San Myint Mo

San Myint Mo SMMမှ 100%အဆင့်မြင့်သန့်စင်ပီးဆန်များကို လက်လီလက်ကား ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါပြီနော်

ယခု🙏 ကျရောက်မယ့် ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ တွင်🙏 * စံ​မြင့်မိုရ် *၏ စဥ်ဆက်မပြတ်အားပေးလာသောမိတ်ဆွေတော်ကြီးများအားလု...
31/10/2023

ယခု🙏 ကျရောက်မယ့် ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ တွင်🙏 * စံ​မြင့်မိုရ် *၏ စဥ်ဆက်မပြတ်အားပေးလာသောမိတ်ဆွေတော်ကြီးများအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ပြီး စီးပွား၊, လာဘ်လာဘ များ ဆထက် တပိုး တိုးပွားကာ မိသားစု များဖြင့် စုံညီပျော်ရွှင်ကြပါစေကြောင်း ဆုမွန်​ကောင်းတောင်းလိုက်ပါသည်ရှင့်🙏


#ရွှေဘိုပေါ်ဆန်း
#သီတင်းကျွတ်

02/09/2023

မီးဖိုချောင်ထဲက သိထားသင့်တဲ့ နည်းလမ်းကောင်းလေးများ

မီးဖိုချောင်ထဲဝင်နေကြ အိမ်ရှင်မတွေဖြစ်ဖြစ် တခြားသူပဲ ဖြစ်ဖြစ် ဒီနည်းလမ်းလေးတွေကို သိရင် အနည်းနဲ့ အများတော့ အကျိုးရှိစေမမှာဖြစ်တာကြောင့် ပြန်လည်ဝေမျှလိုက်ပါတယ်။

ထမင်းအိုးကပ်သွားပြီး တူးနံ့နံလို့ စိတ်ညစ်နေရင် ဒီနည်းလေးကို စမ်းကြည့်လိုက်ပါလား။ ပေါင်မုန့်ဖြူ တစ်ချပ်ကို အဲဒီထမင်းပေါ်မှာ ၁၅ မိနစ်လောက်အဖုံးအုပ်ပြီး ထားကြည့်လိုက်ပါ။ ထမင်းမှာအနံ့သက်သာသွားတာကို တွေ့ရမှာပါ။ စားတဲ့အခါမှာတော့ အတူးအထိရောက်အောင် မကော်လိုက်နဲ့ဦးနော်။

ဟင်းအိုးတွေ တူးသွားရင် ပွတ်တိုက်မဆေးပါနဲ့။ တူးတာတွေ မြုပ်အောင် ရေထည့်ပြီး မီးဖိုပေါ် တင်ထားပါ။ ပွက်ပွက်ဆူလာရင် အတူးဂျိုးတွေ သူ့အလိုလို ကွာထွက်ပါတယ်။

ဖြူဖြူလွှလွှ ထမင်းလေးတွေ ရချင်တယ်ဆိုရင်တော့ ထမင်းအိုးတည်တုန်းဆူကာနီးမှာ လီမွန်ရည် ၂ စက်၊ ၃ စက်လောက်ချပေးလိုက်ပါ။

ငရုတ်သီးစိမ်းကြာကြာထားခံအောင်
ငရုတ်သီးစိမ်းလေးတွေ ကြာကြာထားခံအောင် ရေမဆေးဘဲနဲ့ အညှာလေးတွေချွေ၊ ပြီးရင် မီးဖိုချောင်သုံး tissue အထူစားနဲ့ ထုတ်၊ ပလပ်စတစ်ဗူး သို့မဟုတ် ဖန်ဗူးထဲ လေလုံအောင်ပိတ်ပြီး ရေခဲသေတ္တာအောက်ထဲ ထည့်ထားရင် တော်တော်ကြာကြာခံပါတယ်ရှင့်။ အညှာက ငရုတ်သီးစိမ်းကို ပိုပြီး ပုတ်လွယ်စေပါတယ်။ မီးဖိုချောင်သုံးတစ်ရှုးဆိုတာ Serviette ကိုဆိုလိုပါသည် ။သို့မဟုတ် paper towel အထူစားလဲသုံးနိုင်ပါတယ်။

ငရုပ်သီးကိုင်မိပြီး လက်ပူစပ်ရင်အတော် မသက်သာတာပါ။ အဲလိုပူစပ်ခြင်းမှ ကင်းဝေးစေရန် ငရုပ်သီးမလှီးခင် လက်ကိုသာ ဆီဆွတ်ပေးလိုက်ပါ။ ပူစပ်ခြင်းမှ ကင်းဝေးပါလိမ့်မယ်။

