Za Information Technology Co.,Ltd.

Za Information Technology Co.,Ltd. � E-Commerce Platform Service Provider
� Delivery Platform Service Provider

25/01/2026

🎂 ကျွန်တော်တို့ ကုမ္ပဏီကိုတည်ထောင်ခဲ့တာ အခုဆိုရင် (၁၃) နှစ်တိုင်တိုင် ရှိခဲ့ပါပြီ...
-
ဒီနေ့အထိ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တာဟာ ကာစတမ်မာ တစ်ဦးတစ်ယောက်ချင်းစီတိုင်းရဲ့ အားပေးမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် လူကြီးမင်းတို့အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ အနာဂတ်မှာလည်း အကောင်းဆုံးသော နည်းပညာ ဝန်ဆောင်မှုတွေနဲ့အတူ လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာတွေကို ပံ့ပိုးပေးဖို့ အသင့်ရှိနေမှာပါ။ 🚀
-
ရှေ့ဆက်မယ့် ခရီးလမ်းမှာလည်း ကျွန်တော်တို့နဲ့အတူ ဆက်လက်ရှိနေပေးဖို့ မျှော်လင့်ပါတယ်ခင်ဗျာ🙏
-
Za Information Technology Co.,Ltd.
#ဇကုမ္ပဏီ
(Since~2013)

🚩 ကျွန်ုပ်တို့ ရည်ရွယ်ချက်ကိုဖြစ်မြောက် အောင် အတူတကွဖန်တီးပုံ‌ဖော် ခဲ့ကြပါတယ်။🥸 အဆင်မပြေမှုများစွာကို ရယ်မောခြင်းဖြင့် အ...
03/01/2026

🚩 ကျွန်ုပ်တို့ ရည်ရွယ်ချက်ကိုဖြစ်မြောက် အောင် အတူတကွဖန်တီးပုံ‌ဖော် ခဲ့ကြပါတယ်။
🥸 အဆင်မပြေမှုများစွာကို ရယ်မောခြင်းဖြင့် အတူတကွ ဖြတ်သန်းခဲ့ကြပါတယ်။
🥶 မြေပြန့်ဒေသနှင့် မတူညီသည့် အေးလွန်းသောရာသီဥတု ကိုလည်း အခန်းကျဉ်းတစ်ခု၌ စုပြုံအိပ်စက်၍ ရင်ဆိုင်ခဲ့ကြပါတယ်။
🍰 တန်ဖိုးကြီးအစားအစာ တွေ မစားသုံးခဲ့ကြရပေမယ့် အရသာရှိပြီး လတ်ဆတ်တဲ့ သီးနှံတွေကို 🥗 အတူတူချက်စားခဲ့ကြပါတယ်။
🎄အလည်ပါတ်ခရီးသက်သက် မဟုတ်တော့ လှပတဲ့ ရှု့ခင်းတွေကို ဇိမ်ခံကြည့်ရှု့ခွင့်မရပေမယ့် ဘယ်သူမှလွယ်လွယ် မရောက် တဲ့ လျှို့ဝှက်နေရာက သဘာဝ ရှု့ခင်းအလှကို မြင်ခွင့်ရခဲ့ကြပါတယ်။
🤾 Team Building Game တွေလည်း အချိန်ပေးပြီး Enjoy ခဲ့ကြပါတယ်။
😍 ပျော်စရာထက် ရင်ခုံစိတ်လှုပ်ရှားရတဲ့ အဆင်မပြေမှုတွေ ကို ရင်ဆိုင်ဖို့ သက်သက်သွားခဲ့ကြတာပါ။
ဒါကြောင့် ယခုခရီးစဉ်မှ အတွေ့ကြုံကောင်းများသည် ကျွန်ုပ်တို့ လုပ်ငန်း နှင့် စပ်လျှင်းသော ကာစတမ်မာများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်စေရန် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်မိပါသည်။
-
ကျွန်ုပ်တို့ ကုမ္ပဏီအား ယနေ့ အထိရပ်တည်နိုင်စေရန် ပံ့ပိုး ကူညီခဲ့ကြသော ထမင်းရှင် ကာစတမ်မာများအားလုံးကို ကျေးဇူးအထူး တင်ရှိလျှက်🙏
Za Information Technology Co.,Ltd.

