28/08/2019
UN’s Sustainable Development Goals
ကမ္ဘာ့ကုလသမဂ္ဂ၏ ကမ္ဘာလုံးဆိုင်ရာ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းချက်ပန်းတိုင်များ
=====
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၁၉၃)နိုင်ငံမှ ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် 2030 Agenda for Sustainable Development (ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ၂၀၃၀ခုနှစ်အထိ လုပ်ငန်းစဉ်များ) ကို အတည်ပြု အသက်သွင်းခဲ့ပါတယ်။
=====
အဆိုပါ ကမ္ဘာ့ကုလသမဂ္ဂညီလာခံ၏ အတည်ပြုဆုံးဖြတ်ချက်ထဲတွင် Sustainable Development Goals [SDGs] ပန်းတိုင်ပေါင်း (၁၇)ခု နှင့် ဆက်စပ်ရည်မှန်းချက်ပေါင်း (၁၆၉)ချက်တို့ ပါဝင်ပါသည်။
ဆောင်ပုဒ်အဖြစ် “People, Planet and Prosperity” “လူသားများ၊ ကမ္ဘာမြေကြီးနှင့် ကြွယ်ဝချမ်းသာခြင်း” (P) သုံးလုံးဖြင့် ဖော်ဆောင်ခဲ့ပါသည်။
=====
ပါဝင်သည့် အဓိကပန်းတိုင် (၁၇)ချက်မှာ -
၁။ No Poverty - ဆင်းရဲမှု ပပျောက်ရေး
၂။ Zero Hunger - ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး
၃။ Good Health and Well-being - ကျန်းမာရေးစောင့်ရှောက်မှုများ အပြည့်အဝရရှိရေး
၄။ Quality Education - အရည်အသွေးပြည့်မှီသည့် ပညာရေးစနစ်များ ဖော်ဆောင်ပေးရေး
၅။ Gender Equality - ကျား/မအခွင့်အရေး တန်းတူညီမျှမှု ရရှိစေရေး
၆။ Clean Water and Sanitation - ရေသန့်နှင့် မိလ္လာစနစ်များ ကောင်းမွန်စေရေး
၇။ Affordable and Clean Energy - လက်ခံနိုင်သည့်တန်ဖိုးဖြင့် သန့်ရှင်းသောစွမ်းအင်များ ရရှိရေး
၈။ Decent Work and Economic Growth - သင့်တင့်သောအလုပ်အကိုင်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ဖော်ဆောင်ပေးရေး
၉။ Industry, Innovation and Infrastructure - စက်မှုလုပ်ငန်းများ၊ စွန့်ဦးတီထွင်မှုများနှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရေး
၁၀။ Reduced Inequalities - ဘက်လိုက်ခြင်း၊ မညီမျှခြင်းများကို လျော့ချပေးရေး
၁၁။ Sustainable Cities and Communities - ရေရှည်တည်တံ့သည့် မြို့တော်များနှင့် လူမှုပတ်ဝန်းကျင် ဖန်တီးပေးရေး
၁၂။ Responsible Consumption and Production - ကုန်နိုင်သည့်ပမာဏခန့် စားသုံးရေးနှင့် ပမာဏမျှတစွာ ထုတ်လုပ်ပေးနိုင်ရေး
၁၃။ Climate Action - ရာသီဥတုမျှတစေရန် ဆောင်ရွက်ပေးနိုင်ရေး
၁၄။ Life below Water - ရေနေသတ္တဝါများ ဂေဟစနစ်ညီမျှစေရေး
၁၅။ Life on Land - ကုန်းနေသတ္တဝါများ ဂေဟစနစ်ညီမျှစေရေး
၁၆။ Peace, Justice and Strong Institutions - ငြိမ်းချမ်းရေး၊ တရားစီရင်ရေး နှင့် ခိုင်မာသည့် တရားဥပဒေများ ပြဌာန်းနိုင်ရေး
၁၇။ Partnerships for the Goals - ရည်မှန်းချက်ပန်းတိုင်များ ပြည့်မှီရန် အဖွဲ့ဝင်နိုင်ငံများအားလုံး ပူးပေါင်းဆောင်ရွက်နိုင်ရေး တို့ ဖြစ်ပါသည်။
=====
၂၀၁၅ခုနှစ်မှ ၂၀၃၀ခုနှစ်အထိ (၁၅)နှစ်တာကာလအတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများအားလုံး ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်နိုင်ငံမျှ နောက်ကျမကျန်ခဲ့စေရန်လည်း ထည့်သွင်းဖော်ပြခဲ့ပါသည်။
နိုင်ငံတိုင်း၏ Social, Economic and Environmental (လူမှုဘဝ၊ စီးပွားရေး နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး) တို့အတွက် စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်၍ လိုအပ်သည်များကိုလည်း ကုလသမဂ္ဂအနေဖြင့် ကူညီဆောင်ရွက်ပေးရန် ထည့်သွင်းဆုံးဖြတ်ခဲ့ပါသည်။
=====
ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သည့်အားလျော်စွာ အထက်ပါ(၁၇)ချက်ကို ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်နေလျက် ရှိပါသည်။
=====
Credit: Htet Khaing Kyi Lin
ထက်ခိုင်(WMU)
၃၁-၀၇-၂၀၁၉