Power Gold King

Power Gold King Carbon / Coolant / Ad Blue Sale SALE

09/04/2025

စစ်ကိုင်းသို့ Power King Family မှ သွားရောက်လှူဒါန်း🙏🙏🙏

What is Coolant?
05/01/2025

What is Coolant?

Coolant ဆိုတာ ဘာလဲ?

သံချေး မတက်အောင် အထူးဖော်စပ်ထားသော ပေါင်းစပ်ရည်၊ Ethylene glycol 90% ကျော်ကို ရေ 50% ဖြင့်ပေါင်းစပ်ထားသော အင်ဂျင်မှ ရေတိုင်ကီ ထဲသို့ အင်ဂျင်အပူမလွန်ကဲအောင် သုံးသော ရေအေးဆီ ဖြစ်ပါသည်။

ကူးလန့်က ဘာလဲ အမြဲမေးသော customers များအတွက် မျှဝေပေးပါသည်။

Coolant လက်​လီလက်​ကား ​ရောင်းချ​ပေး​နေပြီလို့ ​ကြော်​ငြာ​လေးလဲဝင်​လိုက်​ပါသည်
ငဗစ်​ကာလကြီးမှာ ၀ယ်​ယူသူများအား ဆိုင်​အ​ရောက်​ပို့​ဆောင်​​ပေးပါသည်​/ နယ်​များသို့ ကားဂိတ်​မှတဆင့်​ ပို့​ပေးပါသည်

04/01/2025

မကြာခင် နွေဦးရာသီရောက်လို့ ခရီးတွေထွက်ကြတော့မည့်အချိန်တွင် မီးသံခေါက်ခြင်း အဆွဲအရုန်းမကောင်းခြင်း ပလတ်ခဏခဏလဲရခြင်း တို့မဖြစ်စေရန် ကာဗွန်ဂျိုးဆေးပြီး အဆွဲအရုန်းကောင်းမွန်စွာနဲ့ပေါ့ပါးသွက်လက်စွာမောင်းနှင်နိုင်ရန် ကားချစ်တဲ့ ကိုကိုတွေအတွက် ကာဗွန်ဂျိုးဆေးရည်နဲ့ မိတ်ဆတ်ပေးပါရစေ.

၃ မိနစ်ပဲ လေ့လာကြည့်ပါ ထူးခြားမှူ့ကိုတွေ့ရမှာပါ😁

GST Carbon ဆေးရည်အစွမ်း အံ့မခန်းပါပဲဗျာ😁

လက်ကားပဲ ရောင်းတာမို့ Hello. 09950586150 သာဆတ်လိုက်ပါ ဆိုင်အရောက်လာပို့ပေးမှာပါဗျ

04/01/2025

Power Gold King Mdy New Year

03/01/2025

နှစ်သစ်မှာ ပျော်ရွှင်ပါစေ

🙏မဂ်လာ နှစ်သစ်ဖြစ်ပါစေ🙏 Power King မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🤗🤗🤗
31/12/2024

🙏မဂ်လာ နှစ်သစ်ဖြစ်ပါစေ🙏
Power King မိသားစု မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🤗🤗🤗

🙏🙏🙏သီတင်းကျွတ် အခါသမယမှာ ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ👨‍👩‍👧‍👧👨‍👩‍👧‍👦👨‍👩‍👧
17/10/2024

🙏🙏🙏သီတင်းကျွတ် အခါသမယမှာ ကျန်းမာခြင်းသုခနှင့် ပြည့်စုံကြပါစေ👨‍👩‍👧‍👧👨‍👩‍👧‍👦👨‍👩‍👧

20/09/2024

ရိုးရိုး ရေ..အဖြစ်မှ...Power King Coolant Grade (A) Antifreeze -45 C သို့...( အာမခံ ၆ လဖြင့်)..😎

မိုးသစ်ထူး...( ရေတိုင်ကီ အာမခံ services)
- မရမ်းကုန်း မြို့နယ်.. သမိုင်းဘူတာရုံလမ်း အနီး

PH - 09 768 512 533 👈👈👈

မော်တော်ယာဥ်အချက်ပြမီးအကြောင်းများနှင့်ဆက်ပြီးမောင်းလို့ရလား၊ မရဘူးလား ??? ၁။ ဘီးလေမရှိဘူး / လေအရမ်းနည်းနေတယ်။မောင်းလို့...
29/06/2024

မော်တော်ယာဥ်အချက်ပြမီးအကြောင်းများနှင့်
ဆက်ပြီးမောင်းလို့ရလား၊ မရဘူးလား ???

