Ma Naw Phyu Online Shopping

Ma Naw Phyu Online Shopping မနက်ဖြန် ယာယာအသစ်လေးတွေ ရောက်မယ်...

တရုတ်လိပ်ပြာလှလှလေးတွေပါ.... 💕
09/01/2026

တရုတ်လိပ်ပြာလှလှလေးတွေပါ.... 💕

သစ်ခွပင်ဟောင်းများအား ပြန်လည်ပျိုးယူခြင်း**********************************ဒန်ဒိုရိုးတံဟောင်းတွေများနေလို့စိတ်ညစ်နေပြီလာ...
14/09/2023

သစ်ခွပင်ဟောင်းများအား ပြန်လည်ပျိုးယူခြင်း
**********************************
ဒန်ဒိုရိုးတံဟောင်းတွေများနေလို့စိတ်ညစ်နေပြီလား၊ရိုးတံတွေဖြတ်ပြီးအပင်သစ်ထုတ်လိုက်ကြရအောင်
*သစ်ခွပင်ဟောင်းဆိုသည်မှာ အပွင့်ပွင့်ပြီး အရွက်များကြွေကာ ပင်စည်ရိုးတံချည်း ကျန်နေသည့် အပင်ကို ဆိုလိုပါသည်။
**ယင်းအပင်ဟောင်းကို အခြေမှ နှစ်လက်မ အကွာတွင် ပိုးသတ်ထားသော ဓါး သို့ ကတ်ကြေးဖြင့် ဖြတ်ပါ။
ဖြတ်သားကို Captan ဆေးမှုန့် သို့ ကန့်မှုန့် သို့ ထုံး သုတ်ပြီး လေသလပ်ခံပါ။
*မိမိကြိုက်နှစ်သက်သည့် သစ်သားပျိုးခုံ သို့ ခြင်း တစ်ခုထဲတွင် အုန်းဆံကြိုး သို့ အုန်းဆံများထည့်ပြီး ရေဝအောင် လောင်းပေးထားပါ။
**သတိပြုရမှာကဖြတ်ထားသောရိုးတံပင်စည်များကိုပျိုးခံပေါ်မတင်မှီအပင်ဖြတ်ထားသောအနာကျတ်အောင်2ရက်ခန့်လေသလပ်ခံကာရေလုံးဝမပေးရပါ။
**လေသလပ်ခံပြီး ဖြတ်ထားသော သစ်ခွပင်ဟောင်း ပင်စည်တံများအား အလျားလိုက်လှဲ၍ အုန်းဆံများပေါ်တွင်ချပါ။နေ့စဉ်ရေပုံမှန်လောင်းပါ။
*အလင်းရောင်ကောင်းစွာရသော နေပြောက်ကလေးများရှိသည့် လေဝင်လေထွက်ကောင်းသည့်နေရာတွင် ပျိုးခုံကိုထားပေးပါ။
**ဆေးကတော့B1နှင့် 30:20:10ကိုတစ်ပတ်တစ်ခါပေးရပါမယ်။
**ဖြတ်ထားသော သစ်ခွပင်ဟောင်းမှ သားတက်အသစ်များ ထွက်လာမည်။သားဆက်အသစ်များ လေးလက်မအရွယ်ခန့်ရောက်သောအခါ အပင်ဟောင်းပင်စည်ကို ဖြတ်တောက်၍ အိုးငယ်ကလေးများနှင့် အပင်ခွဲစိုက်ပျိုးရမည်။
*အပင်ဟောင်းသည် လက်ရှိအိုးထဲတွင် ပန်း /အပင်သစ်များ ထပ်မံမပွင့်တော့သည့်အခါ ယခုနည်းဖြင့်ဖြတ်ထုတ်ကာ ပြန်လည်ပျိုးယူသင့်သည်။
*ထိုသို့ပျိုးယူခြင်းမပြုပါက လက်ရှိအုံထဲတွင် အပင်တဖြည်းဖြည်း လှီလာ၍ခြောက်သွားမည်။
***ဒန်ဒိုဘီယမ် (Dendrobium) အား ယင်းနည်းဖြင့် မျိုးပွားယူပါ။

ထပ်ဆင့်ပြန်လည်ရေးသားမျှဝေခြင်းဖြစ်ပါသည်။
Crd To Original Uploader Photo

စိတ်ချမ်းသာသော.....
12/09/2023

စိတ်ချမ်းသာသော.....

