Genius Training for SMEs

Genius  Training for SMEs SMEs လုပ်ငန်းရှင်များအတွက် အချိန်တိုတွင်း လေ့လာအသုံးချနိုင်မည့် Business Management သင်တန်းများ
(444)


Giant Wave Co., Ltd ရဲ့  Senior Leaders များကိုယ်တိုင်ဦးဆောင်ပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ Team Retreat Program Day 2 ...
26/08/2026

Giant Wave Co., Ltd ရဲ့ Senior Leaders များကိုယ်တိုင်ဦးဆောင်ပြီး တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ Team Retreat Program Day 2 - Zumba Session ကိုဝေမျှပေးချင်ပါတယ်။
နောက်ထပ်လာမယ့် Activity တိုင်းအတွက်လည်း အားလုံး Ready ဖြစ်နေကြမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။





RACI project တစ်ခုချင်းစီအတွက် feedback ပေးရင်းလေ့လာသင်ယူမှုတွေစတင်နေကြပါပြီ         culture
26/08/2026

RACI project တစ်ခုချင်းစီအတွက် feedback ပေးရင်းလေ့လာသင်ယူမှုတွေစတင်နေကြပါပြီ





culture

Building Synergy, Alignment & Unstoppable Momentum! *************************************************************Giant W...
25/08/2026

Building Synergy, Alignment & Unstoppable Momentum!

*************************************************************

Giant Wave Pharmaceutical Company Limited ၏ Leadership & Organizational Alignment Retreat Day 1 နံနက်ပိုင်း Session တွင် Team တိုင်း အချင်းချင်း ချိတ်ဆက်မှု ပိုမိုအားကောင်းစေရန်နှင့် လုပ်ဆောင်ချက်များ အပြည့်အဝ Align ဖြစ်စေရန် တက်ကြွစွာ စတင်လိုက်ပါပြီ။

ခေါင်းဆောင်မှုလမ်းကြောင်းအတွက် အတူတူ လျှောက်လှမ်းရာတွင် အသင်းအဖွဲ့တစ်ခုချင်းစီ၏ Goal များ၊ Synergy များနှင့် Operational Flow များကို တစ်ထပ်တည်းဖြစ်အောင် စနစ်တကျ ပို့ချပေးလျက်ရှိပါသည်။

သင်တန်းသား/သူများမှလည်း သာမန်သင်ယူမှုမျိုး မဟုတ်ဘဲ အချင်းချင်း ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ Interactive Activities များတွင် အားအပြည့်ဖြင့် ပါဝင်ဆောင်ရွက်ခြင်းတို့ဖြင့် သင်ယူမှု ရလဒ်များကို အကောင်းဆုံး ဖော်ထုတ်နေကြပါသည်။

ဌာနတစ်ခုနှင့်တစ်ခုအကြား လုပ်ငန်းစဉ်များ ပိုမိုချောမွေ့ စနစ်ကျစေရန်နှင့် ဘုံရည်မှန်းချက်ဆီ အတူတကွ ဦးတည်နိုင်စေရန် ထိရောက်သော Alignment Exercises များကို ပြုလုပ်လျက်ရှိပါသည်။

စိတ်အားထက်သန်မှု၊ တက်ကြွမှုများနှင့် ပြည့်နှက်နေသည့် Day 1 နံနက်ပိုင်း ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။





Leadership & Organizational Alignment Retreat  အတွက် အဆင့်သင့်နီးပါးဖြစ်နေပါပြီပျော်ရွှင်စရာသင်ကြားမှု့လေးပါ  Team
25/08/2026

Leadership & Organizational Alignment Retreat အတွက် အဆင့်သင့်နီးပါးဖြစ်နေပါပြီ

ပျော်ရွှင်စရာသင်ကြားမှု့လေးပါ

Team

23/08/2026

"လူတိုင်း မေးလေ့ရှိကြတယ်... Business System ဆိုတာ လုပ်ငန်းကြီးမှ လိုတာလား? လုပ်ငန်းအသေးလေးတွေရော မလိုဘူးလား?"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မကြာခဏ ဆိုသလို လုပ်ငန်းရှင်အများစု မှားယွင်းထင်မြင်မိကြတဲ့ အချက်တစ်ခုရှိပါတယ်။
"ငါ့လုပ်ငန်းက အသေးလေးပဲရှိသေးတာ၊ ဝန်ထမ်းနည်းနည်းပဲရှိသေးတာ System ဆောက်ဖို့ မလိုသေးပါဘူး" ဆိုတဲ့ အတွေးပါ။

