Adam Online Business Guide:Adam နဲ့အတူ အခွင့်လမ်းကောင်းများကိုရှာဖွေပါ

  • Home
  • Myanmar
  • Yangon
  • Adam Online Business Guide:Adam နဲ့အတူ အခွင့်လမ်းကောင်းများကိုရှာဖွေပါ

Adam Online Business Guide:Adam နဲ့အတူ အခွင့်လမ်းကောင်းများကိုရှာဖွေပါ Online Business: Adam နဲ့အတူ အခွင့်လမ်းကောင်းမျာ?

တစ်ခါတစ်လေကျရင် လောကဒံ ကကျွန်တော့်တို့ခေါင်းကို အုတ်ခဲနဲ့ထုရင်ထုပါလိမ့်မယ်။လဲကျသွားတာ ပြသာနာမဟုတ်ပါဘူး။နောက်တစ်ကြိမ် ပြန...
05/07/2024

တစ်ခါတစ်လေကျရင် လောကဒံ က
ကျွန်တော့်တို့ခေါင်းကို အုတ်ခဲနဲ့ထုရင်
ထုပါလိမ့်မယ်။

လဲကျသွားတာ ပြသာနာမဟုတ်ပါဘူး။

နောက်တစ်ကြိမ် ပြန်အထုခံရမှာကို ကြောက်ပြီး
လဲကျတဲ့နေရာမှာ ခွေနေတာမှ ပြသာနာပါ။

လဲကျတိုင်းပြန်ထနိုင်ပါစေ.......
🅰🅳🅰🅼

Unicode ဖြင့်ဖတ်ရန်....ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်။▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪၁။ မကြောက်နဲ့ 😊ကိ...
19/06/2021

Unicode ဖြင့်ဖတ်ရန်....

ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

၁။ မကြောက်နဲ့ 😊

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကိုမဆို ဖယ်ရှားပစ်လိုက်ပါ။

၂။ ခက်ခဲမယ် 😅

ဝန်ထမ်းဘဝက အေးအေးဆေးဆေးလေး ဖြတ်ကျော်လို့ရပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုရင်တော့ အခက်အခဲတွေများစွာကို ကျော်လွှားနိုင်မယ့် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ အဲလို သတ္တိမရှိသေးဘူးဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ နေပါအုံး။

၃။ ယုံကြည်မှု 😉

ဝန်ထမ်းလုပ်နေတာ အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် ပိုပြီး ဝါသနာပါတယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အောင်မြင်အောင် လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှု ရှိရပါလိမ့်မယ်။ အဲဒီလို သေချာတဲ့ ယုံကြည်မှု မရှိသေးရင်တော့ ဝန်ထမ်းဘဝကို စွန့်လွတ်ပြီး ကိုယ်ပိုင်စီးပွားရေး မလုပ်ပါနဲ့အုံး။

၄။ ဘယ်လို ကိုယ်ပိုင် အလုပ်မျိုးလဲ 🤔

ကိုယ်ပိုင်စီးပွားရေး ပြောင်းတော့မယ်ဆိုရင် တိတိကျကျ ခိုင်ခိုင်မာမာ လုပ်ရမယ့် အလုပ်တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဒီလို မဟုတ်ဘဲ စိတ်ကူးယဉ်ဆန်ပြီး အစီအစဉ်မရှိတဲ့ အလုပ်တွေကို ကိုယ်ပိုင်စီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့တော့ မသင့်တော်ပါ။

၅။ ကိုယ်ကျွမ်းကျင်မှ လုပ်တာကောင်းတယ် 😕

ကိုယ်ထူထောင်လုပ်တဲ့ စီးပွားရေးတစ်ခုကို မိမိကိုယ်တိုင်ကျွမ်းကျင်မှ လုပ်တာကောင်းပါတယ်။ မိမိ မကျွမ်းကျင်တဲ့အလုပ်ကို ရေရှည်လုပ်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူးပါဘူး။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးဟာ မိမိကျွမ်းကျင်ပြီး တကယ်လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါစေ။