နှင်းဆီ လှလှကြီးတွေရဖို့ ဆေးလေးတွေ့ထားတာ စမ်းနေပါပြီ လက်ရှိမှာ ရလာဒ်ကောင်းတွေရနေပြီမို့ မကြာခင်မှာ ရောင်းပေးဖို့ ကြိုးစာ...
12/09/2023

နှင်းဆီ လှလှကြီးတွေရဖို့ ဆေးလေးတွေ့ထားတာ စမ်းနေပါပြီ လက်ရှိမှာ ရလာဒ်ကောင်းတွေရနေပြီမို့ မကြာခင်မှာ ရောင်းပေးဖို့ ကြိုးစားနေပါတယ်.... နှင်းဆီချစ်သူတို့ရေ 🌹🌹🌹

20/04/2023
Morning Flower ဒီအိုးလေးကို ၂၅၀၀ ကျပ်ပဲရှီပါတယ် အရမ်းတန်ပါတယ် အရောင်လေးလည်းအစုံပါပါတယ် တစ်အိုးမှ ၂၅၀၀ကျပ်ပါ
29/03/2023

Morning Flower ဒီအိုးလေးကို ၂၅၀၀ ကျပ်ပဲရှီပါတယ် အရမ်းတန်ပါတယ် အရောင်လေးလည်းအစုံပါပါတယ် တစ်အိုးမှ ၂၅၀၀ကျပ်ပါ

လိပ်ပြာအုံကြီး နှစ်ဖူးထိုး အရောင်မသိ.....
15/02/2023

လိပ်ပြာအုံကြီး နှစ်ဖူးထိုး အရောင်မသိ.....

သစ်ခွနှင့်ရေလောင်းနည်းပြဿနာ     သစ်ခွရေလောင်းနည်းကိုရေးခဲ့ဖူးတာအတော်ကြာပါပြီ၊ သစ်ခွရေလောင်းနည်းဟာအရေးကြီးပါတယ်လို့ပြောလျ...
07/12/2022

