Customers views

Customers views စားသုံးသူများအတွက် ကောင်းမွန်ပြီး အကျိုးပြုသည့် ဆိုင်များပေါ်ပေါက်စေရန်။ ဆိုင်လုပ်ငန်းရှင်များ ကြီးပွါးတိုးတက်စေရန် ဆန္ဒပြင်းပြသူဖြစ်သည်။

customers' views က ဝန်ဆောင်မှုလုပ်ငန်းတိုင်းအတွက် အမြဲတမ်း ဝင်ငွေကောင်းစေတဲ့ အောင်မြင်သောအလေ့အကျင့်များကို မျှဝေပေးပါတယ်။
စားသုံးသူများအမြင်နဲ့ သင့်လုပ်ငန်း ဝင်ငွေကောင်းအောင်ဆောင်ရွက်ပါ။

22/03/2026

🌻တွေ့တွေ့ချင်း အထင်မြင်ကောင်းခြင်းက သင့်လုပ်ငန်းအောင်မြင်ဖို့ပါ

🌷ရန်ကုန်မြို့ ကုန်သည်လမ်းမကြီးမှာ သွားလာရင်း ဆိုင်တစ်ဆိုင် သတိပြုမိပါတယ်။ ဆိုင်နာမည်နဲ့ ဝန်ဆောင်မှုရေးထားတဲ့ ဆိုင်းဘုတ်က သပ်သပ်ရပ်ရပ် လှလှပပ ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ ဆိုင်အတွင်းမှာလည်း သန့်သန့်ရှင်းရှင်း လှလှပပ နဲ့ စနစ်တကျ ရှိပါတယ်။ ဆိုင်လုပ်ငန်းက ပုံနှိပ်လုပ်ငန်းနဲ့ ပရိုမိုးရှင်းအတွက် လက်ဆောင်ပစ္စည်းများဆောင်ရွက်တာဖြစ်ပါတယ်။ အဲဒီဆိုင်နဲ့ လုပ်ငန်းတစ်ကြိမ်မှ မလုပ်ဘူးသေးသော်လည်း လုပ်ငန်းဆောင်ရွက်ဖို့ လိုအပ်တဲ့အခါ အဲဒီဆိုင်ကို သွားကြည့်မယ်လို့ မှတ်ထားမိပါတယ်။

🌿ဒါနဲ့ အဲဒီဆိုင်လုပ်ငန်းမှာ အလုပ်အပ်ဖြစ်ပါတယ်။ ပထမဆုံး လုပ်ငန်းအပ်တာဖြစ်ပေမယ့် ပြောဆိုဆောင်ရွက်ရာမှာ အရည်အသွေးပိုင်းမှာ ပစ္စည်းပေးမည့်ရက်အတိုင်း မှန်ကန်စွာ ဆောင်ရွက်ပေးရာမှာ အားလုံးအဆင်ပြေခဲ့ပါတယ်။
အဲဒီဆိုင်က ကျွန်တော့်ထံ မားကတ်တင်းအနေနဲ့ လာတွေ့တာမရှိခဲ့ပါဘူး။ ဒါပေမယ့် သူလို့လုပ်ငန်းမှာ အလုပ်အပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်ပါလဲ-----။ သူတို့လုပ်ငန်း အခင်းအကျင်းကို စတွေ့တွေ့ချင်း မြင်မြင်ချင်း အထင်ကြီးလို့ပါ။ အမြင်ကောင်းလို့ပါ။

☘️သင်နဲ့ အပြန်အလှန်ဆက်ဆံဆောင်ရွက်ကြတဲ့ ကာစတန်မာ ၈၀ရာခိုင်နှုန်းက သင်နဲ့ပတ်လို့ သူတို့ရဲ့ပထမဆုံးအထင်မြင်မှာ အခြေခံပြီးဆောင်ရွက်ကြတယ်လို့ လေ့လာမှုအရ အကြမ်းဖျင်း သိရပါတယ်။ ဒါက လူတွေသာမကပါဘူး။ ထုတ်ကုန်ပစ္စည်းတွေ၊ ဆိုင်ရဲ့အခင်းအကျင်းတွေ၊ လည်ပတ်စရာနေရာတွေနဲ့ ဝန်ဆောင်မှုတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ပထမဆုံး အထင်အမြင်ကောင်းရအောင်လုပ်ပါ။

✅ဘယ်ဆက်ဆံရေးမဆို ပထမဆုံး အထင်မြင်က အလွန်အရေးကြီးပါတယ်။ ကနဦး ထိတွေ့ဆက်ဆံရေးက ကာစတန်မာအသစ်များနှင့် အလားအလာကောင်းသော ကာစတန်မာများအတွက် လွန်စွာအရေးကြီးပါတယ်။

ကျွန်တော်တို့က ထိတွေ့ပြောဆိုကြရာမှာ ပထမဆုံး ၇ စက္ကန့်အတွင်း တစ်ဖက်လူရဲ့ အထင်မြင်ကို ပုံဖော်ကြတယ်လို့ စာရေးဆရာ Roger Ailes က ဆိုထားပါတယ်။ သူ့ရဲ့ ပုံပန်းသွင်ပြင်၊ ကိုယ်ခန္ဓာအမူအရာ၊ အသံနေအသံထား၊ ဆံပင်ပုံစံ၊ သဘောထား၊ မျက်နှာထား၊ ရှက်ကြောက်မှု၊ ယုံကြည်မှု၊ ကိုယ်ရည်ကိုယ်သွေး စတာတွေကို ကြည့်ပြီး သူနဲ့ပတ်သက်လို့ အထင်မြင်ကို ပုံဖော်ကြပါတယ်။

