23/09/2026
အထက်လူကြီးရဲ့ ယုံကြည်မှုကို
အပြည့်အဝရစေဖို့ ကိုယ့်ရဲ့ Career မှာ
အရှိန်အဟုန်နဲ့ တက်လှမ်းစေမယ့်
"Managing Up" အနုပညာ…………..။
"ကိုယ့် Boss က ဘာလိုချင်မှန်း မသိဘူး..."
"လုပ်သမျှ အသိအမှတ် မပြုခံရဘဲ
စိတ်တိုင်းမကျဖြစ်နေတာ ဘာကြောင့်လဲ..."
အလုပ်ခွင်မှာ ကြိုးစားအားထုတ်နေပေမဲ့ ဒီလို
အခက်အခဲတွေ ကြုံနေရတယ်ဆိုရင် ပြဿနာ
က အရည်အချင်း ညံ့ဖျင်းလို့ မဟုတ်ဘဲ အထက်
လူကြီးနဲ့ ချိတ်ဆက် အလုပ်လုပ်ပုံ Working
Relationshipအားနည်းနေတာကြောင့် ဖြစ်နိုင်ပါ
တယ်။
ကော်ပိုရိတ်လောကမှာ အောင်မြင်တဲ့ Professional
တွေဟာ ကိုယ့်လက်အောက်က အသင်းကို
ဦးဆောင်တာ Managing Down သာမက
အထက်လူကြီးနဲ့ ဟန်ချက်ညီညီ ပူးပေါင်း
လုပ်ကိုင်တတ်ခြင်း Managing Up ကိုပါ
အထူးကျွမ်းကျင်ကြပါတယ်။
Managing Up ဆိုတာ ဖားခြင်း Flattery တို့
မျက်နှာလိုမျက်နှာရ လုပ်ဆောင်ခြင်းတို့ လုံးဝ
မဟုတ်ပါဘူး။ အထက်လူကြီးရဲ့ ဦးတည်ချက်၊
စိတ်ပူပန်မှုနဲ့ အလုပ်လုပ်ပုံ စတိုင်ကို ကြိုတင်
နားလည်ပြီး နှစ်ဦးနှစ်ဖက် လုပ်ငန်းပိုမိုအောင်မြင်
အောင် မဟာဗျူဟာမြောက် ပံ့ပိုးပေးခြင်း သာ
ဖြစ်ပါတယ်။
Nay Bagan ကနေပြီး အလုပ်ခွင်မှာ အထက်လူ
ကြီးရဲ့ အားအကိုးရဆုံး Right-Hand Person ဖြစ်
လာစေမယ့်လက်တွေ့ကျတဲ့ နည်းလမ်း ၄ ချက်ကို
မျှဝေပေးလိုက်ပါတယ်။
အထက်လူကြီး၏ Working Style နဲ့ သူတို့ရဲ့
Communication Preference ကို လေ့လာ
ရပါမယ်။ Data နဲ့ DetailOriented ဖြစ်တဲ့ ကိန်း
ဂဏန်းတွေ၊ အစီရင်ခံစာတွေနဲ့ အချက်အလက်
တိကျမှုတွေကို အဓိက ကြည့်တတ်တဲ့သူတွေ
အတွက်ကိုတော့ အစည်းအဝေး မတိုင်ခင် Evidence
နဲ့ စာရွက်စာတမ်း အပြည့်အစုံ ပြင်ဆင်ပေးပါ။
Big-Picture နဲ့ Action-Oriented Boss တွေအ
တွက်ကတော့ အသေးစိတ်ထက် အနှစ်ချုပ် ရလဒ်
Bottom Lineကိုပဲ လိုရင်းတိုရှင်း သိလိုသူဖြစ်တာ
ကြောင့် Bullet Points တွေနဲ့ လိုတိုရှင်း ရှင်းပြပေး
ရမှာဖြစ်ပါတယ်။
လူချင်းတွေ့ စကားပြောရတာ ကြိုက်တာလား ဒါမှ
