုးပေါ်မှာကြယ်တစ်လုံး.pdf
https://yadi.sk/i/MgRtEkhqxw6Q5
ပက်ထရစ် ရွှေဂေါင်း.pdf
https://yadi.sk/i/xK_BczP_xw6MG
မာလိန်မှူးထူးစိန်(ရုပ်ပြ).pdf
https://yadi.sk/i/hjH8qKm1xw6Qs
မြိုင်ဟေဝန်.pdf
https://yadi.sk/i/gK9WcUIrxw6V5
မ တတ်ပါ့.pdf
https://yadi.sk/i/AmzpabELxw6NV
ဆားပုလင်းနှင်းမောင်&ပိတုန်းသုံးကောင်.pdf
https://yadi.sk/i/_EeCtwblxw6LZ

တားရော့ဟောနည်း.pdf
https://yadi.sk/i/RadNnRwexw6M6
မီးအိမ်လက်ဆွဲခရီးသည်(ရုပ်ပြ).pdf
https://yadi.sk/i/OJzIrWI8xw6RM
ဘဝစာမျက်နှာ အပိုင်းအစများ.pdf
https://yadi.sk/i/rST9YdTmxw6NG
မောင်ဘချစ် .. (2).pdf
https://yadi.sk/i/Y6hqUzkHxw6Ss
မြနန်းနွယ်.pdf
https://yadi.sk/i/oq8yKoXlxw6Uo
ဆားပုလင်းနှင်းမောင်နှင့်ဓား၂လက်(ရုပ်ပြ).pdf
https://yadi.sk/i/SsMAJT6Gxw6Lz
မြရည်ကံသာ.pdf
https://yadi.sk/i/H2oOU3cdxw6Uv

မောင်ဘချစ် .. (1).pdf
https://yadi.sk/i/MSI3igsixw6Sr
မိုးဒေဝါ.pdf
https://yadi.sk/i/fx2eTTSKxw6RK
ဆားပုလင်းနှင်းမောင်&မြိုင်ရာဇာတာတေ.pdf
https://yadi.sk/d/NGjX6Jmbxw6Ly
ဖိုးသူတော်ကြီးနှင့်ကျွန်ုပ်.pdf
https://yadi.sk/i/RovXNvPYxw6Mo
ဆားပုလင်းနှင်းမောင်&ဘုမ္မာဝတီအရှုပ်တော်ပုံ.pdf
https://yadi.sk/i/uj3Pwm5wxw6Lj
မင်းသိင်္ခ - မီးခဲမောင်မောင် အနတ္တဆရာမြ.pdf
https://yadi.sk/i/4yYo5h54xw6Nf

မင်းသိင်္ခ..ဘာဘာ ဘာမှ မသိဘူး(ရုပ်ပြ).pdf
https://yadi.sk/i/t59XiJG3xw6Pg
ပြောထုံးဖြစ်အောင်ငနက်ခေါင် ၂.pdf
https://yadi.sk/i/Jg-NAEo2xw6Tv
ဆားပုလင်းနှင်းမောင်&မမင်းဖြူမှန်မှန်ပြော.pdf
https://yadi.sk/i/kNeyL0-uxw6Lo
ပျော်ပါစေ မောင်ပြည်သိမ်း.pdf
https://yadi.sk/i/pxmWkQ-Jxw6Sh
ဝတ္ထုတိုပေါင်းချုပ် (၃) .pdf
https://yadi.sk/i/Qi3LAtUvxw6SF
ကျွန်တော်ကြားဖူးသလို ပြောဆိုပါမည်.pdf
https://yadi.sk/i/7td3zfiDxw6KV
မြကျွန်းသာပေါ်က မျောက်သုံးကောင် ၁.pdf
https://yadi.sk/i/nghjokc-xw6UX