✅အထင်အမြင်ကောင်းရဖို့အတွက် အားလုံးကို ဂရုတစိုက်ဆောင်ရွက်ရမှာပါ။ လုပ်ငန်းရဲ့အခင်းအကျင်း အမြင်ကောင်းဖို့လိုအပ်ပါတယ်။ ဒါတင်မက ကာစတန်မာနဲ့ ပထမဆုံးတွေ့တဲ့အခါ ရင်းနှီးစွာ ပြောဆိုဆက်ဆံပါ။ သူငယ်ချင်းလိုဆက်ဆံပါ။ စိတ်ပါလက်ပါပြုံးပါ။ မျက်လုံးချင်းဆုံပြီး စကားပြောပါ။
သူနဲ့ လုပ်ငန်း လုပ်ရမလား--- မလုပ်ဘူးလား----။ သူ့ဝန်ဆောင်မှု အသုံးပြုရမလား----- မသုံးပဲနေမလား---- ဆိုတဲ့ဆုံးဖြတ်ချက်တွေက အထင်အမြင်ပေါ်မှာ များစွာ မူတည်နေပါတယ်။

💲ဒါကြောင့် သင့်လုပ်ငန်း အောင်မြင်စေချင်လို့ ‘’သင့်ကာစတန်မာတွေအတွက် အပြုသဘောဆောင်တဲ့ အထင်မြင်ရအောင် ဖန်တီး ဆောင်ရွက်ဖို့’’ တိုက်တွန်းပါတယ်။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။
ကိုစိန်ဌေး

02/03/2026

☘️ကာစတန်မာဝန်ဆောင်မှုဆိုတာ

✅ကာစတန်မာဝန်ဆောင်မှုဆိုတာ တက်တက်ကြွကြွ ကြည့်ရှုဆောင်ရွက်ရခြင်းပါ။ Customer service is an active pursuit.

🌷ဘယ်အခိုက်အတန့်လေးပဲဖြစ်ဖြစ် သင်နဲ့ သင့်ဝန်ထမ်းတွေက ကာစတန်မာ ပျော်ရွှင်ရေးအတွက် ကြိုဆိုရုံလောက်သာမဟုတ်ဘဲ ပိုပြီးအဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်မယ့် အခွင့်အလမ်း ရှာဖွေ့ရမှာပါ။ သူတို့ကို အံ့အားသင့်အောင်လုပ်ရမှာပါ။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းကြပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

16/02/2026

🌿အမြဲတမ်းအားပေးသူများရှိဖို့ရာ ဆက်ဆံရေးကောင်းတည်ဆောက်ပါ

🍁သစ္စာရှိတဲ့ ကာစတန်မာများ ( customer loyalty )ရရှိဖို့ တွန်းအားပေးတဲ့အရာတွေထဲမှာ အင်အားအကြီးဆုံးတစ်ခုက သူတို့နဲ့ရေရှည်တည်တံ့ပြီး အဓိပ္ပာယ်ရှိတဲ့ဆက်ဆံရေးတစ်ခုဖန်တီးဖို့ ဖြစ်ပါတယ်။ အဲဒီအတွက် နည်းလမ်းများရှာဖွေရမှာ ဖြစ်ပါတယ်။

💡နည်းလမ်းရှာဖို့ဆိုရာမှာ ကာစတန်မာတွေရဲ့ အချက်ပြမှုတွေကို ရှာဖွေပြီး တုန့်ပြန်ဆောင်ရွက်ဖို့ပါပဲ။

💐ဆိုင်ရှေ့မှာ ကားလေးရပ်ပြီး အမျိုးသမီးတစ်ဦး ကားပေါ်က ဆင်းလာပါတယ်။ ပြီးတော့ သူ့ကလေးငယ်ကို ကားပေါ်မှ ခေါ်ပါတယ်။ လက်ထဲမှာလည်း အိတ်တစ်လုံးကိုင်ထားလို့ မနိုင်မနင်းဖြစ်နေပုံပါ။ ချက်ချင်းဆိုသလို ဆိုင်ထဲမှ ဝန်ထမ်းတစ်ဦး ခက်သွက်သွက်ထွက်သွားပြီး မင်္ဂလာပါခင်ဗျာလို့ နှုတ်ဆက်ရင်း ကလေးငယ်ကို ချီခေါ်ပါတယ်။ သင့်တော်ရာ စားပွဲ၀ိုင်းဆီ ခေါ်ဆောင်ပြီး ကာစတန်မာအမျိုးသမီးကို ထိုင်စေပါတယ်။ ပြီးမှ ကလေးကို ပေးပါတယ်။ ကာစတန်မာကို အဆင်ပြေအောင် ဆောင်ရွက်ပေးခြင်းပါ။ ကလေးငယ်တွေပါလည်း ဆိုင်မှာ အဆင်ပြေပါတယ် ကြိုဆိုပါတယ်ဆိုတဲ့ အချက်ပြမှုပါ။ ဒီနေရာမှာ ဆိုင်လိုဂိုပါတဲ့ အရုပ်ကလေးတစ်ခု ကလေးကို လက်ဆောင်ပေးလိုက်မယ်ဆိုရင် ကလေးနဲ့လာတဲ့ မိသားစုတွေအတွက် ပိုပြီးအမှတ်တရဖြစ်စေပါမယ်။

