One to Watch Myanmar

One to Watch Myanmar One to Watch is an investment management and business support provider.

OTW invests and provides business development support to SMEs focused mainly in agriculture and renewable energy sector, that are creating impact as well as profits.

One to Watch Myanmar မိသားစုမှကြည်နူးဖွယ် ခရစ်စမတ်နှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် နှစ်သစ်ကူးအချိန်သမယလေး ဖြစ်ပါစေကြောင်း ဆ...
25/12/2020

One to Watch Myanmar မိသားစုမှကြည်နူးဖွယ် ခရစ်စမတ်နှင့် ပျော်ရွှင်ချမ်းမြေ့ဖွယ် နှစ်သစ်ကူးအချိန်သမယလေး ဖြစ်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်!

လူအများ ကျန်းမာချမ်းသာဖို့၊ ဆင်းရဲနွမ်းပါးမှုလျော့ချဖို့ နဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုမျ...
02/12/2020

လူအများ ကျန်းမာချမ်းသာဖို့၊ ဆင်းရဲနွမ်းပါးမှုလျော့ချဖို့ နဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများရှိလာဖို့အတွက် ရေ၊ စွမ်းအင်နဲ့ အစားအစာ (WE4F) တို့ဟာ မရှိမဖြစ်ပါပဲ။ Water and Energy for Food (WE4F) South and Southeast Asian Regional Innovation Hub မှ ဦးစီးကျင်းပသော Grand Challenge for Development WE4F Regional Call for Innovation 2020 အတွက် လျောက်လွှာ‌များ လက်ခံနေပြီဖြစ်ပါတယ်။ ဒီ တီထွင်ဆန်းသစ်မှု စိန်ခေါ်ပွဲမှာ တစ်ဦးချင်းစီအတွက် တောင်းဆိုသော ရန်ပုံငွေ အမျိုးအစားပေါ်မူတည်၍ ဆုကြေးငွေ US ဒေါ်လာ ၂၅,၀၀၀ မှ ၅၀၀,၀၀၀ အထိ ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ တစ်ဦးချင်းစီအတွက် စွမ်းဆောင်ရည်ပြသရမည့် ကာလမှာ အကြာဆုံး ၃ နှစ် အထိဖြစ်ပါတယ်။ စိတ်ဝင်စားပါဝင်လိုသူတွေအနေဖြင့် ပိုမိုသိလိုပါက (သို့) လျောက်ထား လိုပါက အောက်ပါ link တွင် လုပ်ငန်းသဘောတရားများကို ၂၀၂၀ ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားပြီး စုစည်းတင်သွင်း စုံစမ်းနိုင်ပါတယ်။

Water, energy and food (WE4F) are essential for human well-being, poverty reduction, and sustainable development. The Water and Energy for Food (WE4F) South and Southeast Asia Regional Innovation Hub is calling for submissions to the Grand Challenge for Development (WE4F) Regional Call for Innovations 2020. The innovation challenge will offer individual awards between USD $25,000 USD and USD $500,000 depending on the type of funding requested. The period of performance for individual awards is up to three years. To learn more and submit concept notes by December 15, 2020, visit:

Current Calls for Innovations The South and Southeast Asia Regional Innovation Hub (S/SEA RIH) proudly announces its first call for innovations. View the Call for Innovations documentation to learn more about the application process. DUE DATE: Concept Notes shall be received no sooner than Novem ...

အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ‌အထောက်အပံ့ကို လျောက်ထားရန် Responsible Business Fund (RBF) မှ ၅ ကြိမ်မြောက်အနေဖြ...
26/11/2020

အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ‌အထောက်အပံ့ကို လျောက်ထားရန် Responsible Business Fund (RBF) မှ ၅ ကြိမ်မြောက်အနေဖြင့် ဇန်နဝါရီလအစောပိုင်းမှာ တင်သွင်းချက်များ စတင်လက်ခံမှာဖြစ်ပါတယ်။ စွမ်းအင်ထိရောက်မှု၊ ရေအသုံး ထိရောက်မှု၊ စွန့်ပစ်ပစ္စည်းကို တန်ဖိုးရှိအောင် ပြောင်းလည်းအသုံးချမှု၊ လုပ်ငန်းဆိုင်ရာ ဘေးကင်းရေးနှင့်ကျန်းမာရေး၊ အစားအသောက်ဘေးကင်းလုံခြုံမှု၊ ရေဆိုးစီမံခန့်ခွဲမှု၊ အစရှိသောလုပ်ငန်းစဉ်များကို အထူးပြုဆောင်ရွက်သော စီးပွားရေးလုပ်ငန်းပေါင်း ၁၅၀ ကျော်ကို ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ထောက်ပံ့ငွေသည် လုပ်ငန်းစဉ် ကုန်ကျစရိတ်၏ (အများဆုံး) ၃၀ ရာခိုင်နှုန်း အထိ ထောက်ပံ့သွားမှာဖြစ်ပြီး ကျန်ရှိသည့် ၇၀ ရာခိုင်နှုန်းကို လုပ်ငန်းပိုင်ရှင်ကိုယ်တိုင် သော်၎င်း ချေးငွေအနေဖြင့် သော်၎င်း ဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဤအခွင့်အရေးအကြောင်း ပိုမိုသိလိုပါက One To Watch Myanmar Page ကို message ပို့ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။

The Responsible Business Fund (RBF) is launching its 5th call for proposal in early January 2021 for grant support to up to 150 SMEs, focusing on funding for energy efficiency, water efficiency, waste to value, occupational safety & health, food safety, and wastewater treatment. Grant support will provide up to 30% of the project cost and entrepreneurs are expected to access debt funding or self-fund the remaining 70%. For more information on the opportunity, please send a direct message to One to Watch Myanmar.

COVID-19 ကြောင့် လမ်းပန်းဆက်သွယ်ရေးတားမြစ်ချက်များရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ မလျော့ကျသွားစေရန် DICA မြန်မာမှ အ...
10/11/2020

COVID-19 ကြောင့် လမ်းပန်းဆက်သွယ်ရေးတားမြစ်ချက်များရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ မလျော့ကျသွားစေရန် DICA မြန်မာမှ အလားအလာရှိသောရင်းနှီးမြှုပ်နှံသူများ အချက်အလက်တောင်းဆိုခြင်း၊ အစိုးရဌာနများနှင့် ညှိနှိုင်းခြင်း၊ မှတ်ပုံတင်ခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်း များဆောင်ရွက်နိုင်ရန်အတွက် အွန်လိုင်း ရင်းနှီးမြှုပ်နှံမှု ပုံစံများ စတင်သွားမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှု နယ်ပယ်ဖြစ်လာစေရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ချီးမြှောက်ဖွယ် ခြေလှမ်းတစ်လှမ်းပဲဖြစ်ပါတယ်။

To encourage investments despite travel restrictions under COVID-19 Directorate of Investment and Company Administration Myanmar will be launching an Online Investment Applications function for potential investors to request information, coordinate with government departments, register and apply for investments. A commendable stride by the Ministry of Investment and Foreign Economic Relations towards creating an attractive investment landscape for foreign and local investors.

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လျှောက်ထားခြင်းကို အွန်လိုင်းမှတစ်ဆင့်ဆောင်ရွက်နိုင်ရန် စီစဉ်နေသည်ဟု .....