ရွှေမြသာ (3).pdf
https://yadi.sk/i/yuXQORAQxw6TT
ရေမျောကမ်းတင် အောင်ဘဒင်.pdf
https://yadi.sk/i/-5k2tIt1xw6Sw
မာဃဝါဇိတ်.pdf
https://yadi.sk/i/0swveGQjxw6Qn
မင်းသိင်္ခ.. မသွားမီက ရောက်နှင့်သည်.pdf
https://yadi.sk/i/dpd9rZsDxw6Px
ဆားပုလင်းနှင်းမောင်&ပျားစွဲသောမုတ်ဆိတ်.pdf
https://yadi.sk/i/vUoQRyIHxw6Le
မဟာမြိုင် ခရီးသည် (၂).pdf
https://yadi.sk/i/YaxU8iGKxw6Qg
ဝေဒမောင်မောင်.pdf
https://yadi.sk/i/Iwm7d_asxw6Tf
ဆားပုလင်းနှင်းမောင် နှင့်မြိုင်မဟာ မမြလေး.pdf
https://yadi.sk/i/hDVUQUqRxw6L9

မင်းသိင်္ခ - မနောမယမြသက်လယ်.pdf
https://yadi.sk/i/ll-O-TQRxw6Nr
စနေမောင်မောင်နှင့်မြေလျှိုးမိုးပျံဂိုဏ်း.pdf
https://yadi.sk/i/2jus_xUMxw6Ku
မနောမယ ထမင်းဝိုင်း.pdf
https://yadi.sk/i/etzBPdWExw6Rw
မိုးနဲ့မြေ.pdf
https://yadi.sk/i/_V6lwWYGxw6RE
မင်းဘာသိလို့လဲ.pdf
https://yadi.sk/i/UdiS6PN2xw6Pv
ပြည်တော်ဝင် စနေမောင်မောင်.pdf
https://yadi.sk/i/56V-eYN4xw6UG
မင်းသိင်္ခ ဆားပုလင်းနှင်းမောင်နှင့် ခေါင်းမြီးခြုံလုံပါပေ့.pdf
https://yadi.sk/i/S6_yI0B3xw6PK
ဘမျိုးဘိုးတူဘယ်သန်ဘမှန် (၁).pdf
https://yadi.sk/i/FB4WrdiLxw6Mq
စနေမောင်မောင်ပါ၀င်သည့်မဟူရာ.pdf
https://yadi.sk/i/Uan7VwLCxw6Kj

မင်းသိမ်းခိုင် မင်းသိင်္ခအတ္ထုပ္ပတ္တိ.pdf
https://yadi.sk/i/utxiMaOmxw6Pq
မင်းသိင်္ခ..သေသောသူသည်သုဿန်သို့သွားသည်.pdf
https://yadi.sk/i/0ClJaRToxw6QH
မုတ်ဆိတ်ဖြူကြီးအကြောင်းပြောပြခြင်း&ဝတ္ထုတိုများ.pdf
https://yadi.sk/i/wdwG-G8jxw6RU
မိုက်ခဲကျောက်ပွင့်(ရုပ်ပြ).pdf
https://yadi.sk/i/CRJ3J8HVxw6R9
ပုဏ္ဏားဘကွန်း (၁).pdf
https://yadi.sk/i/bezRTPokxw6MX
ဂျစ်ပစီဟောကိန်း.pdf
https://yadi.sk/i/_wuggHzyxw6Kc
မိန်းမလှကျွန်းအပါအဝင်ဝတ္ထုတိုများ.pdf
https://yadi.sk/i/o6uSq5E9xw6Qx

