Product For Men

Product For Men အမျိုးသားသုံးပစ္စည်းများရောင်းပါမ?

ဝဋ်ကြွေးကြောက်ရင် နှုတ်ကို သတိထား စောင့်ထိန်းပါနွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီးအလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားန...
13/07/2022

ဝဋ်ကြွေးကြောက်ရင် နှုတ်ကို သတိထား စောင့်ထိန်းပါ

နွားတစ်ကောင်က သခင်ခိုင်းတာတွေ လုပ်ပြီး
အလုပ်သိမ်းချိန်မှာ ပင်ပန်းလို့ နားနေတယ်..တဲ့။

ခွေးတစ်ကောင်ကလာပြီး နှုတ်ဆက်တယ်။
"ကိုနွား နေမကောင်းဘူးလား" ပေါ့။
နွားက
"ပင်ပန်းလို့ပါကွာ။
မနက်ဖြန်တစ်ရက်လောက် နားရရင်
ကောင်းမှာပဲကွာ" လို့ ပြောလိုက်တယ်။
ညည်းလိုက်တယ် ဆ်ိုပါတော့။

အဲ့ဒါကို ခွေးက ကြောင်နဲ့တွေ့လို့ ပြောတဲ့အခါကျတော့
"နွားက ပြောတယ်။
ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက်
နားချင်တယ်တဲ့။
သခင်ကလည်း အရမ်းခိုင်းလွန်းတယ် ထင်ပါတယ်ကွာ"တဲ့။
သခင်က အရမ်းခိုင်းလွန်းတယ် ထင်တယ်
ဆိုတဲ့သူ့ရဲ့ comment ပါ ပါသွားပြီ။

ဒါကို ကြောင်က ဆိတ်ကို ပြန်ပြောတဲ့အခါကျတော့
"နွားကို သခင်က အရမ်းခိုင်းလွန်းတော့
ပင်ပန်းလွန်းလို့ မနက်ဖြန်ကစပြီး
အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောတယ်"
ဆိုပြီး စကားက ပြောင်းသွားတယ်။

တစ်ခါ ဆိတ်က ကြက်ကို ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန် သခင်အတွက်
အလုပ်မလုပ်ပေးချင်တော့ဘူး။
ခိုင်းလွန်းလို့ သခင့်ကို မကျေမနပ်
ဖြစ်နေတယ်"လို့ဖြစ်သွားပြန်ရော..တဲ့။

ကြက်က ဝက်ကို တဆင့်ထပ်ပြောတဲ့အခါကျတော့
"နွားက မနက်ဖြန်ကစပြီး
သခင်ခိုင်းတာတွေ မလုပ်တော့ဘူး။
သခင့်ကိုမကျေနပ်ဘူး။ သခင်အသစ် ရှာချင်နေတယ်လို့ကြားတယ်"ဆိုပြီး စကားက ကားသွားပြီ။

သခင်ရဲ့မိန်းမက ဝက်စာ လာကျွေးတဲ့အချိန်မှာ
ဝက်က ပြောတယ်တဲ့။
"သခင်မ..နွားက အချိုးတွေပြောင်းနေပြီ။
သခင်မတို့ကို မကျေနပ်ဘူး။
သခင်မတို့အလုပ်တွေကို
မနက်ဖြန်ကစပြီး လုပ်မပေးတော့ဘူးလို့
ပြောနေတယ်နော်" ပေါ့။

မိန်းမကလည်း သူ့ယောက်ျားကို ပြန်ပြောတာပေါ့။
"ရှင့်နွားက ရှင့်ကိုသစ္စာဖောက်သွားပြီနော်၊
မနက်ဖြန်ကစပြီး ရှင်ခိုင်းတာတွေ လုပ်မပေးတော့ဘူးလို့ ပြောနေတယ်"တဲ့။

အဲ့ဒီအခါ ယောက်ျားက
"သစ္စာဖောက်တော့လည်း
အသားပေါ် ရောင်းလိုက်ရုံပေါ့ကွာ"တဲ့။
အဲ့ဒါနဲ့ပဲနောက်နေ့မှာ နွားဟာ အသတ်ခံလိုက်ရရော..တဲ့။

တကယ်တော့ နွားပြောတာက
"ပင်ပန်းလို့ မနက်ဖြန်တစ်ရက်လောက် နားရရင်ကောင်းမယ် " ဒါလေးပဲ။
သူ့ရဲ့ဆန္ဒကို သူပြောရုံလေးပဲ။
သခင်ကို ထိခိုက်ပြောတာလည်း မပါဘူး။

ဒါပေမယ့် စကားတွေက ချဲ့ကားရင်းနဲ့
နောက်ဆုံးမှာ ဒီစကားလေးအတွက်
သူ အသတ်ခံလိုက်ရတယ်...တဲ့။

ဆက်စပ်ပြီး ပြန်တွေးကြည့်တော့
ဟုတ်နေတာပဲ။
ငါတို့လည်း တစ်ခါမက ကြုံခဲ့ဘူးတာပဲ။
နွားလို အသက်သေအောင် အသတ်မခံရပေမယ့်
ကိုယ်တကယ်မပြောခဲ့တဲ့ စကားတွေအတွက်၊
ကိုယ်တကယ်မလုပ်ခဲ့တဲ့ အပြုအမူတွေအတွက်
ဘဝသေအောင်၊နာမည်သေအောင်ထိ
အသတ်ခံခဲ့ရဘူးတာပဲ။

တစ်ယောက်တည်း မနေနဲ့၊
တစ်ယောက်တည်း မကြံနဲ့၊
တစ်ယောက်တည်း မခံစားနဲ့
တိုင်ပင်ပါ၊အကြံဥာဏ်တောင်းပါ၊
ရင်ဖွင့်ပါလို့တော့ ပြောကြတာပဲ။
ပြောမိ ပြန်တော့လည်း ရေရောခံရရင်၊
ကိုယ့်စကားကို ပုံဖျက်ခံလိုက်ရရင်
ကိုယ်ပဲ ခံရပြန်ရော။

