Trucks repair & diagnostic

Trucks repair & diagnostic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Trucks repair & diagnostic, Business service, Yangon.

ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးကောက်ခံမှုရှိပါက အရေးယူမည်ဟုအာဏာသိမ်းရှမ်းအစိုးရ ဆို...........................ခမ်းသားင...
18/08/2026

ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးကောက်ခံမှုရှိပါက အရေးယူမည်ဟုအာဏာသိမ်းရှမ်းအစိုးရ ဆို...........................
ခမ်းသားငေါဝ်း
ဩဂုတ် ၁၇၊ ၂၀၂၆

ဧည့်စာရင်းတိုင်ကြားရာတွင် လူဦးရေအလိုက် ငွေကြေးကောက်ခံခြင်း၊ သတ်မှတ်ရက်ကျော်လွန်ပါက ဒဏ်ကြေးကောက်ခံခြင်းများကို တိုင်ကြားမှုများရှိပါကစိစစ်၍ ဥပဒေနှင့်အညီ အရေးယူသွားမည်ဟု အာဏာသိမ်း ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပြောကြားလိုက်သည်။

ဧည့်စာရင်းတိုင်ကြားရာတွင် အချို့ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးရုံးများက လူဦးရေအလိုက် ငွေကြေးသတ်မှတ်ကောက်ခံခြင်း၊ အချို့ရုံးများက စေတနာကြေးအဖြစ် ငွေထည့်ဝင်စေခြင်းများရှိနေ ကြောင်းသြဂုတ်လ ၁၇ ရက်နေ့တွင်ကျင်းပသည့် ရှမ်းပြည်နယ် လွှတ်တော်အစည်းဝေးတွင် နမ်းခမ်းမြို့နယ် လွှတ်တော်ကိုယ်စား လှယ်က ဦးသန်းစိုးကမေးမြန်းခဲ့ခြင်းဖြစ်သည်။

အချို့နေရာများတွင် ဧည့်စာရင်းတိုင်ကြားရာ၌ လူတစ်ဦးလျှင် ကျပ် ၁,၀၀၀ နှုန်းဖြင့် ကောက်ခံပြီး လူ ၁၀ ဦးရှိသည့် မိသားစုတစ်စုအနေဖြင့် တစ်လ ကျပ် ၁၀,၀၀၀ ပေးဆောင်ရကြောင်းနှင့် ဧည့်စာရင်းသတ်မှတ်ရက်ကျော်လွန်ပါကလည်း ဒဏ်ကြေးအဖြစ် ငွေထပ်မံပေးဆောင်ရကြောင်း သိရသည်။

ထို့အပြင် အဆောင်နေကျောင်းသားများအတွက်လည်း ကျောင်းသားတစ်ဦးလျှင် တစ်လ ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ကောက်ခံသည့်နေရာများရှိပြီး မောင်နှမနှစ်ဦးအတွက် တစ်နှစ်လျှင် ကျပ် ၂၄၀,၀၀၀ ပေးဆောင်ရသည့် အခြေအနေများကို ကြုံတွေ့ခဲ့ရကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင်ပြခဲ့သည်။

ဧည့်စာရင်းဖြင့် အခြားမြို့နယ်များတွင် နှစ်ရှည်နေထိုင်နေရသည့် စစ်ဘေးရှောင်ပြည်သူများလည်း ရှိနေပြီး ထိုသူများအတွက် ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးကောက်ခံမှုများရှိနေခြင်းကိုလည်း လွှတ်တော်ကိုယ် စားလှယ်က ထောက်ပြခဲ့သည်။

“တည်ငြိမ်အေးချမ်းမှုမရှိတဲ့ဒေသကနေ ဆွေမျိုးမိတ်ဆွေတွေနဲ့ နီးစပ်ရာမြို့နယ်တွေကို ဧည့်စာရင်းနဲ့ လာရောက်နေထိုင်ရတာ သုံးနှစ်နီးပါးရှိပြီဖြစ်ပါတယ်။ အဲဒီလို ရက်လနှစ်ရှည်နေထိုင်တဲ့ စစ်ဘေးရှောင်တွေအတွက် ဧည့်စာရင်းကို ဘယ်လိုဆောင် ရွက်ပေးမလဲ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးသန်းစိုးက မေးမြန်းခဲ့သည်။

ယင်းမေးမြန်းချက်နှင့်ပတ်သက်၍အာဏာသိမ်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဦးစိန်ဝင်းက ဧည့်စာရင်းတိုင်ကြားခြင်းအတွက် အုပ်ချုပ်ရေးမှူးများအနေ ဖြင့် ငွေကြေးတစ်စုံတစ်ရာ တောင်းခံခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ဧည့်စာရင်းတိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ ငွေကြေးတစ်စုံတစ်ရာ တောင်းခံခြင်း မပြုရ” ဟု ဦးစိန်ဝင်းက ပြောသည်။

