EMPO

EMPO Training, consultancy and toolkits for Myanmar's humanitarian and development sector. 18 practitioner-led courses, online and in person. Unlock the future.

🤖 NGO ဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ ရှိထားသင့်တဲ့ ခေတ်ရှေ့ပြေး လက်စွဲစာအုပ် - "𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐀𝐈 𝐇𝐚𝐧𝐝𝐛𝐨𝐨𝐤 𝐟𝐨𝐫 𝐍𝐆𝐎𝐬 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫" 𝐞𝐁𝐨𝐨...
30/08/2026

🤖 NGO ဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ ရှိထားသင့်တဲ့ ခေတ်ရှေ့ပြေး လက်စွဲစာအုပ် - "𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐀𝐈 𝐇𝐚𝐧𝐝𝐛𝐨𝐨𝐤 𝐟𝐨𝐫 𝐍𝐆𝐎𝐬 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫" 𝐞𝐁𝐨𝐨𝐤

Proposal တစ်ခု ရေးဖို့ logframe နဲ့ budget ထဲမှာ အဖြေရှာမရဘဲ တစ်ညလုံး အိပ်ရေးပျက်နေရတာ ဘယ်နှကြိမ်မြောက် ရှိသွားပြီလဲ?

Field က တက်လာတဲ့ raw data တွေကို ပြန်ရှင်းရ၊ re-check လုပ်ရတာနဲ့တင် ရုံးချိန်တွေ ကုန်သွားပြီး တကယ့် M&E Analysis ပိုင်းကို မရောက်နိုင်တော့တာတွေ ဖြစ်နေပြီလား?

ဒါပေမဲ့ EMPO နဲ့ဆိုရင်တော့ ဒီအခက်အခဲတွေကို AI ရဲ့ စွမ်းအားနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခု ရှိနေတယ်ဆိုတာကို သိထားပြီးပြီလား? 💡

အဖွဲ့အစည်းရဲ့ လုပ်ငန်းစဉ်တိုင်းကို ပိုမိုမြန်ဆန်၊ တိကျပြီး အကျိုးသက်ရောက်မှု ရှိသွားစေဖို့ "𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐀𝐈 𝐇𝐚𝐧𝐝𝐛𝐨𝐨𝐤 𝐟𝐨𝐫 𝐍𝐆𝐎𝐬 𝐢𝐧 𝐌𝐲𝐚𝐧𝐦𝐚𝐫" 𝐞𝐁𝐨𝐨𝐤 လေးပဲ ဖြစ်ပါတယ်။

🚀အချိန်နေရာမရွေး အလွယ်ကူဆုံး အသုံးချနိုင်ပြီးတော့

🚀မြန်မာဘာသာနဲ့ အထူးသီးသန့် ပြုစုရေးသား ထုတ်ဝေထားတာ ဖြစ်တဲ့အတွက် NGO/CSO ဝန်ထမ်းတိုင်းအတွက် မရှိမဖြစ် လက်စွဲ eBook ဖြစ်မှာ အသေအချာပါပဲ။

🌟 ဘာကြောင့် ဒီ eBook ကို မဖြစ်မနေ ရှိထားသင့်တာလဲ?

✅AI Agents များအား လက်တွေ့ အသုံးချနိုင်ခြင်း

AI ရဲ့ စွမ်းအားကို သာမန် Chatbot တစ်ခုအနေနဲ့တင်မကပဲ AI Agents တွေကို ရှင်းရှင်းလင်းလင်းပိုနားလည်လာအောင်၊ လုပ်ငန်းခွင်ထဲ လက်တွေ့ အသုံးချနည်းတွေကို သိရှိနိုင်အောင် ဥပမာတွေနဲ့ စနစ်တကျ ရှင်းရှင်းလင်းလင်း လမ်းညွှန်ပေးထားတာ ဖြစ်ပါတယ်။

✅ မြေပြင်နဲ့ ဆီလျော်တဲ့ သင်ခန်းစာများ

မြန်မာနိုင်ငံမှာ ရှိတဲ့ NGO/CSO များရဲ့ နေ့စဉ် ရင်ဆိုင်နေရသော Data Anaylsis, Donor Report Writing နဲ့ Proposal Drafting စတဲ့ စိန်ခေါ်မှုများအတွက် အကောင်းဆုံး အသုံးချနိုင်ဖို့အတွက် ကိုက်ညီအောင် ပြုစုထားတာပဲ ဖြစ်ပါတယ်။

✅လုပ်ငန်းကို ၁၀ ဆ ပိုမို မြန်ဆန်စေမယ့် လမ်းညွှန်ချက်များ

ရိုးရိုးလမ်းညွှန်စာအုပ်တစ်ခုမဟုတ်ဘဲ ဖတ်ရှုပြီးတာနဲ့ Field Work နဲ့ Office Task တွေမှာ ချက်ချင်း ထုတ်သုံးနိုင်သော Prompt Syntax များနဲ့ Framework များပါ ထည့်သွင်းပေးထားပါတယ်။

အခုလိုမျိုး လုပ်ငန်းခွင်မှာ သေချာပေါက် အကျိုးရှိမယ့် ကောင်းကျိုးတွေပဲ စုစည်းပေးထားတဲ့ Handbook လေးဖြစ်တာကြောင့် လုံးဝ လက်လွှတ်လို့မဖြစ်ပါဘူးနော်။

🎓 အနာဂတ် NGO နယ်ပယ်မှာ ခေတ်မကျန်ရစ်ဘဲ Smart ဖြစ်တဲ့ Professional တစ်ယောက်အဖြစ် ရောက်ရှိစေဖို့ EMPO ရဲ့ 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐀𝐈 𝐇𝐚𝐧𝐝𝐛𝐨𝐨𝐤 ကို ဒီနေ့ပဲ မှာယူလိုက်ရအောင်နော်။🚀

📥 မှာယူလိုပါက:

💬Page Messenger သို့မဟုတ် Comment မှာ "𝐀𝐈 𝐇𝐚𝐧𝐝𝐛𝐨𝐨𝐤" လို့ အခုပဲ စာတို ပေးပို့တာပဲ ဖြစ်ဖြစ်

💬သို့မဟုတ်

https://empomm.com/store/ai-handbook မှ တစ်ဆင့်လည်း တိုက်ရိုက် ဝယ်ယူနိုင်ပါတယ်။

📲 တိုက်ရိုက်ဆက်သွယ် မှာယူလိုပါက - 𝟎𝟗-𝟐𝟓𝟎𝟑𝟐𝟔𝟖𝟕𝟔 (𝐕𝐢𝐛𝐞𝐫)

