STK Bakery Supply Shop

STK Bakery Supply Shop We sell Bakery raw materials, Bakeware, Baking tools, Decoration accessories, Packaging, Equipment, Food & Beverage etc for bakeries, cafes, and hotels’ needs.

29/08/2026

မင်မင်တို့ STK BAKERY SUPPLY SHOP မှာ လေစုပ်လို့လဲရ အိတ်ပိတ်လို့လဲရတဲ့ လေစုပ်အိတ်ပိတ်စက်လေးတွေ instock ရောက်နေပါပီရှင့်

🍕ချိစ့်အမျှင်ဆွဲအားများများနဲ့ Emborg Pizza Topping ပြန်ရောက်ပြီနော်..ဆိုင်သမားတွေအတွက် အရမ်းအသုံးဝင်တဲ့Emborg Pizza Top...
28/08/2026

🍕ချိစ့်အမျှင်ဆွဲအားများများနဲ့ Emborg Pizza Topping ပြန်ရောက်ပြီနော်..
ဆိုင်သမားတွေအတွက် အရမ်းအသုံးဝင်တဲ့
Emborg Pizza Topping (2.3)Kg Block အတုံး


#မုန့်ကုန်ကြမ်း

Gelatin Powder အစား ဂျယ်လတင်းအရွက်လေးတွေနဲ့လည်းအစားထိုးသုံးလို့ရတယ်နော်Gelatin ကို Baking မလုပ်ရသောအချိုပွဲ၊ ကိတ်မုန့်မျ...
27/08/2026

Gelatin Powder အစား ဂျယ်လတင်းအရွက်လေးတွေနဲ့လည်းအစားထိုးသုံးလို့ရတယ်နော်
Gelatin ကို Baking မလုပ်ရသောအချိုပွဲ၊ ကိတ်မုန့်များတွင်အသုံးပြုပါသည် 👨‍🍳
🍮 (အိအိတုံတုံပူတင်း၊ ကိတ်၊ ကျောက်ကျော၊
ဂျယ်လီ၊ Panna Cotta )..
Gelatin ကိုတိရိစ္ဆာန်၏ Collagen မှပြုလုပ်သည်။နွား၊ဝက်၊ ငါးများ၏အ‌ရေပြား၊ အရွတ်၊ အရိုးများမှရရှိသော ပရိုတင်းတစ်မျိုးဖြစ်သည်။ဟင်းသီးဟင်းရွက်မှလည်းပြုလုပ်သည်။
📌 Gelatin Powder နှင့် Gelatin Sheet (အရွက်)ဆိုပြီးရှိပါတယ်...
အသုံးပြုပုံ
☑️Gelatin Powder မှုန့်
Gelatin မှုန့် လက်ဘက်ရည်ဇွန်း 1/2 ဇွန်းကိုပန်ကန်လုံးသေးသေးလေးထဲတွင် ရေအေးအနည်းငယ်ထည့်ပြီးခက်ရင်းဖြင့်မွှေပါ။
နောက်ထပ်ပန်ကန်လုံးထဲတွင်ရေနွေးဆူဆူထည့်ပြီး Gelatin မွှေထားသော ပန်ကန်လုံးသေးသေးကိုထည့်ပါ။ Gelatin ပျော်သည့်အထိမွှေပါ။၅မိနစ်လောက်အအေးခံပါ။
Juice အရည် ထဲ သို့အအေးခံထားသော Gelatin ရောထည့်ပြီးမွှေပါ။‌
ရောနှောမှုနှစ်ခုစလုံးသည်တူညီသောအပူချိန်တွင်ရှိရမည်။
ရေခဲသေတ္တာထဲသို့ထည့်ပြီး။မာမာလေးဖြစ်ပါကဂျယ်လီ‌လေးရပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~
