EMPO

Directions Website Contact the business

EMPO Training, consultancy and toolkits for Myanmar's humanitarian and development sector. 18 practitioner-led courses, online and in person. Unlock the future.

🌐 EMPO မှ အပတ်စဥ် မျှဝေပေးနေကြဖြစ်တဲ့   မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ🚀NGO/INGO နဲ့ CSO နယ်ပ...
03/10/2026

🌐 EMPO မှ အပတ်စဥ် မျှဝေပေးနေကြဖြစ်တဲ့ မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ

🚀NGO/INGO နဲ့ CSO နယ်ပယ်မှာ မိမိရဲ့ Career ကို တည်ဆောက်လိုသူတွေ၊

🚀သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံသစ်တွေ ရယူချင်သူတွေအတွက် နိုင်ငံတစ်ဝန်း ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်း အသစ်များကို EMPO မှ စုစည်း မျှဝေပေးလိုက်ပါတယ်။

📌Program_Finance Officer

👉Location - Mawlamyaing

👉Deadline - 09 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/098_-_Program_FInance_Officer.pdf

——————————————

📌Program Officer

👉Location - Yangon

👉Deadline - 09 October 2026

👉Job Descriptionhttps://themimu.info/sites/themimu.info/files/jobs/028-10022026_PGK_Program_Officer_Yangon_TB_Project.pdf

——————————————

📌 Deputy Manager, Compliance

👉Location -Pyinmana

👉Deadline - 16 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_for_DM_Compilance_16_Oct_26.pdf

——————————————

📌Accoutant

👉Location - Kachin State (Ability to work remote and hard-to-reach areas)

👉Deadline - 16 October 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/Accountant_KC_0.zip ——————————————

📌Operations and Program Support Assistant

👉Location -Yangon

👉Deadline - 15 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_OperationsProgram_Support_Assistant_Oct2026_0.pdf

——————————————

📌M&E Officer

👉Location - Yangon

👉Deadline - 16 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/ME_Officer_JD_update.pdf

——————————————

📌Project Assistant

👉Location - Pathein Township

👉Deadline - 14 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA-103-2026_Project_Assistant_Pathein_End-TB.pdf

——————————————

📌Finance Assistant (2 Posts)

👉Location - Hlaing Thar Yar Township, Yangon

👉Deadline - 14 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_Tdh-073-2026_Finance_Finance_Assistant_HTY.pdf

——————————————

📌Account Officer

👉Location - Yangon

👉Deadline - 09 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_for_Account_Officer_9_Oct_26.pdf

——————————————

📌Operation Assistant

👉Location -Yangon

👉Deadline - 14 October 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_320_2026_Operations_Assistant_SCH_YRO.pdf

——————————————

📌Finance Officer

👉Location - Yangon

👉Deadline - 12 October 2026

👉Job Description - https://themimu.info/sites/themimu.info/files/jobs/Finance_Officer_CO.zip

💡 NGO/CSO Sector မှာ လျှောက်လွှာ မတင်မီ Skills များကို အဆင်သင့် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

NGO/CSO နယ်ပယ်မှာ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အခွင့်အလမ်းတွေ ပိုမို ရရှိစေရန်အတွက် Data Analysis, Project Management Systems, Donor-compliant Reporting နဲ့ Professional English Communication စတဲ့ Skill များက Position တိုင်းအတွက် မရှိမဖြစ် လိုအပ်လျက် ရှိပါတယ်။

🚀အခုလို လိုအပ်နေတဲ့ Skills များကို EMPO ကလည်း သင်တန်းများနဲ့ အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။

သင်တန်းများအကြောင်း အသေးစိတ် စုံစမ်းလိုပါက Page Messenger တွင် စာပို့ အကူအညီ ရယူနိုင်ပါတယ်။

✨ အလုပ်တွေ အကုန်လုံး တစ်ပြိုင်နက် ရောက်လာလို့ ဘာကို အရင်လုပ်ရမှန်းမသိ၊ ယောက်ယက်ခတ်နေတယ်ဆို Eisenhower Matrix (4 Quadrant...
02/10/2026

✨ အလုပ်တွေ အကုန်လုံး တစ်ပြိုင်နက် ရောက်လာလို့ ဘာကို အရင်လုပ်ရမှန်းမသိ၊ ယောက်ယက်ခတ်နေတယ်ဆို Eisenhower Matrix (4 Quadrants) ကို သုံးကြည့်ပါ။ 🎯

NGO/CSO Field မှာ အလုပ်လုပ်နေသူတွေအတွက် Donor Report တင်ရတာ၊ Field ဆင်းရတာ၊ Meeting တက်ရတာနဲ့ Routine Tasks တွေ တစ်ပြိုင်နက်တည်း ရောက်လာတာဟာ ကြုံရလေ့ရှိတဲ့ စိန်ခေါ်မှုတစ်ခုပါ။

အရာရာကို "အရေးပေါ်" လို့ သတ်မှတ်ပြီး ရမ်းသန်းလုပ်နေရင် Burnout ဖြစ်ရတာတွေ များလာပြီး အရေးကြီးတဲ့ Task တွေ ကျန်ခဲ့တတ်ပါတယ်။

ဒီလိုမဖြစ်ရအောင် ကမ္ဘာတစ်ဝန်း စီမံခန့်ခွဲသူတွေ သုံးစွဲနေကြတဲ့ Eisenhower Matrix (4 Quadrants) နည်းလမ်းလေးကို အသုံးပြုကြည့်သင့်ပါတယ်။

💡 Eisenhower Matrix ဆိုတာ ဘာလဲ?

မိမိဆီ ရောက်ရှိလာတဲ့ အလုပ်တာဝန် (Tasks) တိုင်းကို "အရေးကြီးမှု (Importance)" နဲ့ "အရေးပေါ်မှု (Urgency)" ဆိုတဲ့ အချက် (၂) ချက်အပေါ် မူတည်ပြီး ခွဲခြားလိုက်တာပဲ ဖြစ်ပါတယ်။

📌 NGO Staff တွေအတွက် (4 Quadrants) က ဘယ်လို အသုံးဝင်မလဲ?

