Aye Chan Dhamma Channel

Aye Chan Dhamma Channel မြတ်စွာဘုရား၏ အဆုံးမတော်များ ၊ ဆရာတော် သံဃာတော်ကြီးများ၏ အဆုံးမ စကားများကို ဂါရဝပြုပူဇော်ပြန်လည်မျှဝေပါတယ်

🙏🏻✨🙏🏻✨🙏🏻

16/03/2026

ယုံကြည်မှုနှင့် အသိဉာဏ် မျှတမှု

#တရားတော်

11/03/2026

တို့လျှင် လောကဧည့်သည်ပါတကား

#ဧည့်သည်

#သံဝေဂ

#တရားတော်

ကိုယ်ပိုင်အရည်အချင်းတွေကို ကြိုးစားဖော်ထုတ်နေခြင်းက ဘဝမှာ ပျော်စရာအကောင်းဆုံးပါ 🙏🏻✨🙏🏻✨🙏🏻 #ဆရာတော်ဦးဇောတိက #တရားတော်
09/03/2026

ကိုယ်ပိုင်အရည်အချင်းတွေကို ကြိုးစားဖော်ထုတ်နေခြင်းက ဘဝမှာ ပျော်စရာအကောင်းဆုံးပါ

🙏🏻✨🙏🏻✨🙏🏻

#ဆရာတော်ဦးဇောတိက

#တရားတော်



07/03/2026

ယုံကြည်မှု သဒ္ဓါတရားမရှိသူ၏ရှေ့၌
သဒ္ဓါတရားအကြောင်းပြောလျှင်
ထိုသူနားခါး၏ .. မပြောသင့်

သီလမရှိသူ၏ရှေ့၌
သီလအကြောင်း ပြောလျှင်
ထိုသူနားခါး၏ .. အကုသိုလ်များ၏

ဗဟုသုတနည်းသူ၏ရှေ့၌
ဗဟုသုတအကြောင်းမပြောနှင့်

နှမြှောတတ်သူ၏ရှေ့၌
ပေးကမ်းခြင်းအကြောင်း မပြောနှင့်

ပညာမရှိသူ၏ရှေ့၌
ပညာအကြောင်း မပြောနှင့်

ပုဂ္ဂိုလ်ကိုကြည့်ပြီးမှပြောသင့်၏ ..
စကားကမှန်သော်လည်း တဖက်သူက နားလည် လက်ခံနိုင်မှ ထိုစကားသည် အကျိုးရှိ၏

သစ္စာရွှေစည်ဆရာတော်

စကားတို့၏အစွမ်းတရားတော်

🙏🏻✨🙏🏻✨🙏🏻

06/03/2026

ပါမောက္ခချုပ်ဆရာတော်ကြီး၏ တရားသိမ်း မေတ္တာပို့

🙏🏻✨🙏🏻✨🙏🏻

#ပါမောက္ခချုပ်ဆရာတော်ကြီး

#တရားတော်



28/02/2026

မိုက်နောင်တ မေ့နောင်တများ ကင်းဝေး၍ အေးချမ်းပါစေ

🙏🏻✨🙏🏻✨🙏🏻

#နောင်တဝေး၍အေးပါစေ

#သစ္စာရွှေစည်ဆရာတော်

#တရားတော်



27/02/2026

ရခဲလှတဲ့ လူ့ဘဝ ၊ ကုသိုလ်မှန်သမျှ မကျန်မှ ၊ နောင်ခါစဉ်ဆက် ဘဝအထပ်ထပ် ၊ လှပသေချာမယ်
🙏🏻✨🙏🏻✨🙏🏻

#တရားတော်

#ကုသိုလ်မှန်သမျှ မကျန်ရလေအောင်





အချို့လူတွေဟာ Grow Old ဖြစ်သွားကြတယ် ။ အသက်ကြီးလို့သာ အိုသွားတယ် ။ Grow Up ဖြစ်မလာဘူး ။ ရင့်ကျက်မှု့ ရှိမလာဘူး ။ လူကြီးဖ...
21/02/2026

အချို့လူတွေဟာ Grow Old ဖြစ်သွားကြတယ် ။ အသက်ကြီးလို့သာ အိုသွားတယ် ။ Grow Up ဖြစ်မလာဘူး ။ ရင့်ကျက်မှု့ ရှိမလာဘူး ။ လူကြီးဖြစ်မလာဘူး ။ အသက်ကြီးသွားတယ် ။ အသိဉာဏ် ကြီးမလာဘူး ။

အဲ့တာဟာ အင်မတန် နစ်နာတာပဲ ။

တစ်ရက် ကြီးသွားတိုင်း ကြီးသွားတိုင်း အသိဉာဏ် နည်းနည်းတိုးနေမှ လူ့ဘဝမှာ လူဖြစ်ရကျိုးနပ်မှာ ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

{ ဘဝဆိုတဲ့ကျောင်း တရားတော် }

20/02/2026

ပြသနာတစ်ခုဖြစ်လာရင် အရင်ဆုံး ကိုယ့်ကိုကိုယ်ပြင်ပါ ။

ပြသနာတစ်ခုဖြစ်တယ်ဆိုတာ နှစ်ယောက်စလုံးကြောင့်ဖြစ်တာ ။ ဒါပေမယ့် ကိုယ်ကပဲစပြီးပြုပြင်ပါ ။