၆။ သူများလုပ်တဲ့အရာကို ကော်ပီကူးဖို့မလို 😉

ခုခေတ်မှာ သူများက အွန်လိုင်းရှော့ပင်လုပ်လို့ အောင်မြင်တာကို မြင်ပြီး ကိုယ်လည်း အွန်လိုင်းရှော့ပင်း လိုက်လုပ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ တကယ့်အမှန်တော့ ကောင်းတာမဟုတ်ပါဘူး။ ဒါကြောင့် သူများလုပ်လို့ အောင်မြင်တဲ့လုပ်ငန်းကို ကော်ပီကူးပြီး လိုက်လုပ်တာထက်စာရင် ကိုယ်တကယ်ဝါသနာလည်းပါပြီး လုပ်ရမှာကို ကြိုက်နှစ်သက်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်
ဒီအချက်လေးတွေက အဓိကထည့်သွင်းစဉ်းစားရမယ့်
အကြောင်းအရာလေးတွေပါ။🤔

ဒီစာလေးက မိတ်ဆွေတို့အတွင် အကျိုးရှိစေတယ်ဆို
Like & Share လုပ်သွားပေးပါခင်ဗျ။🤗🤗

အားလုံးကိုလေးစားစွာဖြင့်...
🅰🅳🅰🅼

Zawgyi ဖြင့်ဖတ်ရန်....

ဝန်ထမ်းဘဝကိုစွန့်လွှတ်ပြီးကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်။
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

၁။ မကြောက်နဲ့ 😊

ကိုယ်ပိုင်စီးပွားရေး လုပ်တော့မယ်လို့ ဆိုလိုက်တာနဲ့ ဆုံးရှုံးမှာ ကြောက်တဲ့စိတ်၊ မအောင်မြင်မှာ ကြောက်တဲ့စိတ် စတဲ့ ကြောက်စိတ်တွေ ပြည့်နှက်နေရင်တော့ မဖြစ်ပါဘူး။ ဒါကြောင့် ဘယ်လို ကြောက်စိတ်ကိုမဆို ဖယ်ရှားပစ်လိုက်ပါ။

၂။ ခက်ခဲမယ် 😅

ဝန်ထမ်းဘဝက အေးအေးဆေးဆေးလေး ဖြတ်ကျော်လို့ရပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ပြီဆိုရင်တော့ အခက်အခဲတွေများစွာကို ကျော်လွှားနိုင်မယ့် သတ္တိရှိဖို့တော့ လိုပါလိမ့်မယ်။ အဲလို သတ္တိမရှိသေးဘူးဆိုရင်တော့ ဝန်ထမ်းဘဝမှာပဲ နေပါအုံး။

၃။ ယုံကြည်မှု 😉

ဝန်ထမ်းလုပ်နေတာ အဆင်ပြေပါတယ် ဒါပေမယ့် ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့အတွက် ပိုပြီး ဝါသနာပါတယ်ဆိုရင်တော့ မိမိကိုယ်ကိုယ် အောင်မြင်အောင် လုပ်ကိုလုပ်နိုင်ရမယ်ဆိုတဲ့ ယုံကြည်မှု ရှိရပါလိမ့်မယ်။ အဲဒီလို သေချာတဲ့ ယုံကြည်မှု မရှိသေးရင်တော့ ဝန်ထမ်းဘဝကို စွန့်လွတ်ပြီး ကိုယ်ပိုင်စီးပွားရေး မလုပ်ပါနဲ့အုံး။

၄။ ဘယ်လို ကိုယ်ပိုင် အလုပ်မျိုးလဲ 🤔

ကိုယ်ပိုင်စီးပွားရေး ပြောင်းတော့မယ်ဆိုရင် တိတိကျကျ ခိုင်ခိုင်မာမာ လုပ်ရမယ့် အလုပ်တစ်ခု ရှိဖို့တော့ လိုပါတယ်။ ဒီလို မဟုတ်ဘဲ စိတ်ကူးယဉ်ဆန်ပြီး အစီအစဉ်မရှိတဲ့ အလုပ်တွေကို ကိုယ်ပိုင်စီးပွားရေးအဖြစ် ပြောင်းလဲလုပ်ကိုင်ဖို့တော့ မသင့်တော်ပါ။

