Myanmar Development Professionals

Call Directions Website Contact the business

Myanmar Development Professionals Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Development Professionals, Consulting Agency, 97, DanaTheikDi Street, 8th Block, KabaAye, Mayangone, Yangon.

Myanmar Development Professionals is a professional organization providing Capacity Development trainings, Organizational Development consultancy, Research and Business plan.

🎉 ကိုယ်ဘာကိုဝါသနာပါပြီး ဘယ်အရာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်သင့်လဲ။အလုပ်တစ်ခုကို ရွေးတဲ့အခါ လစာကောင်းတာတစ်ခုတည်းနဲ့ မလုံလေ...
02/10/2026

🎉 ကိုယ်ဘာကိုဝါသနာပါပြီး ဘယ်အရာနဲ့ အသက်မွေးဝမ်းကျောင်း လုပ်သင့်လဲ။

အလုပ်တစ်ခုကို ရွေးတဲ့အခါ လစာကောင်းတာတစ်ခုတည်းနဲ့ မလုံလောက်သလို၊ ကိုယ်ဝါသနာပါတာတစ်ခုတည်းနဲ့လည်း မလုံလောက်ပါဘူး။

တစ်ခါတလေ ကိုယ်အရမ်းကြိုက်တဲ့အရာက
အသက်မွေးဝမ်းကျောင်းအဖြစ် မရပ်တည်နိုင်သေးဘူး။ ကိုယ်တော်တဲ့အရာကတော့
ကိုယ်မကြိုက်တဲ့အလုပ် ဖြစ်နေနိုင်တယ်။ လူတွေအတွက် အသုံးဝင်တဲ့အရာဖြစ်ပေမယ့် ကိုယ်က အဲဒီအရာမှာ အဓိပ္ပါယ်မတွေ့နိုင်တာလည်း ရှိတယ်။

ဒါကြောင့် Purpose ဆိုတာ “ငါ ဘာလုပ်ချင်လဲ” ဆိုတဲ့မေးခွန်းတစ်ခုတည်းနဲ့ ရှာလို့မရပါဘူး။ ကိုယ့်ကိုယ်ကို ဒီမေးခွန်း ၄ ခုလောက် မေးကြည့်ပါ။

1. What you love doing- ငါ ဘာလုပ်ရင် အချိန်ကုန်သွားတာတောင် မသိဘူးလဲ။

2. What you’re good at - ငါ့မှာ ဘယ်လို အရည်အချင်းတွေရှိပြီး တခြားသူတွေက ဘာအတွက် ငါ့ကို ယုံကြည်ကြလဲ။

3. What the world needs - ငါ့ရဲ့အရည်အချင်းက ဘယ်သူ့အတွက်၊ ဘယ်လိုအကျိုးရှိနိုင်လဲ။

4. What you can get paid to do - ဒီအရည်အချင်းကို တန်ဖိုးတစ်ခုအဖြစ် ပြောင်းလဲပြီး အသက်မွေး ဝမ်းကျောင်းလုပ်နိုင်မလား?”

ဒီလေးခု ဆုံတဲ့နေရာက
“ငါ ဘာလုပ်သင့်လဲ” ဆိုတာထက်
“ငါ ဘာအတွက် လုပ်နေတာလဲ” ဆိုတာကို ပိုရှင်းလာစေပါတယ်။

ပြီးတော့ Purpose ဆိုတာ တစ်ခါတည်း ရှာတွေ့သွားတဲ့ destination တစ်ခုလည်း မဟုတ်ပါဘူး။ ကိုယ်ကြီးပြင်းလာတာနဲ့အမျှ ကိုယ့်ရဲ့ Purpose လည်း ပိုရှင်းလာနိုင်ပါတယ်။

ဒါကြောင့် အခုချိန်မှာ ကိုယ့်ဘဝအတွက် အဖြေမရသေးရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ရှာဖွေနေခြင်းကိုယ်တိုင်က Purpose ရှာဖွေတဲ့ခရီးရဲ့ အစိတ်အပိုင်းတစ်ခုပါ။

🚀 “အဆင်သင့်ဖြစ်မှ စမယ်” ဆိုရင် ဘယ်တော့မှ မစဖြစ်ဘူး။တစ်ခါတလေ ကျွန်တော်တို့ရဲ့ဘဝမှာမစသေးတာက မလုပ်ချင်တာထက် အချိန်ကောင်းလေး...
01/10/2026

🚀 “အဆင်သင့်ဖြစ်မှ စမယ်” ဆိုရင် ဘယ်တော့မှ မစဖြစ်ဘူး။

တစ်ခါတလေ ကျွန်တော်တို့ရဲ့ဘဝမှာ
မစသေးတာက မလုပ်ချင်တာထက် အချိန်ကောင်းလေးစောင့်နေတာ၊ Skill နည်းနည်းပိုဖြည့်ချင်တာ၊ ငွေအရင်းအနှီးလေးနည်းနည်းပိုရှိချင်တာ၊ အတွေ့အကြုံလိုနေသေးတာ၊ Risk နည်းသွားတာကိုစောင့်နေတာ၊ Plan တွေပြည့်စုံတာကိုစောင့်နေတာလိုမျိုး တွန့်ဆုတ်ခြင်းများစွာနဲ့ အရာအားလုံး ပြည့်စုံလာတဲ့နေ့ကို စောင့်နေမိတာပါ။