အမှန်တကယ်တော့... Business System ဆိုတာ ဘာလဲ?
မနက်တိုင်း ဆိုင်ဖွင့်တာ၊ ပစ္စည်းရောင်းတာ၊ Customer နဲ့ ဆက်ဆံတာ၊ ကြိုဆိုနှုတ်ဆက်တာ ၊ ဂိုဒေါင်ထဲ ပစ္စည်းသွင်း/ထုတ်တာ၊ ဝန်ထမ်း လစာပေးတာ... ဒီနေ့စဉ် လုပ်ဆောင်နေရတဲ့ Daily Operations/Processes တွေဟာ လုပ်ငန်းအသေးရော အကြီးမှာပါ ရှိနေပြီးသား ဖြစ်ပါတယ်။

***************************************************************

စနစ် (Standardization) မရှိရင် ဘာတွေဖြစ်လာမလဲ?
*************************************************

ကျွမ်းကျင် ဝန်ထမ်းတစ်ယောက် အလုပ်ထွက်သွားရင် လုပ်ငန်းပါ ထိခိုက်သွားမယ်။

ဝန်ထမ်းသစ်ရောက်လာတိုင်း အစကနေ ပြန်သင်နေရလို့ အချိန်တွေ ကုန်မယ်။

တစ်ယောက်တစ်မျိုး လုပ်နေကြလို့ လုပ်ငန်းရဲ့ Quality နမူနာတွေ ကွဲလွဲပြီး Gap တွေ အများကြီး ဖြစ်လာမယ်။

လုပ်ငန်းရှင်ကိုယ်တိုင် မရှိရင် လုပ်ငန်း လည်ပတ်လို့ မရတဲ့အထိ ဒုက္ခရောက်ရမယ်။

ဒါကြောင့်မို့ လုပ်ငန်းအသေးလေးကနေ စတင်ပြီး စနစ်တကျ ပြင်ဆင်ထားမှသာ၊ လုပ်ငန်း ကြီးထွားလာတဲ့အခါ အစစအရာရာ အဆင်ပြေပြီး အောင်မြင်စွာ ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် "လုပ်ငန်း အသေးလေးတွေမှာလည်း Business System ခိုင်မာစွာ လိုအပ်ပါတယ်"။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"System for your Business" သင်တန်းမှာဘာတွေလက်တွေ့ လေ့လာရမလဲ?
**********************************************************************
သင်တန်းက သီအိုရီသက်သက် မဟုတ်ဘဲ လုပ်ငန်းခွင် လက်တွေ့အသုံးချ Strategic Methods များကို အသေးစိတ် လေ့လာသွားရပါမည်။

🔹 မူဝါဒများ (Policies) တည်ဆောက်ခြင်း - လုပ်ငန်း၏ ခိုင်မာသော စည်းမျဉ်းများ သတ်မှတ်ခြင်း
🔹 လုပ်ငန်းစဉ် (Processes & Workflows) - အလုပ်များ အဟန့်အတားမရှိ လောဆလည်ပတ်နိုင်ရေး ရေးဆွဲခြင်း
🔹 Standard Operating Procedures (SOP) - ဝန်ထမ်းတိုင်း တိကျစွာ လိုက်နာနိုင်မည့် SOP များ ပြင်ဆင်ခြင်း
🔹 Effective Training & Monitoring - ဝန်ထမ်းများကို ထိရောက်စွာ လေ့ကျင့်ပေးခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း
🔹 Tools, Checklists, Forms & Formats - လုပ်ငန်းခွင်သုံး ပုံစံစနစ်များ ကိုယ်တိုင် ဖန်တီးခြင်း
🔹 Workplace Cooperation & Kaizen Culture - လုပ်ငန်းခွင် အလေအလွင့် ၇၅% အထိ လျှော့ချရေး
🔹 Mindset & Habit Transformation - ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် အလေ့အထများကို အပြုသဘောဆောင် ပြောင်းလဲပေးခြင်း

သင်တန်းအသေးစိတ်လေးကတော့
**********************************

သင်တန်းရက်: 2026 ခုနှစ်၊ စက်တင်ဘာလ (4, 5, 6) ရက် (သောကြာ၊ စနေ၊ တနင်္ဂနွေ)