"အင်္ဂလိပ်စာမှာ စကားလုံး level မြင့်တာတွေ သုံးနိုင်မှ တော်တာ မဟုတ်ပါဘူး…" 💡စာအုပ်အထူကြီးတွေထဲက ခက်ခဲနက်နဲတဲ့ Advanced Vo...
30/08/2026

"အင်္ဂလိပ်စာမှာ စကားလုံး level မြင့်တာတွေ သုံးနိုင်မှ တော်တာ မဟုတ်ပါဘူး…" 💡

စာအုပ်အထူကြီးတွေထဲက ခက်ခဲနက်နဲတဲ့ Advanced Vocabulary တွေ၊ စကားလုံး ဆန်းဆန်းပြားပြားတွေကို သုံးနိုင်မှ အင်္ဂလိပ်စာ ကျွမ်းကျင်တာ၊ တော်တယ်ဆိုတဲ့ အယူအဆက အားလုံးလိုလို တွေးမိတတ်ကြပါတယ်။

ဒါ့အပြင် အမြဲတမ်းကြီး စကားလုံး level မြင့်တာတွေ အတင်းလိုက်သုံးဖို့ ကြိုးစားတာက ကိုယ်တိုင်အတွက်လည်း ဖိအားပေးသလို ဖြစ်တတ်ပါတယ်။

တကယ်တော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ အများနဲ့ ဆက်သွယ် ပြောဆိုတဲ့အခါမှာပဲဖြစ်ဖြစ် အဓိက အရေးကြီးဆုံးက "မိမိ ပေးချင်တဲ့ သတင်းစကားကို ရှင်းရှင်းလင်းလင်းနဲ့ အချိန်တိုအတွင်း ထိရောက်စွာ ပေးပို့နိုင်ဖို့" ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အင်္ဂလိပ်စာကို လေ့လာနေတဲ့သူတွေအတွက် သတိထားသင့်တဲ့ အချက် (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

💡 ရှုပ်ထွေးမှုထက် ရှင်းလင်းမှုကို ဦးစားပေးပါ။

အသုံးနည်းတဲ့ Vocabulary ဆန်းဆန်းတွေကို သုံးပြီး စာကြောင်းရှည်ကြီးတွေ ရေးမယ့်အစား

Simple & Direct English ကို သုံးပြီး လိုရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြခြင်းက တစ်ဖက်သူအတွက် ပိုပြီး သဘောပေါက်လွယ်စေပါတယ်။

💡ယဉ်ကျေးပျူငှာတဲ့ အသုံးအနှုန်းကို ဦးစားပေးပါ။

စကားလုံး အဆန်းတွေ ထည့်သုံးတာထက် ကိုယ် ပြောဆို/ရေးသားသည့် Context အပေါ် မူတည်ပြီးတော့ သင့်တော်တဲ့ Tone နဲ့ ယဉ်ကျေးတဲ့ အသုံးအနှုန်း များကို ရွေးချယ်တတ်ဖို့က ပိုပြီးတော့ အရေးကြီးပါတယ်။

💡စကားလုံး အပိုမပါဘဲ လိုရင်းတိုရှင်းဖြစ်ဖို့ ဦးစားပေးပါ။

စာပိုဒ်အရှည်ကြီးတွေ ရေးထားပေမဲ့ လိုအပ်တဲ့ အချက်အလက်တွေကို စနစ်တကျမရေးထားဘူးဆိုရင်တော့ တစ်ဖက်လူအတွက် အချိန်ကုန် စိတ်ညစ်ရုံပဲ ရှိပါလိမ့်မယ်။

ဒါကြောင့် မိမိ ဆိုလိုချင်တဲ့ Point ကို စကားလုံး အပိုမပါဘဲ တိတိကျကျ ပစ်မှတ်ထား ရေးသားတတ်တဲ့ အလေ့အထက ပိုပြီး Professional ဆန်စေမှာ အသေအချာပါပဲ။

🚀 လုပ်ငန်းခွင်မှာ တကယ် အသုံးဝင်ပြီး ကိုယ့်ကိုယ်ကိုယ် Confidence အပြည့်နဲ့ ဆက်သွယ် ပြောဆိုနိုင်မယ့် Basic English & Workplace Communication Skills တွေကို စနစ်တကျ လေ့လာ မြှင့်တင်ချင်တယ်ဆိုရင်တော့ EMPO မှာ သင်ယူနိုင်ဖို့ အခွင့်အရေးတစ်ခုရှိတာမို့ စောင့်မျှော်ဖို့ မမေ့ပါနဲ့ဦးနော်။ ✨

⚠️အခုကတည်းက ကြိုပြီး နေရာဦးထားချင်တယ်ဆိုရင်တော့ “Eng” လို့ Comment မှာ ရေးခဲ့ပေးပါနော်။

"Form ပိတ်သွားမှ 'တက်လိုက်ရရင် ကောင်းသား' ဆိုပြီး နောင်တရမနေရအောင်…" ⏳🚨MEAL Career Path မှာ ရာထူးတိုးဖို့ပဲဖြစ်ဖြစ်၊ အဖွ...
29/08/2026

"Form ပိတ်သွားမှ 'တက်လိုက်ရရင် ကောင်းသား' ဆိုပြီး နောင်တရမနေရအောင်…" ⏳🚨

MEAL Career Path မှာ ရာထူးတိုးဖို့ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းရဲ့ Project Data တွေကို Donors တွေ အကြိုက်တွေ့အောင် စနစ်တကျ မူချပြီး စီမံနိုင်ဖို့ပဲဖြစ်ဖြစ်…

သီအိုရီသက်သက် မဟုတ်ဘဲ မြေပြင်အတွေ့အကြုံ (၁၄) နှစ်ကျော်ရှိတဲ့ INGO Senior Expert ကိုယ်တိုင် လက်တွေ့ကျကျ Guidance ပေးမယ့် Applied MEAL Training (Batch 1) ဟာ မဖြစ်မနေ တက်ရောက်သင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

အခုမှ လျှောက်ထားဖို့ စဉ်းစားနေတုန်း၊ တွန့်ဆုတ်နေတုန်းဆိုရင်တော့ လူဦးရေ ကန့်သတ်ထားတာမို့လို့ အတန်းအပ်သူ ပြည့်သွားတဲ့အခါ လက်လွတ်ဆုံးရှုံးသွားရမှာ သေချာပါတယ်။

💡 ဒီအတန်းကို မဖြစ်မနေ တက်ရောက်သင့်တာလဲ?