ပြဿနာက အရာအားလုံးပြည့်စုံတဲ့နေ့ဆိုတာ တကယ်ရှိရဲ့လား၊ Agility ဆိုတာ
အရာအားလုံးကို သိပြီးမှ၊ ပြည့်စုံမှလှုပ်ရှားတာမဟုတ်ပါဘူး။ လုပ်ရင်းနဲ့ သိလာတာ၊ စမ်းသပ်ရင်းနဲ့ ပြင်လာတာ၊ မှားရင်းနဲ့ သင်ယူလာတာ၊ အခြေအနေပြောင်းရင် ကိုယ့်နည်းလမ်းကို ပြောင်းနိုင်တာပါ။

ဒီပုံထဲကလိုပဲ ဘယ်ဘက်မှာ “Everything Must Be Ready” ဆိုပြီး Right Moment, More Skills, More Money, More Experience, Less Risk, Perfect Plan အကုန်ပြည့်စုံဖို့ စောင့်နေတယ်။

ညာဘက်မှာတော့ Start → Learn → Improve
ဆိုတဲ့ လမ်းကို ရွေးလိုက်တယ်။ ပြီးတော့ အရေးကြီးဆုံးက “The first step creates the next one.”
ပထမခြေလှမ်းက နောက်ထပ်ခြေလှမ်းကို ဖန်တီးပေးတတ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ဒီလိုပါပဲ။

Project တစ်ခုကို 100% သေချာမှ စမယ်ဆိုရင်
အခြေအနေပြောင်းသွားတဲ့အခါ စီစဉ်ထားတဲ့ Plan က အသုံးမဝင်တော့တာမျိုး ဖြစ်သွားနိုင်တယ်။
Team တစ်ခုကို အားလုံးအဆင်သင့်ဖြစ်မှ Change လုပ်မယ်ဆိုရင် Change က ရောက်လာပြီးသားဖြစ်နိုင်တယ်။ ကိုယ်တိုင်လည်း “ငါအဆင်သင့်ဖြစ်ပြီလား လို့ မေးနေမယ့်အစား အခုရှိတာနဲ့ ဘာကို စမ်းလုပ်လို့ရမလဲ လို့ မေးကြည့်ဖို့ လိုပါတယ်။

ဒါကပဲ Agility ရဲ့ mindset တစ်ခု ဖြစ်ပါတယ်။Perfect ဖြစ်အောင် စောင့်နေခြင်းထက် စပြီး၊ သင်ယူပြီး၊ ပြန်ပြင်နိုင်ခြင်းက အရေးကြီးပါတယ်။

လုပ်ငန်းခွင်မှာ မပြောဖြစ်တဲ့စကားများ — Part 2အလုပ်က များတယ်တော့မဟုတ်ဘူး၊ ဒါပေမယ့် ဘာကြောင့် ဒီလောက်ပင်ပန်းနေရလဲ မသိတော့ဘ...
29/09/2026

လုပ်ငန်းခွင်မှာ မပြောဖြစ်တဲ့စကားများ — Part 2

အလုပ်က များတယ်တော့မဟုတ်ဘူး၊ ဒါပေမယ့် ဘာကြောင့် ဒီလောက်ပင်ပန်းနေရလဲ မသိတော့ဘူး။

တစ်နေ့လုံး အလုပ်တွေအများကြီးလုပ်ခဲ့တာမဟုတ်ဘူး။ Task တွေလည်း မများဘူး။ Deadline တွေလည်း အရမ်းမကျပ်ဘူး။ Overtime လည်း မဆင်းရဘူး။ ဒါပေမယ့် ညနေအလုပ်ဆင်းချိန်ရောက်ရင် စိတ်ရော၊ ခေါင်းရော တော်တော်လေး ပင်ပန်းနေတတ်တယ်။

ဘာကြောင့်လဲဆိုတာ သေချာလေးတွေးကြည့်ရင်
တစ်ခါတလေ ပင်ပန်းတာက လုပ်ခဲ့တဲ့အလုပ်ပမာဏကြောင့် မဟုတ်ဘူး။ မရှင်းလင်းတဲ့ instruction တစ်ခုကို ထပ်ခါထပ်ခါ ပြန်စဉ်းစားနေရတာမျိုး၊ဘယ်အချိန်မှာ ဘယ်သူ့ကို မေးရမလဲ မသိတာမျိုး၊
လုပ်ပြီးသားအလုပ်ကို ဘာကြောင့်ပြန်လုပ်နေရမှန်း မသိတာတွေ၊ Meeting တစ်ခုပြီးတိုင်း decision မထွက်ဘဲ နောက်ထပ် meeting တစ်ခုထပ်လိုလာတာ၊အမှားမဖြစ်အောင် အမြဲသတိထားနေရတာ ဒါမှမဟုတ် ဒီအလုပ်ကို ငါလုပ်လိုက်ရင် သူက ဘာပြောမလဲ ဆိုပြီး တခြားလူတွေရဲ့ reaction ကိုပါ စဉ်းစားနေရတာ ဖြစ်နိုင်တယ်။

