Flywheel Automobile Dealership

Flywheel Automobile Dealership Car Dealerships

**** Toyota Crown အကြောင်း **** တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရ...
23/02/2023

**** Toyota Crown အကြောင်း ****

တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။
Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။

Credit:

Photos from google


ကိုယ်ဝယ်မယ့် ဟွန်ဒါ ကားက အရောင်ပြောင်းထားသလား ?ကားချက်စီမှ  ဆေးကုဒ် နံပါတ် ကြည့်၍ အလွယ် စစ်ဆေးလို့ရပါတယ် ။ဆေးကုဒ်နံပါတ် ...
13/02/2023

ကိုယ်ဝယ်မယ့် ဟွန်ဒါ ကားက အရောင်ပြောင်းထားသလား ?

ကားချက်စီမှ ဆေးကုဒ် နံပါတ် ကြည့်၍ အလွယ် စစ်ဆေးလို့ရပါတယ် ။

ဆေးကုဒ်နံပါတ် ပါ ကားချက်စီကို
များသောအားဖြင့် ဘောနက် အတွင်းထဲ နဲ့ ဘယ်ဘက် ရှေ့တံခါးပေါက် အတွင်းဘောင် ပေါ်တွင် အရှိများပါတယ်။

ဆေးကုဒ် နံပါတ် ရဲ့
ပထမ အစ စာလုံးက အဓိက အရောင်ရဲ့ အတိုကောက် အက္ခရာ စာလုံး ဖြစ်ပါတယ် ။ အက္ခရာ စာလုံးက တစ်လုံး (သို့မဟုတ်) တစ်လုံး ထက်ပိုပါတယ် ။
ဥပမာ ပြောရရင်
B ဆိုရင် အပြာရောင်
G ဆိုရင် အစိမ်းရောင်
R ဆို အနီရောင်
GY ဆိုရင် အဝါရောင် အစိမ်းရောင်
NH ( neutral-high ၊ အနက်ရောင်၊ မီးခိုးရောင်၊ ငွေရောင်),
PB (purple- blue) စသည်ဖြင့်
ပြီးရင်တော့ ဂဏန်းတစ်ခု၊ နှစ်ခု သို့မဟုတ် သုံးခုကနေရလိမ့်မည်။
(ဂဏန်း နံပါတ် ချည်းဘဲ ၃လုံး မှ ၅လုံး ထိ လည်း လာပါတယ်)

ဆေးကုဒ် နံပါတ် အချို့ မှာ

B507P Arctic Blue Effect
B517P (A), -15=(G) Sapphire Blue Effect
B518P (B) Midnight Blue Effect
B520P (U) Vivid Blue Effect
B528M Lunar Mist Blue Effect
B529P (L), -4=(H) Dark Fiji Blue Effect
B530M (B) Ocean Mist Effect
B532P Opulent Blue Effect
B533M (B), -4=(H) Steel Blue Effect
B536P (A),(L),(U), -4=(H), -15=(G) Royal Blue Effect
B537M (L), -4=(H) Proton Blue Effect
B538M (A) Glacier Blue Effect
B542M (A), -15=(G) Bluish Silver Effect
B545P Laguna Blue Effect
B546P (A) Kinetic Blue Effect
B547P (B) Baltic Blue Effect
B548P Deep Sapphire Blue Effect
B549 (M) Sherbert Blue Effect ( Light Blue)
B551P (A) Belize Blue Effect
B552P (B) Bai Blue Effect
B553P Cobalt Blue Effect
B554P Apex Blue Effect
B556P Luminious Blue Effect
B557P Premium Night Blue Effect
B559P Borealis Blue Effect
B561P (L) New Teal Blue Effect
B562P New Blue Sand Pearl Effect
B92P (A),(B),(L),(U), -4=(H), -15(G) Nighthawk Black Effect
BG51M -4=(H) Opal Fluonne Silver Blue Effect
BG53M Blue Metallic
G516P -15=(G) Deep Green Effect
G525M (B), -4=(H) Dark Silver Sage Effect
G526M (L), -4=(H) Green Tea Effect
G530M (A), (G) Mystic Green Effect
G531P Premium Dark Emerald Effect
G532M New Opal Blue Effect
GY25M (L) Kiwi Green Effect

NH547 Berlina Black
NH565 Grand Prix White
NH578 (A),(B),(L),(U), -4=(H), -15=(G) Taffeta White
NH603P (A) White Effect
NH624P Premium White Effect (Pearl White)
NH630M Silver Stone Effect
NH642M Storm Silver Effect
NH658P (A), 15=(G) Carbon Grephite Grey Effect
NH677P -4=(H) Aspen White Effect
NH678M (B) Silver Effect
NH679M (B) Slate Green Effect
NH684P Sparkle Grey Effect
NH700M Silver Metallic
NH707 (B), -4=(H) Lakeshore Silver Effect
NH711M Whistler Silver Effect
NH717P Alberta White Effect
NH727M Platinum Frost Effect
NH731P -15 Crystal Black Effect
NH736M Volcano Grey Effect
NH737M (A), -15=(G) Polished Metal Effect (Gray)
NH741M -4=(H) Sterling Grey Effect
NH743M Buran Silver Effect
NH745M Synchro Silver Effect
NH750M Silver Jade Effect
NH756P Spectrum White Effect

