Fortune Business Institute - FBI

Fortune Business Institute - FBI အချိန်မပေးနိုင်သူများအတွက် Digital Marketing & Facebook in Business ရက်တို အထူးသင်တန်းများ

30/03/2021

မင်္ဂလာပါ...
"Digital Marketing Class" သင်တန်းလေးကို ပြန်ဖွင့်ပြီလားလို့ စိတ်ဝင်တစားမေးမြန်းကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..သြဂုတ်လ (၈) ရက်နေ့ဆို ပြန်ဖွင့်ပါပြီ။🥳
(Start August Eight)!

"Digital Marketing Class" သင်တန်းလေးဟာ...
1️⃣ Digital Marketer ဖြစ်လိုသူများ
2️⃣ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုတည်ထောင်လိုသူများ
3️⃣ page ကို ထိထိရောက်ရောက် စီမံလိုသူများ
4️⃣ ကြော်ငြာစရိတ်ကို အထိရောက်ဆုံးဖြစ်အောင် အသုံးချလိုသူများ
5️⃣ လက်ရှိ Page က ထင်တာထက်ပိုပြီး အလုပ်ဖြစ်ပြီးရောင်းအားတက်လိုသူများ
6️⃣ လက်ရှိလုပ်ငန်းလုပ်ကိုင်နေပြီး သင်တန်းတက်ဖို့ အချိန်မပေးနိုင်သူများ
7️⃣ ခေတ်ရှေ့ကပြေးနေတဲ့ ဒီဂျစ်တယ်မားကက်တင်းကို ဘယ်လုပ်ငန်းခွင်ကမဆို အမှီလိုက်လိုသူများအတွက် အမှန်တကယ်တတ်ထားသင့်တဲ့ သင်တန်းလေးတစ်ခုဖြစ်ပါတယ်.👍👍

"ဘာတွေသင်မှာလဲ"❓
==============
၁။ Digital Marketing Strategy
တစ်ချိန်လုံး Boost လုပ်နေစရာမလိုပဲ Boost လုပ်နေသကဲ့သို့ မိမိလုပ်ငန်းဆက်လက် တိုးတက်နေစေမယ့် နည်းဗျူဟာတွေ သင်ယူရမှာပါ။
၂။ page တစ်ခုကို စနစ်တကျထောင်တဲ့ အခြေခံကစပြီး မိမိလုပ်ငန်းကို အချိန်တိုအတွင်း လူသိများလာအောင်၊ မိမိရောင်းကုန်ပစ္စည်း ရောင်းအားချက်ချင်း တိုးတက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့ အဆင့်မြင့်နည်းပညာနဲ့ strategy တွေကို သင်ယူရမှာပါ။
၃။ Messenger Bot ဆိုတဲ့မိမိကိုယ်စားအလိုအလျောက် စာပြန်ခြင်း၊ ကြော်ငြာခြင်း၊ ရောင်းချခြင်းတွေကို ဘယ်လိုလုပ်တာလဲ..သိရမှာပါ။
၄။ Online Shop ကို စနစ်တကျဘယ်လို စတင်ထူထောင်မလဲ။ တည်ထောင်ထားတဲ့ Online Shop ကိုဘယ်လိုတိုးတက်အောင်လုပ်မလဲ။ CRM ဘယ်လိုလုပ်မလဲ ဆိုတာတွေအပြင် Facebook Marketing ကိုလည်း Technical ရော Strategy ပါ တစ်ထိုင်တည်းအတတ်လေ့လာသင်ယူရမှာဖြစ်ပါတယ်။
၅။ Facebook Business Manager and Ads Manager
Facebook မှာ လုပ်ငန်းနဲ့ပတ်သက်ပြီး Marketing နဲ့ Advertisements ကိစ္စတွေအားလုံး ကို ကိုင်တွယ်နိုင်တဲ့ Facebook Business Manager နဲ့ Ads Manager တွေကို ဘယ်လိုသုံးမှာလဲ။ Ads Manager ကြောင့် သင့်လုပ်ငန်းတိုးတက်စေနိုင်တဲ့နည်းလမ်းတွေ လေ့လာရမှာပါ။
၆။ Page Insight Analysis
ကိုယ့်ရဲ့ရောင်းကုန်ကိုဘယ်သူတွေစိတ်ဝင်စားတာလဲ၊ Potential Customer တွေက ဘယ်လိုလူမျိုးတွေလဲ၊ ဘယ် ကြော်ငြာတွေက ထိရောက်လဲ စတာတွေကို အသေးစိတ်ခွဲခြမ်းလေ့လာမှု Researchတွေ ပါဝင်ပါတယ်။
၇။ Google Business
Facebook မှာ လူသိအောင်ကြော်ငြာသလို Google Business သုံးပြီးတော့လည်း မိမိလုပ်ငန်းကို လူသိများအောင်၊ Google Maps မှာရိုက်ထည့်လိုက်တာနဲ့ ကိုယ့်လုပ်ငန်းနေရာကို ဖော်ပြစေမယ့် နည်းလမ်းတွေလည်း ပါဝင်မှာပါ။
၈။ SEO
Website တစ်ခုဘယ်လိုဆောက်မလဲ။ ကိုယ့်လုပ်ငန်းနာမည်နဲ့ www လိပ်စာတစ်ခု ဘယ်လိုရမလဲ။ ကိုယ့် Website ကို Search Engine မှာ Optimize ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာတွေလည်း သိလာပါမယ်။ ဒါ့အပြင် Google Analytic ဆိုတာဘာလဲ နှင့် ဘယ်လိုအသုံးချရမလဲ ဆိုတာတွေတတ်ကျွမ်းလာပါမှာပါ။
၉။ SEM
အင်တာနက်မှာရှာတဲ့သူတွေဆီ အလွယ်တကူ မိမိလုပ်ငန်း ထိုးဖောက်နိုင်အောင် Search Engine Marketing ဘယ်လိုလုပ်မလဲ။ Google, Youtube တွေမှာ ဘယ်လိုကြော်ငြာတွေထည့်ရမလဲ ဆိုတဲ့ နည်းလမ်းတွေကိုလည်း လေ့လာခွင့်ရမှာပါ။
၁၀။ SMS Marketing
သင့်လုပ်ငန်းအတွက် Potential Customer တွေများလာအောင် လူတိုင်းကိုင်နေကြပြီဖြစ်တဲ့ ဖုန်းထဲကို တိုက်ရိုက် ဘယ်လိုကြော်ငြာမလဲ၊ လူပေါင်းများစွာဆီကို သင်ပေးချင်တဲ့ သင့်လုပ်ငန်းရဲ့ သတင်းအချက်အလက်တွေ တပြိုင်နက်ဘယ်လိုရောက်အောင် လုပ်မလဲ ဆိုတာတွေကိုလည်း သိလာစေဖို့ အခွင့်အရေးလည်း ရဦးမှာပါ။
၁၁။ Email Marketing
Email ပို့ပြီး ကြော်ငြာခြင်းဟာ မိမိလုပ်ငန်း မိမိထုတ်ကုန်နဲ့ပတ်သက်လို့ အသေးစိတ်ပြောပြကြော်ငြာနိုင်လို့ ကြော်ငြာရာမှာအလွန်ထိရောက်တဲ့ Marketing တစ်မျိုးဖြစ်ပါတယ်။ လူပေါင်းရာထောင်မက ဆီကို Email တွေဘယ်လိုပို့ပြီးကြော်ငြာရမလဲ ဆိုတာကိုလည်း ပါဝင်မှာပါ။
၁၂။ Digital Marketing channels တွေရဲ့ knowledge အစုံကို အလုပ်ခွင်အင်တာဗျူးအတွက်ပါအဆင်ပြေအောင် သေသေချာချာ share လုပ်ပေးသွားမှာပါ။
-------------
တစ်ဦးချင်းစီ ထိထိရောက်ရောက် လက်တွေ့သင်ကြားခြင်းဖြစ်ပြီး
လုပ်ငန်းခွင်မှာ အသုံးချတတ်စေဖို့အတွက် Digital Marketing ပညာရပ်မှာ ရင်းနှီးမြှုပ်နှံလိုက်ပါ။🔑🔑🔑