1️⃣ Do First — အရေးကြီး + အရေးပေါ် (ချက်ချင်း လုပ်ပါ)

မနက်ဖြန် မဖြစ်မနေ တင်ရမယ့် Donor Deadline/Report များ၊ မြေပြင်မှာ ဖြစ်ပေါ်လျက်ရှိတဲ့ Emergency Field Issues သို့မဟုတ် Safety/Security Crises များ ဖြစ်ပါတယ်။

🎯တခြားအလုပ်များကို ခေတ္တဘေးဖယ်ကာ ဒီအလုပ်ကို အမြန်ဆုံး အာရုံစိုက် ပြီးပြတ်အောင် လုပ်ဖို့ လိုအပ်ပါတယ်။

2️⃣ Schedule — အရေးကြီး + အရေးမပေါ် (ရက်ချိန်းသတ်မှတ်၍ စနစ်တကျလုပ်ပါ)

ဒီ Category ကတော့ NGO Staff တစ်ယောက်ရဲ့ Career နဲ့ Project အောင်မြင်မှုအတွက် အရေးအကြီးဆုံး အကွက် ဖြစ်ပါတယ်။

နောက်တစ်လအတွက် Proposal & Activity Planning ရေးဆွဲခြင်း၊ M&E/MEAL Framework ပြင်ဆင်ခြင်း၊ Staff Capacity Building နှင့် Self-Care ပြုလုပ်ခြင်းတို့ ပါဝင်ပါတယ်။

🎯Calendar မှာ မဖြစ်မနေ အချိန်သီးသန့် (Focus Time) ဖယ်ထားပြီး မပျက်မကွက် လုပ်ဆောင်သင့်ပါတယ်။

3️⃣Delegate — အရေးမကြီး + အရေးပေါ် (အခြားသူထံ လွှဲပြောင်းပေးပါ)

မနက်ဖြန် အစည်းအဝေးအတွက် စာရွက်စာတမ်း မိတ္တူကူးခြင်း၊ ပုံမှန် Data Entry သွင်းခြင်း သို့မဟုတ် Routine Admin Tasks များ ဖြစ်ပါတယ်။

🎯ဒီလို Task တွေအတွက် မိမိကိုယ်တိုင် အချိန်ကုန်ခံမည့်အစား သက်ဆိုင်ရာ Team Member သို့မဟုတ် Intern/Assistant များထံ စနစ်တကျ တာဝန်လွှဲပြောင်း (Delegate) ပေးကာ စနစ်တကျ စီမံ နိုင်ပါတယ်။

4️⃣ Eliminate — အရေးမကြီး + အရေးမပေါ် (ပယ်ဖျက်ပါ သို့မဟုတ် လျှော့ချပါ)

ရည်ရွယ်ချက် မရှိဘဲ ရှည်လျားနေတဲံ Unstructured Meetings တွေ၊ Social Media Notifications တွေ၊ သို့မဟုတ် အလုပ်ချိန်အတွင်း မလိုအပ်ဘဲ စကားစမြည် ပြောဆိုနေခြင်းများ ဖြစ်ပါတယ်။

🎯ကိုယ့်ရဲ့ Productivity ကို မထိခိုက်စေဖို့အတွက် ဒီအရာတွေကို ငြင်းဆန်ပါ သို့မဟုတ် တတ်နိုင်သမျှ ပယ်ဖျက်/လျှော့ချသင့်တာပဲ ဖြစ်ပါတယ်။

🌟 Management ဆိုတာ အလုပ်တွေကို အပြေးအလွှား လုပ်တာမဟုတ်ဘဲ မှန်ကန်တဲ့ Tool တွေကို သုံးပြီး အလုပ်နဲ့ ဘဝ မျှတအောင် စီမံခန့်ခွဲခြင်း ဖြစ်ပါတယ်။

ဒါကြောင့် Work Smart ဖြစ်ဖို့အတွက် ကိုယ့်ရဲ့ To-Do List တွေကို Category စနစ်ကျခွဲပြီး စမတ်ကျကျ အချိန်စီမံခန့်ခွဲကြည့်လိုက်ရအောင်နော်။ 🚀✨

🚀 NGO/CSO Sector ဆိုင်ရာ Career Advice များ၊ Proposal Strategy နဲ့ Capacity Building Knowledge များကို မပြတ် လေ့လာနိုင်ဖို့ EMPO Page ကို Like & Follow လုပ်ထားကြဖို့ မမေ့ပါနဲ့နော်။

"လုပ်ငန်းခွင်မှာ ဘာကို အရင်လုပ်ရမှန်းမသိ၊ စမ်းတဝါးဝါးဖြစ်နေတဲ့ 'First-Time NGO Staff' တွေ မဖြစ်မနေ ဖတ်ရန်" 💡NGO/CSO Sect...
30/09/2026

"လုပ်ငန်းခွင်မှာ ဘာကို အရင်လုပ်ရမှန်းမသိ၊ စမ်းတဝါးဝါးဖြစ်နေတဲ့ 'First-Time NGO Staff' တွေ မဖြစ်မနေ ဖတ်ရန်" 💡

NGO/CSO Sector ကို စတင်ဝင်ရောက်လာသူတွေနဲ့ နယ်ပယ်သစ် ပြောင်းလာသူ တော်တော်များများ ကြုံရလေ့ရှိတဲ့ အကြီးမားဆုံး အခက်အခဲကတော့ "ကိုယ်က ဘာကို အဓိက အထူးပြု စိတ်ဝင်စားတာလဲ၊ ဘယ် Career Path အတိုင်း ရှေ့ဆက် ကူးပြောင်းသင့်သလဲ" ဆိုတာပါပဲ။

နယ်ပယ်သစ်ရဲ့ စီမံကိန်း ပုံစံတွေ၊ အသုံးအနှုန်းတွေကြားမှာ ဘာကို အဓိကထား စတင်ရမယ်ဆိုတာ မသိဘဲ စမ်းတဝါးဝါး ဖြစ်နေသလို ခံစားရတတ်ပါတယ်။

ဒါပေမဲ့ ဒီလို ရှုပ်ထွေးနေတဲ့ လမ်းကြောင်းကြားမှာ ဘာပဲလုပ်လုပ် NGO/CSO Sector ထဲမှာ မရှိမဖြစ် ပိုင်ဆိုင်ထားရမှာကတော့ "Project Management Skill" ပါပဲ။

🤔 ဘာကြောင့် Project Management Skill က မရှိမဖြစ် လိုအပ်တာလဲ?

