Panellist Business Services

Panellist Business Services We provide comprehensive HR solutions & Training services for companies who aims to build a strong Organisation.

29/08/2026

"ဝန်ထမ်းကို အလုပ်ထုတ်တော့မယ်ဆိုရင် စနစ်တကျ ဘယ်လိုကိုင်တွယ်မလဲ...❓"

ဝန်ထမ်းတစ်ယောက်ကို အလုပ်မှ ရပ်စဲခြင်းဟာ လုပ်ငန်းတစ်ခုအတွက် အခက်ခဲဆုံး ဆုံးဖြတ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စိတ်လိုက်မာန်ပါ သို့မဟုတ် Emotion အပေါ်မူတည်ပြီး ဆုံးဖြတ်မယ့်အစား စနစ်တကျ ချဉ်းကပ်ကိုင်တွယ်ဖို့ အရေးကြီးပါတယ်။
မလိုအပ်တဲ့ Legal Risk နဲ့ နောက်ဆက်တွဲပြဿနာတွေ မဖြစ်ပေါ်စေဖို့ Attendance/Performance Records, Warning Letters, Investigation Reports စတဲ့ ခိုင်လုံတဲ့ Documentation တွေကို စနစ်တကျ စုစည်းထားပြီး ကုမ္ပဏီရဲ့ Policy & Procedures အတိုင်း ဆောင်ရွက်ရပါမယ်။
ဒါ့အပြင် Process မှန်ကန်ရုံနဲ့ မလုံလောက်ပါဘူး။ ဝန်ထမ်းရဲ့ ဂုဏ်သိက္ခာကို လေးစားမှုထားပြီး အကြောင်းအရင်းကို ရှင်းလင်းဆွေးနွေးပေးခြင်း၊ Final Settlement များကို တိတိကျကျ စီစဉ်ပေးခြင်းတို့နဲ့ နှစ်ဦးနှစ်ဖက် မျှတတဲ့နည်းလမ်းဖြင့် ကိုင်တွယ်ဖို့လည်း လိုအပ်ပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များနှင့် HR များအတွက် ဝန်ထမ်းထုတ်ပယ်ခြင်း Process ကို စနစ်တကျ နဲ့ မျှတစွာ ကိုင်တွယ်နိုင်ဖို့ သိထားသင့်တဲ့ အဓိကအချက်တွေကို ဖော်ပြပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

28/08/2026

"Disciplinary Action ဆိုတာ လူကို အပြစ်တင်ဖို့ မဟုတ်ပါဘူး...❗"

ဝန်ထမ်းတစ်ယောက်ကို Warning ပေးလိုက်တာနဲ့ လုပ်ငန်းခွင်ဆက်ဆံရေး ထိခိုက်သွားတာဟာ စည်းကမ်းထိန်းသိမ်းမှုကြောင့်တင် မဟုတ်ဘဲ ဘယ်လိုပြောဆိုပြီး ဘယ်လိုကိုင်တွယ်ခဲ့သလဲ ဆိုတာနဲ့လည်း သက်ဆိုင်ပါတယ်။
ထိရောက်တဲ့ Disciplinary Action ရဲ့ ရည်ရွယ်ချက်က လူတစ်ယောက်ကို အပြစ်တင်ဖို့မဟုတ်ဘဲ ပြင်ဆင်ဖို့လိုအပ်နေတဲ့ အပြုအမူကို ရှင်းလင်းစွာ အသိပေးပြီး တိုးတက်ပြောင်းလဲလာအောင် လမ်းညွှန်ပေးဖို့ ဖြစ်ပါတယ်။
ဒါကြောင့် စည်းကမ်းပိုင်းဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်တဲ့အခါ ခံစားချက် ဒါမှမဟုတ် မျက်နှာသာပေးမှုအပေါ် မူတည်ပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ရှင်းလင်းတဲ့ HR Policy & SOPs၊ ခိုင်လုံတဲ့ မှတ်တမ်းအချက်အလက်နဲ့ မျှတတဲ့ ကိုင်တွယ်မှု တို့အပေါ် အခြေခံဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များအတွက် ဝန်ထမ်းနဲ့ ဆက်ဆံရေးမပျက်စေဘဲ Disciplinary Action ကို စနစ်တကျနဲ့ မျှမျှတတ ကိုင်တွယ်နိုင်မယ့် အဓိကအချက်တွေ ကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

27/08/2026

"Promotion တိုးခံရတာလား? အလုပ်တာဝန်တွေပိုရလိုက်တာလား...❓"

