Photon Wave Technology

Directions Website

Photon Wave Technology Photon Wave Technology : The Future of Secure, High-Speed Internet

29/09/2026

😬

04/08/2026

အချိန်အကြာကြီး Service အဆင်မပြေမှုတွေဖြစ်ခဲ့ပါတယ်။ တစ်ပါတ်ကျော် နှစ်ပါတ်နီးပါရှိခဲ့ပါပြီ။ Photon Wave အနေနဲ့လဲ လုပ်ငန်းကြပ်နေတဲ့အချိန် Server တွေလဲ မဖြစ်မနေရွှေ့ပေးရတဲ့အချိန် Photon Wave Admin Team တစ်ခုလုံး ဖိုင်ဘာဆက်ကြောင်း ပြုပြင်ထိန်းသိမ်း‌ရေးလုပ်ငန်းတစ်ခုကို တာဝန်ယူရတဲ့အချိန် တစ်ပြိုင်တည်းအားလုံးတိုက်ဆိုင်သွားတော့ Admin Team ရွာလည်ပြီး အချိန်အတိုင်းအတာတစ်ခုအထိ ဝန်ဆောင်မှုညံ့ဖျင်းခဲ့တာရှိပါတယ်။ဝန်ဆောင်မှုလုံးဝပြတ်တောက်သွားတာမျိုးမဖြစ်အောင် Backup Server တွေပေါ်မှာပဲ Run ထားခဲ့ရတာပါ။ တစ်ဖက်မှာ Photon Wave ရဲ့ပင်မအလုပ်ကိြ အားသွန်ခွန်စိုက်လုပ်နေရသလို လက်ရှိဝန်ဆောင်မှုပေးနေတဲ့ Service ကိုလဲအမြန်ဆုံးဖြစ်အောင် Over time ဆင်းပြီးပါလုပ်နေပေမယ့် အချိန်အတိုင်းအတာတစ်ခုကြာခဲ့ပါတယ်။ဒီနေရာမှာ Photon Wave Team Members တွေကိုလဲ အလေးအနက်ထားကျေးဇူးတင်ကြောင်း အရမ်းပင်ပမ်းနေကြပေမယ့် အချိန်ပိုအလုပ်လုပ်ပေးခဲ့ကြတာကို အသိမှတ်ပြုကျေးဇူးတင်ပါတယ်။ ဒီနေ့တော့ သတင်းကောင်းပါ Photon Wave ရဲ့ ပင်မ Server တွေအားလုံးပြန်လည်ပြင်ဆင်ပြီးပါပြီ။ အားလုံး နဂို Performance နဲ့ နဂို Server တွေပါ။ လိုင်းသုံးရအဆင်မပြေဖြစ်နေတဲ့ မည်သည့် Client မဆို အခမဲ့ အပိုရက်များအပါ ပြန်လည်လဲပေးပါ့မယ်ခင်ဗျာ။ Photon Wave လုံးဝ အချိန်အခက်အခဲဖြစ်နေခဲ့တဲ့ကာလတစ်လျှောက်လုံးသည်းခံအသုံးပြုခဲ့ကြပေးတဲ့ Client တစ်ဦးတိုင်းအား Photon Wave မှ အလေးအနက်ကျေးဇူးတင်ပါကြောင်းနဲ့ အနူးအညွတ်တောင်းပန်ပါကြောင်း Photon Wave မှတောင်းပန်ပါတယ်ခင်ဗျာ။

Photon Wave Admin Team

16/07/2026

Photon Wave မှ ကြိုတင်တောင်းပန်ပါ‌ရစေခင်ဗျာ။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ Server ကုမ္ပဏီက Server တွေကို မဖြစ်မနေ Location Change ပေးရမှာဖြစ်ပြီး မနက်ဖြန် 17-7-2026 ရက်နေ့ ည ၈ နာရီ ဝန်းကျင်မှာ လိုင်းသုံးရအဆင်မပြေတာများဖြစ်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ Client တိုင်းကိုအမြန်ဆုံးဝန်ဆောင်မှုပေးသွားနိုင်အောင်ကြိုးစားသွားမှာပါခင်ဗျ။ Client ၂၀၀၀ ကျော်အား တစ်ပြိုင်နက်ဝန်ဆောင်မှုပေးရမှာမို့ အကယ်၍ ဝန်ဆောင်မှုကြာချိန်လေး နောက်ကျခဲ့ရင်လဲ သည်းခံခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ခင်ဗျာ။ Server ကုမ္ပဏီနဲ့ ဘယ်လိုမှညှိလို့မရလို့ပါခင်ဗျာ 🙏🙏🙏

