GRTD Leadership

Call Directions Contact the business

GRTD Leadership Secret to leardership is getting the right things done! Here you'll learn all about GRTD Leardership We are a free online Employment Agency.

We bring jobs to people of Myanmar without charging any fees.

𝗜𝗱𝗲𝗮 အသစ်တွေ ဘယ်လိုရှာမလဲ?ကုမ္ပဏီတွေအနေနဲ့ ကုန်ပစ္စည်းအသစ်တွေ ထုတ်လုပ်နိုင်ဖို့နဲ့ လက်ရှိ အလုပ်လုပ်တဲ့ ပုံစံတွေ ပိုမိုကေ...
20/09/2026

𝗜𝗱𝗲𝗮 အသစ်တွေ ဘယ်လိုရှာမလဲ?

ကုမ္ပဏီတွေအနေနဲ့ ကုန်ပစ္စည်းအသစ်တွေ ထုတ်လုပ်နိုင်ဖို့နဲ့ လက်ရှိ အလုပ်လုပ်တဲ့ ပုံစံတွေ ပိုမိုကောင်းမွန်စေဖို့ ကြိုးစားနေရပါတယ်။ ဒီလိုလုပ်ဖို့အတွက် Ideas အသစ်တွေ လိုအပ်ပါတယ်။ နာမည်ကြီး ကုမ္ပဏီနှစ်ခု Ideas အသစ် ရရှိအောင် လုပ်ဆောင်တဲ့ စနစ်ကို လေ့လာကြည့်ပါမယ်။

𝟭. 𝗦𝗼𝘂𝘁𝗵𝘄𝗲𝘀𝘁 𝗔𝗶𝗿𝗹𝗶𝗻𝗲𝘀

Ideas အသစ်တွေဆိုတာ လုပ်ငန်းရဲ့ အတွင်းကသာ ပေါ်ထွက်တတ်တယ်ဆိုတာကို ယုံကြည်တဲ့အတွက် ဌာနပေါင်းစုံက ဝန်ထမ်းတွေကို ရွေးချယ်ပြီး အုပ်စုဖွဲ့ပေးပါတယ်။ အပတ်စဉ် (၁၀) နာရီ၊ (၆) လ တွေ့ဆုံပြီး Ideas သစ်တွေ ထုတ်စေပါတယ်။

(၆) လ တွေ့ဆုံမှုကနေ Ideas (၁၀၉) ခု ပေါ်ထွက်လာပြီး Management ကို တင်ပြပေးရပါတယ်။ Ideas (၁၀၉) ခုမှ သက်ရောက်မှု အကြီးဆုံး Ideas (၃) ခုကို ရွေးချယ်ပါတယ်။ ယခုလို တွေ့ဆုံပြီး Ideas ထုတ်ခြင်းကြောင့် ကြီးမားကောင်းမွန်သော ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

𝟮. 𝗦𝘁𝗮𝗿𝗯𝘂𝗰𝗸𝘀

ယေဘုယျအားဖြင့် ကုမ္ပဏီတစ်ခုမှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ရာထူးမြင့်တဲ့ စီမံခန့်ခွဲအုပ်ချုပ်သူတွေက ချနေရပေမဲ့ ဝယ်ယူစားသုံးသူတွေနဲ့ တိုက်ရိုက် ထိတွေ့မှုတော့ မရှိတတ်ကြပါဘူး။ ဝယ်ယူစားသုံးသူတွေနဲ့ ထိတွေ့မှုမရှိရင် ဝယ်ယူစားသုံးသူတွေအကြောင်းကို သိဖို့ မလွယ်ပါဘူး။ စားသုံးသူအကြောင်း မသိဘဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ မှားတတ်ပါတယ်။

Starbucks ဟာ ဒီအချက်ကို ကောင်းကောင်း နားလည်တဲ့အတွက် ဝယ်ယူစားသုံးသူများနှင့် နေ့စဉ် ထိတွေ့နေရတဲ့ ကော်ဖီဖျော်ဆရာ (Baristas) တွေကို ရာထူးမြင့်တဲ့ စီမံခန့်ခွဲအုပ်ချုပ်သူတွေနဲ့ ဆက်သွယ်စေခြင်း၊ အချို့သော ထိပ်ပိုင်း စီမံခန့်ခွဲသူများအား Barista အဖြစ် ရက်အနည်းငယ် တာဝန်ထမ်းဆောင်စေခြင်းများ ပြုလုပ်ပါတယ်။