အခုလို....
လူမှုကွန်ရက် ယဉ်ကျေးမှုထွန်းကားတဲ့ခေတ်မှာ
ပိုသိသာတယ်။
ဖေ့စ်ဘုတ်မှာ မင်းပြောချင်တာတစ်ခုခုကိုရေးပြီး
တင်ကြည့်လိုက်ပါလား။
မင်းပေးချင်တဲ့မက်ဆေ့ခ်ျကို လူတိုင်းသိချင်မှ သိတာ။
မင်းမျှော်လင့်မထားတဲ့ရှုဒေါင့်က အမြင်တွေနဲ့ပေးတဲ့ comments တွေ မင်းတွေ့လိမ့်မယ်။

အဲ့ဒီတော့ကွာ...
ကိုယ်လည်း စိတ်ချလက်ချ မပြောရဲ၊
ကိုယ်ကြားသမျှကိုလည်း မယုံရမှတော့
နားရောပါးစပ်ရော ပိတ်ထားတာ ကောင်းပါတယ်။
လောကမှာ သိစရာတွေကတော့ အများကြီးပဲ။
လိုက်လို့ကို မကုန်နိုင်ဘူး။
ဒါပေမယ့်
အကုန်သိစရာမှ မလိုတာ။
မသိမဖြစ် သိသင့်တာလောက်ပဲ သိရင်တော်ပြီပေါ့။
Credit:

Detox ပြုလုပ်နေချိန်၌ အောက်ပါအချက်တို့ကိုလိုက်နာလျှင် ပိုထိရောက်ပါတယ်ရေများများသောက်ပေးပါ။ညအိပ်ချိန် 7နာရီ ပြည့်အောင်အိပ...
12/07/2022

Detox ပြုလုပ်နေချိန်၌ အောက်ပါအချက်တို့ကို

လိုက်နာလျှင် ပိုထိရောက်ပါတယ်

ရေများများသောက်ပေးပါ။

ညအိပ်ချိန် 7နာရီ ပြည့်အောင်အိပ်ပါ

အချိုလွန်ကဲသော အစားအစာများ နှင့်

Fast Food တွေ ကို မစားပါနဲ့ ။🤦🤦

အရက် ဘီယာ ရှောင်လိုက်ပါ

Antioxidant ကြွယ်ဝတဲ့အစားအစာတွေ

ပိုစားပေးပါ။

ဆား၊ အငန်လွန်ကဲ တဲ့ အစားအစာတွေ လျှော့စားပေးပါ။

ဒီအချက်လေးတွေအားလုံးကို လိုက်နာမယ်ဆိုရင်တော့ ပို ပို အကျိုးရှိမဲ့ ရလဒ်ကောင်းတွေ ပိုင်ဆိုင်နိုင်လာမှာပါ။

Detox Juice သောက်ချင်ရင်တော့

Fumino & S Sure ရှိပါတယ်

Collagen ပါလို့ လက်သည်း ဆံကေသာ အရေပြား

ကျန်းမာပြီး ရှယ်လှလာမည့်အပြင် Detox ပြုလုပ်ခြင်း

ကြောင်း အဆီချ ဝိတ်ကျ မှာတော့ အမှန်ပါပဲ

သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်ခင်ဗျာ ဘ...
11/07/2022

သန္ဓေ၊ တောထွက် ၊ ဓမ္မစက် ၊မိန့်မြွက်သံချို၊ လဝါဆို

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ပါတယ်ခင်ဗျာ

ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့

ဓမ္မစကြာတရားဦး စတင်ဟောကြားတော်မူပြီး
တရားရတနာစတင်ပေါ်ထွန်းတော်မူသောနေ့

ပဉ္စဝဂ္ဂီ(၅)ဦးရဟန်းအဖြစ်သို့ရောက်ရှိ‌တော်သောကြောင့်
သံဃာရတနာစတင်ပေါ်ထွန်းတော်မူသောနေ့

 #အချစ်ဟောင်းကိုပြန်တွဲခြင်းနှင့်ကျန်းမာရေးမစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ ကေးလ်မန့်ခ် (Kale Monk) က ပြောပြသ...
06/06/2022

#အချစ်ဟောင်းကိုပြန်တွဲခြင်းနှင့်ကျန်းမာရေး

မစ်ဇူရီတက္ကသိုလ်က မိသားစုသိပ္ပံပညာ ပါမောက္ခ ကေးလ်မန့်ခ် (Kale Monk) က ပြောပြသွားခဲ့ပါတယ်။ ချစ်သူနဲ့ပြတ်စဲလို့ အသည်းကွဲရတာဟာ ပုံမှန်အခြေအနေဖြစ်ပြီး အချိန်အားဖြင့်ယာယီသာခံစားရတာဖြစ်တယ်၊ ချစ်သူဟောင်းနဲ့ပြတ်လိုက်၊ ပြန်တွဲလိုက် ဆိုတဲ့သံသရာကတော့ ကျန်းမာရေးကိုပာ ယိုယွင်းထိခိုက်စေတဲ့ အခြေအနေကိုဖြစ်စေနိုင်ပါတယ် လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

တစ်ခါတစ်လေမှာတော့ ချစ်သူတွေပြတ်သွားကြတာက အမြင်သစ်တစ်မျိုးပြောင်းသွားစေပါတယ်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တန်ဖိုးထားကြသလဲဆိုတာ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်တွေမှာ သိရှိစေပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကွဲအက်သွားတဲ့ ဆက်ဆံရေးဟာ ပုံမှန်ပြန်ဖြစ်ဖို့မလွယ်ပါဘူး။ စိတ်ဝမ်းကွဲပြီးမှ နှစ်ဖက်စလုံးက စိတ်အားထက်သန်စွာနဲ့ တက်ညီလက်ညီ ပြန်တည်ဆောက်ချင်တယ်ဆိုရင်တော့ အရင်ဦးဆုံးလုပ်သင့်တာက အရင်ကထက်ပိုပြီး နားလည်မှုကို အပြန်အလှန်ပျိုးထောင်ကြဖို့ပါပဲ။ သို့ပေမယ့် နှစ်ကိုယ့်တစ်စိတ်လိုဖြစ်လာတဲ့အထိ နားလည်မှုကို ပိုပြီးပြန်မတည်ဆောက်နိုင်ပဲနဲ့တော့ ပြတ်စဲသွားခဲ့တဲ့ အဆိပ်သင့်စေတဲ့ ဆက်ဆံရေးဆီ ခြေဦးပြန်မလှည့်ဖို့အတွက် မန့်ခ်က အခုလိုတိုက်တွန်းသွားခဲ့ပါတယ်။

