Ye Naing

Ye Naing I am currently a project manager at Thuriya Technology Co.,Ltd (Subsidiary of ACE) I am currently a digital project coordinator at StratAgile Pte Ltd.

I have studied Executive MBA from Yangon Economic University and a Master of ICT convergence & Entrepreneur. I was a product development manager at MMRD Ltd. I was a leader for the Hello Live Deals online live sales (https://www.facebook.com/hellolivedeals) which is a new business from Information Matrix Co., Ltd. (7 days new, Internet Journal, People Magazine, etc.). And Then, I am an enthusiast

in the marketing field that's why I participate in the marketing campaigns of MMRD Ltd. You can watch my videos on the Yangon Directory page that video link is (https://www.facebook.com/TheYangonDirectory/videos/296228362420607).

🤔ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့ အယူအဆဟာ လွဲမှားနေပါတယ်။တကယ်တော့ ခေါင်းဆောင်ဆိုတာ နေရာအလိုက် တ...
05/01/2025

🤔ခေါင်းဆောင်ဆိုတာ နေရာတိုင်းမှာ
အကုန်သိ အကုန်တတ်ရမယ်ဆိုတဲ့
အယူအဆဟာ လွဲမှားနေပါတယ်။

တကယ်တော့ ခေါင်းဆောင်ဆိုတာ
နေရာအလိုက် တတ်ကျွမ်းသူတွေကို
စနစ်တကျ ပေါင်းစည်းပြီး သူ့နေရာနဲ့သူ
အသုံးချတတ်ဖို့ပဲ လိုပါတယ်။

တတ်ကျွမ်းသူတွေကို ရှာဖွေရွေးထုတ်နိုင်စွမ်း
ရှိရမှာဖြစ်သလို
မတတ်ကျွမ်းသေးသူတွေကို တတ်ကျွမ်းလာအောင်
လေ့ကျင့်ပေးနိုင်စွမ်းရှိဖို့လဲ လိုအပ်ပါတယ်။

သုံးမရတဲ့ငယ်သားဆိုတာ မရှိဘူး
ငယ်သားကို လူမှန်နေရာမှန်
အသုံးမချတတ်တဲ့ ခေါင်းဆောင်ပဲ ရှိပါတယ်။

🤔ခေါင်းဆောင်တစ်ယောက်အတွက်
ရှက်စရာအကောင်းဆုံးစကားက
ကိုယ့်လက်အောက်ကလူတွေ သုံးလို့မရပါဘူးလို့
ဖွင့်ဟပြောဆိုခြင်းဖြစ်ပါတယ်။

အဲ့ဒီလိုပြောတဲ့သူတွေကို အထင်လုံးဝမကြီးပါဘူး။
သုံးမရတဲ့သူကို သုံးလို့ရတဲ့အထိ လေ့ကျင့်ပေးဖို့က ခေါင်းဆောင်ရဲ့တာဝန်ဖြစ်ပါတယ်။

သုံးမရတဲ့သူတွေရှိတာ ခေါင်းဆောင်ညံ့လို့ပါ။
လက်အောက်ကသူတွေဟာ ကိုယ့်လောက်မတတ်ဘူး
ကိုယ့်လိုအမြင်မရှိဘူးလို့လဲ လုံးဝမပြောသင့်ပါဘူး။

လက်အောက်က လူတွေရဲ့အမြင်ဟာ
ကိုယ်နဲ့ ရှုထောင့်မတူတာပဲ ဖြစ်မယ်လို့
ခံယူရပါမယ်။

လက်အောက်ကသူတွေရဲ့ အတွေးအမြင်တွေကို ထုတ်ဖော်ခွင့်ပေးရပါမယ်။

''မင်းက ဘယ်လောက်သိလို့လဲ'' ဆိုတဲ့
စကားကိုပြောတဲ့ ခေါင်းဆောင်ဟာ
မကြာခင် ကျဆုံးတော့မဲ့ခေါင်းဆောင် ဖြစ်ပါတယ်။

''သဘောကောင်းတယ်လို့ အပြောခံရရင်
အဲ့ဒီသူဟာ ခေါင်းဆောင်ကောင်းမဟုတ်ဘူး'' လို့
ပြောကြတာကိုလည်း ဘယ်လိုစဉ်းစဉ်းစား
လက်မခံနိုင်ပါဘူး။

ဥပမာပေးရရင် မိသားစုအတွင်းမှာဆို
အမိန့်တွေနဲ့ အလုပ်လုပ်နေတာ မဟုတ်ပါဘူး။
တစ်ယောက်နဲ့တစ်ယောက် မေတ္တာတရားတွေနဲ့ နေထိုင်ကြတာ ဖြစ်ပါတယ်။

တစ်ယောက်မကြိုက်တာကို
တစ်ယောက်ကမလုပ်တာ/
တစ်ယောက်ဖြစ်စေချင်တာကို တစ်ယောက်က
လုပ်ပေးတာတွေဟာ ကြောက်လို့မဟုတ်ပါဘူး။
မေတ္တာတရားနဲ့ အလိုက်တသိ
လုပ်ပေးကြတာဖြစ်ပါတယ်။

