All Success Counsultancy

All Success Counsultancy Our Service
*Training & Development
*HR Development
*Sales & Marketing Development
*Business Development
*Consultancy
*Content Writing
* Motivation Speech

25/05/2025
Ayeyarwaddy Business Center မှJune လအတွင်း ဖွင့်လှစ်မည့် သင်တန်းများ👇👇👇👇👇👇👇👇👇👇👇👇👇👇(1) Certificate in Human Resource Mana...
25/05/2025

Ayeyarwaddy Business Center မှ

June လအတွင်း ဖွင့်လှစ်မည့် သင်တန်းများ
👇👇👇👇👇👇👇👇👇👇👇👇👇👇

(1) Certificate in Human Resource Management
(2) Certificate in Marketing Management

သင်တန်းများ

သင်တန်းကာလ (၂) လ

တစ်ပတ် (၂) ရက်

တစ်ရက် (၂) ရီ

သင်တန်းကြေး (၁) သိန်းကျပ်

ဆက်သွယ်ရန် ဖုန်း ၀၉၉၆၄၀၁၆၂၄၃၊ ၀၉ ၄၂၁၀၁၆၂၄၃

https://www.facebook.com/share/p/12MEcmSa777/?mibextid= => HR

https://www.facebook.com/share/p/19qUXrSogL/?mibextid=wwXIfr => Marketing

Challenges in F&B Industries (Free Seminar)===================================ကဲ ဒီတစ်ခေါက် Knowledge Buffet Week - (28)...
27/02/2025

Challenges in F&B Industries (Free Seminar)
===================================

ကဲ ဒီတစ်ခေါက် Knowledge Buffet Week - (28) မှာတော့ မိတ်ဆွေတို့အတွက်

Challenges in F&B Industries ကိုရွေးပေးထားပါတယ်

👉ရင်းနှီးမြှပ်နှံမယ့်သူတွေ

👉အလုပ်လုပ်ကိုင်မည့်သူတွေ

👉F&B စိတ်ဝင်စားသူတွေ

တွေ့ကြမယ်၊ ဆုံကြမယ်၊ အခက်အခဲတွေတိုင်ပင်ကြမယ် နှီးနှောဖလှယ်ကြမယ်၊ ဆွေးနွေးကြမယ်

ဦးဆောင်ဆွေးနွေးပေးမယ့်သူကတော့

Ko Aung Thu Hein @ Smiley ဖြစ်ပြီး

ကိုအောင်သူဟိန်းဟာ

1️⃣ Bar, F&B လုပ်ငန်းများမှာ နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိပြီး

2️⃣F&B စီးပွါးရေးလုပ်ငန်းထူထောင်ချင်သူများအတွက် အကြံပေးလုပ်ကိုင်နေပြီး

3️⃣ကိုယ်တိုင်လဲ SMILE 33 Cocktail Bar & Restaurant လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပါတယ်

4️⃣ ကိုယ်တိုင်လဲ ပြည်တွင်းပြည်ပ F&B အတွေ့အကြုံများလေ့လာထားသူ တစ်ယောက်ဖြစ်ပါတယ်

⛔️လူဦးရေ ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းဖို့လိုပါတယ်⛔️

ကျင်းပမည့်နေ့ - ၂ မတ်လ ၂၀၂၅ (Sunday)

အချိန် - နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

နေရာ - နံပါတ် (၁၃၆-၁၃၈)၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

စာရင်းပေးရန်ဖုန်း - ၀၉၉၆၄၀၁၆၂၄၃

(ယခုအစီအစဉ်ကို Ayeyarwaddy Business Center နဲ့ RGN Learning Center မှ ပူးပေါင်းကျင်းပပါသည်။)

Concept to Creative Content (အခမဲ့ဟောပြောပွဲ)===================================မိမိတို့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေက...
13/02/2025

Concept to Creative Content (အခမဲ့ဟောပြောပွဲ)
===================================

မိမိတို့ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို Facebook၊ TikTok, YouTube စတဲ့ Social Media တွေမှာ ပြန့်နှံ့စေဖို့ Content အတွက်လိုအပ်တဲ့ သစ်ဆန်းတဲ့……..