မင်းသိင်္ခ..မောင့်ညိုချော.pdf
https://yadi.sk/i/WBSmLAu1xw6Po
မင်းနန်သူနှင့်ဂမ္ဘီရလောက၀တ္ထုတိုများ.pdf
https://yadi.sk/i/nL2-PCAuxw6NW
သူတော်စင်မလေး ပုဏ္ဍရိက.pdf
https://yadi.sk/i/l4-LhMjYxw6SU
ပုစ္ဆာ ၁ထောင် အဖြေ ၁ ခု(ရုပ်ပြ).pdf
https://yadi.sk/i/3uN1zCHixw6MT
ဆရာသခင်နှင့်နှစ်ပေါင်းများစွာ.pdf
https://yadi.sk/i/ESYeaUxbxw6L5
ပြောထုံးဖြစ်အောင်ငနက်ခေါင် ၁.pdf
https://yadi.sk/i/20uGiJXcxw6Tm

ရွှေမြသာ (2).pdf
https://yadi.sk/i/cXl6TgJ1xw6TK
မအောင်ရင်.pdf
https://yadi.sk/i/oTqam3rQxw6Rg
မင်းသိင်္ခ..ဓား၂လက် (ရုပ်ပြ).pdf
https://yadi.sk/i/xWieEs2vxw6PV
ဘဝဝင်္ကပါ.pdf
https://yadi.sk/i/ttIrnQKgxw6NN
ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား.pdf
https://yadi.sk/i/E_2EOAEOxw6Mj
ဆားပုလင်းနှင်းမောင်နှင့် တစ်ပွဲစားဦးနှောအပါအ၀င် ၀တ္ထုတိုများ.pdf
https://yadi.sk/i/ritNgCUYxw6LS
မင်းမေးတိုင်းငါကဖြေရမှာလား.pdf
https://yadi.sk/i/iIUXceVOxw6QK

ဖုန်းတစ်လုံးနှင့်တစ်လုံး မတူပါ ကျွန်တော့်ဖုန်းနဲ့ဖတ်လို့ရသဖြင့်တင်ပေးလိုက်ပါသည် အားလုံးဖတ်လို့ရနိုင်ကြပါစေ...

🇲ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည် ။
Sai Min Thant

04/11/2024

🛑 Up to date: PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
______________________________________________________________________________

{ ♨️Hot ဖြစ်နေတဲ့ သတင်း }

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား...?
🔘 PJ တွေ ထွက်မရဘူး (သို့) ထွက်ဖို့မလွယ်ဘူးလား...?

------------------------------------

[❗️Information အမှန် ]

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်၊
အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ်၊
အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ၊
visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို
only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

-------------------

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ
မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန် လိုအပ်သည့်စာရင်း👇

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (၄) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

------------------------

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်၊
မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ
မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက်
အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့
နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ 👇
__________________________________

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ၊
ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်၊

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅
................................................................................................................................................

🇲🇲 ကျောင်းသား Visa ပတ်စပို့က PV or PE ဖြစ်နေဖို့လိုပါတယ် 🇰🇷
.................................................................................................................................................................

🛑 PV/ PJ passport ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွါခွင့်ဆိုင်ရာ အမေးများသော မေးခွန်းများ 🛑

______________________

🤔 Passport အသစ်လုပ်မလို့ ဘာအမျိုးအစားလုပ်ရမလဲ ?

အဖြေ:👇
ရကိုရမယ့် အလုပ်နှင့် တရားဝင်အလုပ်ခေါ်စာ ရဖို့မရှိသေးဘူးဆိုပါက
လူတိုင်းလုပ်ဖို့ အသင့်တော်ဆုံး passport အမျိုးအစားက PV ပဲဖြစ်ပါတယ်၊
နိုင်ငံကူးလက်မှတ် အသုံးပြုတဲ့ အများဆုံး အကြောင်းပြချက်က ပြည်ပကို အလည်အပတ်သွားဖို့ (သို့) ပြည်ပသို့ ကျောင်းသွားတက်ဖို့ အတွက်ပဲ ဖြစ်တာမို့ PV passport အမျိုးအစားက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PE PJ PS PT စသည့် အခြား အမျိုးအစားများက visa ရပြီးမှသာ
မိမိကိုယ်တိုင် passport type အပြောင်းလျှောက်ခြင်း၊ သို့ passport သက်တမ်းတိုးသည့်အချိန်တွင်
passport type ပြောင်းသွားခြင်း ဖြင့် ရရှိနိုင်ပါတယ်။

----------------

🤔 PV နဲ့ ပြည်ပထွက်လို့ ရသေးရဲ့လား ?