” ကျွန်တော်ကတော့ ကွဲသွားခဲ့တဲ့ ချစ်သူစုံတွဲတွေကိုဒီလိုအကြံပေးချင်ပါတယ်။ ပြန်တွဲမယ်စဉ်းစားတိုင်း ငါတို့ဘာကြောင့်ပြတ်ခဲ့ရသလဲ ဆိုတဲ့အကြောင်းရင်းက အရေးကြီးတယ်ဆိုတာပါပဲ။ ဒီတစ်ကြိမ်မှာရော အရင်တစ်ခေါက်နဲ့မတူပဲ အရာရာခြားနားသွားမှာ တကယ်သေချာရဲ့လား။ ပြန်တွဲမယ်ဆိုရင်တော့ အချင်းချင်း သူတို့ကွဲခဲ့ရတဲ့ နောက်ကွယ်က အဓိကအကြောင်းရင်းတွေအကြောင်း ပွင့်လင်းတိကျစွာ ပြန်ဆွေးနွေးပေးကြတာ သိပ်ပြီးအကူအညီဖြစ်စေပါလိမ့်မယ်။ ပြုပြင်ရမယ့်အကျင့်ဟောင်း၊ ကိုယ်စီအားနည်းချက်၊ သူ့အကြိုက်ကိုယ့်အကြိုက်၊ သူ့ဒုက္ခ ကိုယ့်ဒုက္ခ စသဖြင့် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားဖို့ လိုအပ်သမျှ အပြန်အလှန်နားလည်မှုတွေကို အရင်ဆုံး ပြန်ပြီးတည်ဆောက်ကြပါ ”

နောက်တစ်ချက်အနေနဲ့ မန့်ခ်က ” ကိုယ့်အတွက် အဆိပ်သင့်စေတဲ့ ချစ်သံယောဇဉ်တစ်ခုမှာ ကိုယ်က အကြမ်းဖက်ခံနေရတယ်၊ နာကျင်ခံစားရတယ်၊ စိတ်ပိုင်းရုပ်ပိုင်း နှိပ်စက်ညှဉ်းပန်းခံရမှုတွေ ကြုံတွေ့ခံစားနေရတယ်ဆိုရင်တော့ ဒီသံယောဇဉ်ကို စွန့်ထားခဲ့ပစ်လိုက်ဖို့ လိုပါတယ်။ ကိုယ့််အတွက် လုံခြုံမှုအရှိဆုံးဖြစ်ဖို့ ဒီစည်းဝိုင်းထဲက ထွက်ခွာလာခဲ့လိုက်ပါ။ လိုအပ်ရင် အသိုင်းအဝိုင်းတွေဆီက အကူအညီအထောက်အပံ့ရယူပေးရမှာပါ”လို့ လက်တွဲထားတဲ့ အချစ်ရေးမှာ စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခရောက်နေသူတိုင်းကို သတိပေးအကြံပြုသွားခဲ့ပါတယ်။

အချစ်ဟောင်းကို ပြန်လည်အသက်သွင်းလိုသူတိုင်းအတွက် အရေးကြီးတာက အထက်မှာပြောပြထားသလို အဲဒီလိုစိတ်ဖိစီးနာကျင်မှုတွေကို ကိုယ်တိုင် ကြုံခဲ့ရလားဆိုတာကို ပြန်မတွဲခင်မှာ သတိနဲ့ချိန်ဆဆင်ခြင်ပြီး သေသေချာချာစဉ်းစားပေးရမှာဖြစ်ပါတယ်။

Credit

 #မျောက်ကျောက်ရောဂါ အဓိကအချက်များ• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။• အာဖရိကအလယ်ပိုင...
20/05/2022

#မျောက်ကျောက်ရောဂါ

အဓိကအချက်များ
• မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတာပါ။

• အာဖရိကအလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ အပူပိုင်းမိုးသစ်တောများမှာ အစပထမ တွေ့ရှိခဲ့တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ဖျားခြင်း၊ အနီစက်များထွက်ခြင်းနှင့် ပြန်ရည်အိတ်များ(lymph nodes) များရောင်ရမ်းခြင်း စသည်တို့ တွေ့ရှိရပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်လာနိုင်ပါတယ်။

• မျောက်ကျောက်ရောဂါလက္ခဏာများဟာ (၂) ပတ်မှ (၄) ပတ်အထိ ကြာမြင့်နိုင်သည့် ရောဂါတစ်မျိုးဖြစ်ပါတယ်။ သေဆုံးနှုန်းဟာ (၃) ရာခိုင်နှုန်းမှ (၆) ရာခိုင်နှုန်းအထိ ဖြစ်ပါတယ်။

• ဗိုင်းရပ်စ်ကူးစက်ခံထားရသည့် တိရစ္ဆာန်/ ကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်း၊ ဗိုင်းရပ်စ်ရှိနေသော အရာဝတ္ထုပစ္စည်းများကို ထိတွေ့ကိုင်တွယ်မိခြင်း တို့မှတဆင့် လူကို ကူးစက်နိုင်ပါတယ်။

• မျောက်ကျောက်ရောဂါဟာ ရောဂါပိုးရှိသူ၏ အနာပြည်၊ အရည်ကြည်များမှတဆင့် သို့မဟုတ် ရောဂါပိုးရှိသူအသုံးပြုထားသည့် အိပ်ရာခင်းကဲ့သို့ ပစ္စည်းများမှတဆင့် ကူးစက်နိုင်ပါတယ်။

• (၁၉၈၀) ခန့်က ကမ္ဘာတစ်ဝန်းမှာ လုံးဝအမြစ်ပြတ် ရှင်းလင်းသွားပြီဖြစ်သည့် orthopox virus နှင့် ဆက်စပ်နေသည့် ရောဂါတစ်မျိုး ဖြစ်ပါတယ်။

• ထိုရောဂါကို အမြစ်ဖျက်ချေမှုန်းရာတွင် အသုံးပြုထားသည့် ကာကွယ်ဆေးများဟာ မျောက်ကျောက်ရောဂါကို ကာကွယ်နိုင်ပါတယ်။
မျောက်ကျောက်ရောဂါ အတွက် ကာကွယ်ဆေးအသစ်များလည်း လုပ်ဆောင်နေကြပါတယ်။