၅။ ကိုယ်ကျွမ်းကျင်မှ လုပ်တာကောင်းတယ် 😕

ကိုယ်ထူထောင်လုပ်တဲ့ စီးပွားရေးတစ်ခုကို မိမိကိုယ်တိုင်ကျွမ်းကျင်မှ လုပ်တာကောင်းပါတယ်။ မိမိ မကျွမ်းကျင်တဲ့အလုပ်ကို ရေရှည်လုပ်ဖို့ဆိုတာ တကယ်တော့ မလွယ်ကူးပါဘူး။ ဒါကြောင့် ကိုယ်ပိုင်စီးပွားရေးဟာ မိမိကျွမ်းကျင်ပြီး တကယ်လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါစေ။

၆။ သူများလုပ်တဲ့အရာကို ကော်ပီကူးဖို့မလို 😉

ခုခေတ်မှာ သူများက အွန်လိုင်းရှော့ပင်လုပ်လို့ အောင်မြင်တာကို မြင်ပြီး ကိုယ်လည်း အွန်လိုင်းရှော့ပင်း လိုက်လုပ်မယ်ဆိုတဲ့ စိတ်ကူးစိတ်သန်းဟာ တကယ့်အမှန်တော့ ကောင်းတာမဟုတ်ပါဘူး။ ဒါကြောင့် သူများလုပ်လို့ အောင်မြင်တဲ့လုပ်ငန်းကို ကော်ပီကူးပြီး လိုက်လုပ်တာထက်စာရင် ကိုယ်တကယ်ဝါသနာလည်းပါပြီး လုပ်ရမှာကို ကြိုက်နှစ်သက်တဲ့ အလုပ်မျိုးကိုသာ ရွေးချယ်စေလိုပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ကိုယ်ပိုင်စီးပွားရေးလုပ်တော့မယ်ဆိုရင်
ဒီအချက်လေးတွေက အဓိကထည့်သွင်းစဉ်းစားရမယ့်
အကြောင်းအရာလေးတွေပါ။🤔

ဒီစာလေးက မိတ်ဆွေတို့အတွင် အကျိုးရှိစေတယ်ဆို
Like & Share လုပ်သွားပေးပါခင်ဗျ။🤗🤗

အားလုံးကိုလေးစားစွာဖြင့်...
🅰🅳🅰🅼

21/02/2020

ငယ်ငယ်က အသံကုန်အော်ဟစ်ပြီး မမှတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ကို အခုချိန် ပြန်ဖတ်ကြည့်လိုက်တဲ့ အခါ..........
20/02/2020

ငယ်ငယ်က အသံကုန်အော်ဟစ်ပြီး မမှတ်ခဲ့
တဲ့ ကဗျာတစ်ပုဒ်ကို အခုချိန် ပြန်ဖတ်ကြည့်
လိုက်တဲ့ အခါ..........

စာတွေပြန်ရေးဖြစ်အောင်ကြိုးစားနေပါတယ်...  crd
18/02/2020

စာတွေပြန်ရေးဖြစ်အောင်ကြိုးစားနေပါတယ်...

crd

တစ်ခါတစ်လေကျရင် လောကဒံ ကကျွန်တော့်တို့ခေါင်းကို အုတ်ခဲနဲ့ထုရင်ထုပါလိမ့်မယ်။လဲကျသွားတာ ပြသာနာမဟုတ်ပါဘူး။နောက်တစ်ကြိမ် ပြန...
14/02/2020

တစ်ခါတစ်လေကျရင် လောကဒံ က
ကျွန်တော့်တို့ခေါင်းကို အုတ်ခဲနဲ့ထုရင်
ထုပါလိမ့်မယ်။

လဲကျသွားတာ ပြသာနာမဟုတ်ပါဘူး။

နောက်တစ်ကြိမ် ပြန်အထုခံရမှာကို ကြောက်ပြီး
လဲကျတဲ့နေရာမှာ ခွေနေတာမှ ပြသာနာပါ။

လဲကျတိုင်းပြန်ထနိုင်ပါစေ.......