☑️Gelatin Sheet (or) Leaves
Gelatin အရွက်ကို ရေအေးတစ်ပန်ကန်တွင် ၅ (သို့) ၁၀ မိနစ်လောက်ပျော့သည်အထိထားပြီး ရေစစ်ထုပ်ပါ။မိမိပြုလုပ်သော အရောအနှော Dessert ထဲသို့ထည့်မွှေပြီးအသုံးပြုနိုင်ပါသည်။
~~~~~~~~~~~~~~~~~~~~~~~
Gelatin ၏ကောင်းကျိုးများ ⬇️
~~~~~~~~~~~~~~~~~~~~~~~
☑️ Gelatin သည် Collagen Base ဖြစ်သောကြောင့် ခန္ဓာကိုယ်၏ Collagen ထုတ်လုပ်မှုတိုးတက်စေတယ်။ Smoothie ထဲတွင် Gelatin Powder အနည်းငယ်ထည့်၍သောက်သုံးနိုင်သည်။
~~~~~~~~~~~~~~~~~~~~~
☑️ မျက်နှာချောမွေ့ပြီးအသားအ‌ရေတင်းရင်းစေတယ်.. Gelatin အမှုန့်နှင့်ကြက်ဥအကာနဲ့လည်း‌ကောင်း
Gelatin အမှုန့်နှင့် ရေနွေးအနည်းငယ်ဖြင့် Gelatin အမှုန့်အရည်ပျော်သည့်အထိမွှေပါ (သို့) Microwave ထဲသို့ထည့်ပါ။အအေးခံပြီး Facemask အဖြစ်အသုံးပြုနိုင်သည်။မျက်နှာ‌ပေါ် မိနစ် (30) လောက်ထားပါ။
Baking နှင့် ပတ်သက်တဲ့ ဗဟုသုတတွေမျှဝေနေတဲ့ STK Page ကို ကြိုက်နှစ်သက်ပါက ➡️ Like and Share ,Follow လုပ်သွားပေးနော်

မင်မင်တို့ STK ဆိုင်မှာ Puratos brand sponge vanilla cake mix လေးတွေ instock ရောက်ထားပါတယ်ရှင့် 🥳
26/08/2026

မင်မင်တို့ STK ဆိုင်မှာ Puratos brand sponge vanilla cake mix လေးတွေ instock ရောက်ထားပါတယ်ရှင့် 🥳

✅ 100% Matcha Green Tea Powder Kawami Matcha Powder က အရောင် နှင့် အနံ့ ပေါင်းထည့်ခြင်းမရှိပဲ သဘာဝအတိုင်း အနံ့ နှင့် အရေ...
25/08/2026

✅ 100% Matcha Green Tea Powder
Kawami Matcha Powder က အရောင် နှင့် အနံ့ ပေါင်းထည့်ခြင်းမရှိပဲ သဘာဝအတိုင်း အနံ့ နှင့် အရောင် ပါဝင်လို့ Premium အရသာကို ရရှိပါသည်။
Kawami Matcha Powder 100g
~~~~~~~~~~~~~~~~~~~~~~~~~~~~
Recipe
✅ Matcha Latte
Kawami Matcha Powder - 5 g
Water - 30 ml
Sugar Syrup - 15 ml
Milk -120 ml
Ice - 16 oz
◾ခွက်ထဲသို့ Matcha Powder ထည့်၊ ရေထည့်ပြီး မွှေမည်။သကြားရေ၊နို့ထည့်ပြီး Tea Whisk ဖြင့် အမြုပ်ထသည်အထိမွှေပါ။
◾ရေခဲ (16) oz ခွက်ထဲသို့ ထည့်ပါ။