ကျွန်မတို့ အိမ်ရှင်မတွေဟာ ပလတ်စတစ်ဗူးတွေသိမ်းတာစုတာ အင်မတန်ဝါသနာပါတယ်နော်။ တစ်ခါတစ်လေမသုံးဖြစ်ပဲသိမ်းထားရတာမျိုးတောင်ရှိတယ်။ အဲလိုသိမ်းမယ်ဆိုရင် ဆားလေးကို ဗူးထဲနဲနဲထည့်ပြီး သိမ်းခြင်းအားဖြင့် အနံအသက် (အောက်သိုးသိုးအနံ့) ထွက်ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။

အမဲသား၊ကြက်သား များနူးညံ့လိုလျှင်
ခဲနေသော အသားများကို microwave ထဲမှာ defrost လုပ်မယ်ဆိုရင် ရှာလကာရည်အနည်းငယ်ကို လောင်းပြီးမှ defrost လုပ်ပါ။ အသားများကိုနူးညံစေရုံမျှမက မြန်မြန်လည်း ရေခဲပျော်လွယ်စေပါတယ်။

အမဲသား ဆိတ်သားကဲ့သို့ Red Meat များနူးညံစေလိုလျှင် မချက်ခင်တွင် ဝိုင်အနီတွင် စိမ်ပေးပါ။

အသားများလှီးမည်ဆိုလျှင် အသားမျှင်များအား ကန့်လတ်ဖြတ်လှီးမှသာ ဟင်းချက်သောအခါ ပို၍နူးညံ့သော အသားများရနိုင်ပါတယ်။

ကြက်ဥခွံကိုစမ်းကြည့်ယုံနဲ့လတ်မလတ်သိတဲ့နည်း

ကြက်ဥခွံကို စမ်းကြည့်ယုံနဲ့ လတ်မလတ်သိတဲ့ နည်းလေးပါ။ ကြက်ဥခွံက ကိုင်ကြည့်တာနဲ့ ခပ်ကြမ်းကြမ်းလေး ဖြစ်နေမယ်ဆိုရင် လတ်ပါတယ်။ ပြောင်လက်ပြီး ချောမွတ်နေရင်တော့ နည်းနည်းကြာနေတဲ့ ကြက်ဥပါ။
နောက်တစ်နည်းကတော့ ရေထဲစိမ်ပြီးစမ်းတဲ့နည်းပါ။ ။ ရေအေး ၂ ခွက်ထဲဆား စားပွဲဇွန်း ၂ ဇွန်း ထည့်ဖျော်ပြီး။ ကြက်ဥကိုထည့်လိုက်ပါ။ ရေပေါ်ပေါ်လာရင်တော့ မလတ်တာသေချာနေပါပြီ။

ကြက်ဥပြုပ်လျှင် မကွဲအက်စေလိုပါက ဆားအနည်းငယ် ထည့်ပြီးပြုပ်ပေးပါ။

ကြက်ဥအကာနှင့် အနှစ် ကိုခွဲထုတ်လိုလျှင် ရေခဲသေတ္တ္တာထဲမှထုတ်ကာစမှာ ခွဲပါ။ ပိုပြီးလွယ်ကူပါတယ်။

ငါးကို ကောင်းအောင်ကြော်နည်း
ငါးကြော်မယ်ဆိုရင် ဆီကိုအရင်ကျက်အောင်ချက်ပြီး အနံ့သင်းသင်းရှိမှ ငါးကိုထည့်ကြော်ပေးပါ။ ကျွတ်ကျွတ်ကလေးနှင့် အရသာရှိပါလိမ့်မယ်။ ဆီမပူခင်ထည့်မိပါက ကျွတ်ကျွတ်ရွရွမရှိပဲ ပွစိစိ ဖြစ်တတ်ပါတယ်။

ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင်

ကြက်သွန်ဖြူကို အလွယ်တကူခွာလိုလျှင် မိုက်ခရိုဝေ့ဖ်ထဲကို ခဏထည့်ပြီးအပူပေးလိုက်ပါ။ အလွယ်တကူခွာလို့ရမှပါ။
နောက်တစ်နည်း။ ကြက်သွန်ဖြူမခွာခင် ငရုပ်ကျည်ပွေ့နှင့် ခပ်ဖွဖွထုပေးပါကလည်း ခွာရလွယ်ပါတယ်

ကြက်သွန်ဖြူလှီးရင်( အထူးသဖြင့် နုတ်နုတ်စဉ်းရင်) ဓါးမှာကပ်ပါလေ့ရှိပြီး ကပ်စေးစေးဖြစ်တတ်တာမျိုးရှိတယ်နော်။ အဲဒီအတွက်တော့ ကြက်သွန်ဖြူများပေါ်မှာ ဆားလေး နဲနဲဖြူးပြီးမှ လှီးကြည့်ရင် အဆင်ပြေသွားပါလိမ့်မယ်။
နွားနို့နွှေးချိန်တွင် ဆူဝေကျခြင်းမှကာကွယ်ရန်အတွက် ထောပတ်အနည်းငယ်ကို အိုးနုတ်ခမ်း အတွင်းနံရံတွေမှာ သုတ်လိမ်းပြီးမှ နွှေးပါ။ဆူဝေကျခြင်းမှကင်းဝေးပါလိမ့်မယ်