အဖွဲ့အစည်းအတွင်းမှာလည်း
ဒီလို နားလည်မှုတွေ မေတ္တာတရားတွေရှိနေရင်
ခေါင်းဆောင်ဟာ ငယ်သားတွေအပေါ်
သဘောမကောင်းနိုင်စရာ အကြောင်းမရှိပါဘူး။

ငယ်သားတွေရဲ့ ယုံကြည်ကိုးစားမှုကို ရထားရင်
ခေါင်းဆောင်တစ်ယောက်ဟာ
သဘောကောင်းကောင်းနဲ့
အလုပ်လုပ်လို့ရပါတယ်။

တစ်ခု သတိပြုရမှာကတော့ ယုံကြည်မှုတိုင်းဟာ အပြန်အလှန်သဘောရှိတယ်ဆိုတာပါပဲ။

ကိုယ်က သူ့ကိုယုံမှ သူကလဲ ကိုယ့်ကို ယုံပါလိမ့်မယ်။

လူတွေအများကြီး စိတ်ချမ်းသာအောင်
လုပ်ပေးနိုင်ရင် လောကနိဗ္ဗာန်ပါပဲ။

ကိုယ့်ကြောင့် လူတွေအများကြီး
စိတ်ညစ်ရမယ်ဆိုရင်တော့
ဘုရားတရားတွေ ဘယ်လောက်လုပ်လုပ်
လောကငရဲမှာ သင်ဟာကျနေပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အကြောက်တရားလွှမ်းမိုးနေတဲ့
ဘယ်အဖွဲ့အစည်းမှ အောင်မြင်မှုမရတာကို
သတိပြုရပါမယ်။

ဒါကြောင့် ခေါင်းဆောင်ဆိုတာ
တစ်ခြားအချက်တွေအပြင်
လူစီမံခန့်ခွဲမှုကျွမ်းကျင်ပြီး
သဘောကောင်းဖို့ အရေးကြီးပါတယ်။🤗

✍️ crd
Photo Crd

ဒီကာလကြီးမှာ ကိုယ့်ရဲ့စိတ်အဆင်မပြေမှုတွေကိုဘယ်တော့မှ သူများဆီမှာ သွားရောမထွေးရဘူးဆိုတဲ့အသိကို ခဏ ခဏ မွေးနေရတယ် ။လူတွေဟာ ...
05/01/2025

ဒီကာလကြီးမှာ ကိုယ့်ရဲ့စိတ်အဆင်မပြေမှုတွေကို
ဘယ်တော့မှ သူများဆီမှာ သွားရောမထွေးရဘူးဆိုတဲ့
အသိကို ခဏ ခဏ မွေးနေရတယ် ။

လူတွေဟာ မမြင်ရလို့သာမသိကြတာ သူ့တို့ရဲ့
နိစ္စဓူဝမှာ ရှုပ်ထွေးမွန်းကြပ်နေတဲ့ ခံစားချက်တွေမှ
အများကြီးပါပဲ ။ ကိုယ့်ဘဝနဲ့ ကိုယ် ဖြေရှင်းနေရတဲ့
ဒုက္ခတွေ အခက်ခဲတွေ ပြဿနာတွေ ကိုယ်စီနဲ့ပါ ။

အဲ့တာကြောင့် ကိုယ့်စိတ်အလိုမကျလာတိုင်း
ကိုယ့်စိတ်အဆင်မပြေလာတိုင်း
အားလုံးကိုသိမ်းကြုံးရောထွေးပြီး အပြစ်တင်တာတွေ
မလုပ်သင့်ဘူးလို့ထင်ပါတယ် ။

ဒီကာလမှာ လူတိုင်းဟာ သူ့စိတ်နဲ့သူ
လောက်ကျွမ်းနေတာချည်းပါပဲ ။

Photo Crd
✍️ Crd

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"◾️ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံး...
23/11/2024

"တွေးပူတတ်တဲ့အကျင့်ကို လျှော့ပါ"

◾️ဘယ်ကိစ္စကိုမဆို တွေးပူနေတဲ့အကျင့်က အလုပ်ကို နှောင့်နှေးစေနိုင်တဲ့အကျင့်တွေထဲက ထိပ်ဆုံးကပါပဲ။ ဘယ်လောက်ပဲ အစွမ်းအစရှိရှိ၊ ကြိုးစားချင်စိတ်ရှိရှိ အဲဒီတွေးပူနေတတ်တဲ့အကျင့်ကြီး ရှိနေရင် ခရီးမတွင်ပါဘူး။

"ငါ လုပ်နိုင်ပါ့မလား"
"အဆင်မပြေရင် ဘယ်လိုလုပ်မလဲ"
"သူများတွေက ဘာပြောကြမလဲ"
"အောင်မြင်နိုင်ရဲ့လား မသိဘူး"
"ရှုံးနိမ့်သွားရင် ဘယ်လိုနေမလဲ"
စတဲ့ အတွေးတွေက တစ်ခုခု စလုပ်ချင်တဲ့စိတ်ကို အားနည်းသွားစေတယ်။