မဟုတ်Email တို့ Message တို့နဲ့ တိတိကျကျမှတ်
တမ်းတင်ရတာကို သဘောကျသလားဆိုတာကို
သတိထား ပြီး သူနှစ်သက်တဲ့ ပုံစံအတိုင်း လိုက်
လျောညီထွေ ပြောင်းလဲ ဆက်သွယ်ပေးရပါမယ်။
ပြဿနာကို ပဲ သယ်မလာဘဲ ဖြေရှင်းချက်နဲ့အတူ
တင်ပြပေးရပါမယ်။ဒီလိုပုံစံနဲ့ ချဉ်းကပ်ခြင်းက
အထက်လူကြီးရဲ့ စိတ်ဖိစီးမှုနဲ့ အချိန်ကို လျှော့ချ
ပေးပြီး ပြဿနာဖန်တီးသူ မဟုတ်ဘဲ အမှန်တကယ်
အားကိုးရတဲ့ Problem Solver အဖြစ် ထင်ရှားစေ
ပါတယ်။
Surprise မဖြစ်စေပါနဲ့။ ကြိုတင် အသိပေးပါ။
မန်နေဂျာနဲ့ ဒါရိုက်တာအဆင့် အထက်လူကြီးတွေ
က အလုပ်မှာ ကြိုတင်မသိရတဲ့ အမှားတွေ ရုတ်
တရက် ပေါ်လာတာကို မကြိုက်ကြပါဘူး။ ပရော
ဂျက်တစ်ခု Deadline မမီနိုင်တော့မယ့် အခြေအနေ
ရှိရင် နောက်ဆုံးရက် ရောက်မှ တောင်းပန်မယ့်
အစား ၃-၄ ရက် ကြိုတင်ပြီး အခြေအနေကို အသိ
ပေးပြီး Plan B နဲ့ ညှိနှိုင်းနိုင်ပါတယ်။ ပုံမှန် Update
ပေးတတ်ခြင်းက ကိုယ့်အပေါ် ယုံကြည်စိတ်ချရမှု
Reliability ကို အဆမတန် တိုးပွါးစေပါတယ်။
အထက်လူကြီးရဲ့ ဦးစားပေး Priorities အပေါ်
အမြဲ ချိန်ညှိပေးပါ။ သူ့ရဲ့ KPI က ဘာလဲ? သူ
အစည်းအဝေးတွေမှာ ဒါရိုက်တာဘုတ်အဖွဲ့ကို
ဘာတွေ တင်ပြရမလဲဆိုတာကို နားလည်အောင်
ကြိုးစားပါ။ သူအောင်မြင်လေလေ ကိုယ့်အတွက်
အသိအမှတ်ပြုခံရမှုနဲ့ ရာထူးတိုး အခွင့်အလမ်း
ပိုမိုပွင့်လန်းလာလေလေ ဖြစ်ပါတယ်။ သူ့ပန်းတိုင်
ကို အထောက်အကူဖြစ်စေမယ့် အလုပ်တွေကို ဦးစား
ပေး လုပ်ဆောင်ပေးရပါမယ်။
💡 Nay Bagan ရဲ့ အမြင်ကတော့ ခေါင်းဆောင်
ကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ အထက်က
လူတွေနဲ့ စမတ်ကျကျ အလုပ်တွဲလုပ်နိုင်စွမ်းကနေ
စတင်ပါတယ်။ အထက်လူကြီးရဲ့ အားနည်းချက်ကို
ဝေဖန်နေမယ့်အစား သူ့လိုအပ်ချက်ကို ဖြည့်ဆည်း
ပေးနိုင်တဲ့ မဟာဗျူဟာမြောက် လက်တွဲဖော် ဖြစ်
အောင် ကြိုးစားပေးသင့်ပါတယ်။
ကိုယ့်ရဲ့ အပြုသဘောဆောင်တဲ့ ကျွမ်းကျင်မှုတွေက
အလုပ်ခွင်မှာ ကိုယ့်ကို အစားထိုးမရတဲ့ Top Talent
တစ်ယောက် ဖြစ်လာစေပါလိမ့်မယ်။