ဒါ့အပြင် Location တစ်ခု၊ ဌာနတစ်ခုတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား တခြား Location၊ တခြားနေရာများသို့ Field Trip လွှတ်ပေးခြင်းဖြင့် အမြင်အသစ်၊ နားလည်မှုအသစ်များ ဖြစ်ထွန်းစေပါတယ်။

Soe Win Khine
GRTD Consulting

CEO တစ်ဦး / လုပ်ငန်းရှင်တစ်ဦး အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ရေးထားတဲ့ စာအုပ် မရှိသလောက် ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို အသေးစိတ် ရေးသားဖော်ပြထားတဲ့ ပထမဆုံး စာအုပ် ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1Bnr3EceFj/


𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗧𝗿. 𝗛𝗼𝗻𝗲𝘆--------------------------------------"စာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်...
20/09/2026

𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗧𝗿. 𝗛𝗼𝗻𝗲𝘆
--------------------------------------

"စာအုပ်ဖတ်ပြီးတဲ့အခါ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ပြောင်းလဲရမယ့် အချက်တွေကို ပိုမို နားလည်လာသလို လက်တွေ့ အသုံးပြုရတာလည်း အရမ်း လွယ်ကူပါတယ်..."✨

"GRTD Leadership Approach" စာအုပ်ဟာ နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၏ အတွေ့အကြုံများနှင့် ဥပမာများကို လိုရင်းတိုတို ရှင်းပြထားတာကြောင့် လုပ်ငန်းရှင်များအတွက် လက်တွေ့ လိုက်ပါ အသုံးချရန် အလွန် ကောင်းသည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ကို ဖတ်ရှုခြင်းဖြင့် မိမိ၏ အားသာချက်၊ အားနည်းချက်များနှင့် လုပ်ငန်းအတွက် ပြောင်းလဲ ပြုပြင်ရမည့် အချက်များကို စနစ်တကျ ပိုမို နားလည် သဘောပေါက် လာစေပါတယ်။

Tr. Honey
(Founder & CEO, Honey Language Academy)

📘 စီအီးအိုများနှင့် လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် "GRTD Leadership Approach" စာအုပ် ဝယ်ယူရန် -
https://www.facebook.com/share/r/1HRb3NLeP8/



🔺 တြိဂံလေးများနဲ့ 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 ဘယ်လိုလုပ်မလဲ?Christine Chopyak ရေးတဲ့ "Picture Your Business Strategy" ဆိုတဲ့ စာအုပ်ထဲမှာ သင...
19/09/2026

🔺 တြိဂံလေးများနဲ့ 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 ဘယ်လိုလုပ်မလဲ?

Christine Chopyak ရေးတဲ့ "Picture Your Business Strategy" ဆိုတဲ့ စာအုပ်ထဲမှာ သင်္ချာ သဘောတရားလေးတွေ ပါတဲ့ တြိဂံအကြောင်းကို စာတစ်ပိုဒ် ရေးထားတာ တွေ့ရပါတယ်။

အဲဒီလို ဘာမှမဟုတ်တဲ့ အကြောင်းအရာတစ်ခုကို ဖွဲ့ဆိုရေးပြထားတာမျိုးဆို ကျွန်တော်က သဘောကျပါတယ်။ ဘာလို့လဲဆိုတော့ Communication Skill မြင့်တဲ့သူတွေသာ လုပ်နိုင်တဲ့ ခက်ခဲတဲ့အရာ မို့လို့ပါ။

ပိုပြီး စိတ်ဝင်စားစရာကောင်းအောင် Branding လေးနဲ့ပါ ချိတ်ဆက်ပြီး ဆွေးနွေးပေးပါမယ်။ Chopyak ကတော့ Branding အကြောင်း ထည့်မပြောပါဘူး။ Branding ကတော့ ကျွန်တော့်ရဲ့ အမြင်ဖြစ်ပါတယ်။

"တြိဂံတွေက ကျွန်တော်တို့ ငယ်စဉ်ကလေးဘဝက အမှတ်တရတွေကို ပုံစံမျိုးမျိုးနဲ့ နေရာယူထားတယ်... တုတ်ချောင်းလူ (Stick figure) နဲ့ အိမ်ပုံတွေမှာ ရိုးရှင်းတဲ့ စိတ်သက်သာမှုတွေကို တွေ့ရှိကြတယ်။ အဲဒီပုံတွေကို ဘယ်လိုဆွဲရမလဲဆိုတာလည်း သိကြတယ်။

တြိဂံဟာ ပြောင်းလဲမှုကိုပြတဲ့ သင်္ချာလက္ခဏာတစ်ခု Delta (Δ) လည်း ဖြစ်ပါတယ်... ကိန်းရှင်များကြား အကွာအဝေး သို့မဟုတ် ကွာဟချက်။

