TZZ Delivery Service

TZZ Delivery Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TZZ Delivery Service, Business service, Yangon.

22/05/2025

18-8-24ရက်နေ့မှစပြီး Deliveryစျေးနှုန်းများပြောင်းလဲကောက်ခံပါမည်ဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ်များအား အသိပေးအကြောင်းကြားအ...
17/08/2024

18-8-24ရက်နေ့မှစပြီး Deliveryစျေးနှုန်းများပြောင်းလဲကောက်ခံပါမည်ဖြစ်ကြောင်း မိတ်ဟောင်းမိတ်သစ်များအား အသိပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။ဝါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမ...
20/07/2024

ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။

ဝါဆို လပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာတရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ်စဝဂ်ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀နခြံသောအားဖှငြ့ ဟောကြားတော်မူခဲ့ပါသည်

#ဓမ္မစကြာ_တရားတော်သည်

ဝိနည်းမဟာဝါပါဠိတော်၌
ပဉ္စ၀ဂ္ဂိယကထာ-အမည်ဖြင့် လာရှိပါသည်

ပဋိသမ်ဘိဒါမဂ္ဂပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်

ဓမ္မစက္ကပ၀တ္တန၏ အဓိပ်ပါယျမှာ
တရားတည်းဟူသော အသိစက္ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ်ပါယျ ရပါသည်

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး
သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်
ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သေဘာတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအဖြစ် ၀နခြံတောမြူသောနေ့ဖှဈ၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
ဝါဆိုပန်းများ ကပ်လှူခြင်း၊
ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်။

🙏မေတ္တာဖြင့်

ခေတ်ကာလ ကုန်စျေးနှုန်းကြောင့် TZZ Deliveryရဲ့ ရန်ကုန်မြို့တွင်းပို့ခ နှုန်းထားများ အနည်းငယ်ပြောင်းလဲကောက်ခံပါမည့်အကြောင်...
02/06/2024

ခေတ်ကာလ ကုန်စျေးနှုန်းကြောင့် TZZ Deliveryရဲ့ ရန်ကုန်မြို့တွင်းပို့ခ နှုန်းထားများ အနည်းငယ်ပြောင်းလဲကောက်ခံပါမည့်အကြောင်း မိတ်ဟောင်း မိတ်သစ်များကိုပန်ကြားလိုက်ပါတယ်နော်☺️☺️အလုပ်အပ်နှံပေးကြသော Online shopများ စီးပွားတိုးတက်ပါစေနော်။

17/04/2024

မင်္ဂလာနှစ်သစ်မှာ
စိတ်ချမ်းသာခြင်း
ကိုယ်ကျန်းမာခြင်းနှင့်
ပြည့်စုံပြီး
စီးပွားတိုးတက်ပါစေ
TZZ Delivery မှ မင်္ဂလာဆုမွန်ကောင်းပို့သလိုက်ပါတယ်🥰🥰

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်  မြန်မာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် ကာလတွင် မိတ်ဟောင်း၊ မိတ်သစ်အပေါင်း ဘေးဘယာကင်း...
13/04/2024

မြန်မာနှစ်သစ်ကူး အတာသင်္ကြန် ပွဲတော်

မြန်မာနှစ်သစ်ကူး အတာ သင်္ကြန်ပွဲတော် ကာလတွင် မိတ်ဟောင်း၊ မိတ်သစ်အပေါင်း ဘေးဘယာကင်းဝေးပြီး မိသားစုဝင်များနဲ့အတူ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ၊ ပျော်ရွှင် ကြပါစေကြောင်း TZZ Delivery မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။


#သင်္ကြန်ပွဲတော်

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲ယနေ့ကျရောက်သော (၇၇)ကြိမ်မြောက်ပြည်ထောင်စုနေ့အား လေးစားစွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။ #ပြည်ထောင်စုနေ့ တို...
12/02/2024

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

ယနေ့ကျရောက်သော (၇၇)ကြိမ်မြောက်ပြည်ထောင်စုနေ့အား လေးစားစွာဂုဏ်ပြုကြိုဆိုအပ်ပါသည်။

#ပြည်ထောင်စုနေ့ တို့မမေ့

🧧 Happy Chinese New Year 2024 🧧နှစ်သစ်ကစပြီး ကံကောင်းခြင်း၊ကျန်းမာခြင်း၊ဓနဥစ္စာပေါကြွယ်ဝခြင်းနဲ့အတူ ပျော်ရွှင်တဲ့ " နဂါး...
10/02/2024

🧧 Happy Chinese New Year 2024 🧧
နှစ်သစ်ကစပြီး ကံကောင်းခြင်း၊ကျန်းမာခြင်း၊ဓနဥစ္စာပေါကြွယ်ဝခြင်းနဲ့အတူ ပျော်ရွှင်တဲ့
" နဂါးနှစ်လေး " ဖြစ်ပါစေ​😊😊

(၇၆)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။မြန်မာပြည် ကမ္ဘာတည်သရွေ့တည်တံ့ပါစေ။
03/01/2024

(၇၆)ကြိမ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုပါ၏။မြန်မာပြည် ကမ္ဘာတည်သရွေ့တည်တံ့ပါစေ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when TZZ Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share