ကိုယ့်မှာ စိတ်ဆင်းရဲမှု့ဖြစ်ရတာဟာ ကိုယ့်သဘောထားမှားနေလို့ပါ ။ သူ မှားတာလည်း ရှိတာပဲ ။ သူ့ဘက်ကမမှားဘူး ၊ ကိုယ့်ချည်းပဲမှားနေတယ်လို့ မဆိုလိုပါဘူး ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

{ ဘဝဆိုတဲ့ကျောင်း တရားတော် }

လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂရကြတယ် ။ အချိန်နှောင်းသွားပြီ ၊ မရတော့ဘူး ။ ဒါကြောင့် သေခါနီးမှ ကပ်ပြီးတော့ သံဝေဂမရ...
18/02/2026

လူတွေဟာ သေခါနီးကျမှ ကပ်ပြီးတော့ သံဝေဂရကြတယ် ။ အချိန်နှောင်းသွားပြီ ၊ မရတော့ဘူး ။ ဒါကြောင့် သေခါနီးမှ ကပ်ပြီးတော့ သံဝေဂမရကြပါနဲ့ ။ စောစောစီးစီး သံဝေဂရကြပါ ။ စောစောစီးစီး ကြိုကြိုတင်တင် လုပ်သင့်တဲ့ အလုပ်တွေကို လုပ်ပါ ။

လူ့ဘဝကိုရတာ အသိဉာဏ်ရဖို့ပါ ။ ဘဝရဲ့ အနှစ်သာရဟာ အသိဉာဏ်ပါ ။ အသိဉာဏ်ဆိုတာမှာ တရားအသိဉာဏ်က အဓိကပါ ။

ဒီအသိဉာဏ်ကိုမှ မရလိုက်ရင် တစ်သက်လုံး ရှာလာတာ ၊ သုံးလာတာ သေခါနီး ဘာကျန်သလဲ ။ ဘာအဖတ်တင်သလဲ ။ ဘာမှအဖတ်မတင်ဘူး ။ တစ်ခုမှ ယူသွားလို့ မရဘူး ။

အဲ့တာကြောင့် အခု အချိန်ရှိတုန်းမှာ အချိန်မဖြုန်းပဲနဲ့ စားဝတ်နေရေးအတွက် လုပ်နေရင်းကြားထဲမှာ ရသမျှအချိန်လေး နည်းနည်းဖြစ်ဖြစ် ရအောင်ယူပြီး တရားအားထုတ်ပါ ။

ဒီကြားထဲမှာလည်း သွားရင်း လာရင်း လုပ်ရင်း ကိုင်ရင်း သတိကိုကပ်ထားပါ ။

အသက်ရှင်ဖို့ စားနေရတာ ၊ စားဖို့အသက်ရှင်နေရတာ မဟုတ်ဘူး ။

စားဝတ်နေရေးဟာ ခန္ဓာဝန်ထမ်းတာပါ ။ မလုပ်မဖြစ်ဘူး ။ လုပ်ရမယ် ။ ဒါပေမယ့် လူ့ဘဝရတာဟာ အသိဉာဏ်ရဖို့ပါ ။ အဲ့ဒီအသိဉာဏ်ရဖို့ ကြိုးစားကြပါ ။

ဆရာတော် ဦးဇောတိက ( မဟာမြိုင်တောရ )

{ ဘဝဆိုတဲ့ကျောင်း တရားတော် }

#ဆရာတော်ဦးဇောတိက

#ဘဝဆိုတဲ့ကျောင်း

#တရားတော်

14/02/2026

အမှား မရှိပါဘူး ။

သင်ခန်းစာတွေချည်းပါပဲ ။

တကယ်တော့ အဆိုးတွေထဲက ၊ အမှားတွေထဲက ဒုက္ခတွေထဲကမှ တကယ်လေးနက်တဲ့ အသိဉာဏ်ကို ရတာပါ ။

မမှားဖူးတဲ့သူ မရှိပါဘူး ။ အမှားကင်းဖို့ဆိုတာလည်း သိပ်တော့မလွယ်ဘူး ။ အမှားနည်းဖို့ပဲ ကြိုးစားရမှာ ။ အမှားတစ်ခုကို ထပ်ခါ ထပ်ခါ မမှားဖို့ ၊ မလုပ်မိဖို့ပဲ လိုပါတယ် ။

ဘဝဆိုတဲ့ကျောင်း တရားတော်

ဦးဇောတိက ( မဟာမြိုင်တောရ )

🙏🏻✨🙏🏻✨🙏🏻

11/02/2026

ချစ်လျှင် { ဣဿာ - ဝန်တိုတတ်၏ }

မုန်းလျှင် { မစ္ဆရိယ - မနာလိုဖြစ်တတ်၏ }

သတ္တဝါတွေက ငြိမ်းချမ်းချင်ပါလျက်နဲ့

မငြိမ်းချမ်းနိုင်တာ

ချစ်ခြင်း မုန်းခြင်းကြောင့်ဖြစ်တယ်

{ မငြိမ်းချမ်းတာ ဘာကြောင့်လဲ တရားတော် }

သစ္စာရွှေစည်ဆရာတော်

🙏🏻✨🙏🏻✨🙏🏻

#တရားတော်

#သစ္စာရွှေစည်ဆရာတော်

#မငြိမ်းချမ်းတာဘာကြောင့်လဲ

Address

Street
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Aye Chan Dhamma Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share