လုပ်ငန်းရူံးလို့စိတ်ပျက်နေသူကြီး....
🅰🅳🅰🅼

Vision အမြင်=============ကိုယ်.စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါ...
10/02/2020

Vision အမြင်
=============
ကိုယ်.စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။
Vision တစ်ခုရေးတဲ.အခါ

✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။

✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။

✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။

✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။

✍️️စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။

✍️️ဦးနှောက်တွင်ပုံဖော်ကြည်.ပါ။

✍️️ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။

✍️️ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။

===========
2. Mission
===========

စီးပွားရေးအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။
Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။
စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ.ဖို.ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။
Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း?

1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။
2. ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။
3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။
Vision Vs Mission
-Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနိုင်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်။

====================
3. Company (Core Values)
====================

Vision နဲ. Mission ပြီးသွားရင် Core Values လို.ခေါ်တဲ. Company အတွက် အရေးအကြီးဆုံး တန်ဖိုးထားမှုတွေကို သတ်မှတ်ပေးရပါတယ်။ ဥပမာ Buddhism မှာ ငါးပါးသီလ ဟာ အရေးကြီးဆုံးဖြစ်သလို Company တစ်ခု မှာ စောင်.ထိန်းရမည်. ကျင်.ဝတ်တွေ ကို သတ်မှတ်ရပါတယ်။ Japan တွေကတော. Core Value အစား Credo လို.ခေါ်ပါတယ်။ ဥပမာ Customer Service မှာ စံထားကြတဲ. Zappos ရဲ.အောင်မြင်မှုဟာ Core Values ကြောင်.ဖြစ်တယ်လို.ပြောကြပါတယ်။ မြန်မာပြည်ဖွား အမေရိကားမှာ President Obama ပေးခဲ.တဲ. စွန်.ဦးတီထွင်ဆုရခဲ.တဲ. ကို Philip Maung ကလည်း သူ. Company ကို အောင်မြင်စေတဲ.ထဲမှာ Core Values ဟာ အရေးကြီးဆုံးထဲပါဝင်တယ်လို.ဆိုပါတယ်။ ကို Philip Maung ဟာ $13 မှ ဒေါ်လာ သန်း 50 ကျော် Business တစ်ခုဖြစ်တဲ. Hisso Sushi ကိုတည်ထောင်နိုင်ခဲ.ပါတယ်။

အောက်ပါ အချက်များကတော. Core Values နဲ. ပတ်သက်လို. ဦး Philip Maung ရဲ. Talk မှ ကောက်နှုတ်ထားတာဖြစ်ပါတယ်။

" ကုမ္ပဏီ နှစ်မျိုးရှိပါတယ်... ကောင်းတဲ့ကုမ္ပဏီနဲ့ ကြီးကျယ်မြင့်မြတ်သော ကုမ္ပဏီပေါ့...။ ကောင်းတာက ၀င်ငွေတိုးတက်မှုရှိနေပြီး အမြတ်အစွန်းများများရနေတဲ့ ကုမ္ပဏီပေါ့"
" နောက်တစ်ခုက ကြီးကျယ်မြင့်မြတ်သောကုမ္ပဏီ သူကျတော့ ငွေကြေးတစ်ခုတည်းတင် မကတော့ပါဘူး.. ၀န်ထမ်းတွေရဲ့ဘဝနဲ့ ကုမ္ပဏီယဉ်ကျေးမှုတွေပါ ပါ၀င်လာပါတယ် "
ဟုဆိုသည်။�•••