‼️ ရက်ထပ်မံတိုးချဲ့ခြင်း ‼️ One to Watch ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား စိတ်၀င်စားမှုများပြားသဖြင့် အစီအစဉ်လျှော...
30/10/2020

‼️ ရက်ထပ်မံတိုးချဲ့ခြင်း ‼️
One to Watch ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်အား စိတ်၀င်စားမှုများပြားသဖြင့် အစီအစဉ်လျှောက်ထားရန်နေ့အား နို၀င်ဘာလ ၆ရက်, သောကြာနေ့အထိ ထပ်မံတိုးချဲ့လိုက်ပါသည်။

အစီအစဉ်အကြောင်းပိုမိုသိရှိလိုပါကအောက်ပါ link တွင်ဖတ်ရူနိုင်ပါသည်။
https://www.facebook.com/OTW.Myanmar/posts/1078033995968354
အစီအစဉ်တွင်ပါ၀င်လိုပါကအောက်ပါ link တွင်လျှောက်ထားနိုင်ပါသည်။
https://onetowatch.nl/we-ignite/apply

စိုက်ပျိုးသီးနှံများ, စိုက်ပျိုးသီးနှံထုတ်ကုန်များကို ထုတ်လုပ်ရောင်းချလျက် ရှိသော လုပ်ငန်းများ၊ (online မှဖြစ်စေ) ချိတ်ဆ...
21/10/2020

စိုက်ပျိုးသီးနှံများ, စိုက်ပျိုးသီးနှံထုတ်ကုန်များကို ထုတ်လုပ်ရောင်းချလျက် ရှိသော လုပ်ငန်းများ၊ (online မှဖြစ်စေ) ချိတ်ဆက်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းများ၊ စိုက်ပျိုးမြေများကို ဆိုလာအသုံးပြုကာ ရေသွင်းရေထုတ်စနစ်စီမံပေးသော လုပ်ငန်းများ၊ အသေးစားဆိုလာဓါတ်အားပေးစနစ်တည်ဆောက်သော လုပ်ငန်းများ ကဲ့သို့သော စိုက်ပျိုးရေးနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍများရှိ စီးပွားရေးလုပ်ငန်းများကို One to Watch ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါသည်။

One to Watch ၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်သည် လုပ်ငန်းတိုးချဲ့ရန် ရင်းနှီးမြှုပ်နှံမှုရှာဖွေနေသူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်း၊ လစ်ဟာချက်များနှင့် အခွင့်အလမ်းများကို ပိုမိုသိရှိနားလည်လာစေခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည့် မဟာဗျူဟာချမှတ်ရေးဆွဲခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ အစီအစဉ်၏ အသေးစိတ်အကြောင်းအရာကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်လိုပါက အောက်ပါလင့်ခ်တွင် google form ဖြည့်ပေးခြင်းဖြင့် လျှောက်ထားနိုင်ပါသည်။
http://www.onetowatch.nl/we-ignite/apply

form ဖြည့်ရာတွင် အခက်အခဲ တစ်စုံတစ်ရာရှိလျှင် (သို့) အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းလိုသည်များရှိပါက 09-760663578 (သို့) [email protected] သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ form ဖြည့်ရာတွင် အကူအညီပေးသွားပါမည်။

💡"သင်က ရင်းနှီးမြှုပ်နှံသူတွေဆီက အရင်းအနှီး ရှာဖွေနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ပါသလား။ ပုံပါ အချက်အလက်တွေကတ...
06/10/2020

💡"သင်က ရင်းနှီးမြှုပ်နှံသူတွေဆီက အရင်းအနှီး ရှာဖွေနေတဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက် ဖြစ်ပါသလား။ ပုံပါ အချက်အလက်တွေကတော့ သင့်လုပ်ငန်း အကြောင်းကို ရင်းနှီးမြှုပ်နှံသူနှင့် ပြောဆိုတင်ပြတဲ့အချိန်မှာ သတိထားဖွယ်ရှောင်ရန် အချက်လေးတွေပဲဖြစ်ပါတယ်။"💡

ရင်းနှီးမြှုပ်နှံသူများနှင့် ချိတ်ဆက်ဆက်သွယ်ပေးခြင်း အစရှိသည်ဖြင့် ဝန်ဆောင်မှုများ ပါဝင်သည့် One to Watch Myanmar ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့အစီအစဉ်ကို ရယူခြင်းဖြင့် သင်၏ စီးပွားရေးလုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုရယူရန် အသင့်ပြင်ဆင်နိုင်ပါသည်။