အလုပ်က ၅ ခုလောက်ပဲရှိပေမယ့် အဲဒီအလုပ် ၅ ခုရဲ့ နောက်ကွယ်မှာ စဉ်းစားရတဲ့အရာ ၅၀ လောက် ရှိနေနိုင်တယ်။ ဒါကြောင့် တစ်ခါတလေ ဘာလို့ ဒီလောက်ပင်ပန်းနေတာလဲ ဆိုတဲ့မေးခွန်းရဲ့အဖြေက အလုပ်များလို့ ဆိုတာထက် အလုပ်လုပ်ရတဲ့ပုံစံက စိတ်ကို အမြဲတမ်း alert ဖြစ်နေစေလို့ ပိုဖြစ်နိုင်ပါတယ်။

ကိုယ့်ရဲ့အဖွဲ့တစ်ယောက်ကို အလုပ်များနေလား လို့ပဲ မမေးပဲ အလုပ်လုပ်ရတာ ဘာတွေအဆင်မပြေဖြစ်နေလဲ၊ ဘယ်အရာတွေက မင်းရဲ့အချိန်နဲ့ ခွန်အားကို အများဆုံးယူနေလဲ၊ ဒီအလုပ်ကို ပိုလွယ်အောင် ဘာတွေ ပြောင်းလဲလို့ရမလဲ လို့လည်း မေးကြည့်ဖို့လိုပါတယ်။

တစ်ခါတလေ Team တစ်ခုရဲ့ Performance ကို မြှင့်တင်ဖို့ အလုပ်တွေထပ်ပေးဖို့ မလိုပါဘူး၊ သူတို့ကို ပင်ပန်းစေတဲ့ မလိုအပ်တဲ့ အဆင့်တစ်ဆင့်၊ မရှင်းလင်းတဲ့ process တစ်ခု၊ ဒါမှမဟုတ် မပြတ်သားတဲ့ communication တစ်ခုကို ဖယ်ရှားပေးရုံနဲ့တင် လုံလောက်နိုင်ပါတယ်။ တချို့အပိုင်းတွေမှာ မိုးပျံပူပေါင်းတွေထပ်ဖြည့်ဖို့လိုပေမယ့် တစ်ခါတလေကျရင်တော့ အောက်မှာဆွဲထားတဲ့ ခဲတွေကိုဖယ်ရှားပေးမှသာ အမြင့်ကိုပိုတက်နိုင်စေမှာပါ။

— Part 2

Office မှာ မပြောဖြစ်တဲ့စကားများ — Part 1“ကျွန်တော်/ကျွန်မ အလုပ်မလုပ်ချင်တာ မဟုတ်ပါဘူး၊ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို...
27/09/2026

Office မှာ မပြောဖြစ်တဲ့စကားများ — Part 1

“ကျွန်တော်/ကျွန်မ အလုပ်မလုပ်ချင်တာ မဟုတ်ပါဘူး၊ အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ကိုယ်ကို ပျောက်သွားသလို ခံစားနေရတာပါ။

တစ်ခါတလေ လုပ်ငန်းထဲမှာ အဆင်ပြေလား
လို့မေးရင် အဆင်ပြေပါတယ်လို့ပဲ ဖြေမိကြတယ်။
Deadline တွေ ပြည့်အောင်လုပ်တယ်။ Meeting တွေတက်တယ်။ Message တွေ reply ပြန်တယ်။ ကိုယ့်တာဝန်ကိုလည်း ကိုယ်လုပ်တယ်။

အပြင်ကကြည့်ရင်တော့ အရာအားလုံး အဆင်ပြေနေသလိုပဲ။ ဒါပေမယ့် အတွင်းမှာတော့ ငါလုပ်နေတာတွေက တကယ်တန်ဖိုးရှိရဲ့လား၊ ဒီလိုပဲ ဆက်လုပ်သွားရင် ငါ ဘာတွေတိုးတက်လာမလဲ?၊ ငါ့ရဲ့အမြင်ကို တကယ်နားထောင်ပေးမယ့်သူ ရှိရဲ့လား၊ အလုပ်ကိုပဲ ပင်ပန်းနေတာလား ဒါမှမဟုတ် အလုပ်လုပ်ရတဲ့ပုံစံကို ပင်ပန်းနေတာလား ဆိုတဲ့ မေးခွန်းတွေ ရှိနေနိုင်တယ်။

အလုပ်ပင်ပန်းတာနဲ့ အလုပ်ထဲမှာ ကိုယ့်အတွက် အဓိပ္ပါယ်ပျောက်လာတာက မတူပါဘူး တစ်ခါတလေ ဝန်ထမ်း တစ်ယောက်လိုအပ်တာက “ပိုကြိုးစားပါ” ဆိုတဲ့စကားမဟုတ်ဘူး။
လုပ်ငန်းခွင်တစ်ခုမှာ လူတွေ အလုပ်လုပ်နေကြတာကိုပဲ မကြည့်ဘဲ၊ အဲဒီလူတွေ ဘယ်လိုအခြေအနေထဲမှာ အလုပ်လုပ်နေကြလဲ ဆိုတာကိုလည်း ကြည့်ဖို့လိုပါတယ်။