Credit:Search Myanmar

🙏အားလုံးပဲ မဂ်လာပါရှင့် 🙏🌇မနက်ခင်းလား! ☀️နေ့လည်ခင်းလား! 🌃ညခင်းလား! 👨‍👩‍👦စားသုံးသူကို အချိန်တိုင်းမှာ အကောင်းဆုံးအနံ့, အရ...
02/09/2023

🙏အားလုံးပဲ မဂ်လာပါရှင့် 🙏🌇မနက်ခင်းလား! ☀️နေ့လည်ခင်းလား! 🌃ညခင်းလား!

👨‍👩‍👦စားသုံးသူကို အချိန်တိုင်းမှာ အကောင်းဆုံးအနံ့, အရသာကို ပေးစွမ်းနိုင်တဲ့ စံမြင့်မိုရ်ဆန်ဆိုင်မှ BT ပေါ်ဆန်းမွှေးရှိပါတယ်ရှင့်

✅ ရွှေဘိုမြို့က ဆန်များကိုသာ ကိုယ်ပိုင် တန်၁၀၀ ကိုရီးယားဆန်စက်ကြီးဖြင့် အဆင့်ဆင့်ကြိတ်ခွဲသန့်စင်ထားပြီး အရောအနှောကင်း၊ အဆင်မြင့် ထုတ်ပိုးမှု၊ Export Premium Qualityတို့ကြောင့် BT တံဆိပ်ကို ဘယ်ချိန်ပဲ သုံးသုံး စိတ်ချစွာ သုံးစွဲနိုင်ပါပြီရှင်။

➡️ ဒါကြောင့် ချက်လိုက်ရင် ကျော့ရှင်းကော့ညွှတ်မွှေးကြိုင်ရှည်လျားတဲ့ ရွှေဘိုပေါ်ဆန်းမွှေးစစ်စစ် သုံးဆောင်ချင်ရင် BT ကို သတိရပေးပါရှင့်

🌟6ပြည်မှစ ၂၄ပြည်ထိ လက်လီ လက္ကား အထူးစျေးနှုန်းဖြင့် မှာယူနိုင်ပါပြီ။

စံမြင့်မိုရ်ဆန်ဆိုင်မှ အမြဲ အော်ဒါမပျက်ရောင်းချပေးနေတဲ့ ချစ်ခင်လေးစားရတဲ့ ကာကာလေးတွေ အကြိုက်ဆုံး FDA approved ဖြစ်တဲ့အပြင် Award 3ဆုရ အဆင့်မြင့်ဆန်BT ရွှေဘိုပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲကြားပေါ်ဆန်း ဆန်တို့ကို

အင်အားအဖြစ်ဆုံးနဲ့ အာဟာရပြည့်ဝသော တောင်သူဆန်စက်တိုက်ရိုက်ဆန်တို့ကို စံမြင့်မိုရ်ဆန်ဆိုင်မှ ရရှိနိုင်ပါပီနော်🍚🍚🍚

contact us 09420055800 / 09261271143ကိုဆက်သွယ်ပီးမှာယူနိုင်ပါပီနော်

စံမြင့်မိုရ်ဆန်ဆိုင်မှ အမြဲ အော်ဒါမပျက်ရောင်းချပေးနေတဲ့ ချစ်ခင်လေးစားရတဲ့ ကာကာလေးတွေ အကြိုက်ဆုံး FDA approved ဖြစ်တဲ့အပြ...
01/09/2023

စံမြင့်မိုရ်ဆန်ဆိုင်မှ အမြဲ အော်ဒါမပျက်ရောင်းချပေးနေတဲ့ ချစ်ခင်လေးစားရတဲ့ ကာကာလေးတွေ အကြိုက်ဆုံး FDA approved ဖြစ်တဲ့အပြင် Award 3ဆုရ အဆင့်မြင့်ဆန်BT ရွှေဘိုပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲကြားပေါ်ဆန်း ဆန်တို့ကို ခုပဲ ဖုန်းဆက်ပီး မှာယူလိုက်ပါနော်

အင်အားအဖြစ်ဆုံးနဲ့ အာဟာရပြည့်ဝသော တောင်သူဆန်စက်တိုက်ရိုက်သဘာဝစစ်စစ် ဆန်တို့ကို စံမြင့်မိုရ်ဆန်ဆိုင်မှ ရရှိနိုင်ပါပီနော်🍚🍚🍚

contact us 09420055800 / 09261271143ကိုဆက်သွယ်ပီးမှာယူနိုင်ပါပီနော်

🙏သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍မင်္ဂလာရှိလာဘ်ပွင့်စေမယ့် နည်းလမ်းများ🙏၁။ နံနက်အိပ်ယ...
01/09/2023