#ကုမ္ပဏီရဲ့_CoreValue
ထိုအချိန်ကစပြီး သူ့ကုမ္ပဏီတွင် ကုမ္ပဏီယဉ်ကျေးမှုဖြစ်သော Core Value သတ်မှတ်ရန် စတင်ခဲ့သည်။ ထိုသို့ သတ်မှတ်ရန်အတွက် သူ့၀န်ထမ်းအားလုံးထံမှ ကုမ္ပဏီကို မည်သည့်ပုံစံ ဖြစ်ချင်သလဲ ဟုမေးခဲ့သည်။ ၀န်ထမ်းအားလုံးမှ အဆိုပြုသော အချက်ပေါင်း ၁၀၀ ကျော်ရရှိပြီး ထိုထဲမှ အားလုံးလုပ်ချင်သည့် ၁၁ ချက်ကို ကုမ္ပဏီ၏ Core Value အဖြစ်သတ်မှတ်ခဲ့သည်။
" Value ကို ဘယ်လိုတည်ဆောက်မလဲ Core Value တွေသတ်မှတ်တဲ့အခါမှာ All Inclusive ပါ၀င်ရမယ် ဆုံးဖြတ်တဲ့အခါမှာတော့ တစ်ယောက် နှစ်ယောက်ကပဲ ဆုံးဖြတ်ရတယ် ဆိုတာတော့ တော်တော်အသုံး၀င်တယ်"
ဟု ကိုဖိလစ်မောင်ဆွေးနွေးပွဲကို တက်ရောက်ခဲ့သူ မြန်မာရှေ့ဆောင်ဘဏ် မှ ဒုတိယ အုပ်ချုပ်မူ့ဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။
သတ်မှတ်ခဲ့သော အချက် ၁၁ ချက်ကို သူအပါအ၀င် အားလုံးက လိုက်နာကျင့်သုံးရန် သတ်မှတ်ခဲ့ကြသည်။ သူ့ကုမ္ပဏီအတွက် သတ်မှတ်ထားသော Core Value နံပတ် ၁ မှာ Service High-Speed and High-Teach ဖြစ်သည်။

နံပါတ် ၁ Core Value နှင့်ပတ်သက်၍ အခုလိုရှင်းပြခဲ့သည်။

" စားသုံးသူတွေကို အဓိကထား ၀န်ဆောင်မူ့ပေးတယ်။ တစ်ခါက စားသုံးသူတစ်ယောက် ဆူရှီစားပြီး ၀မ်းသွားတယ်ပြောတယ်။ ဒါပေမယ့် သူအဲ့နေ့က အစားစုံတယ်ပြောတယ်။ ကျွန်တော်တို့ ဘာမှမမေးဘူး ချက်ချင်း ဆေးခန်းပြပေးတယ်၊ ကျွန်တော်တို့က ဆေးပို့ပေးတယ် နောက်ဆုံး အိမ်သာသုံးစက္ကူတောင် ပို့ပေးတယ်။ ပြီးတော့ ဒေါ်လာ 100 တန်ဘောင်ချာတောင် ပို့ပေးတယ်။ စျေးတွက်တွက်ရင်တော့ မကိုက်ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်တို့ customers ကို အလေးထားတာ သိစေချင်တယ်"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၂ Core Value မှာ Inspire and Be Inspire ဖြစ်သည်။ အထက်အောက် ယုံကြည်မှုကို အလေးထား တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
" အောက်ကို လုပ်ပိုင်ခွင့်ပေးထားတယ်။ မှားချင်မှားပလေ့စေ။ ပြတ်သားတိကျဖို့လိုတယ်။ ခေါင်းဆောင်က တုန့်နှေးနေရင် အလုပ်မဖြစ်ဘူးလေ။ ယုံကြည်မှုရဖို့ဆိုတာက ခေါင်းဆောင်တွေကလည်း ငယ်သားတွေနဲ့အတူတူ အလုပ်လုပ်ပြီး ယုံကြည်မှုကို ယူမှရမှာ"
ဟု ဦးဖိလစ်မောင်ကရှင်းပြခဲ့သည်။