လက်ရှိတွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများကို နိုင်ငံတော်က လစဉ်ချီးမြှင့်ငွေ ကျပ် ၇၀,၀၀၀ နှင့် ရုံးသုံးစရိတ် ကျပ် ၅၀,၀၀၀ ထောက်ပံ့ပေးထားပြီးဖြစ်သဖြင့် ဧည့်စာရင်းတိုင်ကြားမှုအတွက် ပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် ညွှန်ကြားထားကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ကြောင့် ဧည့်စာရင်းတိုင်ကြားရာတွင် ငွေကြေးကောက်ခံကြောင်း ပြည်သူများဘက်မှ တိုင်ကြားလာပါက စိစစ်ပြီး မှန်ကန်ကြောင်းတွေ့ရှိပါက သက်ဆိုင်သူများကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေနှင့်အညီ အရေးယူသွားမည်ဟု ၎င်းက ပြောသည်။

တစ်ဖက်တွင် ဧည့်စာရင်းမတိုင်ကြားဘဲ နေထိုင်ခြင်း သို့မဟုတ် သတ်မှတ်ထားသည့် ခွင့်ပြုရက်ကျော်လွန်ပြီး ဧည့်စာရင်းထပ်မံမတိုင်ကြားဘဲ နေထိုင်ခြင်းများကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက စစ်ဆေးအရေးယူနေကြောင်း သိရသည်။

ဧည့်စာရင်းစနစ်ကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမဝင်နေထိုင်သူများ မရှိစေရေးအတွက် အသုံးပြုနေပြီး တရားမဝင်လုပ်ငန်းများကို ဖော်ထုတ်ရာတွင်လည်း အသုံးပြုနေကြောင်း ဝန်ကြီးက ရှင်းလင်းခဲ့သည်။

#လွှတ်တော်
#ဧည့်စာရင်း
#ငွေကောက်ခြင်း

အိန္ဒိယလူမျိုး တွေရဲ့ စကားတစ်ခု ကြိုက်လို့မင်း သူတောင်းစား ကို ငွေ (လုံးဝ)မလှူပါနဲ့ တဲ့။ (စကောလားရှစ်)ရတဲ့ ကျောင်းသားကို...
17/08/2026

အိန္ဒိယလူမျိုး တွေရဲ့ စကားတစ်ခု ကြိုက်လို့

မင်း သူတောင်းစား ကို ငွေ (လုံးဝ)မလှူပါနဲ့ တဲ့။

(စကောလားရှစ်)ရတဲ့ ကျောင်းသားကို
ပညာသင်စရိတ် ထောက်ပံ့ပါ။

စာသင်ကျောင်းတွေ ဆောက်ပေးပါ။

အဘိုးအဖွားတွေကိုလှူပါ
ဆာနေသူကို အစားအသောက် ​ကျွေး ပါတဲ့

ကြိုးစားတဲ့ ကျောင်းသားကို ထောက်ပံ့ပါ။

ပညာတတ်တွေ များလာတာက ၁၀နှစ်ကြာရင် ပိုကောင်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရတာနဲ့ အတူတူပါပဲ ။

သူတောင်းစားတစ်ဦးထောက်ပံ့ရင်
၁၀နှစ်ကြာရင် သူတောင်းစားဦးရေပဲများလာလိမ့်မယ်။

ညဏ်နဲ့ယှဉ်ပြီးမှ လှူပါ။

🛜➡️ ANONYMOUS

ဘားအံတွင် BGF နှင့် KNLA-PC တပ်ဖွဲ့ဝင်တချို့ကို တရားမဝင်ကုန်စည်သယ်ယူမှုဖြင့် စစ်တပ်က ဖမ်းဆီး၊ ညှိနှိုင်းသော်လည်း ကရင်နယ်...
16/08/2026

ဘားအံတွင် BGF နှင့် KNLA-PC တပ်ဖွဲ့ဝင်တချို့ကို တရားမဝင်ကုန်စည်သယ်ယူမှုဖြင့် စစ်တပ်က ဖမ်းဆီး၊ ညှိနှိုင်းသော်လည်း ကရင်နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက လွှတ်မပေး၍ အခြေအနေတင်းမာ