◾တွေးပူနေတတ်တဲ့သူတွေက မလုပ်ရသေးခင်ကတည်းက ဆင်ခြေတွေ အသင့်ရှာထားတတ်ပါတယ်။ ရှုံးနိမ့်မှုအတွက် အကြောင်းပြချက်တွေ ကြိုပြင်ထားတတ်ပါတယ်။ အရာရာကို အဆိုးဘက်ကနေ တွေးတတ်ပါတယ်။

တကယ်တမ်းကတော့ လုပ်ကြည့်မှသာ ဖြစ်နိုင်၊ မဖြစ်နိုင် သိနိုင်မှာပါ။ စမ်းကြည့်မှသာ အဆင်ပြေ၊ မပြေ သိနိုင်မှာပါ။ ကြိုးစားကြည့်မှသာ အောင်မြင်၊ မအောင်မြင် သိနိုင်မှာပါ။

ဒါပေမယ့် ဘာမှမလုပ်ရသေးခင်ကတည်းက အဆိုးတွေကိုပဲ တွေးနေရင်တော့ ဘာမှ ဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

◾️ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ တွေးပူတတ်တဲ့သူတွေဟာ စေ့စပ်သေချာသူတွေ အသေးစိတ်ကျတဲ့သူတွေ ဖြစ်နေတတ်ပါတယ်။ အရာရာကို သေသေချာချာလေ့လာပြီးမှ စနစ်တကျ လုပ်ချင်တဲ့သူတွေပါ။

ဒါပေမယ့် အဲဒီစနစ်တကျ ဖြစ်ချင်တဲ့စိတ်က လွန်ကဲလာတဲ့အခါမှာတော့ အလုပ်နှောင့်နှေးဖို့ရာ အကြောင်းတရားတစ်ခုအဖြစ် ပြောင်းလဲသွားတတ်ပါတယ်။

💟တွေးပူတတ်တဲ့အကျင့်ရဲ့ကောင်းကျိုးတွေ

- အသေးစိတ်ကို သတိထားမိတယ်
- အရာရာကို ဂရုတစိုက် လုပ်တတ်တယ်
- အရေးကြီးတဲ့ အချက်တွေကို မမေ့တတ်ဘူး
- လုပ်ငန်းတွေကို စနစ်တကျ စီစဉ်တတ်တယ်
- မလိုလားအပ်တဲ့ အန္တရာယ်တွေကို ရှောင်ရှားနိုင်တယ်

💟တွေးပူတတ်တဲ့အကျင့်ရဲ့ဆိုးကျိုးတွေ

- စိတ်ဖိစီးမှုတွေ များလာတယ်
- ညဘက် အိပ်မပျော် ဖြစ်လာတတ်တယ်
- ဆုံးဖြတ်ချက် မချနိုင်အောင် ဖြစ်တတ်တယ်
- ကိုယ့်ရဲ့အရည်အချင်းကို တွေဝေလာတယ်
- အခွင့်အလမ်းကောင်းတွေကို လက်လွှတ်ဆုံးရှုံးတတ်တယ်

တွေးပူနေတဲ့အခါ ကိုယ့်ရဲ့စွမ်းအားတွေက ထွက်မလာတော့ဘူး။ ကိုယ့်ရဲ့ အရည်အချင်းတွေကို ကိုယ်တိုင်အထင်သေးလာမယ်။ တွေးပူတတ်ခြင်းက ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ကိုယ်တိုင်တောင် မသိတော့အောင် ဖုံးကွယ်ထားတတ်ပါတယ်။

◾️ကိုယ့်မှာ ဒီလိုမျိုးတွေဖြစ်နေမယ်ဆိုရင် တွေးပူနေတတ်တဲ့အကျင့်ကို ပြောင်းလဲဖို့ လေ့ကျင့်ပေးရပါမယ်။

- ကိုယ်တွေးနေတာတွေက ဖြစ်နိုင်ခြေ ရှိရဲ့လား
- တွေးနေရုံနဲ့ ဘာမှ ပြောင်းလဲလာမှာ မဟုတ်ဘူး
- တွေးပူနေမယ့်အစား စတင်လုပ်ဆောင်လိုက်ရအောင်
- အဆိုးတွေကိုပဲ တွေးမနေပဲ အကောင်းတွေကိုလည်း တွက်ကြည့်ပါ
- တွေးပူနေတဲ့အချိန်တွေကို လက်တွေ့လုပ်ဆောင်ချိန်အဖြစ် အသုံးချလိုက်ပါ

📌တစ်ခါတလေ ကိုယ်တွေးသလို မဟုတ်တာတွေ တွေ့ရတတ်ပါတယ်။ ကိုယ်ထင်ထားတာထက် အများကြီး လွယ်ကူနေတတ်ပါတယ်။ လုပ်ကြည့်မှ ဒါက ဒီလောက်တောင် မခက်ဘူးဆိုတာ သိရတတ်ပါတယ်။

