Ammon Consulting - Myanmar

Ammon Consulting - Myanmar Premier HR Service Provider in Myanmar

22/05/2026

မင်္ဂလာပါရှင်😍

Drizzle Rhythms By Ammoniens’ Program မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီနေ့မှာတော့ မဆုထူးနဒီ ရဲ့ မိုးရာသီနဲ့ ပတ်သက်တဲ့ စာတိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

Youtube Link - https://youtu.be/LgWdhRePrVA

🎉𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐑 𝐃𝐚𝐲🎉Today, we honor the HR professionals who are the driving force behind every successful...
20/05/2026

🎉𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐇𝐑 𝐃𝐚𝐲🎉

Today, we honor the HR professionals who are the driving force behind every successful workplace.

From nurturing talent and building strong workplace cultures to empowering people and driving business growth—HR plays a vital role in shaping the future of organizations.

At Ammon Consulting - Myanmar, we proudly celebrate the dedication, passion, and impact of all HR professionals who inspire progress every day.

Empower People. Lead Change.

Happy International HR Day!

ကျရှုံးမှုကို ကြောက်ရွံ့နေမိသလား?J.K. Rowling ပြောဖူးတဲ့ စကားလေးတစ်ခု ရှိပါတယ်။ "ဘာကိုမှ မကျရှုံးဖူးအောင် နေထိုင်တာဟာ အသ...
18/05/2026

ကျရှုံးမှုကို ကြောက်ရွံ့နေမိသလား?

J.K. Rowling ပြောဖူးတဲ့ စကားလေးတစ်ခု ရှိပါတယ်။

"ဘာကိုမှ မကျရှုံးဖူးအောင် နေထိုင်တာဟာ အသက်မရှင်တာနဲ့ အတူတူပါပဲ" တဲ့။

ကျောင်းတက်နေရင်း ဖြစ်ဖြစ်၊ အလုပ်ခွင်မှာဖြစ်ဖြစ် အမှားလုပ်မိမှာ ကြောက်နေလို့ ဘာမှမလုပ်ဘဲ နေတာက အဆိုးဆုံး ကျရှုံးမှုပါပဲ။

"It is impossible to live without failing at something"

-J.K Rowling

📍𝐂𝐫𝐨𝐬𝐬-𝐁𝐨𝐫𝐝𝐞𝐫 𝐏𝐚𝐲𝐫𝐨𝐥𝐥 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐟𝐨𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫𝐬 & 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫𝐬လုပ်ငန်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်လာပြီး နယ်...
16/05/2026

📍𝐂𝐫𝐨𝐬𝐬-𝐁𝐨𝐫𝐝𝐞𝐫 𝐏𝐚𝐲𝐫𝐨𝐥𝐥 𝐃𝐢𝐬𝐭𝐫𝐢𝐛𝐮𝐭𝐢𝐨𝐧 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐟𝐨𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐎𝐰𝐧𝐞𝐫𝐬 & 𝐈𝐧𝐯𝐞𝐬𝐭𝐨𝐫𝐬

လုပ်ငန်းတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်လာပြီး နယ်ပယ်ကျယ်ပြန့်လာသည်နှင့်အမျှ ဝန်ထမ်းအင်အား ပိုမိုတောင့်တင်းလာပြီး လုပ်ငန်းလည်ပတ်မှု ကဏ္ဍစုံတွင် ပိုမိုရှုပ်ထွေးသော စိန်ခေါ်မှုများ ရှိလာတတ်ပါတယ်။အထူးသဖြင့် မတူညီသော ဒေသနှင့် နယ်ပယ်အသီးသီးရှိ ရုံးခွဲများ၊ ဝန်ထမ်းများ၏ လုပ်ခလစာ တွက်ချက်မှုဆိုင်ရာ ကိစ္စရပ်များသည် လုပ်ငန်းရှင်များအတွက် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပါတယ်။