PB83P Premium Deep Violet Effect
R510 New Formula Red
R513 (L), -4=(H) Liberty Rallye Red
R522P (A),(U), -15=(G) Redondo Ruby Red Effect
R525P (L), -4=(H) Tango Red Effect
R528P (A), -15=(G) Moroccan Red Effect
R529P (B), -4=(H) Dark Cherry Effect
R529P-4 Dark Cherry Effect
R530P (A), -15=(G) Basque Red Effect
R536M Pink Gold Effect
R537M Star Garnet Effect
R538P New Deep Red Effect
R81 Milano Red
R94 (A) San Marino Red
RP43P Deep Bordeaux Effect
RP44P Premium Crystal Rose Effect

Y65P Indy Solar Yellow Effect
Y68 Smash Yellow
YR538M (A)-15=(G) Desert Beige Mist Effect
YR545M (B), -4=(H) Desert Rock Effect
YR552M Blaze Orange Effect
YR557P (L), -4=(H) Hazenard Red Effect
YR562P (A),-15=(G) Carbon Bronze Effect
YR563M (L) Tangerine Mist Effect
YR566M (L), -4=(H) Borrego Gold Beige Effect
YR569M (L) Rock Beer Brown Effect
YR573M (B) Victoria Effectl
YR574M (A), -15=(G) Bond Beige Effect
YR575M Tuscan Beige Effect
YR576M Brillian Orange Effect
YR577P (L) New Deep Orange Effect
YR578M (L)-15 Urban Titanium Effect
YR579M (L) Deep Mango Effect

Credit

 #စက်မှုဇုန်ကားတွေရဲ့ ဒုက္ခ၊ ဂျင်းမမိအောင် မှတ်ထားကြ။ ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အ...
31/01/2023

#စက်မှုဇုန်ကားတွေရဲ့ ဒုက္ခ၊ ဂျင်းမမိအောင် မှတ်ထားကြ။ ကားတွေကြားထဲ ဇုံကတလည်လည်။ ဘယ်လောက်ပင် လည်တဲ့ ရန်ကုန်သားဖြစ်ပါစေ၊ အညှာသိရင် လုပ်မရဘူး။

ကဖေါက်စွတ်။ တစ်လုံးတည်းဆိုရင် (ဗမာလုံး)။

RTAက 11သိန်း 5သောင်း ဆောင်ထားရင် ကပ်ချိန်း။ #တစ်စီးလုံးအော်​ခေါင်း၊ #အော်ဖရိန်။

Zလုံးတည်းဖြစ်မယ် RTA တစ်သိန်းခွဲဆိုရင် ဗမာလုံး။

အက်ဒီ့မှာ RTA11သိန်း5သောင်းဆိုရင် ကပ်ချိန်း #ပေါက်ပြီနော်။

ဒီထဲမှာ ဝှီးတက် ပြထားတာက ကား2စီး 2ပုံတည်း။ ကျွန်နော် ပြောနေတာကား (3)စီးအကြောင်း ၊ #စာသေချာဖတ်ပါ။

ဒီထဲက အကောင်းဆုံးကားပြပါဆိုရင် Z တစ်လုံတည်း လာတဲ့ကားကို RTAအကြီး
။ 11သိန်း5သောင်း ဆောင်တဲ့ကားပိုကြိုက်ပါတယ်။ RTAအသေး တစ်သိန်းခွဲဆောင်တဲ့ကား မကြိုက်ပါ ခများ။

ဘယ်သူ 12ဘီး စက်မူ့ဇုံဝယ်ဝယ်၊ ligh truck စက်မူဇုံ ဝယ်ဝယ် Canter စက်မူ့ဇုံပဲဝယ်ဝယ် ဒါသိရင် ခင်များကားဝယ်တတ်ပြီ။

(ကညန) ဥပဒေကတော့ #2004နောက်ပိုင်းပြောင်းထားတာရှိပါတယ်။ #ပြောင်းလဲတပ်ဆင်ခွင့်ပိတ်ထားတယ်။

ဒါ့ကြောင့် #စက်မူ့ဇုံကားဝယ်တဲ့အခါ ကားကြည့်ပီး ဝယ်မရဘူးခမျ။

အုံနာဘုတ်စာမျက်နှာ ၈ ဝှီးတက်နောက်ကျောစစ်ဆေးပြီးမှဝယ်ရတာပါ။

ပညာလည်းပါတယ်သိရင်မခက်ဘူး။ #အနာရှိသူများ #စပ်ပါလိမ့်မယ်။ နောင်မျိုးဆက် ဒုက္ခမရောက်စေဖို့ #ရည်ရွယ်ချက်နဲ့တင်ပေးလိုက်ပါတယ်။

တချို့လာမေးကြတယ် ၊ ပေအရှည်မှန်မမှန် မတွက်တတ်ဘူး လွယ်တယ်။

အုံနာဘုတ်စာမျက်နှာ၂မှာ မီလီမီတာ ပါ ပါတယ် ၊ အဲဒီ မီလီမိတာ ကို 300 နဲ့ စားလိုက် ထွက်လာရင် ပေအရှည်က ရှေ့နံပတ်ပြားနောက်နံပါတ်ပြား အရှည်ထွက်လာပါတယ်။

ဟုတ်ပြီ ဘော်ဒီ ပေအရှည် အတိအကျ သိချင်တာဆို အစောက 300 နဲ့ စား ၊ ပိုတဲ့ဟာကို ဂေါင်း 6 ပေနုတ်လိုက် ၊ ကျန်တာဘော်ဒီပေအရှည်ပဲပေါ့ဗျာ။