သင်တန်းချိန်: နံနက် 9:00 AM မှ ညနေ 5:00 PM အထိ

သင်တန်းနေရာ: Sein Lan So Pyay Garden (စိန်လန်းစိမ်းပြေဥယျာဉ်)

သင်တန်း စုံစမ်း/အပ်နှံရန်
************************
တက်ရောက်လိုပါက အောက်ပါ Contact များကို တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါပြီခင်ဗျာ။

Page Messenger: (တိုက်ရိုက် စာပို့နိုင်ပါသည်)

Viber / Hotline Phone:
📞 09-448886577
📞 09-448886588
📞 09-440393939








22/08/2026

"စျေးလျှော့ရောင်းရတာ မောလှပြီ... Quality ကောင်းလျက်နဲ့ ဘာလို့ စျေးပြိုင်ချနေရတာလဲ?"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
စီးပွားရေးလုပ်ငန်း တော်တော်များများ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး စိန်ခေါ်မှုကတော့ Price War (စျေးနှုန်းပြိုင်ဆိုင်မှု) ပါပဲ။
စျေးကွက်ထဲမှာ စျေးပေါပေါနဲ့ အရည်အသွေးမမီတဲ့ အစားထိုးပစ္စည်းတွေ များပြားလာတဲ့အခါ၊ လုပ်ငန်းရှင်အများစုဟာ Customer လှည့်လာအောင် လိုက်ပြီး စျေးလျှော့ရောင်းမိတတ်ကြပါတယ်။
ဒါပေမဲ့ ဒါဟာ ရေရှည်အတွက် မှန်ကန်တဲ့ နည်းဗျူဟာ ဟုတ်ရဲ့လား?
Strategic Business Plan (SBP) သင်တန်း ရဲ့ ဒီသင်ခန်းစာမှာတော့ စျေးပြိုင်မချဘဲ စျေးကွက်ကို ဦးဆောင်နိုင်မယ့် နည်းလမ်းကို အခုလို ရှင်းပြထားပါတယ် -
*Quality မချပါနဲ့ - Differentiation ကို သုံးပါ
အရည်အသွေးကောင်းမွန်တဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှု ရှိနေပါလျက်နဲ့ စျေးလျှော့ပြိုင်ရောင်းဖို့ မလိုပါဘူး။ ကိုယ့်ရဲ့ Product က ပြိုင်ဘက်တွေနဲ့ "ဘာတွေ မတူကွဲပြားပြီး ပိုကောင်းနေတာလဲ" ဆိုတဲ့ Differentiation Strategy ကို သေချာဖော်ထုတ်ရပါမယ်။
*"Why You?" ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသပါ
ဝယ်ယူသူတွေက "ဒီပစ္စည်းက ဘာလို့ စျေးပိုကြီးရတာလဲ" လို့ မေးစရာမလိုအောင်၊ ကိုယ့်ပစ္စည်းရဲ့ တန်ဖိုး (Value) နဲ့ ခိုင်မာတဲ့ အားသာချက်တွေကို ပေါ်လွင်အောင် ချပြနိုင်ရပါမယ်။
* Cost Leadership လား? Strong Quality လား?
ကုန်ကျစရိတ် သက်သာစွာဖြင့် Cost Leadership ယူမလား၊ သို့မဟုတ် အရည်အသွေးမြင့်မားမှုကို အခြေခံပြီး Premium Brand အဖြစ် ရပ်တည်မလားဆိုတာ မိမိလုပ်ငန်းနဲ့ ကိုက်ညီတဲ့ Strategic Position ကို တိတိကျကျ ရွေးချယ်နိုင်ရပါမယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
မိမိ၏ စီးပွားရေးလုပ်ငန်းကို စျေးနှုန်းပြိုင်ဆိုင်မှုနွံထဲမှ ရုန်းထွက်ပြီး၊ ခိုင်မာသော နည်းဗျူဟာများဖြင့် ရေရှည်တိုးတက်အောင် မည်သို့ စီမံရမည်ကို Strategic Business Plan - Batch 79 သင်တန်းတွင် ဆက်လက်လေ့လာနေကြပါပြီ။
👉 သင်တန်းအသေးစိတ်နှင့် စုံစမ်းရန်:
📩 Send Message ကို နှိပ်၍ သို့မဟုတ်
ဆက်သွယ်ရန်ဖုန်း
*****************
09448886577
09448886588
09448886599 သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Customer တွေ သင်ဆီက ပစ္စည်းမဝယ်တာ Product ကြောင့် မဟုတ်ဘဲ Process နဲ့ Physical Evidence ကြောင့် ဖြစ်နိုင်ပါတယ်။🪴🪴🪴🪴🪴🪴🪴🪴🪴...
22/08/2026