သစ်ခွနှင့်ရေလောင်းနည်းပြဿနာ

သစ်ခွရေလောင်းနည်းကိုရေးခဲ့ဖူးတာအတော်
ကြာပါပြီ၊ သစ်ခွရေလောင်းနည်းဟာအရေးကြီးပါ
တယ်လို့ပြောလျှင်လေ့လာချင်သူတွေကစိတ်ဝင်စား
ကြပါတယ်၊အတော်အတန်နားလည်းသူတွေကတော့ ဆောက်ပိုတွေလို့ကွယ်ရာမှာပြောကြတယ်၊တ
ကယ်ကျွမ်းကျင်သူတွေကတော့နားလည်ကြမှာပါ။
သစ်ခွရေလောင်းတာ ဘာမှမခက်ပါဘူး၊သို့သော်
နက်နဲတယ်လို့ဘဲဆိုချင်ပါတယ်။
ကျွမ်းကျင်သူများအဖို့မော်တာနှင့်ပိုက်ပျော့တ
ချောင်းရှိလျှင်ရေဖြန်းခေါင်းမပါဘဲလည်းအဆင်ပြေ
အောင်လောင်းနိုင်သလို၊ရေအားပြင်းတဲ့ကားရေဆေးပိုက်နှင့်လည်းလောင်းလို့ရပါတယ်၊ကားရေဆေးပိုက်နှင့်လောင်းမယ်ဆိုနေရာကျယ်မှဖြစ်မှာပါ။
ရေပုံးထဲကခွက်နှင့်ခပ်လောင်းလို့လည်းရတာပါဘဲ၊
ဒါဆို ဘာခက်ခဲနက်နဲနေတာလည်းလို့မေးစရာရှိမှာ
ပါ။သစ်ခွတစ်မျိုးစီရဲ့အကြောင်း၊အခြေအနေ၊မိမိနေ
ထိုင်ရာဒေသရဲ့ရာသီဥတုနားလည်ရမှာပါ။ဝါသနာ
ရှင်များအဖို့ပုံမှာတင်ထားတဲ့ရေဖြန်းဘူးလေးမဖြစ်
မနေဆောင်ထားသင့်ပါတယ်။
ရုက္ခလောကမှာ သစ်ခွဟာအဆင့်အမြင့်ဆုံး
လို့ပညာရှင်များကဆိုပါတယ်၊သစ်ခွဟာဘယ်လိုရှင်သန်ရမလည်းဆိုတာ သူတို့သဘာဝကလိုအပ်သ
လိုပြောင်းလဲကြပါတယ်၊ပန်းပွင့်သင့်မပွင့်သင့်၊ပန်း
ပွင့်မည့်အစားအပင်သစ်ထွက်သင့်မသင့်ဖြစ်ပေါ်
နေတဲ့ပါတ်ဝန်းကျင်ရိုက်ခတ်မှုအခြေအနေ(ရာသီဥတု၊လူ့လုပ်ဆောင်မှု)စသည့်အခြေအနေပေါ်မူတည်ပြီးမျိုးဆက်ပြန့်ပွားမှုအတွက်ပြောင်း
လဲလုပ်ဆောင်ကြပါတယ်။ဒါကြောင့်လည်းဖူးတံလို
ထွက်လာပြီးမှပန်းမပွင့်ဘဲသားတက်သစ်အဖြစ်ပြောင်းလဲသွားကြတာတွေ့ဖူးကြမှာပါ။
သစ်ခွမှာလည်း အပူရှပ်တာ၊အအေးမိတာ၊ရေငတ်တာ၊ရေမွန်းရေနာတာတွေရှိပါတယ် အများစုကလူ့ပရောဂကြောင့်ဖြစ်တာများပါတယ်။
အအေးပိုင်းဒေသတွေဟာ ညနေ ၅ နာရီက
စပြီး သိသိသာသာအအေးဓာတ်ပိုပါတယ်၊အအေး
ပိုင်းဒေသတွေက ညနေ ၄ နာရီနှင့် ၅ နာရီကြား
မှာရေလောင်းသင့်ပါတယ်၊အပူပိုင်းဒေသတွေက
နွေရာသီမှာပိုသတိထားဖို့လိုပါတယ်၊ညနေ ၅ နာ
ရီနှင့် ၆ နာရီကြားမှာရေလောင်းသင့်ပါတယ်။ဒါက
သင့်တော်တဲ့အချိန်ကိုဆိုလိုတာပါ၊စီးပွားရေးလုပ်
သူတွေအဖို့အချိန်ပေးလုပ်နိုင်တာမို့ ပြဿနာမ
ဟုတ်သော်လည်းဝါသနာရှင်များအဖို့အားတဲ့အချိန်မှာသာလုပ်ဆောင်နိုင်တာကြောင့်အချိန်အတိအ
ကျလုပ်ဖို့ခက်တာတွေရှိမှာပါ။ဒီပြဿနာအတွက်
ရေလောင်းပုံအဆင်ပြေဖို့လိုအပ်လာပါတယ်။
ကျွန်တော်တို့ သဘာဝကိုလေ့လာကြည့်ဖို့လိုပါတယ်။မိုးရာသီမှာ နေပူနေရင်းကနေ့လည်ကြီး
မိုးရွာချတော့ သစ်ခွတွေအပူမရှပ်ပါဘူး၊အပူပိုင်း
