12/08/2016
အမေရိကန်နိုင်ငံတွင် သွေးတော်သားစပ်များ အချင်းချင်း (အမေနှင့် သား) လက်ထပ်ဖို့ တောင်းဆိုလာခြင်း
ပထမတော့ လိင်တူ လက်ထပ်ဖို့ တိုက်ပွဲဝင်တယ်။
အိုဘားမား အစိုးရ လက်ထက် မနှစ်က ဒီအချိန် အမေရိကန် တရားရုံးချုပ်မှာ လိင်တူလက်ထပ်ခွင့်ကို တရားဝင် သဘောတူ ပြဌာန်းသည်။ အခုတော့ သွေးတော်သားစပ်များ အချင်းချင်း (အမေက သားနဲ့) လက်ထပ်ဖို့ တောင်းဆိုလာပြီ ဖြစ်သည်။
"အမေက သားနဲ့ အတူအိပ်ဖို့ တရားရင်ဆိုင်မယ်။ လာ အပြစ်မပြောရ။ မဝေဖန်ရ။" ဆောင်းပါးမှ ကောက်နှုတ်သည်။
STOP JUDGING: Mother Fights for Her 'Right' to Have S*x with Her Son
သတင်းဆောင်းပါးရှင် - AMANDA PRESTIGIACOMO
2016 AUGUST 10 နေ့သတင်း
ထုံးတမ်းအစဉ်အလာ သမားတွေ ဟိုးတခေါက်က လိင်တူ လက်ထပ်မယ်ဆိုတော့ "Love is love." အချစ်ဟာ အချစ်ပဲ ဆိုတဲ့ ခေါင်းစဉ်အောက် "Love wins." မေတ္တာတရားက အောင်နိုင်ပြီ။"ဆိုပြီး နီတိနဲ့ မညီ လက်ထပ်တဲ့ လက်ထပ်ထိမ်းမြားခြင်းတွေရဲ့ နောက်ဆက်တွဲရလဒ်တွေကို ထုံးတမ်းအစဉ်အလာသမားတွေ သတိပေးဝေဖန်ခဲ့ကြတာ မှတ်မိကြရောပေါ့။
အခုတော့ အမေရိကန်နိုင်ငံ နယူးမက်ဆီကို ဒေသမှာ အမေတယောက်က သူ့ရဲ့ ဆယ်ကျော်သက်သားနဲ့ အတူအိပ်ဖို့ လက်ထပ်ခွင့်ရဖို့ကို တရားရုံးမှာ တိုက်ပွဲဝင်နေပါပြီ။ ဒီအတွက်လည်း လူထု ထောက်ခံချက်ကို တောင်းခံနေပါပြီ။
Monica Mares မော်နီကား မားစ် ဆိုတဲ့ အမျိုးသမီးဟာ သားအရင်းဖြစ်သူ Caleb Peterson ကားလက် ပီတာဆန် ၁၈ နှစ်သားကို သူများကို မွေးစားဖို့ ပေးခဲ့ပြီး တလောကမှ ပြန်လည် တွေ့ဆုံခွင့်ရခဲ့ပါတယ်။ သိပ်မကြာပါဘူး။ သားအမိနှစ်ယောက်က အချင်းချင်း လိင်ကိစ္စအရ အရူးအမူး ချစ်နေပါပြီ ဆိုပြီး ကြေညာပါတော့တယ်။ မိသားစုဝင် အချင်းချင်း လိင်ကိစ္စကျူးလွန်ခြင်း in**st ဟာ နယူးမက်ဆီကိုမှာ ပြစ်မှုမြောက်ပြီး အမေရိကန် ပြည်နယ် ငါးဆယ်မှာ တရားမဝင်လုပ်ရပ် ပြစ်ဒဏ် အဖြစ် သတ်မှတ်ထားလို့ စက်တင်ဘာလမှာ တရားရင်ဆိုင်ရဖို့ ရှိပါမယ်။ သူတို့ဟာ ဖေဖဝါရီလ ၂၅ ရက်မှာ တရားစွဲဆိုခံထားရတာပါ။ တရားခွင်မှာ အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိရင် အကျဉ်း ထောင်အချုပ် ၁၈ လကို သားအမိနှစ်ယောက်စလုံး ကျခံရမှာ ဖြစ်တယ်။