* Photo

* Video တွေကို ဘယ်လိုဖန်တီးရမလဲဆိုတာကို

Reality Arts Production မှ Founder တစ်ဦးလဲဖြစ် ဒါရိုက်တာ တစ်ဦးလဲဖြစ်တဲ့ Director Demon မှ မျှဝေပေးသွားမှာဖြစ်ပါတယ်😎😎😎

👉ကဲ လွတ်လပ်စွာပြောမယ်

👉ဆွေးနွေးမယ်

👉မျှဝေမယ်

👉မေးခွန်းတွေဖြေမယ်

လွတ်လွတ်လပ်လပ်ပွင့်ပွင့်လင်း ဆွေးနွေးရမယ့် Knowledge Buffet အခမဲ့မျှဝေမှုအစီအစဉ် အပတ်စဉ် (၂၇) ကို လူတွေ့ဟောပြောပွဲ ကျင်းပသွားမှာဖြစ်ပြီး

⛔️လူဦးရေ ကန့်သတ်ထားတာမို့ ကြိုတင်စာရင်းပေးသွင်းဖို့လိုပါတယ်⛔️

ကျင်းပမည့်နေ့ - ၁၆ ဖေဖော်ဝါရီ ၂၀၂၅ (Sunday)

အချိန် - နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ

နေရာ - နံပါတ် (၁၃၆-၁၃၈)၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

စာရင်းပေးရန်ဖုန်း - ၀၉၉၆၄၀၁၆၂၄၃

(ယခုအစီအစဉ်ကို Ayeyarwaddy Business Center နဲ့ RGN Learning Center မှ ပူးပေါင်းကျင်းပပါသည်။)

Certificate in Human Resource Management▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️HR ပညာရပ်ဆိုင်ရာတွေကို လေ့လာသင်ယူဖို့အတွက်...C...
19/11/2024

Certificate in Human Resource Management
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

HR ပညာရပ်ဆိုင်ရာတွေကို လေ့လာသင်ယူဖို့အတွက်...

Certificate in Human Resource Managment ကိုဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်....

လေ့လာသင်ယူရမှာတွေကတော့ -

1️⃣ Introduction to HRM

2️⃣ Recruitment and Selection Process

3️⃣ Benefits and Compensation

4️⃣ Performance Management and Reward System

5️⃣ Training and Development

6️⃣ Labour Law and HR Ethic

7️⃣ Employee Relation

8️⃣ Human Resource Information System

သင်ကြားမည့်သူ - William (Management)
သင်တန်းရက် - Wed - Thu (၂ လသင်တန်း)
သင်တန်းချိန် - ည​နေ ၆ နာရီခွဲ မှ ၈ နာရီ အထိ
သင်တန်း စတင်မည့် ရက် - ၁၈ ဒီဇင်ဘာ ၂၀၂၄
သင်တန်း​ကြေး - ၁၀၀,၀၀၀ ကျပ်

Ayeyarwaddy Business Center - ABC

မားကတ်တင်းမတတ်ရင် ဘယ်လိုစီးပွား​ရေးလုပ်မလဲ???Certificate in Marketing Management***************************************က...
19/11/2024

မားကတ်တင်းမတတ်ရင် ဘယ်လိုစီးပွား​ရေးလုပ်မလဲ???