ရန်ကုန်၊ ဩဂုတ် ၁၆

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မြဝတီဘက်မှ ဆင်းလာသည့် ကုန်ကားများကို စစ်ကောင်စီတပ်က တရားမဝင်ကုန်သွယ်မှုဖြင့် ဆက်တိုက်ဖမ်းဆီးနေပြီး ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) နှင့် နယ်ခြားစောင့်တပ် (BGF) တို့မှ တပ်ဖွဲ့ဝင်အချို့ပါ ဖမ်းဆီးခံထားရသဖြင့် နယ်မြေအတွင်း စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်နေကြောင်း ကရင် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ကရင်ပြည်နယ် စစ်ကောင်စီ၏ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်း၏ ညွှန်ကြားချက်ဖြင့် မြဝတီဘက်မှ ဘားအံနှင့် သထုံဘက်သို့ ဆင်းလာသည့် စားသောက်ကုန်၊ အလှကုန်၊ တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်း၊ ဘက်ထရီနှင့် အခြားလူသုံးကုန်ပစ္စည်းများ တင်ဆောင်လာသည့် ကုန်ကားများကို တရားမဝင်ပစ္စည်းများဟု သတ်မှတ်ကာ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်တရားစွဲဆိုနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်တပ်၏ ဖမ်းဆီးမှုများတွင် ကုန်ပစ္စည်းများနှင့် ကုန်ကားများအပြင် ကားသမားများကိုပါ ဖမ်းဆီးထားပြီး အဆိုပါကုန်စည်များနှင့် ပတ်သက်၍ အဖွဲ့အစည်းများအတွက် အေးဂျင့်အဖြစ် လုပ်ကိုင်ပေးနေသည့် BGF နှင့် KNLA-PCမှ တပ်ဖွဲ့ဝင်တချို့ကိုပါ စစ်တပ်က ဖမ်းဆီးထားကြောင်း သိရသည်။

အထူးသဖြင့် ဩဂုတ်လ ၁၅ ရက်နေ့ BGF ထိန်းချုပ်ထားသည့် နမ့်သာအုန်း သံလွင်မြစ်ကူးဖောင်ဂိတ်မှ ဘားအံနှင့် သထုံဘက်သို့ ဖြတ်ကူးမည့် ကုန်ကားများကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းကြောင့် BGF- ကရင်နယ်ခြားစောင့်တပ်များက မကျေနပ်ကြကြောင်း သိရသည်။

BGF ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်၍ ဆက်လက်ဖမ်းဆီးမှုများ ပြုလုပ်လာပါက ပစ်ခတ်မှုများဖြစ်နိုင်သည်ဟု သတိပေးမှုများရှိနေကာ တရားမဝင်ကုန်စည်ဖမ်းဆီးမှု နောက်ဆက်တွဲ သေနတ်သံများ ပြန်လည်ထွက်ပေါ်လာနိုင်ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

“နမ့်သာအုန်းဘက်မှာ ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း BGF က မကျေနပ်ဘူး။ တကယ်လို့ BGF ရှိတဲ့နေရာကို အင်အားသုံးပြီးတော့ ဖမ်းမယ်ဆိုရင် သူတို့အနေနဲ့ ပြန်လည်ပစ်ခတ်မှုတွေ လုပ်မယ်ဆိုပြီး သတင်းတွေ ဖြန့်ထားတယ်” ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

လတ်တလော စစ်တပ်က ဖမ်းဆီးထားသည့် BGF နှင့် KNLA-PC တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးရန် သက်ဆိုင်ရာအဖွဲ့များဘက်က ညှိနှိုင်းမှုများ ပြုလုပ်နေသော်လည်း ကရင်နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြန်လွှတ်ပေးရန် ငြင်းဆန်နေကြောင်း သိရသည်။

KNLA-PC ဘက်မှလည်း ဖမ်းဆီးခံထားရသည့် တပ်ဖွဲ့ဝင်များသည် အဖွဲ့အစည်း၏ ရန်ပုံငွေရှာဖွေရေးနှင့် တပ်ဖွဲ့ဝင်များ ထောက်ပံ့ရေးအတွက် ကုန်စည်သယ်ယူမှုများတွင် ပါဝင်လုပ်ကိုင်ခြင်းဖြစ်သဖြင့် တပ်ဖွဲ့ဝင်များကို တရားစွဲဆိုခြင်းမပြုဘဲ ပြန်လွှတ်ပေးရန်၊ လိုအပ်ပါက ဒဏ်ကြေးပေးဆောင်စေခြင်းဖြင့် ဖြေရှင်းပေးရန် ဆက်ဆံရေးရုံးများမှတစ်ဆင့် ညှိနှိုင်းခဲ့ကြောင်း သိရသည်။

သို့သော် စစ်တပ်က ယင်းတောင်းဆိုချက်ကို လက်မခံဘဲ ဖမ်းဆီးထားသူများကို တရားရုံးတင်၍ အမှုရင်ဆိုင်စေကာ ပြစ်ဒဏ်ချမှတ်မည်ဟု အကြောင်းပြန်လာကြောင်း သိရသည်။

KNLA-PC ကလည်း လက်နက်နှင့် မူးယစ်ဆေးဝါးများကိုသာ တရားမဝင်ကုန်စည်အဖြစ် သတ်မှတ်၍ အရေးယူရန်နှင့် အခြားစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ သယ်ယူမှုများကို နားလည်ပေးရန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းထံ တောင်းဆိုခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။