နံပါတ် ၃ Core Value မှာ Open and Honest Communication ဖြစ်သည်။
"အစပိုင်း ၁၀ နှစ်လောက်က ကျွန်တော်ကရုံးခန်းထဲမှာပဲ ထိုင်နေခဲ့တာ။ ဘယ်သူမှ တံခါးလာမခေါက်ရဲဘူး။ ဒီတော့ သူတို့ဆီက အတွေးအမြင်အသစ်တွေ မရလာဘူး။ နောက် ကျွန်တော်ရုံးခန်းကို အပြင်ထုတ်လိုက်တယ်။ သူတို့နဲ့အတူတူလုပ်တယ်။ အစပိုင်းက အဆင်မပြေဖြစ်ပေမယ့် နောက်ပိုင်းရင်းနှီးလာတာနဲ့ အမျှအဆင်ပြေလာတယ်။ သူတို့ဆီက အကြံဉာဏ်တွေ ရလာတယ်။ ဒါလည်းကောင်းတဲ့အချက်ပဲ"
အခြားသောအချက်များမှာ ကိုယ်လာတဲ့ ပတ်၀န်းကျင်ကို မမေ့ရန်၊ ၀န်ထမ်းတွေကို အလုပ်လုပ်ရင်း ပရဟိတမျှဝေဖို့ပါ သင်ပေးခြင်း၊ ပြသာတစ်ခုခုဖြစ်လာပါက လွဲမချပဲ အားလုံးတိုင်ပင်ပြီး ဖြေရှင်းခြင်း နှင့် အလုပ်လုပ်ရင် Team work ကို အလေးထားစေခြင်း တို့ဖြစ်သည်။
"၀န်ထမ်းတွေကို မန်နေဂျာပုံစံမျိုး မဟုတ်ပဲနဲ့Leader ( ခေါင်းဆောင် ) ပုံစံအုပ်ချုပ်တာ ခိုင်းလို့လုပ်တာ မဟုတ်ဘူး ကိုယ်ကိုတိုင်က လုပ်ချင်လို့လုပ်တာမျိုးဖြစ်အောင် အုပ်ချုပ်တာ"
ဟု ဦးဖိလစ်မောင်၏ ဆွေးနွေးပွဲအား တက်ရောက်နားထောင်ခဲ့သူ မယမင်းခင်း က သုံးသပ်သည်။

#မူရင်းရေးသားသူအားcrd

Executive Summaryကိုယ့်စီးပွားရေးလုပ်ငန်း စီမံကိန်းရဲ့အဓိကအချက်အလက်တွေကို ရေးသားရပါမယ်။- ဘာပစ္စည်းရောင်းမှာလဲ။ကိုယ့်လုပ်...
10/02/2020

Executive Summary

ကိုယ့်စီးပွားရေးလုပ်ငန်း စီမံကိန်းရဲ့
အဓိကအချက်အလက်တွေကို ရေးသား
ရပါမယ်။

- ဘာပစ္စည်းရောင်းမှာလဲ။

ကိုယ့်လုပ်ငန်းရဲ့ အဓိကထုတ်ကုန်နဲ့ ဝန်ဆောင်
မူတွေကို ရေးသားရပါမယ်။

- လုပ်ငန်းရဲ့ ရည်ရွယ်ချက် ။

ဘာကြောင့် ဒီလုပ်ငန်းကိုလုပ်ရတာလဲ။

( ဒါကိုတော့ ကျွန်တော်အရင်က အသေးစိတ်
ရေးပြီးပါပြီ။)

- Customer

သတ်မှတ်ထားတဲ့ ဝယ်ယူအားပေးစားသုံး
သူတွေက ဘယ်သူတွေလဲ ။

ကိုယ့်ရဲ့လုပ်ငန်းက ဖောက်သည်တွေကို
ဘယ်လိုဝန်ဆောင်မူတွေ ပေးနိုင်မလဲ။

- အဓိက သွားလိုတဲ့ Target

- လက်ရှိစျေးကွက်ထဲမှာ နေရာယူထားတဲ့
မိမိပြိုင်ဘက်တွေအကြောင်း နှင့် သူတို့
ကို ပြိုင်ပြီး စျေးကွက်ရအောင်ဘယ်လို
လုပ်မလဲ ။

