Pyae Sone modern Furniture

Pyae Sone modern Furniture Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Sone modern Furniture, Business service, Yangon.

02/03/2022
26/11/2020
26/09/2020
 #ပိုက်ဆံ_၅၀_ကျပျောက်သွားသူကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့ လမ်းက ဓာတ်တိုင်မှာစာရွက်အဟောင်းလေးတစ်ရွက်ကပ် ထားတာကိုတွေ့လို့ဖ...
13/08/2020

#ပိုက်ဆံ_၅၀_ကျပျောက်သွားသူ

ကျွန်တော်အလုပ်ကပြန်လာတဲ့တစ်နေ့
လမ်းက ဓာတ်တိုင်မှာ
စာရွက်အဟောင်းလေးတစ်ရွက်ကပ် ထားတာကိုတွေ့လို့ဖတ်မိလိုက်တယ်။
မသေမသပ်လက်ရေးလေးနဲ့ ခုလိုရေးထားတယ်။

"ကျွန်မလမ်းသွားရင်း ဒေါ်လာ ၅၀ ကျပျောက်သွားလို့ပါ။ တစ်ယောက်ယောက်များတွေ့ခဲ့ရင် ဒီလိပ်စာအတိုင်း ကျေးဇူးပြု၍လာပေးစေလိုပါတယ်။
ကျွန်မက မျက်စိလည်းကောင်းကောင်းမမြင်တဲ့အတွက် ပိုက်ဆံကိုပြန်ရှာဖို့လည်းအဆင်မပြေလို့ပါ။
ကျွန်မကို ကူညီပြီးပြန်ရှာပေးပါနော်" ဆိုပြီးအောက်နားမှာတော့ လိပ်စာတစ်ခုရေးထားတယ်။

ကျွန်တော်လည်း စိတ်ဝင်စားတာနဲ့ စာထဲကလိပ်စာအတိုင်း သွားကြည့်မိတယ်။အဲဒိလိပ်စာမှာ အဖွားအိုတစ်ယောက်နေပါတယ်။အဖွားက မျက်စိမမြင်ရပါဘူး။အနားကိုကျွန်တော်ရောက်သွားမှ အဖွားက ဘယ်သူလဲလို့မေးတယ်။

"ကျွန်တော် အဖွားကျပျောက်သွားတဲ့ ဒေါ်လာ ၅၀ကို ကောက်ရထားလို့ လာပြန်ပေးတာပါ"လို့ပြောလိုက်တယ်။
ကျွန်တော့်စကားကိုကြားတာနဲ့ အဖွားကမျက်ရည်ကျပါတယ်။

"မင်းနဲ့ဆိုရင် အဖွားကို ဒေါ်လာ ၅၀ လာပေးတာ အယောက် ၄၀ကျော်သွားပြီ။
ဓာတ်တိုင်မှာစာကပ်ထားတာတွေ့လို့တဲ့။
အဖွားဘာစာမှ ရေးပြီးမကပ်ခဲ့ပါဘူး။စာလည်းမရေးတတ်ပါဘူး။
အဲ့လိုရေးပေးမယ့် သားသမီးတွေလည်း အနားမှာ မရှိပါဘူးကွယ်"တဲ့။

အဖွားကို သနားမိတာနဲ့ အဖွားလက်ထဲကို ဒေါ်လာ ၅၀ ထည့်ပေးလိုက်ပါတယ်။
အဖွားက ပါးစပ်က တတွတ်တွတ်နဲ့
ဆုတွေအများကြီးပေးတယ်။
ပြီးတော့
အဖွားက ကျွန်တော်မပြန်ခင် ခုလိုမှာလိုက်ပါသေးတယ်။

"သားပြန်သွားရင် အဲဒိဓာတ်တိုင်ပေါ်ကစာရွက်ကို စုတ်ဖြဲလိုက်ပါသားရယ်။
အဖွားမရေးတဲ့စာကြောင့် လူတွေကိုဒုက္ခမရောက်စေချင်ဘူး"

ကျွန်တော် အဖွားဆီက ပြန်လာတော့ တစ်လမ်းလုံး စဉ်းစားလာမိတယ်။
ဒီစာကို ဘယ်သူကရေးပြီး ကပ်ခဲ့တာလဲ။အရင်လူတွေကိုလည်း အဖွား ဒီလိုပဲပြောခဲ့မှာသေချာတယ်။
ဒါပေမယ့် ဘာလို့စာရွက်ကို မဖြဲခဲ့ကြတာလဲ။အဖွားကိုဒါနပြုဖို့စဉ်းစားပြီးလုပ်သွားတဲ့သူရဲ့လုပ်ရပ်ကိုလည်း ကျေးဇူးတင်နေမိတယ်။

တဆက်တည်းမှာပဲ တခြားသူတွေကို ကူညီဖို့ဆိုတာ နည်းလမ်းတွေအများကြီးရှိပါလားဆိုတာကိုလည်း အသိတစ်ခုရလိုက်တယ်။စဉ်းစားတတ်ဖို့ပဲလိုတာပါ။