(ကွင်းစ/ ကွင်းပိတ်) မှတ်ထားရမှာက ဝှီးတက်မှာ Z တလုံးတည်းလာတယ်။ RTAအသေးဆိုရင် မှတ်ထားလိုက်ပါ။ #တစီးလုံးဗမာရိုက်လုံးပါ။ ရုပ်ဗမာ/ဖရိန်ဗမာ ပါ။

Credit original upload

မင်္ဂလာပါ Honda Fit Model အမြင့်လေးတစ်စီးရောင်းချင်ပါတယ်Honda Fit GK3Model - 2013Grade - GFEngine - 1300cc 2WDColor - Bl...
27/01/2023

မင်္ဂလာပါ Honda Fit Model အမြင့်လေးတစ်စီးရောင်းချင်ပါတယ်

Honda Fit GK3
Model - 2013
Grade - GF
Engine - 1300cc 2WD
Color - Black
Push Start, Smart Key
License up to 30/06/2023

Price - 455 lakhs
Contact No - 09693857755/ 09787777116

ယာဉ်မှန်ကန်ကြောင်းနှင့် အရှုပ်အရှင်းကင်းကြောင်းအာမခံပါသည်

မင်္ဂလာပါ Toyota Harrier ကားကောင်းလေးတစ်စီးရောင်းချင်ပါတယ်Toyota HarrierEngine - 2400cc 2WDColor - 1CO SilverGrade - Alc...
27/01/2023

မင်္ဂလာပါ Toyota Harrier ကားကောင်းလေးတစ်စီးရောင်းချင်ပါတယ်

Toyota Harrier
Engine - 2400cc 2WD
Color - 1CO Silver
Grade - Alcandara
AFS, 1 Seat Motor, Trunk Door Motor, 360 camera

Ph - 09787777116
ကားကောင်းဖို့နှင့် စာရွက်စာတမ်းမှန်ကန်ကြောင်းအာမခံပါည်

ရောင်စုံလေးတွေ ♥️♥️♥️
25/01/2023

ရောင်စုံလေးတွေ ♥️♥️♥️

မင်္ဂလာပါKluger ကားကောင်း ရလေးတစ်စီး ရောင်းခွင့်ပြုပါModel - 2001Engine - 2400cc 4WDColor - 1CO Silverလိုင်စင် သက်တန်း ၁...
25/01/2023

မင်္ဂလာပါ

Kluger ကားကောင်း ရလေးတစ်စီး ရောင်းခွင့်ပြုပါ

Model - 2001
Engine - 2400cc 4WD
Color - 1CO Silver
လိုင်စင် သက်တန်း ၁ နှစ်ကျန်ပါမယ်

Price - 480 lakhs
Ph - 09787777116, 09250002747

ကားအတိုက်အခိုက်ကင်းပြီး စာရွက်စာတန်းမှန်ကန်ကြောင်း အာမခံပါသည်

Toyota Harrier အကြောင်းသိကောင်းစရာဒီကနေ့ တိုယိုတာရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခု...
21/07/2022

Toyota Harrier အကြောင်းသိကောင်းစရာ

ဒီကနေ့ တိုယိုတာရဲ့ Mid-Luxury crossover SUV ကို စတင်မိတ်ဆက်ခဲ့တာကတော့ December 1997 ခုနှစ်မှာပါ။ Toyota ကနေ ဒီဇိုင်းတူ / မော်ဒယ်တူ ပြီး နာမည် နှစ်မျိုးနဲ့ ထုတ်ခဲ့ပါတယ်။
Harrier နဲ့ Lexus RX ဆိုပြိးထုတ်ဖို့ ဒီဇိုင်းဆွဲခဲ့တာကတော့ ဂျပန် ဒီဇိုင်းနာ Makoto Oshima ပဲဖြစ်ပါတယ်။
Harrier ကို တော့ ဂျပန်ပြည်တွင်း သုံးအဖြစ်ထုတ်လုပ်ရောင်းချခဲ့ပြီး Lexus RX ကိုတော့ ကမ္ဘာနဲ့ အဝှမ်း တင်ပို့ရောင်းချခဲ့ပါတယ်။
ထူးခြားချက်အနေနဲ့ harrier ဟာ unibody ရဲ့ ရှေးအကျဆုံး ကားတည်ဆောက်ခြင်းခံရတာပါ။ Unibody ဆိုတာကတော့ ကားရဲ့ frame မှာ မျိုးစုံလာရောက်တွဲဆက်တဲ့ ဒီဇိုင်းပါ။ 1990 ဝန်းကျင်မှာ ကား အားလုံးဟာ body သတ်သတ် frame သတ်သတ် တည်ဆောက်လေ့ ရှိပြီး၊ နောပ်ဆုံးမှာ တွဲဆက်လိုက်တာ မျိုးပါ။ Harrier ကတော့ အစိတ်အပိုင်းအားလုံး တတွဲစပ်တည်း ပွဲထွက်လာတဲ့ Unibody စနစ်ပါ။ လက်ရှိ အချိန်ထိ မျိုးဆက် လေးဆက်တိုင်ခဲ့ပြီ ဖြစ်တဲ့ Harrier အကြောင်း အောက်မှာ ရှင်းပြထားပ်တယ်။

First Generation ( 1997-2003)

