National Management Degree College Students' Union

National Management Degree College Students' Union Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from National Management Degree College Students' Union, No (273/279), Merchant Road, Botahtaung Township, Yangon.

◾အဖွဲ့ဖျက်သိမ်းကြောင်းနှင့်နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်း ထုတ်ပြန်ကြေညာခြင်း။ဧပြီလ(၁၇)ရက်နေ့၊ ၂၀၂၅ခုနှစ်။ရန်ကုန...
17/04/2025

◾အဖွဲ့ဖျက်သိမ်းကြောင်းနှင့်နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်း ထုတ်ပြန်ကြေညာခြင်း။

ဧပြီလ(၁၇)ရက်နေ့၊ ၂၀၂၅ခုနှစ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ
(တကသများ-ရန်ကုန်)

#တကသများရန်ကုန်

09/05/2024

ပြန်ဆုံကြမယ် NMDC shirt လေးတွေကလေ special cases တွေဖြစ်တဲ့ ပြည်တွင်းအထည်တွေကိုပြည်ပကမှာ ထားတာမျိုး၊ ပြည်ပအထည်ကိုပြည်တွင်းကမှာထားတာမျိုးလေးတွေက ခဏလေးစောင့်ပါဦးနော်။ April second week လောက်ရောက်နိုင်မယ် ခန့်မှန်းထားခဲ့ပေမယ့် လမ်းကြောင်း အခြေအနေအရ‌ ကြာနေတာလေးတွေဖြစ်နေလို့ပါ။ မရောက်မှာတော့ စိတ်မပူပါနဲ့နော်။ စာရင်းရှ်မရှိ ပြန်စစ်စေချင်တယ်ဆိုရင်လည်း Adminတို့ကို preorder တင်ခဲ့တုန်းက form လေးဖြည့်ခဲ့တဲ့ နာမည်လေး ပြန်ပြောပြပေးရင် adminတို့ ပြန်စစ်ပေးပါ့မယ်နော်။
ပထမဆုံးအကြိမ်ဖြစ်ပြီး အဆင်မပြေမှုတွေရှိသွားရင် adminတို့ အနူးအညွတ်တောင်းပန်အပ်ပါတယ်။ နောက်နောင် ပိုပြီး အဆင်ချောစေရပါမယ် ကတိပေးပါတယ်ဗျို့။

◾️"သမဂ္ဂကိုတိုင်ပင်ပါ"ကျောင်းသားသမဂ္ဂကို ကျောင်းသား၊ ကျောင်းသူတွေရဲ့အခက်အခဲတွေအကုန်လုံးဆွေးနွေးတိုင်ပင်နိုင်ပါတယ်။📌 ပညာရ...
30/03/2024

◾️"သမဂ္ဂကိုတိုင်ပင်ပါ"

ကျောင်းသားသမဂ္ဂကို ကျောင်းသား၊ ကျောင်းသူတွေရဲ့အခက်အခဲတွေအကုန်လုံးဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

📌 ပညာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ
📌စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုများ
📌လွတ်မြောက်ဒေသများသို့ခိုလှုံရန် ဆွေးနွေးတိုင်ပင်ခြင်းများ

စသည်ဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ရင်ဆိုင်နေရတဲ့ အကြပ်အတည်းတွေကို သမဂ္ဂအနေနဲ့ နားထောင်နားစွင့်ပြီး ဆွေးနွေး အကူအညီပေးနိုင်ရန်အတွက် လုံခြုံစိတ်ချရသော Platform တစ်ခုအဖြစ် Telegram မှာ တည်ဆောက်ထားပါတယ်။