၁။ ဘီးလေမရှိဘူး / လေအရမ်းနည်းနေတယ်။
မောင်းလို့မရဘူး !!!
တာယာလိမ်သွားမယ်။ တာယာပျက်စီးသွားမယ်။
လေထိုးပါ / အပိုဘီးနဲ့လဲပါ။

၂။ အင်ဂျင်ဝိုင်မရှိဘူး / အင်ဂျင်ဝိုင်မီးပြနေတယ်။
မောင်းလို့မရဘူး !!!
အင်ဂျင်နာမယ်။ အင်ဂျင်ချရတဲ့အထိ ဖြစ်နိုင်တယ်။
အင်ဂျင်ဝိုင်ဖြည့်ပါ / စစ်ဆေးပြုပြင်ပါ။

၃။ Heat မီးပြနေတယ် / Heat တက်နေတယ်။
မောင်းလို့မရဘူး !!!
ဂတ်စကတ်ပြတ်မယ်။ အင်ဂျင်ချရတဲ့အထိဖြစ်နိုင်တယ်။
စစ်ဆေးပါ / ပြုပြင်ပြီးမှဆက်မောင်းပါ။

၄။ ညဘက်မောင်းနေရင်း ရှေ့မီးကြီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။
မီးသေးဖွင့်ထားပါ။ စုံမီးဖွင့်ထားပါ။တတ်နိုင်သမျှ ဖြည်းဖြည်းမောင်းပါ။ ကိုယ့်လမ်းကြောအတွင်းကပဲ မောင်းပါ။ အမြန်ပြုပြင်ပါ။

၅။ ညဘက်မောင်းနေရင်း နောက်မီးတွေ မလင်းတော့ဘူး။
မောင်းလို့ရတယ်။
နောက်ယာဉ် ဝင်တိုက်မယ့်အန္တရယ်ရှိတယ်။ စုံမီးဖွင့်ထားပါ။ တတ်နိုင်သမျှဘေးကပ်မောင်းပါ။ အမြန်ပြုပြင်ပါ။

၆။ ABS မီးပြနေတယ်။
မောင်းလို့ရတယ်။
စလစ်ဖြစ်မှာကို မထိန်းပေးတော့ပါ။
အရှိန်လျော့မောင်းပါ။ ရုတ်တရက် ဘရိတ်အကုန်နင်းတာကို တတ်နိုင်သမျှရှောင်ပါ။ မိုးဖွဲဖွဲ ရေစပ်စပ် အခြေအနေမှာ ပိုသတိထားမောင်းပါ။ စစ်ဆေးပြုပြင်ပါ။

၇။ ဆီကုန်မီးပြပြီ။
မောင်းလို့ရတယ်။
များသောအားဖြင့် 4L, 5L လောက် လက်ကျန်ရှိအုန်းမယ်။ အနီးဆုံးဆီဆိုင်ရှာပြီး ဆီဖြည့်ပါ။

8။ SRS / လေအိတ်မီးလင်းနေတယ်။
မောင်းလို့ရတယ်။
လေအိပ်အကာကွယ် မရနိုင်တော့ပါ။
ခါးပတ်တပ်ထားပါ။ ဆင်ဆာပျက်တာ ကြိုးပြတ်တာ ဘောက်ပျက်တာကြောင့်လင်းတတ်ပါတယ်။ ကွန်ပျူတာထိုးစစ်ကြည့်ပြီး ပျက်တဲ့ပစ္စည်းလဲတာ ဝါယာရိန်းလိုက်တာ လုပ်ရပါမယ်။

၉။ တံခါးမီးလင်းနေတယ်။
မောင်းလို့ရတယ်။
တံခါးတွေ lock သေချာကျလားစစ်ပြီးမှမောင်းပါ။ ရေဝင်တာ ကြိုးပြတ်တာ ခလုတ်ပြတ်တာကြောင့် ဖြစ်တတ်ပါတယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၀။ ဘရိတ်ကပ်နေတယ်။
မောင်းလို့မရဘူး !!!
ရှူးအပူလွန်ပြီး ညှော်နံ့ထွက်လာမယ်။ ရှူးပျက်စီးသွားမယ်။
ဘိရိတ်ကို နင်းလိုက်လွတ်လိုက်လုပ်ကြည့်ပါ။ ကားကို ရှေ့တိုးနောက်ဆုတ် လုပ်ကြည့်ပါ။ ဘရိတ်ကပ်နေသေးရင် ပြုပြင်သူကိုခေါ်ပါ။

၁၁။ ဘရိတ်မမိဘူး။
မောင်းလို့မရဘူး !!!
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။
ပြုပြင်သူကိုခေါ်ပါ။

၁၂။ ဘရိတ်လျောနေတယ်။
မောင်းလို့ရတယ်။
ယာဉ်တိုက်မှုဖြစ်နိုင်တယ်။ သတိထားပြီးဖြည်းဖြည်းမောင်းပါ။ အနီးဆုံးဝပ်ရှောတွင် စစ်ဆေးပြုပြင်ပါ။