1️⃣ ဘယ် Role ကပဲလာလာ အခြေခံအုတ်မြစ်

ကျန်းမာရေး၊ အသိပညာပေး၊ ရန်ပုံငွေ စီမံခန့်ခွဲမှု သို့မဟုတ် Protection ဘက်ကပဲလာလာ စီမံကိန်းတိုင်းမှာ Proposal ဆွဲတာ၊ Timeline စီမံတာ၊ Risk တွက်တာနဲ့ Donor Report ရေးတာတွေက ရှောင်လွှဲလို့မရတဲ့ လုပ်ငန်းစဉ်တွေဖြစ်ပါတယ်။

2️⃣ Project Management Skillset ကို နားလည်ထားရင် လုပ်ငန်းခွင်မှာ အဆင့်ဆင့် ဘာလုပ်ရမလဲဆိုတာ ခေါင်းစဉ်တပ်ရလွယ်ကူသွားပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စီမံကိန်းကို ဦးဆောင်နိုင််သူအနေနဲ့ပါ ကိုယ့်ကိုယ်ကို မြှင့်တင် နိုင်လာပါလိမ့်မယ်။

ဒါကြောင့်လည်း EMPO ကနေ Project Management for NGO Professionals သင်တန်းကို နှစ်လ တစ်ကြိမ် ဖွင့်လှစ်ပေးလျက်ရှိပြီး အခုတစ်ကြိမ်ကတော့ 2026 ခုနှစ်အတွက် နောက်ဆုံး Batch ပဲ ဖြစ်ပါတယ်။

Project Management for NGO Professionals သင်တန်းဟာဆိုရင် သင်တန်းသားတွေအတွက် အကောင်းဆုံး ရလဒ်တွေပဲ ပေးနိုင်ခဲ့တဲ့ သင်တန်းတွေထဲက တစ်ခု ဖြစ်ပါတယ်။

🌟 ဘာကြောင့် First-Time NGO Staff တွေအတွက် အသင့်တော်ဆုံးဖြစ်ရတာလဲ?

1️⃣ Theory + Practical Case Scenarios ချိတ်ဆက်ပေးခြင်း

စာအုပ်ထဲက စီမံကိန်း သဘောတရားတွေကိုတင် သင်ပေးတာ မဟုတ်ဘဲ မြေပြင်မှာ တကယ်ကြုံရမယ့် Case Scenarios တွေနဲ့ တွဲဖက် သင်ကြားပေးတာကြောင့် လုပ်ငန်းခွင်မှာ ချက်ချင်း ပြန်လည် အသုံးချနိုင်ပါတယ်။

2️⃣ Project Cycle Management ကို အစမှ အဆုံး စနစ်တကျ နားလည်သွားခြင်း

Project Design၊ LogFrame၊ Proposal၊ Timeline၊ Budgeting နဲ့ Reporting အထိ အဆင့်တိုင်းကို ခေါင်းစဉ်တကျ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားပါမယ်။

3️⃣ Stress-Free & Supportive Community

အလုပ်မအားသူများအတွက် Class Recordings များ အချိန်မရွေး ပြန်ကြည့်နိုင်သည့်အပြင် သင်တန်းပြီးသော်လည်း Alumni Sessions များမှတစ်ဆင့် ကျွမ်းကျင်သူတွေနဲ့အတူ လုပ်ငန်းခွင် အခက်အခဲများကို လစဉ်မပြတ် ဆွေးနွေး တိုင်ပင်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အတန်းရဲ့ Batch 5 မှာ သင်ယူတက်ရောက်ခဲ့တဲ့ Project Officer တစ်ဦးဟာလည်း

💬"လက်ရှိလုပ်ငန်းခွင်သည် ပထမဦးဆုံးသော လုပ်ငန်းခွင်ဖြစ်သဖြင့် လုပ်ဆောင်နေရသော တာဝန်များကို စမ်းတဝါးဝါးဖြစ်နေပြီး မည်သည့်အဆင့်ကို မည်သို့ လုပ်ဆောင်နေရသည်ကို ခေါင်းစဉ်တပ်မရနိုင်သေးသော အခြေအနေဖြစ်ခဲ့ပါသည်။

ဤသင်တန်းမှ သင်ယူခဲ့သမျှသည် မိမိ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းစဉ်ကို နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည့် ပြင်ဆင်မှုကောင်း ဖြစ်စေခဲ့သည့်အပြင် စီမံကိန်းဆိုင်ရာ စီမံခန့်ခွဲမှု ကဏ္ဍအတွက်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုများ တိုးတက်လာစေခဲ့ပါတယ်..."

ဆိုပြီး မျှဝေပေးခဲ့ပါသေးတယ်။

အခုလို **🚀** စမ်းတဝါးဝါး အခြေအနေကနေ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတဲ့ Smart NGO Professional တစ်ယောက်အဖြစ် ကူးပြောင်းဖို့ EMPO ရဲ့ "Project Management for NGO Professionals" Batch-6 မှာအမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါနော်။ ✨

Page Messenger သို့မဟုတ် Comment မှာ "PM" ဟု စာတိုလေး ပေးပို့ စုံစမ်းနိုင်ပါပြီ။

📞 Direct Contact / Viber: 09-250326876

"ဖိအားတွေကြားမှာ ဝန်ထမ်းတွေ စိတ်ဓာတ်ကျ/နွမ်းနယ်ပြီး အဖွဲ့အစည်းရဲ့ Project တွေ စွမ်းဆောင်ရည် လျော့ကျမသွားအောင် ထိန်းသိမ်း...
29/09/2026

"ဖိအားတွေကြားမှာ ဝန်ထမ်းတွေ စိတ်ဓာတ်ကျ/နွမ်းနယ်ပြီး အဖွဲ့အစည်းရဲ့ Project တွေ စွမ်းဆောင်ရည် လျော့ကျမသွားအောင် ထိန်းသိမ်းထားနိုင်ဖို့ EMPO နဲ့ အတူ အခမဲ့ လေ့လာပါ။" 🛡️

အပြောင်းအလဲနဲ့ စိန်ခေါ်မှုများပြားတဲ့ အခုလို ကာလမှာ CSOs နဲ့ NGOs များမှ ဝန်ထမ်းတွေအနေနဲ့

📌Burnout (အလုပ်ကြောင့် နွမ်းနယ်ခြင်း)၊

📌Compassion Fatigue (စာနာစိတ်ကြောင့် နွမ်းနယ်ခြင်း) များနဲ့

📌စိတ်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံရေး (Psychological Safety) တို့က မကြာခဏ စနစ်တကျ ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့အတွက်

EMPO Academy မှာ "Creating a Healthy Workplace" Self-Paced Course လေးကို လုံးဝ Free (အခမဲ့) ဝင်ရောက်လေ့လာနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းတစ်ခု မျှဝေပေးချင်ပါတယ်။ ✨

အဖွဲ့အစည်းတစ်ခုရဲ့ အကြီးမားဆုံးသော Asset ဟာ ဝန်ထမ်းတွေပဲ ဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက် Staff-care ကို စနစ်တကျ စီမံခန့်ခွဲနိုင်ခြင်း မရှိရင် မလိုလားအပ်တဲ့ ဝန်ထမ်းနှုတ်ထွက်မှုတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းမှုဆိုတဲ့ အကြီးမားဆုံး အန္တရာယ်နဲ့ ကြုံတွေ့ရနိုင်ပါတယ်။