⚠️ အောက်ပါအချက်များနှင့် ကိုက်ညီသူများကို အဓိကထား၊ ဦးစားပေးလက်ခံသွားမည် ဖြစ်ပါသည်။

✅ စိုက်ပျိုးရေးနှင့် သန့်ရှင်းသောစွမ်းအင်ကဏ္ဍရှိ စီးပွားရေးလုပ်ငန်းများ
✅ အမျိုးသမီး ဦးဆောင်တဲ့ (သို့မဟုတ်) အမျိုးသမီး ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း
✅ ဝင်ငွေရရှိလျက်ရှိပြီး အနည်းဆုံး (၂) နှစ်ကြာ စီးပွားရေးလုပ်ကိုင်လျက် ရှိသည့် လုပ်ငန်း
✅ လူမှုရေး၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ အပြုသဘော သက်ရောက်မှုရှိသည့် လုပ်ငန်းများ
✅ မိမိ၏ စီးပွားရေး ဖွံ့ဖြိုးကြီးထွားရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအထောက်အပံ့အစီအစဉ်ကို ရှာဖွေနေသော လုပ်ငန်းများ
✅ မိမိ၏ စီးပွားရေး ဖွံ့ဖြိုးကြီးထွားရန်အတွက် ရင်းနှီးမြှုပ်နှံမှု ရှာဖွေနေသော လုပ်ငန်းများ
✅ ဤအစီအစဉ်ကို အင်တာနက်ဖြင့် တက်ရောက်နိုင်သူများ

ဤလင့်ခ်တွင် ဖောင်ဖြည့်ခြင်းဖြင့် လျှောက်ထားနိုင်ပါသည်။ ပြန်လည် ဆက်သွယ်သွားပါမည်။
https://onetowatch.nl/we-ignite/apply

ဤအစီအစဉ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိမေးမြန်းလိုပါက [email protected] သို့မဟုတ် 09-952540668 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

🎊💥 သင်သည် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသလား။ သင်၏ စီးပွားရေးကို ကြီးထွားတိုးတက်စေရန်၊ ပရော်ဖက်ရှင်နယ်ကျစေ...
26/09/2020

🎊💥 သင်သည် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်ပါသလား။ သင်၏ စီးပွားရေးကို ကြီးထွားတိုးတက်စေရန်၊ ပရော်ဖက်ရှင်နယ်ကျစေရန် လိုအပ်သော ထောက်ပံ့မှုကို ရယူဖို့ One to Watch ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို အခုပင် လျှောက်ထားလိုက်ပါ။ 🙋🏻‍♀️💯

ဤအစီအစဉ်က အောက်ပါအချက်အလက်နှင့် ကိုက်ညီသူများအတွက် ရည်ရွယ်ပါသည်။
✅ ဝင်ငွေရရှိလျက်ရှိသော စီးပွားရေးလုပ်ငန်းများကို ဦးဆောင်နေသည့် စိတ်အားထက်သန်သော အမျိုးသမီးလုပ်ငန်းရှင်များ
✅ အခြေခံလူတန်းစားတို့ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေသော စီးပွားရေးလုပ်ငန်းများ ဦးဆောင်နေသူ အမျိုးသမီးလုပ်ငန်းရှင်များ
✅ လူမှုရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုရှိသော စီးပွားရေးလုပ်ငန်းများကို ဦးဆောင်နေသူ အမျိုးသမီးလုပ်ငန်းရှင်များ