ဒေသအသီးသီး၏ ကွဲပြားခြားနားသော အခွန်စနစ်များ၊ လူမှုဖူလုံရေး ဥပဒေများနှင့် အလုပ်သမား ရုံးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရန်အတွက် Ammon Consulting ၏ Cross-Border Payroll Distribution Service သည် လုပ်ငန်းများအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးသော Partner ဖြစ်မှာသေချာပါတယ်။

Ammon ၏ ကျွမ်းကျင်ပညာရှင်များမှ လူကြီးမင်းတို့ လုပ်ငန်း၏ ရှုပ်ထွေးလှသော လစာတွက်ချက်ခြင်းနှင့် ပေးချေခြင်း လုပ်ငန်းစဉ်တစ်ခုလုံးကို အောက်ပါအတိုင်း စနစ်တကျ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

1️⃣𝐒𝐞𝐜𝐮𝐫𝐞 & 𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐭 𝐏𝐚𝐲𝐫𝐨𝐥𝐥 𝐏𝐫𝐨𝐜𝐞𝐬𝐬𝐢𝐧𝐠
လုပ်ငန်းလည်ပတ်ရာ ဒေသအသီးသီး၏ စည်းမျဉ်းဥပဒေများနှင့် ကိုက်ညီပြီး လုံခြုံစိတ်ချရမှု အပြည့်ရှိသော လစာပေးချေမှုစနစ် (Secure Payment System) ဖြင့် စီမံဆောင်ရွက်ပေးပါတယ်။

2️⃣𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐒𝐚𝐥𝐚𝐫𝐲 𝐂𝐚𝐥𝐜𝐮𝐥𝐚𝐭𝐢𝐨𝐧 & 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐨𝐧
အမှားအယွင်းကင်းစင်ပြီး တိကျသေချာသော လုပ်ခလစာတွက်ချက်မှုများအပြင် သတ်မှတ်ထားသော ရက်စွဲအတိုင်း ဝန်ထမ်းများထံသို့ လစာငွေများ အချိန်မှန် အရောက်ပေးချေနိုင်ရန် လုပ်ဆောင်ပေးပါတယ်။

3️⃣𝐂𝐨𝐦𝐩𝐥𝐢𝐚𝐧𝐜𝐞 𝐀𝐥𝐢𝐠𝐧𝐦𝐞𝐧𝐭 (𝐓𝐚𝐱, 𝐒𝐒𝐁/𝐏𝐈𝐓 & 𝐋𝐚𝐛𝐨𝐫 𝐑𝐞𝐠𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬)
ဝင်ငွေခွန် (PIT)၊ လူမှုဖူလုံရေး (SSB) နှင့် သက်ဆိုင်ရာ အလုပ်သမားဥပဒေ ပြဋ္ဌာန်းချက်များအတိုင်း တရားဝင် စည်းမျဉ်းကိုက်ညီမှုရှိစေရန် စေ့စပ်သေချာစွာ စီမံခန့်ခွဲပေးပါတယ်။

4️⃣𝐌𝐨𝐧𝐭𝐡𝐥𝐲 𝐏𝐚𝐲𝐫𝐨𝐥𝐥 𝐑𝐞𝐩𝐨𝐫𝐭𝐢𝐧𝐠 & 𝐃𝐨𝐜𝐮𝐦𝐞𝐧𝐭𝐚𝐭𝐢𝐨𝐧
လုပ်ငန်း၏ ဘဏ္ဍာရေးစစ်ဆေးမှု (Audit) နှင့် စာရင်းဇယား အစီရင်ခံစာများအတွက် လစဉ် Payroll မှတ်တမ်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ပြုစုပေးအပ်ပါတယ်။

5️⃣𝐄𝐧𝐝-𝐭𝐨-𝐄𝐧𝐝 𝐏𝐚𝐲𝐫𝐨𝐥𝐥 𝐂𝐨𝐨𝐫𝐝𝐢𝐧𝐚𝐭𝐢𝐨𝐧
မတူညီသော ဒေသအသီးသီးရှိ ရုံးခွဲများနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းဆောင်ရွက်ရမည့် Payroll ကိစ္စရပ်များကို အစမှ အဆုံးထိ ချောမွေ့အဆင်ပြေစေရန် ပေါင်းစပ်စီမံပေးပါတယ်။