First generation မှာတင် အဆင့်နှစ်ဆင့် ခွဲခြားလို့ ရနိုင်ပါသေးတယ်။ 2000 နောက်ပိုင်း မော်ဒယ်တွေ မှာ facelift လုပ်ခဲ့ပြီး မီးခွက်ဒီဇိုင်းတွေ ပြောင်းတဲ့ အပြင် chassis ပါ ပြောင်းခဲ့ပေမယ့် Generation အနေနဲ့ တော့ မပြောင်းပါဘူးလို့ တိုယိုတာ ကိုယ်တိုင် ထုတ်ပြန်ထားတာပါ။
မြန်မာပြည်အနှံ့ တွေ့မြင်နေရလေ့ ရှိတဲ့ ဒီပထမ မျိုးဆက်ရဲ့ engine တွေကတော့ ၃ မျိုး အထိ ရှိပါတယ်။
2.2L 5S-FE I4 ( 130 hp, 4400 rpm)
2.4L 2AZ-FE I4 ( 160 hp, 5600 rpm)
3.0L 1MZ-FE V6 ( 194 hp, 5200 rpm)
ဆိုပြီး တပ်ဆင်ပေးလေ့ရှိပါတယ်။ 2.4L အင်ဂျင်ကတော့ 2000 နောက်ပိုင်း မော်ဒယ်မှာသာ တွေ့ရမှာပါ။ 2.2 L အင်ဂျင် line-up ကို အစားထိုးလိုက်တာ ဆိုရင်လည်း မမှားပါဘူး။ 5S-FE အင်ဂျင် တွေကို 1999 နောက်ပိုင်း ထပ်မံထုတ်လုပ်ခြင်း မရှိတော့ပါဘူး။
ကားရဲ့ အရွယ်အစားတွေ ကတော့
Wheel base = 2619 mm
Length = 4575 mm
Width = 1816 mm
Height = 1669 mm
အသီးသီး ရှိနိုင်ပြီးတော့ Lexus မော်ဒယ်မှာ ကားအမြင့်ဟာ ပိုနိုင်ပါတယ်။
ဂရိတ် အနေနဲ့တော့ S နဲ့ G လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပြီး ဂရိတ်ပျောက်လည်း ရှိပါတယ်။ S ဂရိတ်မှာတော့ S PACKAGE , G ဂရိတ်မှာတော့ G PACKAGE လို့ ကားနောက်ဖုံးမှာ ရေးလေ့ရှိပြီး , 4WD ဆိုရင်တော့ FOUR ဆ်ုတာလေး ပါဝင်လာပါလိမ့်မယ်။
Chassis အနေနဲ့ ကတော့ အင်ဂျက်ပါဝါပေါ်မူတည်ပြီး နှစ်မျိုးသာ ကွဲပြားပါမယ်။
2.2L မှာ GF-SXU10W
3.0L မှာ GF-MCU10W
ဖြစ်ပြီးတော့ 4WD ဆိုရင်တော့ 10W နေရာမှာ 15W နဲ့ ဆုံးပါတယ်။
2000 နောက်ပိုင်း မှာတော့ 2.2L ပျောက်သွားပြီး 2.4 နဲ့ 3.0 သာ ထုတ်ပါတော့တယ်။ Chassis အနေနဲ့ကတော့ ပြောင်းသွားပြီး 2.4L မှာ TA-ACU10W နဲ့ 3.0L မှာ TA-MCU10W ဖြစ်ပြီး၊ 4WD ဆိုရင်တော့ 15W နဲ့ ဆုံးတဲ့ chassis ပါပဲ။
ဂရိတ်အနေနဲ့ ခွဲရရင်တော့
PRIME SELECTION
IR VERSION
G
ဆိုပြီး သုံးမျိုး ခွဲနိုင်ပါတယ်။

Second Generation ( 2003-2008 )

မြန်မာတွေ ခေါ်လေ့ရှိတဲ့ ဇွန်ကြီး ဆိုတဲ့ second generation ကတော့ ထူးထူးခြားခြား ကားနောက်ပိုင်းက လုံးထွက်နေတာလေး မှတ်မိကြမှာပါ။ ပိုပြီးကျဟ်လစ်တဲ့ ဒီဇိုင်း, LED taillight , Golden bird's eye maple တွေအပြင် အတွင်းခန်း အဆင့်မြင့်တင်ထားတဲ့ storage area တွေ ကဆွဲဆောင်မှု အားကောင်းလွန်းလှပါတယ်။ တိုယိုတာရဲ့ K platform ထဲကို ဆွဲသွင်းခြင်းခံရတဲ့ ထိ အောင်မြင်တဲ့ ဒီမော်ဒယ်ဟာ ရှုတ်ထွေးတဲ့ chassis တွေ နဲ့ ပွဲထွက်လာပြီး အင်ဂျင်အနေနဲ့ နှစ်မျိုးသာ ရှိပါတယ်။
2.4L 2AZ-FE I4 ( 160hp, 5600 rpm)
3.0L 1MZ-FE V6 ( 194hp, 5200 rpm)
ဆိုပေမယ့် Lexus RX အတွက်မှာတော့
3.5L 2GR-FE V6 ( 268hp, 6200 rpm)
ကို သီးသန့် မှာယူနိုင်ပါသေးတယ်။
အင်ဂျင်အားလုံးဟာ Dual VVT-i version နဲ့သာလာပါတယ်။
စာကြွင်း ။ ။ Toyota K platform ဆိုတာ တိုယိုတာရဲ့ အကောင်းဆုံး ကားတည်ဆောက်မှု နည်းပညာတွေ ပေါင်းစပ်ထားခြင်း ဖြစ်ပါတယ်။ Avalon, Camry, Highlander, Sienna, Venza, Lexus RX, Lexus ES တွေအပြင် အခြား နာမည်ကြီး တိုယိုတာ ကား အများစု အတွက် အသုံးပြုပါတယ်။