ဒါကြောင့် တွေးပူနေမယ့်အစား လက်တွေ့စမ်းကြည့်ပါ။ အဆိုးတွေကိုပဲ တွေးမနေပဲ ဖြစ်လာနိုင်တဲ့ အကောင်းတွေကိုလည်း တွေးကြည့်ပါ။

တွေးပူနေတတ်တဲ့ အကျင့်က ကိုယ့်ကို ဘယ်နေရာမှ မရောက်စေပါဘူး။ စိတ်ဓာတ်ကျစေပြီး ရှေ့ဆက်လို့ မရအောင် ဟန့်တားထားတာ ဖြစ်လို့ တွေးပူတာတွေကို ဖယ်ရှားပြီး လက်တွေ့ကျတဲ့ လုပ်ဆောင်မှုတွေနဲ့ အစားထိုးစေချင်ပါတယ်။

✍️crd
Photo crd

သူဌေးများမှ မိမိဝန်ထမ်းများ အလုပ်မှာပျော်ရွှင်စေဖို့ Photo crd
19/11/2024

သူဌေးများမှ မိမိဝန်ထမ်းများ အလုပ်မှာပျော်ရွှင်စေဖို့

Photo crd

အခုလက်ရှိ ကုန်စျေးနှုန်းတွေတက်ပြီး၊ အပြိုင်အဆိုင်များတဲ့ ခေတ်မှာ… ရောင်းသမား ဘဝက….Photo crd
01/11/2024

အခုလက်ရှိ ကုန်စျေးနှုန်းတွေတက်ပြီး၊ အပြိုင်အဆိုင်များတဲ့ ခေတ်မှာ… ရောင်းသမား ဘဝက….

Photo crd

အရေးအကြီးဆုံးကအမြဲ ကြိုးစား သင်ယူပါ။(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေနို...
13/10/2024

အရေးအကြီးဆုံးကအမြဲ ကြိုးစား သင်ယူပါ။

(၁) ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ ဘဝမှာ ကိုယ်ကလွဲရင် ဘယ်သူကမှ ကိုယ့်အတွက် အမြဲရှိမနေနိုင်ဘူး။

(၂) ဘာကြောင့်ပဲဖြစ်ဖြစ် ရိုးသားပါ။ ဘယ်နေရာရောက်ရောက် ရိုးသားပါ။ ဘာလုပ်လုပ် ရိုးသားပါ။ ဘာပြောပြော ရိုးသားပါ။

ဘယ်အခြေအနေမှာဖြစ်ဖြစ် ရိုးသားပါ။ရိုးသားခြင်းဟာ လူ့တန်ဖိုးအစစ်ဖြစ်လို့ ရိုးသားမှုမရှိလျှင် လူဟာ တန်ဖိုးမ ရှိပါဘူး။ဘာမှမရှိပေမယ့် အမြဲရိုးသားမှုရှိနေတော့ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူ ဖြစ်နေပါပြီ။

(၃) ဘာမှမသိရင် အောက်ကျို့ရတယ်။ ဒါကြောင့် သိ အောင် လေ့လာပါ။ဘာမှမရှိရင် မျက်နှာငယ်ရတယ်။ ဒါကြောင့် ရှိအောင် ကြိုးစားပါ။ငွေရှာပါ။ပိုက်ဆံစုပါ။ ဘယ်သူ့အပေါ်မှ မမှီခိုဘဲ ဘယ်သူ့မျက်နှာကိုမှ မကြည့်ဘဲ နေနိုင်တဲ့အထိ ကြိုးစားရှာဖွေပါ။

(၄) တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်။ဒါပေမဲ့ အဲဒီ အထဲမှာ ကိုယ်ကျင့်တရားမပါစေနဲ့။ ကိုယ့်ဒဏ်ရာကို လူတိုင်းကို ချမပြပါနဲ့။မင်းသိအောင် ကိုယ်ချင်းစာပေးမယ့်သူထက်မင်းမသိအောင် ကြိတ် ပျော်နေမယ့်သူကပိုများပါတယ်။

(၅) လိုအပ်နေမှန်းသိရင် တစ်ချို့က ထွက်သွားချင်တယ်။ လွယ်လွယ်နဲ့ရရင်တန်ဖိုးမထားကြတော့ဘူး။ ဒါကြောင့် အများကြီးဖက်တွယ်မနေပါနဲ့။ တချို့က အများကြီးချစ် တာနဲ့ လုံးဝမတန်ပါဘူး။

(၆) တစ်ခါတလေမှာ

အေးအေးဆေးဆေးလေး အနားယူပြီး တစ်ယောက်ထဲ နေတတ်အောင် နေကြည့်ပါ။ လွတ်လပ် ပေါ့ပါး စိတ်ချမ်းသာလာပြီးတော့ တချို့အရာတွေက ကိုယ်ထင်ထားသလောက်အရေးမကြီးမှန်း အရေးမပါ မှန်းသိလာပါလိမ့်မယ်။