ဘာကြောင့် Ammon Consulting ကို ရွေးချယ်သင့်သလဲ❓

လုပ်ငန်းကြီးထွားမှုဟာ အခွင့်အရေးသာမဟုတ်၊ တာဝန်ဝတ္တရားများလည်း အတူပါလာပါတယ်။ Ammon Consulting ၏ Payroll Specialist များထံ လူကြီးမင်းတို့ရဲ့ Payroll ပိုင်းများကို လွှဲပြောင်းတာဝန်ပေးအပ်ထားခြင်းဖြင့် လူကြီးမင်းတို့အနေဖြင့် လုပ်ငန်းတွင်း ရှုပ်ထွေးမှုများကို လျှော့ချနိုင်မည့်အပြင်၊ လုပ်ငန်း၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် လုပ်ငန်းတိုးတက်မှုများပေါ်တွင်သာ စိတ်အေးချမ်းသာစွာဖြင့် အပြည့်အဝ အာရုံစိုက် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

"တိကျမှန်ကန်သော Payroll စနစ်သည် ကြီးထွားနေသည့် လုပ်ငန်းတိုင်း၏ ခိုင်မာသော အုတ်မြစ်ဖြစ်ပါတယ်။"

📩 Cross-Border Payroll Distribution Service အကြောင်း အသေးစိတ် ဆွေးနွေးလိုပါက
📞 09 258 289 804 (သို့မဟုတ်) [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

For More Details - https://www.ammonglobal.com/cross-border-payroll-distribution-service/

"သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို ခန့်မှန်းချက်တွေနဲ့ပဲ တိုင်းတာနေတာလား? ဒါမှမဟုတ် တိကျတဲ့ ကိန်းဂဏန်းတွေနဲ့ ပုံဖော်နေတာလား?...
15/05/2026

"သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို ခန့်မှန်းချက်တွေနဲ့ပဲ တိုင်းတာနေတာလား? ဒါမှမဟုတ် တိကျတဲ့ ကိန်းဂဏန်းတွေနဲ့ ပုံဖော်နေတာလား?"

လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေ ဘယ်လောက်ကြိုးစားနေလဲဆိုတာထက် အဲဒီကြိုးစားမှုတွေက လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ကို တကယ်ရောက်ရှိစေရဲ့လားဆိုတာကို တိုင်းတာဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေရာမှာ KPI (Key Performance Indicator) ဆိုတာ လုပ်ငန်းရဲ့ အောင်မြင်မှုကို တိကျစွာ ပြသပေးမယ့် "လမ်းညွှန် သံလိုက်အိမ်မြှောင်" ပဲ ဖြစ်ပါတယ်။

KPI ဆိုတာ ဘာလဲ? ဘာကြောင့် အရေးကြီးတာလဲဆိုတဲ့ အချက်အလက်တွေကို ရေးသားဖော်ပြလိုက်ပါတယ်

KPI တစ်ခုမှာ ရှိသင့်တဲ့ အခြေခံအရည်အသွေး(SMART Criteria)တွေက ဘာတွေလဲ?

ထိရောက်တဲ့ KPI တစ်ခုဖြစ်ဖို့အတွက် SMART စည်းမျဉ်းနဲ့ ကိုက်ညီဖို့ လိုအပ်ပါတယ်

S - Specific (တိကျမှုရှိခြင်း): ဘာကို အောင်မြင်ချင်တာလဲဆိုတာ ရှင်းလင်းရပါမယ်။ (ဥပမာ - "ရောင်းအားမြှင့်ရန်" မဟုတ်ဘဲ "Product ၏ ရောင်းအားကို ၁၀% မြှင့်ရန်")