ဒေသတွေမှာနေ့လည်ကြီးရေလောင်းမယ်ဆိုသစ်ခွ
တွေအပူလောင်ပြီးသေတတ်တာလက်ခံကြလိမ့်
မည်ထင်ပါတယ်။ ဒါကတော့ မိုရွာကာနီးမှာအများ
အားဖြင့်မို့အုံ့ပြီးအပူချိန်လျော့ကျသွားပါတယ်၊ပြီးမှ
အေးမြတဲ့မိုးရေကြောင့်သစ်ခွပင်မှာအပူငြိမ်းပြီးအပူ
မလောင်တာပါ။ကျွန်တော်တို့ရေလောင်းတဲ့အခါ
မိုးရွာသလို နီးစပ်မှုရအောင်လုပ်ယူပြီးလောင်းမယ်
ဆိုပါကသစ်ခွပင်တွေအပူလောင်ချင်းမှကင်းဝေးသွားပါလိမ့်မယ်။ဘယ်လိုလောင်းရမလည်းဆိုလျှင်
အဓိကညနေပိုင်းရေလောင်းတဲ့အခါ အပူပိုင်းဒေသ
တွေမှာနွေရာသီမှာ ရေတွေဟာပူနွေးနေတတ်ပါသေးတယ် ဒါကြောင့်ရေဖြန်းဘူးနှင့်လောင်းသင့်ပါ
တယ်၊ရေဖြန်းဘူးကထွက်တဲ့ရေဟာ ရေမှုန်သေးလေအေးလေ၊အဝေးရောက်လေအေးလေပါဘဲ၊ဒါ
ကြောင့်ရေမှုန်သေးသေးနှင့်တတ်နိုင်သလောက်
ဝေးဝေးကလောင်းတဲ့အခါ အေးမြတဲ့ လေရော၊
ရေပါ သစ်ခွပင်ကရရှိပြီး အပူမမိတော့ပါဘူး၊အရွက်ထူတဲ့ကတ္တလီယာ လိုသစ်ခွမျိုးကို အရွက်တွေအေးမြသွားတဲ့အထိရေဖြန်းဖို့လိုအပ်ပါတယ်၊။
သစ်ခွတွေဟာ ရေလုံးကြီးတွေ၊ရေအားပြင်း
ပြင်းတွေနေ့စဉ်ရနေမယ်ဆို အဖူးထွက်လျှင်ပျက်စီး
နိုင်တာသဘာဝအသိကြောင့်အဖူးမထွက်တော့ပါဘူး၊ပန်းမပွင့်ရတဲ့အကြောင်းတရားတစ်ခုဟာရေ
လောင်းမှားတဲ့နည်းစံနစ်ကြောင့်လည်းပါဝင်ပါတယ်
ပန်းပွင့်ဖို့ဆိုတာသစ်ခွပင်တွေဟာ ကိုယ်ဝန်ဆောင်ရတာပါ၊ကြမ်းတမ်းတဲ့ရိုက်ခတ်မှုအမြဲရှိနေလျှင်
သစ်ခွကိုယ်ဝန်ဆောင်ချင်တောင်ပျက်ကျမှာပါ။ဒါ
ကြောင့်ပန်းပွင့်ချင်တယ်ဆိုလျှင်အရွယ်ရောက်လာ
ပြီးသစ်ခွတွေကိုရေဒဏ်မမိအောင်ရေမှုန်ရေမွှားလေးတွေနှင့်ရေလောင်းရမှာပါ၊အထူးသဖြင့်ကတ္တလီ
ယာသစ်ခွတွေကိုအရွယ်ရောက်လာလျှင်ပန်းပွင့်ချင်
အောင်ရေမှုန်ရေမွှားလေးတွေနှင့်ဆွဲဆောင်ရပါတယ်၊ လိုအပ်တဲ့ NPK နှင့်အနည်းလိုအဟာရတွေ
အကြောင်းတော့ ရေးသူပေါင်းများစွာရှိပြီးသားမို့မ
ရေးတော့ပါဘူးရှာဖွေပြီးဖတ်ကြည့်ကြပါ။စပြီးစိုက်တဲ့အပင်တွေရှင်သန်ဖို့မှာလည်းအဟာရနှင့်ဟိုမုန်းဆေးတွေအထောက့်အပံ့လိုအပ်သလိုရေလောင်းတဲ့အခါရေမှုန်ရေမွှားလေးတွေနှင့်အေးမြသည်အထိရေလောင်းပေးဖို့လည်းအရေးကြီးလိုအပ်
ပါတယ်၊ရေခွက်နှင့်ခပ်ပြီးရေစိုရေချွဲပြီးရောလောင်းလို့မရပါဘူး၊အအေးပိုင်းသစ်ခွတွေကိုအပူပိုင်းမှာ
ယူစိုက်တဲ့အခါ ရှင်သန်ဖို့၊ပန်းပွင့်ဖို့ဆိုတာ တခြား
သော လေ၊နေ၊အဟာရ၊ပွားစာတို့အပြင် ရေအတွက်ကတော့ရေလောင်းနည်းဟာအရေးကြီးပါတယ်
ရေလောင်းတဲ့အခါ ပွားစာအကြောင်းလည်းနာ
လည်သတိထားဖို့လိုပါတယ်၊အုံးဆံနှင့်စိုက်တဲ့သစ်