(၇) ပျော်ရွှင်မှုဆိုတာ တစ်ခြားသူဆီမှာ မရှိပါဘူး။ ကိုယ့် ကိုယ်ကိုယ် ဂရုစိုက်ပြီး ကိုယ့်ဘဝထဲကပဲ ကိုယ်ကိုယ်တိုင် ရှာယူရတာပါ။

✍️ Crd

1.အိမ်ကို အရင်ဝယ်ပါ။ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။2.တာရှည်သုံးရတဲ့ ပစ္စည်းဆို ဈေးကြီးကောင်းတာဝယ်။3.သူငယ်ချင်း အမျို...
29/09/2024

1.အိမ်ကို အရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။

2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။

3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။

4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။

5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစား မလုပ်နဲ့။

6. ကိုယ် က သူများကို ပြောပြနိုင်‌တဲ့
အဆင့် ရအောင်ကြိုးစားပါ။

7.တယောက်ထဲနေတတ်နိုင်အောင်ကြိုးစားပါ။

8.အလုပ်လုပ်ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။

9. စာအုပ်ဖတ်တတ်တဲ့အကျင့် လုပ်ပါ။

10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက်ဖြစ်အောင် ကြိုးစားပါ။

11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့

12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ

သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။

လေးစားစွာဖြင့် ~ ☕

#ဘဝအတွက်စာပေ
#ဘဝပေးတဲ့သင်ခန်းစာ
#အသိပညာရရှိဖို့ရည်ရွယ်ပါသည်
#တန်ဖိုးရှိအောင်နေရမှာကကိုယ့်တာဝန်ဖြစ်တယ်❤❤
👇✔︎👇✔︎👇✔︎👇✔︎👇✍
လေးစားစွာCrdပေးပါသည်"

ပညာသားပါပါ စကားပြောနည်း-------------------------------------အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။အရေးမကြီးသည့်ကိ...
23/09/2024

ပညာသားပါပါ စကားပြောနည်း
-------------------------------------
အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။
မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။
ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။
သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာ နားထောင်ပါ။
မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယု၊တ်မည့်ကိစ္စ - လုံးဝမပြောသင့်။
မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံ၊းပေးပါ။
သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။
သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

✍️Crd

အလုပ်ခွင်မှာ leaderကောင်း နဲ့တွေ့ဖို့လိုပါတယ် ………………………………………………………………………….မိမိတို့ရဲ့ အလုပ်လုပ်တဲ့အခါ ပထမဦးဆုံး ခေါင်ဆ...
21/09/2024

အလုပ်ခွင်မှာ leaderကောင်း နဲ့တွေ့ဖို့လိုပါတယ်
………………………………………………………………………….

မိမိတို့ရဲ့ အလုပ်လုပ်တဲ့အခါ ပထမဦးဆုံး ခေါင်ဆောင်ကောင်းနဲ့တွေ့ဖို့လိုပါတယ် အဲ့လိုတွေ့မှသာ ကိုယ့်ရဲ့ carrerကပိုပြီးတိုးတက်နိုင်မှာဖြစ်ပါတယ်။Leaderကောင်းနဲ့ တွေ့မတွေ့ဘယ်လိုသိနိုင်လဲဆိုတော့ leaderကောင်းတွေနဲ့တွေ့ရင်

(1) သင်ကြားပြသပေးခြင်း
Leaderကောင်းတွေက သူတက်သိတာတွေကို အောက်လူကို သေချာသင်ကြားပြသပေးခြင်း ဥပမာ sales manager က သူ့အောက်က supervisorကို sales way planတွေ ဘယ်လိုဆွဲမလဲဆိုတဲ့ သဘောတရားတွေကို ဆရာသား မချန်သင်ကြားပေးခြင်း

(2) တန်းတူညီမျှ ဆက်ဆံခြင်း
Leaderကောင်းတွေက အောက်ကသူတွေကို ဘက်လိုက်မှုမရှိပဲ တန်းတူညီမျှဆက်ဆံလေ့ရှိကြပါတယ်။

(3) ဆုပေး ဒဏ်ပေးစနစ် သေချာကျင့်သုံးခြင်း
Leaderကောင်းတွေက အပြစ်ရှိရင် အပြစ်ပေးသလို ဆုပေးသင့်ရင် ဆုပေးတဲ့ ပုံစံကို မျှတစွာကျင့်သုံးကြလေ့ရှိပါတယ်။

(4)ကိုယ်ချင်းစာခြင်း
Leaderကောင်းတွေဟာ မိမိအောက်ကသူတွေရဲ့ လုပ်ကိုင်နိုင်မှု skillတွေ knowledge attitudeတွေကို သေချာသိထားပြီး တစ်ခုခု လုပ်ဖို့ခိုင်းရင် သူတို့လုပ်နိုင်မလုပ်နိုင် သေချာနားလည် ကိုယ်ချင်းစာတက်ကြပါတယ်။

(5) visionရှိခြင်း
Leaderကောင်းတွေဟာ အနာဂတ်ကို ဘာဖြစ်ချင်တယ်ဆိုတဲ့ ကြိုမြင်တဲ့ visionရှိကြပါတယ်။