​ရာထူးတိုးလာပေမဲ့ အရင်ကထက် ပိုပင်ပန်းနေပြီး အရာရာကို ကိုယ်တိုင် လိုက်လုပ်နေရတယ်ဆိုရင် ဒါဟာ Promotion ရတာထက် အလုပ်ပိုရနေတဲ့ သဘော ဖြစ်နေတတ်ပါတယ်။
​ဝန်ထမ်းတစ်ယောက်ရဲ့ အောင်မြင်မှုကို မိမိကိုယ်တိုင် အလုပ်ဘယ်လောက်ပြီးလဲဆိုတာနဲ့ တိုင်းတာပေမဲ့ Manager တစ်ယောက်ရဲ့ အောင်မြင်မှုကိုတော့ Team က ဘယ်လောက် အလုပ်ပြီးမြောက်အောင်မြင်လဲ ဆိုတာနဲ့ တိုင်းတာပါတယ်။​ဒါကြောင့် မန်နေဂျာတစ်ယောက်အနေနဲ့ Burnout မဖြစ်ဘဲ Strategic Planning ပိုင်းမှာ အချိန်ပိုပေးနိုင်ဖို့ Routine Tasks များနှင့် Development အခွင့်အလမ်းများကို Team Member များထံ စနစ်တကျ ခွဲဝေတာဝန်ပေးအပ်နိုင်မယ့် (Delegation Skill) ကို မဖြစ်မနေ လေ့ကျင့်တည်ဆောက်ထားဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ Manager အသစ်များ၊ Team Leader များအတွက် ဘယ်အလုပ်တွေကို Delegate လုပ်သင့်သလဲ၊ ဘယ်တာဝန်တွေကိုတော့ Manager ကိုယ်တိုင် ဆက်လက်တာဝန်ယူသင့်သလဲ ဆိုတဲ့ အဓိကအချက်တွေကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

26/08/2026

" Leadership မှာ အဓိက လိုအပ်တဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်မှု❗"

Supervisor သို့မဟုတ် Manager တစ်ယောက် ဖြစ်လာတဲ့အခါ အလုပ်ကို ကျွမ်းကျင်မှုရှိရမယ့်အပြင် People Management၊ Communication၊ Coaching နဲ့ Emotional Intelligence လို Leadership Skills တွေကလည်း အရေးကြီးလာပါတယ်။အထူးသဖြင့် ဖိအားများတဲ့အခြေအနေတွေမှာ ကိုယ့်စိတ်ခံစားချက်ကို ဘယ်လိုထိန်းချုပ်မလဲ၊ ဝန်ထမ်းတွေနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာက Team ရဲ့ ယုံကြည်မှု၊ စွမ်းဆောင်ရည်နဲ့ ရေရှည်လက်တွဲလုပ်‌ဆောင်နိုင်မှုအပေါ် သက်ရောက်နိုင်ပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များနဲ့ Leader ဖြစ်လာမယ့်သူများအတွက် Emotional Intelligence ဘာကြောင့် အရေးကြီးသလဲ၊ Team ကို ပိုမိုထိရောက်စွာ ဦးဆောင်နိုင်ဖို့ ဘယ်လို Skills တွေ လိုအပ်သလဲ ဆိုတဲ့ အဓိကအချက်တွေကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

25/08/2026

" လစာထက် ပိုအရေးကြီးလာတဲ့ Career Growth...❓"

ဝန်ထမ်းတွေ အလုပ်ထွက်ရတဲ့ အကြောင်းရင်းဟာ လစာတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ဒီကုမ္ပဏီမှာ နောက် ၂ နှစ်၊ ၃ နှစ် ဆက်လုပ်ရင် ကိုယ့် Career က ဘယ်အဆင့်ကို ရောက်နိုင်မလဲဆိုတဲ့ ရှင်းလင်းတဲ့ Career Path နဲ့ တိုးတက်နိုင်မယ့် အခွင့်အလမ်းကို မမြင်ရတာကလည်း အရေးကြီးတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။
မန်နေဂျာတွေအနေနဲ့ ဝန်ထမ်းတွေ နောက်တစ်ဆင့်တက်ဖို့ ဘယ်လို Skills နဲ့ Experience တွေ လိုအပ်သလဲ၊ ကုမ္ပဏီဘက်က ဘယ်လိုပံ့ပိုးပေးမလဲ ဆိုတာကို Career Growth Discussion တွေကတစ်ဆင့် ရှင်းလင်းတဲ့ Direction ပေးဖို့ လိုပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များအတွက် Performance Review မှာ KPI တစ်ခုတည်းကိုသာ မကြည့်ဘဲ ဝန်ထမ်းတွေရဲ့ Career Development ကိုပါ စနစ်တကျ ဆွေးနွေးလမ်းညွှန်ပေးပြီး Employee Retention ပိုမိုကောင်းမွန်လာစေမယ့် အဓိကအချက်တွေ ကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