ဒါက အင်မတန်သေးငယ်တဲ့ဆောင်ရွက်ချက်လေးပါ။ ဒါပေမယ့် အင်မတန်ထိရောက်ပါတယ်။

✅ကာစတန်မာတွေကို သတိထားကြည့်ရင် ဆောင်ရွက်ပေးလို့ရမယ့် အချက်ပြမှုတွေ များစွာတွေ့ရမှာပါ။ ဒါတွေကို အရအမိဖမ်းပြီး ဆက်ဆံရေးကောင်းအောင် တည်ဆောက်ရမှာပါ။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

🍁ဝန်ဆောင်မှု ကောင်းအောင် LEARN စနစ်ဖြင့် ဆောင်ရွက်ခြင်းရံခါ ကာစတန်မာတွေဘက်က အဆင်မပြေမှုနဲ့ပတ်သက်လို့ ပြောလာတတ်ပါတယ်။ ကာစ...
08/02/2026

🍁ဝန်ဆောင်မှု ကောင်းအောင် LEARN စနစ်ဖြင့် ဆောင်ရွက်ခြင်း

ရံခါ ကာစတန်မာတွေဘက်က အဆင်မပြေမှုနဲ့ပတ်သက်လို့ ပြောလာတတ်ပါတယ်။ ကာစတန်မာရဲ့ မကျေနပ်မှု အဆင်မပြေမှုကို ပြန်လည်ကောင်းမွန်အောင် ချက်ချင်းဆောင်ရွက်ရမှာပါ။

✅ဝန်ဆောင်မှုပြန်လည်ကောင်းမွန်ရေး (Service Recovery ) ဆောင်ရွက်ရာမှာ ထင်ရှားကျော်ကြားတဲ့ မာရီယော့ဟိုတယ်လုပ်ငန်းစုက အသုံးပြုတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲဒါက LEARN နည်းစနစ်ပါ။ အဲဒီနည်းစနစ်မှာ လိုက်နာဆောင်ရွက်ဖို့ လုပ်ငန်းစဉ်အဆင့် ၅ဆင့်ရှိပါတယ်။

၁။ (Listen) နားထောင်ပါ။
ကာစတန်မာတွေက သူတို့ပြောတာကို ကြားစေချင်ပါတယ်။ သိစေချင်ပါတယ်။ ဒါကြောင့် ကာစတန်မာတွေပြောတာကို အထူးဂရုပြုကာ နားထောင်ဖို့လိုအပ်ပါတယ်။ သူတို့ပြောတာကို ပြီးအောင်နားထောင်ဖို့လိုပါတယ်။ သေသေချာချာ နားထောင်ခြင်းအားဖြင့် ကာစတန်မာရဲ့ အဆင်မပြေတဲ့ အခက်အခဲကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ ဘယ်လိုလုပ်ပေးမရလဲဆိုတာ သိနိုင်ပါတယ်။

၂။ ( Empathize )စာနာ နားလည်ပါ။
စာနာမှု ကိုယ်ချင်းစာမှုပြသခြင်းကလည်း အရေးကြီးပါတယ်။ ကာစတန်မာရဲ့ အဆင်မပြေဖြစ်မှုအတွက် ကိုယ်ချင်းစာကြောင်းပြသပါ။ ပြောပါ။ စာနမှုပြသခြင်းက ကာစတန်မာကို အထူးအလေးထားကြောင်း ပြသတာပါ။ ကိုယ်ကိုတိုင်ဆိုရင်လည်း ဒီလိုမျိုးမကြိုက်တဲ့အကြောင်း ပုဂ္ဂိုလ်ရေးဆိုင်ရာ ဖော်ပြချက်လေးတွေနဲ့ ပြောခြင်းအားဖြင့် သူတို့ဆိုလိုရင်းကို သေချာနားလည်ကြောင်း ပြသပါ။
၃။ (Apologize) တောင်းပန်ပါ။
အဆင်မပြေဖြစ်မှုအတွက် တောင်းပန်ပါ။ အမှားအတွက် ဝန်ခံပြီး တကယ့်ကို တောင်းပန်တဲ့အကြောင်း ပြောပါ။

၄။ (React) ကောင်းအောင်ပြန်လည်ဆောင်ရွက်ပေးပါ။
အဆင်မပြေဖြစ်တဲ့ကိစ္စအပေါ်မူတည်ပြီး အဆင်ပြေအောင် ပြန်လည်ဆောင်ရွက်ပေးရမှာပါ။ ဥပမာ-ဟင်းပွဲ အဆင်မပြေရင် အသစ်ပြန်လည်ချပေးတာမျိုးပါ။ အဆင်ပြေအောင် ပြန်လည်ဆောင်ရွက်ပေးထားတာကိုလည်း ကာစတန်မာ သိအောင်ပြရမှာပါ။

၅။ ( Notify) အကြောင်းကြားပါ။
နောက်ဆုံးတစ်ခုက လုပ်ငန်းခွင်က အသိပေးသင့်သူတွေအားလုံးကို အသိပေးခြင်းဖြစ်ပါတယ်။ အဆင်မပြေဖြစ်တဲ့ ကိစ္စရပ်ကို အသိပေးထားပြီး နောက်ထပ်မဖြစ်အောင် ဆောင်ရွက်နိုင်ဖို့ပါ။