🙏သစ်တံခါး ဆရာတော်မှ နည်းလမ်းပေး တော်မူသည့် မိမိအိမ်ဂေဟာ ကျက်သရေတိုး၍
မင်္ဂလာရှိလာဘ်ပွင့်စေမယ့် နည်းလမ်းများ🙏

၁။ နံနက်အိပ်ယာထသည်နှင့်တစ်ပြိုင်နက်
မျက်နှာသစ်ကာ သွားတိုက်ပြီး ပါက ဘုရားသောက်တော်ရေလဲ ဆီမီးပူဇော်ပါ
ဘုရားကျောင်းဆောင်
သန့်ရှင်းရေးပြုလုပ်ပါ🙏

၂။ ဆွမ်းကပ် / ကော်ဖီတစ်ခွက်ကပ်ပါ
သစ်သီးလှူလည်းရပါတယ်🙏

၃။ ဂုဏ်တော်တစ်ပါးပွား (သို့မဟုတ်)
ကိုးပါးလုံးပွားလည်းရ၊ ပုတီးစိပ်ရင်ပိုကောင်းပါ၏🙏

၄။ ကိုယ်လုပ်သောကုသိုလ်တွေကို ကိုယ်စောင့်နတ်၊ အိမ်စောင့်နတ် အလုပ်အကိုင် ရုံးကုမ္ပဏီ
စက်ရုံတွေ ဆိုင်တွေမှာ စောင့်သော
နတ်မြတ်နတ်ကောင်းအား အမျှပေးဝေပါ။🙏

🙏သစ်တံခါးဆရာတော် မေတ္တာဝေနည်းကို
အစအဆုံး မေတ္တာပို့ပါ ပြီးရင် စမအင်း
ခေါင်းလောင်းလှုပ်ကာ အမျှဝေပါ သာဓုခေါ်ပါ ။🙏

၅။ အိမ်မှာ နံနက်ခင်း စိတ်တိုစရာစိတ်ညစ်စရာ မတွေးဘဲ မပြောဘဲ မဆဲမိ ,မအော်မိ , မဆူမိအောင် ကြိုးစားပြီး စောင့်ထိန်းပါ လေ့ကျင့်ပါ မေတ္တာထားပါ အောင်မြင်ပါမည်🙏

၆။ လာဘ်ခေါ်ဂါထာ ကို ရွတ်ပါ🙏

အရဟံ ဗုဒ္ဓေါ အရဟံ အရဟံ ဗုဒ္ဓေါ
ဗုဒ္ဓသ ဂုဏတေဇဿ
သဗဗှသဒဓှိလာဘံမေ ဘာဝိဿတိ

ကို (၁၀ ) ကြိမ်ရွတ်ပါ
ရွတ်ပြီး ပါ က အရပ်ရှစ်မျက်နှာ
အရပ်ကိုး မျက်နှာ အရပ်ဆယ်မျက်နှာမှ
လာဘ်ဝင်ပါစေ မိတ်ဆွေ
ကောင်းတွေ ဝင်ပါစေ။🙏

ငွေဝင်ပါစေ ဘေးရန်ကင်းကြပါစေ ကောင်းသတင်းကြား၍ ကျော်ဇော ပါစေဟု
အရပ် လေးမျက်နှာ ကို အာရုံပြုပြီးပြောပါ။🙏

၇။ နံနက်ချိန်ခါ တေးသံသာ ကျက်သရေ မင်္ဂလာသာယာ နာပျော်ဖွယ် ဖွင့်ပီးမင်္ဂလာယူပါ ဆရာတော်ကြီးများ၏ တရားတော်များဖွင့် ပြီး နံနက်စာစားပါ ။🙏

🙏သစ်တံခါးဆရာတော်၏မေတ္တာဓာတ်ကိုခံယူကာ ဆရာတော်၏ လုပ်စဉ်များကို တကယ် ယုံကြည်စွာ လုပ်ကြည့်ပါ ဆောင်ရွက်ကြည့်ပါ ထူးခြားစေရပါမည်🙏

မနက်တိုင်း အိပ်ယာတော့ စောစောထရတာပေါ့နော် အိပ်ယာ စောစောထခြင်းကြောင့် မိမိ၏ ကိုယ်စောင့်နတ်လည်း မိမိကိုချစ်တဲ့ဓာတ်ကိုရပါတယ်
အလုပ်သွားရင်လည်း နောက်ကျတာမျိုးမဖြစ်ဘဲ ညဘက်အိပ်ယာဝင်ရင်လည်း
တရေးတည်း အိပ်ပျော်စေပါတယ်

အလင်းစေတမာန်ဆု

တစ်နေ့တစ်နေ့✳ လက်မလည်အောင်❇ အော်ဒါလေးတွေ တက်ပီး good  review လေးတွေ good feedback လေးတွေအကောင်းဆုံးနဲ့ quality အမှန်ဆုံး...
09/07/2023