ဒီဒုတိယ မျိုးဆက်မှာ ဂရိတ်/ Chassis အနေနဲ့ကတော့
240G
(UA-ACU30W-AWPGK)
240G L PACKAGE
(UA-ACU30W-AWPGKA)
240G Premium L PACKAGE
(UA-ACU30W-AWPGKB)
AIRS
(UA-MCU31W-AWAGK)
300G
(UA-MCU30W-AWAGK)
300G L PACKAGE
(UA-MCU30W-AWAGKA)
300G Premium L PACKAGE
(UA-MCU30W-AWAGKB)
ဆိုပြီးတော့ ရှိပြီး 4WD ဆိုရင်တော့ FOUR ပါဝင်လာပြီး chassis မှာတော့ 30W အစား 35W ဖြစ်လာပါလိမ့်မယ်။
3.5 L အင်ဂျင်တပ် Lexus RX မှာတော့ RX350G လို့ ရေးလေ့ရှိပါတယ်။
အင်ဂျင်ပါဝါ မြင့်လာလေလေ ဂရိတ်စုံလာလေလေ ပါဝင်ပစ္စည်းများလာလေလေ ဆိုတာကတော့ ဂျပန်တွေရဲ့ စံချိန်လို့တောင် ပြောရမလိုပါပဲ။
ဂရိတ်အနေနဲ့ အတူတူပေမယ့် Chassis အနေနဲ့ အပြောင်းအလဲ ဖြစ်လာခဲ့ပါသေးတယ်။ 2004 မှာ UA ကနေ CBA ပြောင်းတယ် ( နောက်ကကျန်တာတူ) ။ 3.5L အင်ဂျင်တပ်ရင်တော့ DBA နဲ့ စပါလိမ့်မယ်။

Third Generation ( 2008-2012 )

တတိယမျိုးဆက်ကတော့ ဒုတိယမျိုးဆက်လောက် အောင်မြင်မှု သိပ်မရပေမယ့် အရှိန်အဝါကိုတော့ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ကတော့ ဒုတိယမျိုးဆက်နဲ့ အတူတူပေမယ့် ဂရိတ်ခွဲများစွာ မထုတ်တော့ပဲ နှစ်မျိုးသာ ထုတ်ပေးပါတယ်။
2.4L နဲ့ 3.5L နှစ်မျိုးပါပဲ။ ဂျပန်ကားဟောင်းသာ အတွေ့ရများတဲ့ မြန်မာပြည်မှာတော့ ဒီမျိုးဆက်ရဲ့ 3.5L ဟာ ရှားပါး နေအုံးမှာပါ။ ဂျပန်မှာ 2.4L သာ အသုံးများတာကြောင့်ပါ။
ဒီမော်ဒယ်မှာ စတင် အသုံးပြုလာတာက တိုယိုတာရဲ့ hybird စနစ်ပါ။ နောက်ထပ်ထူးခြားချက်အနေနဲ့ကတော့ harrier ကို mid-crossover SUV အနေနဲ့ထားခဲ့ပြီး Lexus ကိုတော့ Full size SUV အဖြစ်ခွဲထုတ်လိုက်တာ တွေ့ရပါတယ်။
Harrier မှာ
2.4L 2AZ-FE ကိုပဲ အနည်းငယ် ပြုပြင်ပေးထား တဲ့ ဗားရှင်းအသစ် ကို ထည့်သွင်းပြီး ဂျပန်မှာ ရောင်းချပါတယ်။ 3.5L အင်ဂျင်မှာတော့ build in hybird system ထည့်သွင်းပေးထားပေမယ့် ဂျပန်မှာ အစီးရေ အနည်းငယ်သာ ရောင်းချခဲ့ရပါတယ်။
Lexus RX မှာတော့
2.7L 1AR-FE I4 ( 182 hp, 4200rpm)
3.5L 2GR-FE V6 ( 268 hp, 6200rpm)
3.5L 2GR-FXE (292 hp ) D-4S system
ဖြစ်သွားပြီး Lexus RX450h လို့ခေါ်ကြပါတယ်။

Fourth Generation ( 2012-Present)