🔥 အလုပ်တစ်ခုမှာ ပြဿနာဖြစ်လာတဲ့အခါအများအားဖြင့် ကျွန်တော်တို့ အရင်ဆုံးရှာတာက ဘယ်သူအမှားကြောင့်ဖြစ်တာလဲ ဆိုတာပါပဲ။ပြဿနာ ကြ...
26/09/2026

🔥 အလုပ်တစ်ခုမှာ ပြဿနာဖြစ်လာတဲ့အခါ
အများအားဖြင့် ကျွန်တော်တို့ အရင်ဆုံးရှာတာက ဘယ်သူအမှားကြောင့်ဖြစ်တာလဲ ဆိုတာပါပဲ။

ပြဿနာ ကြုံတွေ့ရတဲ့ပုံကတော့ မပြောင်းဘူး ဒါပေမယ့် တကယ်တိုးတက်ချင်တဲ့ Team တစ်ခုကတော့
ဒီလိုပြောင်းမေးတတ်ပါတယ်။ “ဒီလိုပြဿနာ နောက်တစ်ကြိမ် မဖြစ်အောင်အလုပ်လုပ်ပုံကို ဘယ်လိုပြောင်းကြမလဲ” ဒါဟာ ရိုးရှင်းတဲ့ PDCA Cycle အလုပ်လုပ်ပုံပါပဲဖြစ်ပါတယ်။

PLAN — မစခင် စဉ်းစားပါ။
ဘာလုပ်မလဲ၊
ဘာရလဒ်လိုချင်လဲ၊
ဘယ်လိုလုပ်ရင် ပိုကောင်းမလဲ၊

DO — လုပ်ကြည့်ပါ။
Plan ထဲကအတိုင်း လက်တွေ့လုပ်ကြည့်ပါ။
ပြီးပြည့်စုံဖို့စောင့်မနေဘဲ စမ်းသပ်ပြီး သင်ယူပါ။

CHECK — ပြန်ကြည့်ပါ။
“လုပ်ပြီးပြီ” ဆိုတာနဲ့ မပြီးသေးပါဘူး။
ဘာက အလုပ်ဖြစ်ခဲ့လဲ၊
ဘာက မဖြစ်ခဲ့လဲ၊
မျှော်မှန်းထားတာနဲ့ တကယ်ဖြစ်လာတာ ဘယ်လောက်ကွာလဲ။

ACT — သင်ယူထားတာကို ပြောင်းလဲအသုံးချပါ။
တွေ့ရှိချက်တွေကို နောက်တစ်ကြိမ်အတွက် ပြန်အသုံးချပါ။

ဥပမာ— Report တင်တာ နောက်ကျတယ်ဆိုပါစို့။

“ဝန်ထမ်း က deadline မီအောင်မလုပ်နိုင်ဘူး” လို့ပဲ ဆုံးဖြတ်လိုက်ရင် လူကိုပဲ အပြစ်တင်လိုက်တာ ဖြစ်ပါတယ်၊ PDCA ရှုထောင့်နဲ့ကြည့်ရင်တော့

Plan — Deadline နဲ့ responsibility ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ခဲ့လား၊

Do — Process အတိုင်း လုပ်ခဲ့လား၊

Check — ဘယ်အဆင့်မှာ Delay ဖြစ်ခဲ့လဲ၊

Act — နောက်တစ်ကြိမ်မှာ Workflow, Timeline ဒါမှမဟုတ် Communication Process ဘာကို ပြောင်းမလဲ၊

ဒီလိုစဉ်းစားလိုက်တဲ့အခါ ဘယ်သူ့အမှားလဲ ကနေ
System ကို ဘယ်လိုပိုကောင်းအောင်လုပ်မလဲ ဆိုတဲ့အတွေးကို ရောက်သွားပါတယ်။ ဒါကြောင့် PDCA ကို Management Tool တစ်ခုလို့ပဲ မမြင်စေချင်ပါဘူး။

PDCA ဟာ အမှားမလုပ်အောင် သင်ပေးတဲ့နည်းလမ်းမဟုတ်ဘူး။ အမှားလုပ်မိတဲ့အခါ အဲဒီအမှားကို နောက်တစ်ကြိမ်အတွက် Knowledge ဖြစ်အောင် ပြောင်းလဲတတ်ဖို့ သင်ပေးတဲ့နည်းလမ်းပါ။

Organization တစ်ခုတိုးတက်ဖို့ လူကောင်းတွေချည်းပဲ လိုတာမဟုတ်ပါဘူး။ ကိုယ့်အလုပ်ကို ပြန်ကြည့်တတ်တဲ့ Culture၊ အမှားကနေ သင်ယူတတ်တဲ့ Team၊ ပြီးတော့ နောက်တစ်ကြိမ် ပိုကောင်းအောင် ဘာလုပ်မလဲ လို့ မေးတတ်တဲ့ Mindset လိုပါတယ်။