🎯 Hands-on Practice

Theory of Change နဲ့ Logframe များကို စာအုပ်ထဲကအတိုင်း မဟုတ်ဘဲ Real Project Scenarios များနှင့် လက်တွေ့ ရေးဆွဲနိုင်မယ်။

🎯Advanced Digital Skills

KoboToolbox ကို သာမန် Form ဆွဲရုံတင် မဟုတ်ဘဲ Advanced Skip Logic, Validation Rules များနဲ့ XLSForm အထိ ကျွမ်းကျင်အောင် လေ့ကျင့်နိုင်မယ်။

🎯Donor-Ready Dashboards

Donors များနဲ့ Management က သဘောကျစေမယ့် Impact Dashboards များကို Excel ဖြင့် စနစ်တကျ ဖန်တီးတတ်သွားမယ်။

ကိုယ့်ရဲ့ MEAL Career မှာ အထောက်အကူဖြစ်စေမယ့် Skills တွေကို လေ့လာသင်ယူနိုင်ဖို့အတွက်

⚠️ အချိန်လွန်မှ နှမြောနေရတာထက် အခုပဲ မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှုကို အမြန်ဆုံး

ပြုလုပ်လိုက်ပါနော်။

ဒါ့အပြင် သင်တန်းအပြီးမှာ QR- Verified Digital Certificate ကိုပါ ပေးအပ်မှာ ဖြစ်တဲ့အတွက်

CV မှာ အားသာချက်ရှိရှိနဲ့ MEAL Career ကို စနစ်တကျ ကူးပြောင်းဖို့ အခုပဲ စာရင်းပေးသွင်းလိုက်ပါ။

📥 အသေးစိတ် စုံစမ်းရန် Page Messenger သို့မဟုတ် Comment မှာ " MEAL" ဟု မန့်ပေးခဲ့ပါနော်။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

🌐 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်  မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ🚀NGO/INGO နဲ့ CSO...
29/08/2026

🌐 အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက် မြန်မာတစ်ဝန်းလုံးမှ NGO/CSO & Humanitarian အလုပ်ခေါ်စာများ

🚀NGO/INGO နဲ့ CSO နယ်ပယ်မှာ မိမိရဲ့ Career ကို တည်ဆောက်လိုသူတွေ၊

🚀သက်ဆိုင်ရာ ကဏ္ဍအလိုက် အတွေ့အကြုံသစ်တွေ ရယူချင်သူတွေအတွက် နိုင်ငံတစ်ဝန်း ခေါ်ယူနေတဲ့ အလုပ်အကိုင် အခွင့်အလမ်း အသစ်များကို EMPO မှ စုစည်း မျှဝေပေးလိုက်ပါတယ်။

📌Project Coordinator

👉Location - Yangon

👉Deadline - 10 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_Project_Coordinator.pdf

——————————————

📌Project Support Assistant

👉Location - Mawlamyine

👉Deadline - 4 September 2026

👉Job Description https://themimu.info/sites/themimu.info/files/jobs/094._Program_Support_Assistant_Mawlamyine-.pdf

——————————————

📌 Field Officer

👉Location -Mandalay

👉Deadline - 4 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/MRCS_VA._094.1_Field_Officer_Mdy_3-Posts_28-8-2026_to_4-9-2026_0.pdf

——————————————

📌Admin Assistant

👉Location - NayPyiTaw/ Yangon

👉Deadline - 4 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/MRCS_VA._095.1_Admin_Assistant_CVA_Naypyitaw-Yangon_28.8.2026_to_4.9.2026_0.pdf

——————————————

📌Senior Health Program Manager

👉Location -NayPyiTaw, Yangon

👉Deadline - 11 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/MRCS_VA._112_Sr._Health_PC_28-8-2026_to_11-9-2026.pdf

——————————————

📌Field Officer

👉Location - Mandalay

👉Deadline - 11 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Vacancy_Announcement_for_Field_Offficer-_Chanmyatharzi_11.9.26.pdf

——————————————

📌 Finance Officer

👉Location - Yangon

👉Deadline - 11 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Acted_Myanmar_Vacancy_Announcement_Finance_Officer_YGN.pdf

——————————————

📌Operation Support Officer (HIV)

👉Location - Mandalay

👉Deadline - 10 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/VA_269_2026_OperationsSupportOfficer_SCH_MRO.pdf

——————————————

📌Assistant Account

👉Location - Yangon

👉Deadline - 3 September 2026

👉Job Description - https://jobs.smartrecruiters.com/SunCommunityHealth/744000145989820-assistant-accountant

——————————————

📌Program Coordinator (Enterprise Development)

👉Location -MyitKyina

👉Deadline - 9 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/Oxfam_Programme_Coordinator_Enterprise_Development_9_Sept_2026.pdf

——————————————

📌Program Manager

👉Location - Yangon

👉Deadline - 16 September 2026

👉Job Description -https://themimu.info/sites/themimu.info/files/jobs/-_Standard_JD_Template_Program_Manager_2026.pdf

💡 NGO/CSO Sector မှာ လျှောက်လွှာ မတင်မီ Skills များကို အဆင်သင့် ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

NGO/CSO နယ်ပယ်မှာ အလုပ်အကိုင်လျှောက်ထားတဲ့အခါမှာ အခွင့်အလမ်းတွေ ပိုမို ရရှိစေရန်အတွက် Data Analysis, Project Management Systems, Donor-compliant Reporting နဲ့ Professional English Communication စတဲ့ Skill များက Position တိုင်းအတွက် မရှိမဖြစ် လိုအပ်လျက် ရှိပါတယ်။

🚀အခုလို လိုအပ်နေတဲ့ Skills များကို EMPO ကလည်း သင်တန်းများနဲ့ အကောင်းဆုံး ပံ့ပိုးပေးလျက်ရှိပါတယ်။

သင်တန်းများအကြောင်း အသေးစိတ် စုံစမ်းလိုပါက Page Messenger တွင် စာပို့ အကူအညီ ရယူနိုင်ပါတယ်။

"Community တကယ် လိုအပ်နေတဲ့ 'Needs' ကို ပေါ်လွင်အောင် ဖော်ပြတတ်ပြီလား…"👉Proposal ရေးကြတဲ့အခါ Activity ကိုပဲ အသားပေးပြီး ...
28/08/2026

"Community တကယ် လိုအပ်နေတဲ့ 'Needs' ကို ပေါ်လွင်အောင် ဖော်ပြတတ်ပြီလား…"

👉Proposal ရေးကြတဲ့အခါ Activity ကိုပဲ အသားပေးပြီး ရေးနေမိပြီလား?