💡ဒါကြောင့်လည်း EMPO Academy မှာ အခမဲ့ လေ့လာနိုင်တဲ့ ဒီ Course လေးကို စီစဥ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

မြေပြင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ Burnout နဲ့ Vicarious Trauma တွေ၏ အစောပိုင်းလက္ခဏာတွေကို WHO Healthy Workplace Framework ရဲ့ နယ်ပယ် (၄) ခုနဲ့ အညီ လက်တွေ့ကျကျ သင်ယူနိုင်မှာ ဖြစ်ပြီး

မြန်မာနိုင်ငံရဲ့ ပဋိပက္ခဒဏ်သင့် ဒေသများနဲ့ စိန်ခေါ်မှုများတဲ့ အခြေအနေများကို အခြေခံထားတဲ့ Real-world Case Studies များလည်း ပါဝင်တာကြောင့် Field Staff များအတွက်ပါ အသုံးဝင်မှာ အသေအချာပါပဲ။

Capacity Building အကန့်အသတ်ရှိနေတဲ့ မြန်မာနိုင်ငံရှိ NGO/CSO များမှ ဝန်ထမ်းများနဲ့ မန်နေဂျာများ အခမဲ့ တက်ရောက်နိုင်ရန် ရည်ရွယ်ကာ Free ဖွင့်လှစ်ပေးထားတာ ဖြစ်တဲ့အပြင်

မိမိစိတ်ကြိုက်အချိန်မှာ သင့်တော်သလို ဝင်ရောက်လေ့လာနိုင်မယ့် Self-paced သင်တန်းအခွင့်အရေးပဲ ဖြစ်ပါတယ်။

ဒါကြောင့် Safe ဖြစ်ပြီး အားလုံးသက်တောင့်သက်သာ ပါဝင်နိုင်တဲ့ လုပ်ငန်းခွင်တစ်ခုကို စနစ်တကျ တည်ဆောက်လိုသူတိုင်း EMPO Academy မှာ လာရောက်လေ့လာဖို့ ဖိတ်ခေါ်လိုက်ချင်ပါတယ်။ 🚀✨

👉 သင်တန်း တက်ရောက်ရန် လင့်ခ်: https://academy.empomm.com/courses/creating-a-healthy-workplace

⚠️ EMPO Academy Website / Portal သို့ ဝင်ရောက်သည့်အခါ VPN ဖွင့်ထားပါက အကောင့်ဝင်ရောက်ရာတွင် အဆင်မပြေဖြစ်နိုင်ပါသဖြင့် VPN ခေတ္တ ပိတ်၍ ဝင်ရောက်ပေးပါရန် သတိပြုပေးပါ။

🌟Project Management for NGO Professionals သင်တန်းအကြောင်းကို တက်ရောက်ခဲ့သူတွေ ဘာပြောကြသလဲ?INGO/CSO Field မှာ အလုပ်လုပ်နေ...
28/09/2026

🌟Project Management for NGO Professionals သင်တန်းအကြောင်းကို တက်ရောက်ခဲ့သူတွေ ဘာပြောကြသလဲ?

INGO/CSO Field မှာ အလုပ်လုပ်နေသူများအတွက် Project Management ဆိုတာ သာမန် ရာထူးတစ်ခု မဟုတ်တော့ဘဲ၊ စီမံကိန်းတစ်ခုလုံးကို စနစ်တကျနဲ့ ထိရောက်စွာ မောင်းနှင်နိုင်ဖို့အတွက် Core Professional Skill တစ်ခု ဖြစ်နေပါပြီ။

ဒီ မရှိမဖြစ် Skill ကို စနစ်တကျ သင်ယူဖို့အတွက် မြေပြင်မှ Field Staff တွေ၊ Officers တွေနဲ့ Intern တွေကအစ EMPO ရဲ့ Project Management for NGO Professionals အတန်းကို ယုံကြည်စိတ်ချစွာ ရွေးချယ်ခဲ့ကြပါတယ်။

အဖွဲ့အစည်းအသီးသီးမှ တက်ရောက်ခဲ့သူများ၏ ၈၀% ကျော် ကလည်း မိမိတို့ရဲ့ လုပ်ဖော်ကိုင်ဖက်များနဲ့ NGO Field သို့ ကူးပြောင်းချင်သူများကို ဒီသင်တန်းကို မဖြစ်မနေ တက်ရောက်ရန် သေချာပေါက် အကြံပြု ထောက်ခံပေးခဲ့ကြပါသေးတယ်။ 💯✨

သင်တန်းကို တက်ရောက်ခဲ့ကြသူတွေရဲ့ တခဲနက် ထောက်ခံမှုနဲ့အတူ Project Management for NGO Professionals အတန်းရဲ့ 2026 ခုနှစ်အတွက် နောက်ဆုံး Batch-6 ကို ဖွင့်လှစ်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။

👥 ဒါကြောင့်

📌 မြေပြင် Project အကောင်အထည်ဖော်မှုကို စနစ်တကျ မောင်းနှင်လိုသူများ။

📌 Project Plan၊ Budget နဲ့ Monitoring / Reporting အပိုင်းများကို ပိုမို ချိတ်ဆက် နားလည်လိုသူများ။

📌 Development / Humanitarian Sector သို့ ကူးပြောင်းရန် ပြင်ဆင်နေသူများ

📌 Donor-ready Project Management Framework များကို လက်တွေ့ တတ်မြောက်ထားလိုသူများ

အနေနဲ့ ဒီသင်တန်းကို လုံးဝ လက်မလွှတ်ပဲ အမြန်ဆုံး လာရောက် စာရင်းပေးထားဖို့ တိုက်တွန်းချင်ပါတယ်။

🗓️ သင်တန်း အချိန်ဇယားနှင့် အသေးစိတ်

📅 သင်တန်းကာလ - Oct 10 မှ Nov 15, 2026 အထိ

⏰ ရက်နှင့်အချိန် - ဗုဒ္ဓဟူး၊ စနေ၊ တနင်္ဂနွေ (ညနေ ၇:၀၀ မှ ၉:၀၀ နာရီ)

💻 သင်ကြားသည့်ပုံစံ - Zoom Online (Live Interactive Hands-on Session)

📥လူဦးရေ ကန့်သတ်ထားတာ ဖြစ်တဲ့အတွက် 2026 ခုနှစ်အတွက် နောက်ဆုံး အခွင့်အရေးကို လက်မလွှတ်ရလေအောင် Page Messenger သို့မဟုတ် Comment မှ တစ်ဆင့် "PM" ဟု စာပို့လိုက်ရုံဖြင့် အခုပဲ ပေးပို့လိုက်ပါနော်။

📲 Direct Contact / Viber: 09-250326876

🤝🌐 "Connection ရှိမှ ရမှာပါ" ဆိုတဲ့ စကားမျိုး ကြားဖူးကြပါသလား?တကယ်တော့ Connection - အသိအကျွမ်း ရှိတာနဲ့ Networking - ကျွ...
27/09/2026

🤝🌐 "Connection ရှိမှ ရမှာပါ" ဆိုတဲ့ စကားမျိုး ကြားဖူးကြပါသလား?