M - Measurable (တိုင်းတာ၍ရခြင်း): ကိန်းဂဏန်း သို့မဟုတ် ပမာဏဖြင့် တိုင်းတာနိုင်ရပါမယ်။

A - Achievable (လက်တွေ့ဖြစ်နိုင်ခြင်း): တကယ်တမ်း လုပ်ဆောင်နိုင်မယ့် ရည်မှန်းချက် ဖြစ်ရပါမယ်။

R - Relevant (လုပ်ငန်းနှင့် ကိုက်ညီခြင်း): ကုမ္ပဏီရဲ့ အဓိက ဦးတည်ချက်ကို အထောက်အကူပြုရပါမယ်။

T - Time-bound (အချိန်ကာလ သတ်မှတ်ချက်ရှိခြင်း): ဘယ်အချိန်မှာ အပြီးသတ်ရမလဲဆိုတဲ့ Deadline ပါရပါမယ်။

KPI ရှိခြင်းကြောင့် ရရှိမယ့်အကျိုးကျေးဇူးများ-

၁။ ဝန်ထမ်းများအတွက်: မိမိလုပ်ဆောင်ရမယ့် တာဝန်နဲ့ မျှော်မှန်းချက်ကို တိကျစွာသိရှိတဲ့အတွက် အလုပ်အပေါ် ပိုမိုအာရုံစိုက်နိုင်သလို၊ မိမိရဲ့ စွမ်းဆောင်ရည်ကို ကိန်းဂဏန်းနဲ့ သက်သေပြနိုင်တဲ့အတွက် တရားမျှတတဲ့ အကဲဖြတ်မှုကို ရရှိစေပါတယ်။

၂။ လုပ်ငန်းရှင်များအတွက်: လုပ်ငန်းရဲ့ အားသာချက်၊ အားနည်းချက်တွေကို အချိန်မီ သိရှိနိုင်ပြီး အချက်အလက် (Data) အပေါ် အခြေခံတဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါတယ်။

၃။ အဖွဲ့အစည်းအတွက်: ဦးတည်ချက်တူညီတဲ့ Team တစ်ခုဖြစ်လာစေပြီး အရင်းအမြစ်တွေကို အလေအလွင့်မရှိဘဲ အကျိုးရှိဆုံး နေရာတွေမှာ အသုံးချနိုင်စေပါတယ်။

KPI ဆိုတာ ဝန်ထမ်းတွေကို ဖိအားပေးဖို့ ကိရိယာတစ်ခု မဟုတ်ပါဘူး။ လုပ်ငန်းနဲ့ ဝန်ထမ်း အတူတူ တိုးတက်အောင် လမ်းပြပေးတဲ့ စနစ်တစ်ခုသာ ဖြစ်ပါတယ်။ စနစ်ကျတဲ့ KPI သတ်မှတ်ချက်တွေရှိခြင်းက လူကြီးမင်းရဲ့လုပ်ငန်းကို ပိုမို Professional ဆန်လာစေမှာ သေချာပါတယ်။

အရှုံးတွေနဲ့ ကြုံလာတဲ့အခါ စိတ်ပျက်နေမိသလား?Maya Angelou က "မင်းဟာ အရှုံးတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရနိုင်ပေမဲ့၊ အရှုံးပေ...
11/05/2026

အရှုံးတွေနဲ့ ကြုံလာတဲ့အခါ စိတ်ပျက်နေမိသလား?

Maya Angelou က "မင်းဟာ အရှုံးတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ရနိုင်ပေမဲ့၊ အရှုံးပေးလိုက်တဲ့သူတော့ အဖြစ်မခံပါနဲ့" လို့ အားပေးထားပါတယ်။ အရှုံးဆိုတာ ပြန်ထနိုင်ဖို့အတွက် ခွန်အားတစ်ခုပါပဲ။

"You may encounter many defeats, but you must not be defeated."

