28/04/2022
Toner တိုနာ
အသားရေရဲ့ Cleansing Step ပြီးရင် အရေးကြီးဆုံးနဲ့ ပထမဆုံး သုံးသင့်တဲ့ Step တစ်ခုပါ
ကိုယ်သုံးလိုက်တဲ့ ဆပ်ပြာတွေဟာ Cleansing Agent ပါတော့ အများစုက အသားရေရဲ့ pH level နဲ့ ကွာဟတက်ပါတယ်
ဒီတော့ pH level မညီမျှခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ပြသနာတွေကို Toner သုံးပေးခြင်းဖြင့် သက်သာစေနိုင်သလို ကိုယ်ထပ်လိမ်းမဲ့ Skincare Products တွေရဲ့ Benefits ကိုလဲ ကောင်းစွာ စုပ်ယူနိုင်ပါတယ်
Toner ကို နေ့/ည သုံးစွဲသင့်သလို အသားရေရဲ့ Skin Barrier ကိုလဲ ကျန်းမာစေတာကြောင့် လုံးဝကျော်မသွားသင့်တဲ့ Basic Skincare တစ်မျိုးအနေနဲ့ မမေ့မလျော့ဘဲ သုံးစေချင်ပါတယ်
ဒါကတော့ ကျမ အသားရေနဲ့ ကိုက်ညီအောင် ကိုယ်ပိုင်ဖန်တီးထားတဲ့ Toner ပါ
Toner ကို များသောအားဖြင့် ၁ မျိုးဘဲ သုံးလေ့ရှိပေမဲ့ ဒီတစ်ခါတော့
ညဖက်အတွက် သုံးဖို့ အဓိကထားတာမို့ Vitamin C ကို Kojic Acid နဲ့ ပေါင်းစပ်ထားပါတယ်
ကလောကပြန်လာပြီးထဲက အတော့်ကို ညိုသွားတဲ့ အသားရေမို့ Skin Brightening ဖြစ်ဖို့ အဓိက ဦးစားပေးထားတာပါ
Natural Botanical အနေနဲ့လဲ Pink Guava Hydrosol ထည့်ထားတာမို့ ဒီ Toner က Skin ကို within 5-7 Days အတွင်း Skin Tone သိသိသာသာ တက်လာမယ်ဆိုတာ ယုံကြည်ပါတယ်
ဒီ Toner ကနေ ဘာ Benefits တွေ ရမလဲဆို
🍃Skin Brightening & Whitening
🍃Moisturizing & Hydration
🍃Soothing စတာတွေ ရရှိမှာဖြစ်ပါတယ်
ကျမ အနေနဲ့ Customize Skincare တွေ ဖန်တီးပေးတာဖြစ်လို့ ကိုယ့်အတွက် သီးသန့်ဖန်တီးထားတဲ့ Head to Toe Care Products တွေ မှာယူချင်တယ်ဆိုရင်
- အသက်
- အရင်ကဖြစ်ခဲ့ဖူးတဲ့ အသားရေ ပြသနာ
- လက်ရှိ အသားရေ
- Future SkinGoal
- ကြိုက်နှစ်သက်တဲ့ ရနံ့
- မကြိုက် / မတည့်တဲ့ အရာတွေ ပြောပြီး မှာယူနိုင်ပါတယ်ရှင်
ကြာချိန် 7-10 Days