တကယ်တော့ Connection - အသိအကျွမ်း ရှိတာနဲ့ Networking - ကျွမ်းကျင်မှုနှင့် အသိပညာချင်း ဖလှယ်နိုင်တဲ့ ကွန်ရက်တစ်ခု တည်ဆောက်ထားနိုင်တယ် ဆိုတာ လုံးဝ မတူညီပါဘူး။

NGO/CSO Sector မှာ ကိုယ့်ရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ၊ ကျွမ်းကျင်မှုတွေ တိုးတက်ဖို့နဲ့ Career အခွင့်အလမ်း အသစ်တွေ ပွင့်လင်းလာဖို့ဆိုရင် ခိုင်မာတဲ့ Professional Network တစ်ခု ရှိထားဖို့ အလွန် အရေးကြီးပါတယ်။

💡 NGO Field မှာ Professional Network ဘာကြောင့် လိုအပ်တာလဲ?

1️⃣ Sector-Wide Insights & Knowledge Sharing

မိမိ စီမံကိန်း ရောက်ရှိနေတဲ့ နယ်ပယ်တစ်ခုတည်းတင် မဟုတ်ဘဲ တခြားသော INGO/CSO များမှ သတင်းအချက်အလက်များ၊ မြေပြင် အတွေ့အကြုံများနဲံ Best Practices များကို ကွန်ရက်အတွင်း အပြန်အလှန် ဖလှယ်နိုင်ခြင်း။

2️⃣ Cross-Sectoral Collaboration

Health၊ Protection၊ Education၊ Finance နဲ့ Operations စတဲ့ ကဏ္ဍစုံမှ ဝန်ထမ်းများနဲ့ ချိတ်ဆက်မိတဲ့အခါ စီမံကိန်းများကို ဘက်ပေါင်းစုံမှ ပိုမို စမတ်ကျကျ စဉ်းစား ရေးဆွဲနိုင်လာခြင်း။

3️⃣ Peer Support & Mentorship

မြေပြင်တွင် စိန်ခေါ်မှုများနဲ့ ကြုံတွေ့ရတဲ့အခါ တစ်ယောက်တည်း ဖြေရှင်းနေရရုံ မဟုတ်ဘဲ နယ်ပယ်အလိုက် အတွေ့အကြုံရှိ ကျွမ်းကျင်သူများနဲ့ တိုင်ပင် ဆွေးနွေး အဖြေရှာနိုင်ခြင်း။

အခုလိုမျိုး ခိုင်မာပြီး အချင်းချင်း တကယ် ရိုင်းပင်းကူညီနိုင်တဲ့ Professional Network တစ်ခုကို ဘယ်လို စတင် တည်ဆောက်မလဲ ဆိုတာကော သိပြီးပြီလား?

Network ဆိုတာ စာအုပ်ထဲမှာ ဖတ်လို့ ရတာမဟုတ်ဘဲ တကယ့် လေ့လာသင်ယူလိုစိတ် တူညီတဲ့ အသိုင်းအဝိုင်းထဲ ပါဝင်မှသာ ရရှိနိုင်တာပါ။

ဒါကြောင့်လည်း EMPO ကနေ သင်တန်းသားဟောင်းများအတွက် Learning Community တစ်ခုကို ဖန်တီးပေးထားတာလည်း ဖြစ်ပါတယ်။

🌟EMPO အတန်းတွေမှာ တက်ရောက်နေကြသူတွေဟာ ရာထူးစုံလင်စွာနဲ့ နယ်ပယ်စုံ၊ ဒေသစုံကနေ လာရောက်ကြသူတွေ ဖြစ်ကြပါတယ်။

ဒါကြောင့်လည်း အတန်းမှာတင် သင်တန်းသားများနဲ့ အပြန်အလှန် လေ့လာ ဆွေးနွေးနိုင်မယ့် ခိုင်မာတဲ့ Peer-to-Peer Learning Environment ကို ရရှိမှာဖြစ်ပါတယ်။

🌐 ဒါတင်မကသေးပဲ သင်တန်းဆင်းပြီးသော်လည်း လိုအပ်တဲ့ Resource များ၊ အခွင့်အလမ်းများနဲ့ အတွေ့အကြုံများကို အစဉ်မပြတ် ဖလှယ်နိုင်တဲ့ အသိုင်းအဝိုင်းတစ်ခု ပိုင်ဆိုင်ရရှိဦးမှာပါ။

🎯 Connection ဆိုတာ တစ်ဦးတစ်ယောက်ကို အားကိုးခြင်း ဖြစ်ပြီး၊

Professional Network ဆိုတာကတော့ မိမိရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ့် အသိပညာ ဖလှယ်ရာ ပတ်ဝန်းကျင် ဖန်တီးခြင်း ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ Professional Skills တွေကို စနစ်တကျ တည်ဆောက်ပြီး ခိုင်မာတဲ့ Professional Network တစ်ခုနဲ့ အတူ Career ကို နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့အတွက်

🚀EMPO မှာ သက်ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်းတွေကို ဖွင့်လှစ်ပေးနေတာမို့ အသေးစိတ် သိရှိလိုပါက Messenger သို့မဟုတ် Comment ကနေ "EMPO" လို့ ပို့ထားပေးလိုက်နော်။

📞 𝐕𝐢𝐛𝐞𝐫 မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 𝟎𝟗 𝟐𝟓𝟎 𝟑𝟐𝟔 𝟖𝟕𝟔

📲 Direct Contact / Viber: 09-250326876

"Field Staff/Officer အဆင့်မှာတင် အကြာကြီး ရှိနေပြီး Manager ရာထူးကို မတက်နိုင်ဘဲ ဖြစ်နေပါသလား?" 📈💼INGO/CSO နယ်ပယ်မှာ စေတ...
27/09/2026

"Field Staff/Officer အဆင့်မှာတင် အကြာကြီး ရှိနေပြီး Manager ရာထူးကို
မတက်နိုင်ဘဲ ဖြစ်နေပါသလား?" 📈💼

INGO/CSO နယ်ပယ်မှာ စေတနာအပြည့်နဲ့ ကြိုးစားလုပ်ကိုင်နေပေမဲ့ ရာထူးတက်ခါနီးရင် "Project Management Skill လိုသေးတယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျန်ခဲ့ဖူးပါသလား?