👉ဒါမှမဟုတ် ကိုယ့်အဖွဲ့အစည်းရဲ့ Background နဲ့ အကြောင်းကိုပဲ Porfolio တစ်ခုလို အများကြီး တန်းစီပြီး ပြနေမိပြီလား?

ဒါတွေဟာ Project Proposal တစ်ခု ရေးသားတဲ့အခါမှာ အဖွဲ့အစည်းတော်တော်များများ မှားတတ်တဲ့ အမှားတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ့်အဖွဲ့အစည်းက လုပ်ချင်တဲ့ Activity ကို အရင်စဉ်းစားပြီးမှ Problem Statement ကို အတင်း လိုက်ဆက်စပ်မိတာကြောင့်လည်း ဖြစ်တတ်ပါတယ်။

တကယ်တော့ Strong ဖြစ်တဲ့ Project Proposal တစ်ခု ဖြစ်ဖို့၊ Donors တွေဆီက Grants ရရှိဖို့အတွက် ဆိုရင်တော့ ဒီလို ပြောင်းပြန် ချဉ်းကပ်မှုကို လုံးဝ စွန့်လွှတ်ရပါမယ်။

Donor Reviewers တွေ အဓိက ကြည့်တာက "လုပ်ချင်တဲ့ အရာ" မဟုတ်ဘဲ "မြေပြင် ပြည်သူတွေ တကယ် လိုအပ်နေတဲ့ Evidence-Based Needs" ကို ဖြစ်ပါတယ်။

🔍ဒါဆို Proposal မှာ Community Needs ကို ပေါ်လွင်စေဖို့ ဘာတွေကို ဂရုစိုက်ရမလဲ?

✅"ငါတို့ဆီမှာ ဒီသင်တန်း ပေးနိုင်တဲ့ Trainer ရှိတယ်၊ ဒါကြောင့် ဒီသင်တန်း ပေးမယ်" ဆိုတာမျိုး မဟုတ်ဘဲ၊ မြေပြင်မှာ ဒီလို သင်တန်း/အကူအညီ မရှိရင် ဘာတွေ ထိခိုက်နေသလဲဆိုတဲ့ ပြဿနာရဲ့ အဓိက အရင်းခံအကြောင်းရင်းကို အရင် ဖော်ပြပေးပါ။

✅"Many people are in need..." ဆိုတဲ့ ယေဘုယျ စကားလုံးတွေအစား Primary/Secondary Data များကို သုံးပြီး "၇၅% သော အိမ်ထောင်စုများသည်..." စသဖြင့် တိကျတဲ့ စာရင်းဇယားများနဲ့ သက်သေပြပါ။

ခိုင်မာတဲ့ Proposal တစ်ခုဆိုတာ လှပတဲ့ စကားလုံးတွေနဲ့ တည်ဆောက်ထားတာ မဟုတ်ဘဲ၊ မြေပြင် ပြည်သူတွေရဲ့ အမှန်တကယ် လိုအပ်ချက် တွေပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။

အခုလို မြေပြင် လိုအပ်ချက်များကို စနစ်တကျ ဆန်းစစ်ပြီး Donor တွေ အကြိုက်တွေ့စေမယ့် Proposal တစ်ခု ဖန်တီးနိုင်ဖို့အတွက် အဆင်သင့်ဖြစ်နေရဲ့လား?

အကယ်လို့ အခုလိုမျိုး စနစ်ကျပြီး အကြောင်းအရာ အချက်အလက်စုံလင်တဲ့ Proposal တစ်ခုကို ဖန်တီးနိုင်ဖို့ အခက်အခဲရှိနေတုန်းဆိုရင်

ဆရာစိုးမိုးကျော်ရဲ့ သင်တန်းသားဟောင်းများအတွက် အထူးသီးသန့်ဖွင့်လှစ်ပေးသွားမယ့်

ဆရာ့ရဲ့ Proposal Writing (Exclusive Free Intensive Training) အခွင့်အရေးကြီး ရှိနေပါတယ်နော်။

🗓️ Training Details

📅 Time -19 September, 2026 - 30 September 26, 2026

⏰ Time: 7:00 PM to 9:00 PM

💻 Platform: Zoom Online Live Sessions

ဆရာစိုးမိုးကျော်နဲ့ အတူ အခမဲ့ လေ့လာခွင့်ရရှိမယ့် အခွင့်အရေးကိုရ ယူလိုပါက Comment မှာ ‘Free Training’ လို့ ရေးခဲ့ပေးပါနော်။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

"NGO အလုပ်ခွင်မှာ Grammar အမှားအယွင်းမရှိဖို့ထက် ပိုအရေးကြီးတဲ့အရာတစ်ခု" 📝NGO/CSO နယ်ပယ်မှာ Donor Report တွေ၊ Proposals ...
27/08/2026

"NGO အလုပ်ခွင်မှာ Grammar အမှားအယွင်းမရှိဖို့ထက် ပိုအရေးကြီးတဲ့အရာတစ်ခု" 📝

NGO/CSO နယ်ပယ်မှာ Donor Report တွေ၊ Proposals တွေ ဒါမှမဟုတ် Email တွေ ရေးတဲ့အခါ အင်္ဂလိပ်စာ Grammar မှန်ဖို့၊ Vocabulary တွေကြွယ်ကြွယ်ဝဝ သုံးနိုင်ဖို့ဆိုတာထက် ပိုပြီး အရေးကြီးတဲ့ အချက်တစ်ခု ရှိပါတယ်။

အဲဒါကတော့ "Clarity and Logical Flow" - ရှင်းလင်းပြတ်သားမှုနှင့် အကြောင်းအကျိုး ယုတ္တိရှိမှု ပဲ ဖြစ်ပါတယ်။

🔍 ဘာကြောင့် Grammar ထက် Clarity & Logic က ပိုအရေးကြီးတာလဲ?