တစ်နေ့တစ်နေ့✳ လက်မလည်အောင်❇ အော်ဒါလေးတွေ တက်ပီး good review လေးတွေ good feedback လေးတွေအကောင်းဆုံးနဲ့ quality အမှန်ဆုံးအစစ်အမှန် ရောင်းချပေးနေတဲ့ အတွက်ကြောင့် စံမြင့်မိုရ်ဆန်ဆိုင် ဆိုပီး နာမည်တစ်လုံး နဲ့ရပ်တည်လို့ရအောင် ဘယ်Gpထဲမဆို ညီမတို့စံမြင့်မိုရ်ဆန်ဆိုင် online ဆန်ဆိုင်လေးကို ဂရုတစိုက်နဲ့ သေချာလေးအကောင်းဆုံးreviewပေးသော စံမြင့်မိုရ်ဆန်ဆိုင်ရဲ့ အမာခံ loyal ကာကာလေး ကိုယ်ရဲ့မမများကိုလဲ ကျေးဇူးဂါရဝတင်ရှိကြောင်းပြောချင်ပါတယ်ရှင့်🙏🙏🙏 ဝယ်ယူအား​ပေးကြသောမမတို့လဲ စီးပွားရေး တွေ ဒီရေမက တိုးတက်ပြီး မိသားစုအားလုံး ကျန်းမာပျော်ရွင်ပါစေ လို့ စံမြင့်မိုရ်ဆန်ဆိုင်Teamမှာလဲဆုမွန်ကောင်းတောင်းအပ်ပါတယ်နော်🙏🙏🙏

်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်းမွှေး

🎶ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ ဆွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ🎵🎵🎵Hello😘 မမတို့ မိုးအေးအေးနဲ့ မိုးသီချင်းလေးတွေ နားထော...
06/07/2023

🎶ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ ဆွေလာတဲ့အခိုက်အတန့်မှာ ငါပိုလွမ်းနေ🎵🎵🎵

Hello😘 မမတို့ မိုးအေးအေးနဲ့ မိုးသီချင်းလေးတွေ နားထောင်ပီးအိမ်ထဲမှနေပီး smartကျစွာဖြင့် သက်တောင့်သက်သာနေပီး မင်မင် တို့ စံမြင့်မိုရ်ဆန်ဆိုင် Team မှ အိမ်တိုင်ရာရောက် ဆန်ပုံးထဲဆန်အရောက်ပို့ဆောင်ပေးနေပါပြီနော် hello သာလုပ်လိုက်နော် နှစ်ရက် အတွင်း ရောက်ရှိစေရပါမယ်နော်🙌🙌

်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်းမွှေး

လိုက်မရောင်းနဲ့၊ လာဝယ်အောင်လုပ်"အကြော်စုံ ပူပူလေးရမယ်၊ အကြော်စုံ ပူပူလေး"ဒါ ညနေ ၆ နာရီလောက်ဆိုရင် သုံးဘီးတစ်စီးနဲ့ ကျွန်...
28/06/2023

လိုက်မရောင်းနဲ့၊ လာဝယ်အောင်လုပ်

"အကြော်စုံ ပူပူလေးရမယ်၊ အကြော်စုံ ပူပူလေး"

ဒါ ညနေ ၆ နာရီလောက်ဆိုရင် သုံးဘီးတစ်စီးနဲ့ ကျွန်တော်တို့ အိမ်ရှေ့က ဖြတ်ဖြတ်သွားလေ့ရှိတဲ့ အကြော်ရောင်းတဲ့ ဦးလေးကြီးရဲ့ အသံ။

သူ့ခမျာ ​ဆိုင်ကယ်ဆီကုန်ခံ၊ အပင်ပန်းခံပြီး အကြော်တွေလည်ရောင်းပေမယ့်လည်း ကျွန်တော်တို့ လမ်းထဲရောက်လာတဲ့အခါတိုင်း သူ့ဆီက ဘယ်သူမှအကြော်ဝယ်မစားကြဘူး။

မင်မင်တို့ လမ်းထဲကလူတွေက အကြော်မစားကြလို့စားဆိုတော့လည်း မဟုတ်ဘူး။ လမ်းထဲကလူတွေက သူ့ဆီကသာ မဝယ်တာ နေတဲ့နေရာကနေ တော်တော်လှမ်းလှမ်းသွားရတဲ့ ဟိုး​ဂျောင်ကြို​ဂျောင်ကြားက အကြော်ဆိုင်ကိုတော့ တကူးတက သွားစားကြတယ်။

ကိုယ်တိုင်လည်း အကြော်စားချင်တဲ့အခါတိုင်း အိမ်ရှေ့ထိလာရောင်းတဲ့ ဦးလေးကြီးဆီမှာ မစားဘဲ တကူးတက အဲ့ဒီအကြော်ဆိုင်ထိ သွားစားလေ့ရှိတယ်။