မြေပြင်မှာ Activity တွေ အဆင်ပြေအောင် လုပ်နိုင်တယ်၊ Community နဲ့လည်း ဆက်ဆံရေး ကောင်းတယ်...

ဒါပေမဲ့ Manager သို့မဟုတ် Team Lead ရာထူးတစ်ခုကို တာဝန်ယူဖို့ကျတော့ တခြားသော Strategic Skill Set တွေ လိုအပ်လာတာကြောင့်ပဲ ဖြစ်ပါတယ်။

🚨 Field Staff ကနေ Manager ဖြစ်မလာရတာ ဘာကြောင့်ဖြစ်မလဲ?

1️⃣ "Doing" အဆင့်မှာပဲ အားသာနေပြီး "Planning" ကို မလုပ်နိုင်ခြင်း

Field Staff အနေနဲ့ တာဝန်တွေကို ပြီးအောင် လုပ်နိုင်တာနဲ့ စီမံကိန်းတစ်ခုလုံးရဲ့ 360 View (Proposal, Budgeting, Risk, Timeline) ကို စနစ်တကျ ရေးဆွဲမောင်းနှင်နိုင်တာ မတူပါဘူး။

2️⃣ Donor-Ready Tools များကို စနစ်တကျ မသုံးတတ်ခြင်း

LogFrame၊ Gantt Chart၊ M&E Framework နဲ့ Financial Tracking တွေကို အသုံးပြုပြီး Project ကို Control မလုပ်နိုင်ရင် Manager တစ်ယောက်အနေနဲ့ စီမံခန့်ခွဲနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။

3️⃣ Strategic Problem Solving မရှိခြင်း

မြေပြင်မှာ ပြဿနာတစ်ခု တက်လာရင် "ဘာဖြစ်လို့ပါ" ဆိုတဲ့ အကြောင်းပြချက်ထက် Risk Mitigation Plan နဲ့ Solution ကို Donor/Management ထံ တင်ပြနိုင်စွမ်း လိုအပ်တာ ဖြစ်ပါတယ်။

🌟 ကဲ ဒီလို Gap တွေကြောင့် Manager အဆင့်ထိ တက်လှမ်းဖို့ အခက်အခဲရှိနေပြီဆိုရင်တော့

အကောင်းဆုံး ပံ့ပိုးပေးနိုင်မယ့် အခွင့်အလမ်းကောင်းတစ်ခုရှိနေပါပြီနော်။

အဲ့တာကတော့ "EMPO - Project Management for NGO Professionals (Batch 6)" ပဲ ဖြစ်ပါတယ်။

သာမန် စာတွေ့ အတန်းတစ်ခု မဟုတ်ဘဲ Field Staff/Officer တွေကနေ Project Manager တစ်ယောက်အဖြစ် ယုံကြည်မှုရှိရှိ ကူးပြောင်းနိုင်ဖို့ သီးသန့် ရေးဆွဲထားတာ ဖြစ်ပါတယ်။

🎯 NGO Sector မှာ ကြိုးစားတာချင်း တူရင်ကိုပဲ စီမံကိန်းတစ်ခုလုံးကို စနစ်တကျ မောင်းနှင်နိုင်တဲ့ Project Management Skill Set ရှိသူက Career Growth အမြန်ဆုံး ဖြစ်ပါတယ်။

ဒါကြောင့် မိမိရဲ့ Career ကို နောက်တစ်ဆင့် တက်လှမ်းဖို့နဲ့ ၂၀၂၆ ခုနှစ်အတွင်း စနစ်တကျ သင်ယူနိုင်မယ့် နောက်ဆုံး အခွင့်အရေး (Final Batch 6) ကို မလွတ်တမ်း ဖမ်းဆုပ်ထားလိုက်ပါတော့နော်။ 🚀✨

📥 အခုပဲ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သို့မဟုတ် 𝐂𝐨𝐦𝐦𝐞𝐧𝐭 ကနေ "𝐏𝐌 " လို့ ပေးပို့ပြီး အသေးစိတ်စုံစမ်း အပ်နှံနိုင်ပါပြီ။

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐍𝐮𝐦𝐛𝐞𝐫/ 𝐕𝐢𝐛𝐞𝐫 - 𝟎𝟗𝟐𝟓𝟎𝟑𝟐𝟔𝟖𝟕𝟔

🎙️"INGO တွေမှာ Interview ဖြေရရင် English လိုပဲ မေးတာလား?"INGO/CSO Field ကို ကူးပြောင်းဖို့ ပြင်ဆင်နေသူတွေနဲ့ Junior Staf...
26/09/2026

🎙️"INGO တွေမှာ Interview ဖြေရရင် English လိုပဲ မေးတာလား?"

INGO/CSO Field ကို ကူးပြောင်းဖို့ ပြင်ဆင်နေသူတွေနဲ့ Junior Staff တော်တော်များများ မကြာခဏ ဒီ မေးခွန်းကို မေးလေ့ရှိပါတယ်။

"English Speaking ကို ထုတ်ပြောဖို့ စိတ်မရဲသေးဘူး..."

"Interview တစ်ခုလုံးကို English လိုပဲ တောက်လျှောက် မေးသွားမှာလား..."

"အင်္ဂလိပ်စာ ကျွမ်းကျင်မှ INGO တွေမှာ အလုပ်ရတာလား..." ဆိုပြီး စိုးရိမ်စိတ်တွေကြောင့် လျှောက်လွှာမတင်ရဲဘဲ တွန့်ဆုတ်နေရတာမျိုးကိုလည်း အများစု ကြုံဖူးကြမှာပါ။

ဒီ မေးခွန်းအတွက် အဖြေကတော့❓

၁၀၀% English လိုချည်းပဲ မဟုတ်ပါဘူး။

အဖွဲ့အစည်းအလိုက် ဝန်ထမ်းခေါ်ယူတဲ့အခါ စစ်ဆေးတဲ့ ပုံစံ အမျိုးမျိုး ရှိပါတယ်။

🔹 National Position

မေးခွန်းအများစုကို မြန်မာလို ပဲ မေးလေ့ရှိပြီး မိမိရဲ့ English Listening & Speaking Level ကို စစ်ဆေးရန်အတွက် မေးခွန်း (၂) ခု သို့မဟုတ် (၃) ခုခန့်ကိုသာ English လို မေးလေ့ရှိပါတယ်။

🔹 Foreigner Panel / Regional Position

Interviewer ထဲတွင် နိုင်ငံခြားသား ပါဝင်နေပါက သို့မဟုတ် ဒေသတွင်း ချိတ်ဆက်လုပ်ဆောင်ရတဲ့ ရာထူးဖြစ်မယ်ဆိုရင်တော့ English လို သီးသန့် မေးမြန်းနိုင်ချေ များပါတယ်။

🔹 Written Test

ရာထူးအများစုမှာတော့ Written Test ကို English လို ဖြေဆိုခိုင်းလေ့ရှိပြီး၊ အချို့သော Written Test တွေမှာတော့ မြန်မာလိုမှ English သို့ (သို့မဟုတ်) English မှ မြန်မာလိုသို့ ဘာသာပြန်ခိုင်းတဲ့ မေးခွန်းတွေပါ ပါဝင်တတ်ပါတယ်။

❓ ဒါဆိုရင် English လို Interview ဖြေရတဲ့အခါ English စကားပြော သဘာဝမကျရင်၊ အမှားပါရင် Reject ဖြစ်သွားနိုင်သလား?

