08/09/2026
EV ကားတွေက အင်ဂျင်အပူချိန် နည်းတယ်။ ဝါယာတွေ၊ အချို့အစိတ်အပိုင်းတွေကလည်း သဘာဝပတ်ဝန်းကျင် မထိခိုက်တဲ့ အပင်ထွက်ပစ္စည်းတွေ ပါနေပါတယ်။
ဒီတော့ ညဘက်ဆို ကြွက်တွေအတွက် အေးချမ်းတဲ့ နားခိုစရာ၊ အသိုက်လုပ်စရာ နေရာကောင်း ဖြစ်သွားတတ်ပါတယ်။ 🚗 🐀
အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အပင်ထွက်ပစ္စည်းနဲ့လုပ်ထားတဲ့ ဝါယာကြိုးအခွံတွေကို ကြွက်တွေက ပိုကြိုက်ပြီး ကိုက်ဖြတ်တတ်ကြပါတယ်။ ⚠️
_________
ကာကွယ်ဖို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းများ 💡
1️⃣ အများပိုင်နေရာ ဒါမှမဟုတ် မသန့်ရှင်းတဲ့ လမ်းဘေးတွေမှာ ရပ်ရရင် ကားအောက်ပိုင်းနဲ့ ဘီးဂွတွေနားကို ပူဒီနာဆီ ဒါမှမဟုတ် ကြွက်ပြေးဆေးရည် မကြာခဏ ဖျန်းပေးထားလို့ ရပါတယ်။
2️⃣ ကြွက်ပြေးစက်လို့ခေါ်တဲ့ အသံလှိုင်းလွှင့်စက် အိတ်ဆောင်လေးတွေကို ရှေ့ဖုံးအောက်မှာ တပ်ဆင်ထားတာလည်း အသုံးဝင်ပါတယ်။
3️⃣ ကားရဲ့ တည်ဆောက်မှုအရ လိုအပ်ရင် ထပ်ပိုးအကာကွယ်တွေ တပ်ဆင်သင့်ပါတယ်။ အားသွင်းကြိုးတွေနဲ့ အားသွင်းစက်နားကိုလည်း သံဇကာစိပ်စိပ်နဲ့ ကာထားသင့်ပါတယ်။
4️⃣ ပရုတ်လုံး ဒါမှမဟုတ် ကြွက်မကြိုက်တဲ့ အနံ့ပြင်းဆေးထုပ်လေးတွေ ပါကင်တစ်ဝိုက် ချထားပေးလို့ ရပါတယ်။
5️⃣ EV တံဆိပ်အလိုက် သတိထားရမယ့် အချက်တွေလည်း ရှိပါတယ်။ BYD, MG, Wuling, Dongfeng စတဲ့ ကားတွေက ရှေ့ဖုံးအောက်မှာ နေရာလွတ် အတော်လေးများပြီး မြေပြင်နဲ့နီးတဲ့ အောက်ပိုင်းအပေါက်တွေ ပိုပွင့်နေတတ်လို့ ဝါယာကြိုးတွေကို ငရုတ်ကောင်းနံ့ပါတဲ့ တိပ်တွေနဲ့ ကြိုပတ်ထားတာ ပိုကောင်းပါတယ်။
Tesla လို ကားတွေကျတော့ ရှေ့ဖုံးအောက်မှာ အိတ်ထည့်စရာ အကန့်ပါပေမယ့် အဲကွန်းစစ်ထုတ်တဲ့ အပေါက်တွေနဲ့ ဘက်ထရီအအေးပေး ပိုက်လိုင်းတွေဆီ ကြွက်ဝင်တတ်လို့ သံဇကာအပို ထပ်တပ်ပေးတာမျိုး လုပ်သင့်ပါတယ်။
လေဝင်လေထွက်ပေါက်တွေနဲ့ အောက်ခံအဖုံးတွေမှာ သံဇကာစိပ်စိပ် သို့မဟုတ်ထပ်ပိုးအကာအကွယ်တွေ တပ်ဆင်ထားရင် ကြွက်ဝင်တာကို အကောင်းဆုံး ကာကွယ်နိုင်ပါတယ်။
6️⃣ ကိုယ်ပိုင်ခြံ ဒါမှမဟုတ် ကွန်ဒိုပါကင်မှာ ရပ်တဲ့သူတွေဆိုရင် နေရာကို ခြောက်သွေ့သန့်ရှင်းအောင် အမြဲထားရပါမယ်။
ကားနားမှာ အမှိုက်ပုံး၊ စားကြွင်းစားကျန်တွေ မထားဘဲ ကားဘီးပတ်ပတ်လည်မှာ ကြွက်မကျော်နိုင်တဲ့ သံပြားကာရံတာမျိုး လုပ်နိုင်ပါတယ်။