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများအတွက် ခွန်အားသစ်များ မွေးမြူခြင်း💪-ကျွန်ုပ်တို့ ကုမ္ပဏီ ယနေ့အချိန်ထိ ရပ်တည်နိုင်နေတာဟ...
30/12/2025

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများအတွက် ခွန်အားသစ်များ မွေးမြူခြင်း💪
-
ကျွန်ုပ်တို့ ကုမ္ပဏီ ယနေ့အချိန်ထိ ရပ်တည်နိုင်နေတာဟာ MSME/ SME/ Enterprise လုပ်ငန်းရှင်များရဲ့ ပံ့ပိုးမှုနဲ့ ဇကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက် ညီငယ်/ ညီမငယ် များရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ဆိုတာ အမြဲအမှတ်ရလျှက်ရှိပါတယ်။
-
လာမယ့် အနာဂတ်မှာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့နဲ့ လုပ်ငန်းရှင်များအတွက် ပိုမိုထိရောက်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ရာ... ဇကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက် ညီငယ်/ ညီမငယ် များရဲ့ စိတ်ဓာတ်ခွန်အားနဲ့ ပူးပေါင်းဆောင်ရွက်မှု (Teamwork) မြင့်မားရေး ခရီးစဉ် (Company Trip) ကို သွားရောက်ကြမှာ ဖြစ်ပါတယ်။
-
📅 ကုမ္ပဏီ ပိတ်ရက်ကာလ
➡️ ၃၀.၁၂.၂၀၂၅ (ည) မှ ၄.၁.၂၀၂၆ (မနက်) အထိ
-
လူကြီးမင်းတို့၏ လုပ်ငန်းများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ပြန်လည် အားဖြည့် ပြင်ဆင်နေချိန်ဖြစ်ပါသဖြင့် ဝန်ဆောင်မှုပိုင်း နှောင့်နှေးမှုများ ရှိခဲ့ပါက နားလည်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။
-
၂၀၂၆ ခုနှစ်တွင် လက်တွဲဖော် လုပ်ငန်းရှင်များအားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ 🙏

🎉 Celebrating 8 Years of Successful Corporate with Myanmar Post!-We are immensely proud to announce a significant milest...
01/06/2025

🎉 Celebrating 8 Years of Successful Corporate with Myanmar Post!
-
We are immensely proud to announce a significant milestone: today marks 8 years since Za Information Technology Co.,Ltd. and Myanmar Post formalized our corporate business.
Over these eight years, we have maintained stable and continuous operations, successfully delivering essential services to the public. This enduring collaboration stands as a testament to our shared commitment to excellence and reliability.
We are deeply grateful for the strong corporate with Myanmar Post and honored to have played a role in serving the community together. Here's to many more years of shared success and continued service!
-
https://myanmarpost.com.mm

Thanks Kernellix Team 😍-
26/06/2023

Thanks Kernellix Team 😍
-

25/01/2023

(၁၀)စုနှစ် တစ်စုစာ ကျော်လွန်ဖြတ်သန်းပြီး ယနေ့ အချိန်အထိ ရပ်တည်နေနိုင်ခွင့်ရအောင် ကူညီအားပေးခဲ့ကြသော ထမင်းရှင်ကာစတမ်မာများအားလုံးကို ကျွန်ုပ်တို့ Za Information Technology Co.,Ltd. မှ ရိုသေလေးစားစွာဖြင့် 🙏 ဂါဝရပြုပါသည်။
-
အများပြည်သူ အကျိုးပြုစေမည့် နည်းပညာဝန်ဆောင်မှုလုပ်များကို ယခုထက်ပိုမို တိုးတက်ကောင်းမွန်အောင် ကြိုးစားရင်း ရှေ့ဆက်သွားဖို့ ရှိပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
-