သုံးဘက်ညီ တြိဂံဟာ ဂျီဩမေတြီ ပုံသဏ္ဍာန်တွေထဲမှာ အငြိမ်ဆုံး ပုံသဏ္ဍာန်တွေထဲက တစ်ခုဖြစ်တယ်။ တူညီသော ထောင့်များဟာ တူညီသော ဘက်များကို ထောက်ပံ့ပေးထားပါတယ်။

ပထမဆုံး စီးပွားရေး တီထွင်သူများ ဖြစ်ခဲ့ကြတဲ့ ရှေးရှေးက ဖိုသမားတွေရဲ့ ကြိုးစားအားထုတ်မှုတွေကို ကြည့်ရင် ကျွန်တော်တို့ရဲ့ အစစ်အမှန်ဆုံးသော ရည်မှန်းချက်များ (ကောင်းကင်ဘုံနဲ့ ကျွန်တော်တို့ကို ပိုမိုနီးစပ်စေဖို့ ကူညီဦးဆောင်ပေးသောအရာ) နဲ့ နီးကပ်လာအောင် စွမ်းဆောင်ပေးတဲ့ စွမ်းရည်ကို တြိဂံက ကိုယ်စားပြုခဲ့တယ်။"

Branding နဲ့ ဘယ်လို ပတ်သက်နေလဲဆိုတော့ ကျွန်တော့်လုပ်ငန်း (WEBS International) အတွက် Logo ဆွဲဖို့ စဉ်းစားတဲ့အခါ တြိဂံကို သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဆုံးဖြတ်ရခြင်းက အောက်ပါ အချက် (၄) ချက်ကြောင့် ဖြစ်ပါတယ်။

1. တြိဂံဟာ ကျောင်းသားတိုင်း ငယ်စဉ်ကတည်းက ရင်းနှီးခဲ့တယ်။ ကျောင်းသားဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့တောင် ပြောလို့ရတယ်။

2. အနားညီတဲ့ အတွက် ရိုးရှင်းတယ်...လှပတယ်။

3. မြင်လွယ် သိလွယ် စွဲလွယ်တယ်။

4. အောင်မြင်ခြင်းရဲ့ သင်္ကေတ ဖြစ်တယ်။

ကျွန်တော့အမြင်အရ Branding တင်မကဘူး... ဘာလုပ်လုပ်ရိုးရှင်းဖို့လိုတယ်။

• ထင်ရှားရမယ်
• ပေါ်လွင်ရမယ်
• မြင်လွယ်ရမယ်
• မှတ်မိလွယ်ရမယ်

Soe Win Khine
GRTD Consulting

–-- 👇👇

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1Bnr3EceFj/


𝗞𝗼 𝗛𝘁𝘂𝗻 𝗟𝘄𝗶𝗻 𝗞𝗵𝗶𝗻𝗲’𝘀 𝗥𝗲𝘃𝗶𝗲𝘄 𝗳𝗼𝗿 𝘁𝗵𝗲 𝗯𝗼𝗼𝗸-----------------------------------------------"လူ့ဘ၀ရဲ့အနှစ်သာရသည် ဒါနဖြစ်သည်၊လ...
19/09/2026

𝗞𝗼 𝗛𝘁𝘂𝗻 𝗟𝘄𝗶𝗻 𝗞𝗵𝗶𝗻𝗲’𝘀 𝗥𝗲𝘃𝗶𝗲𝘄 𝗳𝗼𝗿 𝘁𝗵𝗲 𝗯𝗼𝗼𝗸
-----------------------------------------------

"လူ့ဘ၀ရဲ့အနှစ်သာရသည် ဒါနဖြစ်သည်၊လူ့အသက်ရဲ့အနှစ်သာရသည် သီလဖြစ်သည်... လူ့ခန္ဓာရဲ့ အနှစ်သာ ရသည် ဘာ၀နာဖြစ်သည်"

ဆိုတဲ့ ကျွန်တော်ကြားဖူးတဲ့ အဆိုတော်ကြီး ဒေါ်မာမာအေးရဲ့ လေးနက်ပြည့်၀တဲ့ ဓမ္မသီချင်းကြီးထဲကလိုမျိုးပဲ အခု ဆရာစိုး၀င်းခိုင်ရဲ့ ဒီစာအုပ်ဟာလည်း လုပ်ငန်းအုပ်ချုပ်သူ အမှုဆောင် အရာ ရှိချုပ်ဖြစ်တဲ့ CEO‌တွေရဲ့လုပ်ငန်း‌ဆောင်တာတွေအတွက် စီမံခန့်ခွဲမှုအနှစ်သာရတွေကို ပြုစုရေးသားထား တယ်လို့ ကျတော်မြင်မိပါတယ်။