အခုဆိုရင် စမှုထမ်းဥပဒေကြောင့် ကျောင်းသားလူငယ်တွေ စိတ်ညစ်နေရတဲ့ကာလဆိုတာ အားလုံးအသိပါဗျ။ ထွက်ပေါက်ကိုလည်း ကိုယ်တိုင်ရှာကြရမှာပါ။ "သမဂ္ဂကိုတိုင်ပင်ပါ" Telegram မှတဆင့် အဆိုပါကိစ္စရပ်လိုမျိုး နိုင်ငံရေးအခြေအနေသက်ရောက်မှုများကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းက တက္ကသိုလ်ကျောင်းသားကျောင်းသူများအနေဖြင့် မည်သည့်အခက်အခဲကိုမဆို ဆွေးနွေးတိုင်ပင်နိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

ဘယ်လိုပါဝင်ဆွေးနွေးနိုင်မလဲ❓

ဆွေးနွေးတိုင်ပင်လိုတဲ့ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အောက်ဖော်ပြပါ သက်ဆိုင်ရာကျောင်းသားသမဂ္ဂများရဲ့ page Messenger မှတဆင့် ဆက်သွယ်နိုင်ပါတယ်။

ဒါမှမဟုတ် Telegram Account - မှတဆင့်လည်း ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဆက်သွယ်နိုင်သော ကျောင်းသားသမဂ္ဂ Page များ-
💬 ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)

💬 ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (လှိုင်နယ်မြေ)

💬 ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

💬 သန်လျင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

💬 ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းသားသမဂ္ဂ

💬 စက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းသားများသမဂ္ဂ

💬 အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ

#ကျောင်းသားတွေအတွက်ကျောင်းသားသမဂ္ဂရှိတယ်
#သမဂ္ဂကိုတိုင်ပင်ပါ
#တကသများရန်ကုန်

◾️ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂရှိတယ် #ကျောင်းသားတွေအတွက်ကျောင်းသားသမဂ္ဂရှိတယ် #သမဂ္ဂကိုတိုင်ပင်ပါ #တကသများရန်ကုန် ...
27/03/2024

◾️ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂရှိတယ်

#ကျောင်းသားတွေအတွက်ကျောင်းသားသမဂ္ဂရှိတယ်
#သမဂ္ဂကိုတိုင်ပင်ပါ
#တကသများရန်ကုန်

◾️ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂရှိတယ်

ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂရှိပါတယ်။ ဟုတ်ပါတယ်။

ကျောင်းသားသမဂ္ဂတွေ ကျောင်းပရဝုဏ်အတွင်းမှာ ရှိနေစဥ်ကတည်းက ကျောင်းသားတွေဟာ သူတို့ရဲ့ အထွေထွေအရေးကိစ္စမှန်သမျှကို သမဂ္ဂနဲ့ လာရောက်တိုင်ပင်လေ့ရှိကြပါတယ်။ လက်ရှိအခြေအနေမှာ ကျောင်းပရဝုဏ်ထဲကို ပြန်မရောက်နိုင်သေးပေမဲ့ ကျောင်းသားတွေအတွက် ကျောင်းသားသမဂ္ဂက အမြဲရှိပါတယ်။ ကျောင်းသားသမဂ္ဂကို လွတ်လွတ်လပ်လပ် လာရောက်တိုင်ပင်နိုင်ပါတယ်။

လုံခြုံစိတ်ချရတဲ့ Platform တစ်ခုအဖြစ် Telegram Channel တစ်ခုတည်ဆောက်ထားပြီး လက်ရှိနိုင်ငံရေးအခြေအနေများရဲ့ သက်ရောက်မှုများကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတစ်ဝှမ်းရှိ တက္ကသိုလ်ကျောင်းသားများအနေဖြင့် ရင်ဆိုင်နေရသည့် မည်သည့်အခက်အခဲကိုမဆို ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

သမဂ္ဂကိုလုံခြုံစိတ်ချစွာ တိုင်ပင်နိုင်ဖို့စီစဉ်ထားရှိတဲ့အစီအစဉ်တွေကို ဆက်လက်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

#ကျောင်းသားတွေအတွက်ကျောင်းသားသမဂ္ဂရှိတယ်
#သမဂ္ဂကိုတိုင်ပင်ပါ
#တကသများရန်ကုန်

Hello NMDCers !!!!ဒီနှစ်ရဲ့ တော်လှန်သင်္ကြန် T-Shirt Campaign လေးကို မတ်လ ၂၃ရက်နေ့၊ နံနက် ၁၀နာရီခွဲမှာ pre-oder form ပိတ...
23/03/2024

Hello NMDCers !!!!