📌
ကျွန်ုပ်တို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်မှာ အောက်ပါ ဝန်ဆောင်မှုများ ပါဝင်ပါသည်။
⭐️ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ စီးပွားရေးစီမံကိန်းချခြင်း (Business Planning)၊ ကြီးထွားတိုးတက်ရေး မဟာဗျူဟာများ၊ စျေးကွက်ရှာဖွေရေးဆိုင်ရာ အစရှိသည်ဖြင့် မြောက်များစွာသော အလုပ်ရုံဆွေးနွေးပွဲများ
⭐️ မိမိစီးပွားရေးလုပ်ငန်းနှင့် ကိုက်ညီသင့်တော်သည့် စီးပွားရေးအကြံပေးဆွေးနွေးမှုများနှင့် နည်းပြလမ်းညွှန်မှုများ
⭐️ အတွေ့အကြုံရင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များထံမှ အနီးကပ် လမ်းညွှန်ပေးမှု (mentorship)
⭐️ ရင်းနှီးမြှုပ်နှံမှုအတွက်အသင့်ပြင်ဆင်ခြင်းအတွက် အခြေခံထောက်ပံ့မှု
⭐️ ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်နှင့် ထောက်ပံငွေအရင်းအနှီးပေးသူများနှင့် ချိတ်ဆက်ပေးခြင်း
👏👏
ကျွန်ုပ်တို့၏ အစီအစဉ်အကြောင်း ပိုမိုလေ့လာလိုပါက သို့မဟုတ် သင်၏စီးပွားရေးလုပ်ငန်းက အကျုံးဝင်မဝင်၊ ကိုက်ညီမှုရှိမရှိ သိရှိလိုပါက Facebook messenger က ဖြစ်စေ၊ [email protected] အီးမေးလ်မှ ဖြစ်စေ၊ 09785254325 ကို ဆက်သွယ်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည်။

အောက်တိုဘာ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး အောက်ပါ link ကို သွားပြီး လျှောက်လွှာဖြည့်ခြင်းဖြင့် စတင် လျှောက်ထားနိုင်ပါပြီ - onetowatch.nl/we-ignite/apply
💙

If you are a woman entrepreneur looking to professionalize and grow your business, apply to the One to Watch Business Development Program to get the support you need!

This program is intended for....
* Highly motivated women entrepreneurs leading revenue generating businesses
* Businesses creating jobs and employing those in the base of the pyramid
* Businesses with a social and environmental impact mission

Our Business Development Program offers...
* Workshops on financial management, business planning, growth strategies, marketing and more
* Customized business coaching and consultations
* Mentorship form seasoned entrepreneurs and professionals
* Basic investment readiness support
* Connections to growth capital providers including investors, banks and grant providers

To learn more about our program or find out if you are eligible, contact us via Facebook messenger, email us at [email protected] or call us at 09785254325

Apply before October 31st at: onetowatch.nl/we-ignite/apply

She Shares webinar အတွက် ဒီနေ့နောက်ဆုံးထား စာရင်းပေးသွင်းရမှာပါ။ ဒေါ်သင်းသင်းကျော်အနေနှင့် သူမ၏ စီးပွားရေးလုပ်ငန်းကို နိ...
25/09/2020

She Shares webinar အတွက် ဒီနေ့နောက်ဆုံးထား စာရင်းပေးသွင်းရမှာပါ။ ဒေါ်သင်းသင်းကျော်အနေနှင့် သူမ၏ စီးပွားရေးလုပ်ငန်းကို နိုင်ငံကျော်တံဆိပ်တစ်ခု ဖြစ်အောင် ဘယ်လိုပျိုးထောင်းခဲ့ရလဲဆိုတာကို လေ့လာသိရှိနိုင်ဖို့ မနက်ဖြန် One to Watch Myanmar page မှာ webinar တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်ဖို့ မမေ့ပါနဲ့နော်။

စာရင်းပေးသွင်းရန်၊ forms.gle/fM53nAhRKjL7C5Kf7

Registration for the She Share Webinar closes at the end of today. Don’t forget to tune in tomorrow to learn how Daw Thin Thin Kyaw grew her business into a nation wide brand.

Register at: forms.gle/fM53nAhRKjL7C5Kf7

Address

Yuzana Tower 10. 06
Yangon
BAHANTOWNSHIP

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959785254325

Alerts

Be the first to know and let us send you an email when One to Watch Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to One to Watch Myanmar:

Share