ထို့အပြင် ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ ညှိနှိုင်းရန် လာရောက်သည့်အဖွဲ့များကို လက်နက်ယူဆောင်ခွင့် မပြုသည့်အပြင် ဆက်ဆံရေးမှူးများမှတစ်ဆင့် ညှိနှိုင်းရန် ကြိုးပမ်းမှုများကိုပါ လက်မခံသဖြင့် အခြေအနေ ပိုမိုတင်းမာလာကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် ချုပ်နှောင်ခံထားရသည့် KNLA-PC နှင့် BGF တပ်ဖွဲ့ဝင်များကို ပြန်လွှတ်ပေးခြင်းမရှိသေးသဖြင့် BGF ဘက်ကလည်း တုံ့ပြန်မှု ပြုလုပ်လာနိုင်ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က သတိပေးထားသည်။

“ချုပ်နှောင်ခံထားရတဲ့ KNLA-PC တပ်ဖွဲ့ဝင်တချို့ရယ်၊ BGF တပ်ဖွဲ့ဝင်တချို့ရယ် သူတို့က ပြန်တောင်းတယ်။ အခုထိ လွှတ်မပေးသေးဘူး။ BGF ဘက်ကတော့ ငြိမ်းချမ်းရေးနယ်မြေမှာ သေနတ်သံ ကြားလာရမယ်လို့ ပြောထားတယ်” ဟု သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိအခြေအနေသည် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးအဖွဲ့များအကြား ကုန် သွယ်ရေးနှင့် နယ်မြေထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားကွဲလွဲမှုများ ပိုမိုပြင်းထန်လာသည့် အခြေအနေဖြစ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုလည်း လျော့နည်းလာနေကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ကရင်နယ်ခြားစောင့်တပ်-BGF မှာ စစ်တပ်နှင့် လက်တွဲ အလုပ်လုပ်နေသော လက်အောက်ခံ အဖွဲ့များဖြစ်ပြီး KNLA-PC မှာမူ စစ်တပ်နှင့်အပစ်ရပ်ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးထားသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

15/08/2026

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် Elite ခရီးသည်တင်ယာဉ်၏ ယာဉ်မောင်းအိပ်ငိုက်၍ တံတားအောက် ထိုးကျတိမ်းမှောက်မှု ခရီးသည် ၁၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၁၅

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၅၈/၁ နှင့် ၅၈/၂ ကြားတွင် Elite ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ်တစ်စီး လမ်းလယ်ကျွန်းအား ဝင်တိုက်ပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ထံမှ သိရှိရသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက် နံနက် ၅ နာရီ မိနစ် ၂၀ ခန့်တွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Elite ခရီးသည်ပို့ဆောင်ရေးယာဉ်လိုင်းမှ ယာဉ်မောင်းအပါအဝင် အမျိုး သား ၆ ဦး၊ အမျိုးသမီး ၉ ဦး စုစုပေါင်း ၁၅ ဦး လိုက်ပါလာသည့် 9Q-5695 အဖြူရောင် SCANIA NEUSTAR ခရီးသည်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်မှုကြောင့် လမ်းလယ်ကျွန်းအား ဝင်တိုက်ပြီး တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူများ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သော်လည်း ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရခြင်းမရှိကြောင်း သိရှိရသည်။

အမြန်လမ်းမကြီးပေါ်တွင် ဖြစ်ပွားသည့် ယာဉ်မတော်တဆမှုများ၏ အများစုမှာ ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိသဖြင့် ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက် မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တအနားယူကြရန် သတိပေးထားသည်။

ထို့အပြင် ခရီးသည်များအားလုံး ထိုင်ခုံခါးပတ် (Seat Belt) မဖြစ်မနေ ပတ်ထားရန်၊ ခါးပတ်မပတ်ထားသည့် ခရီးသည်များကို ယာဉ်ပေါ်ပါ ဝန်ထမ်းများက သတိပေး၍ ခါးပတ်ပတ်ထားစေရန်နှင့် ယာဉ်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုရန် အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အထူးသတိပေးထားသည်။

🌿လူတစ်ယောက်ရဲ့ ဘဝမှာ...၁၀ နှစ်ဆိုတဲ့ အချိန်ကို ၇ ကြိမ်ပဲ ဖြတ်သန်းရတာပါ။ပထမ ၁၀ နှစ်အပြစ်ကင်းစင်တဲ့ ကလေးဘဝနဲ့ပျော်ရွှင်စွာ...
06/08/2026

🌿လူတစ်ယောက်ရဲ့ ဘဝမှာ...
၁၀ နှစ်ဆိုတဲ့ အချိန်ကို ၇ ကြိမ်ပဲ ဖြတ်သန်းရတာပါ။
ပထမ ၁၀ နှစ်
အပြစ်ကင်းစင်တဲ့ ကလေးဘဝနဲ့
ပျော်ရွှင်စွာ ဆော့ကစားရင်း၊
စိုးရိမ်ပူပန်စရာ မရှိတဲ့ နေ့ရက်တွေကို ဖြတ်သန်းရတယ်။