လက်ရှိ နောက်ဆုံး ထုတ်လုပ်ရောင်းချနေတဲ့ မော်းယ်ကတော့ ထူးထူးခြားခြား ဒီဇိုင်းအပြင် ရုပ်ထွက်က ဆွဲဆောင်မှု အပြည့် နဲ့ မြင်သူငေးကြတဲ့ အမျိုးအစားပါပဲ။
နောက်ထပ်ထူးခြားမှု တစ်ခုကတော့ လူတွေ အဓိက စဉ်းစားတဲ့ ဆီစားသက်သာမှုကို ထပ်ပေါင်း လိုက်တော့ အလွန့်အလွန်ရွေးချယ်သင့်တဲ့ အမျိုးအစား အဖြစ်ပွဲထွက်လာတာပါပဲ။
ဒီမျိုးဆက်မှာတော့ အင်ဂျင်တစ်မျိုးသာ သုံးပါတယ်။ ဒီအင်ဂျင်ကတော့ တိုယိုတာရဲ့ နောက်ဆုံပေါ် အင်ဂျင် စီရီး ဖြစ်တဲ့ ZR စီးရီးထဲက 3ZR-FAE I4 , 2.0L အင်ဂျင်ပါပဲ။
193 Nm / 3800 rpm ရှိတဲ့ ဒီ အင်ဂျင်ဟာ တိုယိုတာရဲ့ နောက်ဆုံးပေါ် ကား အများစုမှာ တပ်ဆင်ပေးထားပါတယ်။
ဂရိတ်/ Chassis အနေနဲ့ကတော့
PREMIUM
( DBA-ZSU60W-ANXGP )
PREMIUM ADVANCED PACKAGE
( DBA-ZSU60W-ANXGP(A) )
GRAND
( DBA-ZSU60W-ANXXP )
ELEGANCE
( DBA-ZSU60W-ANXMP )
ဆိုပြီး လာပါတယ်။ 4WD မော်ဒယ်မှာတော့ FOUR ဆိုတဲ့ စာလေး နဲ့ 60W ကနေ 65W လို့ ပါဝင်မှာကတော့ သက်တမ်းတစ်လျောက် မပြောင်းလဲတဲ့ DNA အသေးစားလေးပေါ့။ ဒီမျိုးဆက်မှာ ကွဲပြားထွက်လာတာကတော့ ဂီယာဘောက်ကြောင့်လည်း ထူးခြားလာပါတယ်။ CVT ဂီယာဘောက်ကြောင့် engine ရဲ့ efficiency ပိုကောင်းလာတာကြောင့် အင်ဂျင်ပါဝါသေးသွားပေမယ့်လည်း အဆွဲအရုန်းဟာ ပိုတောင်သွက်လက်လာပါသေးတယ်။ Third Generation အထိ တောက်လျောက် harrier မှာ 4AT/ 5AT စတဲ့ အော်တိုဂီယာဘောက်တွေသာ သုံးစွဲခဲ့တာပါ။

ဒီလောက်ဆိုရင်တော့ တိုယိုတာရဲ့ Harrier အကြောင်း အနည်းငယ်သိရှိလောက်ပါပြီ။

Original Uploader
ူးယူမျှဝေထားပါသည်။

မင်္ဂလာပါ Flywheel Auto. မှ Toyota Fielder လေးရောင်းချင်ပါတယ် ခင်ဗျာToyota FielderModel - 2008 lateEngine - 1500 cc2WD A...
04/07/2022

မင်္ဂလာပါ Flywheel Auto. မှ Toyota Fielder လေးရောင်းချင်ပါတယ် ခင်ဗျာ

Toyota Fielder
Model - 2008 late
Engine - 1500 cc
2WD Auto
Digital A/C, HID Headlight
လိုင်စင်သက်တန်း ၁ နှစ် ၂ လ ကျန်ပါတယ်
Price - 365 lakhs
Location - South Okkala Tsp, Yangon

အတိုက်အခိုက် အရှုပ်အရှင်းကင်းကြောင်း စိတ်ကြိုက်စစ်ဆေး ဝယ်ယူနိုင်ပါသည်

အရောင်ချိန်းတာ အများဆုံး တွေ့တက်တဲ့  Toyota Kluger.. colour codes .. အသုံးလိုရင် ကြည့်လို့ရအောင်ပါ..
04/07/2022

အရောင်ချိန်းတာ အများဆုံး တွေ့တက်တဲ့

Toyota Kluger..
colour codes ..

အသုံးလိုရင် ကြည့်လို့ရအောင်ပါ..

Toyota Kluger အကြောင်းToyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး 2007 ခုနှစ်မှာ သူ့ရဲ့ မျိုးဆက်...
16/06/2022

Toyota Kluger အကြောင်း

Toyota Kluger ဆိုတဲ့ ကားကိုတော့ 2000 ခုနှစ်ကနေ စထုတ်လိုက်တာဖြစ်ပြီး 2007 ခုနှစ်မှာ သူ့ရဲ့ မျိုးဆက်ဟာ ပျောက်ကွယ်သွားပြီး Toyota Highlander ဆိုတဲ့ နာမည်နဲ့ ခွဲထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Kluger ဆိုတဲ့ ကားဆိုတာနဲ့ ပြောစရာက သူ့မှာ ပထမ မျိုးဆက် တစ်ဆက်တည်းနဲ့ သာလာပါတယ်။
Toyota Kluger ကို Company နှစ်ခုကနေ ခွဲထုတ်ပေးထားပါတယ်။ ဘာတွေလဲ ဆိုရင် Toyota Vista ကထုတ်လုပ်ပေးတဲ့ကား ဆိုရင် Kluger V နဲ့ လာပြီး Toyota Corolla က ထုတ်ပေးထားတာ ဆိုရင် Kluger L ဆိုပြီးတော့ပေါ့။ ဒါတွေက တော့ ယခုစာဖတ်နေတဲ့ လူကြီးမင်းတို့ သိလဲ သိ နိုင်သလို မသိတဲ့လူတွေလဲ ရှိမှာပါ။ ဒါကြောင့် အများသူဌာ သိရအောင် အကျယ်တ၀င့် ပြန်ပြောပေးတာပါ။
ဒီ့အပြင် Toyota Kluger ကို ဓာတ်ဆီကော ဘက်ထရီ နှစ်မျိုးသုံး HYBRID ကားတွေကိုလည်းထုတ်လုပ်ပေး ထားပါတယ်။ ကျွန်တော်တို့ဆီမှာတော့ သိပ်မတွေ့ရပါဘူး။ HYBRID တွေကို အများဆုံးတွေ့ရတာကတော့ 2002 Model နဲ့ 2003 (Late) တွေမှာ 2400 CC နဲ့သာ အများဆုံးတွေ့ရတတ်ပါတယ်။