၃၆ နှစ် မိခင် Mares နဲ့ ၁၉ နှစ်သား Peterson တို့ဟာ သူတို့ရဲ့ "အချစ်"အတွက်နဲ့ တရားရင်ဆိုင်တာကို ထောက်ပံ့ဖို့ တောင်းဆိုနေတာမက အမေရိကန် တနိုင်ငံလုံးမှာ အမေနဲ့ သား အတူ လိင်ကိစ္စ ကျူးလွန်ခွင့်ကို တရားဝင်ဖြစ်ရေး ရန်ပုံငွေရှာ လူထု ထောက်ခံချက် ရရှိအောင် ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ သားအမိ ချစ်သူ နှစ်ဦးက မျိုးရိုးဗီဇ အရ လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု ရှိတဲ့ ဆက်ဆံရေး GSA (Genetic S*xual Attraction) Relationship အတွက် လှုံဆော် လှုပ်ရှားမှုတွ လုပ်နေတယ်လို့ The Daily Mail သတင်းစာကို ပြောပါတယ်။
အမေ Mares က သား Peterson ကို သူမ ၁၆ နှစ်သမီး အရွယ်နဲ့ မွေးဖွားခဲ့ပြီး သူ့ကို မွေးဖွားပြီးချင်းမှာပဲ Taxes တက်ဆပ် ပြည်နယ်ရှိ စုံတွဲလင်မယားကို သူ့သားကို မွေးစားဖို့ ပေးခဲ့တာပဲ ဖြစ်ပါတယ်။
Peterson ဟာ သူ့အမေကို လွန်ခဲ့တဲ့ ဒီဇင်ဘာလ သူ ၁၈ နှစ်အရွယ်မှာ ဖေ့ဖုတ်ကနေတဆင့် ပြန်လည် ဆုံတွေ့ခွင့် ရခဲ့တာပဲ ဖြစ်ပါတယ်။ The Daily Mail သတင်းစာ အရ အမေနဲ့သားဟာ တွေ့ဆုံမိတာနဲ့ ရုတ်ချည်း "လိင်ပိုင်းဆိုင်ရာ ချစ်ကြိုက်မှု ဖြစ်လာတယ်။" "developed romantic feelings for each other." လို့ ဖော်ပြထားပါတယ်။ တွေ့ပြီးချင်း မကြာခင်မှာပဲ ဒီသားအမိနှစ်ယောက်ဟာ လိင်ဆက်ဆံခဲ့ပါတယ်။
ဒီလို "ချစ်ခြင်း"မျိုးတွေဟာ စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုက အစပြု ဖြစ်တည်လာတယ်ဆိုတာကတော့ အထွေအထူး ပြောဖို့ မလိုပါဘူး။
၁၉ နှစ်သား Peterson က "ကျွန်တော့်ကု ဘယ်သူမှ ထမင်းချက် မကျွေးဖူးဘူးဗျ။ ကျွန်တော် ဘဝတစ်လျှောက်လုံး ဘာဆိုဘာမှ မရရှိ မပိုင်ဆိုင်ဖူးပါဘူး။ အမေကလေ ကျွန်တော့်ဆီ လာပြီး ပျော်အောင် လုပ်တယ်။ တပတ်လောက်ကြာတော့ ကျွန်တော် သူမကို စိတ်ဝင်စားလာတယ်ဗျ။ ကျွန်တော် သူမကို ချစ်နေမိပြီဗျာ။"လို့ ပြောပါတယ်။
Peterson က သူ့အမေနဲ့ ပတ်သက်ပြီး အချို့ အပိုင်းတွေမှာ "certain aspects" အမေလို့ မြင်ပြီး ကျန်တဲ့ အပိုင်းတွေမှာ အမေလို့ မမြင်ဘူးလို့ ပြောခဲ့ပါတယ်။
Peterson က သူ့အမေနဲ့ ဖြစ်ခဲ့တာဟာ သူ့ဘက်က စတင်လှုပ်ရှားခဲ့တယ် "First Move" လို့လည်း ပြောပါတယ်။
"ကျွန်တော်တို့ အတူ အချိန်တွေ ကုန်ခဲ့ကြတယ်။ ကျွန်တော် သူ့ကို မျက်လုံးချင်းဆုံ ကြည့်ပြီး နောက်တော့ နမ်းမိတယ်ဗျာ။ သိပ်ကောင်းတဲ့ အနမ်းပေါ့။ ဒါကနေ တခြားစိတ်တွေ ပေါ်လာတာပဲ"လို့ Peterson က ဆက်ပြောပါတယ်။