ဒုတိယ ၁၀ နှစ်
ပညာသင်ကြားရင်း၊
စာဖတ်၊ စာမေးပွဲဖြေ၊
သူငယ်ချင်းတွေ ဖွဲ့ပြီး မိတ်ဆွေတွေ ရလာတယ်။
အတွေ့အကြုံအသစ်တွေကို ရှာဖွေရင်း
ကိုယ့်ကိုယ်ကိုယ် နားလည်ဖို့ ကြိုးစားရတဲ့ အချိန်ပေါ့။

တတိယ ၁၀ နှစ်
အလုပ်အကိုင်ကို အလေးအနက်ထားပြီး
အနာဂတ်အိပ်မက်တွေအတွက်
ငွေရှာ၊ ကြိုးစား၊ အလုပ်များရင်း
ဘဝကို တည်ဆောက်တဲ့ အချိန်။

စတုတ္ထ ၁၀ နှစ်
မိသားစုတစ်ခုကို တည်ဆောက်ရင်း
ကိုယ်ချစ်ရသူတွေအတွက်
အခြေခံဘဝနဲ့ အနာဂတ်ကို ဖန်တီးပေးတဲ့ အချိန်။

ပဉ္စမ ၁၀ နှစ်
ကြိုးစားပြီး ရရှိခဲ့သမျှကို
တည်တံ့အောင် ထိန်းသိမ်းရင်း
ဘဝကို အေးအေးချမ်းချမ်း အခြေချတဲ့ အချိန်။

ဆဋ္ဌမ ၁၀ နှစ်
နှစ်ပေါင်းများစွာ အလုပ်လုပ်ရင်း
အသုံးချခဲ့တဲ့ ခန္ဓာကိုယ်ကို
ဂရုစိုက်ပြီး ကျန်းမာရေးကို ပြန်လည် ထိန်းသိမ်းရတဲ့ အချိန်။

နောက်ဆုံး ၁၀ နှစ်
တစ်သက်လုံး ကြိုးစားရှာဖွေခဲ့သမျှကို
တဖြည်းဖြည်း လွှတ်ချရင်း...
တစ်နေ့မှာ ကိုယ်လာခဲ့တဲ့ နေရာကို
ပြန်သွားဖို့ အချိန်ကို စောင့်မျှော်ရတဲ့ အချိန်။

ဒါကြောင့်...
ဘဝရဲ့ အဆုံးမှာ
ကိုယ်ဘာတွေ "ပိုင်ဆိုင်ထားလဲ" ဆိုတာထက်
ဒီနေ့... ဒီအချိန်အထိ
ကိုယ် ရယ်မောခဲ့ပြီလား...
ချစ်ခဲ့ပြီလား...
ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း
အပြည့်အဝ နေထိုင်ခဲ့ပြီလား...
အဲဒါက ပိုပြီး အရေးကြီးပါတယ်။
ဘာလို့လဲဆိုတော့...
၁၀ နှစ် ၇ ကြိမ်ထဲမှာ "အခု" ဆိုတဲ့ အချိန်ကပဲ
အကောင်းဆုံး အချိန်ဖြစ်နေလို့ပါ။

01/08/2026
မန်းတလေး ၊ ကျုံးအရှေ့ဘက် ၆၆လမ်းနှင့် ၂၆လမ်းဒေါင့်မီးပွိုင့်တွင်ဖြစ်သည် ။ ဆိုင်ကယ်စီးလာသောလူကြီးတစ်ယောက်ကိုမော်တော်ပီကယ်သ...
29/07/2026

မန်းတလေး ၊ ကျုံးအရှေ့ဘက် ၆၆လမ်းနှင့် ၂၆လမ်းဒေါင့်မီးပွိုင့်တွင်ဖြစ်သည် ။ ဆိုင်ကယ်စီးလာသောလူကြီးတစ်ယောက်ကိုမော်တော်ပီကယ်သုံးဦးမှဝိုင်းပိတ်ပြီးတားလိုက်ကြသည်။

အဖွဲ့စည်းအစုံနဲ့မဟုတ်
ဦးထုပ်ဖမ်းတာလည်းမဟုတ် လိုင်စင်ဖမ်းတာလည်းမဟုတ်ပဲ၊
အာရကေဖန်ဖို့ တောသားဖမ်းတာပဲဖြစ်သည်။
ငပိန်းဖမ်းတာဆိုပါက ပိုမှန်မည် ....