Certificate in Marketing Management
***************************************

ကိုယ်ပိုင်စီးပွား​ရေးမှာပဲသုံးသုံး
မားကတ်တင်းနဲ့ အသက်​မွေးဝမ်း​ကျောင်းပဲပြုပြု
မားကတ်တင်းကို ​လေ့လာလို၍ပဲ ဖြစ်ဖြစ်

မားကတ်တင်းပညာရပ်ကို လက်​​တွေ့ပြန်လည်အသုံးချနိုင်သည်အထိ စနစ်တကျ ​သေချာစွာသင်ကြား​ပေးသွားမည်ဖြစ်ပါသည်

​လေ့လာသင်ယူရမှာ​တွေက​တော့ -

1. Introduction to Marketing

မားကတ်တင်းပညာရပ်ဆိုတာဘာလဲ??
မားကတ်တင်းသမားတစ်ယောက်ကဘာတွေလုပ်ရမှာလဲ??
Company တွေမှာ မားကတ်တင်း ကောင်းဖို့ ဘာလို့လိုအပ်နေတာလဲ??
စတာတွေကို လေ့လာသင်ကြားရမှာဖြစ်ပါတယ်

2. Research for Marketing

မည့်သည့်အဖွဲ့အစည်းမဆို မားကတ်တင်းလုပ်ဖို့အတွက်လိုအပ်တဲ့အခြေခံကတော့ Research လုပ်ဖို့ပဲဖြစ်ပါတယ်၊ Market Research ကနေရရှိလာမယ့် Data တွေကနေတဆင့် မိမိအဖွဲ့အစည်းအတွက် အသုံးဝင်တဲ့ သတင်းအချက်အလက်တွေအဖြစ် အသုံးချနိုင်ဖို့ စာတွေ့လက်တွေ့တွေနဲ့ ရှင်းလင်းပြသသွားမှာဖြစ်ပါတယ်

3. Market Segmenting, Targeting and Positioning

မားကတ်တင်းပညာရပ်မှာအရေးကြီးဆုံးအပိုင်းဖြစ်တယ့် မိမိဖောက်သည်တွေဆီကို ရောက်ရှိဖို့ပဲဖြစ်ပါတယ်၊ ယင်းကဲ့သို့ မိမိဖောက်သည်တွေဆီကိုရောက်ရှိဖို့ Market Segment, Target နဲ့ Positioning အပိုင်းတွေကို ဘယ်လိုအသုံးချမလဲဆိုတာကို လေ့လာရမှာဖြစ်ပါတယ်

4. Managing Brand

မိမိတို့ ကုန်ပစ္စည်းအမှတ်တံဆိပ်ကို ဝယ်ယူသူဖောက်သည်တွေအကြားပြန့်နှံ့ရောက်ရှိပြီး၊ ဝယ်ယူသူ ဖောက်သည်တွေရဲ့ လေးစားတန်ဖိုးထားမှုရရှိလာအောင် ဘယ်လိုကြိုးစားရမလဲ၊ တခြားသော စျေးကွက်ထဲမှာ ရှိတဲ့ အမှတ်တံဆိပ်တွေထဲမှာ မိမိအမှတ်တံဆိပ်ကို လူသိများထင်ရှားစေဖို့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကိုသင်ကြားပို့ချသွားမှာဖြစ်ပါတယ်

5. Service Marketing

မားကတ်တင်းသမားတိုင်းသိထားသင့်တဲ့ ဝန်ဆောင်မှုမားကတ်တင်းကဘာလဲ???
မိမိတို့ထုတ်ကုန်က ဝန်ဆောင်မှုလား???ကုန်ပစ္စည်းလား??? ဝန်ဆောင်မှုမားကတ်တင်းက ဘာလို့အရေးကြီးသလဲ??? ဝန်ဆောင်မှုမားကတ်တင်းမှာ လိုက်နာသင့်တာတွေ၊လုပ်ထုံးလုပ်နည်းတွေ၊သဘောတရားတွေကို စနစ်တကျလေ့လာသင်ယူခွင့်ရရှိမှာဖြစ်ပါတယ်

6. Digital Marketing

မိမိတို့ကုန်ပစ္စည်း၊ ဝန်ဆောင်မှု အစရှိသည်တို့ကို သမာရိုးကျ မိရိုးဖလာ မားကတ်တင်းစနစ်ကနေ အများပြည်သူထံအချိန်တိုအတွင်း၊ အကျိုးရှိရှိ ပြန့်နှံ့ရောက်ရှိနိုင်ဖို့ ဒစ်ဂျစ်တယ် မားကတ်တင်းကို ဘယ်လိုအသုံးချမလဲ၊ ဒစ်ဂျစ်တယ်မားကတ်တင်းရဲ့ စိန်ခေါ်မှုတွေနဲ့ အကျိုးဖြစ်ထွန်းမှုတွေ စတာတွေကို နားလည်သည်အထိရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်