Customer တွေ သင်ဆီက ပစ္စည်းမဝယ်တာ Product ကြောင့် မဟုတ်ဘဲ Process နဲ့ Physical Evidence ကြောင့် ဖြစ်နိုင်ပါတယ်။
🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴
လုပ်ငန်းရှင်များစွာက "ငါ့ Product က အရည်အသွေး သိပ်ကောင်းတာပဲ၊ ဘာလို့ အရောင်းမတက်တာလဲ" ဆိုပြီး ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ Marketing ဆိုတာ Product တစ်ခုတည်း မဟုတ်ပါဘူး။ Service & Business Systems တွေမှာ 7Ps Marketing Mix ထဲက Process နဲ့ Physical Evidence က အလွန်အရေးကြီးပါတယ်။
Process အနေနဲ့ Customer တစ်ယောက် သင်နှင့် စတင်ဆက်သွယ်ချိန်မှ ပစ္စည်းရရှိပြီးနောက်အထိ ဖြတ်သန်းရတဲ့ Journey ကို ဆိုလိုပါတယ်။ Inquiry လုပ်ရတာ ခက်နေသလား? စောင့်ဆိုင်းချိန် (Waiting time) ကြာနေသလား? Product ကောင်းပေမဲ့ စိတ်ပျက်စရာ Process နဲ့ ကြုံရရင် Repeat Purchase လျှော့ကျသွားမှာပါ။
Physical Evidence (မြင်နိုင်၊ ထိတွေ့နိုင်သော သက်သေ) အနေနဲ့
Customer က သင့်ရဲ့ Service အရည်အသွေးကို မမြင်နိုင်ခင်မှာ သင်ပြသထားတဲ့ Physical Evidence တွေကို အရင်မြင်ရတာပါ။ ဆိုင်မျက်နှာစာ အပြင်အဆင်၊ Staff Visual/Uniform၊ Packaging၊ Social Media Review နဲ့ Digital Proof တွေက Customer ရဲ့ ယုံကြည်မှု (Trust) ကို တိုက်ရိုက် ဖန်တီးပေးပါတယ်။
သင့်လုပ်ငန်းမှာ Customer ဝယ်ယူတဲ့ Process ကို ပိုမြန်၊ ပိုလွယ်၊ ပိုယုံကြည်ရအောင် စနစ်တကျ ပုံဖော်ထားရဲ့လား? Touchpoint အားလုံးမှာ Brand Standard တူညီအောင် လုပ်ထားရဲ့လား?
🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴🪴
သင့်လုပ်ငန်းရဲ့ Marketing Flow နဲ့ Customer Experience ကို System ကျကျ တည်ဆောက်ချင်ရင်တော့ System for your Business သင်တန်းမှာ အဖြေရှာလိုက်ပါ။
သင်တန်းစုံစမ်းရန်
******************
09448886577
09448886588
09448886599

SWOT လုပ်ပြီး ရပ်နေရင် မလုံလောက်ပါဘူး - Action Strategy ထွက်လာဖို့ TOWS Analysis ကို သုံးရပါမယ်🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀SME လုပ်...
22/08/2026

SWOT လုပ်ပြီး ရပ်နေရင် မလုံလောက်ပါဘူး - Action Strategy ထွက်လာဖို့ TOWS Analysis ကို သုံးရပါမယ်

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

SME လုပ်ငန်းရှင် တော်တော်များများ SWOT Analysis လုပ်ကြတယ်။
"ငါ့မှာ ဒါတွေ အားသာတယ်၊ ဒါတွေ အားနည်းတယ်၊ ပြင်ပမှာ ဒါတွေ အခွင့်အလမ်းရှိတယ်" ဆိုပြီး စာရွက်ပေါ်မှာ အချက်အလက်တွေ ရေးပြီး ရပ်သွားကြလေ့ရှိပါတယ်။