အဖမ်းခံရတဲ့ဦးလေးကြီးပုံစံကလည်း ဝါးခမောက်ကိုဆောင်းပြီး ဖျင်လွယ်အိပ်ကိုလွယ်ထားသေးသည်။
ရိုးအတဲ့တောသားကြီးအသွင်ကိုးးးး

" ဦးလေး ယာဉ်မောင်းလိုင်စင်လေးပြပါ "

မော်တော်ပီကယ်တစ်ယောက်က ဆိုင်ကယ်သော့ကိုကျွမ်းကျင်စွာနုတ်ယူလိုက်ပြီးပြောလိုက်သည်"

" လိုင်စင်က မ....မရှိ...မရှိပါဘူးမောင်ရာ "

ဦးလေးကြီးမျက်နှာကဖြူဖတ်ဖြူယော်
စကားတွေက အထစ်ထစ် အငေါ့ငေါ့'
ထုံးပေသီးသုံးကောင်ကတော့ အပီသုတ်တော့မဲ့ ဆည်၀ကဗျိုင်းမျက်နှာမျိုးတွေနဲ့'

" ဦးလေး ဆိုင်ကယ်ကလည်းဘလက် လူကလည်းလိုင်စင်လည်းမရှိဘူး ပြီးတော့ဆိုင်ကယ်စီးဦးထုပ်လည်းမဆောင်းဘူး ရုံးသာတင်ပေးလိုက်လို့ကတော့ လူရောဆိုင်ကယ်ရောလွတ်ရက်မရှိပဲနော် သိတယ်မလား " ...

" မလုပ်...မလုပ်ကြပါနဲ့မောင်ရင်တို့ရယ် ကူညီကြပါဦးးး"

" အာ့ဆို ဦးလေးပိုက်ဆံဘယ်လောက်ပါလဲပြော "

ယာဉ်ထိန်းကိုကိုက ဒဲ့မေးလိုက်တယ်
ဦးလေးကြီးက တုန်တုန်ဆပ်ဆပ်နဲ့လွယ်အိပ်ထဲနိုက်လိုက်တော့ တစ်ထောင်တန်သုံးရွက်နဲ့ ပလပ်စတစ်အိပ်ကလေးတစ်ခုထွက်လာတယ်... ...

မြန်မာနိုင်ငံယာဉ်ထိန်းတပ်သားသုံးဦးက
ဦးလေးကြီးလက်ထဲက အိပ်ကလေးကို
စိတ်၀င်စားသွားပြီး ယူကြည့်လိုက်တော့'

စာရေးထားတဲ့ စာရွက်အဖြူကိုပလပ်စတစ်အကြည်နဲ့ထည့်ထားတဲ့အိပ်ကလေး
အထဲမှာတော့ ရွှေလက်စွတ်တစ်ကွင်း'
စာရွက်မှာရေးထားတာက
မတ်သား/လက်စွပ် ၁" ယူငွေ သုံးသောင်း
ခြောက်လအတွင်းပြန်မရွှေးယူပါက ပစ္စည်းအဆုံး။

"ဆုကြေးလေးပေါက်လို့ ပေါင်ထားတဲ့ရွှေလေးလာရွေးတာပါငါ့တူတို့ရာ
ဒီလက်စွပ်လေး၀ယ်တုန်းက တစ်သိန်းပျော့ပျော့တောင်ပေးထားရတာ
ဒါပဲယူထားလိုက်ပါတော့ ဒါပေမဲ့ဆရာတို့က ကျုပ်ကိုငါးသောင်းတော့ပြန်ပေး ဒီနေ့ရွှေစျေးနဲ့ဆိုရင်နှစ်သိန်းခွဲကျော်တန်မှာလေ "

ဗလာစီယာ( ရင်ထိန်း)'သုံးကောင်
ခေါင်းချင်းဆိုင်သွားတယ်
ပြီးတော့..........

" ဦးလေး ကျုပ်တို့တစ်နေကုန်တောင်းနေတာမှသုံးသောင်းပဲရှိတယ် ဒါပဲယူသွားလိုက် ငါးသောင်းတွေဘာတွေလုပ်မနေနက် ရော့ရော့ဦးလေးဆိုင်ကယ်သော့မြန်မြန်သွား တော်ကြာအရာရှိတွေရောက်လာရင်ဒီလောက်နဲ့ရမှာမဟုတ်ဘူး "

တောသားကြီးလည်းဘာမှ ထပ်မပြောရဲရှာတော့ပဲ သူတို့ပေးတဲ့ငွေသုံးသောင်းကိုယူပြီး
ဝေ့တက်လာတဲ့မျက်ရည်စကိုသုတ်ကာထွက်လာခဲ့ရလေတော့သည်။
.........................