7. Marketing Plan

မားကတ်တင်းသမားတစ်ယောက်အတွက်အရေးကြီးဆုံးအရာတစ်ခုကတော့ Marketing Plan ပဲဖြစ်ပါတယ်၊ မိမိတို့အဖွဲ့အစည်းအတွက်လိုအပ်နေတဲ့ မားကတ်တင်းစီမံကိန်းကိုဘယ်လိုဆွဲမလဲ၊ ဘယ်လိုအကောင်အထည်ဖော်မလဲ စတာတွေကို သီအိုရီတွေ၊ စာတွေ့တွေ၊ လက်တွေ့တွေနဲ့ရှင်းလင်းပြသသွားမှာဖြစ်ပါတယ်

8. Professional Selling

မားကတ်တင်းနဲ့ အရောင်းဘာကွာသလဲ??? လူတိုင်းက အရောင်းသမားတွေမို့၊ အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုသလဲ၊ မားကတ်တင်းသမားက စျေးရောင်းတတ်ဖို့လိုသလား??? အရောင်းဖြစ်အောင် လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ စတာတွေရှင်းလင်းပြောပြသွားမှာဖြစ်ပါတယ်

သင်တန်းရက် - Mon - Tue (၂ လသင်တန်း)
သင်တန်းအချိန် - ၆ နာရီခွဲမှ ၈ နာရီအထိ
စတင်မည့်ရက် - ၁၆ ဒီဇင်ဘာ ၂၀၂၄
ZOOM ဖြင့် အွန်လိုင်းမှ သင်ကြားပို့ချသွားမည်
သင်ကြားမည့်သူ - William (Management)

သင်တန်း​​ကြေး - ၁ သိန်းကျပ်

စစ်မှန်သည့်စီမံခန့်ခွဲမှုပညာရပ်များကို အမှန်တကယ် တတ်မြှောက်လိုသူများကို ‌နွေးထွေးစွာကြိုဆိုပါသည်

All Success Counsultancy

Followership (နောက်လိုက်​ကောင်းလုပ်ခြင်းအတတ်ပညာ)▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️Followership လို့ ဆိုလိုက်ရင် လူတိ...
02/11/2024

Followership (နောက်လိုက်​ကောင်းလုပ်ခြင်းအတတ်ပညာ)
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪️

Followership လို့ ဆိုလိုက်ရင် လူတိုင်းကိုက မလှုပ်ချင်မကိုင်ချင်ကြတော့တာ၊ ဦးဆောင်သူ နေရာတစ်ခု ရကိုရမှလိုချင်တာမျိုးဖြစ်နေတယ်.......။ ဒီဟာလေးကို ကျွန်တော် မိတ်ဆွေ ဒေါက်တာအောင်ကိုကို Training စလုပ်ကတည်းက - ဒီ Terms ကို ကျွန်တော်သဘောကျနေခဲ့တာပါ.......။

ကြုံတုန်း​​လေး​ပြောရအူးမယ် စီမံခန့်ခွဲသူ​တွေအများကြီးရှိတဲ့အထဲကမှ ကျွန်​တော်အားအကျရဆုံး ပြည်းတွင်းက ဆရာနှစ်ဦးရှိတယ် တစ်​ယောက်က ​မန်း​လေးက တစ်​ယောက်က ရန်ကုန်က

နှစ်​ယောက်လုံးက ​ဒေါက်တာ​တွေချည်းပဲ

တစ်​ယောက်က HR လိုင်း
​နောက်တစ်​ယောက်က မားကတ်တင်းလိုင်း 😁😁😁

​နှစ်​ယောက်စလုံးက ​ဒေါက်တာဘွဲ့​တွေစွန့်ပြီး HR သင်ကြား​ရေးဆရာလုပ်/ မားကတ်တင်းသင်ကြား​ရေးဆရာလုပ်​နေကြတာ