အဖြေ:👇
အလည်အပတ်အတွက်က ရပါတယ်။ အလုပ်အတွက်တော့ မရပါ၊
အလုပ်ဗီဇာရှိနေပါကလည်း မရပါ၊

PV က Passport for Visit အလည် passport အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် အလည်အတွက်ဆို Visa on arrival ခေါ် free visa နဲ့ဆို ၁၄ ရက်၊
ထိုင်းသံရုံးမှာ visa ဝင်သွားမယ်ဆို နှစ်လ အလည်အပတ် သွားလို့ ရပါတယ်။

*** လိုအပ်တဲ့ Basic requirements တွေတော့ ပြည့်စုံရပါမယ်။ အသွားအပြန်လက်မှတ်၊ ဟိုတယ် booking အပြည့်အစုံ၊ show money usd 500 သို့ ဘတ် ၂၀၀၀၀ အနဲဆုံး ဆောင်သွားရပါမယ်။

--------------

🤔 Show Money က ဘဏ်ပြလို့မရဘူးလား ?

အဖြေ:👇
မရပါဘူး။
show money သည် ငွေသားဖြစ်ရပါတယ်၊
ထိုင်းပြည်တွင်းမှာ လည်ပတ်တဲ့အခါ သုံးဖို့ပိုက်ဆံပါကြောင်း ပြခိုင်းတာ ဖြစ်တဲ့အတွက် ငွေသားသာ ပြသရပါတယ်၊ မြန်မာငွေက လွဲလို့ any currency (ဘယ်နိုင်ငံပိုက်ဆံဖြစ်ြဖစ်) ကို ဘတ် ၂၀၀၀၀ နဲ့ ညီသော Amount ကို အနဲဆုံးထားပြီး ပြရပါတယ်။ များများပြလဲရပါတယ်။ 😁

--------------

🤔 show money က ပေါင်းပြလို့ရလား ?

အဖြေ:👇
မိသားစု တူတူသွားတာဆို အထူးသဖြင့် ကလေးတွေနဲ့ဆိူ ပေါင်းပြလို့ရပါတယ်၊
ကလေး တစ်ယောက်ဆို ဘတ် ၃၀၀၀၀၊ ၃၅၀၀၀ တူတူပါသွားရင် ကလေးနှစ်ယောက်နဲ့ဆို ဘတ် ၅၀၀၀၀ လောက်ပါသွားရင် အဆင်ပြေပါတယ်။ တစိမ်းတွေ ဆိုရင်တော့ ပေါင်းပြလို့မရပါဘူး။

------------

🤔 Tourist Visa နဲ့သွားမှာ ပြန်မဲ့ရက်က confirm မဖြစ်သေးဘူး။ Booking only ပဲ ပြလိူ့မရဘူးလား ?

အဖြေ:👇
အရင်က Tourist Visa ကို one way ticket လက်ခံပါတယ်၊
အခုက လက်ခံ လက်မခံက ၅၀-၅၀ ပါ၊
လက်မခံခဲ့ရင် ကောင်တာရှေ့ လက်မှတ် တန်းဝယ် ပြရပါမယ်၊
(အမြန် လက်မှတ်ဝယ်ဖို့ကတော့ မေ ကူညီ ဝန်ဆောင်ပေးလို့ရပါတယ် ***
but risk တော့ ယူထားလိုက်ရတာပေါ့နော်)

👉အကောင်းဆုံးက ရက်ပြောင်းလို့ရတဲ့ အပြန်လက်မှတ်ကို ဝယ်ထားတာပါပဲ၊
လိုအပ်ချက် မရှိတော့ဘူးပေါ့၊ ဟိုတယ် booking ကလဲ လိုပါတယ်၊
နောက်ပိုင်း trip အတွက် မသေချာသေးဘူး ဆိုရင် booking only ရပေမယ့် ရောက်ရောက်ခြင်းရက်တွေကတော့ paid booking ပြဖို့လိုပါလိမ့်မယ်။

---------------

🤔 Tourist visa ကို show money ပြရမှာလား ?