(6)တာဝန်ယူမှု တာဝန်ခံမှုရှိခြင်း
Leaderကောင်းတွေကမိမိရဲ့ teamအတွက် တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိကြပါတယ် ကောင်းတာလုပ်ရင် ကိုယ်လုပ်တာ မကောင်းရင် အောက်ကသူတွေကြောင့်ဆိုပြီး မလုပ်ကြပါဘူး

(7) Decision
Leaderကောင်းတွေကို decisionကို မြန်မြန်နဲလ သေသေချာချာ သုံးသပ်ပြီး ချတက်ကြပါတယ်။

(8)High Active
Leaderကောင်းတွေက အလုပ်လုပ်တဲ့အခါ အရမ်းတက်ကြွပြီး လုပ်ကိုင်ကြလေ့ရှိပါတယ်။

ဒီလို leaderတွေနဲ့ တွေ့ရင် မိမိရဲ့အလုပ်ခွင်မှာ ကံကောင်းပြီလိုပြောလို့ရပါတယ်။

✍️ Crd

ရှောင်နေလိုက်ပါ မိတ်ဆွေ...သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်တိုက်ရိုက် သွားမပြောနဲ့။မသိသလို နေပေးပြီးတော့နောက်ဆို ကိုယ်က ရ...
14/09/2024

ရှောင်နေလိုက်ပါ မိတ်ဆွေ...
သူ့စိတ်ဓါတ်ကို ကိုယ်သိရပြီဆိုရင်
တိုက်ရိုက် သွားမပြောနဲ့။

မသိသလို နေပေးပြီးတော့
နောက်ဆို ကိုယ်က ရှောင်နေလိုက်ပါ။

သူ့အကျင့်ကို ရိပ်မိနေပြီမလား?
သွားပြီး ပေါက်ကွဲ မပြနဲ့။

မသိသလို နေပေးပြီး
နောက်ဆို ကိုယ်ကဆင်ခြင်လိုက်ပါ။

နင်ကဘယ်လို ငါကဘယ်လိုဆိုပြီး
စကားလုံးတွေနဲ့ စစ်တိုက်နေဖို့မလိုပါဘူး။

ရိုးသားချင်ယောင်ဆောင်နေတဲ့ သူ့အကြောင်းကို
ကိုယ်က နားလည်နေပြီမလား?
ဆက်ပြီး အပေါင်းအသင်း မလုပ်နဲ့။

တဖြည်းဖြည်း ရှောင်နေလိုက်ပါ။
ရှေ့ဆက်သွားရင် ကိုယ့်ကိုပါ
ထိခိုက်စေနိုင်တာမို့ပါ။

တစ်ခါတစ်လေတော့
ကိုယ်သိတဲ့ အရာတစ်ခုဟာ
ကိုယ်စိတ်ထဲမှာ မှတ်သားထားဖို့ပဲလိုတာပါ။

လုံးဝ မပတ်သက် မဆက်ဆံရဘူးလို့
မပြောလိုဘူး။
မဖြစ်သာလို့ ဆက်ဆံနေရအုံးမယ်ဆိုရင်လည်း
ကိုယ်ပေါင်း စိတ်ခွာနဲ့ ပေါင်းသင်းနိုင်ပါတယ်။

ရိုးသားချင်ယောင်ဆောင်
သဘောကောင်းသလို ဟန်ပြ
ကွယ်ရာမှာ နောက်ကောက်ချနင်း

ကိုယ့်ရဲ့ မကောင်းသတင်းကို
အလံတလူလူလို လေလွှင့်
ခွင့်ရရင် ရသလိုဖဲ့ညှစ်
အရာရာကို သူ့အပြစ်မဟုတ်ဘူးလို့
ဟန်ဆောင်ကာ မျက်နှာဖုံး စွပ်ထားတဲ့လူမျိုးကို
ဒီတစ်သက် သင်တွေ့ဆုံခဲ့ရင်
ကင်းနိုင်သလောက် ရှောင်ဖယ်ကာ နေလိုက်ပါ။

#မူးရင်းရေးစားသူအားလေးစားစွာဖြင့်

#လူငယ်တွေအောင်မြင်ဖို့

ခေါင်းဆောင်လုပ်ပါ  /  ဆရာကြီးမလုပ်ပါနဲ့=========================ဆရာကြီးက အရာရာကျွမ်းတယ်ခေါင်းဆောင်က အမှားကိုဝန်ခံတယ်ဆရာက...
07/09/2024