📅သင်တန်းနေ့ရက်
August 8 & August 9 (ရက်တိုသင်တန်း)
(8.8.2020 Sat , 8.9.2020 Sun)

🕘သင်တန်းချိန်🕘
---------------
11:00am ~ 5:00pm

🎁 Full payment - 90,000 ks (after 9,000 ks DISCOUNT from 99,000 ks)
(Certificate ကြေး၊ စာအုပ်စာတန်းဖိုး အပါ)🎁

***(ကြိုတင်စာရင်းပေးအပ်နှံရန်လိုအပ်ပါသည်။)
(ကိုဗစ်ကာလ လူစုလူဝေးမဖြစ်စေရန် လူဦးရေအနည်းငယ်သာကန့်သတ်ထားပါသည်)
💎Corporate အထူးအစီအစဉ်အနေဖြင့် လုပ်ငန်းတစ်ခုတည်းကနေ သင်တန်းသား ၃ယောက်တက်တိုင်း နောက်ထပ်တစ်ယောက် အခမဲ့တက်ခွင့် (3+1) အထူးအစီအစဉ်လည်း ရှိပါသေးတယ်...။
Messenger သို့မဟုတ် 09 25 400 4112 သို့ SMS ဖြင့်

အမည်
မှတ်ပုံတင်
ဖုန်းနံပါတ်

ပေးပို့ပြီး စာရင်း ပေးသွင်းနိုင်ပါသည်။
အတွေ့အကြုံရင့် ဆရာ ကိုယ်တိုင်သင်ကြားပြသပေးမယ့်
August ၈ ရက်နေ့ စမဲ့ Digital Marketing သင်တန်းကို စိတ်ပါဝင်စားသူများ cb မှ စာရင်းပေး ဆက်သွယ်ပေးလို့ရပါပြီ 👍

🌈
🤝for your business📷
📷 Be Innovative for your Successful Business 🤝
📷FORTUNE Business Institute
Call Now: 09 25 400 4112📷

20/09/2020
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအစမှာပဲ ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တဲ့ ဘီလီယံနာတွေရဲ့ ကြွယ်ဝမှု စုစုပေါင်းဟာ လက်ရှိအချိန်...
14/06/2020

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအစမှာပဲ ၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့တဲ့ ဘီလီယံနာတွေရဲ့ ကြွယ်ဝမှု စုစုပေါင်းဟာ လက်ရှိအချိန်မှာတော့ ၃ ဒဿမ ၅ ရာခိုင်နှုန်း ထရီလီယံထိတောင် ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ Amazon သူဌေး Jeff Bezos တယောက်တည်း ဝင်ငွေတင် မတ်လထက်စာရင် ၃၆ ဒဿမ ၂ ဘီလီယံကျော် ပိုများလာပါတယ်။

Credit thanks to The Irrawaddy Lifestyle
ယခု သတင်းအား

Android application တွင်ဖတ်ရန် - https://goo.gl/VHxHq4

iOS application တွင်ဖတ်ရန် - https://goo.gl/r1SmUC

Website တွင် ဖတ်ရန် - https://bit.ly/2zxUj8s

ဘီလီယံနာသူဌေးတွေရဲ့ ချမ်းသာကြွယ်ဝမှု ပိုများလာတာဟာ စတော့ရှယ်ယာ ဈေးကွက်မှာ မထင်မှတ်ထားတဲ့ အပိုင်းကနေ ရှယ်.....

⭐️ပညာဖြင့်စီမံခန့်ခွဲမှု (သို့) အထက်မြက်ဆုံး ဆောင်ရွက်ခြင်း✍️''Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကေ...
05/06/2020

⭐️ပညာဖြင့်စီမံခန့်ခွဲမှု (သို့)
အထက်မြက်ဆုံး ဆောင်ရွက်ခြင်း✍️

''Management" ဟူသော စီမံခန့်ခွဲမှုသည် အရင်းအမြစ်များကို အကောင်းဆုံး၊ အထိရောက်ဆုံး၊ ရလဒ်အမြင့်ဆုံးရအောင် ဆောင်ရွက်ခြင်း ဟု အဓိပ္ပာယ်ဖော်နိုင်ပါလိမ့်မည်၊ အရင်းအမြစ် များစွာရှိသည်၊ အများသိသော အရင်း အမြစ်များမှာ လူ၊ အချိန်၊ ငွေ စသည်တို့ဖြစ်၏။ ကဏ္ဍ များစွာ၊ ပညာရပ် များစွာအပေါ်လည်း စီမံခန့်ခွဲကြရပြန်သည်။ Political Management, Social Management စသည်ဖြင့် နောက်ဆုံးတွင် အားလုံးထက် ပို၍အရေးပါသော အရာတစ်ခု ပေါ်လာသည်၊ ၎င်းကို ပညာအပေါ် စီမံခန့်ခွဲခြင်း ဟူသော Knowledge Management (KM) ဖြစ်သည်။
အချို့သော ခေတ်နှင့်ရင်ဘောင်တန်းလိုက်ကြသည့် ကော်ပိုရေးရှင်းကြီးများတွင် (CFO – Chief Financial Officer) ဟူသကဲ့သို့ (CKO – Chief Knowledge Officer) ဟူ၍ ဖွဲ့စည်းလာ၏။ ထိုကော်ပိုရေးရှင်းကြီး၏ ပညာအသုံးချမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် အဓိက တာ၀န်ယူရသည့်အပြင် အတိုင်ပင်ခံချုပ် Think Tank အဖြစ်လည်း တာ၀န်ထမ်းဆောင်ကြရသည်။

ကျွမ်းကျင်မှုနှင့်ပညာမတူပါ

များသောအားဖြင့် ကျွမ်းကျင်မှု (Skill) နှင့် ပညာ (Knowledge) ကို မှားယွင်းတတ်လေ့ရှိသည်။ ကျွမ်းကျင်မှု (Skill) ဆိုသည်မှာ မည်သို့ ဆောင်ရွက် ရမည်ကိုသိခြင်း Knowing 'how' to do ဖြစ်ပြီး၊ ပညာ Knowledge မှာ မည်သည်ကိုဆောင်ရွက်ရမည့်အပေါ်သိခြင်း Knowing 'what' to do ဟု အလွယ်တကူ ခွဲခြားနိုင်ပါလိမ့်မည်။ ကျွမ်းကျင်မှုတွင်ပင်လျှင်Soft Skill, Hard Skill နှင့် Smart Skill ဟူ၍ ရှိလာ၏။ Smart Skill ဖြစ်လာလျှင် ပညာ Knowledge ဘက်သို့ နီးစပ်လာပြီဟု ယေဘုယျ သတ်မှတ်နိုင်ပါလိမ့်မည်။