နှစ်​ယောက်လုံးအဲ့ဒီသက်ဆိုင်ရာပညာရပ်​တွေကို ဆုံးခန်းတိုင်​အောင် ကြိုးစားပမ်းစားလိုက်ကြတာ​​နော်

တစ်​ယောက်က HR ​လောကက ဆရာ​ဒေါက်တာ​အောင်ကိုကို
တစ်​ယောက်က Marketing ​လောကက ဆရာ​ဒေါက်တာဖြိုးပိုင်(ဘူ​ကောင်​တွေကို​ရှောင်ခိုင်းတဲ့ဆရာ)😁😁😁

ဒီဆရာ​တွေ စာဖတ်ကြမ်းချက်က 9 ​လောက်ရှိတယ်

နှစ်​ယောက်စလုံးက Fastest Reader ​တွေချည်းပဲ

မှတ်မှတ်သားသားရှိမယ်ဆို ဆရာနှစ်​ယောက်စလုံးက သက်ဆိုင်ရာ ဘာသာရပ်​တွေ ဂျွတ်တယ်

ကျွန်​တော်သည်ကား ဟိုဘက်မ​ရောက် သည်ဘက်မ​ရောက် အလယ်မှာကားယားကြီး 😁😁

အဲအဲ Followership ​လေးဆီဆက်သွားလိုက်အူးမယ်

ဆရာ​အောင်ကိုကိုမိတ်ဆက်​​ပေးလို့ ကျွန်​တော် Followership ကိုသိတယ် အဲ့ဒီ​တော့မှ​လေ့လာကြည့်​တော့ကျွန်တော်တို့ဆီမှာက များလိုက်တဲ့ Leadership Training တွေ မတတ်ချင်မှ အဆုံးပါ။ တကယ်တမ်းကတော့ Leader တွေကိုလိုပါတယ်။ ဒါပေမယ့် အများစုဟာ Leader ဘ၀ကို ဗြုန်းခနဲ ဆိုရလာကြတာမဟုတ်တော့ Followership ကို အလေးထားသင့်တယ်လို့ ထင်မြင်မိပါတယ် .....။

ကျွန်တော်လည်း တခြားorganization တစ်ခုမှ Corporate Training လုပ်ပေးဖို့စီစဉ်တော့ MD က သူက Follower မဟုတ်ဘူးတဲ့ တက်ဖို့လိုလို့လားတဲ့ပြန်မေးပါတယ်။ ကျွန်တော်တို့ ဟာ အမြဲတမ်းLeader ဖြစ်နိုင်မလားဆိုတာစဉ်းစားစရာပါ.........။ တစ်နေရာရာ တဒေါင့် ဒေါင့် မှာတော့ Follow လုပ်ရမှာပါ.........။ Follow လုပ်ခြင်း၊ နောက်လိုက်ကောင်းလုပ်ခြင်းဟာ မိမိသွားလိုသော ပန်းတိုင်ကို အန္တရာယ်ကင်းကင်း အချိန်တိုတိုနဲ့ အကျိုးရှိရှိ ရောက်သွားစေတဲ့ အဓိကအချက်ပါ။

