24/02/2024
ကျွန်တော်တို့ SDM ကနေ ဖွံ့ဖြိုးရေး နယ်ပယ် အသီးသီး(CSOs,INGO,NGO,Etc...) မှာ ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း များနဲ့ လူပုဂ္ဂိုလ် များစွာကို စွမ်းဆောင်ရည် တိုးတက်စေမယ့် သင်တန်းများ ဆောင်ရွက်နေ သကဲ့သို့....
အထည်ချုပ် နဲ့ အခြား စက်ရုံ များစွာက Supervisor
များ အတွက်လည်း ကြီးကြပ်မှုဆိုင်ရာ ကျွမ်းကျင်မှု သင်တန်း(Supervisory Skill Training-SST)ကို ကျင်းပပြုလုပ်ပေးခဲ့ပါတယ်။
2022 ခုနှစ်ကနေ အခုချိန်ထိ သင်တန်း တွေကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြတဲ့ MADE Program (SMART Factories)နဲ့ ကုန်အမှတ်တံဆိပ် အသီးသီး အပါအဝင် စက်ရုံ အသီးသီးမှာရှိကြတဲ့ All Super,Super,Leader များနဲ့ အတူ CSR,HR Staff များလည်း တက်တက်ကြွကြွ ပါဝင် ခဲ့ကြလို့ တစ်ဦးတစ်ယောက်ချင်းစီကို SDM မှ ကျေးဇူး အထူး တင်ရှိပါတယ်။
စက်ရုံတိုင်းမှာရှိတဲ့ လုပ်ငန်းခွင် ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့ နဲ့ စကားကြမ်းကြမ်း အပြုအမူအမူ ကြမ်းကြမ်းတွေ ပြောစရာလုပ်စရာ မလိုပဲ အလုပ်ပြီးမြောက်အောင် ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို သင်ယူဝေမျှနိုင်ခဲ့ကြပါတယ်။
သင်တန်း က သိရှိခဲ့တဲ့ အသိပညာများကို လက်တွေ့ကျင့်သုံးရင်း "ကျွမ်းကျင်လိမ်မာတဲ့ ကြီးကြပ်ရေးမှူး များ " အမှန်တစ်ကယ် ဖြစ်လာ ကြမယ်ဆိုတာ ယုံကြည်ပါကြောင်း တိုက်တွန်းပြောကြားလိုက်ရပါတယ်။
"သင်တန်း တက်ခဲ့ကြဖူး တဲ့ သင်တန်းသား/သူ တွေက လည်း ဒီသင်တန်းနဲပါတ်သက်ပြီး comments လေးတွေလည်း ရေးခဲ့ပေးကြပါဦးနော်🤗🤗🤗🤗"