- Maya Angelou

🤶𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲🤶Wishing a very Happy Mother’s Day to all the incredible mothers and mother figures in our community....
10/05/2026

🤶𝐇𝐚𝐩𝐩𝐲 𝐌𝐨𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲🤶

Wishing a very Happy Mother’s Day to all the incredible mothers and mother figures in our community. Your dedication, resilience, and care inspire us every day. We hope your day is filled with love and relaxation.

#

09/05/2026

“အလုပ်မှာ ကျွမ်းကျင်မှု ( Hard Skill ) ရှိရုံနဲ့…မအောင်မြင်သေးဘူးဆိုတာ သိပါသလား?”

Hard skills ကောင်းတဲ့သူတွေတောင် ဘာလို့ promotion မရနိုင်တာလဲ…?

အကြောင်းရင်းတစ်ခုတည်းပါပဲ -

အဲ့ဒါကတော့ Soft skills မရှိလို့ပါ
ကိုယ့်ရဲ့လုပ်ငန်းခွင်အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့သင့်မြတ်ပြီး Team Spirit ကောင်းကောင်းနဲ့ ရေရှည်အောင်မြင်မှုရနိုင်ဖို့ဆိုရင်
1. အတင်းအဖျင်းပြောတာ
2. အပြစ်ပုံချတာ
3. အချိန်မလေးစားတာ
4. ငါသိငါတတ်ဟန် ကိုယ့်အမြင်တစ်ခုထဲကိုပဲ အလေးထားတာ
5. အပျက်သဘောဆောင်တဲ့ ကိုယ်နေဟန်ထား ( Negative body language )
ဒါတွေကို ဂရုစိုက်ရှောင်ရမှာဖြစ်ပါတယ်
ဒါဆို လုပ်ငန်းခွင်တွင်း Team Spirit ကောင်းကောင်းနဲ့ အောင်မြင်ချင်ရင်တော့
1. ပြဿနာကြုံလာတဲ့အခါ ညည်းညူနေမယ့်အစား ဖြေရှင်းနည်းရှာပါ
2. မိမိလုပ်ရပ်တိုင်းအပေါ် တာဝန်ယူမှုအပြုအဝရှိပါ
3. လုပ်ဖော်ကိုင်ဖက်တွေအပေါ် အသေးအဖွဲလေးကအစ လေးစားမှု ( Respect ) ရှိပါ
4. Knowledge မျှဝေပါ
5. Emotional Intelligence ရှိရှိနဲ့ လုပ်ငန်းခွင်အတွင်းပြုမှုနေထိုင်ပါ

သင့်ရဲ့ အပြုအမူကောင်းတွေက သင့်ရဲ့ တန်ဖိုးကို မြှင့်တင်ပေးမှာဖြစ်လို့ ဒီလို အပြုသဘောဆောင်တဲ့ အလေ့ကျင့်တွေရှိမယ်ဆိုရင် လုပ်ငန်းတွင်း ကျွမ်းကျင်မှုတင်မကပဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးမှာပါ ပိုမိုချောမွေ့ပြီး အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

ဝင်ငွေခွန် Personal Income Tax (PIT) ဆိုတာ ဘာလဲ❓အလုပ်ခွင်ထဲမှာ PIT ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒါဟာ ...
06/05/2026

ဝင်ငွေခွန် Personal Income Tax (PIT) ဆိုတာ ဘာလဲ❓

အလုပ်ခွင်ထဲမှာ PIT ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒါဟာ မိမိနဲ့ ဘယ်လိုသက်ဆိုင်သလဲဆိုတာကို အလွယ်ကူဆုံး သိရှိနိုင်ဖို့ အောက်ပါအတိုင်း အနှစ်ချုပ် ဖော်ပြပေးလိုက်ပါတယ်။

၁။ PIT ဆိုတာ ဘာလဲ?

တစ်ဦးချင်း ဝင်ငွေခွန် (Personal Income Tax) ဆိုတာ မိမိရဲ့ လုပ်ခလစာဝင်ငွေအပေါ်မှာ အစိုးရကို ပေးဆောင်ရတဲ့ အခွန်တစ်မျိုး ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရပေးဆောင်ရမယ့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိပါတယ်။

၂။ ဘယ်သူတွေ ပေးဆောင်ရသလဲ?