စနစ်ကျတဲ့ Strategic Plan တစ်ခုမှာ SWOT က "ငါတို့ ဘယ်အခြေအနေမှာ ရှိနေသလဲ" ဆိုတာကိုပဲ ပြောပြတာဖြစ်ပြီး၊ "ဒါဆို ဘာဆက်လုပ်ရမလဲ" ဆိုတဲ့ Action Strategy ထွက်လာဖို့ဆိုရင် TOWS Matrix ကို ပြောင်းလဲ အသုံးပြုရပါတယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

TOWS Matrix ရဲ့ Cross-Match နည်းဗျူဟာ (၄) မျိုး:

SO Strategy (Maxi-Maxi): ကိုယ့်ရဲ့ အားသာချက် (Strength) တွေကို အသုံးချပြီး ပြင်ပ အခွင့်အလမ်း (Opportunity) ကို အမိအရ ဆုပ်ကိုင်တာ။

WO Strategy (Mini-Maxi): အခွင့်အလမ်း ကောင်းတွေရှိနေပေမဲ့ ကိုယ့် အားနည်းချက် (Weakness) ကြောင့် မယူနိုင်သေးရင် အဲဒီ အားနည်းချက်ကို ဖြည့်ဆည်းပြီး အခွင့်အလမ်းကို ရယူတာ။

ST Strategy (Maxi-Mini): ပြင်ပ ခြိမ်းခြောက်မှု (Threat) တွေ လာတဲ့အခါ ကိုယ့်မှာ ရှိပြီးသား အားသာချက်နဲ့ ကာကွယ်/တုံ့ပြန်တာ။

WT Strategy (Mini-Mini): အားနည်းချက်နဲ့ ခြိမ်းခြောက်မှု ၂ ခုလုံးရဲ့ သက်ရောက်မှုကို လျှော့ချပြီး Survival ဖြစ်အောင် ထိန်းတာ။

SWOT က အခြေအနေကို ပုံဖော်ပေးတယ်။ TOWS ကတော့ ရလဒ်ထွက်မယ့် Strategy Idea တွေ ထုတ်ပေးပါတယ်။ လုပ်ငန်းတစ်ခု ရေရှည်တိုးတက်ဖို့ဆိုရင် Action Plan နဲ့ KPI ထိ ရောက်အောင် ချိတ်ဆက်ဖို့ လိုပါတယ်။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

သင်တန်းမှာ ဒီလို Practical Framework တွေကို စနစ်တကျ လေ့ကျင့်သွားမှာဖြစ်သလို၊ သင့်လုပ်ငန်းကို စနစ်တကျ လည်ပတ်နိုင်ဖို့ System for your Business အတန်းမှာလည်း လက်တွေ့ ရေးဆွဲစနစ်တကျ လေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။

System for your Business အတန်းမှာတော့
"လုပ်ငန်းရှင်က မရှိရင် အလုပ်မဖြစ်ဘူး" ဆိုတဲ့ သံသရာထဲက ဘယ်လိုရုန်းထွက်မလဲ? ဆိုတာကို စဉ်စားရမှာပါ။

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

လုပ်ငန်းစတင်ချိန်မှာ လုပ်ငန်းရှင်ကိုယ်တိုင် အရောင်း၊ စာရင်း၊ HR နဲ့ Operations အကုန်လိုက်လုပ်ရတာ သဘာဝပါ။ ဒါပေမဲ့ လုပ်ငန်းသက်တမ်း ၃ နှစ်၊ ၅ နှစ်ကြာတဲ့အထိ အရာရာကို လုပ်ငန်းရှင်ကပဲ ဆုံးဖြတ်၊ ညွှန်ကြား၊ လိုက်စစ်နေရတုန်းဆိုရင် သင့်မှာ "Business" မရှိသေးပါဘူး၊ "အလုပ်တစ်ခု" ပဲ ရှိသေးတာပါ။

လုပ်ငန်းရှင်မရှိရင် လည်ပတ်မှု မနှေးကွေးသွားဘဲ Autopilot စနစ်နဲ့ လည်ပတ်နိုင်ဖို့ System for your Business လိုအပ်ပါတယ်။

ဒီအတန်းမှာ သင့်လုပ်ငန်းအတွက် ဘာတွေ လက်တွေ့တည်ဆောက်သွားရမလဲဆိုရင်

**************************************************

ဝန်ထမ်းတစ်ဦးစီ၏ တာဝန်နှင့် လုပ်ပိုင်ခွင့် (Roles & Responsibilities) များကို တိကျစွာ သတ်မှတ်ခြင်း။

