28/08/2026
LiFePO4 ဘက်ထရီတစ်လုံး တကယ်ပဲ ဘယ်လောက်ကြာကြာ အသုံးခံသလဲ။ 🔋💡
အခုနောက်ပိုင်း Solar သုံးသူတွေနဲ့ Inverter တပ်သူတွေကြားမှာ ရေပန်းအစားဆုံးဖြစ်တဲ့ LiFePO4 (Lithium Iron Phosphate) ဘက်ထရီတွေရဲ့ ပျှမ်းမျှသက်တမ်းကို နားလည်ရလွယ်အောင် စုစည်းဖော်ပြပေးလိုက်ပါတယ်။
၁။ Charge Cycle (အားသွင်း/အားသုံးအကြိမ်အရေအတွက်)
အကြိမ် ၃,၀၀၀ မှ ၅,၀၀၀+ အထိ ရပါတယ်။
သာမန် ခဲဘက်ထရီ (Lead-Acid/Gel) တွေက အကြိမ် ၅၀၀ မှ ၈၀၀ လောက်ပဲ ခံတာမို့ LiFePO4 က ၅ ဆကနေ ၈ ဆမက ပိုခံပါတယ်။
၂။ နှစ်အလိုက် သက်တမ်း (Lifespan)
၈ နှစ်မှ ၁၅ နှစ် အထိ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။
နေ့စဉ် မပျက်မကွက် အားအပြည့်သွင်း/အပြည့်သုံး (1 Daily Cycle) လုပ်ရင်တောင် အနည်းဆုံး ၁၀ နှစ်ဝန်းကျင် အေးဆေးသုံးလို့ရပါတယ်။
၃။ DOD (Depth of Discharge)
ဘက်ထရီရဲ့ 80% မှ 90% အထိ အားကုန်သုံးရင်တောင် သက်တမ်းကို ထိခိုက်မှုနည်းပါတယ်။ (ခဲဘက်ထရီတွေကတော့ 50% ထက် ပိုသုံးရင် သက်တမ်းမြန်မြန်တိုပါတယ်)။
၄။ သက်တမ်းကုန်သွားရင် ဘာဖြစ်မလဲ။
ဓာတ်ခဲတွေလိုမျိုး သက်တမ်းကုန်တာနဲ့ ချက်ချင်း ရပ်သွားတာ/ပျက်သွားတာ မဟုတ်ပါဘူး။
Cycle ၃,၀၀၀ ကျော်သွားရင် ဘက်ထရီရဲ့ အားထိန်းနိုင်စွမ်း (Capacity) ဟာ မူလရဲ့ 80% လောက်အထိပဲ လျော့သွားတာဖြစ်လို့ ဆက်လက်အသုံးပြုလို့ ရနေပါသေးတယ်။
📌 အနှစ်ချုပ်
ရေတိုမှာ တပ်ဆင်ခဈေး အနည်းငယ်မြင့်ပေမဲ့ ရေရှည်မှာ ဘက်ထရီခဏခဏလဲစရာ မလိုတဲ့အတွက် LiFePO4 ဟာ တွက်ခြေအကိုက်ဆုံးနဲ့ သက်တမ်းအရှည်ဆုံး ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။