Rangoon Rev

Rangoon Rev Camera , Drone , Mobile & Accessories Reviews

Samsung Galaxy Z Flip3 ရဲ့ Color မျိုးစုံနဲ့ ရှုထောင့်စုံ Renders ပုံတွေအသစ်ထွက်လာပါတယ်။Ref : GSMArena
30/06/2021

Samsung Galaxy Z Flip3 ရဲ့ Color မျိုးစုံနဲ့ ရှုထောင့်စုံ Renders ပုံတွေအသစ်ထွက်လာပါတယ်။
Ref : GSMArena

Huawei P50 Hands-on ပုံတစ်ချို့ထွက်ပေါ်လာJuly လကုန်လောက်မှာ အသစ်မိတ်ဆက်နိုင်တဲ့ Huawei P50 Phone ရဲ့ Hands-on ပုံတစ်ချို...
30/06/2021

Huawei P50 Hands-on ပုံတစ်ချို့ထွက်ပေါ်လာ
July လကုန်လောက်မှာ အသစ်မိတ်ဆက်နိုင်တဲ့ Huawei P50 Phone ရဲ့ Hands-on ပုံတစ်ချို့ထွက်ပေါ်လာပါတယ်။ Huawei ကိုယ်တိုင်က Huawei P50 ရဲ့ Camera ပုံစံကိုပြထားတဲ့ ပုံတစ်ခုကိုအရင်ကတည်းက Tease လုပ်ခဲ့ပါသေးတယ်။ အခုအသစ်ထွက်လာတဲ့ Hands-on ပုံထဲမှာတော့ Sparkling Pink Color နဲ့ Huawei P50 ကိုတွေ့ရမှာပါ။ Camera Setup ကတော့ အပေါ်က Circle ထဲမှာ Camera 3 လုံးထည့်ထားပြီးတော့ အောက်ပိုင်းမှာတော့ Periscope camera နဲ့ Flash ကိုထည့်သွင်းထားပါတယ်။ Huawei နဲ့ပူးပေါင်းထားတဲ့ Lecia အနေနဲ့လဲ Japan Market အတွက် ကိုယ်ပိုင် Brand နဲ့ Phone ထုတ်တော့မှာဖြစ်တယ်လို့သတင်းတွေထွက်နေပါတယ်။ ဒါ့ကြောင့် Huawei P50 ဟာ Huawei နဲ့ Leica တို့ပူးပေါင်းပြီးထုတ်တဲ့ နောက်ဆုံးဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။
Ref : GSMArena

Windows 11 ရဲ့ Android Apps တွေကို Intel အပြင် AMD မှာပါအသုံးပြုနိုင်မည်။Microsoft ကအသစ်မိတ်ဆက်သွားခဲ့တဲ့ Windows 11 မှာ...
28/06/2021

Windows 11 ရဲ့ Android Apps တွေကို Intel အပြင် AMD မှာပါအသုံးပြုနိုင်မည်။
Microsoft ကအသစ်မိတ်ဆက်သွားခဲ့တဲ့ Windows 11 မှာ ပရိတ်သတ်တွေ အကုန်အားရကျေနပ်ခဲ့တဲ့ Feature အသစ်တစ်ခုကတော့ Android Apps တွေကို Windows 11 ပေါ်မှာ အရင်လိုမျိုး Emulators တွေနဲ့ Run စရာမလိုတော့ပဲ တိုက်ရိုက် Run နိုင်တော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် အရင် Emulators တွေမှာဖြစ်ခဲ့တဲ့ ပြဿနာတွေ လျော့ပါးသွားတော့မှာဖြစ်ပါတယ်။ ဒီအတွက် Windows 11 ပေါ်မှာ Windows Store ကနေ Amazon App Store ကိုတော့ Install လုပ်ပေးဖို့လိုပါတယ်။ ဒီအတွက် Amazon App Store အတွက် Account တစ်ခုတော့ရှိဖို့လိုပါလိမ့်မယ်။ ပြီးရင်တော့ Intel Bridge နည်းပညာနဲ့ Android Apps တွေကို Windows 11 ပေါ်မှာတိုက်ရိုက် Run နိုင်တော့မှာဖြစ်ပါတယ်။ Intel Bridge နည်းပညာဟာ x86 Platforms အကုန်လုံးကို Support ပေးတဲ့အတွက်ကြောင့် 10th & 11th Gereration Intel CPU သုံးနေတဲ့ PC သာမကပဲ AMD CPU သုံးထားတဲ့ PC တွေမှာပါ Intel Bridge နဲ့ Android Apps တွေကို Run နိုင်မှာဖြစ်တယ်လို့သိရပါတယ်။
Ref : GSMArena