အခုဒီ ပထမမျိုးဆက် 2000 Model ကနေ 2007 ထိကတော့ ကြီးမားတဲ့ ပြောင်းလဲမှုတွေ များများစားစား မရှိခဲ့ပါဘူး။ 2004 ခုနှစ်မှာ V6 Engine ကို 3.0L (220 hp) မှ 3.3L (225 hp) ထိ အဆင့်မြှင့်ပေးခဲ့ပြီး ၄ချက်ထိုး အော်တို ဂီယာမှ ၅ချက်ထိုး အော်တို ဂီယာသို့ ပြောင်းလဲခဲ့ပါတယ်။ ဒါ့အပြင် အလွိုင်းဘီး ပုံစံ နဲ့ ခုံ သုံးတန်း တွေဖြစ်လာပါတယ်။ 2006 Model မှာတော့ Sport Type ပုံစံတွေ စထုတ်ခဲ့ပြီး ကားအတွင်းပိုင်းကော အပြင်ပိုင်း ပါ ပုံစံ ဒီဇိုင်းတွေ အနည်းငယ် ပြောင်းလဲလာတာကို တွေ့ရမှာပါ။

ဒီ Toyota Kluger မှာ Grade တွေဆိုလို့ များများစားစား မရှိပါဘူး။ Grade တွေကတော့ Basegrade, S Package, S Limited, G Package, S X Package နဲ့ S G Package တို့ပဲ ဖြစ်ပါတယ်။
အင်ဂျင်ပါဝါတွေ အနေနဲ့ကတော့ 2400 CC နဲ့ လဲလာသလို 3000 CC နဲ့လဲ လာပါတယ်ခင်ဗျ။ အင်ဂျင်ပါဝါ နှစ်မျိုးလုံးအတွက် 2WD လဲရှိသလို 4WD လဲရှိနေပါတယ်။ အောက်မှာတော့ သူတို့လေးတွေရဲ့ Chassis နံပါတ်လေးနဲ့ တကွ ဖော်ပြပေးပါမယ်။
Grade အားလုံးအတွက် Engine Power 2400 CC နှင့် 2WD ကိုတော့ Chassis အနေနဲ့ ACU20 နဲ့လာပြီး 4WD ကိုတော့ ACU25 နဲ့ လာပါတယ်။
Engine Power 3000 CC နှင့် 2WD ကိုတော့ MCU20 နဲ့လာပြီး 4WD ကိုတော့ MCU25 ဆိုပြီးဖြစ်ပါမယ်။
Grade တိုင်းရဲ့ အပြင်ပိုင်းအနေနဲ့ ရုပ်မပြောင်းမချင်း ထူးခြားမှု သိပ်မရှိကြပါဘူး။ ဒါပေမဲ့ ရုပ်ပြောင်းဖြစ်သွားတဲ့ 2003 (Late) Model ကျရင်တော့ အရင် က ရှေ့Shell (Grill) မှာ ဒေါင်လိုက်ပုံစံကနေ 2003 (Late) Model ကျတော့ အလျားလိုက်ဖြစ်သွားပါမယ်။ Shell (Grill) ပြောင်းလဲသွားတဲ့ အတွက် ဘန်ဘာမီးခွက်တွေ နှင့်အတူ၊ ရှေ့မီးခွက် နဲ့ နောက်မီးခွက်တွေပါ ဒီဇိုင်းလေး အနည်းငယ် ဆန်းသစ်သွားပါမယ်။ အောက်မှာတော့ Grade တစ်ခုချင်းစီရဲ့ အတွင်းပိုင်း ပြောင်းလဲမှုလေးတွေ ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။
Toyota Kluger ထဲမှာ အနိမ့်ဆုံး Grade တစ်ခုဖြစ်တဲ့ Basegrade ဟာ ထွေထွေထူးထူး ဘာမှ မရှိတဲ့အတွက် မရှင်းတော့ပဲ။ အောက်က Grade တွေ စရှင်းပေးလိုက်ပါတယ်။
>
S Package ကတော့ အတွင်းခန်းမဲမယ်။ အတွင်းခန်းမဲတဲ့အတွက် ကျွန်းဖောက်ကလဲ ကျွန်းမဲ ဖြစ်ပါမယ်။ မှန်ငါးချပ်မဲသွားပါမယ်။ Gear အနေနဲ့ကတော့ Auto ကော Manual ပါမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ Manual မောင်းနှင်ဖို့ အတွက်ကတော့ Steering မှာ Down and Up Button လေးတွေ ထည့်သွင်းပေးထားပါတယ်။ Original TV ကတော့ အပေါ်ဘက်မှာလာတတ်ကြပါတယ်။ Original TV နဲ့ Back Camera တွေဆိုရင်တော့ ကျွန်တော်တို့ Back Gear ထိုးတဲ့ အချိန်ကြရင် TV Screen မှာ Black and White နဲ့ ပြပါတယ်။ အပြင်ပိုင်း ကတော့ Skirt ပတ်လည်ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။ Roll Bar တွေ၊ Spoiler တွေပါလာပါမယ်။ 2003(Late) ရုပ်ပြောင်းမှာလဲ ဒီလိုပါပဲ။ ရုပ်ပြောင်းမှာ ထူးခြားချက်ကတော့ ထိုင်ခုံ ၃တန်း ၇ ယောက်စီးလာတာလဲရှိသလို မလာတာလဲရှိတတ်ပါတယ်။ ကျန်တာအားလုံးကတော့ ရုပ်ဟောင်းနဲ့ တူတူပါပဲ။