အဲ့ဒီဆိုင်က အကြော်ရောင်းတဲ့ အန်တီကြီးကလည်း ချေတယ်။ သွားဝယ်တဲ့အခါတိုင်း အကြော်စားချင်လား၊ စားချင်ရင် စောင့်ရမယ်၊ ရှေ့မှာ မှာထားတဲ့ လူတွေအများကြီး ဒီလို ခပ်ပြတ်ပြတ်ပဲ ပြောလေ့ရှိတယ်။

စားချင်တော့ စောင့်ရတယ်၊ သူချေလည်း ခံရတာပဲ။ ဘာလို့ဆို သူ့ရဲ့အကြော်က စားကောင်းတာကိုး။

အဲ့တော့ တစ်ခါတလေ စဥ်းစားမိတယ်။ ဘာလို့ အိမ်ရှေ့ထိလာပြီး ချိုချိုသာသာနဲ့ အကြော်လေးစားကြပါဦးလို့ သုံးဘီးနဲ့ လာရောင်းတဲ့ ဦးလေးကြီးဆီမှာ မဝယ်ဘဲ ဒီ​ဂျောင်ကြို​ဂျောင်ကြားက ခပ်ချေချေအန်တီကြီးဆီမှာ တကူးတက သွားဝယ်မိနေတာလဲပေါ့။

အဖြေက အဲ့ဒီအန်တီကြီးရဲ့ အကြော်ဟာ ကောင်းလွန်းနေတာကြောင့်ပါပဲ။ သူ့ဆီမှာ ကျွန်တော်တို့လိုချင်တဲ့အရာ ရှိနေတာကြောင့်ပါပဲ။ သူဟာ အကြော်ရောင်းပါတယ်လို့ လိုက်အော်မရောင်းပါဘူး၊ ဒါပေမဲ့ သူ့ရောင်းတဲ့အကြော်က ဘယ်လောက်ကောင်းပါတယ်ဆိုတာတော့ လူတွေသိအောင်တော့ ပြုလုပ်ပါတယ်။

အဲ့ဒီအခါမှာ သူလိုက်မရောင်းလည်း လူတွေက သူ့ဆီမှာ တကူးတကသွားဝယ်စားကြပါတယ်။

ဒါကြောင့် မိတ်ဆွေတို့လို အကြံပေးချင်တာက စျေးရောင်းကောင်းချင်တယ်ဆိုရင်

ဘာရောင်းပါတယ် ဆိုပြီး နေရာအနှံ လိုက်လံ အော်ရောင်းတာထက် ကိုယ်ရောင်းမယ့် ကုန်စည်က ဈေးနှုန်း နဲ့ အရည်အသွေး မှန်နေဖို့ပဲ လိုတာပါ ကိုယ်ရောင်းတဲ့ ကုန်စည်သာ အရည်အသွေး စစ်မှန်နေပါစေ ဝယ်သူက အလိုလို ရောက်လာပါတယ် အားလုံးပဲ အရောင်းအဝယ် ကောင်းပြီး ပျော်ရွှင်သော နေ့ရက်လေးတွေ နေ့တိုင်း ပိုင်ဆိုင် နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်းမွှေး

☎️09424007115

☎️09261271143

💢အော်ဒါလားမမေးနဲ့ ခုပိုစ့်တင်လိုက်တာနဲ့ အော်ဒါလေးတွေ ကလင်ကလင် နဲ့တက်တာ စံမြင့်မိုရ်ဆန်ဆိုင်ရဲ့BT ဆန်လေးမို့ အပြေးလေးမှာယ...
25/06/2023

💢အော်ဒါလားမမေးနဲ့ ခုပိုစ့်တင်လိုက်တာနဲ့ အော်ဒါလေးတွေ ကလင်ကလင် နဲ့တက်တာ စံမြင့်မိုရ်ဆန်ဆိုင်ရဲ့BT ဆန်လေးမို့ အပြေးလေးမှာယူဖို့ဖိတ်ခေါ်ပါရစေနော်🙏
်ရောင်းဝယ်ရေး
#ရွှေဘိုပေါ်ဆန်းမွှေး

ထမင်းကလဲ တအားကောင်းတော့ တအားကြိုက်ကျတယ်ရှင့်…🙏ရောင်းမလောက် ဝယ်မလောက်ပါပဲနော်….ပြန်လည်ရောင်းချလိုတဲ့ ကုန်သည်ကြီးများလဲမျက...
25/06/2023

ထမင်းကလဲ တအားကောင်းတော့
တအားကြိုက်ကျတယ်ရှင့်…🙏

ရောင်းမလောက် ဝယ်မလောက်ပါပဲနော်….
ပြန်လည်ရောင်းချလိုတဲ့ ကုန်သည်ကြီးများလဲ
မျက်စိမှိတ် မှာကြည့်ပါနော်🙏