• မျောက်ကျောက်ရောဂါကုသမှုများလည်း တရားဝင်ခွင့်ပြုချက် ရရှိပြီးသား ဖြစ်ပါတယ်။

#မျောက်ကျောက်ရောဂါပေါ်ပေါက်ခြင်း_ဖြစ်ပွားခြင်း

မျောက်ကျောက်ရောဂါဟာ (၁၉၇၀) ခန့်က ကွန်ဂိုနိုင်ငံမှာ အသက် (၉) နှစ်အရွယ်ကလေးငယ်လေးမှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ထိုအချိန်ကတည်းက ကျေးလက်ဒေသများ၊ ကွန်ဂိုမိုးသစ်တောဒေသများနှင့် အာဖရိကအနောက်နှင့်အလယ်ပိုင်းဒေသများမှာ တဖြည်းဖြည်း တွေ့ရှိလာတာ ဖြစ်ပါတယ်။

(၂၀၁၇) ခုနှစ်မှာ နိုင်ဂျီးရီးယားမှာ ကူးစက်မှုသံသယရှိသူ (၅၀၀) ကျော်နှင့် ကူးစက်ခံရသူ (၂၀၀) ကျော် ရှိခဲ့ပါတယ်။ ယနေ့အချိန်အထိ သေဆုံးနှုန်း (၃) ရာခိုင်နှုန်း ရှိပါတယ်။

မျောက်ကျောက်ရောဂါဟာ (၂၀၁၈) ခုနှစ်မှာ နိုင်ဂျီးရီးယားခရီးသွားများမှ အစ္စရေးကို ကူးစက်ခဲ့ပြီး၊ အင်္ဂလန်နိုင်ငံမှာလည်း ကူးစက်မှုများ ကြုံတွေ့ခဲ့ရပါတယ်။ (၂၀၁၉) ဒီဇင်ဘာ၊ (၂၀၂၁) မေနှင့် (၂၀၂၂) မေလတို့တွင် အင်္ဂလန်မှာ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး (၂၀၁၉) ခုနှစ် မေလတွင် စင်္ကာပူနိုင်ငံမှာပါ ကူးစက်မှုများ တွေ့လာရပါတယ်။ (၂၀၂၁) ဇူလိုင်နှင့် နိုဝင်ဘာလတွင် အမေရိကတွင် ကူးစက်မှုများ ဖြစ်ပွားခဲ့ပါတယ်။ (၂၀၂၂) မေလမှာတော့ မျောက်ကျောက်ရောဂါကို အခြားနိုင်ငံအများအပြားမှာပါ တွေ့ရှိလာရပါတယ်။ လက်ရှိမှာတော့ ရောဂါပိုးအရင်းအမြစ်နှင့် ကူးစက်မှုပုံစံများကို နားလည်နိုင်ဖို့ လုပ်ဆောင်နေကြပါတယ်။

#ရောဂါကူးစက်ပြန့်ပွားခြင်း
ရောဂါပိုးရှိသည့် တိရိစ္ဆာန်များမှတဆင့် ကူးစက်နိုင်ပါတယ်။ အာဖရိကမှာတော့ ရှဉ့်၊ ကြွက်၊ မျောက်နှင့် အခြားသော တိရိစ္ဆာန်များမှာ မျောက်ကျောက်ရောဂါကို တွေ့ရှိရပါတယ်။ ကြွက်တွေဟာ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း အတည်မပြုရသေးပါဘူး။

မကျက်တကျက် ချက်ပြုတ်ထားသည့် အသားနှင့် အခြားသော ပိုးရှိသည့်
တိရိစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များကို စားသုံးသုံးစွဲမိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းက ကူးစက်မှုများနိုင်သော်လည်း လိင်မှတဆင့် ကူးစက်မှုရှိမရှိကိုတော့ မသိရသေးပါဘူး။




18/05/2022

ဘယ်လိုတောင်လဲ

 #လိင်ဆက်ဆံနေချိန်နာကျဉ်ခြင်းတကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အ...
18/05/2022

#လိင်ဆက်ဆံနေချိန်နာကျဉ်ခြင်း

တကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ရှိမနေတော့ပါဘူး။ အကယ်လို့ နာကျင်ခြင်း ဝေဒနာကို အမြဲတမ်း ခံစားနေရတယ်ဆိုရင်တော့ လိင်ဆက်ဆံနေတဲ့ အနေအထား မှားယွင်းတာ၊ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံနေတဲ့ အချိန်မှာ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေထက် သာယာတဲ့ ခံစားချက်မျိုးကို ကာယကံရှင်က ခံစားရမှပဲ လိင်ဆက်ဆံရတာ ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုမှန်း နားလည်နိုင်မှာပါ။

ဒါဆို ဘာတွေ မှားယွင်းနေနိုင်လဲ။

၁။ ချောဆီ သုံးရဲ့လား။

မိန်းမကိုယ်က သဘာဝ ချောဆီ ထွက်တယ်ဆိုပေမယ့် အပြင်က ချောဆီအကူ ထပ်ဖြည့်ပေးရင် အဝင်အထွက် ပိုချောင်တော့ နာကျင်တာ သက်သာသွားမှာပေါ့။ အထူးသဖြင့် မိန်းမကိုယ်တင် မကဘဲ စအိုနဲ့ပါ လိင်ဆက်ဆံတာမျိုး၊ အမျိုးသား အင်္ဂါက ကြီးလွန်းနေတာ၊ မိန်းမကိုယ် ကျပ်လွန်းတဲ့ အခြေအနေမျိုးမှာ ချောဆီက အသက်ပါ။ ချောဆီများများ သုံးလေ အဝင်အထွက်ချောင်ပြီး သွေးထွက်တာ၊ နာကျင်တာ၊ ပွန်းပဲ့ ထိခိုက်တာ နည်းမယ်။ ကျပ်နေတာမျိုး မဟုတ်တဲ့အတွက် အမျိုးသားရော အမျိုးသမီးပါ ကာမသုခကို ကောင်းကောင်း ခံစားရနိုင်ပါတယ်။