✔️ဒီ LEARN နည်းစနစ်က ကာစတန်မာနဲ့ မကင်းတဲ့လုပ်ငန်းတိုင်းမှာ ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။ သင့်ရဲ့ အဖွဲ့ဝင်တွေကို LEARN စနစ် သင်ပေးထားပြီး ကာစတန်မာရဲ့ အဆင်မပြေမှုတွေအတွက် ဆောင်ရွက်နိုင်ဖို့ လုပ်ခွင့်ပေးထားဖို့ လိုအပ်ပါတယ်။

🌿LEARN စနစ်ကို အသုံးပြုပြီး ကာစတန်မာဝန်ဆောင်မှုကောင်းအောင် ဆောင်ရွက်နိုင်ပါစေ။
မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

🌺အမှတ်တရဖြစ်စေတဲ့ ကာစတန်မာဝန်ဆောင်မှုဖြစ်ဖို့🍁သင်က ကမ္ဘာပေါ်မှာ အလှပဆုံးနေရာကို ဒီဇိုင်းရေးဆွဲ ဖန်တီး တည်ဆောက်နိုင်ပါတယ်...
25/01/2026

🌺အမှတ်တရဖြစ်စေတဲ့ ကာစတန်မာဝန်ဆောင်မှုဖြစ်ဖို့

🍁သင်က ကမ္ဘာပေါ်မှာ အလှပဆုံးနေရာကို ဒီဇိုင်းရေးဆွဲ ဖန်တီး တည်ဆောက်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ လူတွေလိုအပ်တယ်လို့ ကမ္ဘာကျော် Disney World ရဲ့ ထင်ရှားတဲ့ ဆိုရိုးစကားရှိပါတယ်။

☑️သင့်လုပ်ငန်းနေရာမှာ ခန်းနားထည်ဝါစွာ ဖန်တီးအလှဆင်ထားတာကို ကာစတန်မာတွေက အံ့အားသင့်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သုတေသနပြုချက်အရ ကာစတန်မာတွေက စိတ်ကျေနပ်မှုနဲ့ နောက်တစ်ကြိမ်ပြန်လာဖို့ ဖြစ်စေတဲ့အဓိကအကြောင်းအချက်က ဆိုင်ဝန်ထမ်းများနဲ့ အပြန်အလှန် ထိတွေ့ပြောဆိုခြင်းပဲဆိုတာ သိရပါတယ်။ လူတွေက ပိုအရေးကြီးပါတယ်။

☑️ကာစတန်မာတွေကို တန်ဖိုးထား ဆက်ဆံဆောင်ရွက်ခဲ့မယ်ဆိုရင် ကာစတန်မာတွေက သူတို့ အိပ်ခဲ့တဲ့ အိပ်ယာကောင်းတွေ သူတို့စားခဲ့တဲ့ အစားအစာတွေ သူတို့ဝယ်ခဲ့တဲ့ ပစ္စည်းတွေထက် ဆက်ဆံရေး ကောင်းတဲ့ ဝန်ထမ်းတွေကို ပိုပြီး သတိရပါတယ်။ အမှတ်ရစေပါတယ်။

✔️ဒါကြောင့် အမှတ်တရဖြစ်နေစေတဲ့ ကာစတန်မာဝန်ဆောင်မှု ( memorable customer service ) ဖြစ်ဖို့ဆိုရင် လုပ်ငန်းပိုင်ရှင်တွေ လုပ်ငန်းကြီးကြပ်ဆောင်ရွက်သူတွေက ဝန်ထမ်းများနဲ့ အပြန်အလှန်ဆက်ဆံဆောင်ရွက်မှု ကောင်းရမယ်။ ကာစတန်မာတွေနဲ့ ကောင်းစွာ ပြောဆိုနိုင်ဖို့ ဝန်ထမ်းတွေကို ခွင့်ပြုပေးရမယ်။

🍀သင်က ကာစတန်မာတွေကို ရစေချင်တဲ့ အတွေ့အကြုံကောင်းတွေကို သင့်ဝန်ထမ်းများအား အရင်ပေးလိုက်ပါ။ သင့်ဝန်ထမ်းတွေက ကာစတန်တွေကို အဲဒီအတွေ့အကြုံကောင်းတွေရအောင် ပြန်ပေးလိမ့်မယ်။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းကြပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

18/01/2026

🌹ဝန်ဆောင်မှုကောင်းတဲ့လုပ်ငန်းဖြစ်ချင်ရင် ( 15/5 Rules ) ကို သုံးပါ

ထင်ရှားကျော်ကြားတဲ့ ရစ်ဇ်-ကာလ်တန် ( The Ritz- Carlton ) နှင့် မာရီယော့ ( Marriott ) ဟိုတယ်လုပ်ငန်းများမှာ ကျယ်ပြန့်စွာ အသုံးပြုတဲ့ ကာစတန်မာဝန်ဆောင်မှု လမ်းညွှန်ချက်တစ်ခုရှိပါတယ်။ အဲဒါက (15/5 Rules) ၁၅ နှင့် ၅ စည်းကမ်းတစ်ခုပါ။ ဝန်ထမ်းတိုင်း လိုက်နာဆောင်ရွက်ရတဲ့စည်းကမ်းပါ။

(၁) ဝန်ထမ်းက ကာစတန်မာနှင့် ၁၅ပေအကွာအဝေးမှာ ရှိတဲ့အခါ ကာစတန်မာကို ( eye contact ) ကြည့်ရပါမယ်။ ပြုံးပြရပါမယ်။ ခေါင်းညိတ်ပြီး အသိအမှတ်ပြုတာမျိုးလုပ်ရပါမယ်။ ဒါက ကာစတန်မာ ရှိနေတာကို ဟန်အမူအယာနဲ့ ဆက်သွယ်တာပါ။ အသိအမှတ်ပြုတာပါ။