မန်းလေးမတ္တရာကားလမ်းဘေးရှိ စားသောက်ဆိုင်ထဲသို့
ဝါးခမောက်ဆောင်းထားပြီး ဖျင်လွယ်အိပ်လွယ်ထားသော လူတစ်ယောက်၀င်လာသောအခါ
ဆိုင်ရှင်က တရင်းတနှီးနုတ်ဆက်လေသည်။

"ဟာ ဦးဂျပန်လာပြီ
ထုံးစံအတိုင်း ခေါက်ဆွဲကြော်တစ်ပွဲနဲ့တိုက်ဂါးတစ်လုံးဆွဲခဲ့တော့ဟေ့ "

ဂျပန်ကြီးအတွက်ဒီနေ့က ခါတိုင်းနေ့တွေလို ပွဲစဉ်ကတစ်ပွဲတည်းမဟုတ်
နှစ်ပွဲဆင့်
မနက်ပိုင်း သိပ္ပံလမ်းဖက်ကပွဲက နှစ်သောင်းရလိုက်ပြီး ညနေကျုံးဒါင့်ကပွဲက သုံးသောင်းရတာဆိုတော့
ဒီနေ့၀င်ငွေက မြန်မာငွေကျပ်ငါးသောင်းတိတိ။
အရင်း' ရွှေလက်စွပ်အတုကနှစ်ထောင် နားကပ်အတုက ထောင့်ငါးရာပဲရှိတာဆိုတော့ ငွေသုံးထောင့်ငါးရာနဲ့ငါးသောင်းကိုလဲယူရတာ'
အိုက်တင်ကတော့ မြန်မာကားထဲကဇာတ်ပို့လောက်တတ်ရင်ရပြီ
မို့မို့မြင့်အောင်လိုမျက်ရည်တစ်ဖက်တည်းကျတတ်လောက်အောင်ထိမလိုပါဘူး။
ဒါပေမဲ့'
ဒီအလုပ်ကလည်း "နာ"သုံး "နာ" နဲ့ပြည့်စုံမှဖြစ်မှာနော်........
နံပတ်(1) ဒီကောင်တွေကိုစောက်နှလုံး'နာရမယ်
(2) အားနာနေလို့မရဘူး
ပြီးတော့
(3) ဝါသနာကလည်းပါရဦးမယ်လေ

ဟားးးးးးးး

နေပူပူမှာလေပူပူမှာ လည်ချောင်းထဲဖြတ်စီးသွားတဲ့ ဘီယာအေးအေးလေးကအရသာရှိလိုက်တာ......

အခုချိန်ဆိုသူပေးခဲ့တဲ့နားကပ်တို့လက်စွပ်တို့ကိုအတုမှန်းမသိရကောင်းလားဆိုပြီး ဘယ်ကောင်များမိန်းမကပါးရိုက်ခံရပြီလဲ.....
ဒါမှမဟုတ်
ဆိုင်ကိုသွားရောင်းလို့များ ရုံးရောက် ဂတ်ရောက် ရောက်ကုန်ကြပြီလား အဟိ။

ဒီကောင်တွေခွဲတတ်ရင် ရမ်အတုနဲ့အစစ်လောက်ပေါ့။
မော်တော်ပီကယ်နဲ့ရွှေဘာဆိုင်တာမှတ်လို့ ဟီးးးးး'

" ဘီယာနောက်တစ်လုံးဟေ့ ဂေ့ " ...


ဂျပန်ကြီး

နေပြည်တော်  အစီုးရမင်းများရဲ့ ရုံးစိုက်ရာမြို့ပါ။ မကြောက်မရွံ့ နဲ့ တရားဝင်အေးဒမြတွေရှိနေတာပါလား။ဒီမနက်  ကျည်တောင်ကန်ရွာက...
20/07/2026

နေပြည်တော် အစီုးရမင်းများရဲ့ ရုံးစိုက်ရာမြို့ပါ။
မကြောက်မရွံ့ နဲ့ တရားဝင်အေးဒမြတွေရှိနေတာပါလား။