BT brand အိတ်အတွင်းထဲက ဆန်သားက မင်မင်တို့ စံမြင့်မိုရ်ဆန်ဆိုင် brand ရဲ့ ဂုဏ်သိက္ခာပဲ ပါတယ်။10ဦးမှာ ရင်10ဦးစလုံး ကြိုက်ဖို့က 100%အပြည့်ပါပဲနော်

တကြိမ် စမ်းသုံးကြည့်ပါ💢
နောက်ထပ်တကြိမ် ပြန်ဝယ်ဖို့ တာဝန်ယူပါတယ်နော်။

☎️09261271143
☎️09424007115

🌾 ဘာစားစား ထမင်းနဲ့တွဲစားတဲ့သူတွေရှိလားရှင့် 👍👍 🍚 🥗 မာလာရှမ်းကောပဲစားစား၊ အကင်ပဲစားစား၊ ဟော့ပေါ့ ပဲစားစား  ထမင်းလေးနဲ့မှ...
21/06/2023

🌾 ဘာစားစား ထမင်းနဲ့တွဲစားတဲ့သူတွေရှိလားရှင့် 👍👍 🍚

🥗 မာလာရှမ်းကောပဲစားစား၊ အကင်ပဲစားစား၊ ဟော့ပေါ့ ပဲစားစား ထမင်းလေးနဲ့မှ ဆိုရင်တော့ ဘာနဲ့တွဲစားစား၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးထမင်းကို ရနိုင်တာကတော့ 👇👇👇

❇️ "စံ​မြင့်မို်ရ် ဆန်ဆိုင်မှ BTအမှတ်တံဆိပ် ရွှေဘိုပေါ်ဆန်းမွှေးနှင့်ဒေးဒရဲေဒသထွက်စစ်စစ်ကြားပျံ ပေါ်ဆန်း မွှေးလေး တို့ကို တွဲစားဖို့မမေ့နဲ့နော် 🤗

💖ဆန်ရဲ့ Package ပိုင်းလေးလဲ သပ်ရပ်စွာထုတ်ပိုးထားသောကြောင့် အလှူအတွက်လား ?လူကြီးမိဘကိုလက်ဆောင်ပေးဖို့လား?အသင့်တော်ဆုံးပါနော်😍

✅BT ​ေရွှဘိုဆန် ဆိုတာ ရွှေဘိုမြို့​ေဒသ ဆန်စက်မှာ ရွှေဘိုပေါ်ဆန်းတစ်မျိုးတည်းကိုပဲ အဆင့်​​
မြင့် ဆန်စက် ကြီးမျ ားမှ korea ထုတ်ခေတ်မှီနည်းစနစ်များဖြင့် အကောင်းဆုံး ကြိတ်ခွဲသန့်စင်​ရောင်းချပေးနေသောကြောင်​့ မိသားစုအားလုံး ကျန်းမာနဲ့ညီညွတ်ပြီး သန့်ရှင်းစိတ်ချစွာ စားသုံးနိုင်ပါပီနော်

🤷‍♀️ဆန်ကောင်းကောင်းလေးရဖို့🤷‍♀️ ပတ်ရှာရတာမောနေပြီလား ချစ်ရတဲ့ အိမ်ရှင်မမ​တို့ ကြီးကြီးတို့နဲ့ မေမေများရှင့်😘😘အဲဒါဆိုရင်တော့ တစ်နေရာတည်း မှာပဲ ပြီးပြည့်စုံတဲ့ ဆန်သားနဲ့ထမင်းအာမခံ ရောင်းချပေးနေတဲ့ စံမြင့်မို ရ်ဆန်ဆိုင်လေးရှိနေပါပြီနော်👍👍

💯💯 ဆန်သားအကောင်းဆုံး မှာလဲ Top ဖြစ်ပြီး 👉ဆန်သားကောင်းတယ်ဆိုရုံမက အရည်အသွေးကလဲ Premium Great အာမခံ စံချိန်မီမှာလဲ Top ဖြစ်နေသောBT တံဆိပ် ရွှေဘိုဒေသထွက်စစ်စစ် ရွှေဘိုဆန်ထိပ်စထူးရှယ်လေးကို ခုပဲဝယ်ယူလိုက်ပါနော် 🤔🤔

ဆန်ဈေးနှုန်းများ ⤵️⤵️⤵

💢အချိန်ပြည့်လိုင်း​ေပါ်မရှိသဖြင့် အရေးကြီးပါက ဖုန်းဆက်ပီးမှာယူပေးပါရန်မေတ္တာရပ်ခံအပ်ပါတယ်ရှင့်🙏🙏

❇Best seller BTတံဆိပ် ရွှေဘိုပေါ်ဆန်းမွှေးထိပ်စ အိုးဝင်ထူးထူးရှယ် ထိပ်စ Grade A++ စျေးနှုန်း များ👇
1ပြည် - 5000ကျပ်
12ပြည်- 60000ကျပ်
24ပြည် (108lb)- 120000ကျပ်