(၂) ဝန်ထမ်းက ကာစတန်မာနှင့် ၅ပေအကွာအဝေးမှာရှိတဲ့အခါ ကာစတန်မာကို စိတ်ပါလက်ပါ နှုတ်ဆက်ရပါမယ်။ ဟဲလို-- မင်္ဂလာနံနက်ခင်းပါ----- ကြိုဆိုပါတယ်----- စသည် နှုတ်ဆက်ရပါမယ်။
မာရီယော့ဟိုတယ်လုပ်ငန်းစု ကမ္ဘာအဆင့် ထင်ရှား အောင်မြင်စေတဲ့အချက်တွေထဲမှာ ဒီအလေ့အကျင့် ကောင်းပါဝင်ပါတယ်။

☑️ဒီလိုမျိုး ရိုးရှင်းတဲ့အလေ့အကျင့်က ကာစတန်မာတွေကို မိတ်ဆွေသူငယ်ချင်းလိုကြိုဆိုတဲ့ ဝန်းကျင်တစ်ခုကို ဖန်တီးလိုက်တာဖြစ်ပြီး သူတို့ကို အလေးထား တန်ဖိုးထားတာပဲလို့ ကာစတန်မာတွေရဲ့စိတ်မှာ ထင်စေပါတယ်။ ကာစတန်မာတွေရဲ့စိတ်ကို လန်းစေပါတယ်။ ဒါက အလွန်ကောင်းတဲ့ ဝန်ဆောင်မှုဆိုင်ရာ ယဉ်ကျေးမှုရဲ့ အရေးပါတဲ့အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။

☑️သင့်လုပ်ငန်းက ကာစတန်မာတွေနဲ့ ပြောဆိုဆက်ဆံဆောင်ရွက်ရတဲ့ လုပ်ငန်းဆိုရင် ရိုးရှင်းပြီး ထိရောက်တဲ့ ဒီ ၁၅နှင့် ၅ စည်းကမ်းကို အသုံးပြုပါ။ သင့်လုပ်ငန်းနဲ့ကိုက်ညီတဲ့ နှုတ်ဆက်နည်းကို အသုံးပြုပါ။
သင့်လုပ်ငန်းအဆင်ပြေအောင်မြင်လာမှာပါ။

ကျွန်တော့်မိတ်ဆွေများ ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာအဆင်ပြေပါစေ။

11/01/2026

🌿ဝယ်သူအား စိတ်ကျေနပ်စေတာ ပေးလိုက်ပါ

☑️ကာစတန်မာ (ဖောက်သည်)တွေက သူတို့ကိုစိတ်ကျေနပ်မှု ပေးတဲ့ဆိုင် လုပ်ငန်းကို မှတ်ထားပါတယ်။ လိုအပ်တိုင်း အဲဒီဆိုင်ကို သတိရပြီး အားပေးပါတယ်။ ဝယ်ယူသုံးစွဲပါတယ်။
ဒါဆို ကာစတန်မာ စိတ်ကျေနပ်မှု ရအောင် ဘယ်လိုလုပ်ရမလဲ ? ဘက်ဂျက်တွေ အများကြီး ကုန်မှာလား ?

🌺ပုဇွန်တောင်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ပါတယ်။ ဒီဆိုင်က အစားအသောက်တွေက ကောင်းလှပါတယ်။ သန့်ရှင်း လတ်ဆတ်မှုလည်းရှိတယ်။ အရသာလည်း အလွန်ကောင်းလို့ ပုဇွန်တောင် ရောက်တိုင်းထိုင်ဖြစ်တာပါ။ စားသောက်ပြီးလို့ ပိုက်ဆံရှင်းကာ ဆိုင်မှပြန်အထွက်မှာ ဆိုင်မန်နေဂျာက ကျေးဇူးတင်ပါတယ်ဆရာလို့ အပြုံးမျက်နှာနဲ့ ချိုသာစွာ နှုတ်ခွန်းဆက်ပါတယ်။

သူတို့ဆိုင်မှာ လာပြီးအားပေးလို့ ကျေးဇူးတင်ကြောင်း ပြောတာပါ။ ကျွန်တော့်စိတ်မှာလည်း ကျေနပ်မှုအပြည့်နဲ့ ဆိုင်မန်နေဂျာကို ကျေးဇူးတင်မိပါတယ်။

🌿ကာစတန်မာအပေါ်ပေးတဲ့ ဒီ အလေ့အကျင့်လေးက ဆိုင်ရှင်အတွက် ဘက်ဂျက်များစွာမသုံးလိုက်ရပါဘူး။ သေးသေးလေးဆိုပေမယ့် ဘက်ဂျက်မကုန်လိုက်ပေမယ့် ကာစတန်မာအတွက် စိတ်ကျေနပ်မှုများစွာ ရစေပါတယ်။ နောက်တစ်ချက်က သင့်လုပ်ငန်းနဲ့ ကာစတန်မာဆက်ဆံရေးပိုကောင်းစေပါတယ်။ ဒါတင်လားဆိုတော့ ကျန်ပါသေးတယ်။ ကာစတန်မာက အဲဒါလေးတွေကို အမှတ်ရနေပါတယ်။
☑️လူတွေက ကောင်းတဲ့ခံစားချက်လေးတွေ ပျော်ရွှင်စရာလေးတွေ ပေးခဲ့တဲ့သူကို မမေ့ပါဘူး။ အမှတ်ရနေတတ်ပါတယ်။ ကောင်းတဲ့ခံစားမှုနဲ့ အမှတ်ရနေတဲ့အတွက် နောက်တစ်ကြိမ်မက အကြိမ်ကြိမ်ပဲ အဲဒီဆိုင်ကို အားပေးပါတယ်။