လုပ်ငန်းရှင် မရှိလည်း အရည်အသွေး မကျဘဲ စံချိန်စံညွှန်းအတိုင်း ထွက်လာစေမည့် စနစ်များ ရေးဆွဲခြင်း။

အလုပ်များကို ဝန်ထမ်းများထံ လွှဲအပ်ပြီး စနစ်တကျ ပြန်လည် စောင့်ကြည့် စစ်ဆေးသည့် စနစ် တည်ဆောက်ခြင်း။ အစရှိသည်တို့ကို အသေးစိတ် လေ့လာရမှာပါ။

တကယ်တော့် လုပ်ငန်းရှင်က "Daily Firefighting" (နေ့စဉ် ပြဿနာလိုက်ရှင်းခြင်း) ကနေ လွတ်မြောက်မှသာ လုပ်ငန်းတိုးတက်ဖို့ Strategic Thinking ကို အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

သင်တန်းစုံစမ်းရန်
*****************
09448886577
09448886588
09448886599

22/08/2026

မိရိုးဖလာ စီမံအုပ်ချုပ်မှုကနေ စနစ်ကျတဲ့ Business System တစ်ခုဆီသို့...

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

"ကျွန်မတို့ လုပ်ငန်းရှင်အများစုဟာ မိမိလုပ်ငန်းကို စနစ်ကျချင်ကြပါတယ်။ စနစ်ကျတယ်ဆိုတာ လုပ်ငန်းမှာ SOP (Standard Operating Procedures) တွေရှိပြီး ဝန်ထမ်းတွေက သေချာနားလည်လိုက်ပါဆောင်ရွက်နိုင်တာ၊ လုပ်ငန်းခွင်မှာ အမှားအယွင်းနဲ‍့ အလေအလွင့် (Waste) တွေ လျှော့နည်းသွားတာကို ဆိုလိုတာပါ..."

********************************************************************

အလုပ်တွေကို ကိုယ်တိုင် အစအဆုံး မစောင့်ကြပ်ရရင် မပြီးမြောက်မှာ စိုးရိမ်နေရပါသလား?
ဝန်ထမ်းတွေ ခဏခဏ ဝင်လိုက်/ထွက်လိုက် ဖြစ်နေလို့ အလုပ်အဆင်မပြေ ကြုံနေရပါသလား?
နေ့စဉ်နေ့တိုင်း တူညီတဲ့ ပြဿနာတွေကိုပဲ ထပ်ကာထပ်ကာ လိုက်ဖြေရှင်းနေရလို့ စိတ်ပင်ပန်းနေပြီလား?

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

"System တစ်ခုဆိုတာ Document တွေ ရှိရုံနဲ့ မပြည့်စုံပါဘူး... လုပ်ငန်းခွင်မှာ ရှိနေတဲ့ ဝန်ထမ်းတွေရဲ့ အလေ့အထနဲ့ စိတ်ဓာတ်တွေပါ ပြောင်းလဲသွားမှသာလျှင် ဒီ System တစ်ခုဟာ အမှန်တကယ် အောင်မြင်မှာ ဖြစ်ပါတယ်။"
ဒီလိုပြဿနာတွေကို အမြစ်ပြတ်ဖြေရှင်းပြီး မိရိုးဖလာအုပ်ချုပ်မှုမှ စနစ်ကျသော လုပ်ငန်းအဖြစ် ပြောင်းလဲနိုင်ဖို့ The Genius Training Center ရဲ့ Bestseller သင်တန်းဖြစ်တဲ့ "System for Your Business" သင်တန်းကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဒီသင်တန်းကနေ ဘာတွေ ရရှိသွားမလဲ?