ဒီနှစ်ရဲ့ တော်လှန်သင်္ကြန် T-Shirt Campaign လေးကို မတ်လ ၂၃ရက်နေ့၊ နံနက် ၁၀နာရီခွဲမှာ pre-oder form ပိတ်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

NMDC တော်လှန်သင်္ကြန် T-Shirt လေးတွေကို Pre-Oder ပိတ်ရက်အထိ တခဲနက် ပါဝင်ပေးခဲ့ကြတဲ့ NMDCers တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။

ဝေးကွာနေကြပေမယ့် ဒီcampaign လေးကနေ NMDCers တွေစည်းလုံးမှုကို တော်လှန်ရေးအတွက် အကျိုးရှိစွာ ထောက်ပံ့ကူညီနိုင်ကြတော့မှာဆိုတော့ Campaign နောက်ဆက်တွဲ အသိပေးကြေညာတာလေးတွေကိုလည်း စောင့်ကြည့်ပေးဖို့ တိုက်တွန်းပါတယ်။

“ ပြန်ဆုံကြမယ် “
“ NMDC ကျောင်းသားထုနဲ့ အတူရှိမယ့် NMDCSU “

ဟိတ် တို့တွေရဲ့ ‌T-shirt preorder လေး မနက်ဖြန်မနက်ခုနစ်နာရီဆိုပိတ်ပြီနော်။ခုလို မမမြတ်နိုးအေးနဲ့ ဆင်တူလေး၀တ်ရင်း တော်လှန...
22/03/2024

ဟိတ် တို့တွေရဲ့ ‌T-shirt preorder လေး မနက်ဖြန်မနက်ခုနစ်နာရီဆိုပိတ်ပြီနော်။
ခုလို မမမြတ်နိုးအေးနဲ့ ဆင်တူလေး၀တ်ရင်း တော်လှန်ကမ်ပိန်းလေးမယ် ပါ၀င်ဖို့ ခုပဲ အမြန် order တင်လိုက်တော့ဗျို့။

"ပြန်ဆုံကြမယ်"

NMDC ရဲ့ Journalism Alumni ကျောင်းသူလေးဖြစ်တဲ့ မWendy ကတော့ NMDC တော်လှန်သင်္ကြန် T-Shirt လေးနဲ့ ကြေညာပေးလိုက်ပါပြီ။ ❤️N...
21/03/2024

NMDC ရဲ့ Journalism Alumni ကျောင်းသူလေးဖြစ်တဲ့ မWendy ကတော့ NMDC တော်လှန်သင်္ကြန် T-Shirt လေးနဲ့ ကြေညာပေးလိုက်ပါပြီ။ ❤️

NMDCers လေးတို့လည်း ဒီနှစ်ရဲ့ တော်လှန်သင်္ကြန်မှာ NMDCအမှတ်တရ T-Shirtလေးဝတ်ရင်း မWendyနဲ့ ဆင်တူဝတ်ရင်း ဖြတ်သန်းကြဖို့ NMDC page messenger မှာ မတ်လ (၂၂)ရက်ထက်နောက်မကျပဲ pre-order တင်နိုင်ပါပြီဗျို့ 😍

" ပြန်ဆုံကြမယ် "
” NMDC ကျောင်းသားထုနဲ့အတူ ရှိနေမယ့် NMDCSU ”

Hello NMDCers!!!📣 Pre-Order Now!! NMDCSU ကနေ ၂၀၂၄ခုနှစ်၊ တော်လှန်သင်္ကြန်အမှတ်တရ NMDC ကျောင်းသားထုအင်အားနဲ့ စုပေါင်းပြီး...
19/03/2024

Hello NMDCers!!!