August လထဲမှာစတင်မိတ်ဆက်နိုင်တဲ့ MIUI 13Xiaomi အနေနဲ့ သူတို့ရဲ့ MIUI 13 အသစ်ကိုမိတ်ဆက်ပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေက...
27/06/2021

August လထဲမှာစတင်မိတ်ဆက်နိုင်တဲ့ MIUI 13
Xiaomi အနေနဲ့ သူတို့ရဲ့ MIUI 13 အသစ်ကိုမိတ်ဆက်ပေးနိုင်ဖို့ ကြိုးစား လုပ်ဆောင်နေကြပါတယ်။ လက်ရှိသိရသလောက်ဆိုရင် MIUI 13 ကို Public ကိုမိတ်ဆက်ပေးနိုင်ဖို့အတွက် Internal Testing တွေလုပ်ဆောင်နေပြီး လာမယ့် August လထဲမှာစတင်မိတ်ဆက်သွားနိုင်တယ်လို့သိရပါတယ်။ August လမှာ MIUI 13 အသစ်ကိုမိတ်ဆက်ပြီးသွားတာနဲ့ Chinese Units တွေအတွက်ပဲ အရင်ထုတ်ပေးမှာဖြစ်ပြီး Global အတွက်တော့ သိပ်မကြာခင်ထုတ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ Android 12 ကလဲ အခုလက်ရှိမှာ Beta အဆင့်မှာပဲရှိသေးတာကြောင့် MIUI 13 ကို Android 11 ပေါ်မှာပဲ အရင်ဆုံး Based ထားပြီးထုတ်ပေးသွားနိုင်တယ်လို့သိရပါတယ်။
Ref : GSMArena

2022 မှာထုတ်မယ့် iPhones တွေမှာ Under-Display Touch ID ပါဝင်လာနိုင်2021 ထဲမှာထုတ်မယ့် Phones 13 တောင်မထွက်သေးဘူး ၊ 2022 ...
25/06/2021

2022 မှာထုတ်မယ့် iPhones တွေမှာ Under-Display Touch ID ပါဝင်လာနိုင်
2021 ထဲမှာထုတ်မယ့် Phones 13 တောင်မထွက်သေးဘူး ၊ 2022 iPhones သတင်းတွေထွက်နေပြီလားလို့တော့ မအံ့ဩလိုက်ပါနဲ့။ နာမည်ကြီး Apple Analyst တစ်ယောက်ဖြစ်တဲ့ Ming-Chi Kuo က 2022 မှာထုတ်မယ့် iPhones နဲ့ပက်သက်တဲ့အချက်အလက်တွေကိုဖော်ထုတ်ပြခဲ့ပါတယ်။
2022 မှာလာမယ့် iPhones တွေရဲ့နာမည်တွေကို iPhone 14 , iPhone 14 Max , iPhone 14 Pro နဲ့ iPhone 14 Pro Max ဆိုပြီးပေးထားမှာဖြစ်တယ်လို့ဆိုပါတယ်။ စုစုပေါင်း iPhones 14 Models လေးမျိုးထုတ်မှာဖြစ်ပြီး Display Size ကတော့ 6.1 လက်မ နဲ့ 6.7 လက်မ ဆိုပြီး 2 မျိုးပဲထုတ်မယ်လို့ဆိုပါတယ်။ iPhone 14 တွေမှာ ထူးထူးခြားခြား Hardware Upgrade အနေနဲ့ Under-Display Touch ID ပါဝင်လာနိုင်ပြီး Pro Models တွေအတွက် 48MP Camera တွေပါဝင်လာနိုင်တယ်လို့သိရပါတယ်။ ဒါပေမယ့် iPhone Mini အသစ်ကိုတော့ 2022 မှာဆက်ထုတ်တော့မှာမဟုတ်ဘူးလို့သိရပါတယ်။
Ref : GSMArena