🌱 Company Culture ဆိုတာ ရုံးခန်းလှလှ၊ Uniform လှလှ လေးတွေနဲ့ ဆုံးဖြတ်လို့မရပါဘူး။Company တစ်ခုရဲ့ Culture ကနံရံပေါ်မှာ ရ...
25/09/2026

🌱 Company Culture ဆိုတာ ရုံးခန်းလှလှ၊ Uniform လှလှ လေးတွေနဲ့ ဆုံးဖြတ်လို့မရပါဘူး။

Company တစ်ခုရဲ့ Culture က
နံရံပေါ်မှာ ရေးထားတဲ့ Mission & Values တွေ၊
Office ထဲက Comfortable Workspace တွေထက် ပိုပြီးနက်ရှိုင်းပါတယ်။ ဝန်ထမ်းတစ်ယောက် အမှားလုပ်မိတဲ့အခါ ဘယ်လိုတုံ့ပြန်ပေးသလဲ။ အမြင်မတူတဲ့အခါ နားထောင်ပေးသလား။ ကြိုးစားမှုကို အသိအမှတ်ပြုပေးသလား။ Leader က ကိုယ်တိုင်ပြောတာထက် ကိုယ်တိုင်လုပ်ပြသလား။
ပြီးတော့ လူတိုင်းကို သူတို့ရဲ့ နောက်ခံ၊ အမြင်၊ အခန်းကဏ္ဍမတူတာတွေကြားမှာ တန်ဖိုးထားပေးသလား။

ဒါတွေက Company Culture ရဲ့ နေ့စဉ်မြင်တွေ့နေရတဲ့ ပုံစံတွေ ပါ။

တကယ်တော့ Good Culture ဆိုတာ လူတွေကို Company ထဲမှာ ကြာကြာနေအောင် ထိန်းထားနိုင်တာတင်မဟုတ်ဘူး။ အဲ့ဒီလူတွေကို ဒီနေရာမှာ ကိုယ်တိုင်ပါဝင်နေတယ်၊ တန်ဖိုးရှိတယ်၊ ပိုကောင်းလာနိုင်တယ်လို့ ခံစားစေခြင်းပါ။

Company တစ်ခုရဲ့ Culture ကို သိချင်ရင်
“ဝန်ထမ်းတွေ ဘာပြောကြလဲ?” ထက်
“ဝန်ထမ်းတွေ နေ့စဉ်ဘယ်လိုဆက်ဆံခံနေရလဲ?” ကို ကြည့်ကြည့်ပါ။
အဲ့ဒီမှာ Company Culture ရဲ့ အဖြေတော်တော်များများကို တွေ့နိုင်ပါတယ်။ 🌿

“နည်းပညာ” ဆိုတာ တကယ်တော့ ဘာလဲ?"ဒီကလေးတွေကိုလည်း ကြည့်ဦး... နည်းပညာတွေ စွဲလမ်းနေကြတာ။" ကျောက်ခေတ်က လူကြီးနှစ်ယောက် မီးပုံ...
23/09/2026

“နည်းပညာ” ဆိုတာ တကယ်တော့ ဘာလဲ?

"ဒီကလေးတွေကိုလည်း ကြည့်ဦး... နည်းပညာတွေ စွဲလမ်းနေကြတာ။" ကျောက်ခေတ်က လူကြီးနှစ်ယောက် မီးပုံဘေးမှာ ဆော့ကစားနေတဲ့ ကလေးတွေကို ကြည့်ပြီး ညည်းတွားနေတဲ့ ဒီရုပ်ပြောင်လေးကို မြင်ရင် အားလုံး ပြုံးမိကြမှာပါ။ ဒါပေမဲ့ ဒီအပြုံးရဲ့နောက်ကွယ်မှာ ကျွန်တော်တို့ လူသားတွေရဲ့ သဘာဝတစ်ခု ရှိနေပါတယ်။
ကျွန်တော်တို့ ခေတ်အဆက်ဆက်မှာ "လူကြီး" တွေဟာ "လူငယ်" တွေရဲ့ အပြုအမူအသစ်တွေကို စိုးရိမ်တကြီး စောင့်ကြည့်လေ့ ရှိကြပါတယ်။ ဒီနေ့ခေတ်မှာ ကလေးတွေ စမတ်ဖုန်းနဲ့ တက်ဘလက် (Tablet) တွေကို စွဲလမ်းနေတာကို မြင်ရင် ကျွန်တော်တို့ စိုးရိမ်ကြသလိုမျိုးပေါ့။
ဒါပေမဲ့ သမိုင်းကို ပြန်ကြည့်ရင်...