📣 Pre-Order Now!!

NMDCSU ကနေ ၂၀၂၄ခုနှစ်၊ တော်လှန်သင်္ကြန်အမှတ်တရ NMDC ကျောင်းသားထုအင်အားနဲ့ စုပေါင်းပြီး NMDC တော်လှန်သင်္ကြန် T-Shirt တွေ ရောင်းပေးနေပါပြီ။ 😉

NMDC ကျောင်းတော်ကြီးနဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ရဲ့ အငွေ့အသက်တွေကို ပေါင်းစပ်ထားပြီး အရိုးရှင်းဆုံး Design နဲ့ ထိုင်း/မြန်မာ Quality ၂မျိုးမှာယူနိုင်တဲ့ T-Shirt လေးတွေ Size မျိုးစုံနဲ့ ရောင်းချပေးနေတာ ဖြစ်ပါတယ်။

🔸NMDC တော်လှန်သင်္ကြန် T-Shirt

▪️Color : ⬜️
▪️Size : S, M, L, XL, XXL (Size Chart available)
▪️Myanmar Quality : 15000MMK
▪️Thai Quality : 300Baht

NMDC T-shirt လေးတွေကို NMDC ကျောင်းကြီးနဲ့ ကျောင်းသင်္ကြန်အမှတ်တရတွေ ပေါင်းစပ်ပြီး လွမ်းဆွတ် သတိရကြစေဖို့ နမူနာ​အင်္ကျီလေးနဲ့ NMDC ကျောင်းသား/သူတွေက ကြေညာပေးထားပါတယ်။ နောက်ထပ်လည်း ဘယ်သူတွေက ဘယ်လိုပုံစံ ကြေညာပေးမလဲဆိုတာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော် ❣️

NMDC တော်လှန်သင်္ကြန် T-Shirtများ pre-order တင် မှာယူလိုပါက ငွေကြိုလွှဲစနစ်ဖြင့်
မတ်လ (၂၂)ရက်နေ့ နောက်ဆုံးထားပြီး NMDCUS page messenger သို့ ဆက်သွယ်စုံစမ်း မှာယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

🔸NMDC T-Shirt Campaign အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်မှ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/WvTtSD4YFGaRsmrF/?mibextid=CTbP7E

" ပြန်ဆုံကြမယ် "
" ကျောင်းသားထုနဲ့ အတူရှိနေမယ့် NMDCSU "

#တော်လှန်သင်္ကြန်

| Communicative Skills သင်တန်းပြီးဆုံးကြောင်း ကြေညာခြင်း။ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(YUFLSU)နှင့်...
19/03/2024

| Communicative Skills သင်တန်းပြီးဆုံးကြောင်း ကြေညာခြင်း။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(YUFLSU)နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ(NMDCSU) တို့မှ ပူးပေါင်းဖွင့်လှစ်သည့် Communicative Skills သင်တန်းကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာ (၁၃)ရက်နေ့ မှ ၂၀၂၄ခုနှစ်၊ မတ်လ (၁၇)ရက်အထိ အောင်မြင်စွာ ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။

Communication Skills ဘာသာရပ်ကို သင်ကြားပေးပါသော TR. Thet နှင့် သင်တန်းကာလအတွင်း Activities များကို တက်ကြွစွာ လုပ်ဆောင်၍ ပြီးဆုံးသည်အထိ တက်ရောက်ပေးခဲ့ကြတဲ့ သင်တန်းသား/သူများ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးပင်တင်ရှိပါတယ်။

“ ပညာဖြင့်တော်လှန် နွေဦးရဲ့အောင်လံ “

Hello NMDCers !!!နှစ်သစ်ကူးအကြိုကာလ မတ်လမှာ ကျောင်းသင်္ကြန်လို့ပြောလိုက်ရင် NMDCerတွေအတွက်တော့ ကျောင်းသက်တမ်းတစ်လျှောက် ...
17/03/2024

Hello NMDCers !!!