#မုန့်ကုန်ကြမ်း

ကျန်းမာရေးနှင့်ညီညွတ်ပြီး ဝိတ်မတတ်‌စေတဲ့တဲ့ Whole Wheat Bread ပြုလုပ်နည်း 👨‍🍳🥪 Sandwich လုပ်မလား၊ ထောပတ်နဲ့ စားမလား၊ ပျာ...
24/08/2026

ကျန်းမာရေးနှင့်ညီညွတ်ပြီး ဝိတ်မတတ်‌စေတဲ့
တဲ့ Whole Wheat Bread ပြုလုပ်နည်း 👨‍🍳
🥪 Sandwich လုပ်မလား၊ ထောပတ်နဲ့ စားမလား၊ ပျားရည်နဲ့စားမလား မိမိ နှစ်သက်ရာ အသီးတွေနဲ့လည်းစားလို့ရတယ်နော် 🥗
ပါဝင်ပစ္စည်းများ
◾Warm Water - 1 Cup (236 ml)
◾Honey - 2 Tablespoons (32 g)
◾Salt - 1/2 Tablespoons (5 g)
◾Instant Yeast - 4.5 g
◾Unsalted Butter - 3 Tablespoons (43 g)
◾Whole Wheat Flour - 2 3/4 Cups (330 g)
ပြုလုပ်ပုံအဆင့်ဆင့်
✅ ဇလုံတစ်ခုထဲသို့ ရေနွေးပျားရည်၊ Yeast တဆေးထည့်ကာ ရောမွှေပေးပါ။ Yeast က Bubble တွေဖြစ်လာသည်အထိ (၅)မိနစ်မှ (၁၀)မိနစ် ခန့်ထားပါ။ ပြီးရင်ထောပတ်၊ ဂျုံထည့်ပြီးရောမွှေပါ။ တူဖြင့်(၈)မိနစ်ခန့်မွှေပါ။ ပြီးရင် လက်ဖြင့်မုန့်သားကိုဖြည်းဖြည်းချင်းဖိဆွဲပြီး ပါး၍ ကျယ်လာအောင်ဆွဲကြည့်ပါ။ ပလတ်စတစ်လို ပါး၍ကျယ်လာပြီးမပြတ်ထွက်၊မပြဲထွက်လျှင် မုန့်သားနယ်တာရပ်လို့ရပါပြီ။
ပြတ်ထွက်၊ ပြဲထွက်လျှင် အနည်းငယ် ထပ်မံနယ်ပါ။
~~~~~~~~~~~~~~~~~~~
✅ နယ်လို့ အဆင်သင့်ဖြစ်သောဂျုံသားကို လုံးထား၍ ဆီသုတ်ထားသော ဇလုံတစ်ခုထဲသို့ထည့်ပြီး သန့်ရှင်းသော မီးဖိုချောင်သုတ်ပဝါ (သို့) Plastic Warp ဖြင့်အုပ်ပြီး ဂျုံမှုန့်အရွယ်အစား နှစ်ဆတိုးလာသည်အထိ မိနစ် (၃၀) ခန့် အနားပေးအပွခံထားပါ။
~~~~~~~~~~~~~~~~~~~
✅ မူလထက် တစ်ဆနီးပါး ပွလာသော ဂျုံသားကို လက်ဖြင့် ရိုက်ပြားပြီး လေထုတ်၍ပြန်လုံးပြီး ဒုတိယအကြိမ် အပွခံ၍ မိနစ် (၃၀)ခန့်အနားပေးပါ။
~~~~~~~~~~~~~~~~~~~
✅ မုန့်နှစ်ကို ညင်ညင်သာသာ လက်ဖြင့်ယူပါ။ မုန့်နှစ်ကိုပြန်နယ်ပြီးမိုထဲထည့်မည့် အရွယ်အစားလောက်ပုံစံပုံသွင်းပြီး ဆီသုတ်ထားသော ပေါင်မုန့် မိုလ်ထဲသို့ထည့်ပါ။
~~~~~~~~~~~~~~~~~~~
✅ မီးအပူချိန် အပေါ်အောက် 220°C ဖြင့် (25-35) မိနစ်အထိ ဖုတ်ပါ။(၁၀)မိနစ်ခန့်အအေးခံပြီး ပေါင်မုန့်အပေါ်ယံအလွှာကို ဆီ(သို့)အရည်ပျော်ထောပတ်ဖြင့်သုတ်ပေးပါ။
**Baking ဝါသနာပါသူများအတွက် ဗဟုသုတများ မျှဝေပေးနေတဲ့ STK page ကို ကြိုက်တယ်ဆိုရင် Like and Follow လေးလုပ်ပေးနော်


22/08/2026

Glucose syrup မေးထားတဲ့ customer လေးတွေအတွက် မင်မင်တို့ STK BAKERY SUPPLY SHOP မှာ Fish brand glucose syrup လေးတွေပစ္စည်းရောက်ထားပါတယ်ရှင့် ❤️

ဒုံးပျံတံဆိပ် whole wheat flour လေးတွေ instock ရောက်ထားပါတယ်ရှင့် 👨‍🍳မှာယူချင်တယ်ဆိုရင်တော့ FB Page, Website မှတစ်ဆင့်မှ...
21/08/2026

ဒုံးပျံတံဆိပ် whole wheat flour လေးတွေ instock ရောက်ထားပါတယ်ရှင့် 👨‍🍳
မှာယူချင်တယ်ဆိုရင်တော့ FB Page, Website မှတစ်ဆင့်မှာယူနိုင်ပါပြီ။
Baking အတွက်ဆိုသင်နှင့်အတူအမြဲရှိနေမည့်
STK Bakery Supply Shop 🙋‍♀️🙋‍♂️
#မုန့်ကုန်ကြမ်း

20/08/2026

ကိတ်‌ဘေးပတ်လည် Cream ပတ်ပြီး
Decoration ဆင်မလား.........🎂
ကိတ်ပေါ်
Decoration ဆင်မလား ....🧁
ရေခဲမုန့် နှင့် Pillow မုန့်များအတွက်
အသုံးပြုမလား ..........🍦.....🍨...
ကိတ်၊ အချိုပွဲ ဖျော်ရည်များအလှဆင်ဖို့အတွက် Topping Cream တံဆိပ်အမျိုးမျိုးကို မင်မင် တို့ STK မှာ ဝယ်ယူလို့ရပါတယ်ရှင့်



ချောကလက်နဲ့ပတ်သက်တဲ့မုန့်များပြုလုပ်ဖို့အတွက် Baker တိုင်းကြိုက်တဲ့ CARAT တံဆိပ် Chocolate dark button 5 kg,1 kg ,200g s...
19/08/2026

ချောကလက်နဲ့ပတ်သက်တဲ့မုန့်များပြုလုပ်ဖို့အတွက် Baker တိုင်းကြိုက်တဲ့ CARAT တံဆိပ် Chocolate dark button 5 kg,1 kg ,200g size များ 🍫 instock ရောက်ထားပါတယ်ရှင့် ☺️


Address

No(98), Mya Thazin Tower, Upper Pansodan Road, Mingalar Taung Nyunt Tsp, Yangon. , Yangon
Yangon
11221

Alerts

Be the first to know and let us send you an email when STK Bakery Supply Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share