>
S Limited မှာ ထပ်တိုး ထူးခြားချက်တွေကတော့ ထိုင်ခုံရှမွိုင်း ပြောင်းသွားမှာဖြစ်ပြီး Side Cover တွေလည်း ပြောင်း သွား ပါမယ်၊ အပြင်းပိုင်းမှာတော့အလွိုင်း Design က S package တူ ပီး Crome alloy ဖြစ်သွားမှာဖြစ်ပါတယ်။ 2003 (Late) Model တွေမှာ တော့ Roll Bar တွေ မပါ၀င်တော့ပါဘူး။ ဒီမှာ ထူးခြားတာတစ်ခုက Back Gear ထိုးရင် Camera ကColor ဖြစ်လာပြီး Steering လှည့်တဲ့ ဘက်ကို Position ပြလာပါပြီ။
>
G Package ရဲ့ အတွင်းပိုင်း အပြင်အဆင်ကတော့ မှန်အဖြူမဟုတ်ပေမဲ့ ကာလာလေး အနည်းငယ်ပါလာတယ်ဗျ။ အတွင်းခန်း အဝါရောင်နဲ့လာပါတယ်။ အတွင်းခန်းဝါသွားတဲ့ အတွက် ကျွန်းဖောက်လေးတွေက လဲ ကျွန်းဝါ ဖြစ်သွားပါတယ်။ ရှေ့ခန်း တံခါး လက်ကိုင်ဘေးမှာ ကော်ဖီတင်/ အအေးဘူး တင်တဲ့ ခွက်ကလေး ပါ၀င်လာပါမယ်။ Side Cover တွေကတော့ ထိုင်ခုံသား လို ရှမွိုင်းသားနဲ့လာပါတယ်။ Gear အနေနဲ့ကတော့ Auto Gear ပဲဖြစ်ပါတယ်။ 3.0L အများစုမှာတော့ Cruise Control ပါ ပါလာပါတယ်။ အလွိုင်းလဲ မတူတော့ပဲ တမူဆန်းပြားသွားပါတယ်။
>
ရုပ်ပြောင်းတွေမှာ ခုံသုံးတန်း ၇ ယောက်စီးတွေ လာတယ်လို့ တချို့တွေကပြောကြပါတယ်။ ဒါပေမဲ့ ဒီ S X Package မှာတော့ ၇ယောက်စီး (ခုံ သုံးတန်း) နဲ့ မလာတော့ပါဘူး။ ခုံနှစ်တန်း လူ ၅ ယောက်စီးသာထုတ်ထားပါတယ်။ အတွင်းခန်းကတော့ ရုပ်ပြောင်းမှာ အနိမ့်ဆုံး Grade ဆိုတော့ မှန်ဖြူ ဖြစ်ပြီး အတွင်းခန်းကိုတော့ အမဲရောင်နဲ့ လာပါတယ်။
>
S G Package ဆိုတာကတော့ ရုပ်ဟောင်းမှာ မလာပါဘူး။ ရုပ်ပြောင်း 2003 (Late) Model မှာပဲ စတင်လာတာပါ။ အပြင်ပိုင်း ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်း ပြောင်းလဲသွားပါပြီ။ အတွင်းခန်းအနေနဲ့ကတော့ ခဲရောင်လိုပုံစံ ဖြစ်ပြီး ကျွန်းဖောက်တွေကတော့ အမဲရောင်ပုံစံနဲ့လာပါတယ်။ ခုံသုံးတန်း လူ ၇ ယောက်စီးဖြစ်သွားပါမယ်။ ဒီမှာတော့ Original TV နဲ့ Back Camera တွေမှာ Back Gear ထိုးရင် Black and White မဟုတ်တော့ပါဘူး Color ပါ ပါ၀င်လာပါပြီး Steering Position ပြလာပါပြီ။ Sunroof တွေကပါတာလဲ ရှိသလို မပါတာလဲရှိတတ်ပါတယ်။ ဒါကြောင့် ပုံသေမှတ်လို့မရပါဘူး။ Driver ထိုင်ခုံမှာ Motor ပါ၀င်လာပြီဖြစ်ပါတယ်။ Gear ကတော့ Auto Gear ပဲဖြစ်ပါတယ်။ အပြင်းပိုင်းမှာတော့ Roll Bar နဲ့ Skirt ပတ်လည်မပါ၀င်တော့ဘဲ Spoiler ကတော့ပါဝင်ပါတယ်။ ဒီ S G package မှာတော့manual gear ပြောင်းလို့တော့ မရတော့ဘူးခင်ဗျ၊ Steering မှာလဲ Down and Up Button ခလုတ်တွေမပါလာတော့ပါဘူး။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Flywheel Automobile Dealership posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share