ဓမ္မက ဘ၀ရဲ့ ပစ္စုပ္ပန်နဲ့သံသရာကို စီမံခန့်ခွဲဖို့ သင်ကြားသလို ဒီ GRTD Leadership စာအုပ်ကတော့ အခု လက်ရှိပစ္စက္ခဘ၀အတွက်ကို အကျိုးရှိရှိနဲ့ထိရောက်အောင် စီမံခန့်ခွဲတတ်ဖို့ လောကီခေတ်သစ်ရှုဒေါင့် ကနေချဉ်းကပ်ပြီး အလုပ်လုပ်တတ်ဖို့ Framework တစ်ခုကိုချပေးထားတာပဲ ဖြစ်ပါတယ်။

အခန်း(၁) ကို ဖတ်အပြီးမှာတင် လူတစ်ယောက်ဟာ ဘ၀မှာ ဘာကိုပဲဖြစ်ချင်ဖြစ်ချင် အချိန်ကို အရင်ဆုံး ထိရောက်အောင်စီမံခန့်ခွဲနိုင်မှ ရမယ်ဆိုတဲ့ အသိတစ်ချက်ကို လင်းလက်သွားစေပါတယ်။

အကြောင်းက အချိန်ဟာ ရှားပါးတဲ့အရင်းအနီးဖြစ်လို့ပါပဲ။ ဘယ်အရာမဆို စနစ်တကျ အချိန်ယူတည်ဆောက်ရတာချည်းမို့လို့ တကယ်လို့ အချိန်တွေဟာ ကိုယ့်အတွက် ပေါ‌များနေတယ်လို့ ထင်နေမိပြီဆိုရင် ဒါဟာ သတိထားရတော့မယ် လက္ခဏာ တစ်ခုပဲဖြစ်တယ်လို့ဆိုချင်ပါတယ်။

အခန်း (၂)ကနေ အခန်း (၅)အထိကလည်း အခန်း(၁)လိုပဲ တစ်ခန်းဖတ်ပြီးတိုင်း အသိအလင်းတစ်ခု ပွင့်သွား စေတာချည်းပါပဲ။

ပြီးတော့ ကျွန်တော်က စာဖတ်ရင် အခန်းတစ်ခန်းချင်းစီဖြစ်ဖြစ်၊ တစ်အုပ်လုံးဖြစ်ဖြစ် ဖတ်ပြီးရင် ကိုယ်နားလည် လိုက်တာတွေကို အနှစ်ချုပ်ပြန်ရေးလေ့ ရှိပါတယ်။

အခု ဒီစာအုပ်ကကျတော့ တစ်ခန်းပြီးတိုင်း သူ့ရဲ့အနှစ်သာရတွေကို ပြန်ပြီး အနှစ်ချုပ် ပြန်ထုတ်ပေးထားတာတွေ့လိုက်တော့ တန်းကြိုက်မိသွားပါတယ်။

မှန်ကန်သောအလုပ်ကိုရွေးချယ်ပြီးတော့ ချွေးထွက်မှုအနည်းဆုံး ပင်ပန်းမှုအနည်းဆုံးနဲ့ မှန်ကန်သောအလုပ် တွေကို အချောသတ်လုပ်ဆောင်နိုင်မှ အလုပ်ပြီးမြောက်မှုရှိတယ်ဆိုတဲ့ ဖွင့်ဆိုချက်နဲ့အတူ၊

သိအောင်အရင် လုပ်ပြီးပြီဆိုရင် တကယ်လက်တွေ့လုပ်ဖို့ကသာ ပထမ၊ဒုတိယနဲ့ တတိယဖြစ်တယ်ဆိုတာ အသိပေးရင်း စာဖတ် သူတွေအတွက် "ဖတ်ရှု၊ သိရှိ၊ကျင့်ကြံဖို့" စာရေးသူဘက်က စေတနာပါပါနဲ့ မျှဝေပေးထားတယ်လို့ မြင်ရ ခံစား ရပါတယ်ခင်ဗျာ။

Htun Lwin Khine
MBA from Rome Business School

#စီအီးအိုများအတွက်☑️
#စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ်/ GRTD Leadeleadership စာအုပ်ဝယ်ယူရန်

https://www.facebook.com/share/p/1Fts8xkMJD/


18/09/2026

#ခေါင်းဆောင်တစ်ဉီးအနေနဲ့_တစ်ချိုနစ်နာသွားစေမဲ့_ဆုံးဖြတ်ချက်ကို_ချသင့်လား?