ခေါင်းဆောင်လုပ်ပါ / ဆရာကြီးမလုပ်ပါနဲ့
=========================
ဆရာကြီးက အရာရာကျွမ်းတယ်
ခေါင်းဆောင်က အမှားကိုဝန်ခံတယ်
ဆရာကြီးက လုပ်ရမှာကိုပြောတယ်
ခေါင်းဆောင်က လုပ်ပြတယ်
ဆရာကြီးက အပြစ်ရှာတယ်
ခေါင်းဆောင်က အကြံပြုတယ်
ဆရာကြီးက အပြောနဲ့စတယ်
ခေါင်းဆောင်က နားထောင်ခြင်းနဲ့စတယ်
ဆရာကြီးက အမိန့်ပေးတယ်
ခေါင်းဆောင်က လမ်းညွှန်ပြတယ်
ဆရာကြီးက အရိုသေကြိုက်တယ်
ခေါင်းဆောင်က ရိုသေထိုက်တယ်
ဆရာကြီးက စည်းမျဉ်းနဲ့အုပ်ချုပ်တယ်
ခေါင်းဆောင်က မေတ္တာဂရုဏာရှေ့ရှုတယ်
ကိုယ်ရှိနေတဲ့နေရာမှာခေါင်းဆောင်ဖြစ်နေပါစေ
✍️Crd

Negotiation စေ့စပ်ညှိနှိုင်းဆွေးနွေးတာကို ဘယ်လိုလုပ်ကြလဲ Negotiation ညှိနှိုင်းဆွေးနွေခြင်းဆိုတာဟာ စီးပွားလေးလုပ်ငန်းမျာ...
28/08/2024

Negotiation စေ့စပ်ညှိနှိုင်းဆွေးနွေးတာကို ဘယ်လိုလုပ်ကြလဲ

Negotiation ညှိနှိုင်းဆွေးနွေခြင်းဆိုတာဟာ စီးပွားလေးလုပ်ငန်းများမှာသာမက မိမိရဲ့ နေ့စဥ်အမြဲလုပ်ဆောင်နေကြရတဲ့ သဘောဖြစ်ပါတယ် ဥပမာ လူတစ်ယောက်ဟာ taxiစီးလို့ဖြစ်စေ စျေးညှိရတာမျိုး ၊ အိမ်ခြံဝယ်တဲ့အခါဖြစ်စေ စျေးညှိရတာမျိုး ၊ သမီးရီးစာအတွဲတွေလိုမျိုး တစ်ယောင်နဲ့ တစ်ယောက် ညှိနှိုင်းရတာမျိုး ၊ မိဘ နဲ့သားသမီးညှိနှိုင်းရတာမျိုး စသဖြင့် negotiationဟာ နေ့စဥ်ဘဝမှာ အမြဲသုံးနေရပြီး စီးပွားရေးလုပ်ငန်းမှာလား အမြဲညှိနှိုင်းတာတွေကို လုပ်ဆောင်ရပါတယ်။ဒါကြောင့် negotiation ညှိနှိုင်းတဲ့အခါ သုံးတဲ့ matixလေး တစ်ခုကို အခြေခံပြီး ညှိနှိုင်းတဲ့အခါ ဘယ်လိုတွေ စဥ်းစားလို့ရလဲဆိုတာလေး မျှဝေးပေးမှာဖြစ်ပါတယ်။

ညှိနှိုင်းတဲ့အခါ ပုံမှာပြထားတဲ့အတိုင်း Important of relationship နဲ့ Important of Outcome ကို သေချာနားလည်ဖို့လိုပါတယ်။Important of relationshipဆိုတာက ကိုယ်နဲ့ ညှိနှိုင်းမယ့်သူဟာ ရေရှည်ဆက်ဆံပြီး မဟာဗျူဟာအရအရေးပါတဲ့သူလား ဒါမှမဟုတ် အရေးမပါပဲ အခုတွေ့ပြီး နောက်မတွေ့တော့မယ်လူ မဆက်ဆံရမယ့်သူမျိုးလား အရင်ကြည့်ရပါတယ် negotiation လုပ်တဲ့အခါ ကိုယ့်ဘက်ကအသာစီးရသွားရင် ဒီလူ့မျက်နှာကို ထောက်ထားစရာမလိုတဲ့လူမျိုးလား ဆိုတာမျိုးဖြစ်ပါတယ်။Important of Outcomeဆိုတာက ကိုယ်လိုချင်တဲ့ ရလဒ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာမျိုးဖြစ်ပါတယ် အရေးကြီးလား အရေးမကြီးဘူးလားကို ဆိုလိုခြင်းဖြစ်ပါတယ် ဥပမာ taxiခ ညှိတာနဲ့ အိမ်ဝယ်ခြံဝယ်ဖို့ညှိတာ ကိုယ်ရချင်တဲ့ စျေးကိုပြောတဲ့အခါ မတူပါဘူး taxi က နည်းနည်း ပိုများသွားလို့ ဘားမှမဖြစ်ပေမယ့် အိမ်ခြံမြေက နည်းနည်းပိုများသွားရင်တောင် ငွေamountများမှာဖြစ်ပါတယ်။ဒီ ၂ခုကို သိပြီးရင် ပုံမှာ အကွက်၅ခုနဲ့ negiotiation ပုံစံ၅ခုရှိပါတယ်။ဒါတွေကတော့