လူသားတွေ မီး ကို စတင်တွေ့ရှိပြီး အသုံးချတတ်လာတုန်းကလည်း ဒါဟာ ထူးဆန်းပြီး အန္တရာယ်များတဲ့ "နည်းပညာအသစ်" တစ်ခု ဖြစ်ခဲ့မှာပါ။ စာအရေးအသား တွေ စတင်ပေါ်ပေါက်လာချိန်တုန်းကလည်း ဂရိတွေးခေါ်ရှင်ကြီး ဆိုကရေးတီး (Socrates) က "စာရေးတဲ့အကျင့်ဟာ လူတွေရဲ့ မှတ်ဉာဏ်ကို ဖျက်ဆီးလိမ့်မယ်" ဆိုပြီး စိုးရိမ်ခဲ့ဖူးပါတယ် စာအုပ်ပုံနှိပ်စက် တွေ ပေါ်လာတော့လည်း လူတွေ အိမ်ထဲမှာပဲ အချိန်ကုန်ပြီး လူမှုဆက်ဆံရေး ပျက်ပြားကုန်လိမ့်မယ်လို့ ဝေဖန်ခဲ့ကြဖူးပါတယ်။

တကယ်တော့ "နည်းပညာ" (Technology) ဆိုတာ ခေတ်တစ်ခုရဲ့ လူသားတွေ ဘဝရှင်သန်ရပ်တည်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တီထွင်လိုက်တဲ့ "ကိရိယာ သို့မဟုတ် အတတ်ပညာ" သက်သက်သာ ဖြစ်ပါတယ်။ ပြဿနာက နည်းပညာအသစ်တွေ မဟုတ်ပါဘူး။ အဲဒီနည်းပညာကို ကျွန်တော်တို့က ဘယ်လိုကိုင်တွယ် အသုံးချမလဲဆိုတဲ့ "မျှတမှု" (Balance) ပေါ်မှာပဲ မူတည်ပါတယ်။ မီးဟာ အစားအစာကို ချက်ပြုတ်ပေးနိုင်သလို၊ တစ်ဖက်မှာလည်း အိမ်ကို ပြာကျသွားအောင် လောင်ကျွမ်းစေနိုင်စွမ်း ရှိပါတယ်။ အလားတူပါပဲ၊ ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ ကမ္ဘာကြီးကို လက်ဖျားပေါ် ရောက်အောင် ယူဆောင်ပေးနိုင်သလို၊ ဂရုမစိုက်ရင်လည်း မိသားစုကြားက နွေးထွေးမှုတွေကို လောင်ကျွမ်းပစ်နိုင်ပါတယ်။
ကလေးတွေကို နည်းပညာနဲ့ အပြီးတိုင် ဖြတ်တောက်ပစ်ဖို့ မဖြစ်နိုင်သလို၊ ဖြတ်တောက်ဖို့လည်း မလိုပါဘူး။ အဓိကကတော့ သူတို့ကို "မီး" ဘယ်လို စနစ်တကျ အသုံးပြုရမလဲဆိုတာ သင်ပေးသလိုမျိုး၊ ဒီနေ့ခေတ် ဒီဂျစ်တယ်နည်းပညာတွေကိုလည်း ဘဝအတွက် အကျိုးရှိရှိနဲ့ အန္တရာယ်ကင်းကင်း ဘယ်လိုသုံးရမလဲဆိုတဲ့ "ထိန်းကျောင်းမှု" ကို ပေးဖို့ပဲ ဖြစ်ပါတယ်။
ခေတ်တွေ ဘယ်လောက်ပြောင်းပြောင်း လူကြီးတွေရဲ့ စိုးရိမ်စိတ်ကတော့ ရှိနေဦးမှာပါပဲ။ အရေးကြီးတာက စိုးရိမ်စိတ်ကြောင့် လမ်းမပိတ်ဘဲ၊ နားလည်မှုနဲ့ အတူတူ လမ်းပြပေးဖို့ပါပဲ။

ဒီစာဖတ်နေတဲ့သူတွေရော ဒီနေ့ခေတ် နည်းပညာတွေအပေါ် ဘယ်လိုမြင်မိလဲခင်ဗျာ? Comment မှာ ဆွေးနွေးခဲ့ပေးပါဦး။

တစ်ခါတလေ ကိုယ့်ဘဝမှာ ပြဿနာတွေများလို့ မဟုတ်ပဲ ကိုယ်တိုင် မလိုအပ်တဲ့အရာတွေကို စိတ်ထဲ သယ်ထားမိလို့ ပင်ပန်းနေတာလားဆိုတာ ပြန...
21/09/2026

တစ်ခါတလေ ကိုယ့်ဘဝမှာ ပြဿနာတွေများလို့ မဟုတ်ပဲ ကိုယ်တိုင် မလိုအပ်တဲ့အရာတွေကို စိတ်ထဲ သယ်ထားမိလို့ ပင်ပန်းနေတာလားဆိုတာ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။

Don Miguel Ruiz ရဲ့ “The Four Agreements” က ကိုယ့်ဘဝကို ပိုရိုးရှင်းအောင် ပြန်ကြည့်စေတဲ့ အချက် ၄ ချက်ကို ပြောထားပါတယ်။