ပညာနှင့်ပညာမတူပြန်

Knowledge ဟူသည်မှာ ပညာရှိခြင်း၊ ပညာသိခြင်းဖြစ်ကာ Education ဟူသည်ကို စာတတ်ခြင်း၊ စာသိခြင်းဟု သတ်မှတ်သည်၊ သို့သော် လည်း Education ကို မြန်မာမှုနယ်ပယ်တွင် ယေဘုယျအားဖြင့် “ပညာ” ဟုသာ သုံးတတ်ပြန်သည်။ Educated Person ဟုဆိုလျှင် ဘွဲ့တစ်ခုခုရပြီးသူ၊ တက္ကသိုလ်ပညာအဆင့်ပြီးမြောက်သူဟု အလိုအလျောက် သိကြသည်။ သို့သော်လည်း “ပြန်လည်အသုံးချနိုင်သောအဆင့်” “အမှားအမှန် ပိုင်းခြားနိုင်သောအဆင့် “အမြင့်ဆုံးထိရောက်ရလဒ်ရအောင် စွမ်းဆောင် နိုင်သောအဆင့် မဟုတ်သေးပါ၊ လောက၏ အတွေ့အကြုံများ Experiences ကို ရယူပြီး ပေါင်းစပ်ကာ ဆောင်ရွက်နိုင်ပါမှ ပညာသိ Know- ledge ဟူသောအဆင့်သို့ ရောက်လာပါလိမ့်မည်။

ယေဘုယျအားဖြင့် အဆင့်(၅) ဆင့် ခွဲခြားထားနိုင်သည်ဟု ယူဆပါသည်။

(၁) Education (စာသိ)
(၂) Experience (အတွေ့အကြုံသိ)
(၃) Knowledge (သုတသိ)
(၄) Wisdom (ထိုးထွင်းသိ)
(၅) Enlightenment (တပ်အပ်သိ) ဟူ၍ဖြစ်သည်။

အမှန်တကယ် “ပညာဖြစ်” သောအဆင့်မှာပင် Knowledge သည် ပညာ၏ မူလတန်းအဆင့်မျှသာ ဖြစ်ပြီး၊ Wisdom က အလယ်တန်း အဆင့် ပညာရှိခြင်းဟု ခွဲခြားနိုင်ပြီး၊ Enlightenment အဆင့်ကသာ အထက်တန်း အဆင့်ပညာဟု ယူဆနိုင်ပါသည်။ Knowledge သည် “သုတ” ပေါ် အခြေခံ၍ ဖြစ်လာသော ပညာဖြစ်သဖြင့် သုတသိပညာဟု မြန်မာမှု ပြုလိုပါသည်၊ Wisdom အဆင့်မှာ အတွေ့အကြုံ၊ အတွေး အခေါ်များကို ထပ်မံပေါင်းထည့် ထားပြီးဖြစ်၍ ဖုံးကွယ်ထားသောအရာ များကိုပင် ဖော်ယူသိနိုင်စွမ်းရှိသဖြင့် “ထိုးထွင်းသိ ပညာ” ဟု မြန်မာမှု ပြုပါသည်။ အမြင့်ဆုံးသောပညာဖြစ်သည့် Enlightenment မှာ အရာရာ ကို ကောင်းစွာ ရှင်းရှင်းလင်းလင်း သိရှိနိုင်သော “အလင်းပေါက် ပညာသိ” ဖြစ်၍ မငြင်းနိုင်တမ်း တပ်အပ်သေချာမှုရှိသဖြင့် တပ်အပ်သေချာသိ ပညာဟု မြန်မာမှုပြုလိုပါသည်။

သင်ကြားပညာရေးအခြေခံ

ဘာသာရပ်များစွာကို ငယ်စဉ်က သင်ကြားပေးနေသော ကျောင်းပညာရေး၊ စာသင်ခန်း ပညာရေးမှာ အခြေခံ များစွာကျသည်ဟု မြင်သည်၊ မတူညီသော ဘာသာရပ်များအလိုက် စဉ်းစားပုံ၊ တွေးခေါ်ပုံ တွေးခေါ်နည်း၊ အသိရပုံရနည်းများ ကွဲပြားခြားနားခြင်းဖြင့် မိမိတို့၏ ပညာဖြစ်စေမှုဖြစ်သည့် ဦးနှောက်ကို တစ်စုံ တစ်ရာ လေ့ကျင့်ရင့်ကျက် စေပါသည်။ ယေဘုယျ နားလည်လွယ်ရန် ခပ်ကြမ်း ကြမ်း သရုပ်ခွဲထုတ်လျှင်
(၁) Education - Learning
(၂) Experiences - Education +Learning
(၃) Knowledge - Education +Experiences ( +Learning)
(၄) Wisdom - Knowledge + Experiences ( + Learning)
(၅) Wisdom - Knowledge + Experiences( + Learning)
ဟူ၍ တွေ့ရပါမည်။ သုတသိမှ ထိုးထွင်းသိ၊ တပ်အပ်သိပညာအဆင့်သို့ တိုးတက်သွားရာတွင် အတွေ့အကြုံဟူသော Experiences က အမြဲ ပါ၀င်နေလေ့ရှိပါသည်။ လေ့ကျင့်ခြင်းတစ်မျိုး၊ ရယူခြင်းတစ်မျိုး၊ ဆည်းပူးခြင်း တစ်မျိုးလည်း ဖြစ်သည်။ လောကုတ္တရာနယ်ပယ်တွင်မှာပင် ပရိယတ်္တိ၊ ပဋိပတ်္တိဟူ၍ ရှိနေပြီး၊ “အလုပ်လုပ်ပါ” ဟူသည် တရားကို ရှုမှတ်လေ့ကျင့် (အတွေ့အကြုံထပ်ဆင့်) စေခြင်းဖြစ်၍ အတွေ့အကြုံသည် မည်မျှအရေး ပါသည်ကို တွေ့နိုင်ပါ၏။ သာမန်အားဖြင့် လူ့လောကထဲရောက်လာ သောအခါ အသက် (၂၀)ကျော်မျှအထိ စာသင်ခန်းတွင်း စာသင်ကြရ၏။ Education ဟူသော ကျောင်းစာသင်ခန်းမှ ပညာကို အနှစ် (၂၀) မျှ သင်ကြားပြီး၊ အလုပ်လုပ်ကြရသည်၊ ထိုမှ အတွေ့အကြုံ ရှာကြရသည်။ အတွေ့အကြုံ ကို လောကကြီးထဲမှရသောပညာဟု တင်စားကြသည်၊ မကုန်နိုင် မခမ်းနိုင်အောင်ရသော ပညာဖြစ်သလို၊ ယူတတ်သလောက် ရသောပညာ လည်း ဖြစ်သည်။ သုတပညာဆင့်တွင် သင်ကြားခဲ့ရသော အတန်းပညာကို ပြင်ပ မှရသော အတွေ့အကြုံဖြင့် ချိန်ညှိပြီး ပညာဖြစ်လာ၏။တစ်ဆင့်တက်သော Wisdom အဆင့် ထိုးထွင်းသိပညာတွင် လည်း သုတပညာ (Knowledge) ကို အတွေ့အကြုံဖြင့်ပင် ထပ်၍ ပေါင်းစပ်ထားရသည်ကို တွေ့နိုင်သည်။ Enlightenment ဟူသော ပညာ ၏ အမြင့်ဆုံးအဆင့်တွင်လည်း ျွှငျိသာ နှင့် အတွေ့အကြုံကို ပေါင်းစပ် ထားသဖြင့် အတွေ့အကြုံဟူသော Wisdom ၏ အရေးပါပုံကို ခန့်မှန်းနိုင်ပါလိမ့်မည်။