"ကျွန်တော့်အမေနဲ့ ကျွန်တော် ဒီလို လိင်ပိုင်းဆိုင်ရာ ချစ်ကြိုက်လို့ ဒီလို ပြဿနာမျိုး ကြုံရမယ်လို့ တခါမှ မတွေးဖူးဘူးဗျ။ ကျွန်တော်တို့ ၂ ဦးက ကိုာ့်စိတ်ကိုယ်ပိုင်းဖြတ်နိုင်တဲ့ လူကြီးတွေ ဖြစ်နေပြီလေဗျား။"လို့ သူက ပြောခဲ့ပါသေးတယ်။
ကျွန်တော့် အမေလည်း ကိုယ်ပိုင်းဆုံးဖြတ်ချက် ချနိုင်တဲ့ လူကြီး ဖြစ်တယ်။ ကျွန်တော်လည်း ကိုယ့်ဆုံးဖြတ်ချကိ ကိုယ်ချနိုင်တယ်။ ဒီတော့ အခုလို ကျွန်တော်တို့ တရားရင်ဆိုင် ခုံရုံးရောက်မယ်လို့ တခါမှ မတွေးမိဘူးဗျို့။"လို့ ဆယ်ကျော်သက် Peterson က ထပ်ဖြည့် ပြောပါသေးတယ်။
Mares ဆိုတဲ့ အမျိုးသမီး မိခင်ဟာလည်း ကလေး ရှစ်ယောက် ရှိသေးပြီး Peterson သူ့သားနဲ့ ပေါင်းသင်းနေထိုင်နေတဲ့ အတွက် သူမ ကလေး ရှစ်ယောက်နဲ့ အတူ မနေတော့ပါဘူး။ သူမက သူမသား Peterson နဲ့အတူ နေထိုင်ချစ်ကြိုက်ဖို့ Peterson နဲ့ တခြားကလေး ရှစ်ယောက်ကို ရွေးရမယ်ဆိုရင် တခြား ကလေး ရှစ်ယောက်ကို စွန့်ပစ်ရမယ်ဆိုလည်း ဖြစ်တယ်။"လို့ ပြောပါတယ်။
တနှစ်တာ အတွက် အကောင်းဆုံး မိခင်များ ဖြစ်နေသလာ မသိပါဘူး။
တခါခါတော့လည်း သူ့ကို မွေးစားတဲ့ မိသားစု စိတ်ဆင်းရဲမှု လျော့ကျအောင် သူ့ အမေနဲ့ လိင်ဆက်ဆံမှု မလုပ်သင့်ရင် ကောင်းမလားလို့လည်း စဉ်းစားမိသေးကြောင်း Peterson က ပြောပါတယ်။
"Love is love." အချစ်ဟာ အချစ်ပဲ။ ဘာနီတိမှ မလိုဘူး ဆိုတဲ့ ဆောင်ပုဒ်နဲ့ လမ်းကြောင်းဟာ ဒီသားအမိနှစ်ယောက်ကို ဒီလို ကိစ္စတွေ ဆက်ဖြစ်ဖို့ တွန်းအားပေးနေတာ ဖြစ်တယ်။
သားနဲ့ ဖောက်ပြန်နေတဲ့ Mares ရဲ့ ယခင် ယောကျာ်းကလည်း "ကျွန်တော့် အမြင်တော့ သူတို့နေချင်သလို နေခွင့်ရသင့်တယ်။ ဒါလိုမျိုး နေချင်သလိုနေ လုပ်ချင်သလို လုပ်ဖို့လည်း အမေရိကန် နိုင်ငံဟာ ဖြစ်တည်လာတာလေ။"လို့ သဘောထား မှတ်ချက်ပြုပါသေးတယ်။
in**stuous relationships သွေးသားတော်စပ်မှုကို အားပေးတဲ့ လှုပ်ရှားတက်ကြွသူ အဖွဲ့ advocacy site ရဲ့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ Cristina Shy က Peterson နဲ့ Mares ကိစ္စကို ထောက်ခံပါတယ်လို့ ပြောပါတယ်။ Shy က "လိင်တူဆက်ဆံခွင့် တရားဝင်ခွင့်ပြုတဲ့ တရားရုံးချုပ် Supreme Courts ဟာ သွေးသားတော်စပ်သူတွေကို တရားဝင်ခွင့်ပြုဖို့ အခြေအနေပေးသင့်ပါတယ်။"လို့ Shy က ထပ်ပြောပါတယ်။
တက်ကြွလှုပ်ရှားသူ Shy က "ဒီအမေရိကန်နိုင်ငံမှာ နေသူများဟာ ဒီကိစ္စကို သတိပြုမိရပါမယ်။ ဒီလို သွေးတော်သားစပ် အိမ်ထောင်ပြုတာကို အပေါင်းလက္ခဏာဆောင်တဲ့ အမြင်ကွဲလေးနဲ့ ကြည့်တတ်ဖို့ လိုပါတယ်။