GRTD Team
GRTD leadership

–-- 👇👇

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1Bnr3EceFj/


𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗣𝗿𝗼𝗳 𝗗𝗿. 𝗞𝗮𝗹𝘆𝗮 𝗞𝘆𝗮𝗶𝗻𝗴--------------------------------------------------"စာအုပ်ရဲ့ တန်ဖိုးကို ဈေးနှုန...
18/09/2026

𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗣𝗿𝗼𝗳 𝗗𝗿. 𝗞𝗮𝗹𝘆𝗮 𝗞𝘆𝗮𝗶𝗻𝗴
--------------------------------------------------

"စာအုပ်ရဲ့ တန်ဖိုးကို ဈေးနှုန်းနဲ့ မတိုင်းတာဘဲ Value နဲ့ တိုင်းတာရမှာဖြစ်ပြီး အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲတိုးတက်စေနိုင်တာကြောင့် သုံးသိန်းမက တန်ပါတယ်..."✨

"GRTD Leadership Approach" စာအုပ်ဟာ လုပ်ငန်းရှင်တွေအပြင် မိမိကိုယ်ကို ပိုမိုထက်မြက်အောင် ဦးဆောင်လိုသူ လူတိုင်းအတွက် လက်တွေ့ကျကျ အသုံးချနိုင်မယ့် လမ်းညွှန်စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

Academic Theory နဲ့ လက်တွေ့ လုပ်ငန်းခွင် အခြေအနေတွေကို စနစ်တကျ ပေါင်းစပ်ဖော်ပြထားပြီး မိမိရဲ့ Business Nature၊ Culture နဲ့ ဝန်ထမ်းတွေရဲ့ အခြေအနေအလိုက် ထိရောက်စွာ ဦးဆောင်နိုင်မယ့် အဓိက အချက်များကို ရေးသားထားပါတယ်။

ခေါင်းဆောင်တစ်ဦးရဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလဲ တိုးတက်စေနိုင်တာကြောင့် စာအုပ်ရဲ့ တန်ဖိုးကို ဈေးနှုန်းတစ်ခုတည်းနဲ့ တိုင်းတာ၍ မရနိုင်ဘဲ အင်မတန် အဖိုးတန်သည့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

Professor Dr. Kalya Kyaing
Ph.D (Eco), Yangon University of Economics



17/09/2026

အမြတ်ကြမ်းတဲ့အလုပ်၊ အမြတ်ပါးတဲ့အလုပ် ဘယ်ဟာရွေးမလဲ?

Soe Win Khine
GRTD Consulting

–-- 👇👇

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/1Bnr3EceFj/


𝗞𝗼 𝗧𝗵𝗮𝗻 𝗔𝘂𝗻𝗴’𝘀 𝗥𝗲𝘃𝗶𝗲𝘄 𝗳𝗼𝗿 𝘁𝗵𝗲 𝗯𝗼𝗼𝗸-------------------------------------------သိရုံဖြင့်မပြီး၊ အသိကို လက်တွေ့အသုံးချခြင်း...
17/09/2026

𝗞𝗼 𝗧𝗵𝗮𝗻 𝗔𝘂𝗻𝗴’𝘀 𝗥𝗲𝘃𝗶𝗲𝘄 𝗳𝗼𝗿 𝘁𝗵𝗲 𝗯𝗼𝗼𝗸
-------------------------------------------

သိရုံဖြင့်မပြီး၊ အသိကို လက်တွေ့အသုံးချခြင်းဖြင့် ဘဝနှင့် လုပ်ငန်းခွင်ကို ပြောင်းလဲစေမည့် လမ်းညွှန်

လူအများစုဟာ အောင်မြင်ကြောင်း တရားတွေကို သိကြ၊ ဖတ်ကြဖူးပေမဲ့ တကယ်တမ်း လက်တွေ့ဘဝမှာ ဘာကြောင့် မအောင်မြင်ကြတာလဲ? ဒီမေးခွန်းရဲ့ အဖြေကို စာရေးသူက ယခုစာအုပ်မှာ အလွန်ရှင်းလင်းပြတ်သားတဲ့ အတွေးအခေါ်တွေ၊ လုပ်ငန်းစဉ်တွေနဲ့ မီးမောင်းထိုးပြထားပါတယ်။

စာရေးသူက စာအုပ်တစ်အုပ်လုံးမှာ "သိနေရုံနဲ့ မပြီးဘူး၊ အသိကို လက်တွေ့အသုံးချဖို့ လိုတယ်" ဆိုတဲ့ အမှန်တရားကို အကြိမ်ကြိမ်ထောက်ပြထားပြီး၊ ဒါဟာ လူတိုင်း ငြင်းပယ်လို့မရဘဲ လက်ခံရမည့် အမှန်တရားတစ်ခု ဖြစ်ပါတယ်။