အားလုံးသင်ရန်မလို

အချို့သောပညာများမှာ ပတ်၀န်းကျင်ကို လေ့လာခြင်းဖြင့် ရရှိနိုင်ကြသည်။ အရာအားလုံးကို သင်ကြားပေးရန် မလိုချေ။ Tacit Knowledge ဟူသည်မှာ သင်ရန်မလိုသောပညာ ဖြစ်သည်။ အချိန်တန် အရွယ် ရောက်၍ သမီးရည်းစားထားခြင်းကို သီးခြားသင်ကြားရန် မလိုသလို၊ မိဘများကို သားသမီးများက သိတတ်ခြင်းအတွက်လည်း သင်ကြားရန် မလိုချေ။ Tacit Knowledge အတွက် Education + Learning + Experience ဟုဆိုသော် ရလောက်သည်။ မိမိလေ့လာမှုနှင့် အတွေ့အကြုံ များအရ လုပ်သင့်လုပ်ထိုက် သည်များကို မည်သူ၏ တိုက်တွန်းမှုမှမပါဘဲ အသိစိတ်ဓာတ်ဖြင့် ဆောင်ရွက်နိုင် သည်မျိုးဖြစ်၏။ နောက်တစ်မျိုးက Explicit Knowledge ဖြစ်သည်။ ဤပညာမျိုးကို မူ တစ်ဦးတစ်ယောက်ထံမှ ရယူရသည်။ ဥပမာအားဖြင့် လုပ်ထုံးလုပ်နည်းများ၊ ဥပဒေများ၊ ကန့်သတ်ချက်များကို တစ်ဦးတစ်ယောက်က ရှင်းလင်းပြောပြမှသာ သိရှိလိုက်နာနိုင်သည့်သဘောမျိုးဖြစ်သည်။ Implicit Knowledge အမျိုးအစား ကမူ တစ်မျိုးဖြစ်၏။ တိုက်ရိုက် သင်ကြားပြောဆိုမှုမဟုတ်၊ တစ်ဦး တစ်ယောက်၏ ပြုမူဆောင်ရွက်ပုံကို မြင်တွေ့ရပြီး၊ သို့မဟုတ် သွယ်ဝိုက် ပြောဆို မှုမှတစ်ဆင့် သိလာရသောအသိမျိုး ဖြစ်သည်။

ထွေပြားစွာသိကြလျှင်

အချို့က ကျောင်းပြီး၍ဘွဲ့ရလျှင် ပညာရှိပြီ၊ တတ်ပြီဟုယူဆကြသည်။ အမှန်က ပညာတတ်ခြင်းမျှသာ ဖြစ်ပြီး၊ ပညာရှိခြင်း (ပြန်လည် အသုံးချနိုင်ခြင်း) မဖြစ်သေးချေ။ Education နှင့် Graduation မတူ၊ ထို့အတူ အချို့က သတင်း စကားဖြန့်ဝေနိုင်ခြင်းကို Knowledge ဖြစ်ပြီဟု ထင်ကြပြန်သည်။ သတင်း စကားဖြန့်ဝြေခင်းတွင် မိမိ၏ ဦးနှောက်အသုံးချမှု ဘာမှပါ၀င်သည်မဟုတ်၊ ကြားရသည်ကို မှတ်ထားပြီး ပြန်ပြောပြခြင်းမျှသာ ဖြစ်သည်။ သို့သော် သတင်း မရသူများ၏ အထင်ကြီးမှုကို ခံစားရင်း၊ “ငါ့လောက်သူတို့မသိ” ဟူသော စိတ် ဖြစ်ကာ ကိုယ့်ကိုယ်ကို ပညာရှိဟု ယူဆသွားကြသူများ မနည်းပါးကြသည် ကို တွေ့ရပါ၏။ Data ဟူသည် မှာ အချက်အလက်မျှသာဖြစ်၍ Information ဟူသော သတင်းထက် နိမ့်ပါးပါသည်။ ထို့အတူ Information ဟူသောသတင်းမှာ အချက်အလက်များ၏အစုအပေါင်း (Summarizing and Analyzing) မျှသာဖြစ်၍ Knowledge ဟူသော ပညာအဆင့် မဟုတ်ပြန်၊ Knowledge ဟူသည် မှာ သုတသိတို့အပေါ် အခြေခံသော ပညာဖြစ်ပြီး၊ Synthesize လုပ်ခြင်း (ပေါင်းစပ်ညှိနှိုင်း) ကာ အခြေအနေအရပ်ရပ်နှင့် အမှားအမှန်ကို ခွဲခြားနိုင်သော ပညာဆင့်ဖြစ်သည်။ Wisdom အဆင့်သည် Knowledge အဆင့်ထက် မြင့်သောပညာ ဖြစ်သည်။ ရှုပ်ထွေးခက်ခဲသော အခြေအနေ များကိုပင် ထိုးထွင်းသိမြင်နိုင်သောအဆင့်ဖြစ်သည်။ Talent အ ဟူသော ပါရမီပါ မြင့်မားသောဉဏ်စွမ်းရည်ကိုပါ ပိုင်ဆိုင်ကြသူများ ဖြစ်သည်။ မဟာဗျူဟာအဆင့် ဆောင်ရွက်နိုင်စွမ်းကြသောသူများလည်း ဖြစ်သည်၊ ရှေးအခါက မဟောသဓာပညာရှိကို ဤ Wisdom အဆင့်မျိုးဖြင့် ပညာကြီးသူအဖြစ် ထင်ရှားခဲ့သည်။

ပညာတွင် အမြင့်ဆုံးဖြစ်သော Enlightenment မှာမူ အသိအလင်း ပေါက်အောင် ပညာကြီးကြသူများဖြစ်သည်။ ဆင်ခြင်လျှင် သိနိုင် ကြ သောသူများ ဖြစ်သည်။ အချက်အလက်၊ သတင်းပြည့်စုံမှု မရှိသည့် တိုင် အောင် ဆင်ခြင်မှုဖြင့် အဖြေထုတ်နိုင်ကြသည့်အဆင့်ဖြစ်၏။ ဗုဒ္ဓခေတ် က ဓာတ်ခွဲခန်းများမပေါ်သေး၊ သို့သော်လည်း ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယော ဟူသော ဓာတ်ကြီး (၄) ပါးဖြင့်သာ အရာရာကို ဖွဲ့စည်းထားသည် ဟူသည် ကို ဖော်ထုတ်နိုင်ခဲ့သူ ဖြစ်သည်။ ဗုဒ္ဓမတိုင်ပင် ကျယ်ပြန့်စွာ လက်ခံထားသော အတ်္တကို ဗုဒ္ဓက အနတ္တဖြင့် တော်လှန်ခဲ့၏။

ခေတ်သစ်တွင် ကမ္ဘာကျော်သိပ်္ပံပညာရှင်ကြီးများဖြစ်ကြသည့် အဲလ် ဘတ်အိုင်းစတိုင်းသည် ဓာတ်ခွဲခန်း၊ စမ်းသပ်ခန်း ကောင်းကောင်းမရှိပါ ဘဲလျက် E = MC2 ကို တွက်ချက်ခဲ့ပြီး၊ သင်ပုန်းပေါ်တွင် ညီမျှခြင်းများဖြင့် တွက်ချက်ကာ ကမ္ဘာနှင့်လအကွာအဝေးကို ထုတ်ဖော်ခဲ့သည်။ ထို့အပြင် စကြ၀ဠာ၏အစ၊ ကျယ်ပြန့်လာပုံ မွေးဖွားလာပုံကို ဆင်ခြင်သိဖြင့် အယူအဆသစ်များ ထုတ်ဖော်နိုင် ခဲ့၏၊ တွင်းနက်ကြီးများ (Black Hole)၊ တွင်းဖြူကြီးများ (White Hole)၊ Warm Hole စသော အယူအဆများကို ပညာအလင်းပေါက်သောကြောင့် ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့ စမ်းသပ်ချက်များအရလည်း မှန်ကန်ကြ သည်ကို တွေ့ရပြန်သည်။