Global MarketPlace
ZawGyi Mart
MP Agent

☑ ကွန်ပြူတာ/ မိုဘိုင်းကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တယ်☑ နည်းပညာ အကြောင်းလဲသိနားလည်မယ်☑ Facebook + Social Network သုံးနို...
26/11/2022

☑ ကွန်ပြူတာ/ မိုဘိုင်းကျွမ်းကျွမ်းကျင်ကျင်သုံးနိုင်တယ်
☑ နည်းပညာ အကြောင်းလဲသိနားလည်မယ်
☑ Facebook + Social Network သုံးနိုင်မယ်
☑ မြန်မာစာ/ စကားနားလည်တတ်ကျွမ်း မယ်
🫶 လူမှန်ရင် မသေမချင်း လုပ်ရမယ့် အလုပ် ဖြစ်တဲ့ "အရောင်း" ပီပီသသ လုပ်ကိုင်ရတဲ့ လုပ်ငန်းပိုင်းကို လုပ်ဖို့ စိတ်ဝင်စားရင် အီးမေးလ်ပို့လိုက်ပါ။
-
😎 နည်းပညာထုတ်ကုန် အရောင်းပိုင်း အတွေ့အကြုံရှိသူကို ဦးစားပေးမည်
-
💵 လစာ?
ကိုယ့်လုပ်ခ လစာကိုယ်ပြန် ရှာနိုင်ရင် ကြိုက်သလောက် တောင်းပါ
-
🫂 ရုပ်မချောလဲ ရ၏ အသံချိုသာလျှင်လည်း (အစမ်းခန့်)ကြည့်မည်။
-
[email protected]

Za Information Technology Co.,Ltd. အား ၂၀၁၃ခုနှစ် ဇန်နဝါရီလ ( ၂၅)ရက်နေ့တွင် တရားဝင် မှတ်ပုံတင်ခဲ့ပြီး E-Commerce အခြေပြု...
25/01/2022

Za Information Technology Co.,Ltd. အား
၂၀၁၃ခုနှစ် ဇန်နဝါရီလ ( ၂၅)ရက်နေ့တွင် တရားဝင် မှတ်ပုံတင်ခဲ့ပြီး
E-Commerce အခြေပြု အရောင်းအဝယ် လုပ်ငန်းများကို နိုင်ငံတကာနှင့် ရင်ဘောင်တန်း ၍ စီပွားရေးလုပ်ငန်းများ (B2B) ချိတ်ဆက် လုပ်ကိုင်နိုင်ရန် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက် လာစေရန် ရည်ရွယ်၍ ယနေ့အချိန်အထိ လုပ်ကိုင်လျှက်ရှိပါသည်။
-
မည်သည့်အခက်အခဲမဆို ကျွန်ုပ်တို့ကုမ္ပဏီနှင့်အတူ လက်တွဲ၍ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြေသော လုပ်ဖော်ကိုင်ဖက် ဇကုမ္ပဏီမှ ဝန်ထမ်းများ၊ SME လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများ အား ကျေးဇူးဥပကာရ အထူးပင်တင်ရှိပါကြောင်းပြောလိုပါတယ်။
-
ဆက်လက်၍ အများပြည်သူ အကျိုးပြုမည့် နည်းပညာအခြေပြု ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ပိုမိုကြိုးစားလုပ်ကိုင်သွားပါမယ်။

Za Information Technology Co.,Ltd.
(Since 2013)

မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏ ကိုယ်စားပြု စာပို့သင်္ကေတများကို အောက်ဖော်ပြပါ ဝဘ်ဆိုဒ်၌ အများပြ...
09/10/2021