Donors တွေ၊ Project Managers တွေနဲ့ Evaluators တွေဟာ စာပိုဒ်တစ်ခုကို ဖတ်လိုက်တာနဲ့

"ဒီ Project က ဘာပြဿနာကို ဖြေရှင်းမှာလဲ"၊ "ဘာ Impact တွေ ထွက်လာမှာလဲ" ဆိုတာကို စက္ကန့်ပိုင်းအတွင်း တိတိကျကျ နားလည်ချင်ကြတာပါ။

Grammar ကတော့ မှန်နေပေမယ့် Logic ကို တိကျအောင်မဖော်ပြနိုင်ဘူးဆိုရင်

🚨Donor ဘက်က Project ရဲ့ Feasibility ကို သံသယဝင်သွားတတ်ပါတယ်။

Grammar ရိုးရှင်းပေမဲ့ Clarity နဲ့ တိတိကျကျ ဖော်ပြပေးနိုင်မယ်ဆိုရင်တော့

✅Data Evidence ခိုင်မာပြီး၊ Activities ကစလို့ Impact အထိ ယုတ္တိကျကျ ဆက်စပ်နေရင် Proposal / Report တစ်ခုဟာ အမြဲတမ်း အမြင်ကောင်းတွေ၊ မှတ်ချက်ကောင်းတွေ ရတတ်ပါတယ်။

💡ဒါကြောင့် ဒီနေ့မှာ Donor တွေနဲ့ ဆက်သွယ်ပြီး အဓိက လုပ်ဆောင်ရတဲ့သူတွေအတွက် အသုံးပြုနိုင်မယ့် Practical Tips (၃) ချက်ကို မျှဝေပေးချင်ပါတယ်။

🎯 Be Direct & Concise

စကားလုံး အဆန်းတွေ သုံးပြီး စာပိုဒ်ရှည်ကြီးတွေ ရေးမည့်အစား "Action + Result" ပုံစံဖြင့် လိုရင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြပါ။

🎯 Use Data-Driven Evidence

"Many people benefited..." လို့ ရေးမယ့် အစား "150 households (750 individuals) received..." ဆိုတဲ့ တိကျတဲ့ စာရင်းဇယားများကို အသုံးပြုနိုင်ဖို့ လိုအပ်ပါတယ်။ ။

🎯 Check the 'So What?' Factor

Activity တစ်ခုအကြောင်း ရေးပြီးတိုင်းမှာ "ဒါလုပ်လိုက်တော့ Community အတွက် ဘာအကျိုးရှိသွားတာလဲ (So What?)" ဆိုသည့် မေးခွန်းကို ကိုယ်တိုင် ပြန်မေးပြီး Impact ကို ရှင်းလင်းစွာ ချိတ်ဆက်ပေးပါ။

NGO Sector မှာ ကိုယ့်ရဲ့ English လိုရေးသားသမျှတွေဟာ စာလုံးလှဖို့၊ မှန်ကန်ဖို့ကတင် အဓိကကျတာ မဟုတ်ပါဘူး။

မြေပြင်က အမှန်တရားကို ရှင်းရှင်းလင်းလင်းနဲ့ Logic ကျကျ သက်သေပြနိုင်ဖို့က ပိုမို အရေးကြီးပါတယ်။

💡အခုမျှဝေပေးခဲ့တဲ့အချက်တွေက အခြေခံအနေနဲ့ အလွယ်တကူ မှတ်သားနိုင်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

𝐍𝐆𝐎/𝐈𝐍𝐆𝐎 လုပ်ငန်းခွင်ထဲမှာ English လိုအသုံးပြုတဲ့အခါမှာ အမှားနည်းနိုင်သမျှ နည်းပါးနိုင်ဖို့အတွက်

EMPO နဲ့အတူ လေ့လာနိုင်ဖို့ အခွင့်အရေးတစ်ခုက ရှိနေပြီပဲဖြစ်ပါတယ်။

မြေပြင်လက်တွေ့အကျဆုံး အသုံးအနှုန်းတွေကို အခြေခံကနေ 𝐍𝐆𝐎 လုပ်ငန်းခွင်သုံးအထိ စနစ်တကျလေ့လာဖို့ စိတ်ဝင်စားတယ်ဆိုရင်

📥Page Messenger သို့မဟုတ် Comment မှာ ‘Eng’ လို့ရေးခဲ့ပေးပါနော်။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

❗️AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့ အမျှ လူသားတွေဟာလည်း AI က လူတွေကို အစားထိုးသွားတော့မယ် ဆိုတာတွေကို စိုးရိမ်...
26/08/2026

❗️AI နည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာနဲ့ အမျှ လူသားတွေဟာလည်း AI က လူတွေကို အစားထိုးသွားတော့မယ် ဆိုတာတွေကို စိုးရိမ်လာကြပါတယ်။

ဒါပေမဲ့ တကယ် သတိထားရမယ့် အမှန်တရားတစ်ခုကတော့ **AI က ကိုယ့်ကို အစားထိုးမှာ မဟုတ်ပဲ AI ကို စနစ်တကျ သုံးတတ်တဲ့သူကပဲ ကိုယ့်ကို အစားထိုးသွားမှာဖြစ်ပါတယ်။ 🚨

ဒီနေ့ခေတ် NGO/CSO နယ်ပယ်မှာ အလုပ်လုပ်နေသူတွေအတွက် Donor Report တွေ ရေးရတာ၊ Proposal အတွက် Framework ချရတာ၊ Data တွေကို ခွဲခြမ်းစိတ်ဖြာရတာတွေနဲ့တင် တစ်နေ့တာ ရုံးချိန်တွေ ကုန်ဆုံးသွားပြီး ဘာမှ မယ်မယ်ရရ မပြီးမြောက်လိုက်သလို ခံစားနေရတတ်ပါတယ်။

ဒီလို အလုပ်ချိန်တွေကို သေးငယ်လှတဲ့ Task လေးတွေနဲ့ အချိန်ကုန်နေမယ့်အစား AI ကိုသုံးပြီး

👉ကိုယ့်ရဲ့ Assistant အဖြစ် စနစ်တကျ ခိုင်းစေတတ်မယ်ဆိုရင်တော့ AI သာမကပဲ ဘယ်သူကမှ ကိုယ့်နေရာကို အစားထိုးနိုင်တော့မှာ မဟုတ်ပါဘူး။

ဒါဆို AI ကို ကိုယ့်ရဲ့ Assistant ဖြစ်အောင်၊ အစအဆုံး AI ကို စနစ်တကျ ခိုင်းစေနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကော သိပြီးပြီလား?