Samsung Galaxy Z Fold3 နဲ့ Z Flip3 တို့ရဲ့ Official-Looking Renders ပုံတွေအသစ်ထွက်လာပါတယ်။ Samsung Galaxy Z Fold3 နဲ့ Z ...
25/06/2021

Samsung Galaxy Z Fold3 နဲ့ Z Flip3 တို့ရဲ့ Official-Looking Renders ပုံတွေအသစ်ထွက်လာပါတယ်။ Samsung Galaxy Z Fold3 နဲ့ Z Flip3 ကိုလာမယ့် August လထဲမှာမိတ်ဆက်သွားနိုင်တယ်လို့သိရပါတယ်။
Ref : GSMArena

စက်တင်ဘာလမှာ မိတ်ဆက်နိုင်တယ့် AirPods 32016 ခုနှစ် စက်တင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ AirPods Earbuds ဟာ အခုဆိုရင်...
24/06/2021

စက်တင်ဘာလမှာ မိတ်ဆက်နိုင်တယ့် AirPods 3
2016 ခုနှစ် စက်တင်ဘာလမှာ စတင်မိတ်ဆက်ခဲ့တဲ့ Apple ရဲ့ AirPods Earbuds ဟာ အခုဆိုရင် 2nd Generation အထိထုတ်လုပ်ခဲ့ပြီးပါပြီ။ 2019 March မှာ AirPods 2nd Generation ကိုမိတ်ဆက်ခဲ့ပြီးနောက် 2019 October လမှာပဲ AirPods Pro အသစ်ကိုမိတ်ဆက်ခဲ့ပါတယ်။ အခုတော့ AirPods Pro ကိုဝယ်ဖို့အဆင်မပြေတဲ့လူတွေအတွက် ဒီနှစ် စက်တင်ဘာလထဲမှာ AirPods 3rd Generation ကိုမိတ်ဆက်သွားနိုင်တယ်လို့သိရပါတယ်။ လက်ရှိသိရသလောက်ဆိုရင် AirPods 3 ရဲ့ Design ဟာ AirPods Pro လိုမျိုးပဲ Stems အတိုနဲ့လာမှာဖြစ်ပြီး Charging Case ကလဲ AirPods Pro ရဲ့ Design နဲ့ခပ်ဆင်ဆင်တူမှာဖြစ်ပါတယ်။ ဒါပေမယ့် AirPods 3 ကို AirPods Pro လောက်စျေးမကြီးစေဖို့အတွက် AirPods Pro မှာပါတဲ့ ANC လိုမျိုး Noise Cancellation Feature တော့ထည့်သွင်းသွားမှာမဟုတ်ဘူးလို့သိရပါတယ်။
Ref : MacRumors

iPhone 13 Models တွေအတွက် Dummies တွေထွက်ပေါ်လာပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပဲ iPhone 13 ကို Models 4 မျိုးနဲ့ထုတ်မှာ...
24/06/2021