မြန်မာတစ်နိုင်ငံလုံးရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏ ကိုယ်စားပြု စာပို့သင်္ကေတများကို အောက်ဖော်ပြပါ ဝဘ်ဆိုဒ်၌ အများပြည်သူတို့ကိုယ်တိုင် ဝင်ရောက်ရှာဖွေ လွတ်လပ်စွာ ရယူအသုံးပြုနိုင်ပါသည်။
-
လိပ်စာမတိကျသော နေရာများသို့ မသေချာသော အမှာစာများအား ရောင်းကုန်ပစ္စည်းများကို စွန့်စွန့်စားစားပေးပို့ နေရသော eCommerce/ Online Shop လုပ်ငန်းများအတွက် ကူညီဖြေရှင်းပေးမည့် Postal Code စနစ်ကို စတင်အသုံးပြုနိုင်ပါသည်။
-
/ လုပ်ငန်းများ နှင့်
/ လုပ်ငန်းများ အတွက် အသုံးတည့်စေမည့် စနစ်အား ဖြစ်ပေါ်လာစေရန်အတွက် ကျွန်ုပ်တို့ ကုမ္ပဏီမှ မြန်မာ့စာတိုက်လုပ်ငန်းနှင့် နည်းပညာဆိုင်ရာ အခန်းကဏ္ဍ၌ (၄) နှစ်ကျော် ပူးပေါင်းဆောင်ရွက်၍ကြိုးစားအားထုတ်ခဲ့ပါသည်။
-
🔍 ပို့စ်ကုဒ်ရှာဖွေရန်
https://myanmarpost.com.mm/postcode
-
📱 Enduser Application
Android : https://play.google.com/store/apps/details?id=zatech.com.myanmarpost
iOS : https://apps.apple.com/us/app/myanmar-post/id1556980789/
-
(All Data Myanmar/English)
🌏 https://bit.ly/2W0s9y4
(All Data Myanmar)
🇲🇲 https://bit.ly/3tVJk0j
(All Data English)
🇬🇧 https://bit.ly/3lMpRez
-
နည်းပညာဝန်ဆောင်မှုပေးသူများအတွက် ~
🧰 https://github.com/MyanmarPost/MyanmarPostalCode