24/08/2026

ရာထူးမြင့်လာတာနဲ့အမျှ လုပ်ငန်းရလဒ်၊ ဝန်ထမ်းတွေနဲ့ Customer တွေအပေါ် သက်ရောက်မှုရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရတာ ပိုများလာပါတယ်။ ဒါကြောင့် Decision Making Skill က Manager နဲ့ Leader တွေအတွက် အရေးကြီးတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။
ဒါပေမယ့် Manager အသစ်အများစုဟာ အချက်အလက် မစုံလင်သေးခင် အလျင်စလို ဆုံးဖြတ်မိတာ၊ ဒါမှမဟုတ် အချက်အလက်အပြည့်အစုံရမှ ဆုံးဖြတ်မယ်ဆိုပြီး အချိန်ဆွဲမိတာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် ဖိအားများတဲ့ အခြေအနေတွေမှာတောင် ပိုမိုထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ PAUSE → FACTS → IMPACT → DECIDE Framework ကို အသုံးပြုပြီး စနစ်တကျ လေ့ကျင့်ထားဖို့ လိုပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များ၊ Manager များနဲ့ အနာဂတ် Leader ဖြစ်လာမယ့်သူများအတွက် ဖိအားအောက်မှာ Decision Making Skill ကောင်းမွန်စေမယ့် အဓိကအချက်တွေ ကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

22/08/2026

"ဝန်ထမ်းအချင်းချင်း ပဋိပက္ခဖြစ်နေတာတွေကို ဘယ်လိုဖြေရှင်းကြမလဲ...❓"

လုပ်ငန်းခွင်ထဲက ပဋိပက္ခ (Workplace Conflict) ဆိုတာ အော်ဟစ်ရန်ဖြစ်တာတင် မဟုတ်ပါဘူး။ Meeting တွေမှာ မပူးပေါင်းတော့တာ၊ အချက်အလက်မျှဝေမှု နှောင့်နှေးလာတာနဲ့ အချင်းချင်း ရှောင်ဖယ်လာတာလို အသံတိတ်ပဋိပက္ခတွေကလည်း လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေနိုင်ပါတယ်။
ပဋိပက္ခဖြစ်လာတဲ့အခါ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ် ဆိုပြီး ချက်ချင်းဆုံးဖြတ်တာထက် Personality ကြောင့်လား၊ Process အားနည်းချက်ကြောင့်လား၊ Roles & Responsibilities မရှင်းလင်းတာကြောင့်လားဆိုတဲ့ အကြောင်းအရင်း (Root Cause) ကို အရင်ရှာဖွေဖို့ လိုပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များအတွက် Workplace Conflict တွေရဲ့ အကြောင်းရင်းကို ရှာဖွေပြီး အပြုသဘောဆောင်စွာ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေ ကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

21/08/2026

"ရာထူးတစ်ခု လစ်လပ်ရင် အမြဲတမ်း လူသစ်ပဲ ခေါ်နေပါသလား...❓"

ကုမ္ပဏီမှာ ရာထူးနေရာတစ်ခု လစ်လပ်သွားတိုင်း အပြင်ကလူကိုပဲ အမြဲတမ်း ခေါ်ယူနေမယ်ဆိုရင် လုပ်ငန်းခွင်မှာ ကြိုးစားနေတဲ့ လက်ရှိဝန်ထမ်းတွေအနေနဲ့ Career Growth မမြင်တော့ဘဲ Engagement နဲ့ Retention ကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် လစ်လပ်ရာထူးများအတွက် အပြင်ကလူ မခေါ်ခင် လက်ရှိဝန်ထမ်းတွေကို မျှတတဲ့ အခွင့်အရေးပေးနိုင်မယ့် Internal Job Posting System ကို စနစ်တကျ ကျင့်သုံးသင့်ပါတယ်။
လက်ရှိ ဝန်ထမ်းတွေက ကုမ္ပဏီ Culture နဲ့ Process တွေကို သိရှိပြီးသားဖြစ်လို့ Talent တွေကို မြှင့်တင်ပေးခြင်းက Onboarding Time နဲ့ Recruitment Cost တွေကို သက်သာစေတဲ့အပြင် ဝန်ထမ်းတွေရဲ့ Retention ကိုပါ အများကြီး တိုးတက်စေပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များနှင့် HR များအတွက် Internal Promotion ရဲ့ အားသာချက်များနှင့် Internal Job Posting ကို ထိရောက်စွာ အသုံးချနည်းများကို ဖော်ပြပေးလိုက်ပါတယ်။ ✨

💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှုဆိုင်ရာ HR Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

☎️ Phone: 09-797023133
📩 Email: [email protected]

Visit our social media below;
Facebook: https://www.facebook.com/panellistmm
LinkedIn: https://www.linkedin.com/company/panellist-business-services/
YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
TikTok: https://www.tiktok.com/
Website: https://www.panellistmm.com/panellist-com