ဒီအချိန်ဟာ ထိုင်ပြီး စိုးရိမ်နေရမှာ မဟုတ်ဘဲ AI နဲ့အတူ စီးမြောနိုင်အောင် လေ့လာရမှာ ဖြစ်ပါတယ်။

ဒါကြောင့် AI နဲ့အတူ စီးမြောချင်တယ်၊ လေ့လာချင်တယ်ဆိုရင် EMPO ရဲ့ Applied AI for NGOs & CSOs အတန်းက ကိုယ့်အတွက်ပါပဲ။ ✨

🌟 ဒီ အတန်းက ဘာတွေ ထူးခြားနေသလဲ?

✅ Generic AI မဟုတ်ဘဲ NGO-Specific Applied Frameworks

သာမန် စာရေးရုံ၊ ပုံဆွဲရုံ သုံးနည်း မဟုတ်ဘဲ Proposal Writing, Logframe Drafting, M&E Data Summarization နဲ့ Donor Reporting တို့လို NGO/CSO လုပ်ငန်းခွင်သုံး အလုပ်တွေကို တိုက်ရိုက် ခိုင်းစေနိုင်မည့် Sector-Tailored Prompts များကို သီးသန့် သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီသင်တန်းကနေတစ်ဆင့်

✅နာရီပေါင်းများစွာ ကြာမြင့်တဲ့ စာရွက်စာတမ်းဆိုင်ရာ Task တွေကို AI မိနစ်ပိုင်းအတွင်း ပြင်ဆင်နိုင်အောင် ဘယ်လို ခိုင်းစေမလဲဆိုတာကို လေ့လာနိုင်မှာ ဖြစ်တဲ့အတွက်

✅အလုပ်ဝန်ထုတ်ဝန်ပိုးကို ၁၀ ဆအထိ လျှော့ချပေးပြီး Strategic Decision Making ပိုင်းတွေမှာ ပိုပြီး အာရုံစိုက်နိုင်အောင်လည်း ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် AI ကို ကိုယ့်ရဲ့ Assistant တစ်ယောက်အဖြစ် စနစ်တကျ အသုံးချနိုင်ပြီး မြန်ဆန်ထိရောက်တဲ့ Automation System အဖြစ် ပြောင်းလဲဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ စာရင်းပေးသွင်းလိုက်ပါနော်။

📅 သင်တန်းအသေးစိတ်

ဒီအတန်းဟာ ChatGPT တစ်ခုတည်းတင်မဟုတ်ဘဲ Claude, Gemini, Notion AI, Perplexity, Cosex, NotebookLM နဲ့ အဆင့်မြင့် Agentic Tools ပေါင်းများစွာကို တွဲဖက်ပြီး လက်တွေ့ကျကျ အသုံးချတတ်အောင် သင်ကြားပေးမည့် ၂၀ နာရီ Intensive အတန်း ဖြစ်ပါတယ်။

Start Date- 16 September 2026

Time - 7:00 PM - 9:00 PM

Day - Wed, Sat & Sun (3 Days a Week)

Duration- 10 Days/ 20 Hrs

Zoom Face-to-Face Live Class

📥 သင်တန်းတက်ရောက်ရန် သို့မဟုတ် အသေးစိတ် စုံစမ်းရန် Comment သို့မဟုတ် Page Messenger တွင် "AI" ဟု စာပို့ပေးလိုက်ရုံပါပဲ။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

"Theory အနေနဲ့တင် မဟုတ်ဘဲ၊ မြေပြင်မှာ တကယ် Impact ထွက်မယ့် MEAL System ကြီးကို (၁၄) နှစ်ကျော် အတွေ့အကြုံရှိတဲ့ INGO Seni...
26/08/2026

"Theory အနေနဲ့တင် မဟုတ်ဘဲ၊ မြေပြင်မှာ တကယ် Impact ထွက်မယ့် MEAL System ကြီးကို (၁၄) နှစ်ကျော် အတွေ့အကြုံရှိတဲ့ INGO Senior Expert နဲ့အတူ လေ့လာလိုက်ပါ" 🚀

MEAL သီအိုရီတွေဆိုတာ စာအုပ်ထဲမှာပဲ ကျက်မှတ်ထားရုံနဲ့တော့ အလုပ်ခွင်ထဲ ရောက်တဲ့အခါ တကယ် အလုပ်မဖြစ်ပါဘူး။

Donors တွေနဲ့ အဖွဲ့အစည်းတွေက တကယ် လိုချင်နေတာက စာရွက်ပေါ်က မှတ်တမ်းသက်သက် မဟုတ်ဘဲ မြေပြင်မှာ အမှန်တကယ် အကျိုးသက်ရောက်မှု (Impact) ကို တိတိကျကျ သက်သေပြနိုင်မယ့် Applied MEAL Specialist မျိုးပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း EMPO အနေနဲ့

💼 MEAL Career Path ကို ခိုင်မာသော Foundation ဖြင့် စတင်လိုသူတွေ

💼 Junior MEAL Officers & Project Assistants တွေ

💼 Project Coordinators & Managers တွေ

💼Project ရဲ့ MEAL System၊ နဲ့ Proposal Logframe များကို စနစ်တကျ စီမံလိုသူတွေအတွက်ကို

Applied MEAL Training (Bach1) ကို စီစဥ် ဖွင့်လှစ်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။

🔥 ဒီသင်တန်းကနေတစ်ဆင့် မြေပြင်မှာ လက်တွေ့အသုံးဝင်တဲ့ Skills တွေ၊ ဗဟုသုတတွေကိုပဲ ရရှိသွားနိုင်ဖို့ အဓိက လေ့ကျင့်သင်ကြားပေးသွားမှာပါ။

🎯”အလုပ်ထဲမှာ ဒါကို ဘယ်လို စသုံးရမှန်းမသိဘူး" ဆိုတဲ့ ပြဿနာမျိုး လုံးဝမရှိစေဘဲ Real-world NGO Projects များရဲ့ Scenario များကို အခြေခံကာ လက်တွေ့ Practical Exercises များဖြင့်သာ တိုက်ရိုက် လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

🎯Donors များနဲ့ Audit စစ်ဆေးမှုတွေမှာ ခိုင်မာစွာ ပြသနိုင်မယ့် Standardized Data Structure နဲ့ Evidence-based Reporting System တွေကို ကိုယ်တိုင် တည်ဆောက်နိုင်အောင် သင်ကြားပေးမှာ ဖြစ်ပါတယ်။