Key များအားလုံးဆက်လက်အသုံးပြုနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားနေပါတယ်ခင်ဗျာ။ ဝန်ဆောင်မှုအားလုံး အဆင်အပြေဆုံးဖြစ်အောင်ကြိုးစားပေမယ့် အမှန်တကယ်ရှောင်လွှဲလို့မရခဲ့တာမို့ ဝန်ဆောင်မှုများယာယီမပြတ်တောက်ခင် ကြိုတင်ကြေငြာတောင်းပန်ပါတယ်ခင်ဗျာ။

Photon Wave Admin Team

Photon Wave Customer ကြီးများခင်ဗျာလာမည့် ၃ ရက်အတွင်းမှာ ကျွန်တော်တို့ Photon Wave Server များထားသော ကုမ္ပဏီမှ Data Cent...
11/07/2026

Photon Wave Customer ကြီးများခင်ဗျာ

လာမည့် ၃ ရက်အတွင်းမှာ ကျွန်တော်တို့ Photon Wave Server များထားသော ကုမ္ပဏီမှ Data Center များပြောင်းရွှေ့သွားမယ်လို့သိရပြီး Photon Wave မှ သုံးစွဲလျက်ရှိသော Server များအားလုံး (အားလုံး) သည်လဲ မဖြစ်မ‌နေ ပြောင်းရွှေ့ပေးရမှာဖြစ်ပြီး Public IP အပြောင်းအလဲများကြောင့် Key များအားလုံး ချိတ်ဆက်၍ မရပဲဖြစ်နိုင်ပါတယ်ခင်ဗျာ ကျွန်တော်တို့အနေနဲ့ Server များ Ban ခံရခြင်းမျိုးမဟုတ်ပဲ Server ကုမ္ပဏီမှ Server များအား ပြောင်းရွှေ့နေရာချထားခြင်းကြောင့်ပါခင်ဗျာ။ ကျွန်တေယ်တို့အနေနဲ့ အဆိုပါ ရှောင်လွှဲ၍မရသော ဖြစ်ရပ်အား တာဝန်ယူသည့်အနေဖြင့် အစားထိုးလဲလှယ်ပေးသော Key တိုင်းအား ရက်အပိုသုံးစွဲခွင့်များထည့်သွင်းဆောင်ရွက်ပေးသွားပါ့မယ်ခင်ဗျာ။ Photon Wave ကိုအစဉ်အမြဲအသုံးပြုခဲ့ကြသော Client တစ်ဦးစီအား အလေးအနက်တောင်းပန်အပ်ပါတယ်ခင်ဗျာ။ Server Company ရဲ့ပြောင်းရွှေ့မှုမို့ ကျွန်တော်တို့ ဘယ်လိုမှညှိနှိုင်းလို့မရလို့ပါခင်ဗျာ 🙏🙏🙏

Photon Wave Admin Team

26/05/2026

Photon Wave Server များထဲမှ
အမှတ် ၆ Server
Public IP 152.160 ဖြင့် အဆုံးသတ်သည့်
Server တွင် Client အချို့ IP assign Error လေးဖြစ်ပေါ်ပြီး
ချိတ်ဆက်အသုံးပြုရခက်ခဲမှုလေးဖြစ်ပေါ်နေပါတယ်ခင်ဗျာ။ Server Ban ခံရခြင်းမျိုးမဟုတ်ပဲ
Client base Local Assign IP (none) ဖြစ်နေခြင်းပါခင်ဗျာ။
အဆိုပါ ကြုံတွေရသော Client များအနေဖြင့် Photon Wave သို့ပြန်လည်ဆက်သွယ်ပြီး Key အသစ်လေးနဲ့ လဲပေးပါ့မယ်ခင်ဗျာ။ အဆင်မပြေဖြစ်ခဲ့တဲ့ ရက်တိုင်းအတွက် အစားထိုးရက်များအပြင် အပိုရက်များပါ Photon Wave ဖက်မှ ပြန်လည်ဆောင်ရွက်ပေးပါ့မယ်ခင်ဗျာ။ အဆင်မပြေဖြစ်ခဲ့တဲ့အတွက် Photon Wave မှ အနူးအညွတ်တောင်းပန်ပါတယ်ခင်ဗျ။ 🙏🙏🙏