20/08/2026

" Succession Planning ဆိုတာ ကုမ္ပဏီကြီးတွေအတွက်ပဲ လိုအပ်တာလား...❓ "

တကယ်တော့ Key Person တစ်ယောက် မရှိတော့တာနဲ့ လုပ်ငန်းလည်ပတ်မှုတစ်ခုလုံး ထိခိုက်လွယ်တဲ့ SME လုပ်ငန်းတွေမှာ Succession Planning က ပိုပြီးတော့တောင် လိုအပ်ပါတယ်။
တကယ် ထိရောက်တဲ့ Organization တစ်ခုဆိုတာ လူတစ်ယောက်ချင်းစီအပေါ် အလွန်အကျွံ မှီခိုမနေဘဲ ဘယ်လိုအခြေ‌အနေမျိုးမှာမဆို လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင်မယ့် System ရှိနေဖို့ လိုအပ်ပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များအတွက် အရေးကြီးတဲ့ Key Role တွေ လစ်လပ်မသွားအောင် ကြိုတင်ပြင်ဆင်နိုင်မယ့် Succession Planning Framework ဆိုင်ရာ အဓိကအချက်များကို ဖော်ပြပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

☎️ Phone: 09-797023133
📩 Email: [email protected]

Visit our social media below;
Facebook: https://www.facebook.com/panellistmm
LinkedIn: https://www.linkedin.com/company/panellist-business-services/
YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
TikTok: https://www.tiktok.com/
Website: https://www.panellistmm.com/panellist-com

19/08/2026

"လုပ်ငန်းခွင်ထဲမှာ အသံတိတ် Toxic Culture ဖြစ်နေတာကို မသိဘဲ လျစ်လျူရှုထားမိနေပါသလား...❓"

တကယ့်အန္တရာယ်ရှိတဲ့ Toxic Culture ဆိုတာ ရန်ဖြစ်အော်ဟစ်တာမျိုး မဟုတ်ပါဘူး။ Meeting တွေမှာ Idea မပေးတော့တာ၊ Feedback မရှိတော့တာ၊ ဝန်ထမ်းတွေက "ဘာမှမပြောတော့ဘဲ ခိုင်းတာပဲလုပ်နေတဲ့" Silence Culture ဖြစ်လာတာကလည်း အရေးကြီးတဲ့ Warning Sign တစ်ခုပါ။ဒီလို အသံတိတ်ဖြစ်ပေါ်နေတဲ့ Culture ပြဿနာတွေ၊ Absenteeism မြင့်လာမှုနဲ့ Trust လျော့နည်းလာမှုတွေကို ဝန်ထမ်းတွေ ထွက်သွားမှ သိတာထက် Turnover Rate၊ Absenteeism Data နဲ့ Employee Engagement Survey လို Data တွေကနေ စောစီးစွာ ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။
ဒီနေ့မှာတော့ လုပ်ငန်းရှင်များနဲ့ HR များအတွက် အသံတိတ် Toxic Culture ဆိုတာ ဘာလဲ၊ ဘယ်လို Warning Signs တွေကနေ ကြိုတင်သိနိုင်မလဲဆိုတဲ့ အဓိကအချက်တွေကို မျှဝေပေးထားပါတယ်။ ✨
💡 လုပ်ငန်းခွင်စီမံခန့်ခွဲမှု Tips များကို လက်မလွှတ်ရအောင် Page ကို Follow လုပ်ထားပါဦးနော်။

𝗖𝗼𝗻𝗻𝗲𝗰𝘁 𝘄𝗶𝘁𝗵 𝗬𝗼𝘂𝗿 𝗦𝘁𝗿𝗮𝘁𝗲𝗴𝗶𝗰 𝗛𝘂𝗺𝗮𝗻 𝗥𝗲𝘀𝗼𝘂𝗿𝗰𝗲 𝗦𝗼𝗹𝘂𝘁𝗶𝗼𝗻 𝗣𝗮𝗿𝘁𝗻𝗲𝗿.

​☎️ Phone: 09-797023133
📩 Email: [email protected]

​Visit our social media below;
​Facebook: https://www.facebook.com/panellistmm
​LinkedIn: https://www.linkedin.com/company/panellist-business-services/
​YouTube: https://www.youtube.com/channel/UCSLCAKxrJvZuduoSTMeUSG
​TikTok: https://www.tiktok.com/
​Website: https://www.panellistmm.com/panellist-com

Address

No. 4/2A Shwe Taung Kyar Yeik Thar Road
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959797023133

Alerts

Be the first to know and let us send you an email when Panellist Business Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Panellist Business Services:

Shortcuts

Share