၂။ လိင်ဆက်ဆံတဲ့ အနေအထား အဆင်မပြေလို့လား။

လူတိုင်းမှာ ကိုယ့်အတွက် အဆင်ပြေစေတဲ့ လိင်ဆက်ဆံပုံ အနေအထား (S*x Position) တွေ ရှိပါတယ်။ ဒီအနေအထားတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူနိုင်မှာပါ။ အမျိုးသားတွေအတွက်တော့ ဘယ်လို အနေအထားမျိုးမှာမဆို ကာမသုခကို ခံစားရနိုင် ဆိုပေမယ့် ထိုးသွင်းဆက်ဆံခံရသူမှာ ကိုယ်နဲ့ အဆင်ပြေတဲ့ အနေအထားမျိုး မဟုတ်ရင် အောင့်သက်သက်ကြီး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စ မစတင်ခင်ကတည်းက နှစ်ဦးသား ဒီကိစ္စကို ဖွင့်ဟတိုင်ပင်ပြီး သူ့ အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းထားဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ထိုးသွင်းဆက်ဆံမှု စတဲ့အချိန်နဲ့ ပြီးဆုံးခါနီး အမျိုးသားက သုက်ထွက်တော့မယ့် အချိန်တွေမှာ ဆက်ဆံခံရသူ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် အနေအထားကို ရွေးချယ်သင့်ပါတယ်။

၃။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရလို့လား။

ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်းကို ကြိုက်တဲ့ လူတချို့ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မကြိုက်တဲ့သူတွေအတွက်တော့ ဒီလို ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရတဲ့ အချိန်တွေဟာ နာကျင်မှုတွေ ပြည့်နှက်နေတဲ့ ငရဲလိုအချိန်တွေပါပဲ။ ဒါကြောင့် အမျိုးသားတွေလည်း ကိုယ့်ဆက်ဆံဖော်ရဲ့ အခြေအနေကို အမြဲလေ့လာနေပြီး ဘယ်လိုအချိန်မှာ ကြမ်းသင့်လဲ၊ ဘယ်လိုမျိုးမှာတော့ ဖြည်းဖြည်းချင်းသွားမလဲဆိုတာ လေ့လာထားသင့်ပါတယ်။ စစချင်း ထိုးသွင်းကတည်းက အကြမ်းပတမ်းဆိုရင်တော့ အမျိုးသမီးတွေအတွက် ကာမသုခ ခံစားရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

၄။ နှူးနှပ်တာ၊ နှိုးဆွတာ မလုပ်ပေးဘူးလား။

ကျွန်တော်တို့ မြန်မာလူမျိုးတွေက လိင်ဆက်ဆံခြင်းကို မှားယွင်းတဲ့ အပြုအမူ၊ နားရှက်စရာ ကောင်းတဲ့ အပြုအမူလို့ သတ်မှတ်ထားတဲ့အတွက် လိင်အင်္ဂါဆိုတာ ယုတ်ညံ့တဲ့ ပစ္စည်းတစ်ခုလိုမျိုး အတွေးထဲမှာ စွဲနေတတ်ပါတယ်။ ဒီတော့ ဘယ်သူကမှ လိင်အင်္ဂါကို ပါးစပ်နဲ့ လက်နဲ့ နှိုးဆွပေးတာမျိုး ဘယ်လုပ်ချင်ကြပါ့မလဲ (ကံနိမ့်သွားမှာ ကြောက်တာလည်း ပါတာပေါ့) ။ တကယ်တမ်းတော့ လူတိုင်းက လိင်ဆက်ဆံတော့မယ်ဟေ့ ဆိုတာနဲ့ ချက်ချင်းကြီး လိင်စိတ်ကြွလာတာမျိုး မဟုတ်ပါဘူး။ ဒီလိုမျိုး ကိုယ့်အဖော် စိတ်ပါလာဖို့ နှိုးဆွပေးရမှာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ တာဝန်ရှိပါတယ်။ နမ်းတာ၊ ပွေ့ဖက်တာ၊ ကြင်နာတဲ့ စကားများ၊ လိင်စိတ်ကြွစေမယ့် စကားလုံးများ သုံးနှုန်းပြီး စကားပြောတာ၊ ပါးစပ်၊ လက်ကလေးနဲ့ ဆက်ဆံဖော်ရဲ့ အင်္ဂါကို ကျီစယ်တာမျိုးက ကိုယ့်အဖော်အတွက် လိင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့ပေးပြီး လိင်ဆက်ဆံရာမှာ အခက်အခဲ၊ နာကျင်မှုတွေ နည်းသွားအောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။

Credit

လိပ်‌ခေါင်းရောဂါသမားများမစားသင့်သော အနီရောင်အသားများအနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာဖြစ်ပါတယ်...
17/05/2022

လိပ်‌ခေါင်းရောဂါသမားများမစားသင့်သော အနီရောင်အသားများ

အနီရောင်အသား ဆိုတာ ဝက်သား၊ အမဲသား၊ ဆိတ်သား စတာတွေကို ခေါ်တာဖြစ်ပါတယ် ။ ဒီအသားတွေက ကြည့်လိုက်ရင် နီရဲနေတော့ လအလွယ်အားဖြင့် အနီရောင် အသားလို့ ခေါ်ကြတာပါ

အသားတွေ နီနေရခြင်းက Myoglobinလို့ ခေါ်တဲ့
သံဓာတ်ပါတဲ့ ပရိုတင်းတစ်မျိုး ပါ‌ နေလို့ပါ။

ကျန်းမာရေး ပညာရှင်တွေက အနီရောင် အသားတွေကို လျှော့စားဖို့အကြံပေးလေ့ရှိပါတယ်။

ဘာကြောင့်လဲ ?