ဒီမနက် ကျည်တောင်ကန်ရွာကို ဆိုင်ကယ်နဲ့သွားတယ် နှစ်ယောက်စီးတယ် လူလိုင်စင် ဆိုင်ကယ်လိုင်စင် ဦးထုတ် အပြည့်အစုံပါတယ် အသွား သပြေကုန်းအဝိုင်းပတ်ပြီး တန်းတန်း ချင်းရွာလမ်းအတိုင်းသွားတယ် အပြန် နေပြည်တော်ဘူတာကြီးလမ်းအတိုင်း ဘုရားပေါက်လမ်းအတိုင်း မောင်းလာတယ် ရွာထော်မီးပွိုင့်ရောက်တော့ ရဲက ဘေးကပ်ရပ်ဖို့ အချက်ပြတယ် ကပ်‌ရပ်ပေးတယ် လိုင်စင် ဝှီးတက်စစ်တယ် ထုတ်လဲပြရော စစ်သားလက်ထဲထည့်တယ် စစ်သားက မော်တော်ပီကယ် ရုံးခန်းထဲခေါ်တယ် အထဲရောက်တော့ မော်တော်ပီကယ်က လယ်ဂျာစာအုပ်မှာ နာမည် အဖအမည် ရေးတယ် အဲထိလဲ ဘာလဲပေါ့ ကျမရှေ့မှာလဲ 4 ယောက်လောက်ရှိနေတယ် ခဏနေတော့ ပြောတယ် အမတို့ ညာကပ်မမောင်းလို့တဲ့ အဲမှာ ကျမတို့က ဆရာကြီး မှားနေပြီ ကျမညာကပ်မောင်းလာတယ် ပညာပေးကာလ အသံနဲ့ဖွင့်ပြတာလဲ နေ့တိုင်းရုံးသွားရင်း ဖယ်ရီပေါ်ကနေ နားထောင်သိရှိထားတယ် ခုက ပွိုင့်နားမရောက်ခင် လမ်းမကောင်ဘူး ရေအိုင်ချိုင့်ခွက်ရှိနေတယ် ဘီးပေါက်မှာစိုးလို့အဲချိုင့်ရှောင်မောင်း ခဏ ဘေးလွတ်ရာတက်တာ ပြီး ညာဘက်ပြန်ကပ်မောင်းတယ်ပြောတာမရ သူတို့လှမ်းကြည့်ရင်တောင် အဲရေအိုင်လှမ်းမြင်နေရလေ ကျမတို့စည်းကပ်လိုက်နာတယ် အပြည့်အစုံပါတယ် လမ်းအခြေအနေအရမို့ကို ရုံးသွားဆောင် ဒဏ်ငွေ30000သောင်းကျမယ် ချလန်ဖြတ်ရင် ဒီမှာညှိလိုက် တယောက် 15000ခွဲပေးလိုက် အလုပ်ရှင်းတယ်တဲ့ မကျေနပ်ပေမယ့် 15000ပေးခဲ့ရပါတယ် သက်ဆိုင်ရာ လူကြီးမင်းများကို မေးခွန်းထုတ်ချင်တာက ကျမတို့ ပြည်သူတွေ အပြည့်အစုံ ယာဉ်စီးကမ်း လမ်းစည်းကမ်း နားလည်သိရှိထားသော်လည်း မော်တော်ပီကယ်လွတ်တဲ့ အဖွဲ့အစည်းများနဲ့လွတ်တဲ့ လမ်းများကနေ ကွေ့ပတ် ရှောင်မောင်း လိုရာခရီး အချိန်ကျန့်ကြာစွာ သွားရမှာလားရှင့် ညာကျောအစဉ်ကပ်စေချင်ရင်လဲ စံချိန်မှီ ချိုင့်ခွက်ကင်းလမ်းများ ဖောက်လုပ်ပေးပါရှင့် ငလျင်ကြောင့် ဘယ်ချိုင့် ဘယ်လမ်း ဘယ်လောက်နက်မှန်းမသိပဲ ဆင်းမမောင်းရဲပါဘူး ပြည်သူကို တကယ်တန်ဖိုးထားရင် ပြည်သူကို အေးဓမြ မတိုက်ပါနဲ့ ခုချိန်ကာလ ကုန်ဈေးနှုန်းကြောင့် လူတိုင်းခက်ခဲကြပ်တည်းနေတာ သိစေချင်ပါတယ်။

ဒီဟာလေးshareပေးလိုက်ကြပါဗျ115ဖြူးကယာဉ်ထိန်းလွဲပီးကျွန်တော်ကိုပေးလိုက်တာ ကိုကအပျောက်လျှောက်လဲရတယ် သူကလုပ်ကိုင်စားရတယ်ဆိုအ...
18/07/2026

ဒီဟာလေးshareပေးလိုက်ကြပါဗျ115ဖြူးကယာဉ်ထိန်းလွဲပီးကျွန်တော်ကိုပေးလိုက်တာ ကိုကအပျောက်လျှောက်လဲရတယ် သူကလုပ်ကိုင်စားရတယ်ဆိုအနီရဖို့မလွယ်ဘူး သက်တမ်းကလဲအသစ်တိုးထားတာ ရဲကဖမ်းထားပီမှလွဲတယ်ဆိုအခက်ခဲဖြစ်မှာဆိုးလို့ နောက်လူတွေလဲကိုယ့်လိုမဖြစ်အောင်ဂရုစိုက်ပီးပြန်ယူကြပါ ကိုကညဖက်ကြီးလဲဖြစ် လိုင်စင်လေးပြပါဆိုလို့ခနလေးပဲကြည့်ပီးပြန်ပေးတာဆိုတော့မလွဲလောက်ဘူးထင်ပီးမကြည့်မိဘူး09422323330

Address

Yangon
0133808085

Telephone

+959422323330

Website

Alerts

Be the first to know and let us send you an email when Trucks repair & diagnostic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share