***************************************

စနစ်ကျတဲ့ Business System တစ်ခု တည်ဆောက်ရာမှာ လိုအပ်တဲ့ -
မူဝါဒများ (Policies) တည်ဆောက်ခြင်း
လုပ်ငန်းစဉ် (Processes & Workflows) များ ရေးဆွဲခြင်း
လုပ်ထုံးလုပ်နည်း (SOP) များ စနစ်တကျ ပြင်ဆင်ခြင်း
ဝန်ထမ်းများကို ထိရောက်စွာ Training ပေးခြင်းနှင်‍့ Monitoring ပြုလုပ်ခြင်း
လုပ်ငန်းခွင်သုံး Tools, Checklists, Forms & Formats များ ဖန်တီးခြင်း
Workplace Cooperation & Kaizen Culture (အလေအလွင့် ၇၅% အထိ လျှော့ချရေး)
ဝန်ထမ်းများ၏ စိတ်ဓာတ်နှင့် အလေ့အထများကို အပြုသဘောဆောင် ပြောင်းလဲပေးခြင်း
စသည့် အရေးကြီးသော မဟာဗျူဟာမြောက် နည်းလမ်းများကို လက်တွေ့အတွေ့အကြုံများနှင့်တကွ အသေးစိတ် လေ့လာသွားရမည် ဖြစ်ပါသည်။

*************************************************************
မြန်မာနိုင်ငံ၏ လုပ်ငန်းကြီးများစွာကို Business System စနစ်တကျ အောင်မြင်စွာ ချမှတ်ပေးခဲ့သည့် ဆရာမ ဒေါ်ဖြိုးဇာဇာမောင် ကိုယ်တိုင် အနီးကပ် ပို့ချပေးသွားမည် ဖြစ်ပါသည်။

သင်တန်းအသေးစိတ်
သင်တန်းရက် - 2026 ခုနှစ်၊ စက်တင်ဘာလလ ( 4, 5, 6) ရက် ( သောက်ြာ၊ စနေ၊ တနင်္ဂနွေ၊ )
သင်တန်းချိန် - နံနက် 9:00 AM မှ ညနေ 5:00 PM အထိ
သင်တန်းနေရာ - Sein Lan So Pyay Garden
📞 သင်တန်းစုံစမ်း/အပ်နှံရန်
Page Messenger မှ ဖြစ်စေ
Viber / Hotline Phone:
📲 09-448886577
📲 09-448886588
📲 09-440393939
မနက်ဖြန်အတွက် ပိုမိုခိုင်မာပြီး စနစ်ကျတဲ့ လုပ်ငန်းတစ်ခုအဖြစ် စတင်ပြောင်းလဲဖို့ အခုပဲ ဆက်သွယ်စုံစမ်းလိုက်ပါ!











21/08/2026

"ARE YOU READY FOR STRATEGIC BUSINESS PLAN BATCH-79?"

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

မနက်ဖြန်မှာ စတင်တော့မယ့် Strategic Business Plan (Batch-79) အတွက် ပြင်ဆင်ပြီးကြပြီလား?

လုပ်ငန်းတစ်ခုကို ရေရှည်ခိုင်မာစွာ လည်ပတ်နိုင်ဖို့အတွက် စနစ်တကျ ရေးဆွဲထားတဲ့ မဟာဗျူဟာ (Roadmap) ထက် အရေးကြီးတာ ဘာမှမရှိပါဘူး။

ဒီသင်တန်းမှာ -

စာတွေ့တင်မကဘဲ လက်တွေ့ကျကျ Group Discussion တွေ၊ Activity တွေနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူရမယ်

အခြားလုပ်ငန်းရှင်တွေနဲ့ အတွေ့အကြုံများ ဖလှယ်ပြီး ခိုင်မာတဲ့ Business Networking ကို တည်ဆောက်နိုင်မယ်

သင်တန်းအပြီးမှာ သင့်လုပ်ငန်းအတွက် စနစ်တကျ အသုံးချနိုင်မယ့် Strategic Plan ကိုယ်တိုင် ရေးဆွဲနိုင်သွားမယ်

🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯🎯

Special Offer ပါဝင်တဲ့ နောက်ဆုံးနေရာလေးတွေ ကျန်ရှိသေးတာမို့ မနက်ဖြန် စတင်မယ့် သင်တန်းမှာ ပါဝင်ဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ!

📅 Date: August 22–23

📍 Location: Sein Lan So Pyay

🎁 Offer: SPECIAL OFFER (BUY 1 GET 1)

📞 Contact Us:

09 448886577

09 448886588






Address

No. 936, Bo Sun Pat Road, Ward 36, North Dagon Township
Yangon
11422

Telephone

+959448886588

Website

Alerts

Be the first to know and let us send you an email when Genius Training for SMEs posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Genius Training for SMEs:

Shortcuts

Share