ဤစာအုပ်တွင် ခေါင်းစဉ်ကြီးတပ်ထားသည့် "မှန်ကန်သောအလုပ်အား လုပ်ဆောင်ခြင်းလုပ်ငန်းစဉ် (၅) မျိုး" သည် လုပ်ငန်းခွင်နှင့် ကိုယ်ပိုင်ဘဝ တိုးတက်လိုသူတိုင်း မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းပြမြေပုံများ ဖြစ်ကြသည်။

📌 မှန်ကန်သောအလုပ်အား လုပ်ဆောင်ခြင်းလုပ်ငန်းစဉ် (၅) ပိုင်း

စာအုပ်တွင် စနစ်တကျ အပိုင်း (၅) ပိုင်းဖြင့် ခွဲခြားတင်ပြထားရာ၌ -

▪️၁။ အချိန်ကိုကောင်းစွာစီမံပါ (Time Management)

အချိန်သည် လူတိုင်းအတွက် အကန့်အသတ်ရှိသော ရင်းမြစ်ဖြစ်သည်။ အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ မှန်ကန်သော အလုပ်များကို လုပ်ဆောင်ရန် အခွင့်အလမ်း ရရှိမည် ဖြစ်သည်။

▪️၂။ လုပ်ငန်း၏အောင်မြင်မှုအား ထူးခြားစွာပြောင်းလဲသွားစေမည့် အလုပ်ကိုလုပ်ပါ (High-Impact Actions)

အလုပ်များနေရုံဖြင့် မလုံလောက်ပါ။ မိမိလုပ်ဆောင်လိုက်သော အလုပ်သည် လုပ်ငန်းတစ်ခုလုံးကို သိသာထင်ရှားစွာ ပြောင်းလဲတိုးတက်စေမည့် "မဟာဗျူဟာမြောက် အလုပ်" ဖြစ်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။

▪️၃။ ဝန်ထမ်းများ၏ အားသာချက်ကို အသုံးချပြီး ထိရောက်အောင် စီမံပါ (Leveraging Strengths)

ခေါင်းဆောင်ကောင်းတစ်ဦးသည် လူမှန်၊ နေရာမှန် (Right Man on the Right Job) ဖြစ်စေရန် ဝန်ထမ်းများ၏ အားသာချက်များကို ရှာဖွေဖော်ထုတ်ပြီး အလုပ်တွင် ထိရောက်စွာ အသုံးချတတ်ရမည်။

▪️၄။ အရေးကြီးသည်ကို ဦးစားပေးလုပ်ပါ (Prioritization)

အရေးတကြီး ကိစ္စများနှင့် အရေးကြီးသော ကိစ္စများကို ခွဲခြားတတ်ပြီး၊ မိမိဘဝနှင့် လုပ်ငန်းခွင်အတွက် တကယ်အရေးကြီးသော အရာများကို ဦးစားပေးလုပ်ဆောင်တတ်ရန် လိုအပ်သည်။

▪️၅။ ထိရောက်သော ဆုံးဖြတ်ချက်များ ချပါ (Effective Decision Making)

ဝေဝါးနေခြင်းသည် အချိန်ပုပ်စေသည်။ မှန်ကန်၊ ပြတ်သားပြီး ထိရောက်သော ဆုံးဖြတ်ချက်များကို အချိန်ကိုက် ချမှတ်နိုင်စွမ်းသည် အောင်မြင်မှု၏ သော့ချက်ဖြစ်သည်။

💡 "သိရုံဖြင့်မပြီး၊ အသိကို လက်တွေ့အသုံးချရန်" မီးမောင်းထိုးပြချက်

"𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗶𝘀 𝗻𝗼𝘁 𝗽𝗼𝘄𝗲𝗿. 𝗧𝗵𝗲 𝗶𝗺𝗽𝗹𝗲𝗺𝗲𝗻𝘁𝗮𝘁𝗶𝗼𝗻 𝗼𝗳 𝗸𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗶𝘀 𝗽𝗼𝘄𝗲𝗿." (အသိပညာသည် အစွမ်းအစမဟုတ်ပါ။ ထိုအသိပညာကို လက်တွေ့အသုံးချခြင်းသာလျှင် အစွမ်းအစဖြစ်သည်။)