ခွတွေမှာ အုံးဆံအသစ်ဟာရေစုတ်ယူမှုနည်းနေသေးလို့ရေချွဲအောင်လောင်းပေးရပါမယ်၊အုန်းဆံ
ဟောင်နေဆွေးနေတဲ့သစ်ခွတွေဟာရေစုတ်ယူမှုများပြီးရေခြောက်မသွားတတ်ပါဘူး ဒါကြောင့်ရေ
မှုန်ရေမွှားဖြင့်အပင်အေးအောင်သာရေလျှော့လောင်းရမှာဖြစ်သလို နေရောင်များတဲ့နေရာမှာထားမိပါ
ကလည်းပွားစာထဲစိမ့်ဝင်နေတဲ့ရေတွေဟာပူပြီး
အမြစ်တွေအပူမိပြန်ပါတယ်၊ဒီအပူတွေအေးအောင်ရေလောင်းများပြန်လျှင်လည်းပွားစာဟာခြောက်ချိန်မရှိပြန်ပါဘူး၊သစ်ခွမြစ်က စိုလိုက်ခြောက်လိုက်မှ
အဆင်ပြေပါတယ်အမြဲစိုနေလျှင်လည်းပုပ်ပြန်ပါ
တယ်၊အမြစ်ကလည်းအုန်းဆံထဲတိုးဝင်နေတာမို့
စိုလိုက်ခြောက်လိုက်အခြေအနေကိုဖန်တီးပေးဖို့
ခက်ပါတယ်၊ဒါကြောင့်အုန်းဆံပွားစာဟေင်းလာတဲ့အခါလဲပေးဖို့လိုလာတာဖြစ်ပါတယ်၊ဆက်ထားလို့
မရဘူးလားဆိုတော့ရပါတယ်၊သင့်တော်တဲ့နေရာ
ပေးနိုင်ဖို့အဖက်ဖက်ကနားလည်ကျွမ်းကျင်ဖို့လိုပါ
တယ်။ဒါကြောင့်ဝါသနာရှင်များအဖို့တော့ မီးသွေး၊အုတ်ခဲကျိုး၊သစ်ခေါက်တွေနှင့်ရောနှောစိုက်တဲ့ပွား
စာကအမှားခံနိုင်ပြီး အန္တရာယ်နည်းတာဖြစ်ပါတယ်၊ဒါကြောင့်ပွားစာနှင့်ပါတ်သက်ပြီး ကျွမ်းကျင်မှု
နှင့်ဂရုစိုက်နိုင်မှုအပေါ်မှာလည်းမူတည်ကြောင်း
ကျွန်တော် ပြောခဲ့တာပါ။ အုန်းဆံပွားစာဟောင်း
ဆွေးလာတဲ့အခါ ရက်ခြားရေလောင်းလို့လည်းရ
ပါတယ် နေ့စဉ်ရေမလောင်းနိုင်သူများအဖို့အဆင်
ပြေပါတယ်၊သစ်သားပြားမှာကပ်စိုက်တဲ့အခါ တစ်နေ့တစ်ကြိမ်အနည်းဆုံးရေလောင်းသင့်ပါတယ်၊လောင်းတဲ့အခါလည်းသစ်သားပြားအေးတဲ့အထိလောင်းပါ၊ရေကိုမစို့မပို့လောင်းတာဟာနွေရာသီမှာ
မလောင်းတာထက်ဆိုးပါတယ်၊သစ်ခွပင်ကို ရေဖြန်းပြီးကျလာတဲ့ရေကိုစမ်းလက်ဖြင့်ကြည့်ပါပူနွေး
နေတာတွေ့ရပါလိမ့်မယ် အပင်ကိုစိုယုံရေလောင်း
ခြင်းဟာအမြစ်ကိုရေနွေးလောင်းတာနှင့်တူပါတယ်
အပင်ရောအမြစ်ရောအေးမြအောင်ရေဖြန်းပေးမှအ
ဆင်ပြေမှာပါ။ခုလောက်ဆို ပွားစာအလိုက်ရေလောင်းသင့်တဲ့အခြေအနေကိုလည်းသဘောပေါက်နိုင်
ကြလိမ့်မည်လို့ယုံကြည်တာကြောင့်နားပါဦးမယ်။
crd # # # Tay Na Su

မနောဖြူတို့ ခြံထဲက အလှတရားလေးပေါ့နော်
30/11/2022

မနောဖြူတို့ ခြံထဲက အလှတရားလေးပေါ့နော်

ပွဲတွေ အတွက် ပန်ဖို့ သစ်ခွလေးတွေ ရနေပါပြီရှင်
10/11/2022

ပွဲတွေ အတွက် ပန်ဖို့ သစ်ခွလေးတွေ ရနေပါပြီရှင်

Address

Yangon

Telephone

09979498823

Website

Alerts

Be the first to know and let us send you an email when Ma Naw Phyu Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share