မိမိမကျွမ်းကျင် မိမိနားမလည်သေးတဲ့အချိန်မှာတော့ Follower လုပ်ရင်း ၀မ်းစာစုသင့်ပါတယ်။ ကျွန်​တော်လည်း Followeship/ Leadership သင်တန်း​ပေါင်း ၅၀ နီးပါးခန့် လူ​ပေါင်းစုံအဖွဲ့အစည်း​ပေါင်းစုံကို​ပေးလာခဲ့တာ Leadership မသင်မီ Followership သင်ခြင်းဟာ ပိုမိုထိ​ရောက်တယ်ဆိုတာ​တွေ့ရတယ်၊ အခု​နောက်ပိုင်းလုပ်ငန်းရှင်​တွေ၊ သူ​​ဌေး​တွေ၊ ဆိုင်ရှင်​တွေကို ​တွေ့လည်း မိမိအ​နေနဲ့ လုပ်ငန်းထဲ Operation ထဲမှာ အမြဲရှိ​နေတာမဟုတ်တဲ့အတွက် Followership စိတ်ဓါတ်နဲ့ မိမိလက်​အောက်ငယ်သား/ ဝန်ထမ်းထံက​နေ ပြန်လည်း နည်းနာယူရမယ်၊ ​ကောင်းတာ​တွေ့ရင် ပြုပြင်မယ်​ပြောင်းလဲမယ်၊ လိုအပ်ရင် ချီးကျူးမယ် အကြံဥာဏ်​တောင်းမယ် တစ်ချို့​သော ဂျပန်စက်ရုံ​​တွေဆို Tool Box Meeting လုပ်ပြီး ဝန်ထမ်း​တွေဆီက ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ အကြံဥာဏ်​​တွေ​တောင်းခံတယ်

မြန်မာနိုင်ငံမှာလည်းCompany အကြီးကြီးတစ်ခုက အဲ့သလိုပုံစံမျိုး လုပ်ငန်းစီမံကိန်း​တွေကို ဝန်ထမ်း​တွေထံက အကြံဥာဏ်ရယူတာ​တွေကြားရတယ်

တစ်ခုပဲရှိတယ် ​ကောင်းတာ​တွေ့ရင် ချီးကျူးရမယ်​မြှောက်စားရမယ် ကိုယ်မသိရင် ကိုယ်နားမလည်ရင် ဦး​ဆောင်တဲ့ သူ​နောက်ကလိုက်က မှာထုံးစံပါပဲ အရာရာတိုင်းမှာ ဦး​ဆောင်သူမဖြစ်နိုင်ပါဘူး ကိုယ်ကိုတိုင်​နောက်လိုက်လုပ်ချိန်မှာ အဖွဲ့အစည်းကို အကျိုးပြုတဲ့​နောက်လိုက်​ကောင်းဖြစ်ဖို့လိုပါတယ်

ဝန်းထမ်းငယ်​တွေအ​နေနဲ့ကလဲ အလားတူပါပဲ ချက်ချင်း လူကြီးဖြစ်ဖို့​ခေါင်း​​ဆောင်ကြီးဖြစ်သွားဖို့ မ​တွေးပဲနဲ့ မိမိအနေနဲ့ ၀မ်းစာပြည့်လာရင်တော့ တစ်ခြားသူများကို မိမိလိုဖြစ်လာအောင် ဦးဆောင်လမ်းပြလုပ်ရင်းနဲ့ Leader အဖြစ်ခံယူသင့်ပါတယ်.....Before you are a leader, success is all about growing yourself. When you became a leader, success is all about growing other ပေါ့ဗျာ................နောက်လိုက်ကောင်းများဖြစ်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်

Digital Marketing ကို သုံးပြီး Branding ဘယ်လိုလုပ်ရမလဲဆိုတာကို နက်ဖြန် မျှ​ဝေသွားပါမယ်မနက်ဖြန် ​​တွေ့ကြမယ်ဗျာ😊😊😊
02/11/2024

Digital Marketing ကို သုံးပြီး Branding ဘယ်လိုလုပ်ရမလဲဆိုတာကို နက်ဖြန် မျှ​ဝေသွားပါမယ်

မနက်ဖြန် ​​တွေ့ကြမယ်ဗျာ
😊😊😊

ဒီတစ်​ခေါက်​တော့ Digital Marketing နဲ့ Branding နှစ်ခုကို ​​ပေါင်းပြီး​ဆွေး​နွေးမယ် 😊😊😊“လူမှုကွန်ယက်​ခေတ်မှာ ဒစ်ဂျစ်တယ်စ...
31/10/2024