ဤစာအုပ်၏ အသက်မှာ စာရေးသူ အလေးအနက်ထား၍ အကြိမ်ကြိမ် သတိပေးထားသော "လက်တွေ့အသုံးချမှု" ပင် ဖြစ်သည်။ ကျွန်ုပ်တို့သည် အချိန်စီမံခန့်ခွဲမှုအကြောင်း၊ ဦးစားပေးလုပ်ဆောင်ရမည့်အကြောင်း၊ ဆုံးဖြတ်ချက်ချရမည့်အကြောင်းများကို စာအုပ်များစွာတွင် ဖတ်ဖူး၊ သိဖူးကြပါလိမ့်မည်။

ထိုအသိများကို မိမိတို့၏ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်ထဲသို့ အမှန်တကယ် ပေါင်းစပ်ထည့်သွင်းခြင်း မပြုသရွေ့ မည်သည့်ပြောင်းလဲမှုမှ ဖြစ်လာမည်မဟုတ်ပေ။

စာရေးသူသည် စာဖတ်သူများအား "သိရုံသက်သက် လူတတ်ကြီးများ" မဖြစ်စေဘဲ၊ ဘဝကို အမှန်တကယ် ပြောင်းလဲစေမည့် "လက်တွေ့လုပ်ဆောင်သူများ (Action Takers)" ဖြစ်လာစေရန် စာမျက်နှာတိုင်းတွင် တိုက်တွန်းနှိုးဆော်ထားသည်။

ဤစာအုပ်သည် လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ခေါင်းဆောင်များနှင့် မိမိကိုယ်မိမိ ယနေ့ထက်မက တိုးတက်လိုသူ လူငယ်တိုင်း လက်စွဲထားရှိရမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်သည်။

စာရေးသူ ပေးထားသည့် လုပ်ငန်းစဉ် (၅) မျိုးကို ဖတ်ရှုပြီး၊ အသိကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် သင်၏ ဘဝနှင့် လုပ်ငန်းခွင်ကို ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ အရောက်လှမ်းနိုင်မည်ဖြစ် ကြောင်း ရဲရဲကြီး အာမခံရင်း ဤစာအုပ်ကောင်းကို ညွှန်းဆိုလိုက်ရပါသည်။

Than Aung
CEO & Chief Capability Officer
MaximaxSoultion Corporate Advisory

#စီအီးအိုများအတွက်_စီမံခန့်ခွဲမှုဆိုင်ရာ_လက်စွဲစာအုပ်
ာအုပ်ဝယ်ယူရန် -

https://www.facebook.com/share/p/18nFZFtHCV/


  ရှိတယ်_ဘာလုပ်ရမှန်း_မသိရင်_ဒါကိုဖတ်ပါ၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်းကာလမှာ Bill Gross ဆိုသူဟာ ကားတွေကို Online ကနေ ...
16/09/2026

ရှိတယ်_ဘာလုပ်ရမှန်း_မသိရင်_ဒါကိုဖတ်ပါ

၁၉၉၀ ပြည့်လွန်နှစ်များ နောက်ပိုင်းကာလမှာ Bill Gross ဆိုသူဟာ ကားတွေကို Online ကနေ ရောင်းဖို့ Idea ရခဲ့ပါတယ်။

သူ့ Idea ကတော့...

Customer တွေ သူတို့ လိုချင်တဲ့ ကားကို Online ကနေ အလွယ်တကူ ရှာပြီး ဝယ်မယ်... Delivery နဲ့ အိမ်ကို လာပို့ပေးမယ်... ကားတွေကို သိုလှောင်ထားစရာ မလို၊ အရောင်းသမားလည်း မလိုတဲ့အတွက် ကားတွေကို Discount များများ ပေးနိုင်မယ်။

ဒါပေမဲ့ အဲဒီအချိန်မှာ ဒါမျိုးကို တစ်ယောက်မှ မလုပ်ဖူးတာမို့ ဖြစ်ပါ့မလားလို့ တွေးနေမိတယ်။ ဒေါ်လာ (၂၀,၀၀၀) လောက်တန်တဲ့ ကားကို စမ်းမောင်းမကြည့်ဘဲ Online က ဝယ်ပါ့မလား? စသည်ဖြင့် စိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။

စာဖတ်သူသာ Gross လိုမျိုး ကြုံတွေ့ရရင် ဘယ်လိုလုပ်မလဲ?