iPhone 13 Models တွေအတွက် Dummies တွေထွက်ပေါ်လာပါတယ်။ ပုံမှာမြင်တွေ့ရတဲ့အတိုင်းပဲ iPhone 13 ကို Models 4 မျိုးနဲ့ထုတ်မှာဖြစ်ပါတယ်။ ထုတ်မယ့် Models 4 မျိုးကတော့ iPhone 13 mini , iPhone 13 , iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီးထုတ်မှာပါ။ iPhone 13 mini နဲ့ iPhone 13 အတွက် Back Camera ကိုအရင်လို Vertical မလုပ်တော့ပဲနဲ့ Diagonal နဲ့ပြောင်းလဲထားတာကိုတွေ့ရမှာပါ။ iPhone 13 ရဲ့ Models အားလုံးဟာ အရင် iPhone 12 Models တွေထက်စာရင် နည်းနည်းလေးပိုထူသွားမယ်လို့ဆိုထားပါတယ်။ ဒီလို Dummies တွေထွက်လာပြီဆိုတော့ Case ထုတ်လုပ်တဲ့ Company တွေကလဲသူတို့ရဲ့ Case တွေကို iPhone 13 Models တွေအကုန်လုံးအတွက် Ready ဖြစ်နေလောက်ပါပြီ။ iPhone 13 Pro Max အတွက်ထုတ်ထားတဲ့ Case Design ပုံတစ်ချို့ကိုလဲတင်ပေးလိုက်ပါတယ်။
Ref : GSMArena

Los Angeles မှာအသစ်ဖွင့်လိုက်တဲ့ Apple Tower Theatre Retail Store ပုံလေးတွေပါ။Credit : Apple
23/06/2021

Los Angeles မှာအသစ်ဖွင့်လိုက်တဲ့ Apple Tower Theatre Retail Store ပုံလေးတွေပါ။
Credit : Apple

iPhone 13 ထုတ်လုပ်ဖို့အတွက် Workers တွေကို စံချိန်တင် Signing Bonus ပေးပြီးပြန်ခေါ်နေတဲ့ FoxconnFoxconn ဆိုတာ Apple နဲ့အ...
23/06/2021

iPhone 13 ထုတ်လုပ်ဖို့အတွက် Workers တွေကို စံချိန်တင် Signing Bonus ပေးပြီးပြန်ခေါ်နေတဲ့ Foxconn
Foxconn ဆိုတာ Apple နဲ့အတူလက်တွဲပြီး Apple Products တွေကို ထုတ်လုပ်ပေးနေတဲ့ China က အကြီးဆုံး နည်းပညာအဖွဲ့အစည်းကြီးတစ်ခုဆိုတာသိကြမှာပါ။ အခုဆိုရင် Apple က စက်တင်ဘာလမှာ အသစ်မိတ်ဆက်လာမယ့် iPhone 13 တွေထုတ်လုပ်ဖို့အတွက် Foxconn ဟာ သူတို့ရဲ့ Workers တွေကို စံချိန်တင် Signing Bonus တွေပေးပြီး ပြန်လည်ခေါ်ယူနေပြီလို့သိရပါတယ်။ Foxconn ဟာ 2020 မှာ သူတို့ရဲ့ Workers တွေကို Signing Bonus အနေနဲ့ အများဆုံး 5,500 yuan အထိပေးခဲ့ဖူးပေမယ့် အခုတစ်ခေါက်မှာတော့ iPhone 13 ထုတ်လုပ်မှုအတွက် 8,000 yuan ($1,235) အထိ Signing Bonus တွေပေးသွားမယ်လို့သိရပါတယ်။ လက်ရှိသိရသလောက် iPhone 13 တွေမှာ အရင် iPhones တွေထက်စာရင် Notch လေးပိုသေးသွားမယ် ၊ ပိုကောင်းတဲ့ A15 Chip နဲ့အတူ Pro Models တွေအတွက် 120Hz Display ပါပါဝင်လာမယ်လို့သိရပါတယ်။
Ref : MacRumors

MacBook Pro အသစ်ရဲ့ အချက်အလက်တွေပေါက်ကြားလာApple ရဲ့ M1 Chip ဟာ Powerful ဖြစ်လွန်းတာကြောင့် MacBook Air နဲ့ MacBook Pro ...
21/06/2021