✔️ဒါ့ကြောင့် သင့်ဆိုင်မှာ လာရောက်အားပေးတဲ့ ကာစတန်မာတိုင်းကို ကျေးဇူးတင်ကြောင်း တစ်နည်းနည်းနဲ့ ဖော်ပြပေးပါ။ နေ့စဉ် ဆောင်ရွက်ပါ။ သင့်ဆိုင်ကို သူတို့အမှတ်ရနေမှာပါ။ သင့်လုပ်ငန်းနဲ့ အမြဲတမ်းလက်တွဲမှာပါ။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

💐လုပ်ငန်းအောင်မြင်ချင်ရင် ဝန်ထမ်းတိုင်းကို အရေးပါသူတွေအဖြစ် ဆက်ဆံပါ ကိုယ့်ဝန်ထမ်းတွေက ကာစတန်မာ (ဖောက်သည်)များနဲ့ ထိတွေ့ဆ...
28/12/2025

💐လုပ်ငန်းအောင်မြင်ချင်ရင် ဝန်ထမ်းတိုင်းကို အရေးပါသူတွေအဖြစ် ဆက်ဆံပါ

ကိုယ့်ဝန်ထမ်းတွေက ကာစတန်မာ (ဖောက်သည်)များနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုဆောင်ရွက်ရာမှာ အဆင်မပြေမှုတွေများလေ လုပ်ငန်းအခက်တွေ့လေဖြစ်မှာပါ။
ဒါဆို ကာစတန်မာဝန်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်ရမလဲ ?

☑️သူတို့ကိုသူတို့ အရေးပါတဲ့သူလို့ ခံယူထားတဲ့ဝန်ထမ်းတွေက ကာစတန်မာတွေကိုလည်း အရေးပါသူတွေအဖြစ် ရှုမြင်ပါတယ်။ အရေးတယူဆက်ဆံပါတယ်။

☑️ကာစတန်မာက သင့်လုပ်ငန်းမှာ အလွန်ကောင်းမွန်တဲ့ ကာစတန်မာအတွေ့အကြုံ ( a great customer experience ) တောက်လျောက် ရနေတဲ့အခါမှာ--- သင့်လုပ်ငန်းနဲ့ပဲ သစ္စာရှိစွာ ဆောင်ရွက်ပါတယ်။ သင့်လုပ်ငန်းကိုပဲ သစ္စာရှိတဲ့ဖောက်သည် (customer loyalty ) အဖြစ် အမြဲတမ်းအားပေးပါတယ်။

🌿အဲဒီလိုဖြစ်ဖို့ ကာစတန်မာက သင့်ဆိုင်မှာ သုံးဆောင်ရတာ တန်တယ်။ သူ့အတွက် ရတဲ့ တန်ဘိုး (Value) တွေ များတယ်။ ပေးရတာထိုက်တန်တယ်။ သင့်လုပ်ငန်းနဲ့ဆောင်ရွက်ရတာ သူ့အတွက် ထိုက်တန်တယ်လို့ ရှုမြင်အောင် လုပ်ဖို့ အရေးကြီးပါတယ်။
☑️Value တွေ များများပေးဖို့ ဆောင်ရွက်ပါ။ Value တွေအများကြီးထဲက ရိုးရှင်းတဲ့အချက်တစ်ခုက ကြိုဆိုနှုတ်ဆက်ခြင်းပါ။ ဆိုင်ကို ဝင်လာတဲ့သူတိုင်းကို ကြိုဆိုနှုတ်ဆက်ပါ။ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်ပါ။ စိတ်ပါလက်ပါနှုတ်ဆက်ပါ။

တကယ်တော့ သင့်လုပ်ငန်းရဲ့ဖောက်သည်တွေကို အရင်ဆုံးတွေ့တာ ကြိုဆိုတာက သင့်ဝန်ထမ်းတွေပါ။ လစာနည်းတဲ့ဝန်ထမ်းငယ်တွေပါ။ အဆိုပါလစာနည်းတဲ့ဝန်ထမ်းတွေက သူတို့ဟာ လုပ်ငန်းအတွက် အရေးပါတဲ့သူတွေလို့ ထင်နေဖို့ လိုပါတယ်။
သူတို့က ဒီလုပ်ငန်းအတွက် အရေးကြီးတဲ့လူတွေ အရေးပါတဲ့သူတွေလို့ ထင်မြင်နေမှသာ ကာစတန်မာတွေကိုလည်း အရေးပါတဲ့သူအဖြစ် ဆက်ဆံပါလိမ့်မယ်။

☑️အဲဒီလိုဖြစ်ဖို့ အထက်လူကြီးတွေက ကိုယ့်ဝန်ထမ်းတိုင်းကို အရေးပါတဲ့သူတွေအဖြစ် ပြောဆိုဆက်ဆံရမှာပါ။ နေ့တိုင်း ဂရုစိုက်ရမှာပါ။ အထက်လူကြီးက ဝန်ထမ်းတိုင်းကို နေ့စဉ်နှုတ်ဆက်ပါ။ စိတ်ပါလက်ပါ နှုတ်ဆက်ပါ။ အထက်လူကြီးရဲ့ အရေးတယူ နှုတ်ဆက်ခြင်းခံရတဲ့ဝန်ထမ်းက သူ့စိတ် ကျေနပ်မှုဖြစ်ပါတယ်။ သူ့စိတ်မှာ Energy ဖြစ်ပါတယ်။ အပြန်အလှန်အနေနဲ့ အဆိုပါ ဝန်ထမ်းက ကာစတန်မာတွေကိုလည်း စိတ်ပါလက်ပါနဲ့ ကြိုဆိုနှုတ်ဆက်ပါတယ်။