ခေတ်သစ်သည် ပညာကို ရေကုန်ရေခန်း အသုံးချရသောခေတ် ဖြစ်လာ၏။ မဟာဗျူဟာကောင်းများဖြင့် ယှဉ်ပြိုင်ရသောခေတ် ဖြစ်လာ၏။ ထို့ကြောင့် မြန်မာ တို့ခေတ်ကို အမှီလိုက်နိုင်ရန် ပညာကို ကြီးမားစွာ အသုံးချရုံမှတစ်ပါး အခြားလမ်း မရှိချေ။ ပညာကို ပညာလို မြင်နိုင်ရန် လိုသည်။ ကြက်တူရွေး သာလိကာလို Information ကို ရွတ်ပြရုံဖြင့် ပညာမဖြစ်၊ ပညာဟုလည်း မယူဆသင့်၊ လိုအပ်သောပညာများကို လက်တွေ့အသုံးချနေသောနိုင်ငံများမှ ရယူခြင်းဖြင့် ရယူဖြည့်ဆည်းနိုင်ကြရန်လိုပါသည်။
🔮
ဆရာ နေဇင်လတ် ရေးထားတာကို ပြန် Share ပေးတာပါ
credit:Swe Zin Lei

Facebook မှ Facebook Shops ကို စတင်ခဲ့ပြီး မြင့်မားတဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုရှိ စေဖို့ အာမခံခဲ့ပါတယ်။ ဒီအရာက Faceb...
02/06/2020

Facebook မှ Facebook Shops ကို စတင်ခဲ့ပြီး မြင့်မားတဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုရှိ စေဖို့ အာမခံခဲ့ပါတယ်။

ဒီအရာက Facebook နှင့် Instagram တို့အပေါ်တွင် e-shop (ဒီဂျစ်တယ်ဈေးဆိုင်) ဖွင့်လှစ်နိုင်စေ မှာဖြစ်ပြီး လုပ်ငန်းသေးများအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်။

တစ်ကယ်တမ်းတွင် ဒါဟာ လက်ရှိ e-shop ရဲ့ မျက်နှာစာတစ်ခုသာဖြစ်ပြီး အမှာစာများကို message များအနေနဲ့လက်ခံရရှိစေမှာဖြစ်ပါတယ်။ အသုံးပြုသူများကို Facebook နှင့် Instagram ပေါ်မှ ထွက်မသွားစေရန် အတွက် ပြုလုပ်ပေးနိုင်မယ့်နောက်ထပ်နည်းလမ်းတစ်ခုကတော့ သူ့ရဲ့ “Facebook Shop“ အားမြင်ရစေရန်အတွက် အော်ပရေတာများကို နောက်ထပ်ငွေပေးခြေမှုစနစ် တစ်ခုပြုလုပ်ပေးရန်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်တော့ ထိုသို့ရရှိနိုင်ရန် လိုအပ်ချက်များရှိနေပြီး (ယခုအချိန်တွင် အမေရိကန်တွင်သာ အသုံးပြု၍ရနိုင်မှာဖြစ်ပါတယ်) နောက်ပြီး ဒီအရာများဟာ လွန်စွာကန့်သတ်ချက်များရှိနေတဲ့ presentation tool တစ်ခုသာဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - သင်ဟာယခုအခါ Facebook ပေါ်တွင်ဈေးဝယ်နိုင်ပြီဖြစ်ပါတယ်၊ သူတို့ဟာ Facebook Shop များနှင့် Instagram Shop များကို စတင်လုပ်ဆောင်လျက်ရှိပါတယ်။

Credit thanks to jobsinyangon

“အဖွဲ့အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင...
02/06/2020

“အဖွဲ့အစည်းတွေမှာ သိပ်တော်တဲ့ခေါင်းဆောင်တွေနဲ့သာမန် ခေါင်းဆောင်တွေကို ကွဲပြားစေတဲ့အရာက technical skill အတတ်ပညာ ကျွမ်းကျင်မှု မဟုတ်ပါဘူး..တဲ့။
တကယ်တော့E.Q လို့ခေါ်တဲ့ မိမိရဲ့စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့ စွမ်းရည်။
တနည်း စိတ်ရင့်ကျက်မှုပါ..တဲ့။ E.Q မြင့်တဲ့ခေါင်းဆောင်တွေ အုပ်ချုပ်တဲ့
အဖွဲ့အစည်းတစ်ခုဟာ တနှစ်ကို အောင်မြင်မှု ၂၀% ပို တိုးတက်တာ တွေ့ရပါတယ်..တဲ့။
E.Q/E.I (Emotional Intelligence) စိတ် ဓါတ် ရင့်ကျက်မှု အညွန်းကိန်းမှာ ပါ တဲ့..
စွမ်းရည်တွေကတော့..
(၁) Self-awareness; (မိမိ ကိုယ်ကို သိတာ)မိမိရဲ့အားသာချက်၊
အားနည်းချက်တွေ။မိမိ က အပြောအဆို။ အပြုအမူတွေ က သူတပါး အပေါ် ဘယ်လို
သက်ရောက်မယ်ဆို တာ ကို သိတာ..
(၂) Self-regulation(မိမိကိုယ် ကို ထိန်းသိမ်းနိုင်တာ) (စိတ်ဆိုး၊စိတ် ညစ်၊ဒေါသ ထွက်စရာ တွေရှိ ရင်)
မိမိ ကိုယ် ကို ထိန်း ချုပ် နိုင်တာ။ဒါမှ မဟုတ်.အာရုံပြောင်း နိုင်တာ)
(၃) Motivation: စိတ်ပျော်ရွှင်မှု။ စိတ် တက်ကြွ မှု ကို ထိန်းသိမ်းနိုင်တာ.
(၄) Empathy: သူတပါးရဲ့စိတ် ခံစား ချက် ကို နားလည်တာ.
(၅) Social skill: အခြားသူတွေ နဲ့ဆက်ဆံရေးကောင်းမွန်၊ယုံကြည် မှု တည်ဆောက်ပြီး
ကိုယ် လို ချင်တဲ့ပန်းတိုင်ကို ဦးဆောင်နိုင်တာ ပါ ..တဲ့။ ကျနော် တို့အားလုံးမှာ..အဲဒီ စွမ်းရည် ၅ ခု
မွေး ကတဲ က ရှိ ကြပါတယ်..တဲ့။အချို့စွမ်းရည် တွေမှာ အားနည်း နေတာ၊အချို့ စွမ်း ရည် တွေမှာ
မြင့်နေတာ တော့ရှိ တတ်ပါတယ်..တဲ့။ အဲ ဒီ စွမ်းရည်တွေကို ပိုမို အားကောင်းအောင် လေ့ကျင့် လို့ရပါတယ်။
လေ့ကျင့်ဖို့နည်းတွေကတော့...ဇွဲ ရှိရှိနဲ့ လ့ကျင့်တာ၊ မိတ်ဆွေတွေ၊ လေ့ကျင့်ပေးတဲ့ဆရာတွေဆီက ဝေဖန်၊ အကြံပေးမှုတွေ တောင်းခံတာပါ ပဲ..တဲ့။ “