Photon Wave Admin Team

12/04/2026

Photon Wave သုံးစွဲသူ Client ကြီးများခင်ဗျာ။ Photon Wave Server များထဲမှ Server အမှတ် ၁ တွင် IP assign error ဖြစ်ပေါ်နေပါသဖြင့် ချိတ်ဆက်၍ မရခြင်းများရှိပါက Photon Wave id လေးဖြင့် Complaint ပြုလုပ်လို့ရပါတယ်ခင်ဗျာ။ Server Ban ခံရခြင်းမျိုးမဟုတ်ပဲ IP assign လုပ်ပေးတဲ့စနစ်လေးချွတ်ယွင်းသွားခဲ့လို့ပါခင်ဗျာ။ အဆင်မပြေမှုလေးဖြစ်ခဲ့တဲ့အပေါ် Photon Wave မိသားစုမှတောင်းပန်အပ်ပါတယ်ခင်ဗျာ။ မူရင်း Server နှင့် မူလသက်တမ်းများအတိုင်းပြန်ရပါ့မယ်ခင်ဗျာ။

Photon Wave Admin Team

Photon Wave New Version QR စနစ်ကအဆင်သင့်ဖြစ်သွားပါပြီ။ Design Colour ဘာညာအနေအထားကတော့ဖြင့်ပေါ့ 🙄Photon Wave Admin Team
05/04/2026

Photon Wave New Version QR စနစ်က
အဆင်သင့်ဖြစ်သွားပါပြီ။ Design Colour ဘာညာအနေအထားကတော့ဖြင့်ပေါ့ 🙄