🌿သင့်လုပ်ငန်းမှာ အဲဒီ culture ဖြစ်အောင် အဲဒီအလေ့အကျင့် habit ဖြစ်အောင်လုပ်ပါ။ သင့်လုပ်ငန်းသေချာပေါက် အောင်မြင်လာမှာ။

Feel စားသောက်ဆိုင်ပိုင်ရှင် Chef Soe က သူ့ဝန်ထမ်းတိုင်းကို မင်္ဂလာပါ သားတို့ မင်္ဂလာပါ သမီးတို့လို့ နှုတ်ဆက်ပါတယ်။ စိတ်ပါလက်ပါ ပြုံးရွှင်စွာ နှုတ်ဆက်ပါတယ်။ ကောင်းမွန်တဲ့ ဂုဏ်ယူစရာ အလေ့အကျင့်ကောင်းပါ။ သူလုပ်ငန်းက အောင်မြင်နေတဲ့လုပ်ငန်းပါ။

ကျွန်တော့်မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

20/12/2025

🍁Bad customer service is bad for business
ကာစတန်မာဝန်ဆောင်မှုညံ့ရင် စီးပွါးရေးလည်း ညံ့မယ်

🌿ကာစတန်မာဝန်ဆောင်မှုနဲ့ပတ်သက်လို့ ---မကောင်းတဲ့အချက်လေးတစ်ချက် ကြုံခဲ့ရင်တောင် နောက်တစ်ကြိမ် အဲဒီလုပ်ငန်းနဲ့ မဆက်ဆံဘဲ ရှောင်ဖို့ များတယ်လို့ ဖြေဆိုသူ ၈၇ရာခိုင်နှုန်းက တုန့်ပြန်ထားပါတယ်။

☑️ဒါကြောင့် သင့်လုပ်ငန်းအောင်မြင်ဖို့ ကာစတန်မာအတွက် အဆင်မပြေတာလေးတစ်ခုတောင် မဖြစ်အောင် ကြိုးစား ဆောင်ရွက်ရမှာပါ။
Source: accenture
ကျွန်တော့်မိတ်ဆွေများ ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။
ကိုစိန်ဌေး

🍁ငွေတောင်းခံရာမှာ ရှင်းလင်းစွာ ချပြပါ ဆိုင်မှာ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ မှာယူစားသောက်ပြီး ငွေရှင်းတဲ့အခါ မှာယူခြင...
14/12/2025

🍁ငွေတောင်းခံရာမှာ ရှင်းလင်းစွာ ချပြပါ

ဆိုင်မှာ သူငယ်ချင်းများနဲ့ ပျော်ရွှင်စွာ မှာယူစားသောက်ပြီး ငွေရှင်းတဲ့အခါ မှာယူခြင်းမရှိတဲ့ အမယ်တွေပါပေါင်းထည့်ပြီး ငွေပိုတောင်းတာမျိုး ကြုံခဲ့ဖူးပါတယ်။
ဆိုင်တစ်ချို့မှာ စားသောက်ပြီးလို့ ငွေရှင်းတဲ့အခါ ဆိုင်ဝန်ထမ်းက တွက်ချက်ပြီး စုစုပေါင်းငွေ ဘယ်လောက်ပါလို့ ပြောရင် ကျသင့်ငွေထက်ပိုပြီးတောင်းသလားလို့ ရံခါ ထင်မိပါတယ်။

🌼ဆိုင်ရှင်အနေနဲ့ ကျသင့်ငွေတောင်းခံရာမှာ ကာစတန်မာတွေရဲ့ စိုးရိမ်မှုကင်းအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

☘️ပိုင်ရှင်ပြောင်းပြီး အသစ်ပြောင်းလဲဖွင့်လိုက်တဲ့ ဆိုင်ကို ရောက်ပါတယ်။ စားစရာ ဘာတွေရလဲလို့မေးရာ ဝန်ထမ်းက စားစရာအမယ်တွေ အတော်များများရွတ်ပြပြီး မုန့်ဟင်းခါးလည်းရတယ် မုန့်ဟင်းခါးကောင်းတယ် စားကြည့်ပါလို့ ပြောပါတယ်။ ဒါနဲ့ သူညွှန်းတဲ့အတိုင်း မှာစားဖြစ်ပါတယ်။

💐ကျသင့်ငွေရှင်းရာမှာ ဆိုင်ဝန်ထမ်းက စားပွဲ၀ိုင်းအလိုက် အမှာစာရင်းတွေရှိတဲ့ တပ်ပလပ်လေးပွစ်ရင်း လက်ဘက်ရည်တစ်ခွက်၊ အီကြာကွေးတစ်ချောင်းနဲ့ မုန့်ဟင်းခါးအလွတ်တစ်ပွဲ စုစုပေါင်း ၄၈၀၀-ကျပ် ကျပါတယ် ရှင့်လို့ ယဉ်ကျေးစွာ ပြောပါတယ်။ အဲဒီလိုပြောတော့ ကိုယ်စားထားတာနဲ့ကွက်တိပဲ။ ပိုပြီးငွေတောင်းမှာလားဆိုတဲ့အတွေးလည်း မရောက်တော့ဘူး။