❇ Best seller ဒေးဒရဲ ဒေသထွက် စစ်စစ် ကြားပျံအိုးဝင်ထူးထူးရှယ် အိုးဝင်ထူးထူးရှယ် အဟောင်း စျေးနှုန်း များ👇
1ပြည် - 4150ကျပ်
6ပြည် - 24900ကျပ်
12ပြည်- 49500ကျပ်
24ပြည် (108lb)- 99000ကျပ်

❇ ဒေးဒရဲ ဒေသထွက် စစ်စစ် ကျန်းမာ​းေရဆန် ဆင်းသွယ် ထူးထူးရှယ် စျေးနှုန်း များ👇
1ပြည် - 3350ကျပ်
6ပြည် - 20000ကျပ်
12ပြည်-40000ကျပ်
24ပြည် (108lb)- 80000ကျပ်

💮ညီမလေးတို့က စံမြင့်မိုရ်ဆန်ဆိုင်Team💮 မှ အိမ်ရှေ့အရောက် ဆန်ပုံးထဲဆန်အရောက်ဝန်ဆောင်မှု အပြည့်ပေးနေပါပြီနော်

📲အ​ပြင်ကိုလုံးဝထွက်စရာမလိုဖူးနော်ဖုန်းလေးတစ်ချက်ဆက်ပြီး စံမြင့်မိုရ်ဆန်ဆိုင်မှာ လူကြီးမင်းတို့ ရန်ကုန်မြို့တွင်း နဲ့ ဒဂုံဆိပ်ကမ်း မြို့နယ် အနီး အိမ်တိုင်ရာရောက် 3ရက်အတွင်းပို့ဆောင်ပေးနေပါပြီနော် 🚛

💳အိမ်ရှင်မမတို့ ​ဆင်ပြေစေရန် ရန်ကုန်မြို့အတွင်း အိမ်အရောက်ငွေချေစနစ် အပြင် ငွေသားမလိုပဲ
Mobile Payment များနဲ့လည်း ငွေပေးချေနိုင်ပါတယ်ရှင့်💰💰

😘 လူ​ ကြီးမင်းတို့အတွက် ​​ဈေးနှုန်းချိုသာ ပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ရွှေဘိုပေါ်ဆန်း ဆန်စစ်စစ်မျိုးစုံကိုပဲ ရောင်းချပေးနေတာမို့လို့ ယုံကြည်စိတ်ချစွာ ၀ယ်ယူအားပေးနိုင်ပါတယ် ရှင့်။

ဘယ်နှစ်အိတ်ပဲ မှာမှာ (3) ရက်အတွင်း အိမ်အရောက်လည်း ပို့ဆောင်ပေးပါတယ်။

♦️ဒဂုံဆိပ်ကမ်းမြို့နယ်အနီး အပတ်စဥ် sunday နေ့တိုင်း 6ပြည် 12ပြည် နဲ့ 24ပြည်တစ်အိတ် စသည့်တို့ကို ပို့ခfree အထပ်တင်ခမယူပဲလိုက်ပါပို့ဆောင်ပေးလျက်ရှိပါတယ်ရှင့်

☎️09424007115 Hot line
☎️09261271143 viber သို့ဆက်သွယ်ပီးမှာယူနိုင်ပါတယ်ရှင့်🙏🙏🙏

Happy Father's Day ❤️ချစ်ကြောင်းကို ထုတ်မပြတတ်ပေမယ့် သားတို့သမီးတို့နောက်မှာ မားမားမတ်မတ်နဲ့ ရပ်တည်ပေးခဲ့တဲ့ အဖေအဖေရဲ့ကျ...
18/06/2023

Happy Father's Day ❤️

ချစ်ကြောင်းကို ထုတ်မပြတတ်ပေမယ့် သားတို့သမီးတို့နောက်မှာ မားမားမတ်မတ်နဲ့ ရပ်တည်ပေးခဲ့တဲ့ အဖေ
အဖေရဲ့ကျေးဇူးတွေ ဒီတစ်သက်ဆပ်လို့မကုန်အောင် ကျေးဇူးကြီးမားလှသောအဖေ 🙏🙏🙏

အဖေများနေ့မှတိုင် ကမ္ဘာပေါ်ရှိသောအဖေများအားလုံး ကျန်းမာသုခပြည့်ဝကြပါစေ🙏
Happy Father’s Day ပါလို့ စံမြင့်မိုရ်ဆန်ဆိုင်မှ အဖေများအားလုံးအတွက်ဆုတောင်းပေးလိုကိပါတယ်ရှင့်❤️❤️❤️❤️

#အဖေများနေ့

Address

Yangon

Telephone

+959424007115

Website

Alerts

Be the first to know and let us send you an email when San Myint Mo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share