အမှိုက်ပုံတွေ၊ ရေမြောင်းတွေနဲ့ တတ်နိုင်သမျှ ဝေးဝေးမှာ ရွေးရပ်ဖို့ လိုပြီး ညအိပ်ခါနီး ကားရှေ့ဖုံးကို အလင်းရောင်ရအောင် နည်းနည်းဟထားတာမျိုးကလည်း ကြွက်ဝင်ခိုတာကို သက်သာစေပါတယ်။
🍕🚫 ဘယ်ကားအမျိုးအစားမဆို အရေးအကြီးဆုံးကတော့ ကားထဲမှာ အစားအသောက် အကြွင်းအကျန် ထားခဲ့တာ လုံးဝရှောင်ရပါမယ်။
🚘 🔌 မှတ်ချက် - ကားကိုယ်ထည် ပြင်ဆင်မှုတွေအတွက် EV ပိုင်းကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ကြပါခင်ဗျာ။ Pest Control ရှုထောင့်က လိုအပ်ချက်များကို တင်ပြခြင်းသာ ဖြစ်ပါတယ်။ ☺️🙏🏻💚
______________
Green Pest Management သည် ၂၀၁၀ ပြည့်နှစ်ကတည်းက စတင်တည်ထောင်ခဲ့သော လုပ်ငန်းတစ်ခုဖြစ်ပြီး
⛔️ ခြများ
⛔️ ကြွက်
⛔️ ခြင်
⛔️ ယင်
⛔️ ပိုးဟပ်
⛔️ ကြမ်းပိုး
⛔️ ပုရွက်ဆိတ်
⛔️ ပျားနှင့် ပိတုန်း
စသည့် ပိုးမွှားအန္တရာယ်များကို ဖြေရှင်းဝန်ဆောင်ပေးလျက်ရှိပါသည်။
🔹 Termatrac iTraker
🔹 Termatrac T3i
🔹 Thermal Imaging Camera ပုံရိပ်ဖမ်းစက်နှင့်
🔹 Electronic Stethoscope (အသံဖမ်းစက်)
စသည့်
✅ ခေတ်မီနည်းပညာသုံး ရှာဖွေရေးကိရိယာများ၊ ဖယ်ရှားရှင်းလင်းရေးကိရိယာများ အသုံးပြုလျက်
✅ သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၊ အိမ်မွေးတိရစ္ဆာန်များ မထိခိုက်စေဘဲ
✅ အစွမ်းထက်ထိရောက်သော Integrated Pest Management (IPM) နည်းစနစ်များဖြင့်
ဝန်ဆောင်မှုပေးလျက်ရှိပါသည်။
________________
🏆 လက်ရှိတွင် စီးပွားရေးလုပ်ငန်းကြီးငယ်ပေါင်း နှစ်ထောင့်ငါးရာကျော်နှင့် လူနေအိမ်ခြေပေါင်း တစ်သောင်းခွဲကျော်ကို ဝန်ဆောင်မှု ပေးအပ်ပြီးဖြစ်သော ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်ပါသည်။
👷🏼♂️ ဆောက်လုပ်ရေးလုပ်ငန်းများအတွက်လည်း projects များအလိုက် ဝန်ဆောင်မှုပေးပါသည်။ 👨🏻🔧
ခြနှင့် အထွေထွေပိုးမွှားများ ကာကွယ်ခြင်း၊ ရှင်းလင်းခြင်းများကို အရည်အသွေးအမြင့်ဆုံး ရှာဖွေရေး ကိရိယာများ၊ ဆေးဝါးများဖြင့် Integrated Pest Management (IPM) စနစ်သုံး၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။
________________
For more information and consultation:
📧 [email protected]
🚛 အခမဲ့ ကွင်းဆင်းစစ်ဆေးပေးခြင်းအတွက် ဆက်သွယ်တိုင်ပင်ပါ 🌤️
☎️ ရန်ကုန်နှင့် မြန်မာပြည်အောက်ပိုင်း
09 5035634, 09 420011432
09 255378800, 09 441988816
☎️ မန္တလေးနှင့် မြန်မာပြည်အထက်ပိုင်း
09 444459845, 09 444459846