၁။ ကိုယ့်စကားကို တာဝန်ယူပါ။
ပြောလိုက်တဲ့စကားတစ်ခွန်းက တစ်ဖက်လူကို ထိခိုက်စေနိုင်သလို ကိုယ့်ကိုယ်ကိုလည်း ထိခိုက်စေနိုင်တယ်။ ဒါကြောင့် ပြောမယ့်စကားတိုင်းမှာ ရိုးသားမှုနဲ့ ရည်ရွယ်ချက်ကောင်းရှိဖို့လိုတယ်။

၂။ သူများပြောတာကို ကိုယ့်အကြောင်းလို့ မယူပါနဲ့။
လူတစ်ယောက်ရဲ့ အပြောအဆို၊ အပြုအမူတွေဟာ တစ်ခါတလေ ကိုယ့်အကြောင်းထက် သူ့ရဲ့အတွင်းစိတ်၊ သူ့အတွေ့အကြုံ၊ သူ့အမြင် ကို ပိုဖော်ပြနေတာ ဖြစ်နိုင်တယ်။

၃။ မသေချာတာကို မခန့်မှန်းပါနဲ့။
“သူ ဘာလို့ ဒီလိုပြောတာလဲ”
“သူ ငါ့ကို မကြိုက်တော့ဘူးထင်တယ်”
ဆိုပြီး ကိုယ့်စိတ်ထဲမှာ အဖြေတွေကို ကိုယ်တိုင်ရေးမထည့်ခင် မေးကြည့်ပါ။ ရှင်းလင်းတဲ့ မေးခွန်းတစ်ခုက မလိုအပ်တဲ့ နားလည်မှုလွဲမှားမှုတွေကို ကာကွယ်ပေးနိုင်တယ်။

၄။ ကိုယ့်အကောင်းဆုံးကို လုပ်ပါ။
“အကောင်းဆုံး” ဆိုတာ နေ့တိုင်းမတူနိုင်ပါဘူး။
ခွန်အားရှိတဲ့နေ့မှာ လုပ်နိုင်တာနဲ့ ပင်ပန်းနေတဲ့နေ့မှာ လုပ်နိုင်တာ မတူနိုင်ပါဘူး။ အရေးကြီးတာက အခြေအနေတိုင်းမှာ ကိုယ်လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ခဲ့တယ် ဆိုတဲ့ စိတ်နဲ့ နေထိုင်နိုင်ဖို့ပါ။

နောက်ဆုံးမှာ ဒီ ၄ ချက်လုံးရဲ့ အဓိကအချက်က—

သူများကို ပြောင်းလဲဖို့ ကြိုးစားတာထက်
ကိုယ့်ရဲ့ စကား၊ အတွေး၊ မေးခွန်းနဲ့ လုပ်ဆောင်ချက်တွေကို ပြန်ထိန်းချုပ်နိုင်ဖို့ပါ။

တစ်ခါတလေ ဘဝကို ပိုကောင်းအောင်လုပ်ဖို့
အသစ်တွေ အများကြီးထပ်ထည့်ဖို့ မလိုပါဘူး။

မလိုအပ်တဲ့ အတွေးတွေ၊ ယူဆချက်တွေ၊ သူများစကားတွေရဲ့ အလေးချိန်တွေကို နည်းနည်းချထားလိုက်ရုံနဲ့လည်း လုံလောက်ပါတယ်။ 🌿

🍀 လူတိုင်းက စဉ်းစားတတ်ကြတာ တူပေမယ့် စဉ်းစားပုံ ကတော့ မတူကြဘူး။တချို့လူတွေက ပြဿနာတစ်ခုကိုတွေ့ရင် Data နဲ့ Logic ကိုရှာတယ်...
18/09/2026

🍀 လူတိုင်းက စဉ်းစားတတ်ကြတာ တူပေမယ့် စဉ်းစားပုံ ကတော့ မတူကြဘူး။

တချို့လူတွေက ပြဿနာတစ်ခုကိုတွေ့ရင် Data နဲ့ Logic ကိုရှာတယ်။ တချို့ကတော့ ဖြစ်နေတဲ့အရာတစ်ခုတည်းကိုမကြည့်ဘဲ Big Picture ကိုကြည့်တယ်။ တချို့က ဒီလိုလေးလုပ်ကြည့်ရင်ရောဆိုပြီး အသစ်တွေ အများကြီးထုတ်တယ်။ တချို့ကတော့ အဲဒီ Idea တွေထဲက တကယ်အလုပ်ဖြစ်နိုင်မယ့် Solution တစ်ခုကို ရွေးချယ်တယ်။

တချို့က ရေရှည်အတွက် ဘာဖြစ်လာနိုင်မလဲ ကိုစဉ်းစားတယ်။ တချို့ကတော့ “အခု လက်တွေ့မှာ ဘယ်လိုလုပ်မလဲ?” ဆိုတာကို အာရုံစိုက်တယ်။
ပြီးတော့ Reflective ဖြစ်တဲ့သူက ကိုယ့်အတွေ့အကြုံကို ပြန်သုံးသပ်ပြီး သင်ယူတတ်တယ်။ Intuitive ဖြစ်တဲ့သူက အတွေ့အကြုံနဲ့ Pattern တွေကနေ ရလာတဲ့ Gut Feeling ကို အသုံးချတတ်တယ်။ Systems Thinking ရှိတဲ့သူကတော့ “ဒီအရာက နောက်ထပ် ဘာတွေနဲ့ ဆက်နွယ်နေလဲ?” ဆိုတာကို မြင်တတ်တယ်။