သင်တန်းချိန်အတွင်းမှာလည်း မြေပြင် Field ဆင်းချိန်မှာ ကြုံတွေ့ရတတ်တဲ့ Data Bias, Community Resistance နဲ့ System Failure ပြဿနာတွေအကြောင်းကိုပါ Trainer ရဲ့ အတွေ့အကြုံနဲ့ ယှဥ်ပြီး လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒီ Applied MEAL Training ကိုတော့ *MEAL DPro Certified တစ်ဦးဖြစ်တဲ့* Sayar U Thet Khine Win က ဦးဆောင် သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

INGO အဖွဲ့အစည်းကြီးတွေမှာ Senior M&E Manager နဲ့ MEAL Specialist အဖြစ် လုပ်ငန်းအတွေ့အကြုံ (၁၄) နှစ်ကျော် ရှိတဲ့ ကျွမ်းကျင်သူကိုယ်တိုင် လက်တွေ့ကျကျ Guidance ပေးသွားမယ့် Training ပဲ ဖြစ်ပါတယ်။

🚀 MEAL Career ကော အဖွဲ့အစည်းရဲ့ Project Quality ကိုကော မြှင့်တင်နိုင်ဖို့ 100% Ready ဖြစ်သွားချင်တယ်ဆိုရင်တော့

📥 သင်တန်းတက်ရောက်ရန် သို့မဟုတ် အသေးစိတ် စုံစမ်းရန် Comment သို့မဟုတ် Page Messenger တွင် "MEAL" ဟု စာပို့ပေးလိုက်ရုံပါပဲ။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

"Field ဆင်း ဓာတ်ပုံရိုက်တိုင်း မပါမဖြစ် ရှိထားရမယ့် Consent - သဘောတူညီချက်” 📸🛡️Humanitarian နဲ့ Development Sector မှာ F...
25/08/2026

"Field ဆင်း ဓာတ်ပုံရိုက်တိုင်း မပါမဖြစ် ရှိထားရမယ့် Consent - သဘောတူညီချက်” 📸🛡️

Humanitarian နဲ့ Development Sector မှာ Field ဆင်းပြီး Activity တွေ လုပ်ဆောင်တဲ့အခါမှာ Beneficiaries တွေရဲ့ ဓာတ်ပုံရိုက်ယူတာဟာ Report တွေ၊ Social Media နဲ့ Donor Updates တွေအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်လာပါတယ်။

🔍ဘာကြောင့် Consent ရယူဖို့ လိုအပ်တာလဲ?

"ဓာတ်ပုံမရိုက်မီ Consent ရယူခြင်း" ဟာ ရိုးရိုးရှင်းရှင်း ရိုက်လို့ရလား မေးရုံတင် မဟုတ်ဘဲ၊ မြေပြင် ပြည်သူတွေရဲ့ လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ Data Privacy ကို ကာကွယ်ပေးတဲ့ အရေးကြီး Ethical Standard တစ်ခု ဖြစ်ပါတယ်။

🔍 Consent ရယူရာမှာ ဘာတွေ သိထားရမလဲ?

✅အချက်အလက်ပြည့်စုံစွာ အသိပေးခြင်း

ဓာတ်ပုံကို "ဘာအတွက် သုံးမှာလဲ" (ဥပမာ - Donor Report၊ Website သို့မဟုတ် Social Media) ဆိုတာကို ပွင့်လင်းမြင်သာစွာ ရှင်းပြဖို့ လိုပါတယ်။

✅ ဖိအားမရှိဘဲ သဘောတူနိုင်ခြင်း

ဓာတ်ပုံရိုက်ခံခြင်း/မခံခြင်းက စီမံကိန်းရဲ့ အကူအညီရရှိမှုအပေါ် လုံးဝ (လုံးဝ) သက်ရောက်မှုမရှိဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြထားဖို့ လိုပါတယ်။

✅ ကလေးသူငယ်များအတွက်လည်း Child Protection & Safeguarding

အသက် ၁၈ နှစ်အောက် ကလေးသူငယ်များရဲ့ ဓာတ်ပုံကို ရိုက်ကူးမယ်ဆိုရင် ကလေးရဲ့ သဘောတူညီချက်တင်မကဘဲ မိဘ သို့မဟုတ် အုပ်ထိန်းသူရဲ့ l Consent ကို မဖြစ်မနေ ရယူရပါမယ်။

ကလေးများရဲ့ ဂုဏ်သိက္ခာနဲ့ လုံခြုံရေးကို ထိခိုက်စေမယ့် ရိုက်ကွင်းမျိုးကို အထူး ရှောင်ကြဉ်ဖို့လည်း လိုအပ်ပါတယ်။

✅ Right to Withdraw

Consent ပေးပြီးပေမယ့် အချိန်မရွေး ကိုယ့်ရဲ့ ဓာတ်ပုံကို ပြန်လည် ဖျက်သိမ်းပေးဖို့ ဒါမှမဟုတ် မသုံးစွဲရန် တောင်းဆိုပိုင်ခွင့် ရှိကြောင်း အသိပေးထားသင့်ပါတယ်။

ဒါကြောင့် မြေပြင်မှာ တကယ် အလုပ်လုပ်နေရတဲ့ Field Staff တွေနဲ့ အတူ၊ Project ကို စီမံကြတဲ့ Management Team တွေအနေနဲ့

Community ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို လေးစားကြောင်း ပြသတဲ့ အဓိက ကျင့်ဝတ် တစ်ခုအနေနဲ့ သဘောတူညီမှု - Consent ရယူနိုင်ဖို့အတွက်ကို အဓိက ဦးစားပေးအနေနဲ့ ဆောင်ရွက်သင့်ကြောင်း မျှဝေပေးလိုက်ရပါတယ်။

"Proposal Writing Skills ကို အခမဲ့ (Exclusive Free Intensive Training) လေ့လာနိုင်မယ့် အထူး အခွင့်အရေး" 📝✨ကိုယ့်ရဲ့ အဖွဲ့...
24/08/2026

"Proposal Writing Skills ကို အခမဲ့ (Exclusive Free Intensive Training) လေ့လာနိုင်မယ့် အထူး အခွင့်အရေး" 📝✨

ကိုယ့်ရဲ့ အဖွဲ့အစည်း အတွက် Grants တွေ၊ Partnership တွေဖန်တီးရာမှာ အထောက်အထား ခိုင်မာပြီး၊ စနစ်ကျတဲ့ Proposal ရေးသားနိုင်မှုက အဓိက အသက်ဖြစ်ပါတယ်။

အထူးသဖြင့် စီမံကိန်းများကို ဦးဆောင်နေသည့် Project Management Team များ၊ အဖွဲ့အစည်း ရေရှည် တည်တံ့ရေးအတွက် Partner Network များ တည်ဆောက်နေကြသည့် သူများအတွက်

အထူးသဖြင့် ဆရာစိုးမိုးကျော်ရဲ့ သင်တန်းသားဟောင်းများအတွက် သီးသန့် ရည်ရွယ်ကာ...