ကျနော် ကိုယ့်ကိုယ်ကို ဆန်းစစ်တဲ့နည်းကတော့စွမ်းရည်တစ်ခုမှာ အမှတ်ပြည့်က ၁၀၀ ဆိုရင် ငါ ဘယ်လောက်ရမလဲ စဉ်းစားကြည့်တာ။
နံပါတ် (၁) စွမ်းရည်မှာ အမှတ် ၄၀ လောက်ပဲ ရနိုင်တယ်ထင်တယ်။
နံပါတ်(၂) ကျတော့အမှတ် ၃၀ လောက်ပဲရှိမယ်။ အမှတ် (၄) စွမ်းရည် ကတော့မဆိုးဘူး။
အမှတ် ၇၀ ထိ ပေးကြည့်ထားတယ်။ အမှတ် (၃)နဲ့(၅) ကတော့ ၅၀ ကျော်၊၆၀ လောက်ရှိ မလားမသိဘူး။
ကျနော်ကတော့ ကိုယ့်မှာ အားနည်း နေတဲ့ ပထမ ၂ ခု self-awareness နဲ့self-regulation ကို လေ့ကျင့်နေတယ်။
တော်တော် အကျိုး ရှိတယ်ဗျ။ မိတ်ဆွေ တွေ၊သူငယ်ချင်းတွေလဲ ဘယ်ဟာတွေ လေ့ကျင့်ကြမလဲ။

credit-ayechanmon(IQ& EQ)
(ကောက်နှုတ်ချက်-Harvard Business Review စာအုပ်ထဲက Daniel Goleman ရေးတဲ့ What makes a Leader?)

💥ယနေ့ခေတ် Digital Marketing ဆိုတာဘာလဲ❓2020 Digital Marketing Trends ဘယ်လဲ ❓💥 Your Business is Booming 💥=== === === === =...
27/05/2020

💥ယနေ့ခေတ် Digital Marketing ဆိုတာဘာလဲ❓2020 Digital Marketing Trends ဘယ်လဲ ❓💥 Your Business is Booming 💥
=== === === === === === ===
အခုဆိုရင် Digital Marketing ဆိုတာ.. ကမ္ဘာပေါ်မှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးဂိမ်းတစ်ခုလို ဖြစ်နေပါပြီ။
DM ဆိုတာ.. Digital channelsတွေသုံးပြီး Marketing of products / Services (or) အင်တာနက်၊ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများ၊ ကြော်ငြာနှင့်အခြားဒစ်ဂျစ်တယ်နည်းလမ်းများမှ Consumers ဆီရောက်အောင်လုပ်တဲ့ services (တစ်နည်းအားဖြင့်) Product တွေကို Internet, Electronic Devices, Mobile Phone တွေကနေတဆင့် Audience ဆီကို ကြော်ငြာပေးတဲ့ Marketing နည်းလမ်းအားလုံးကိုဆိုလိုပါတယ်။ အဓိကရည်ရွယ်ချက်မှာ digital မီဒီယာအမျိုးမျိုးမှတစ်ဆင့် (Promote brands) မိမိကုန်အမှတ်တံဆိပ်များ၏ Brand & Sales ကိုမြှင့်တင်ရန် Marketing လုပ်တာပါ။
Digital marketing campaigns တွေက search engine optimization (SEO), search engine marketing (SEM), content marketing, influencer marketing, content automation,
campaign marketing, data-driven marketing e-commerce marketing,
social media marketing(SMM), Pay-Per-Click Advertising (PPC) , Affiliate Marketing , Instant Messaging Marketing , Radio/Television Advertising ,social media optimization, e-mail direct marketing, display advertising, e–books, and optical disks and games စတာတွေ အကုန်ပါဝင်နေကြပါသည်။ Digital Marketing က ယခုခေတ် စီးပွားရေးလုပ်ငန်း တော်တော်များမှာ Strategy မျိုးစုံနဲ့ ထိုးဖောက်လုပ်ကိုင်နေတာ တွင်တွင်ကျယ်ကျယ် လုပိကိုင်နေကြပါပြီ။ Target တိတိကျကျရွေးချယ်ပြီး ရောင်းအားတက်စေတဲ့အပြင် Report ကောင်းကောင်းလုပ်နိုင်ခြင်း နှင့် Research and analysis လုပ်နိုင်တာတွေကြောင့် Data Analysis အားကောင်းပြီး Remarketing ပြန်လုပ်နိုင်ခြင်း၊ Strategy ကောင်းကောင်း သုံးနိုင်ခြင်း၊ social media platform မျိုးစုံသုံးပြီး လူသိများကျော်ကြားအောင် Brand Image မြင့်တင်နိုင်ခြင်း အစရှိတဲ့ အကျိုးရလဒ်တွေ အများကြိးရရှိစေမှာပါ။ ယနေ့ Digital Marketing က အရင်တုန်းက ကြော်ငြာခဲ့တဲ့ နည်းလမ်းဟောင်းတွေထက် အများကြီး အကုန်အကျသက်သာလို့ ခေတ်နဲ့အမှီလိုက်နိုင်တဲ့ လုပ်ငန်းတွေရဲ့ လက်စွဲတော်ကြီးဖြစ်နေပါပြီ။
>>>>>>>>>>>>>>>>>>>>>
2020 Digital Marketing Trends ဘယ်လဲ ❓ to be continued

========================
❄️ Be Innovative for your Successful Business ❄️
Digital Marketing နဲ့ ပတ်သတ်တဲ့ အခြားအကြောင်း အရာတွေစုံစုံလင်လင်နဲ့ တွင်တွင်ကျယ်ကျယ် အသုံးချဖို့ Fortune မှ ကူညီပါရစေ .. cb မှ စိတ်ဝင်စားသူတိုင်း email address နှင့်Contact number ချန်ထားခဲ့ခြင်းဖြင့်လည်း အပတ်စဉ်ဆောင်းပါးများနှင့် eBooks များ အလျဉ်းသင့်သလို ပေးပို့သွားပါ့မယ်။
🔮FORTUNE Business Institute
Call Now: 09 25 400 4112📲
ရွှေချိုးဖြူကွန်ဒို၊ (ယုဇနဆေးခန်းနှင့်မေဓါဝီလမ်းဆုံ အနီး)
မြောက်ဥက္ကလာပမြို့ ၊ ရန်ကုန် ။

2020 Digital Marketing Trends ဘယ်လဲ ❓
=== === === === === === ===

“၂၀၂၀ ခုနှစ်မှာပို ခေတ်စားလာမယ့် ...
၂၀၂၀ - Digital Marketing Trends “ များစွာထဲက 5️⃣ ချက်ကို သင် နှင့် သင့် လုပ်ငန်း အတွက် မျှဝေပေးသွားချင်ပါသည်။
1️⃣Voice Search
Google Home and Amazon echo တို့က အသံရှာဖွေရေးလုပ်ငန်းတွင်အဓိက Players ‌တွေဖြစ်နေကြပါတယ်။ ကမ္ဘာတစ်ဝန်းရှိစမတ်ဖုန်းအသုံးပြုသူအများစုက အသံဖြင့်သက်ဝင်လှုပ်ရှားသည့် Siri ကို တစ်ပတ်အနည်းဆုံးနှစ်ကြိမ် အသုံးပြုနေကြပါသည်။ စာရိုက်ထည့်ပြီး ရှာလျင် တိုတိုလေးတွေရှာမယ့် အစား Voice Search နဲ့ ပြောတဲ့အခါ အရှည်ကြီးတွေပြောပြီးရှာလာတာကို တွေ့ရှိရပါသည်။
နောက်ပိုင်းမှာ Voice Search သည် လူကြိုက်များသထက်များလာမယ့် နည်းပညာတစ်ခုဖြစ်လာမှာ အမှန်ပါပဲ ။Voice Search ကြောင့် ပြိုင်ဘက်တွေထက်ပိုသာနေစေမယ့် နည်း နဲ့ website ကို လူကြည့်များလာစေမယ့် .. customer experience ပိုတိုးတက်လာစေမယ့် .. SEO လုပ်တဲ့နည်းကိုပြောင်းလဲသွားလိမ့်မယ်။