MacBook Pro အသစ်ရဲ့ အချက်အလက်တွေပေါက်ကြားလာ
Apple ရဲ့ M1 Chip ဟာ Powerful ဖြစ်လွန်းတာကြောင့် MacBook Air နဲ့ MacBook Pro တွေအပြင် အခုနောက်ဆုံးထုတ်ခဲ့တဲ့ iPad Pro မှာပါထည့်သွင်းတပ်ဆင်ထားပါပြီ။ ဒီနှစ် စက်တင်ဘာမှာ Apple အနေနဲ့ iPhones အသစ်တွေအပြင် MacBook Pro အသစ်တွေကိုပါမိတ်ဆက်သွားနိုင်တယ်လို့သိရပါတယ်။
အသစ်မိတ်ဆက်လာမယ့် MacBook Pro ဟာ MacBook Pro 14 လက်မနဲ့ MacBook Pro 16 လက်မတို့ဖြစ်တယ်လို့သိရပါတယ်။ အစက WWDC 21 မှာ MacBook Pro အသစ်တွေကိုမိတ်ဆက်သွားနိုင်တယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် တကယ်တော့ ထုတ်မပြခဲ့ပါဘူး။ စက်တင်ဘာလမှာ အသစ်မိတ်ဆက်မယ့် MacBook Pro တွေဟာ လေးထောင့်ဆန်ဆန် Design အသစ် ဖြစ်သွားမှာဖြစ်ပါတယ်။ Display ကတော့ 2021 iPad Pro မှာစတင်မိတ်ဆက်ခဲ့တဲ့ mini-LED Displays ကိုတပ်ဆင်ထားမှာဖြစ်တယ်လို့သိရပါတယ်။ ပြီးတော့ ပိုထူးခြားတာက MacBook Pro အသစ်တွေမှာ အရင်လိုမျိုး Touch Bar တွေပါတော့မှာမဟုတ်ပဲနဲ့ Touch Bar အစား Physical Function Keys တွေကိုပဲထည့်သွင်းသွားနိုင်တယ်လို့သိရပါတယ်။
ပြီးတော့ အရင် MacBook Pro တွေမှာလို Type-C နဲ့ Charging သွင်းတဲ့စနစ်ကိုမထည့်တော့ပဲနဲ့ 2016 အရှေ့က MacBook Pro တွေလိုပဲ MagSafe Connectors တွေထည့်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။ 2021 MacBook Pro တွေမှာ SD Card Reader နဲ့ HDMI Port လဲပြန်လည်ပါဝင်လာမယ်လို့ဆိုထားပါတယ်။ Apple ဟာသူတို့ရဲ့လက်ရှိအောင်မြင်နေတဲ့ M1 Chip ထပ်ပိုမိုကောင်းမွန်တဲ့ M1X Or M2 Chip ကို 2021 MacBook Pro အသစ်တွေမှာထည့်သွင်းအသုံးပြုသွားနိုင်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် အခုလက်ရှိ M1 Chip နဲ့ MacBook Pro အသစ်ဝယ်ဖို့စိတ်ကူးနေတဲ့လူတွေရှိရင် ခနလောက်ဖြစ်ဖြစ်စောင့်ပြီး စက်တင်ဘာလမှာမိတ်ဆက်နိုင်တယ့် MacBook Pro ကိုတစ်ချက်စောင့်ကြည့်သင့်ပါတယ်။
Ref : Forbes , MacRumors

iPhone 13 Pro Max ကို Rose Pink ဆိုတဲ့ အရောင်အသစ်လေးနဲ့ထုတ်ပေးနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ Rose Pink နဲ့ iPhone 13 ...
21/06/2021

iPhone 13 Pro Max ကို Rose Pink ဆိုတဲ့ အရောင်အသစ်လေးနဲ့ထုတ်ပေးနိုင်တယ်လို့ သတင်းတွေထွက်နေပါတယ်။ Rose Pink နဲ့ iPhone 13 Pro Max ကိုတော့ စက်တင်ဘာလပွဲမှာမိတ်ဆက်မှာမဟုတ်ပဲ December လကြမှသာ iPhone 12 Purple လိုမျိုး ထပ်မံမိတ်ဆက်သွားနိုင်တယ်လို့သိရပါတယ်။
Ref : Wccftech

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Rangoon Rev posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share