ဒီတစ်​ခေါက်​တော့ Digital Marketing နဲ့ Branding နှစ်ခုကို ​​ပေါင်းပြီး​ဆွေး​နွေးမယ် 😊😊😊

“လူမှုကွန်ယက်​ခေတ်မှာ ဒစ်ဂျစ်တယ်စနစ်နဲ့ အမှတ်တံဆိပ်ထိုးဖောက်ကြမယ်”
===========================================

Knowledge Buffet အပတ်စဉ် (၂၃) အဖြစ်

မိမိရဲ့ ကုန်ပစ္စည်း/ဝန်ဆောင်မှုနှင့် စီးပွားရေးလုပ်ငန်း အမှတ်တံဆိပ် (Branding) ကို ပိုမိုထင်ရှားလာဖို့၊ လူသိများလာဖို့၊ ပိုမိုတွင်ကျယ်လာဖို့....

• လူမှုကွန်ယက်ကို အသုံးပြုကာ ဒစ်ဂျစ်တယ်စနစ် နဲ့ ဘယ်လိုထိုးဖောက်ကြမလဲ

• ဘယ်လို နည်းစနစ်တွေသုံးကြမလဲ

• ဘယ်လိုတွေ ဖန်တီးကြမလဲ

စတဲ့ အကြောင်းအရာတွေကို လွတ်လပ်စွာ တိုင်ပင်ဆွေးနွေးကြမှာမို့

“မိမိတို့ရဲ့ အမှတ်တံဆိပ်ကုန်ပစ္စည်းများကို ဆွေးနွေးတင်ပြလို့ရအောင် ယူဆောင်ခဲ့လို့ရပါတယ်.....”

ဒစ်ဂျစ်တယ်ခေတ်မှာ လူမှုကွန်ယက်ကို စနစ်တကျသုံးတတ်ဖို့ ဆွေးနွေးသွားဖို့ အတွက် ဖိတ်ခေါ်လိုက်ရပါတယ်
လူဦးရေ ကန့်သတ်ချက် ရှိပါသဖြင့် ကြိုတင် စာရင်းပေးသွင်းရန်လိုအပ်ပါသည်...

အချိန် - ၁၀ နာရီမှ ၁၁ နာရီခွဲ

နေ့စွဲ - ၃ရက် နိုဝင်ဘာ ၂၀၂၄

လိပ်စာ - (၁၃၆ -၁၃၈)၊ ၃၉ လမ်း(အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။

စာရင်းပေးသွင်းရန် - ၀၉ ၉၆၄၀၁၆၂၄၃

Michael William




အရင်းအနှီးအနည်းဆုံး နဲ့ စီးပွားရေးဘယ်လိုစတင်မလဲ????======================================ယခုတစ်ပတ် Knowledge Buffet အပတ်...
23/10/2024

အရင်းအနှီးအနည်းဆုံး နဲ့ စီးပွားရေးဘယ်လိုစတင်မလဲ????
======================================

ယခုတစ်ပတ် Knowledge Buffet အပတ်စဉ် (၂၂) အဖြစ်

စီးပွားရေးလုပ်ငန်းများအတွက် အကြံပေးအဖြစ် လုပ်ကိုင်နေသူ၊

မြန်မာနိုင်ငံ၏ ပထမဦးဆုံး စားသောက်ဆိုင်လုပ်ငန်းစီမံခန့်ခွဲမှု သင်တန်းများကို သင်ကြားပို့ချပေးနေသော
Pro Wave သင်တန်းကျောင်း၏ ‌Founder ဖြစ်သူ

ဆရာ Rio မှ

စီးပွားရေးလုပ်ငန်းစတင်ချင်သူများ၊

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန်ရည်ရွယ်နေသည့် လူငယ်၊ လူရွယ်များအတွက်

***အရင်းအနှီးနည်းနည်း

***ထိရောက်မှုရှိရှိနဲ့

*** စီးပွားဖြစ်နိုင်သော

***စီးပွားရေးလုပ်ငန်း စတင်နိုင်စေရန် ရည်ရွယ်‌၍

“How to start a business with a small investment???”
အရင်းအနှီးအနည်းဆုံး နဲ့ စီးပွားရေးဘယ်လိုစတင်မလဲ????