24/01/2021

ကျွန်ုပ်တို့ ဇ ကုမ္ပဏီ အကြောင်း
------------------------
၂၀၁၂ ခုနှစ် ဇူလိုင်လတွင်ဖြစ်၏
-
စစ်အုပ်ချုပ်ရေးစနစ် မှ အစိုးရစနစ်သစ်သို့ စတင်ပြောင်းလဲသော ကာလတွင် မြန်မာနိုင်ငံသို့ အပြီးတိုင်ပြန်လာ၍ အများပြည်သူတို့၏ စီးပွားရေးကို အထောက် အပံ့ဖြစ်စေနိုင်မည့် လုပ်ငန်းလုပ်ကိုင်ရန် ကျွန်ုပ်တို့ {ဤကုမ္ပဏီကို စတင်တည်ထောင်ရန်ကြံစည်ကြသူများ} ရင်ဘတ်ချင်း တူသူများ UAEနိုင်ငံ Dubai မြို့ တစ်နေရာ ၌ တိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။
-
ပြည်ပနိုင်ငံများ၌ လုပ်ကိုင်နေကြရသော မျက်နှာမွဲ ကျွန်ုပ်တို့ ရွှေမြန်မာတွေက ပြည်ပနိုင်ငံများမှာ ဒုက္ခကြုံရတိုင်း ကာကွယ်ခုခံပေးသူမရှိလို့ ပြုသမျှ နုရသော ဘဝ မှ နေခဲ့ကြရသူတွေ ဖြစ်လို့ သိမ်ငယ်စိတ်နှင့် အတူခံစားချက်ပြင်းပြသူတွေဖြစ်ကြပါတယ်။ အခြားအခြားသော နိုင်ငံများနည်းတူ ကျွန်ုပ်တို့နိုင်ငံသားများသည်လည်း နိုင်ငံတကာ အလယ်မှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်လို့စိတ် ပြင်းပြသူတွေ ဆိုရင်လည်း မမှားပါဘူး။
-
ရွှေပြည်တော်မျှော်တိုင်းဝေး ဆိုသလို ပြည်ပရောက် ရွှေ့ပြောင်း အလုပ်သမားများဟာ ရွှေပြည်တော်ကြီးကို ၂၀၁၂ ခုနှစ်မှာ နည်းလမ်းအမျိုးမျိုးဖြင့် မြန်မာပြည်ကိုပြန် လာဖို့ ကြိုးစားခဲ့ကြတဲ့ လူတွေအထဲ ကျွန်ုပ်တို့ ဇကုမ္ပဏီကို တည် ထောင် သူများလည်း အများနည်းတူပါဝင်ခဲ့ပါတယ်။
-
ကျွန်ုပ်တို့ ကုမ္ပဏီ စတင်တည်ထောင်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အတွက် စီးပွားရေးအခွင့်အလမ်း နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေမယ့် E-Commerce Platform တစ်ခု တည်ထောင် ပြီးဝန်ဆောင်မှုပေးနိုင်စေဖို့ဖြစ်ပါတယ်။
ဒါ့ကြောင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့မှာတော့ တရားဝင်ကုမ္ပဏီ အဖြစ်မှတ်ပုံတင်ပြီး ZawGyi Mart E-Commerce Platform ကိုစတင်လည်ပါတ်ခဲ့ပါတယ်။
-
အင်တာနက်ကွန်ယက်တွေဟာ ယခုချိန်လို လွယ်ကူလျှင်မြန်ခြင်းမရှိသေးတဲ့ အပြင် ပို့ဆောင်ရေးစနစ် နှင့်အတူ ငွေပေးချေစနစ်ဟာ အဆင်သင့်ရှိမနေခဲ့ပါဘူး။
အဆိုးဝါးဆုံးပြဿနာကတော့ Real Time Tracking System မရှိပဲ ပို့ဆောင်ခ နှုန်းထားများသည် အင်မတန်များပြားလွန်းလှပါသည်။
E-Commerce လုပ်ငန်းတစ်ခုရဲ့ အသက်သွေးကြောဖြစ်တဲ့ ဖော်ပြပါ (၂) ချက်က ကျနော်တို့ လုပ်ငန်းတွေ ဆက်လက်ရပ်တည်ဖို့ အဟန့်အတားများဖြစ်ခဲ့ပါတယ်။
-
မြန်မာပြည်ပြန်မလာခင်က မျှော်လင့်ထားသလိုတွေဖြစ်မလာခဲ့တော့ ကျွန်တော်တို့တတွေ ဟာ အများနည်းတူကြုံနေရတဲ့ ပြဿနာတစ်ချို့ကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။