ဥပမာ ပြရမယ်ဆိုရင် လိင်တူလက်ထပ်ခွင့်လိုမျိုးပေါ့။ အရင်တုန်းကဆိုရင် ဒါကို လူတွေက လက်မခံနိုင်ဘူးလေ။ နောက်တော့ လိင်တူဆက်ဆံတာကို လက်ခံလာတာပေါ့။"လို့ ဆက်ပြောပါတယ်။
"စဉ်းစားကြည့်ပါ။ ကျွန်မတို့က လူကြီးတွေလေ။ အိမ်တွင်းအကြမ်းဖက်မှုတွေ လုပ်နေတာ မဟုတ်ဘူး။ ကလေးတွေကို ဖျက်ဆီးနေတာ မဟုတ်ဘူး။ ကျွန်မတို့ သားအမိက အချင်းချင်း ချစ်နေတာလေ။ ကျွန်မတို့ သားအမိက အတူ ရှိချင်နေတာ။ သွေးတော်သားစပ်သူတွေ ဖြစ်နေပေမယ့် ဒါက သိပ်အံ့သြစရာကိစ္စလို့ မထင်မြင်စေချင်ဘူး။"လို့ Shy က ပြောပါတယ်။
"Cristina Shy ဟာ ရှေ့နေအကြီးစားကို ငှားနိုင်ဖို့ ပိုက်ဆံစုနေပါတယ်။ ကျွန်မတို့ဟာ ဒီအမှုတွဲကို တရားရုံးချုပ်အထိ တက်လှမ်းပြီး ထုချေကာကွယ်ဖို့ ကြိုးစားသွားမှာပါ။"လို့ The Daily Mail မှာ ပြောခဲ့ပါတယ်
"အမေရိကန်နိုင်ငံမှာ ဒီအမှုတွဲကတဆင့် ရေရှည်မှာ သွေးတော်သားစပ်တွေ အိမ်ထောင်ပြုနိုင်မယ့် ဥပဒေမျိုး ပြောင်းလဲ ဖြစ်ပေါ်လာအောင် ရည်ရွယ်ပါတယ်။"လို့ Shy က ပြောပါတယ်။
"Love is Love." ဆောင်ပုဒ်အရ အမေကို လက်ထပ်လိုတဲ့ သား Peterson က "ဒီအမှုတွဲတစ်ခုလုံးက ချစ်ခွင့် right to Love နဲ့ ဆိုင်ပါတယ်။ ကျွန်တော်က အမေ Monica ကို ချစ်ခွင့် right ရှိပါတယ်။ ခင်များက ကျွန်တော့်ကို ဘယ်သူ့ကို ချစ်ရမလဲ။ ဘယ်သူ့ကို မချစ်ရဘူးလဲ ပြောလို့ မရပါဘူး။"လို့ ပြောခဲ့ပါတယ်။
Love is Love ဆိုပြီး အမေက သူ့ ဆယ်ကျော်သက်သားလေးအတူ အိပ်ချင်တယ်ဆိုရင် တက်ကြွလှုပ်ရှားသူတွေ အကူအညီနဲ့ လိင်တူလက်ထပ်ထိမ်းမြားခွင့်လိုမျိုး တဆင့်တက်ပြီး သွေးတော်သားစပ် အိမ်ထောင်ပြုခွင့်တောင်းခံ လာပြီဆိုတာ သိအောင် ဝေမျှလိုက်ပါတယ်။
ကိုးကားသတင်း website -
http://www.dailywire.com/news/8250/stop-judging-mother-fights-her-right-have-s*x-her-amanda-prestigiacomo?utm_source=facebook&utm_medium=social&utm_content=062316-news&utm_campaign=benshapiro-share #.V6t8K3SriV8.facebook
Remember when those crazy conservatives warned that redefining marriage under the mantra of "love is love" would result in some very unwelcome consequences? Well, a mother in New Mexico is currently fighting the courts and public opinion to have s*x with her own teenage son.