အဖြေ :👇
ဒါလဲ 50-50 ပါပဲ။
မေးချင်မေးမယ် မမေးချင် မမေးပါဘူး၊
14 days လိုတော့ မဖြစ်မနေ ၁၀၀% တော့ ပြရမယ်မရှိပါဘူး၊
အဖြေက safe ဖြစ်ချင်ရင် ယူသွားပါ၊
ရင်ခုန်ချင်ရင် ယူမသွားပါနဲ့ 😁

-----------------

🤔 သူငယ်ချင်းအိမ် အမျိုးအိမ်မှာ နေမှာ ဟိုတယ် booking ပဲလက်ခံတာလား ? အိမ်လိပ်စာ ပြောလို့မရဘူးလား ?

အဖြေ: 👇
အမျိုး/မိတ်ဆွေအိမ်တွင်တည်းမည်ဆိုပါက လိပ်စာ ပြောလို့ ပြလို့ရပါတယ်၊
သို့သော်စာရွက်စာတမ်းအပြည့်အစုံကိုတော့ တင်ပြဖို့လိုပါတယ်၊
မြန်မာ နှင့် ထိုင်း immigration counter နှစ်ခုလုံးမှာ ပြသဖို့ လိုတာလေးတွေက အလည်လာဖို့ ဖိတ်ခေါ်သူ၏အမည်၊ လိပ်စာ၊ ph no., English လို invitation letter တည်းခွင့်ပြုကြောင်းစာ၊ အိမ်/အခန်းပိုင်ဆိုင်/ငှာရန်းစာချုပ်မိတ္တူ အိမ်ရှင်ရဲ့ ထိုင်း ID တို့ ဖြစ်ပါသည်။

-----------------

🤔 PV အဟောင်း အရင်တုန်းက အလုပ်ခဲ့ဖူးတယ် မလုပ်တာလဲ ကြာလှပြီး အခွန်တွေလဲ မဆောင်ခဲ့ဖူးဘူး
ခုလဲ အလုပ်မရှိတာကြာပြီး အလည်ထွက်လို့ရလား ?

အဖြေ: 👇
ယခင်ကပြည်ပကိုကာလကြာမြင့်စွာထွက်ဖူးသော PV passport ဖြင့် ထွက်မည်ပါက လဝကအဝင်/အထွက်တုံးများကိုကြည့်၍ အလုပ်ထွက်လုပ်ဖူးကြောင်း သင်္ကာမကင်းအဖြစ်ခံရနိုင်ပြီးအထက်ပါစာရွက်စာတမ်းမျာ ပြည့်စုံသော်လည်း ထွက်ခွာခွင့်အပိတ်ခံရနိုင်ခြေရှိပါသည်။

----------------

🤔 PV နဲ့ အလုပ်လုပ်နေတာ ကြာပြီး မြန်မာပြည် ခဏ ပြန်လာလည်မလို့စီစဉ်ထားတယ် လာလို့ရမလား ?