တစ်နှစ်စာ လစာဝင်ငွေ ကျပ် (၄၈) သိန်း (တစ်လ ပျမ်းမျှ ၄ သိန်း) ထက် ပိုတဲ့သူတိုင်းဟာ အခြေခံအားဖြင့် အခွန်ပေးဆောင်ဖို့ တာဝန်ရှိသူစာရင်းထဲမှာ ပါဝင်ပါတယ်။

၃။ အခွန်ကို ဘယ်လိုပေးဆောင်ရသလဲ?

အလုပ်ရှင် (Employer) က ဝန်ထမ်းရဲ့ လစာထဲကနေ အခွန်ကို ကြိုတင်တွက်ချက် ဖြတ်တောက်ပြီး သက်ဆိုင်ရာ အခွန်ရုံးကို လစဉ် ပေးသွင်းပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေအနေနဲ့ မိမိကိုယ်တိုင် ပေးဆောင်စရာ မလိုဘဲ မိမိ Company မှ ဝန်ထမ်းများကိုယ်စား ပေးဆောင်ပေးနိုင်ပါတယ်။

၄။ အခွန်သက်သာခွင့် (Reliefs) ဆိုတာ ရှိလား?

ရှိပါတယ်။ အခွန်မတွက်ချက်ခင်မှာ မိမိမှာရှိတဲ့ အခြေခံအချက်အလက်တွေဖြစ်တဲ့ - အခြေခံ သက်သာခွင့် 20% (သိန်း ၁၀၀ ထပ် မကျော်ရ)၊ အသက်အာမခံ Premium၊ အတူနေမိဘ၊ အိမ်ထောင်ဖက် (ဇနီး/ခင်ပွန်း) သို့မဟုတ် သားသမီး ရှိခြင်းအပေါ် မူတည်ပြီး အခွန်ပေးဆောင်ရမယ့် ပမာဏထဲကနေ ဥပဒေသတ်မှတ်ချက်အတိုင်း ပြန်လည်နုတ်ပယ်ခွင့် (သက်သာခွင့်) တွေ ရရှိမှာ ဖြစ်ပါတယ်။

၅။ အခွန်ဆောင်ထားရင် ဘာအကျိုးရှိလဲ?

အခွန်ပုံမှန်ဆောင်ထားခြင်းက မိမိရဲ့ ဝင်ငွေဟာ တရားဝင်ဖြစ်ကြောင်း သက်သေပြနိုင်ပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်း၊ ကားဝယ်ယူခြင်းတွေမှာ "ငွေဖြူ" အဖြစ် သုံးစွဲနိုင်သလို ပြည်ပထွက်ခွာဖို့ ဗီဇာလျှောက်ထားတဲ့အခါမှာလည်း အရေးကြီးတဲ့ အထောက်အထား ဖြစ်လာပါတယ်။

ဒါကြောင့် PIT ဆိုတာ ခက်ခဲရှုပ်ထွေးတဲ့ ကိစ္စတစ်ခုမဟုတ်ဘဲ နိုင်ငံသားကောင်းတိုင်း သိထားသင့်တဲ့ အခြေခံ အသိပညာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ လစာထဲက အခွန်ဖြတ်တောက်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက မိမိတို့ ကုမ္ပဏီရဲ့ HR ဌာနမှာ ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်နိုင်ပါတယ်။

PIT ပေးဆောင်ခြင်းအတွက်အသေးစိတ်သိရှိလိုပါကလည်း 📞 +959 258 289 804 (သို့) [email protected] သို့ ဖြစ်စေ ဆက်သွယ်မေး မြန်းစုံစမ်း နိုင်ပါ တယ်။