☑️စားသောက်ထားတဲ့ အမယ်တွေကို တစ်ခုချင်း ရွတ်ပြပြီး ကျသင့်ငွေ တောင်းခံတဲ့စနစ်က စားသုံးသူအတွက် အမြင်ရှင်းစေပါတယ်။ သံသယလည်း ပျောက်စေပါတယ်။ ဆိုင်ရှင်ဘက်က ရိုးသားမှုကို ပြသရာရောက်ပါတယ်။

☑️ကျသင့်ငွေရှင်းရာမှာ စားသုံးသူဘက်က အမြင်ရှင်းလေ ကောင်းလေပါ။
☑️ဆိုင်ရှင်ဘက်က ရိုးသားလေ ပွင့်လင်းလေ ကောင်းလေပါ။
☑️ဒါကြောင့် ကျသင့်ငွေတောင်းခံရာမှာ ရှင်းရှင်းလင်းလင်း ချပြဖို့လိုပါတယ်။

ကျွန်တော့်မိတ်ဆွေများ ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာအဆင်ပြေပါစေ။
ကိုစိန်ဌေး

☕️🫖အမြဲတမ်းဖောက်သည်ရဖို့ရာ လက်ဆောင်လေးပေးလိုက်ပါ🍁ရန်ကုန်မြို့လယ်မှာဖွင့်လှစ်ရောင်းချတဲ့ ယောလုံချည်အရောင်းဆိုင်ကို တစ်နေ့...
07/12/2025

☕️🫖အမြဲတမ်းဖောက်သည်ရဖို့ရာ လက်ဆောင်လေးပေးလိုက်ပါ

🍁ရန်ကုန်မြို့လယ်မှာဖွင့်လှစ်ရောင်းချတဲ့ ယောလုံချည်အရောင်းဆိုင်ကို တစ်နေ့က ရောက်ခဲ့ပါတယ်။ အဆိုပါဆိုင်မှ လုံချည်များက ဝတ်လို့အဆင်ပြေတဲ့အတွက် ခဏခဏ ဝယ်ယူအားပေး ဖြစ်ပါတယ်။ ဆိုင်မှာ လုံချည်တွေက အရည်အသွေးကောင်းပါတယ်။ စျေးနှုန်းမှန်ပြီး ရောင်းစျေးပဲပြောပါတယ်။ ဝယ်သူကို စိတ်ရှည်စွာ သေချာရှင်းပြပြီး ဆက်ဆံရေးအလွန်ကောင်းပါတယ်။

စိတ်ကြိုက်ရွေးပြီးနောက် လုံချည်တစ်ထည်ဝယ်ယူပြီး ကျသင့်ငွေရှင်းပေးပါတယ်။ ဆိုင်ရှင်က လုံချည်ကို အိတ်နဲ့သပ်သပ်ရပ်ရပ်ထည့်ပေးပြီး ဒါက လက်ဆောင်ပါနော်ဆိုပြီး သွားတိုက်ဆေးဗူးလေးတစ်ဗူး ပေးပါတယ်။

လက်ဆောင်လေးပေးတဲ့အတွက် ပျော်ပါတယ်။ လက်ဆောင်ရဲ့တန်ဖိုးက မများပါဘူး။ ဒါပေမယ့် ဝယ်သူကို ပျော်စေပါတယ်။ သူတို့ဆိုင်မှာဝယ်ရတာ စိတ်ကျေနပ်စေပါတယ်။ သေချာပါတယ်။ နောက်တစ်ခါ လုံချည် ဝယ်မယ်ဆိုရင်လည်း အဲဒီဆိုင်ပဲ သွားမှာပါ။

☑️ဝယ်သူကို လက်ဆောင်ပစ္စည်းပေးခြင်းကြောင့် ရင်းနှီးမှုတိုးစေပါတယ်။
☑️ဆက်ဆံရေးပိုကောင်းစေပါတယ်။
☑️ကိုယ့်ဆိုင်ရဲ့ အမြဲတမ်းဖောက်သည်ဖြစ်စေပါတယ်။
☑️Customer Loyalty ဖြစ်စေပါတယ်။

ဒါကြောင့် ဝယ်သူကို ဘယ်အချိန်မှာ ဘယ်လိုမျိုးလက်ဆောင်ပစ္စည်းပေးရမလဲ စဉ်းစားပါ။ လက်ဆောင်လေးပေး လိုက်ပါ။

မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။
ကိုစိန်ဌေး

06/12/2025

☕️🫖“Your employees are your company’s real competitive advantage. They’re the ones making the magic happen—so long as their needs are being met.”
Richard Branson ( Founder of Virgin Business Group )

🍀သင့်လုပ်ငန်းအောင်မြင်ရေးအတွက် ဝန်ထမ်းတွေကို ဂရုစိုက်ပေးပါ။ သူတို့ လိုအပ်ချက်လေးတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါ။ အထူးသဖြင့် သူတို့အလုပ်အတွက် လိုအပ်တာလေးတွေကို အချိန်မီဖြည့်ဆည်းဆောင်ရွက်ပေးပါ။
ကျွန်တော့်မိတ်ဆွေများအားလုံး ဘေးရန်ခပ်သိမ်းကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ။

Address

Thaketa
Yangon
11231

Website

Alerts

Be the first to know and let us send you an email when Customers views posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share