08/12/2022
ရေကြောင်း ကုန်းပတ်အရာရှိတွေကို ချစ်သူထားသင့်တဲ့ အချက်များ
သင်္ဘောပေါ်က ကုန်သွယ်ရေကြောင်း သင်္ဘောမောင်းနှင်သူ ဆိုတာ
ဘာအလုပ်ပဲ လုပ်လုပ် ကြိုတင်စီစဥ်တတ်သူဆိုပါတော့
သင်္ဘောမောင်းနှင်ခန်းထဲ by all available means နဲ့ နေနေတတ်လို့ အသေးစိတ်ကအစ ဂရုစိုက်တတ်တဲ့ အကျင့်ကြီးကလဲ သူတို့ အလေ့အကျင့်တစ်ခုလိုကို ဖြစ်နေတတ်တာ
ပြဿနာတစ်ခုဖြစ်ပီဆိုရင် emergency plan ခေါင်းထဲမှာ အမြဲရှိတတ်လို့ ဘဝရဲ့ အခက်အခဲတွေကို တိုင်ပင်အားကိုးလို့ရတဲ့ သူတွေလဲ ဖြစ်တယ်
ဝင်ငွေကတော့ အထူးပြောစရာမလိုတော့ပါဘူး
တစ်ခြားသင်္ဘောတွေကိုတောင် မောင်းနှင်ပုံစံ နည်းနည်းလေး ပြောင်းသွားတာကို အမြဲစောင့်ကြည့်နေတတ်တဲ့သူတွေမလို့ ယူတို့ကိုလဲ အမြဲဂရုတစိုက် ကြည့်နေမှာအသေအချာပါ
ဆိပ်ကမ်းအာဏာပိုင်တွေ အခြားသင်္ဘောတွေနဲ့ အမြဲတမ်း ဆက်ဆံနေရတဲ့သူတွေမို့ ဆက်ဆံရေးပိုင်းကလဲ ရှယ်ကောင်း
ဒီလောက်များတဲ့စာရွက်စာတမ်းတွေတောင် အမှားတချက် မရှိအောင်ပြင်ဆင်ထိန်းသိမ်းနိုင်မှတော့ အိမ်ကစာရွက်စာတမ်း ကိစတွေကလဲ သူရဲ့စီမံမှု အောက်မှာ အစီအစဥ်တကျ ဖြစ်စေမှာပါ
အိမ်မှာဆိုလဲ ဟိုဟာပြင် ဒီဟာပြင် ဟိုဆေးသုတ် ဒီဆေးသုတ်နဲ့ အကုန်တီးမိခေါက်မိ ရှိနေတတ်လို့ ဘဝအတွက် အားကိုးရမယ့်သူတွေပါ
ကြမ်းတမ်းခက်ထန်လှတဲ့ ပင်လယ်ပြင်ကြီးထဲမှာ သင်္ဘောတစ်စီးကို ကောင်းမွန်စွာထိန်းကျောင်းပြီး လိုရာခရီး ရောက်အောင်ပို့ပေးနိုင်တဲ့ သူတွေဖြစ်လို့ မိသားစုကိုလဲ ကောင်းမွန်စွာထိန်းကျောင်းနိုင်ပြီး ကာကွယ်နိုင်မှာ အသေအချာပါပဲ
နောက်ဆုံးအနေနဲ့မိသားစုနဲ့ဝေးကွာနေရသူတွေ ဖြစ်လို့ မိသားစု ဘဝကို လွန်စွာတန်ဖိုးထားတတ်သူတွေပါ
ကဲ လက်မလွတ်ကြပါနဲ့ အမိတို့ 😁