Photon Wave Admin Team

19/03/2026

ကျွန်တော်တို့ Client ထဲက နှစ်ဦး ဒီနေ့ကျွန်တော်တို့ဆီ Complaint လာပါတယ် တစ်လလုံး ကောင်းကောင်းမသုံးရသေးဘူးတဲ့။ နှစ်ဦးစလုံးတစ်ပုံစံတည်း Complaint ပါ။တစ်ဦးကတော့ Resolved ပါ ကျန်တစ်ဦးကတော့ On going ပါ။ ကျွန်တော်တို့လဲ "ဟာ အစ်မ ဘာလို့ Complaint မလုပ်တာလဲ"ပေါ့။ ပထမ Client ဆို Public Key error ဖြစ်နေတာပါ။ Server Ban ခံရတာမျိုးလဲမဟုတ်။ Import သွင်းတဲ့အချိန်မှာ Error ဖြစ်ပြီး ပြန်Connect တဲ့အချိန် Server က Reject လုပ်‌သလိုဖြစ်နေတာ။ အားနာလို့ Complaint မလုပ်တာတဲ့။ 🥺 ကျွန်တော်တို့ Photon Wave ကို အားနာစရာလုံးဝ(လုံးဝ) ကိုမလိုတာပါ။ ကျွန်တော်တို့ အနေနဲ့က ဝန်ဆောင်မှု လုပ်ငန်းလုပ်နေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ Client တစ်ဦးစီတိုင်းကို အကောင်းဆုံးဆိုတဲ့ဝန်ဆောင်မှုပေးဖို့အသင့်ရှိသလို အဆိုပါဝန်ဆောင်မှုအတွက်လဲ ကျွန်တော်တို့ အခကြေးငွေရယူထားပြီးဖြစ်ပါတယ်။ တစ်လစာ ဝန်ဆောင်မှုရယူထားပြီးရင် တစ်လစာလုံးအတွက် စက္ကန့်မလပ် ကျွန်တော်တို့ တာဝန်ရှိပါတယ်။ စာချုပ်စာတမ်းတွေနဲ့ကြီးကြီးကျယ်ကျယ်စာမချုပ်ထားပေမယ့် ဒါဟာ ကျွန်တော်တို့ Client တွေနဲ့ ကျွန်တော်တို့ကြားထဲက Agreement ပါ။ တစ်လသက်တမ်းကုန်သွားမှ ကျွန်တော်တို့ တာဝန်ပြီးမြောက်ပါတယ်။ ထို့အတူပဲ ၃ လ ၆ လ ၁ နှစ် ဝန်ဆောင်မှုရယူထားတဲ့ Client တွေလဲ ရယူထားတဲ့ ဝန်ဆောင်မှုကာလအတွင်း ကျွန်တော်တို့တာဝန်ရှိပါတယ်။ Client ၂၀၀၀ ကျော်ကိုကျွန်တော်တို့ ဝန်ဆောင်မှုပေးရတဲ့အခါ အားနဲချက်တွေရှိကောင်းရှိနိုင်ပါတယ်။ သုံးလို့အဆင်မပြေဘူးဆို အားနာစရာမလိုပါဘူး။ စိတ်တိုရင် CB ထိလာဆဲလဲ ကျွန်တော်တို့ လက်ခံရမှာပါ။ လုံးဝသုံးလို့အဆင်မပြေသလို ကျွန်တော်တို့ Service Team အနေနဲ့လဲ ဖြေရှင်းမပေးနိုင်တဲ့ ကိစ္စမျိုးဆိုရင် Full refund ကိုကျွန်တော်တို့ဆောင်ရွက်ပေးပါတယ်။ တချို့ Client တွေကျတော့ လိုင်းဖြတ်ဒေသမှာသုံးလို့ရတယ်ထင်ပြီးဝယ်မိတာတွေကြုံဖူးပါတယ်။ ရန်ကုန်မှာဝယ်သွားပြီး လိုင်းဖြတ်ဒေသရောက်သွားတော့သုံးလို့အဆင်မပြေဘူးပေါ့။ Complaint လုပ်လာတဲ့အခါ ကျွန်တော်တို့ Full refund ပြန်လုပ်ပေးခဲ့ပါတယ်။ ကျွန်တော်တို့ မဖြေရှင်းပေးနိုင်တဲ့ကိစ္စမို့ပါ။ ကျန်ကိစ္စအားလုံးကို ကျွန်တော်တို့ Team က ဖြေရှင်းပေးနိုင်ပါတယ်။ Complaint လုပ်ဖို့ပဲ လိုတာပါ။ ဒါမှကျွန်တော်တို့ကအဆင်မပြေတာကိုသိပြီး ဘယ်လိုဖြေရှင်းပေးရမလဲဆိုတာကိုသိတာမို့ပါ။ Photon Wave ကိုသည်းခံပြီးမသုံးပါနဲ့ဆိုတာ ကျွန်တော်တို့ ပြောလေ့ရှိပါတယ်။ တကယ်ပါ လုံးဝသည်းခံပြီးသုံးဖို့မလိုတာပါ။ စိတ်မရှည်လို့ ဆဲရင်တောင် မင်မင် Team က ရန်ပြန်မတွေ့ပဲ အကောင်းဆုံးဝန်ဆောင်မှုကိုပဲ ဆောင်ရွက်ပေးမှာပါ။ Client ၂၀၀၀ ကျော်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ Client ကြီးများရှိရင် ကျွန်တော်တို့ကိုပြောပေးပါ။ ဒါမှကျွန်တော်တို့ ဖြေရှင်းပေးလို့ရတာမို့ပါခင်ဗျာ။ လုံးဝအားနာဖို့မလိုပါဘူးခင်ဗျာ။ ကျွန်တော်တို့အနေနဲ့ မည်သည့် Client တစ်ဦးတစ်ယောက်ရဲ့ Service Fees ကိုမှ အလကားယူရတာမျိုးလုံးဝအဖြစ်မခံနိုင်လို့ပါခင်ဗျာ။