အဖြေ : 👇
မိမိတိုင်းပြည်ဖြစ်တဲ့အတွက် ဘာ passport နဲ့နေနေ ဘာ ဗီဇာနဲ့နေနေ တရားဝင် ပြည်ပထွက်ခွါထားပါက အချိန်မရွေး ပြန်ဝင်လာလိူ့ ရပါတယ်။ တရားမဝင်
ထွက်ထားပါကတော့ အရေးယူခံရမှာပေါ့။

သို့သော် ခဏတဖြုတ် ပြန်လာမည်ဆိုပါက အောက်ပါလိုအပ်သည့်
အရာလေးများကို ဆောင်ရွက်လာကြစေလိုပါတယ်👇

📍Owic card ရှိရပါမယ် မရှိရင် ပြည်တွင်းရောက်တာနဲ့ လျောက်ရပါမယ်။ Owic card အတွက် လျောက်ထားချိန် ဘယ်လောက်ကြာမလဲ မိမိခွင့်သက်တမ်းနဲ့ ချိန်ဆဖို့လိုပါမယ်။

📍အခွန်ဆောင်ထားရပါမယ် ပြည်ပမှာ မြန်မာသံရုံးတွေမှာ ဆောင်လို့ရပါတယ်။ ဘယ်လောက်အတိအကျ ဆောင်ရမလဲကို သက်ဆိုင်ရာ ဝန်ထမ်းများထံ စုံစမ်းလို့ရပါတယ်။ Owic card ပြုလုပ်ဖို့ဆိုပါက အိမ်ပြန်ပို့သည် လစာ ၂၅% slip လဲ လိုအပ်သည်ဟု သိရှိရပါတယ်။ တာဝန်ရှိသည့် ရုံးဌာန (ပြည်ပတွင်ဖြစ်ပါက မြန်မာသံရုံး ပြည်တွင်းဖြစ်ပါက labor ရုံး သို့ မြောက်ဒဂုံ ပင်လုံခန်းမ စသဖြင့်) တွင် သေချာထပ်မံ စုံစမ်းစေလိုပါတယ်။

📍PV + အလုပ်ဆိုပါက ပြည်ပသို့ ပြန်လည်ထွက်ခွါလို့ မရပါဘူး။ ထို့ကြောင့် PJ ပြောင်းရပါမယ်။ အလုပ်ဗီဇာဖြင့် တရားဝင် အခွန်လဲ ဆောင်ထားပါက မိမိနေထိုင်ရာ ပြည်ပရှိ မြန်မာသံရုံးမှာ တရားဝင် passport type ကို PJ ပြောင်းခဲ့သင့်ပါတယ်။ ပြည်တွင်းမှာ long processing period (အနဲဆုံး ၃ လ ၄ လ ကြာမှာဖြစ်ပါတယ်)

📍pv မှ pj လဲ ဖြစ်သွားပြီး Owic card လဲရှိ အလုပ်လဲရှိ အခွန်လဲ ဆောင်ထားပါက
ရှင်းရှင်းလင်းလင်း ပြည်ပ ပြန်လည်ထွက်ခွါပီး အလုပ်ပြန်ဝင်လို့ရပါတယ်။

----------------

🤔 Owic Card ဆိုတာ ဘာလဲ?

အဖြေ: 👇
Oversea Worker Identification Card 🪪 ကိုခေါ်တာ ဖြစ်ပါတယ်၊
ပြည်ပအလုပ်လုပ်ကိုင်သူဖြစ်ပါက လက်ဝယ်ရှိနေရမည့် အလုပ်သမားကတ် ဖြစ်ပါတယ်။

----------

🤔 Owic card က အသက်အရွယ်မရွေး လျှောက်လို့ရတာလား ?

အဖြေ:👇
မရပါဘူး၊
အမျိုးသား အသက် ၂၃ နှစ် မှ ၃၂ နှစ် အတွင်းဖြစ်ပါက အလုပ်ခေါ်စာရှိနေပါသော်လည်း
Owic card မထုတ်ပေးပါဘူး၊
ထို့နောက် PJ ကိုင်ထားပြီး Owic မရှိတဲ့အတွက် ပြည်ပထွက်လို့လဲ မရပါဘူး။

--------------

🤔 PV နဲ့ကျောင်းတက်နေပါတယ်၊ မြန်မာနိုင်ငံ အလည်ပြန်လာလို့ ရပါသလား ?