2️⃣Influencer Marketing ၏ သြဇာလွမ်းမိုးမှု
ဟိုအရင်ကတော့ နာမည်ကျော် celebrities တွေနှင့် “လူသန်းပေါင်းများစွာ followers ရှိတဲ့ internet celebs” ကဲ့သို့ နယ်ပယ်တစ်ခုခုရဲ့ နာမည်ကြီး အကျော်အမော်တွေအများစုက Influencers တွေဖြစ်ခဲ့ကြပါသည်။ နောက်ပိုင်းမှာတော့ Influencer Market ကြီးကလည်း များပြားလာမှာဖြစ်ပြီး .. Companies တွေက သူတို့၏ ပစ်မှတ်ထားတဲ့ ပရိတ်သတ်တွေ/ စားသုံးသူ တွေက အပြည့်အဝယုံကြည်ကြတဲ့ သာမန်လူတွေကြားထဲမှာပဲ သူတို့ပေးချင်တဲ့ message တွေကို တိုက်ရိုက်မြန်မြန်ရောက်စေဖို့ လူထုထဲမှ လူတွေကို Influencers တွေ အဖြစ် ပိုပြီး အသုံးချလာကြပါလိမ့်မည်။ Influencer marketing ကို တစ်ဦးတစ်ယောက်ချင်းစီအကြိုက်ပိုပြီးတွေ့လာစေဖို့ ကြီးကြီးမားမား ပြောင်းလဲလာမှာပါ။

3️⃣Streaming Video ဗီဒီယိုကြော်ငြာဆွဲဆောင်မှုကဏ္ဍ
Video ကဏ္ဍသည် ၂၀၁၉ digital marketing၏မဖြစ်မနေလုပ်ရမဲ့ ကဏ္ဍတစ်ခုဖြစ်နေပြီး.. 2020 မှာလည်း ဒီကဏ္ဍ ဆက်လက်ကြီးထွားလာဖို့ရှိကြောင်း IAB’s 2019 Videoကြော်ငြာအသုံးစရိတ်အစီရင်ခံစာအရသိရပါသည်။Marketers report အရ ဒီဂျစ်တယ်ဘတ်ဂျက်သည်တစ်နှစ်လျှင် ၂၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး IAB နှုန်းအရ…
• ၁၃ နှစ်အထက် အမေရိကန်တွေ၏ သုံးစွဲမှုနှုန်း ၇၄ ရာခိုင်နှုန်းသည် အွန်လိုင်းဗီဒီယိုကို အပတ်စဉ်စောင့်ကြည့်ပြီး ၄၁ ရာခိုင်နှုန်းကနေ့စဉ် စောင့်ကြည့်ကြပါသည်။
ဒစ်ဂျစ်တယ်ဗီဒီယိုကြည့်ရှုသူ ၇၈ ရာခိုင်နှုန်းကအခမဲ့ကြည့်စရာContent တွေအတွက် ကြေငြာတွေကို ကြည့်ရှူကြပါသည်။
အွန်လိုင်းဗီဒီယိုကြည့်ရှုသူတွေကပညာရေးဗီဒီယိုတွေကိုကြည့်တဲ့အခါအကြောင်းအရာရော၊ ကြော်ငြာရောပါပိုအာရုံစိုက်လာကြပါသည်။
သင်၏လူမှုကွန်ယက်များနှင့် sites ပေါ်တွင်ဗွီဒီယိုများထပ်ထည့်ခြင်းဖြင့် (Facebook Live နှင့် Instagram Live တွင်Live Videoများထည့်သွင်းခြင်းဖြင့်) live မဟုတ်သော ဗီဒီယိုများထက် ၃ ဆပိုပြီး လူကြည့်နှုန်းများပြားလာနိုင်ပါသည်။
၂၀၂၀ ခုနှစ်သည် streaming များနှင့်ဗီဒီယိုကြော်ငြာများကို ပိုအလေးအနက်ထားဖို့ အချိန်ရောက်လာပါပြီ။

4️⃣နည်းပညာမြင့်တက်လာခြင်း
မိုဘိုင်းထုတ်ကုန်များမှ 5G နည်းပညာ AI တိုးတက်မှု၊ အသံနှင့်ချိတ်ဆက်ထားသောတီဗီများ၊ သုံးစွဲသူများသည် ကြော်ငြာများနှင့်ထိတွေ့ဆက်ဆံမှုသည်လာမည့်နှစ်တွင်အမှန်တကယ်ပြောင်းလဲလာလိမ့်မည်။
• 5G နည်းပညာက သုံးစွဲသူများသည် Content တွေကို ဘယ်လို Access လုပ်တယ်ဆိုတာကို ပြောင်းလဲသွားစေလိမ့်မယ်..ဆိုလိုသည်မှာတကမ္ဘာလုံးဆိုင်ရာပရိသတ်များအကြားမိုဘိုင်းအသုံးပြုမှုသိသိသာသာတိုးပွားလာလိမ့်မည်။
•Content ကောင်းတွေအတွက် AI နည်းပညာတိုးတက်မှုများကဒီဂျစ်တယ်ဗွီဒီယိုကိုပိုမိုစိတ်ကြိုက်ပြုလုပ်လာနိုင်လိမ့်မည်။
•အိမ်အတွက် Alexa ၊ Siri နှင့် Google Home ကိုဆက်လက်အသုံးပြုကြပြီး၊ Developers များကမူ တိကျမှန်ကန်မှုကိုတိုးတက်အောင်ဆက်လက်ပြုလုပ်နေရတာကြောင့်(smart speakers)အတွက် Voice Search အသံဖြင့်ရှာဖွေခြင်း တွေကို ဆက်လက်ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာလိမ့်မည်။
•ချိတ်ဆက်ထားသောတီဗီများနှင့် OTT (ထိပ်တန်းမီဒီယာများ) တွင်တိုးတက်မှုသည်အသုံးပြုသူများအားသူတို့၏တီဗီနှင့်မိုဘိုင်းထုတ်ကုန်များမှကြော်ငြာများနှင့်အပြန်အလှန်ဆက်သွယ်နိုင်အောင်ထုတ်လွှင့်မှုဗီဒီယို(streaming video )အတွင်းထုတ်ကုန်နေရာချထားမှုတိုးလာစေသည်။

