23/03/2024
" တိတ်တိတ်လေး နေ "
💮💮💮💮💮💮💮
🏵️ သူတပါး မကောင်းတာကို တွေးနေရင်
ကိုယ့်အတွက် ကောင်းတာတွေ တွေးဖို့ အချိန်တွေ ဆုံးရှုံးတယ်
🏵️ သူတပါး မကောင်းကြောင်းတွေ ပြောနေရင်
ကိုယ့်အတွက် ကောင်းတာတွေ ပြောဖို့ အချိန်တွေ ဆုံးရှုံးတယ်
🏵️ သူတပါး မကောင်းမှုလုပ်တာကို ထိုင်ကြည့်နေရင်
ကိုယ်ကောင်းတာလုပ်ဖို့ အချိန်တွေ ဆုံးရှုံးတယ်
🏵️ ကမ္ဘာကြီးက တဖြည်းဖြည်းပူလာတယ်
ကိုယ့်စိတ်တွေ အေးအောင်ကြိုးစားထားမှ
ဘဝအချိန်ခဏလေး နေရတာ တန်ဘိုးရှိမယ်
🏵️ နေရာတိုင်းက ဆူနေတယ်
ကိုယ့်စိတ်ကိုယ် တိတ်အောင် ငြိမ်အောင် ကြိုးစားထားမှ
ဘယ်နေ့ ဘယ်အချိန် ဘယ်ဘေးနဲ့ သေရမယ်မှန်း မသိနိုင်တဲ့ ဘဝအတွက် ပြင်ဆင်ပြီးသားဖြစ်မယ်
🏵️ ကုသိုလ်လည်းမရ ပညာလည်းမရ ဥစ္စာလည်းမရ
အကုသိုလ်တွေပဲ အဖတ်တင်တဲ့ အလုပ်တွေအတွက် အချိန်မဖြုန်းပါနဲ့
🏵️ ကုသိုလ်ကောင်းမှုက တိတ်ဆိတ်တဲ့ သဘောရှိတယ် အေးချမ်းတယ်
🏵️ အကုသိုလ်က ဆူတယ် ပူတယ်
ဒါကြောင့် တိတ်တိတ်လေးသာနေ
``ဘဝက သိပ်မြန်လွန်းလို့ပါ´´
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
အရှင်တေဇာနန္ဒ 'စေတနာပန်းခင်း
Via
Credit #မူရင်းတင်သူအား