- ဘဏ္ဍရေးအရူံးအမြတ် ခန့်မှန်းချက်တွေ

- Vision

- Mission

- Company ( Core Value)

-ကုမပ္ပဏီ အဖွဲ့အစည်း ၊ စီမံအုပ်ချုပ်မူ
အပိုင်း တွေ....

စတဲ့ အချက်အလက်တွေ ပါဝင်အောင် ရေး
သားရပါမယ် ။

အသေးစိတ်လေ့လာကြည့်ရအောင်။

https://m.facebook.com/story.php?story_fbid=620787565147553&id=471804106712567

Business Plan ဟာကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း ဘယ်လောက်အောင်မြင်မလဲဆိုတာကို လမ်းပြ ဖော်ဆောင်သွားပေးနိုင်ပါတယ်။ ....🏆....🕺B...
10/02/2020

Business Plan ဟာကိုယ့်ရဲ့ စီးပွားရေး
လုပ်ငန်း ဘယ်လောက်အောင်မြင်မလဲ
ဆိုတာကို လမ်းပြ ဖော်ဆောင်သွားပေး
နိုင်ပါတယ်။ ....🏆....🕺

Business Plan ဟာ စီးပွားရေးလုပ်ငန်း
တစ်ခုရဲ့ လမ်းပြမြေပုံပါ။👨‍🏫

Business Plan ဆွဲနည်းကတော့ အမျိုးမျိုးရှိပါ
တယ်။.....💁‍♂️

ဘယ်လိုအခြေနေ မျိုးမှာ Business Plan ကို
ရေးဆွဲကျတာလဲ။....🤔

အခြေနေ (၅) ရပ်ရှိပါတယ်။🤚

၁ ။ Investment နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ
ရှာတဲ့အခါ။

၂။ ဘဏ်ချေးငွေ ရယူကြတဲ့အခါ ။

၃။ ကုမပ္ပဏီ ထူထောင်ဘို့ ကြိုးစားတဲ့အခါ။

၄။ အစုရှယ်ယာများ ဖိတ်ခေါ်ကြတဲ့အခါ ။

၅။ ကိုယ်ပိုင်စီးပွားရေး စတင်ကြတဲ့အခါ ။

ဒီလိုအခြေနေ (၅) ရပ်မှာ Business Plan ကို
ရေးဆွဲ ကြပါတယ်။....📈

Business Plan ဆွဲဆော့မယ်ဆိုရင် ဘာတွေ
အဓိကပါသင့်လဲ ။ 🤷‍♂️

ပုံတစ်ပုံချင်းစီရဲ့ အောက်မှာ အသေးစိတ်ရေး
သားထားပေးပါတယ်။.. 👇

တစ်ခါတည်း ဖတ်ရအဆင်မပြေရင် Save ထား
ပြီး အချိန်ယူဖတ်ပြီးတော့ ကိုယ့်ရဲ့ Busines
Plan ကို ကိုယ်ကိုတိုင် ဆဲဲွကြည့်ကျပါ။

အားလုံးကိုလေးစားစွာဖြင့်....
🅰🅳🅰🅼

ဖတ်ရူရန်....

https://m.facebook.com/story.php?story_fbid=620787351814241&id=471804106712567

ခွန်အားရှိစေသော စာပေ....💪  crd 🤣
08/02/2020

ခွန်အားရှိစေသော စာပေ....💪

crd 🤣

Address

Yangon
951

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959940682505

Website

Alerts

Be the first to know and let us send you an email when Adam Online Business Guide:Adam နဲ့အတူ အခွင့်လမ်းကောင်းများကိုရှာဖွေပါ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share