၁၃။ ဘရိတ်ဆီမီးလင်းနေတယ်။
မောင်းလို့ရတယ်။
ဘရိတ်မိလားနင်းကြည့်ပါ။ ဘရိတ်မမိရင် မောင်းလို့မရပါ။ ဘရိတ်ဆီလျော့နေလားစစ်ပါ။ လျော့နေရင် ဖြည့်ပါ။ စစ်ဆေးပြုပြင်ပါ။

၁၄။ ဘက်ထွီမီးလင်းနေတယ်။
မောင်းလို့မရဘူး !!!
လမ်းမှာထိုးရပ်သွားနိုင်တယ်။ စက်သတ်ပြီး ပြန်နှိုးမရဖြစ်မယ်။
အချို့ လျှက်ထုတ်စက်လဲထားတဲ့ကားတွေမှာ လင်းနေလည်းမောင်းလို့ရတယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၅။ IMA မီးလင်းလာတယ်။
မောင်းလို့ရတယ်။
IMA ဘက်ထွီ အပူချိန်မြင့်နေတယ်။ ကားရပ် ခဏနားပါ။ တံခါးတွေဖွင့်ထားပါ။ IMA Fan လေပေါက်တွေမှာ ပိတ်ကာထားမိတာရှိရင် ဖယ်ရှားပါ။ မှန်ပိတ် အဲကွန်းဖွင့်မောင်းပါ။

၁၆။ သော့ဘက်ထွီမီးပြနေတယ်။
မောင်းလို့ရတယ်။
သော့ဘက်ထွီမကောင်းတာ လှိုင်းမမိတာဖြစ်နိုင်တယ်။

၁၇။ ကားကတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။
မောင်းလို့ရတယ်။
ဆီစစ်ပိတ်နေတာ ဆီပန့်မကောင်းတာ ပလပ်မကောင်းတာ ပလပ်ကွိုင်မကောင်းတာ ဖြစ်နိုင်တယ်။ စစ်ဆေးပြုပြင်ရပါမယ်။

၁၈။ ခွေးတိုက်မိပြီး ရေတိုင်ကီပေါက်သွားတယ်။
မောင်းလို့မရဘူး !!!
Coolant တွေထွက်ကုန်ပြီး (နံပတ် ၃ ကြည့်) အင်ဂျင် Heat တက်လာမယ်။ ပြုပြင်သူကိုခေါ်ပါ။

၁၉။ အောက်ပိုင်းတိုက်မိပြီး ဆီခံဗန်းကွဲသွားတယ်။
မောင်းလို့မရဘူး !!!
အင်ဂျင်ဝိုင် / ဂီယာဝိုင်တွေ ထွက်ကုန်ပြီး (နံပတ် ၂ ကြည့်) အင်ဂျင် / ဂီယာဘောက်ပျက်မယ်။ ပြုပြင်သူကိုခေါ်ပါ။

၂၀။ Drive belt ပြတ်သွားပြီ။
မောင်းလို့မရဘူး !!!
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
စတီယာရင်လေးသွားမယ်။ ဘရိတ်မာသွားမယ်။ ဘက်ထွီ အားမဝင်တော့ဘူး။ အဲကွန်းမအေးတော့ဘူး။ ပြုပြင်သူကိုခေါ်ပါ။

၂၁။ ကားကလူးပြီး ယိမ်းထိုးနေတယ်။
မောင်းလို့ရတာလည်းရှိ မရတာလည်းရှိ 😁
ယာဉ်အန္တရယ်ဖြစ်နိုင်တယ်။
တာယာတွေမကောင်းတာ၊ ဘီးနတ်တွေချောင်နေတာ၊ ဟက်ဘောတွေချောင်နေတာ၊ ဆွဲထိန်းတွေမကောင်းတော့တာ၊ စတီယာရင်စနစ်ယိုယွင်းလာတာ အောက်ပိုင်းအစိတ်အပိုင်းများ မကောင်းတော့တာကြောင့်ဖြစ်တယ်။ အမြန်ဆုံးစစ်ဆေးပြုပြင်ပါ။

မှတ်ချက်။ ။ ကားအမျိုးအစားနဲ့ပြသနာမတူနိုင်တာ ကားအကြောင်းသိနားလည်းကျွမ်းကျင်မှုမတူတာကြောင့် လှေနံဓါးထစ်မမှတ်ယူဘဲ အခြေအနေအရ လိုအပ်သလို ချိန်ဆယူသင့်ပါတယ်။
ကားနဲ့ပတ်သက်ပြီး သိပ်မသိသူများအတွက် အထောက်အကူရအောင် အတွေ့အကြုံအရ ရေးခြင်းဖြစ်ပါတယ်။ လိုအပ်ချက်များရှိပါက မေတ္တာရှေ့ထားထောက်ပြစေလိုပါတယ်။

21/06/2024

ကြိုးစားမှုအတွက်🏆 ရလဒ်🏆

Address

Yangon

Telephone

+959964692183

Website

Alerts

Be the first to know and let us send you an email when Power Gold King posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Power Gold King:

Share