ဒါကြောင့် လုပ်ငန်းခွင် မှာ ဘယ်သူက ပိုတော်လဲ ဆိုတာထက် ဒီအခြေအနေမှာ ဘယ်လိုစဉ်းစားပုံက ပိုလိုအပ်လဲ ဆိုတာက ပိုအရေးကြီးပါတယ်။ အထူးသဖြင့် Leadership, Problem Solving နဲ့ Decision Making တွေမှာ Thinking Style တစ်မျိုးတည်းကို အမြဲသုံးနေရင် ကိုယ့်အမြင်ရဲ့ Blind Spot တွေ ဖြစ်လာနိုင်ပါတယ်။

ကောင်းမွန်တဲ့ အကြံဉာဏ်တွေထုတ်ပေးနိုင်တဲ့သူ ဆိုတာ စဉ်းစားပုံတစ်မျိုးကိုပဲ ကျွမ်းကျင်သူမဟုတ်ပါဘူး။ အခြေအနေအလိုက် စဉ်းစားပုံကို ပြောင်းလဲအသုံးချနိုင်သူလို့ ယူဆလို့ရပါတယ်။

ကိုင်တွယ်ရခက်ခဲတဲ့ ဝန်ထမ်း တွေကို Handle လုပ်ဖို့ထက် နားလည်ဖို့ ကြိုးစားဖူးလား?လုပ်ငန်းခွင် တစ်ခုမှာ အမြဲတမ်း Negative ဖ...
16/09/2026

ကိုင်တွယ်ရခက်ခဲတဲ့ ဝန်ထမ်း တွေကို Handle လုပ်ဖို့ထက် နားလည်ဖို့ ကြိုးစားဖူးလား?

လုပ်ငန်းခွင် တစ်ခုမှာ အမြဲတမ်း Negative ဖြစ်နေတဲ့သူ၊ အရာရာသိတယ်ထင်တဲ့သူ၊ Change ကိုမကြိုက်တဲ့သူ၊ အရာရာကို Control လုပ်ချင်တဲ့သူ စသည်ဖြင့် ကိုင်တွယ်ရခက်တဲ့သူအမျိုးမျိုး ရှိတတ်ပါတယ်။

တစ်ခါတလေတော့ ဒီလူနဲ့ အလုပ်လုပ်ရတာ တော်တော်ခက်တယ်လို့ ကျွန်တော်တို့တွေးမိတတ်တယ်။ ဒါပေမယ့် Difficult Employee ဆိုတာ လူတစ်ယောက်ရဲ့ Personality တစ်ခုလုံးကို သတ်မှတ်ပေးလိုက်တဲ့ Label မဟုတ်ပါဘူး။

တစ်ယောက်ရဲ့ Negative ဖြစ်နေမှုနောက်မှာ မကြားဖူးသေးတဲ့ အမြင်တစ်ခု၊ Resistance နောက်မှာ မသေချာမှုတစ်ခု၊ Micromanagement နောက်မှာ ယုံကြည်မှုမရှိခြင်း၊ Chronic lateness နောက်မှာ Accountability ပြဿနာ၊ Quiet quitting လိုပုံစံနောက်မှာ “ဒီအလုပ်က ဘာအတွက်လဲ” ဆိုတဲ့ Purpose ပျောက်ဆုံးမှုမျိုးတွေ ရှိနိုင်ပါတယ်။

ဒါကြောင့် ဘယ်လိုထိန်းချုပ်မလဲ ဆိုတာထက်
ဘာကြောင့် ဒီလိုဖြစ်နေတာလဲ ဆိုတာကို အရင်မေးကြည့်ရင် ပိုကောင်းပါတယ်။ Leadership ဆိုတာ
လူတိုင်းကို ကိုယ့်စိတ်ကြိုက်ဖြစ်အောင် ပြောင်းပေးခြင်းမဟုတ်ပါဘူး။ Clear Expectations, Empathy, Consistency, Accountability ဒီ ၄ ခုကို Balance လုပ်ပြီး လူတစ်ယောက်ချင်းစီနဲ့ အလုပ်လုပ်တတ်ခြင်းပါ။

တစ်ခါတလေ Team ထဲက ကိုင်တွယ်ရခက်တဲ့လူကို ပြောင်းဖို့လိုတာမဟုတ်ပဲခေါင်းဆောင် ရဲ့ Approach ကို ပြောင်းကြည့်ဖို့ လိုနေတာလည်း ဖြစ်နိုင်ပါတယ်။

Address

97, DanaTheikDi Street, 8th Block, KabaAye, Mayangone
Yangon
951

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+959795525671

Alerts

Be the first to know and let us send you an email when Myanmar Development Professionals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Development Professionals:

Shortcuts

Share