နှစ်သစ်ကူးအကြိုကာလ မတ်လမှာ ကျောင်းသင်္ကြန်လို့ပြောလိုက်ရင် NMDCerတွေအတွက်တော့ ကျောင်းသက်တမ်းတစ်လျှောက် တစ်ခေါက်သာလုပ်ဖူးတဲ့သင်္ကြန်ပွဲကို ပြေးမြင်ကြလိမ့်လို့ထင်ပါတယ်။ ပွဲလမ်းအများဆုံးလို့ဆိုရမယ့်ကျောင်းတော်ကြီးရဲ့တစ်ခုတည်းသောအားနည်းချက်ကတော့ ကျောင်းသင်္ကြန်လုပ်ခွင့်မ‌ရခဲ့တာပါပဲ။ 😤

ကိုဗစ်ကာလနဲ့ တော်လှန်ရေးကာလတွေကြောင့် နိုင်ငံတဝှမ်းမှာ မြန်မာ့ရိုးရာသင်္ကြန်ကို အရင်လို စည်ကားသိုက်မြိုက်စွာ မကျင်းပနိုင်သေးပေမယ့် NMDCers တွေမှာလည်း ထူးထူးခြားခြား NMDC ကျောင်းသင်္ကြန်အတွေ့အကြုံနဲ့ တက္ကသိုလ်တွေရဲ့ သင်္ကြန်တွေမှာ လည်ပတ်ခဲ့ကြတာတွေက အမှတ်တရကောင်းတွေ ဖြစ်ကြမှာ သေချာပါတယ်။

ဆိုတော့ ဒီနှစ်ရဲ့ တော်လှန်သင်္ကြန််မှာတော့ ကျောင်းသင်္ကြန်တွေကို ဖြတ်သန်းဖူးခဲ့တဲ့ အမှတ်တရ အတွေ့အကြုံ၊ ရယ်စရာအလွဲလေးတွေကို #တော်လှန်သင်္ကြန် ဆိုတဲ့ Hashtag လေးတွေနဲ့ ယခုpost ရဲ့ Comment မှာဖြစ်စေ၊ Postကို share ပြီးဖြစ်စေ၊ မိမိရဲ့ လူမှုကွန်ယက်စာမျက်နှာကနေဖြစ်စေ တစ်ဖန် မျှဝေပေးကြရင်း NMDC ကျောင်းသားဘဝကို ပြန်လည်ခံစားကြပါစို့လားရှင်။ ❤️

📣တော်လှန်သင်္ကြန်ရဲ့ NMDC T-Shirt လေးတွေကို ဝယ်ယူအားပေးချင်ရင်တော့ မတ်လ (၂၂)ရက်နေ့အထိ နောက်ဆုံးထားပြီး NMDCSU Page မှာ တိုက်ရိုက် pre-order တင်မှာယူနိုင်ပြီဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

🔸NMDC T-Shirt Campaign အကြောင်း အသေးစိတ်သိရှိလိုပါက အောက်ပါလင့်ခ်မှ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/share/p/WvTtSD4YFGaRsmrF/?mibextid=CTbP7E

" ပြန်ဆုံကြမယ် "
" ကျောင်းသားထုနဲ့ အတူရှိနေမယ့် NMDCSU "

#တော်လှန်သင်္ကြန်

Hello NMDCers!!!◾NMDC တော်လှန်သင်္ကြန် T-Shirt Campaign သင်္ကြန်နဲ့ ပိတောက် ဒွန်တွဲနေသလို  NMDC လို့ဆိုလိုက်တာနဲ့ မိန်းမ...
14/03/2024

Hello NMDCers!!!