အဖြေ👇 :
ကျောင်းသားက PV passport ဖြင့်အလည်အပတ်ပြန်လာလို့လဲ ရပါတယ်၊
Uni Ed visa သမားဖြစ်ပါက ကျောင်းသားကတ်ရှိရပါမယ်၊
ထိုင်းမှာ language school ဖြင့် Ed visa နှင့်နေပါက ကျောင်းရဲ့ acceptance letter ယူလာသင့်ပါတယ်၊
ပြန်အထွက် မြန်မာလေဆိပ်မှာ ပြရပါမယ် that’s all ပါ၊
ထိုင်း Ed visa ယူထားပြီး ပြန်လာမှာဆိုရင်တော့ ထိုင်းလေဆိပ်မှာ re entry တုံးထုလာဖို့ မမေ့နဲ့နော်
visa cancel မဖြစ်အောင်ပါ၊
📍အသွားအပြန်လေယာဥ် လက်မှတ်၊ show money, hotel booking ပြရန်မလိုပါ။

----------

🤔PV နဲ့ Ed visa / guardian visa စသဖြင့် မြန်မာနိုင်ငံမှာပဲ လျှောက်ထားပြီးထွက်မယ် အဆင်ပြေပါ့မလား?

အဖြေ:👇
အဆင်ပြေပါတယ်၊
PV passport မှာ visa sticker ရရှိပြီး ကျောင်းမှ ပို့လိုက်တဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ
လေဆိပ်မှာ တင်ပြမယ်၊ အသွားလက်မှတ်လဲ ပါမယ်၊ သွားသွားချင်းနေဖို့ ဟိုတယ် Booking လဲရှိမယ်၊
show money တစ်ယောက် usd 500 သို့ ဘတ် နှစ်သောင်းပါ ပါသေးတယ်ဆို ဘာလိုသေးလဲပေါ့နော်၊
အဆင်ပြေပြေနဲ့ သွားလို့ရပါတယ်လို့နော်။

---------

>> PV နဲ့ Retirement visa နဲ့နေပါတယ်၊ သို့ Dependent Visa နဲ့နေ့ပါတယ်။ အလည်ပြန်လာလို့ရလား။ return ticket ရော ပြရဦးမှာလား?
အဖြေ: 👉 မြန်မာနိုင်ငံကို အလည်ပြန်လာလို့ ရပါတယ်၊
long term visa သမား ဖြစ်တဲ့အတွက် ပြန်အထွက်မှာ အသွားအပြန်လေယာဥ် လက်မှတ်၊
show money, hotel booking ပြရန်မလိုပါ။

…. PV….

-------------

🤔ပြည်ပနိုင်ငံများသို့သွားရောက်မည့် pj (job passport)ကိုင်ဆောင်ထားသူများအလည်အပတ်သွားလို့ရလား ?

အဖြေ :👇
PJ passport ရှိသူများ လက်ရှိအချိန်တွင်
အလည်အပတ်ဖြင့် ထွက်၍မရပါ။

📍ယခုမှအသစ်သွားရောက်မည့်သူများဖြစ်ပါကလည်း Owic+pj+offer letter လက်ဝယ်ရှိရမည်၊
📍အပြည့်အစုံရှိပါကလဲ အမျိုးသားအသက် 23 နှစ် မှ 32 နှစ် အတွင်းအသက်အပိုင်းအခြားများ
ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

--------------

🤔 PV ခွင့်ပြန်များ မြန်မာပြည် အလည်ပြန်လို့ အဆင်ပြေပါသလား ?