ခေါင်းစဉ်ဖြင့်

အကြံဉာဏ်များ၊

ဆွေးနွေးမှုများဖြင့် ဟောပြောပို့ချပေးသွားမည် ဖြစ်ပါသည်....

အချိန် - နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲ အထိ

နေ့ရက် - ၂၆ အောက်တိုဘာလ ၂၀၂၄ (စနေနေ့)

နေရာ - နံပါတ် (၁၃၆-၁၃၈)၊ ၃၉ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စာရင်းသွင်းရမည့်ပုံစံ - Chat Box (သို့) ဖုန်း - ၀၉ ၉၆၄၀၁၆၂၄၃ စာရင်းပေးသွင်းနိုင်သည်။

မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး၊ လူဦးရေအကန့်အသတ်ရှိပါသည်။

Ayeyarwaddy Business Center

ဒီက​နေ့လုပ်ဖြစ်တဲ့ Knowledge Buffet အပတ်စဥ် ၂၁ ၏ Qualified HR အ​ကြောင်း​ဆွေး​နွေးမှု ပုံရိပ်များ
20/10/2024

ဒီက​နေ့လုပ်ဖြစ်တဲ့ Knowledge Buffet အပတ်စဥ် ၂၁ ၏

Qualified HR အ​ကြောင်း​ဆွေး​နွေးမှု ပုံရိပ်များ

HR ပညာရပ်ကို စိတ်ဝင်စားများအတွက် ရည်ရွယ်တဲ့ Knowledge Buffet အပတ်စဉ် (၂၁)  ***စံချိန်မှီ HR သမား (Qualified HR)***======...
15/10/2024

HR ပညာရပ်ကို စိတ်ဝင်စားများအတွက် ရည်ရွယ်တဲ့ Knowledge Buffet အပတ်စဉ် (၂၁)

***စံချိန်မှီ HR သမား (Qualified HR)***
============================

HR အဖြစ်လုပ်ကိုင်ဖို့ ရည်ရွယ်နေတဲ့ လူငယ်တွေ....

HR အနေနဲ့ လုပ်ကိုင်နေတဲ့သူတွေ....

HR ပညာရပ်ကို စိတ်ဝင်စားတဲ့သူတွေ.... အတွက် ရည်ရွယ်ပြီး

***(၁) HR ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရမလဲ???

***(၂) HR ကောင်းတစ်ယောက်ရဲ့ အရည်အချင်းတွေကဘာတွေလဲ???

***(၃) HR ကောင်းတစ်ယောက်ဖြစ်ဖို့ ဘာတွေလေ့လာကြမလဲဆိုတာကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်

မလုပ်တာကြာပြီ ဖြစ်တဲ့ Knowledge Buffet ကို ပြန်လည်စတင်မှာ ဖြစ်ပြီး အပါတ်စဉ် (၂၁) ကို ရောက်ရှိသွားပြီဖြစ်ပါတယ်....

လူဦးရေ အကန့်အသတ်ရှိလို့ တက်ရောက်ချင်သူများ Chat Box ကနေ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်......

မည်သူမဆို လွတ်လပ်စွာ အခမဲ့ တက်ရောက်ဆွေးနွေးနိုင်ပါတယ်.....

​နေ့ရက် - ၂၀ ​အောက်တိုဘာ ၂၀၂၄

​အချိန် - နံနက် 10:00 မှ 11:30 အထိ

တက်ရောက်ရမည့်နေရာ
No (136/138), Room (401), 39th Street, Kyauktada Tsp., Yangon.

ဖုန်းနံပါတ် - ၀၉၉၆၄၀၁၆၂၄၃



Address

Thamaing Station Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959421016243

Alerts

Be the first to know and let us send you an email when All Success Counsultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to All Success Counsultancy:

Share