◾NMDC တော်လှန်သင်္ကြန် T-Shirt Campaign

သင်္ကြန်နဲ့ ပိတောက် ဒွန်တွဲနေသလို NMDC လို့ဆိုလိုက်တာနဲ့ မိန်းမလှကျွန်းလို့တင်စားထားတဲ့ ကျောင်းတော်ကြီးနဲ့အတူ NMDCers တွေကိုအရင် ပြေးမြင်ကြမှာပါ။ ကဲ ဒီကျွန်းမှာ နှစ်တိုင်း ပွဲတွေက စည်တော့ ဒီနှစ်တော်လှန်သင်္ကြန်ပွဲအတွက် NMDC T-Shirt တွေကို ရောင်းချပေးနေပြီ ဆိုတာ သိပြီးကြပြီလား။ ✌️

NMDC တော်လှန်သင်္ကြန် T-Shirt Design‌ကတော့ အဖြူရောင်အောက်ခံအပေါ် နှစ်ကူးအချိန်ခါသမယ NMDCကျောင်းကြီး ရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်တဲ့ ကျောင်းမုဒ်ဦး‌ရှေ့မှာ ချစ်ခင်ရတဲ့သူတွေကို ရေလောင်းပက်ဖြန်းနေကြတဲ့ ပုံလေးကို တချိန်က တက္ကသိုလ်ကျောင်းသားဘဝရဲ့ လွမ်းမောဖွယ် သတိရကြစေဖို့ ထည့်သွင်းဖော်ပြထားပြီး လေးလုံးတည်းနဲ့ အဓိပ္ပါယ်‌လေးနက်လှတဲ့ " ပြန်ဆုံကြမယ် " ဆိုတာလေးကတော့ ဒီခက်ခဲတဲ့ ၄နှစ်ကျော် ကြာ ကာလတွေထဲ ရပ်တည်ချက် မှန်ကန်စွာနဲ့ အဓမ္မရဲ့ ဖိနှိပ်မှုတွေကို ကြံ့ကြံ့ခံ့လာကြတဲ့ NMDCers တွေဟာ အကြောင်းအမျိုးမျိုးကြောင့်ဘယ်ဆီဘယ်ဝယ်ပဲ ရောက်နေပါစေ NMDCမှာတော့ ချစ်ခင်ရသူတွေနဲ့ မဝေးတော့တဲ့ အနာဂတ်မှာ အပြုံးပန်းတွေပန်ဆင်ရင်း ပြန်ဆုံကြပါမယ်လို့ အဓိပ္ပါယ်ရပါတယ်။

NMDC T shirt လေးတွေကို Size စုံ Quality ၂မျိုးနဲ့ထုတ်လုပ် ရောင်းချသွားမှာဖြစ်ပြီး ရောင်းဈေးအနေနဲ့ မြန်မာချည်သား T-Shirt တစ်ထည်ကို မြန်မာငွေ(၁၅၀၀၀)ကျပ်၊ ထိုင်းချည်သား T-Shirt တစ်ထည်ကို ဘတ်(၃၀၀) ကျသင့်မှာဖြစ်ပါတယ်။ ဒါ့အပြင် တော်လှန်ရေးကာလဖြစ်တာနဲ့အညီ ရောင်းရငွေတွေကိုလည်း တစ်ဖက်တစ်လှမ်းကနေ NMDC ကျောင်းသားထုအားနဲ့ ပြန်လှူဒါန်းကြမှာဖြစ်ပါတယ်။

ဆိုတော့ T-Shirt Pre-order များကို ‌မတ်လ (၁၁)ရက်နေ့ကနေ မတ်လ (၂၁)ရက်နေ့အထိ လက်ခံဖြစ်မှာတဲ့အတွက် NMDC page cb သို့ အမြန်ဆုံး လာရောက်ပြီး စာရင်းပေးသွင်း မှာယူလိုက်တော့နော်။ 🤗

" ပြန်ဆုံကြမယ် "
" ကျောင်းသားထုနဲ့ အတူရှိနေမယ့် NMDCSU "

#တော်လှန်သင်္ကြန်

Address

No (273/279), Merchant Road, Botahtaung Township
Yangon
11161

Alerts

Be the first to know and let us send you an email when National Management Degree College Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to National Management Degree College Students' Union:

Share