ဒီလိုနဲ့ကိုယ်အတွေးနဲ့ကိုယ်လမ်းလျှောက်နေလိုက်တာ လူတစ်ယောက်ရဲ့ခေါ်သံကြားမှအတွေးစပြတ်သွားတယ်။သူက ကျွန်တော့်ကို အခုလိုမေးတယ်။

"နောင်ကြီး ဒီလိပ်စာကိုသိလားဗျ။ဒီလိပ်စာရှင်ရဲ့ဒေါ်လာ ၅၀ ကိုကျွန်တော်ကောက်ရထားလို့ သွားပြန်ပေးချင်လို့ပါ"

(ဆရာဗန်းမော်သိန်းရဲ့စာအုပ်ထဲက ကျွန်တော့်ရင်ထဲရောက်လာတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ဗျာ...)

#ဇင်ယော်

 #ဝါဆိုလပြည့်ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်း...
03/08/2020

#ဝါဆိုလပြည့်
ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ။


ဝါဆိုလပြည့်နေ့ကို
ဓမ္မစကြာ အခါတော်နေ့
အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ

ထိုနေ့၌
ဓမ္မစကြာ တရားတော်ကို
မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည် ။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည်
အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌
မဟာသက္ကရာဇ် ၁၀၃-ခုနှစ်
ဝါဆိုလပြည့်နေ့ နေ၀င် , လထွက် အချိန်၌
ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို
၀နခွံသောအားဖှငွ့ ဟောကြားတော်မူခဲ့ပါသည် ။

#ဓမ္မစကြာ_တရားတော်သည်

၀ိနညှးမဟာဝါပါဠိတှော၌
ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည် ။

ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည် ။

မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌
ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည် ။

ဓမ်မစက်ကပ၀တ်တန၏ အဓိပျပါယမြှာ
တရားတည်းဟူသော အသိစက်ကို ဖြစ်စေ
လည်စေတော်မူခြင်း-ဟု အဓိပ်ပါယျ ရပါသည် ။

#ဓမ္မစက္က = တရားတော်။
#ပ၀တ္တ = ဖြစ်စေ၊ လည်စေခြင်း

ဓမ္မစကြာတရားတော်သည်
သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော
ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်

ဓမ္မစကြာ တရားတော်ကို
စိစစ် သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
( အစွန်း ၂-ခု ) ကို ရှောင်ကြဉ်ရေး
မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို
ညွှန်ကြားထားပြီး

သစ္စာလေးပါးတရားကို သိမြင်စေရန်
ဟောကြားထားသောကြောင့်

ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော
သဘောတရားကို တွေ့မြင်နိုင်ပါသည်

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍
ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က
ဓမ္မစကြာ တရားတော်ကို အထူးပင်အာရုံစိုက်၍
ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်

အမြို့မြို့ အရွာရွာ၌
ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး
ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်

>>

#ဝါဆိုလပြည့်နေ့၏_ထူးခြားချက်များ

မြန်မာ့ရိုးရာ ၁၂ - လ ရှိသည့်အနက်
ဝါဆို လပြည့်နေ့သည်

၁။ ဂေါတမဘုရားလောင်း
ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း

၂။ ဂေါတမ ဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း

၅။ ဘုရားအဖြစ်ကို ၀နခွံတောမွူသောနေ့ဖှဈ၍ ထူးခြားခြင်း

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို
စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း

အထက်ဖော်ပြပါ
၀ိသသေ အကြောင်းများကြောင့်
ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က
ဤဝါဆိုလပြည့်နေ့၌
ကျောင်းကန်ဘုရားသို့ သွားရောက်၍
ဝါဆိုပနျးမြား ကပ်လှူခြင်း၊
ဝါဆိုသငျ်ကနျး လှူဒါန်းခြင်း၊
ဓမ္မစကြာ တရားတော်များကို
ရွတ်ဖတ်သရဇ္ဈာယ်ခြင်း အားဖြင့်
#ဝါဆိုလပြည့်_ဓမ္မစကြာ_အခါတော်နေ့ - ကို
ဆင်နွှဲ ပြုလုပ်ကြပါသည်

Credit - Shwe Nyar Thar

မကြာခင်ရောက်ရှိတော့မည့်
ဝါဆိုလပြည့်နေ့အကြောင်း
သိကောင်းစရာလေး မျှဝေလိုက်ပါတယ်
A.N

24/07/2020
10/07/2020

" ပြာယာမခတ်ကြနဲ့"


