24/08/2026
ဆိုလာ/အင်ဗာတာ/ဘက္ထရီတွေ စျေးတက်ပါတယ်
-----------------------------------------------
ကိုယ်တိုင်သွင်းထားတဲ့ Jinko ကွန်တိန်နာတွေ ကုန်လို့ ဒီမှာပဲ ဝယ်ဖို့စုံစမ်းတော့မှ စျေးတွေက ကြောက်ခမန်းလိလိတက်နေတာ တွေ့တော့တယ်။ ကိုယ်သွင်းခဲ့တဲ့ Jinko 590 Mono Global version အစစ်ကို အမြင့်ဆုံး ၅၅၀၀၀၀ ရောင်းခဲ့ပြီးအခု ဝယ်ရင် ၆၀၀၀၀၀ တောင် မရတော့ ဘူး။ ပစ္စည်းတွေလည်း ပြတ်တာများတယ်။အမှန်အတိုင်းပြောရရင် ပြသနာများတဲ့ Jinko ကို ဒီမှာ ဝယ်မရောင်းချင်တော့ဘူး။တခြား တံဆိပ်စုံစမ်းတော့လည်း အာမခံမပါတာနဲ့ Factory အာမခံ ဆိုပြီးပြောကြတော့(သူတို့လည်း လျော်ရမှာစိုးလို့ ကြိုကန် ထားကြတာ) အတော်လေး လုပ်ရခက်ပါတယ်။
ကာစတမ်မာ သိတာက ကိုယ့်ကုမ္ပဏီ၊ကိုယ့်နံမည်၊ကိုယ့်ဆီက ဝယ်ထားတာ။
မူလထုတ်လုပ်သူ (factory), တင်သွင်းရောင်းချသူ importer/distributor တွေ သူတို့မသိဘူး။ ပြသနာ တက်တော့မှ ကျွန်တော်က Retailer/installer ပါ။
သွင်းရောင်းတဲ့ importer က တာဝန်မယူလို့
ဆိုပြီးလွှဲချ လို့မရဘူး။ ကိုယ်ပဲ နံမည်ပျက်မယ်။
-
ဘယ်လိုပဲဖြစ်ဖြစ်ပြသနာ အနည်းနိုင်ဆုံး၊အရည်အသွေးစိတ်ချရမယ့် ပစ္စည်းကိုပဲ တာဝန်ယူပြီး ရောင်းချ တပ်ဆင်ပေးပါမယ်။ သေချာစိစစ်သားနဲ့ ဖြစ်လာရင် ဘယ်သူ့မှ လွှဲမချဘဲ ကျွန်တော်တို့ NEC ကသာ အပြည့်အဝ တာဝန်ယူဖြေရှင်းပေးပါမယ်။
-
NEC SOLAR
အမှတ် (၁၁၇၄) ၊ သုမန လမ်း ၊ ၂/ တောင် ရပ်ကွက်
အမှတ်(၂) စျေးရှေ့ ၊ သာကေတမြို့နယ်။
ဖုန်း - 09-765647526 ,09-765647528,
09-444295750, 09-444296069