အဖြေ :👇
အဆင်ပြေပါတယ်၊
သက်တမ်းရှိ Owic Card ရှိပါက အဆင်ပြေပါတယ်၊
work permit ရှိပြီး valid passport နှင့် smart card (UID/EID) ရှိနေပါက ပြန်ထွက်လို့ရပါတယ်။

📍owicမရှိသေးသူများကတော့ ကဒ်လျှောက်ထားရန်လိုပါတယ်၊
အောက်ဖော်ပြပါအထောက်အထားများသည်ကဒ်လျှောက်ထားရန်မဖြစ်မနေလိုအပ်သည်👇
1. ခွင့်စာ
2. ပါမစ်
3. 25%ငွေလွှဲအထောက်အထား
4. 2%ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်းပြေစာ

*အခွန်သည်မိမိတို့နေထိုင်ရာနိုင်ငံသံရုံးများတွင်
ဆောင်ခဲ့လို့ရသလို မြန်မာပြည်ရောက်မှ အခွန်ဆောင်လျှင်လည်းရသည်။

-------------

🤔 UID / EID ဆိုတာ ဘာလဲ?

အဖြေ :👇
Smart card ကိုခေါ်တာပါ
Smart card စမတ်ကဒ်ဆိုတာ လဝက လူဝင်မှုကြီးကြပ်ရေးက လက်ရှိကိုင်ဆောင်ထားသော
မိမိမှတ်ပုံတင်အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဖန်ပြန်လည်စစ်ဆေးမှတ်ကျောက်တင်ထားသော
သက်သေခံကဒ်ပြားတစ်ခုပါ။

📍PV / PJ မည်သည် passport အမျိုးအစားဖြစ်စေ smart card နှင့် UID လိုပါတယ်၊
ပြည်ပမှ ပြန်လာပါက smart card ကို မြန်မာပြည်ကို ရောက်ရောက်ခြင်း ပြုလုပ်ပါ၊
မှတ်ပုံတင် သန်းခေါင်စာရင်းရှိပါက မိမိအဆင်ပြေရာ ခေတ္တနေထိုင်ရာ ရပ်ကွက် မြို့နယ်မှာ ပြုလုပ်လို့ရပါတယ်၊ မွေးရပ်မြေက နယ်ဖြစ်နေလို့ နယ်ပြန်မလုပ်လဲရပါတယ်၊
ပြည်တွင်း ပြည်ပ ခရီးသွားရန်
Owic card ပြုလုပ်ရန်
passport သက်တမ်းတိုးရန် အသစ်လျောက်ထားရန်
အကုန်လုံးမှာ smart card ကလိုအပ်ပါတယ်။

------------------

🛑မှတ်ချက် ။ ။
PV passport ကိုင်ဆောင်ထားသူများသည် အထက်ပါအထောက်အထားများတင်ပြနိုင်သည့်တိုင်
တာဝန်ကျ/တာဝန်ခံအရာရှိမှ ထိုသူအားအမှန်တကယ် အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း
မယုံကြည်လျှင် သို့တည်းမဟုတ် သံသယရှိလျှင် pass မပေးသည့် အခြေအနေရှိနိုင်ပါတယ်။

အမျိုးသားများ အသက်အရွယ်ကန့်သတ်မှုသည် ဝန်ကြီးဌာနတည်မြဲအမိန့်ဖြစ်သဖြင့်
ယင်းအမိန့် မပယ်ဖျက်မချင်း ဘာမှလုပ်မရပါ
သည်းခံစောင့်ကြရုံသာ ရှိပါတယ်။

Crd;https://www.facebook.com/share/p/QUhTCbLo4KUaADJR/

🌸မေ 🌸




(တစ်ဆင့်ကူးယူမျှဝေပါသည်။)

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မှီခိုပတ်စ်ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

Crd;အဆင်ပြေကြပါစေ 🇲🇲

11/03/2024

Address

Ko Maung Maung
Yangon

Telephone

09258883838

Website

Alerts

Be the first to know and let us send you an email when Ko Maung Maung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share