တကယ်တော့ Interview တွေမှာ Grammar အမှားထက် လိုရင်းကို ရှင်းရှင်းလင်းလင်း ပြောနိုင်မှု ကို ပိုမို ဦးစားပေး အကဲဖြတ်လေ့ရှိပါတယ်။

✅ မိမိ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ စာကြောင်းတိုတိုနဲ့ ပြောပြနိုင်မယ်၊

✅ နားမလည်တဲ့ မေးခွန်းတွေကိုလည်း *"Could you please rephrase the question?"* စသဖြင့် ယဉ်ကျေးစွာ ပြန်လည်မေးမြန်းတတ်မယ်၊

✅ Technical Terms (ဥပမာ - LogFrame, Beneficiary, Monitoring) များကိုလည်း စနစ်တကျ အသုံးပြုနိုင်မယ်ဆိုရင်လည်း လုံလောက်တဲ့ အနေအထားတစ်ခု ရောက်ရှိနိုင်ပါတယ်။

🎯NGO Interview မှာ အရေးကြီးဆုံးက အင်္ဂလိပ်စာ ကျွမ်းကျင်စွာ ပြောနိုင်ဖို့ မဟုတ်ပါဘူး။

မိမိရဲ့ စီမံကိန်း အတွေ့အကြုံနဲ့ စိတ်စေတနာကို ရှင်းရှင်းလင်းလင်း ထုတ်ဖော် ပြောဆိုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

💡ဒါကြောင့် INGO Interview တွေမှာ English လိုဖြေဆိုရတော့မယ့်အခါ စိုးရိမ် ကြောက်လန့်မသွားပဲ

ကိုယ့်ရဲ့ Background၊ အတွေ့အကြုံနဲ့ အလုပ်လျှောက်ရတဲ့ ရည်ရွယ်ချက်တွေကို ရှင်းလင်းပြတ်သားစွာ ပြောပြတတ်ဖို့၊

NGO/INGO Sector သုံး Technical Vocabulary များကို မှန်ကန်စွာ အသုံးပြုနိုင်ဖို့အတွက် သတိထားပြင်ဆင်သင့်ကြောင်း မျှဝေပေးချင်ပါတယ်။ ✨

🚀 NGO/CSO Sector ဆိုင်ရာ Organizational Development၊ Communication Strategies နှင့် Capacity Building Knowledge များကို EMPO မှ အမြဲ မျှဝေလျက်ရှိသလို လုပ်ငန်းခွင်သုံး English စာအတွက်လည်း Capacity Building Courses များနဲ့လည်း ပံ့ပိုးလျက်ရှိပါတယ်။ ✨

📥 EMPO ရဲ့ Capacity Building Courses များနဲ့ ဝန်ဆောင်မှုများကို အသေးစိတ် စုံစမ်းလိုပါက Page Messenger တွင် “Services” ဟု စာပို့ကာ ဆက်သွယ်နိုင်ပါတယ်။ ✨

📲 Direct Contact / Viber: 09-250326876

🌐 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်  မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ🚀NGO/INGO နဲ့ CSO...
26/09/2026

🌐 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက် မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ

🚀NGO/INGO နဲ့ CSO နယ်ပယ်မှာ မိမိရဲ့ Career ကို တည်ဆောက်လိုသူတွေ၊

🚀သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံသစ်တွေ ရယူချင်သူတွေအတွက် နိုင်ငံတစ်ဝန်း ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်း အသစ်များကို EMPO မှ စုစည်း မျှဝေပေးလိုက်ပါတယ်။

📌Senior Program Support Officer

👉Location - NayPyiTaw/ Yangon

👉Deadline - 25 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/MRCS_VA._131_-_Sr.Program_Support_Officer_Naypyitaw-Yangon_25.9.2026_to_9.10.2026.pdf
——————————————
📌Project Coordinator

👉Location - Sittwe, Rakhine State

👉Deadline - 25 September 2026

👉Job Description https://themimu.info/sites/themimu.info/files/jobs/13._4th_Re_announcement_PC_23.9.2026_7.10.2026_0.docx

——————————————

📌 Project Manger

👉Location -Hpa An

👉Deadline - 25 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA-2026-HI-029_Project_Manager_Hpa_An.pdf
——————————————

📌Admin and Finance Assistant

👉Location - Pantanaw Township and Nyaunglebin Township

👉Deadline - 25 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA-101-Admin_and_Finance_Assistant_Pantanaw_and_Nyaunglebin_End-TB.pdf
——————————————

📌Deputy Head of Programme

👉Location -Myanmar

👉Deadline - 25 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_DHoP_25_Sep_2026.pdf

——————————————

📌Supply Chain Procurement Assistant

👉Location - Sittwe

👉Deadline - 25 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/STW-VA-DRC-SupplyChain-ProcurementAssistant-25Sep2026.pdf

——————————————

📌 Project Officer
👉Location - Hpa-an Township, Korean State

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA._Education_Project_Officer_24092026.pdf ——————————————

📌Project Assistant (2 Posts)

👉Location - Taungoo (Bago East)

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_Tdh-072-2026_CP_2_Project_Assistants_TGO.pdf
——————————————

📌Project Officer (Capacity Building and Community Outreach)

👉Location - Mandalay

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_Tdh-071-2026_Nutrition_PO_CB_CO_MDY.pdf
——————————————

📌Operations Support Officer
👉Location -Yangon

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/260924_VA_Operations_Support_Officer_updated.pdf
——————————————

📌Project Assistant

👉Location - Monghsat Township

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA-100-2026_Project_Assistant_Monghsat_ACE-KKM-Shan.pdf
——————————————

📌Finance Manager (2 Posts)

👉Location - Yangon, Myanmar

👉Deadline - 24 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Oxfam_Finance_Manager_7_Oct_2026.pdf

💡 NGO/CSO Sector မှာ လျှောက်လွှာ မတင်မီ Skills များကို အဆင်သင့် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