Gross လုပ်ပုံကို ဆက်ပြောပြပေးပါမယ်။ မိမိအတွေးနဲ့ တူသလားဆိုတာကို ဆန်းစစ်ကြည့်နိုင်ပါတယ်။ Gross က CEO တစ်ဦးကို ရက် (၉၀) ငှားလိုက်ပြီး ရက် (၉၀) အတွင်း ကားတစ်စီး ထွက်အောင် ရောင်းဖို့ တာဝန်ပေးလိုက်ပါတယ်။ စာမျက်နှာ နှစ်ခုပါတဲ့ Website တစ်ခုကိုလည်း ဖန်တီးပေးလိုက်ပါတယ်။

နောက်တစ်နေ့ မနက်မှာတော့ ကား (၃) စီး ရောင်းထွက်သွားပါပြီ။ Discount တွေ အရမ်းပေးထားတာမို့ Site ကိုလည်း မြန်မြန်ပဲ ပိတ်လိုက်ရပါတယ်။ ဒီစမ်းသပ်မှုဟာ CarsDirect.com တည်ထောင်ခြင်းဆီသို့ ဦးတည်သွားခဲ့ပါတယ်။ CarsDirect ဟာ (၃) နှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြီးဆုံး ကားအရောင်း Site ကြီး ဖြစ်လာခဲ့ပါတယ်။

ဒီဇာတ်လမ်းလေးကနေ ယူရမယ့် သင်ခန်းစာကတော့ Idea တစ်ခုခု ရှိတယ်ဆိုရင် တစ်ပိုင်တစ်နိုင် သဘော ခပ်သေးသေးလေး စမ်းလုပ်ကြည့်ပါ။ အဆင်မပြေရင် ဆုံးရှုံးမှု နည်းနည်းနဲ့ နောက်ဆုတ်လို့ ရပါတယ်။ အဆင်ပြေရင် ထပ်ချဲ့လို့ ရပါတယ်။

ခေါင်းထဲမှာ တွေးနေရုံနဲ့၊ လူတွေကို လိုက်မေးနေရုံနဲ့၊ Data တွေ အများကြီး ရှာဖွေစုဆောင်းနေရုံနဲ့ ဖြစ်လာဖို့ မလွယ်ပါဘူး။ စမ်းသပ်ကြည့်ခြင်းသည်သာ အသေအချာဆုံး နည်းလမ်းဖြစ်ပါတယ်။

Soe Win Khine
GRTD Consulting

CEO တစ်ဉီး/ လုပ်ငန်းရှင်တစ်ဉီး အနေနဲ့ လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို ရေးထားတဲ့စာအုပ် မရှိသလောက်ရှားပါတယ်။

လုပ်ငန်းရှင်တစ်ဦး လုပ်ဆောင်ရမဲ့ လုပ်ငန်းစဉ်တွေကို အသေးစိတ်ရေးသားဖော်ပြထားတဲ့ ပထမဆုံးစာအုပ်ထွက်ရှိလာပါပြီ...

#စီအီးအိုများအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လက်စွဲစာအုပ် GRTD Leadership စာအုပ်ဝယ်ယူရန်
https://www.facebook.com/share/p/1K6Atq9sc9/


𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗞𝗼 𝗠𝗼𝗲 𝗛𝘁𝗶𝗸𝗲------------------------------------------"အလွန်ကောင်းမွန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပြီး ဖတ်...
16/09/2026

𝗚𝗥𝗧𝗗 𝗕𝗼𝗼𝗸 𝗥𝗲𝘃𝗶𝗲𝘄 𝗯𝘆 𝗞𝗼 𝗠𝗼𝗲 𝗛𝘁𝗶𝗸𝗲
------------------------------------------

"အလွန်ကောင်းမွန်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပြီး ဖတ်ရှုသူတိုင်းအတွက် အသိပညာတွေ တိုးပွားစေပါတယ်..."✨

"GRTD Leadership Approach" စာအုပ်ဟာ စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာနဲ့ ဗဟုသုတများကို စနစ်တကျ လေ့လာလိုသူ ခေါင်းဆောင်များအတွက် မရှိမဖြစ် ဖတ်ရှုသင့်သည့် စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။

ခေါင်းဆောင်တစ်ဦး သိရှိထားရမည့် စီမံခန့်ခွဲမှု အတတ်ပညာများနှင့် လက်တွေ့ကျသည့် နည်းလမ်းများကို အလွယ်တကူ လေ့လာဆည်းပူးနိုင်အောင် ရေးသားထားသည့် စာအုပ်ဖြစ်ပါတယ်။

Ko Moe Htike
(GRTD Leadership Customer)



Address

No (15/17), 8th Floor/B, Yangon/Insein Road, Hledan, Yangon
Yangon
11041

Telephone

+959740907838

Website

Alerts

Be the first to know and let us send you an email when GRTD Leadership posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to GRTD Leadership:

Shortcuts

Share