အနီရောင်အသား‌တွေက ကျန်းမာရေးအတွက် မကောင်းဘူးလား ?
လေ့လာချက်တွေအရတော့ အနီရောင်အသား စားသုံးမှုနဲ့ နှလုံးရောဂါ၊ အူမကြီးကင်ဆာနှင့် လိပ်ခေါင်းရောဂါ အမျိုးအစား ၂ဆီးချိုရောဂါ ဖြစ်နိုင်ခြေမြင့်တက်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် စျေးထဲမှာ ရောင်းတဲ့ လတ်လတ်ဆတ်ဆတ် အနီရောင် အသားတွေထက် တာရှည်ခံအောင် ပြုပြင်ထားတဲ့ အနီရောင် အသားတွေက ပိုပြီး ဖြစ်နိုင်ခြေကို များစေပါတယ်။

စားမယ်ဆိုရင်လဲလျှော့စားကြပါဟုသာအကြံပြုလျှက်

ကျွန်တော်ကတော့ ဖွေးဖွေးနဲ့ချုံပုပ်ထဲမှာ အတူအိပ်နေတယ်😁😁ဖြေကြည့်အပျော်သဘောအနေနဲ့ပေါ့😘😘တနင်္ဂနွေ        = post ပိုင်ရှင်တနလ...
11/05/2022

ကျွန်တော်ကတော့ ဖွေးဖွေးနဲ့
ချုံပုပ်ထဲမှာ အတူအိပ်နေတယ်😁😁

ဖြေကြည့်အပျော်သဘောအနေနဲ့ပေါ့😘😘

တနင်္ဂနွေ = post ပိုင်ရှင်
တနလာ် = ဗေလုဝနဲ့
အင်္ဂါ = နေတိုးနဲ့
ဗုဒ္ဓဟူး = ငြိမ်းမြတ်သူနဲ့
ကြာသာပတေး = ခင်ဝင့်ဝါနဲ့
သောကြာ = ဖွေးဖွေးနဲ့
စေန = ပိုင်တံခွန်နဲ့
=============================
1988=ရဲစခန်းမှာ
1989=တောင်ပေါ်မှာ
1990=ပင်လယ်ထဲမှာ
1991= ချုံပုပ်ထဲမှာ
1992= လေယာဉ်ပျံပေါ်မှာ
1993= ဆိုက်ကားပေါ်မှာ
1994 =ဘုန်းကြီးကျောင်းမှာ
1995 =ရေချိုးခန်းထဲမှာ
1996 =ဖုန်းထဲမာ
1997 =ချောင်းထဲမာ
1998 =အိပ်ယာထဲမာ
1999 = အိမ်သာထဲမွာ
2000 = Coffeeဆိုင်မှာ
2001 = သစ်ပင်ပေါ်မှာ
2002 = ရိပ်သာမှာ
2003 = ပန်းခြံထဲမှာ
2004 = သချိုင်းကုန်းမှာ
2005 = အိပ်မက်ထဲမှာ
2006 = ဟိုတယ်မှာ
2007 = ပင်လယ်ထဲမှာ
=============================
Jan = ရန်ဖစ်နေတယ်
Feb = လင်မယားလုပ်တမ်းကစားနေတယ်
Mar = သီချင်းဆိုနေတယ်
Apr = ရုပ်ရှင်ကြည့်နေတယ်
May = kissing ဆွဲနေတယ်
Jun = တရားထိုင်နေတယ်
Jul = ခရီးထွက်နေတယ်
Aug = အတွဲချောင်းနေတယ်
Sep = Feelနေတယ်
Oct = ဘုနေတယ်
Nov = အတူအိပ့်နေတယ်
Dec = ကိုဗစ်ကူးနေတယ်
====?====?====???????????
အပျော်သဘောနဲ့ ပါ😁

BLUE LIGHT နှင့် အရေပြားပြသနာအခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းက...
03/05/2022

BLUE LIGHT နှင့် အရေပြားပြသနာ

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။

ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။ အပြင်လည်း မထွက်ဖြစ် နေရောင်ခြည်နဲ့လည်း သိပ်မထိတွေ့ဖြစ်ပဲ တစ်နေကုန် ထတွေ့မိနေတာက ကွန်ပျူတာက ထွက်တဲ့ blue light နဲ့ ဖုန်းကနေထွက်တဲ့ blue light တွေပဲလေ။

Blue Light နဲ့ အသားအရေ

ဖုန်းတွေ၊ ကွန်ပျူတာတွေကနေ ထွက်တဲ့ Blue light တွေက အသားအရေကို နေရောင်ကနေလာတဲ့ UVA၊ UVB တွေလိုပဲ ထိခိုက်စေနိုင်ပါတယ်။ blue light က ခရမ်းလွန်ရောင်ခြည်တွေထက် အရေပြားအတွင်းလွှာကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ပါတယ်။

မကြာသေးခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစ်ခုအရ blue light က အသားအရေကို ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ မြင်သာတဲ့ လက္ခဏာက အသားအရေကို အရွယ်မတိုင်ခင် အိုမင်းစေနိုင်တာပါ။

blue light က ဓာတ်တိုးပစ္စည်းတွေ ထုတ်လွှတ်အောင် လှုံ့ဆော်ပေးပြီး အရေပြားမှာ အမဲစက်တွေနဲ့ ဝက်ခြံတွကို ဖြစ်စေပါတယ်။ ဝက်ခြံ အမာရွတ်တွေကို ပိုဆိုးစေပြီး ကော်လာဂျင် ထွက်ရှိမှု နည်းလာတာကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်စေနိုင်ပါတယ်။

blue light က အသားအရေကိုတင် ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ မျက်လုံးကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်နေတာမျိုး မလုပ်ဘဲ မကြာခဏ ထပေးတာ။ သဘာဝ အလင်းရောင်နဲ့ ထိတွေ့တာမျိုးကို လုပ်သင့်ပါတယ်။

ကွန်ပျူတာ၊ ဖုန်း၊ တီဗီစတဲ့ မျက်နှာပြင်တွေကနေ ထွက်လာတဲ့ blue light တွေက မျက်လုံးကိုရော အသားအရေကိုပါ ထိခိုက်စေပါတယ်။

အသားအရေကို ထိခိုက်စေတဲ့ blue light ကို ဒီလို ကာကွယ်ပါ။
နေ့စဉ် ကွန်ပျူတာတွေ၊ ဖုန်းတွေကို မဖြစ်မနေ သုံးရမယ်။ blue light ကြောင့်လည်း အသားအရေ မပျက်စီးချင်ဘူးဆိုရင်တော့

ဖုန်းတွေ၊ ကွန်ပျူတာတွေသုံးတဲ့အခါ မျက်နှာပြင်နဲ့ အနည်းဆုံး ၁ ပေခွာပြီး သုံးပါ။

Night Mode ကို ဖွင့်ထားပါ။ Night Mode က blue light ထုတ်လွှတ်မှုကို လျော့ကျစေပြီး အသားအရေ ထိခိုက် ပျက်စီးမှုကို လျှော့ကျစေမှာပါ။

နေလောင်ကာ ခရင်မ် လိမ်းပါ။
အသားအရေကို ပုံမှန် ထိန်းသိမ်းမှု လုပ်ပါ။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
ရေများများသောက်ပါ။
လေ့ကျင့်ခန်း လုပ်ပါ။

Credit Hello Health Group

ဘာလို့ အူကျရတာလဲ ?ဘယ်လိုကုသကြမလဲ ?ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw WinU...
06/08/2021

ဘာလို့ အူကျရတာလဲ ?ဘယ်လိုကုသကြမလဲ ?