🚀 ၁၂ နာရီကြာ အွန်လိုင်း Proposal Writing Intensive Training (Batch 1) ကို ဒီတစ်ကြိမ်တည်းသာ အခမဲ့ ဖွင့်လှစ်ပေးတော့မှာပဲ ဖြစ်ပါတယ်။

💡 ဒီ ၁၂ နာရီကြာ Intensive Sharing Session ကနေ ဘာတွေ သင်ယူရမလဲ?

🎯 Proposal Development Process & Donor Criteria

Donor များရဲ့ လိုအပ်ချက် နဲ့ Project Proposal တွေမှာ အကဲဖြတ်တဲ့အခါ အသုံးပြုတဲ့ စံနှုန်းများအကြောင်းကို ပိုပြီး ထဲထဲဝင်ဝင်နားလည်သွားမယ်။

🎯Evidence-Based Needs Analysis

Primary/Secondary Data များကို အသုံးပြုကာ ပြဿနာရဲ့ အဓိက အရင်းခံအကြောင်းရင်းများနဲ့ လိုအပ်နေတဲ့ အကူအညီများအကြောင်း ထိထိရောက်ရောက်ရေးသားဖော်ပြသွားနိုင်မယ်။

🎯Theory of Change (ToC) & Logframe

Project ရဲ့ Activities တွေ၊ Outputs တွေက Impact ကို ဘယ်လိုမျိုး သက်ရောက်မှုရှိနေလဲ၊ ဘယ်လိုတွေ ဆက်စပ်နေလည်းဆိုတာကို ကျွမ်းကျင်စွာ ရေးဆွဲဖော်ပြနိုင်မယ်။

🎯 Activity Planning & Budgeting

Project တစ်ခုအတွက် Implementation Plan ဘယ်လိုချကြမလဲကစလို့ Activity-based Budgeting တွေအထိ ဘယ်လို ချဉ်းကပ်ရမလဲဆိုတာ နားလည်သွားမယ်။

🎯 Cross-Cutting Themes & Quality Assurance

Project တွေမှာ လုံးဝ မေ့ထားလို့မရတဲ့ Gender, Disability Inclusion, AAP, Protection, Risk Mitigation တွေကို ပါဝင်အောင် စနစ်တကျ ထည့်သွင်းစဥ်းစားနိုင်မယ်။

👨‍🏫ဘယ်သူက သင်ကြားပေးသွားမှာလဲ?

📊NGO, INGO နဲ့ ကုလသမဂ္ဂ (UN) နယ်ပယ်တွေမှာ ၂၀၀၈ ခုနှစ်ကတည်းက ယနေ့အထိ ၁၈ နှစ်နီးပါး ကြာမြင့်စွာ လက်တွေ့လုပ်ကိုင်နေသည့် Senior Expert တစ်ဦး ဖြစ်တဲ့ ဆရာစိုးမိုးကျော်မှ တာဝန်ယူသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဆရာစိုးမိုးကျော်ဟာဆိုရင် ၂၀၂၁ ခုနှစ်ကတည်းက လက်ရှိအချိန်အထိ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်း CSOs များမှ ဝန်ထမ်းပေါင်းများစွာကို Project Management နဲ့ သက်ဆိုင်သော သင်တန်းများစွာ အဆက်မပြတ် ပို့ချပေးနေတဲ့ Trainer တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် EMPO မှာ Project Management Training, Building Better Partnership Training, Cash and Voucher Assistance (CVA) Training တို့ကို ဦးဆောင်ကာ အောင်မြင်စွာ သင်ကြားပို့ချပေးလျက်ရှိတဲ့ Trainer တစ်ဦးပဲ ဖြစ်ပါတယ်။

👥 ဒီ Exclusive Free Training ကို ဘယ်သူတွေ လျှောက်ထားနိုင်သလဲ?

ဒီသင်တန်းကို ဆရာစိုးမိုးကျော်ရဲ့ သင်တန်းသားဟောင်းများကို အဓိက ဦးစားပေး လက်ခံပေးသွားမှာပဲ ဖြစ်ပါတယ်။

✅ EMPO မှ ဖွင့်လှစ်ခဲ့သော Project Management Class သို့မဟုတ် Building Better Partnership (BBP) အတန်းများကို တက်ရောက်ခဲ့ဖူးသူများ သို့မဟုတ် ဆရာစိုးမိုးကျော် ဦးဆောင်တဲ့ သင်တန်းများကို တက်ရောက်ခဲ့ဖူးသော သင်တန်းသားများ၊

✅ Training အစအဆုံး မပျက်မကွက် တက်ရောက်နိုင်သူများ။

၏လာရောက်လျှောက်ထားသူတွေထဲကမှ လိုအပ််များ နဲ့ ပြည့်စုံသူ (၂၀) တိတိကို ရွေးချယ်ပြီး တက်ရောက်ခွင့်ကို အကြောင်းကြားပေးမှာ ဖြစ်ပါတယ်။

🗓️ Training Details

📅 Time -19 September, 2026 - 30 September, 2026

📅Date - Wednesday, Saturday, Sunday

⏰ Time: 7:00 PM to 9:00 PM

💻 Platform: Zoom Online Live Sessions

တက်ရောက်ခွင့်လျှောက်ထားလိုပါက -

✅Application Form ကို တိကျစွာ ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ https://empomm.notion.site/1a2ce3fb86454317b743f97cceebda82?pvs=105

✅ Form မှာ ဆရာစိုးမိုးကျော် ဦးဆောင်သော သင်တန်းများကို တက်ရောက်ခဲ့ဖူးကြောင်း Certificate / Proof တင်ပေးရပါမယ်။

📥 အသေးစိတ် စုံစမ်းရန် Page Messenger သို့မဟုတ် Comment မှာ “Proposal Writing" ဟု မန့်ပေးခဲ့ပါနော်။

📞 Viber မှတစ်ဆင့် အသေးစိတ်မေးမြန်းလိုပါက - 09 250 326 876

Address

164th Street, Tamwe Township
Yangon
11211

Alerts

Be the first to know and let us send you an email when EMPO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EMPO:

Shortcuts

Share