မြန်မာပြည်ရဲ့ နေရာအနှံ့အပြားကို သက်သာတဲ့ နှုန်းထားနဲ့ ပို့ဆောင်ပေးဝေ လို့ရမယ့် တစ်ခုတည်းသော လုပ်ငန်းဖြစ်တဲ့ မြန်မာ့စာတိုက်လုပ်ငန်းကို နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။
-
ကျနော်တို့ဟာ ၂၀၁၃ ဂျူလိုင် ကစလို့ မြန်မာ့စာတိုက်လုပ်ငန်းအတွက် Research & Development လုပ်ငန်းများ ကို အချိန်ရသမျှလုပ်ခဲ့ကြပါတယ်။ ယနေ့ မြန်မာ့စာတိုက်လုပ်ငန်းမှာ အသုံးပြုနေတဲ့ ePost System ဟာ ZawGyi Mart ရဲ့ Order Tracking Ex Technology ပဲဖြစ်ပါတယ်။
-
၂၀၁၆ ခုနှစ် ဇွန်လ လောက်မှာတော့ မြန်မာ့စာတိုက်လုပ်ငန်း (Myanmar Post) က တရားဝန်ခေါ်ယူတဲ့ Delivery Monitoring System တင်ဒါမှာ အနိုင်ရခဲ့တာကြောင့် ကျနော်တို့တတွေဟာ ဆုံးဖြတ်ချက် ကြီးကြီးမားမားတစ်ခုကို ချခဲ့ကြပါတယ်။
အများအတွက်ကောင်းစေဖို့ဖြစ်လို့ တစ်ဦးတစ်ယောက် အဖွဲ့အစည်းတစ်ခုဟာ အနစ်နာခံရမယ်ဆိုတဲ့ အတိုင်း ကျနော်တို့ ကုမ္ပဏီက ZawGyi Mart E-Commerce လုပ်ငန်းကို ရက်အကန့်အသပ်မရှိ ရပ်တန့်ခဲ့ရပါတယ်။
ဒါဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်မဟုတ် မှန်းကို အဲ့ဒီ့ အချိန်ကာလကတည်းက နေ အခုလက်ရှိအချိန်ထိလည်း ယုံကြည်ခဲ့ပါတယ်။
ကျနော်တို့ကလည်း အဲ့ဒီ့အတွက် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး။
-
တစ်ဖက်မှာ နာမည်ကြီး Mart တစ်ခုမှ ZawGyi Mart Platform ကို Modified လုပ်ပေးဖို့ ကမ်းလှမ်းတဲ့ ဒေါ်လာ ၈၀၀၀၀ တန် လုပ်ငန်းတစ်ခု ကိုလဲ လက်လွှတ်ခဲ့ရပါတယ်။ ကျနော်တို့ ကုမ္ပဏီ ရပ်တည်နိုင်ဖို့ သက်သက် သာ စဥ်းစားခဲ့ရင်တော့ အဆိုပါ E-Commerce Platform Service လေးကို တစ်ဦးတစ်ယောက် အတွက် လုပ်ပေးရမှာ ဖြစ်ပြီး မြန်မာ့စာတိုက်လုပ်ငန်းကို လက်လွှတ်လိုက် ရမှာပါ။ ဒါပေမယ့် ကျနော်တို့ကုမ္ပဏီက အများအတွက် ရေရှည်မှာ အဆင်ပြေစေမယ့် အထောက်အကူပြုလုပ်ငန်း ကို ရွေးချယ်ခဲ့တာကြောင့် ကျနော်တို့ ဖြတ်သန်းရတဲ့ ကာလဟာ မလွယ်ကူလှပါဘူး။
-
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်လည်ပါတ်ခဲ့တဲ့ မြန်မာ့စာတိုက်လုပ်ငန်း ရဲ့ Delivery Monitoring System ရဲ့ အကျိုးကျေးဇူးကြောင့် ယနေ့ ePost System လို့ လူသိများတဲ့ E-Commerce Platform Backend က ရလဒ်များကတော့ အားရစရာအင်မတန်ကောင်းလှသလို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။
နည်းနာနိဿယ ကူးယူလေ့လာစရာ မရှိခဲ့ပဲ R&D မှာသာ အခြေခံပြီး မပြည့်မစုံတဲ့ အခြေအနေမှာ လုပ်ခဲ့ရတာမို့ အခက်အခဲတော့ အများကြီးရှိခဲ့ သလို အသုံးပြုသူများဟာလည်း အင်မတန်သီးခံခဲ့ကြရပါတယ်။