(1)Avoiding ဆိုတာက Important of relationship နဲ့ Important of Outcome က lowနည်းပြီး negotiation ညှိနှိုင်းစရာမလိုတဲ့ ကိစ္စတွေဖြစ်ပါတယ် မိမိအတွက် outcome လည်း အရေးမကြီးသလို ညှိရမယ်သူကလည်း ဘားမှအရေမကြီးတဲ့ ကိစ္စမျိုးတွေပါ ဒါမျိုးဆိုရင် ကိုယ့်က အချိန်ကုန် လေကုန်ခံပြီး သွားညှိစရာမလိုပဲ မိမိရဲ့ လက်အောက်ကသူပဲဖြစ်စေ ၊ဝန်ထမ်းပဲဖြစ်စေ သွားပြီး ဒီကိစ္စမြန်မြန်လုပ်ခိုင်းသင့်ပါတယ် ဘားမှ ထွေထွေထူးထူးညှိစရာမရှိတဲ့ အခြေအနေဖြစ်ပါတယ် ဒါကြောင့် ဒါမျိုးဆိုရင် သူများနဲ့ လွှဲလိုက်ပါ။နောက်

(2)Accommodating ဆိုတာက Important of relationship က high မြင့်ပြီး Important of Outcomeက low နည်းတဲ့သဘောဖြစ်ပါတယ် တနည်းအားဖြင့်ပြောရရင် အခုညှိတဲ့ရလဒ်က မိမိအတွက်အရေးမကြီးပဲ ညှိနှိုင်းတဲ့သူက မိမိအတွက်ရေရှည်အကျိုးစီးပွားအရအရေးကြီးတဲ့သူဖြစ်နေရင် သူလိုချင်တဲ့ ရလဒ်outcomeပေးပြီး သူ့သဘောလုပ်ပေးလိုက်ပါ တချိန်သင်ဟာ သူ့စီက အကျိုးအမြတ်ဒီထက်ပိုပြီးရမှာဖြစ်ပါတယ်။ဒါပြီးရင်

(3)Competing ဆိုတာက Important of relationship က နည်းပြီး အရေးမကြီးကာ Important of Outcome ကမြင့်ပြီးအရေးကြီးတဲ့အခြေအနေဖြစ်ပါတယ် တနည်းအားဖြင့် သင်လိုချင်တဲ့ ရလဒ် outcomeကို အသာစီရအောင် ညှိရမှာဖြစ်ပါတယ်။ဒီလို အသာစီရဖို့ဆိုရင် သင့်မှာ bargaining power ရှိဖို့လိုပါတယ် သင်နဲ့ညှိမယ့်သူကို ဖိနိုင်ဖို့ အာသာချက်ရှိဖို့လိုပါတယ် ဥပမာ လုပ်ငန်း၂ခု တူတူတွဲလုပ်တဲ့အခါ သင်လုပ်ငန်းက နည်းပညာအားဖြင့် ပိုအားသာတယ်ဆိုရင်အမြတ်ဝေစု% ညှိတဲ့အခါ ဒီအားသာချက်နဲ့ ဖိပြီး% ပိုတောင်းလို့ရပါတယ် ပြီးတော့ လူတွေ အိမ်ဝယ်တဲ့အခါ အိမ်ရဲ့ မကောင်းတာတွေပြပြီး စျေးနင်းကြလေ့ရှိကြတယ့်သဘောဖြစ်ပါတယ် သင်မှာ အသာစီရအောင်ပြောဖို့ဘယ်လို power ရှိလဲဆိုတာဖြစ်ပါတယ်။နောက်

(4)Collaborating တူတူပူပေါင်းလုပ်တဲ့သဘော Important of relationship နဲ့ Important of Outcome ကော high မြင့်ပြီး အရေးကြီးတဲ့အခြေအနေဖြစ်ပါတယ် ဒီလိုအခြေအနေမှာ သူနဲ့ကိုယ်နဲ့ မျှမျှတတ win-winဖြစ်အောင်ပူပေါင်းလုပ်ရပါမယ် relationshipကော outcome ပါ အရေးကြီးကြောင်း ၂ဦး ၂ဖက်နားလည်ကြတဲ့ အခြေအနေလည်း ဖြစ်ရပါမယ်။

(5)Compromising ကတော့ Important of relationship နဲ့ Important of Outcome ကောက အသင့်အတင့်ရရှိတဲ့အနေအထားဖြစ်ပါတယ် ကိုယ့်ဖက်ကပဲ အသာစီးရအောင် အရမ်းကြီးဖိလို့မရသလို သူနဲ့ retaionshipကလည်း.အသင့်အတင့်အရေးကြီးတဲ့အနေအထားဖြစ်ပါတယ် ဥပမာအခြေအနေအမျိုးမျိုးကြောင့် မိမိပြိုင်ဖက်လုပ်ငန်း နဲ့အတူတူတွဲလုပ်ရတဲ့ အနေအထားမျိုးဆို ရှိတက်ပါတယ်။

ဒီအပေါ်က negotiation ၅ခုကို မိမိရဲ့အခြေအနေအချိန်အခါအရ အသုံးပြုရမှာဖြစ်ပါတယ်။

✍️crd

Address

Seikkanta Street
Yangon

Website

Alerts

Be the first to know and let us send you an email when Ye Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share