NGO/CSO နယ်ပယ်မှာ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အခွင့်အလမ်းတွေ ပိုမို ရရှိစေရန်အတွက် Data Analysis, Project Management Systems, Donor-compliant Reporting နဲ့ Professional English Communication စတဲ့ Skill များက Position တိုင်းအတွက် မရှိမဖြစ် လိုအပ်လျက် ရှိပါတယ်။

🚀အခုလို လိုအပ်နေတဲ့ Skills များကို EMPO ကလည်း သင်တန်းများနဲ့ အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။

သင်တန်းများအကြောင်း အသေးစိတ် စုံစမ်းလိုပါက Page Messenger တွင် စာပို့ အကူအညီ ရယူနိုင်ပါတယ်။

NGO Professional တစ်ယောက်မှာ ရှိထားသင့်တဲ့ "Beneficiary-Centric Mindset" 🤝🌱Donor Report ထဲမှာတော့ Activity တွေ ၁၀၀% ပြီး...
25/09/2026

NGO Professional တစ်ယောက်မှာ ရှိထားသင့်တဲ့ "Beneficiary-Centric Mindset" 🤝🌱

Donor Report ထဲမှာတော့ Activity တွေ ၁၀၀% ပြီးသွားပြီ၊ Attendance Sheet မှာလည်း လူပြည့်သွားပြီ...

ဒါပေမဲ့ NGO Professionals တွေအနေနဲ့ ဘတ်ဂျက် ကုန်အောင် သုံးလိုက်ရုံ၊ Donor ရဲ့ Checkbox တွေကို လိုက်ဖြည့်ပေးရုံနဲ့ တာဝန်ကျေတာမဟုတ်ပါဘူး။

မြေပြင်က ပြည်သူတွေရဲ့ ဘဝမှာ တကယ် ထိရောက်တဲ့ အပြောင်းအလဲ ဖန်တီးပေးနိုင်ဖို့အတွက်ဆိုရင် "Beneficiary-Centric Mindset" (အကျိုးခံစားခွင့်ရှိသူများကို ဗဟိုပြုသည့် ခံယူချက်) ကို မဖြစ်မနေ မွေးမြူထားဖို့ လိုအပ်ပါတယ်။

💡 Beneficiary-Centric Mindset မှာ ဘယ်လိုအရာတွေ ပါဝင်နေမလဲ?

✅ယူဆချက်များထက် နားထောင်ပေးခြင်းကို ဦးစားပေးပါ။

"သူတို့အတွက် ဒါတော့ လိုအပ်မှာပဲ" ဆိုတဲ့ ကိုယ့်ဘက်က ယူဆချက်တွေနဲ့ စီမံကိန်း ရေးဆွဲမယ့် အစား မြေပြင်က လူထုရဲ့ တကယ့် အသံ၊ တကယ့် လိုအပ်ချက်နဲ့ အခက်အခဲတွေကို သေချာ ဂရုစိုက် နားထောင်ပေးဖို့ လိုအပ်ပါတယ်။

✅ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားပါ။

အကူအညီ ပေးအပ်သူနဲ့ လက်ခံသူအကြား "အထက်နဲ့ အောက်" သဘောမျိုး မဟုတ်ဘဲ၊ အကျိုးခံစားခွင့်ရှိသူများရဲ့ လူသားဆန်တဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ လေးစားပေးဖို့လည်း လိုအပ်ပါတယ်။ ဥပမာ အနေနဲ့ ဓာတ်ပုံရိုက်ယူတာတွေ၊၊ အချက်အလက် ကောက်ယူတာတွေမှာ Consent ရယူထားရမယ်ဆိုတဲ့ အခြေခံ လိုအပ်ချက်တွေကို မမေ့မလျော့ ထည့်သွင်းဖို့အတွက် အရေးကြီးပါတယ်။

✅Community ကပေးတဲ့ Feedback တွေကို အလေးထားပါ။

စီမံကိန်း လုပ်ဆောင်ရာမှာ အဆင်မပြေမှုတွေ၊၊ လိုအပ်ချက်တွေဆိုတာ ရှိမှာပါပဲ။

ဒီလိုအရာတွေအတွက် ပွင့်လင်းမြင်သာစွာ ပြောဆိုနိုင်ခွင့်ကို Community က လူတိုင်းရရှိသင့်ပါတယ်။ ဒါကြောင့် Feedback & Accountability Mechanism (FAM) စနစ်ကို သေချာ တည်ဆောက်ထားသင့်တာပဲ ဖြစ်ပါတယ်။ ရရှိလာတဲ့ ဝေဖန်ထောက်ပြချက်များကိုလည်း အပြုသဘောဆောင်ပြီးတော့ ပြင်ဆင်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။

✅Community ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း။

အကူအညီတွေကို အမြဲတမ်း ပေးအပ်နေရုံနဲ့တင် မပြီးဘဲ၊ စီမံကိန်း ပြီးဆုံးသွားတဲ့တိုင်အောင် Community အနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ရေး (Sustainability) အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းများကို အဓိက ထည့်သွင်း စဉ်းစားရပါမယ်။

🎯 စမတ်ကျတဲ့ NGO Professional တစ်ယောက်ရဲ့ အောင်မြင်မှု ဆိုတာ အစီရင်ခံစာထဲက ကိန်းဂဏန်း လှလှလေးတွေ မဟုတ်ပါဘူး။ မြေပြင်က အကျိုးခံစားခွင့်ရှိသူတွေရဲ့ ဘဝမှာ တကယ်ဖြစ်ထွန်းသွားတဲ့ ရေရှည် အပြုသဘောဆောင်တဲ့ အပြောင်းအလဲ (Positive Impact) ပဲ ဖြစ်ပါတယ်။

ဒါကြောင့် NGO Professionals တို့အနေနဲ့ Beneficiary-Centric Mindset ကို အခြေခံကာ မိမိတို့ရဲ့ လုပ်ငန်းစဥ်တွေက မြေပြင်က ပြည်သူတွေအတွက် တကယ် ထိရောက်ရဲ့လား" ဆိုတဲ့ မေးခွန်းကို အမြဲ မေးမြန်းတတ်တဲ့ အလေ့အကျင့်ကို ထားရှိထားသင့်တာပဲဖြစ်ပါတယ်။ ✨

🚀 Humanitarian Development Sector ဆိုင်ရာ စိန်ခေါ်မှုများ၊ Knowledge များကို စနစ်တကျ မပြတ် လေ့လာနိုင်ဖို့ EMPO Page ကို Like & Follow လုပ်ထားကြပါဦးနော်။

Address

164th Street, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when EMPO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EMPO:

Shortcuts

Share