ဒီလို အခက်အခဲ နှင့် အဆင်မပြေမှုကြားမှာပဲ ၂၀၁၇ ခုနှစ်မှ ၂၀၂၀ခုနှစ် အထိ အွန်လိုင်းစျေးရောင်းသူများ အတွက် ကျပ် ဘီလီယံ (၄၀) ကျော် ကိုရှာဖွေပေးနိုင်ခဲ့ပါတယ်။ ၎င်းများပြားလှတဲ့ ငွေပမာဏ ကို အစွန်းအထင်း အမှားအယွင်းမရှိ ယနေ့အထိ AYA Bank မှတဆင့် နေ့စဥ် လွှဲပြောင်းပေး နေစဲဖြစ်ပါတယ်။
-
ယခု ၂၀၂၁ခု နှစ်ထဲမှာတော့ ကျနော်တို့ရဲ့ အတွေ့ အကြုံနဲ့ အသုံးပြုကြသူများရဲ့ လိုအပ်ချက်များကို ပေါင်းစပ် အဆင့်မြှင့်တင်ထားတဲ့ အားလုံးပါဝင်လုပ်ကိုင်လို့ ရမယ့် Community Commerce Platform စနစ်ကို Global MarketPlace အမည်နှင့်အတူ မြင်တွေ့ကြရမှာဖြစ်ပါတယ်။
၎င်း လူထုအခြေပြု Community Commerce Platform သည် ကပ်ရောဂါကြောင့် စီးပွားရေ အထိနာသွားကြသော လုပ်ငန်းငယ်လေးများအတွက် များစွာ အထောက်အကူပြုစေမှာပါ။
ထုတ်ကုန်ရောင်းချ တဲ့ လုပ်ငန်းသက်သက်မဟုတ် ပဲ လူတိုင်းရဲ့ဝန်ဆောင်မှုကိုပါ ရောင်းချလို့ ရမယ့်နေရာတစ်ခုဖြစ်ပါတယ်။ မည်သူမဆို ဝင်ရောက်လုပ်ကိုင် နိုင်ဖို့ ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဖြစ်လို့ အများပြည်သူတို့ အတွက် အထောက် အပံ့ဖြစ်စေဖို့ မျှော်လင့်မိပါတယ်။
-
ယနေ့ ၂၀၂၁ခု နှစ် ဇန်နဝါရီလ ၂၅ ရက်နေ့ဟာ ကျနော်တို့ကုမ္ပဏီ တရားဝင် ကုမ္ပဏီ လိုင်စင်ရခဲ့တာ ၈ နှစ်တိတိ ပြည့်ပါပြီ။
ပရောဂ အမျိုးမျိုးနှင့် ကပ်ရောဂါ နှင့် အခက်အခဲမျိုးစုံကြား မှ ယခုအချိန်ထိ ရပ်တည်နိုင်နေခဲ့တာဟာလည်း မြန်မာနိုင်ငံသားများ အပေါ် ထားရှိတဲ့ ကျနော်တို့ ကုမ္ပဏီ၏ သန့်ရှင်းသော စေတနာ ကြောင့်ဖြစ်သည်ဟု ယုံကြည်လျှက် ဂုဏ်ယူဝမ်းမြောက်မိလျှက်ရှိပါသည်။
-
နောင်အနာဂါတ်များစွာတွင်လည်း ကျွန်ုပ်တို့ ကုမ္ပဏီမှလုပ်ဖော်ကိုင်ဖက် များအားလုံးတို့သည် အများပြည်သူအတွက် အကျိုးပြုစေမည့် နည်းပညာအခြေပြု လုပ်ငန်းများကိုသာ ဆက်လက်ကြိုးစားလုပ်ကိုင်သွားမှာဖြစ်ပါတယ်။
-
ဤ ဥဒါန်းစာဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုအသီးသီးကို အသုံးပြုလျှက်ရှိကြသော လုပ်ငန်းရှင်အသီးသီးကို ကျေးဇူးအထူးတင်ရှိ၍ဂါဝရပြုလျှက်...
ဇော်မင်းအောင်
Managing Director(Founder)
၂၅၊ ဇန်နဝါရီ၊ ၂၀၂၁

https://myco.dica.gov.mm/Corp/EntityProfile.aspx?id=c3ac4083-a7ea-45fb-83c5-3de698630992

Address

132, 7th Floor, Anawrahta Road, Botahtaung Tsp
Yangon
11161

Opening Hours

Monday 09:00 - 16:30
Tuesday 09:00 - 16:30
Wednesday 09:00 - 16:30
Thursday 09:00 - 16:30
Friday 09:00 - 16:30

Telephone

+95977977077

Alerts

Be the first to know and let us send you an email when Za Information Technology Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Za Information Technology Co.,Ltd.:

Share