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Htet Htet Zaw Win

Update Date စက်တင်ဘာ 18, 2020 . 2 mins read
Share now

#ဘာလို့အူကျရတာလဲဘယ်လိုကုသကြမလဲ

အူကျတယ်ဆိုတာ ခန္ဓာကိုယ်ထဲက ကလီစာတစ်ခုခု (ဥပမာ အူဖြစ်ဖြစ် ) အပြင်ကို ကျွံထွက်လာတာပါ။ အထူးသဖြင့် ဝမ်းဗိုက်ရဲ့ အားနည်းတဲ့ အပိုင်းကနေပေါ့။ အူကျတာက ဘာလက္ခဏာမှ မပြဘဲ ဒီတိုင်း ဖောင်းရုံလေးပဲ ဖြစ်နိုင်သလို တစ်ခါတလေ အရေးပေါ် ခွဲစိတ်ရမယ့် အခြေအနေမျိုးလည်း ရှိနိုင်ပါတယ်။ အူကျတာက လူတိုင်းသိတဲ့ ကပ္ပာယ်အိတ်ထဲကို အူကျတာ အပါအဝင် ပေါင်ခြံကနေ အူကျတာ၊ ချက်ပတ်လည်ကနေ အူကျတာ၊ အရင်ဗိုက်ခွဲထားတဲ့ နေရာကနေ အူကျတာ အမျိုးမျိုး ရှိနိုင်ပါတယ်။ အူကျတာရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ ဒီဆောင်းပါးမှာ အူကျရင် ဘယ်လို ခံစားရမှာလဲ။ ဘယ်လိုနည်းလမ်းတွေနဲ့ ခွဲစိတ်ကုသလို့ ရလဲဆိုတာ ပြောပြပေးသွားပါမယ်။

#အူကျခြင်းအမျိုးအစားများ

ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ အားနည်းတဲ့နေရာ weak point ရှိနေပြီဆိုရင် အဲ့ဒီနေရာကနေ အူကျတတ်ပါတယ်။ အတွေ့များတဲ့ အူကျခြင်း အမျိုးအစားတွေကတော့

Inguinal hernia (ဗိုက်ထဲက ကလီစာတွေက ဝမ်းဗိုက်အောက်ပိုင်းရဲ့ ကြွက်သားအားနည်းတဲ့နေရာ inguinal canalကနေ ထွက်လာတာပါ။ ပေါင်ခြံမှာ ခပ်ဖောင်းဖောင်း ဖြစ်နေတတ်ပါတယ်။)
Umbilical hernia (ချက်နားမှာ ရှိတဲ့ ဗိုက်ကြွက်သားတွေ အားနည်းတဲ့အတွက် ကလီစာတွေ ကျွံပြီး အပြင်ကို ဖောင်းထွက်နေတာပါ။)
Incisional hernia (အရင်ဗိုက်ခွဲထားတဲ့နေရာက ကြွက်သားတွေ အားနည်းလို့ ခွဲကြောင်းအမာရွတ်ကနေတဆင့် ကလီစာတွေ အပြင်ကို ဖောင်းထွက်တာပါ။)
Femoral hernia (Inguinal herniaလိုပဲ ပေါင်ခြံမှာ ခပ်ဖောင်းဖောင်းလေး တွေ့ရပါတယ်။ သေချာစမ်းကြည့်ရင် ဒီနှစ်မျိုးကို ခွဲနိုင်ပါတယ်။ အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။
အူကျရတဲ့ အကြောင်းရင်းများ
အူကျတာဟာ ကြွက်သားအားနည်းတာနဲ့ အပေါ်က ဖိအား တစ်ခုခုကြောင့်ပါ။ ဖြစ်တဲ့ အကြောင်းရင်းပေါ်မူတည်ပြီး ခပ်မြန်မြန်ဖြစ်မှာလား၊ တဖြည်းဖြည်း ပိုဆိုးလာမှာလား စသဖြင့် ရှိပါတယ်။

ကြွက်သားအားနည်းတာကို ဖြစ်စေတဲ့ အကြောင်းတွေကတော့

ကလေးတွေမှာ မွေးရာပါ ကြွက်သားအားနည်းတာ
အသက်ကြီးလာလို့ ကြွက်သားအားနည်းတာ
ခွဲစိတ်မှု ဒါမှမဟုတ် ထိခိုက်ဒဏ်ရာကြောင့် ကြွက်သားတွေ ထိခိုက်တာ
နာတာရှည် ချောင်းဆိုးတာ ဒါမှမဟုတ် နာတာရှည် အဆုတ်ရောင် ရောဂါကြောင့် ဗိုက်မှာ ဖိအားများလာတာ
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လုပ်တာ၊ အလေးအပင်တွေ မ လွန်းတာ
ကိုယ်ဝန်ဆောင်တဲ့အချိန် (အထူးသဖြင့် အမြွှာကိုယ်ဝန်)
ဝမ်းချုပ်တာကြောင့် ဝမ်းသွားတိုင်းမှာ အားနဲ့ ညှစ်ရတာ
အဝလွန်တာ
ဝမ်းဗိုက်ဖောရောင်တာ စတာတွေပဲ ဖြစ်ပါတယ်။
အူကျခြင်းရဲ့ လက္ခဏာများ
အတွေ့အများဆုံးကတော့ အူကျတဲ့နေရာမှာ ဖောင်းနေတာပါပဲ။ ဥပမာ ပေါင်ခြံမှာ အူကျတယ်ဆိုရင် ပေါင်ခြံနေရာမှာ ဖောင်းနေပါတယ်။ ဒီဖောင်းတဲ့ နေရာလေးက လှဲချလိုက်ရင် အထဲကို ပြန်ဝင်သွားပါတယ်။ မတ်တတ်ရပ်ရင်၊ ချောင်းဆိုးရင်၊ ရှေ့ကို ကုန်းလိုက်ရင် ပြန်ထွက်လာပါတယ်။