နွားကလေးသေတော့"အမဲသား"တဲ့။
ကြိုက်တဲ့"လူ"များမြိန်ရည်ရှက်ရည် စားလိုက်ကြတာ။

ကြက်ကလေးသေတော့"ကြက်သား"
ပါးစပ်ထဲထည့်ပြုံးပျော်လျှက်။

ဝက်ကလေးသေတော့"ဝက်သား"
ပါးစပ်ထဲထည့်ကြည်နှူးလျှက်။

လူကလေးသေတော့"မသာ"
အခေါင်းထဲထည့်ငိုယိုလျှက်
ထားလို့မကောင်းဘူးဟဲ့။
အလုပ်ပိုတယ်အိမ်ရှုပ်တယ်။
သင်္ချီုင်းအမြန်ပို့ ကွယ့်။

"အသုဘ"ရှိကအိမ်ပူတယ်။
"မသာ"အိမ်ပေါ်ကမဆင်းခင်
ဖိတ်စာရိုက်အသိမိတ်ဆွေ
လက်လှမ်းမှီသလောက်ပေးလိုက်။
မြန်မြန်ပြီးမြန်မြန်နားအေးတယ်။
ပုတ်ပွလာမှ"လူ"တွေ မလာပဲနေအုံးမယ်။
အဲဒါမှဒုက္ခပိုများမယ်တဲ့။

ကဲ့ဘယ်မှာလဲ
တန်းဖိုးရှိတယ်ဆိုတဲ့"လူသား"
ပညာတွေငါ ဘယ်လောက်တက်တယ်။
ပိုက်ဆံတွေငါ ဘယ်လောက်ချမ်းသာတယ်။
အာဏာတွေငါ့မှာ ဘယ်လောက်ရှိတယ်။
မာန်တက်နေကြတာတွေအာဏာပြနေတာတွေ
နောက်ဆုံးတော့
ဘာအသုံးဝင်တော့ သေးလဲ?

ငါ့အိမ်။ ငါ့ခြံ။ ငါ့တိုက်။ ငါ့လုပ်ငန်း။
ငါ့ဟာသခင်။ ငါ့ဟာဘုရင်ဘဲ ဆိုတဲ့
"လူသား"အခုတော့
ယူသွားဖို့နေနေ သာသာ
အိမ်ပူအလုပ်ရှုပ်
ကျက်သရေမရှိတော့တဲ့
အသုဘ(မသာ)ဆိုပြီး
သမုတ်ခံရတာအလွဲလို့ဘာတွေများ
တန်ဖိုးရှိသေးလို့လဲ?

နောက်ဆုံးတော့လဲ
အုပ်ဂူလေးတောင်ထားလို့မရတဲ့ခေတ်မှာ
ခဏတာ မြင်တွေ့ရတဲ့
ခေါင်းတိုင်းအပေါ်ကမီးခိုးပျောက်ကွယ်တာနဲ့
ဘာမှသုံးစားလို့မရတဲ့"ပြာပုံ"ဖြစ်သွားရော့
တန်းဖိုးရှိပါတယ်ဆိုတဲ့"လူသား"
ဘဝနိဂုံးချုပ်ရတာက"ပြာပုံ"လေးဘဲ
မဟုတ်လား?

ကဲ့အနောက်ဆုံး"ပြာ"ဖြစ်မဲ့အတူတူ
ဘာလို့"ပြာယာခတ်"နေကြ အုံးမှာလဲ။

ဒီPageလေးကို Like လုပ်ထားပေးပါ။

Credit
#အသောကမင်းကြီး credit

ကျွန်းဆက်တီ😁😁 လေးတွေလာပြီနော်😁😁😁ကျွန်းစစ် ကျွန်းသစ်ကြောင်း အာမခံပါတယ် ✅✅✅နိုင်ငံခြားဆေး တစ်မျိုးတည်းသာ အသုံးပြုပါသည်✅✅✅✅...
04/06/2020

ကျွန်းဆက်တီ😁😁 လေးတွေလာပြီနော်😁😁😁

ကျွန်းစစ် ကျွန်းသစ်ကြောင်း အာမခံပါတယ် ✅✅✅

နိုင်ငံခြားဆေး တစ်မျိုးတည်းသာ အသုံးပြုပါသည်✅✅✅✅

စျေးနှုန်း ...🏅၄၈၀၀၀၀😁 ၄သိန်း ၈သောင်း

ဆိုင်တွင်😁 လာရောက်ကြည့်ရှူ အားပေးနိုင်ပါသည်...😁😁😁

အိမ်သုံး ၊ရုံးသုံး ကျွန်းပရိဘောဂများ ၊ အခြား သစ်မာ ပရိဘောဂများ ၊
Finger joint ၊ Block Board ၊ Ply Wood ပရိဘောဂများ ကို
လူကြီးမင်းတို့စိတ်တိုင်းကျ ပြုလုပ်ပေးပါသည်...

ဆက်သွယ်ရန်.....09444144456 .09799468840
အမှတ်.၃၅၉. မေဓါဝီလမ်း ၊ ဈ.ရပ်ကွက် ၊ မြောက်ဥက္ကလာ

Address

Yangon
11031

Telephone

+959444144456

Website

Alerts

Be the first to know and let us send you an email when Pyae Sone modern Furniture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyae Sone modern Furniture:

Share