Photon Wave Admin Team

17/03/2026

မင်မင် Admin Team အပြင်သွားစရာလေးရှိလို့
Customer Service ကို ည ၁၀ နာရီအထိ
ထားထားသော်လဲ ဒီနေ့တစ်ရက်တော့
ဖုန်းလေးခဏပိတ်ထားပါ့မယ်ခင်ဗျာ
ည ၉ နာရီခွဲလောက်မှာ Online လေး
ပြန်ဖြစ်ပါမယ်ခင်ဗျ။

Photon Wave Admin Team

မင်မင် Team ချွေးပျံတဲ့နေ့နေ့လည်က Announce လုပ်လိုက်တယ် တစ်နာရီလောက်အတွင်း ဝန်ဆောင်မှုပေးနိုင်တော့မယ်ရယ်လို့ပေါ့။ ဘယ်နှယ...
13/03/2026

မင်မင် Team ချွေးပျံတဲ့နေ့

နေ့လည်က Announce လုပ်လိုက်တယ် တစ်နာရီလောက်အတွင်း ဝန်ဆောင်မှုပေးနိုင်တော့မယ်ရယ်လို့ပေါ့။
ဘယ်နှယ့်ကသာ load test failed သွားတယ်လေ။ Ban ခံရတာမဟုတ်ဘူးနော် Server မှာ ကျွန်တော်တို့ SOP နဲ့ မကိုက်တဲ့ RAM ဆိုတာဟာရဲ့ Speed ။ Client 1800 ဝန်းကျင်အတွက်လဲ Run လိုက်ရော RAM က ခိုသံပေါက်သွားတယ်။ 🥲 အဲ့လိုနဲ့ Server ကုမ္ပဏီကို ချက်ချင်းလှမ်းပြော အဲ့ RAM မကြိုက်ဘူး ခုလဲပေး မရဘူးလဲပေး မလဲပေးရင် ငိုမှာနော်ဆိုပြီး ဂျီသွားကျတာ ကံကောင်းချင်တော့ ကုမ္ပဏီမှာ လိုချင်တဲ့ RAM ကအသင့်ရှိတယ်။ ကုမ္ပဏီနဲ့ဈေးပြန်ညှိတော့ ဈေးနဲနဲများပေမယ့်။ မတတ်နိုင် လဲပေးပါဆိုပြီးလဲခိုင်း။ OS ပြန် Install Config ပြန်လုပ်။ ပြန်စမ်း အဆင်ပြေသွားလို့ စိတ်ချပြီး နာရီတစ်ချက်ကြည့်လိုက်တော့ ည ၁၀ နာရီခွဲလေပြီ။ CB ဝင်လိုက်တော့ Client တွေကိုစာမပြန်ထားရသေးတာတစ်ပုံတစ်ပင်။ Network Admin နှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်။ မင်းစာမပြန်တာ ဆိုတဲ့ ဘုရှိုးတွေနဲ့။ ပြီးတော့ အပြိုင်အဆိုင်လုပြီး Reply ပြန်ကြပေါ့။ ကဲအခုတော့ပီးပါပီ နောက်ဆုံး Client တစ်ဦးကိုလဲ Service ပေးပြီးပြီဆိုတော့ ညစာစားပါပီ။ ကြားထဲက Photon Wave ရဲ့ပင်မလုပ်ငန်းမှာ ပြသနာတက်လို့ ပြေးလုပ်ရတာကို ဤ ပို့စ်၌ချန်လှပ်ထားလိုက်ရသည်။ သို့သော် ပျော်ပါတယ်။ Photon Wave မင်မင်တွေ ကအလုပ်လုပ်နေရရင်ကို ပျော်တာ။မိမိတို့ Client တွေရဲ့ Positive Feedback လေးတွေပြန်ရတဲ့အချိန်မျိုးဆိုရင်တော့ အတိုင်းအထက်အလွန်ပေါ့။ ပင်ပမ်းသည်ဟုကိုမထင်။အဲ့အချိန်မျိုးဆို မင်မင်ကော်လံတစ်ထောင်ထောင်ပဲ 🥰

Photon Wave Admin Team

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00
Sunday 09:00 - 23:00

Alerts

Be the first to know and let us send you an email when Photon Wave Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share