01/05/2026

အားလုံးပဲ မင်္ဂလာပါရှင့်

Professional HR တစ်ယောက်ဖြစ်ဖို့ စတင်နေတဲ့သူတွေအတွက် သတင်းကောင်းလေးတစ်ခုလာပါပြီ။
Muti-National Company တစ်ခုဖြစ်တဲ့အပြင် HR ပိုင်းနှင့်ပတ်သက်ပြီး 13 နှစ်ကျော်ကြာ ဝန်ဆောင်မှုများပေးနေသော Company တစ်ခုလည်းဖြစ်တဲ့ ကျွန်မ/ ညီမတို့ Ammon Consulting (Myanmar) ရဲ့ တစ်နှစ်မှာ တစ်ကြိမ်သာ ဖွင့်လှစ်သင်ကြားပေးတဲ့ HR Skill Hub – Shaping Future HR Leaders Training Program တစ်ခုကို မကြာခင်ဖွင့်လှစ် ပေးတော့မှာ ဖြစ်ပါတယ်။

ဒီ Training ကို
• HR Career ကိုစိတ်ဝင်စားပြီး လုပ်ငန်းခွင်စတင်ဝင်ရောက်ချင်သူများ
• လက်ရှိ HR နယ်ပယ်မှာ လုပ်ငန်းခွင်ဝင်နေပြီး မိမိရဲ့ HR Skillများကို Update လုပ်ချင်သူများ၊
• လတ်တလော HR များ ကြုံတွေ့နေရသော လုပ်ငန်းခွင် အတွေ့အကြုံများကို Theory ပိုင်းတင် မဟုတ်ဘဲ လက်တွေ့ပိုင်းကိုပါသင်ယူချင်သူများ၊
• Professional HR တစ်ယောက် အဖြစ် မိမိCareer ကို စနစ်တကျ Develop လုပ်ချင်သူများ တက်ရောက်သင့်ပါတယ်။

HR Career နှင့် ပတ်သက်လို့ Entry Levelကနေစပြီး Professional Level အထိ Career Develop လုပ်ချင်သူများအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။
Early Bird Offer နဲ့ May လ (၅)ရက်နေ့အထိ အပ်နှံနိုင်မှာဖြစ်ပြီး Training ကိုတော့ May လ (9)ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။
လူဉီးရေ ကန့်သတ်ထားလို့ သတ်မှတ်လူဉီးရေ မပြည့်မီ ယခုပဲ စာရင်းပေးသွင်းဖို့ တိုက်တွန်းလိုက်ပါတယ်
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09 258289804 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Register Now - https://docs.google.com/forms/d/e/1FAIpQLScb3FPO01z5Mmy7cDSDvEbRHEyB_MtMM3DZRqDr4pwoc4oOUA/viewform?usp=pp_url

ညီညွတ်ခြင်းဟာ အင်အားဖြစ်သလို ကြိုးစားအားထုတ်မှုဟာလည်း တိုးတက်မှုရဲ့ အင်ဂျင်စက်တစ်ခုပါပဲ။ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝိ...
01/05/2026

ညီညွတ်ခြင်းဟာ အင်အားဖြစ်သလို ကြိုးစားအားထုတ်မှုဟာလည်း တိုးတက်မှုရဲ့ အင်ဂျင်စက်တစ်ခုပါပဲ။ ကျွန်ုပ်တို့ရဲ့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်အောင် စုပေါင်းအားနဲ့ တည်ဆောက်နေကြတဲ့ အလုပ်သမားထုတစ်ရပ်လုံးကို "အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့" မှာ ဂုဏ်ပြုလိုက်ပါတယ်။

Unity is strength, and hard work is the engine of progress. On this International Labour Day, we honor the collective effort that builds our communities. Happy May Day to everyone pushing for a better tomorrow!

Address

7Floor, Unit: #08 Kantharyar Centre – Office Tower No. 11 Corner Of KanYeik Thar Road & U Aung Myat Street, MingalarTaungNyunt Township
Yangon
11041

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00

Alerts

Be the first to know and let us send you an email when Ammon Consulting - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share