တစ်ခါတလေ ဖောင်းနေတဲ့ နေရာမှာ နာတာ၊ အောင့်သက်သက် ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ တချို့တွေမှာတော့ ဖောင်းရုံအပြင် ဘာလက္ခဏာမှ မခံစားရပါဘူး။

#အူကျတာကိုဘယ်လိုကုမလဲ

အူကျတာအတွက် အကောင်းဆုံး ကုသမှုကတော့ ခွဲစိတ်တဲ့ နည်းလမ်းပါပဲ။ အူကျတာက သေးတယ်၊ ဘာလက္ခဏာမှ မပြဘူး။ ဒါမှမဟုတ် လှဲလိုက်လို့ ပြန်ဝင်သွားတယ်ဆိုရင် မခွဲဘဲ ခဏစောင့်ကြည့်လို့ရပါတယ်။ ဒါပေမယ့် ထိရောက်တဲ့ ကုသနည်းကတော့ ခွဲစိတ်ပြီး ပြုပြင်တာပါပဲ။ မဟုတ်ရင် အောက်က အခြေအနေမျိုးအထိ ရောက်ပြီး အရေးပေါ်ကုသရတတ်ပါတယ်။

ဖောင်းတဲ့နေရာက နီရဲပြီး ပြာနှမ်းလာတာ (ဒါက အူကျတဲ့နေရာ သွေးမလျှောက်တော့လို့ အူပုပ်တော့မယ့် လက္ခဏာပါ။)
ရုတ်တရက် မခံနိုင်အောင် နာလာတာ
ပျို့အန်တာ
ဖျားတာ
ဝမ်းလည်းမသွားဘဲ လေပါမလည်တော့တာ စတာတွေပဲ ဖြစ်ပါတယ်။
အူကျတာကို ခွဲစိတ်ကုသမယ်ဆိုရင်
အူကျတာကို ခွဲစိတ်ကုသမယ်ဆိုရင် နည်းလမ်းတွေ အများကြီး ရှိပါတယ်။ အူကျတဲ့ နေရာပေါ် မူတည်ပြီး ခွဲစိတ်မှု နည်းလမ်းတွေ အမျိုးမျိုးရှိပါတယ်။

Open surgery

မေ့ဆေးပေးပြီး အူကျတဲ့နေရာနားမှာ ခွဲကြောင်းလေး ပေးလိုက်ပါတယ်။ ပြီးရင် ကျနေတဲ့ ကလီစာတွေ အူတွေကို ပြန်ထည့်ပြီး လျော့ရဲနေတဲ့ ကြွက်သားတွေကို ပြန်ချုပ်လိုက်ပါတယ်။ ကြွက်သားအားနည်းလွန်းပြီး အူကျတဲ့ အပေါက်ကျယ်လွန်းရင်တော့ နိုင်လွန်ဇကာကွက်နဲ့ ချုပ်ကြိုးတွေကို သုံးပြီး ခံချုပ်ပေးလိုက်ပါတယ်။ ဒါမှ နောက်တစ်ခါ အူကျွံနိုင်ခြေ နည်းသွားမှာပါ။

Laproscopic surgery

ဒါကတော့ ပေါင်ခြံမှာ အူကျွံတာတွေအတွက် အသုံးများပါတယ်။ ခုနလို ခွဲကြောင်းပေးစရာ မလိုပါဘူး။ အူကျတဲ့နေရာနားမှာ အပေါက်သေးသေးလေးတွေ ဖောက်ပြီး laparoscope လို့ ခေါ်တဲ့ ကိရိယာလေးနဲ့ အပေါက်လေးကနေတဆင့် ခွဲစိတ်မှု လုပ်တာပါ။ ကင်မရာတပ်ထားတာကြောင့် ကိုယ်တွင်း အင်္ဂါတွေကို ရှင်းရှင်းလင်းလင်း မြင်ရပါတယ်။ ခွဲစိတ်တဲ့ အဆင့်တွေကတော့ တူတူပါပဲ။ ဗိုက်မှာ အကြီးကြီး ခွဲစရာ မလိုတဲ့အတွက် နာလန်ထ ပိုမြန်ပြီး ဆေးရုံမြန်မြန် ဆင်းလို့ရပါတယ်။

အူကျခြင်း၊ အူကျွံခြင်းအပါဝင် တခြားအထွေထွေခွဲစိတ်ကုသမှုများကို စင်ကာပူနိုင်ငံ Mount Elizabeth ဆေးရုံကြီးမှာ ကျွမ်းကျင်ခွဲစိတ်ဆရာဝန်ကြီးများက နောက်ဆုံးပေါ် ခွဲစိတ်ကုသမှုနည်းလမ်းများနှင့် နာကျင်မှုနည်းနည်းနှင့် နာလန်ထချိန်မြန်အောင် ကုသပေးနေပါတယ်။

Credit Hello Health Group

K-BIG 9အရင်တစ်ခေါက်က မရလိုက်တဲ့သူတွေအတွက်ဘန်ကောက်ကနေထပ်မှာပေးထားပါတယ် ... #ဈေးသက်သာရမယ်  #ပစ္စည်းစစ်မှန်ရမယ် #၁၀ဘူးဈေးလိ...
03/01/2021

K-BIG 9

အရင်တစ်ခေါက်က မရလိုက်တဲ့သူတွေအတွက်

ဘန်ကောက်ကနေထပ်မှာပေးထားပါတယ် ...

#ဈေးသက်သာရမယ် #ပစ္စည်းစစ်မှန်ရမယ်

#၁၀ဘူးဈေးလိုချင်လဲရမယ်နော်

Messenger မှာပဲလာပြောပေးပါ

Address

Pyay Road
Yangon

Website

Alerts

Be the first to know and let us send you an email when Product For Men posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share