5️⃣ Interactive Content Takes Off
• ဝယ်သူ၏ ၉၁ ရာခိုင်နှုန်းသည် အပြန်အလှန်ဆက်သွယ်သော Content များကိုအွန်လိုင်းတွင် ပိုမို၍ ရှာဖွေနေကြသည်။ ၂၀၂၀ တွင်သူတို့လိုချင်သည့်အရာများပိုမိုရရှိစေရန်အာရုံစိုက်လာပါလိမ့်မည်။ (Interactive Content Examples - shoppable posts, AR / VR, 360 ဒီဂရီဗီဒီယို၊ ဉာဏ်စမ်းပဟေဠိများနှင့်စစ်တမ်းများ စသဖြင့်)
၂၀၂၀ ၏ထိပ်တန်းဈေးကွက်ရှာဖွေရေးလမ်းကြောင်းများထဲမှတစ်ခုဖြစ်လိမ့်မည်။

✅Free online short course👩‍💻အားလုံး မင်္ဂလာပါရှင့်🙏🙏🙏👉🏻ဒီလိုအချိန်မှာ ကူညီနိုင်တာတွေ အစွမ်းကုန်ကူညီချင်တဲ့ စေတနာဖြင့် sh...
17/05/2020

✅Free online short course👩‍💻

အားလုံး မင်္ဂလာပါရှင့်🙏🙏🙏

👉🏻ဒီလိုအချိန်မှာ ကူညီနိုင်တာတွေ အစွမ်းကုန်ကူညီချင်တဲ့ စေတနာဖြင့် share ပါတယ် ✊
🤜🤜🦠ကိုဗစ်ကာလကြီးပြီးသွားရင်
တတ်သည့်ပညာနဲ့ ကောင်းကောင်းအသုံးချရအောင် 🤝🤝သင်တန်းကြေးပေးစရာ မလိုဘဲ အခြေခံ Office Pro Essentials (Basic excel, photoshop, Basic editing, PowerPoint) သင်တန်းတက်ရအောင် ✅
🧐zoom meeting ပဲတက်တက်.. google classroom နဲ့ပဲစာသင်သင် video editing & power point အခြေခံknowledge မှမရှိရင်အဆင်ပြေမှာမဟုတ်ဘူးနော်🤔ဒီလိုဆို Office Pro Essentials တက် ဒါတွေပိုင်ပြီပေါ့✅
💡database အခြေခံကို excel သုံးပြီးစနစ်တကျလေးလုပ်တတ်ချင်သူတွေ
💡design လုပ်ဖို့ photoshop တတ်ချင်သူတွေ
💡 video editing အခြေခံတတ်ပြီး Facebook ကြေငြာလုပ်ချင်သူတွေ
💡 proposal တင်ပြဖို့ presentation ကောင်းကောင်းလုပ်တတ်ချင်သူတွေ
💡freelance လုပ်ရင်း Stay at home ဝင်ငွေရှာချင်သူတွေအတွက် >>
group မှာ Free join နိုင်ဖို့ cb မှာ interest လို့ မန့်ပေးခဲ့ပါ👍 👨🏻‍💻 👩‍💻 💻 laptop/ PC ရှိမှလေ့ကျင့်ဖို့အဆင်ပြေမှာပါ📲 ခုနေမှတ်သားထားပြီး နောက်မှ သေချာ ပြန်လေ့ကျင့်မယ် ဆိုလည်း အနည်းဆုံး ဖုန်းတစ်လုံးနှင့် life long-learning စိတ်လေးရှိဖို့က အဓိကပါ👍digital age မှာ အားလုံးက လိုအပ်ပြီး မတတ်မဖြစ်တွေချည်းပဲ😇
💎💡 idea အသစ်တွေ ဖန်တီးရအောင်👌🏻 လက်ရှိ လုပ်ငန်းခွင်ဝင်နေသူတွေနှင့် လုပ်ငန်းလုပ်ကိုင်နေသူတွေကိုလည်း ပိုပြီးအောင်မြင်အောင် တတ်နိုင်သမျှကူညီပံ့ပိုးပေးသွားမှာပါ ။🤝for your business💎
🆗လေ့လာမယ်📶ပြန်လည်အသုံးချမယ်✅
ကျောင်းနဲ့အဆက်မပြတ်ချိတ်ဆက်သင်ယူချင်တယ်ဆိုလျင်တော့ certificate 🧑‍🎓ပါပေးအပ်မဲ့group တွေလည်းရှိပါတယ်👩‍💻တကယ်တတ်မြောက်အသုံးချရမဲ့ Office Pro Essentials Certificate group ကိုမှ join မယ်ဆိုလျင်တော့ “ essentials certificate “လို့ cb မှာ ပို့ပေးပါ👍certificate fees 15000kyats👩‍🎓🧑‍🎓ပဲပေးရပါမယ် 🤝
✅အားလုံး စာတွေvideo file တွေမမှီလိုက်ရမရှိရအောင် Group မှာ 27th Mayမှာ စတင်ပြီး group လက်ခံပေးပါ့မယ်👍 Join ချင်တဲ့ လူအားလုံးကိုကြိုဆိုပါတယ်🤝😊😊😊
🤝for your business💎
😇Sharing is caring 🤗
စဉ်ဆက်မပြတ်လေ့လာသင်ယူနေဖို့
Fortune 🔮 Page ကို Like လုပ်ထားဖို့တော့လိုပါမယ်နော်👍Like 👉🏻👉🏻❤️ Please ✅ https://m.facebook.com/fortune.business.institute
👩‍💻Free learning group ✅
🤝❤️Join now 🆗 https://m.facebook.com/groups/274963816962779/?ref=share
🔮Thanks 😊

အိမ်ထဲမှာ ရက်ရှည်နေရခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ နေမကောင်းလို့၊ ပင်ပန်းပြီးနားချင်လို့၊ အကျယ်ချုပ်က...
07/05/2020

အိမ်ထဲမှာ ရက်ရှည်နေရခြင်းက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။

နေမကောင်းလို့၊ ပင်ပန်းပြီးနားချင်လို့၊ အကျယ်ချုပ်ကျနေလို့၊ ဘုရား၊ တရား အလုပ်တွေ အချိန်ပြည့်လုပ်နေလို့ စသဖြင့် ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအကြောင်းကတော့ အကောင်းဆုံးပေါ့။ ကျွန်မ မိတ်ဆွေ တစ်ယောက်က တစ်နေ့ တစ်နေ့ ဘုရား၊ တရား အလုပ်တွေနဲ့ အချိန်(၇)နာရီလောက်ကုန်ပြီး အေးချမ်း၊ ကျေနပ်စွာ ညအိပ်ယာဝင်နိုင်တယ်ဆိုတာကြားရတော့ မုဒိတာပွါး၊အားရပါတယ်။.

Covid မပြန့်ပွါးစေဖို့ အိမ်ထဲမှာနေရပုံက အခြားအကြောင်းတွေကြောင့် နေရပုံနဲ့ တူတာတွေလည်းရှိပါလိမ့်မယ်၊ မတူတာတွေလည်းရှိပါလိမ့်မယ်။ တစ်နေ့ တစ်ချိန် တစ်ခါမှာ covid အတွေ့အကြုံတွေအကြောင်း စာအုပ်တွေ ထွက်လာမှာပါ။

ရန်ကုန်မြို့ထဲမှာ အသွားအလာတွေများလာတယ်လို့ သိရပါတယ်။ ရန်ကုန်ဟာ covid ရောဂါကူးစက်ထားသူ အများဆုံးတွေ့ထားတဲ့မြို့ဖြစ်တော့ ကျန်းမာရေးဆိုင်ရာ စည်းကမ်းတွေကို အထူးဂရုစိုက် လိုက်နာဖို့ လိုပါတယ်။ ကိစ္စအမျိုးမျိုးကြောင့်၊ ဥပမာ အလုပ်အကိုင်နဲ့ ပတ်သက်လို့၊ အိမ်ပြင်ထွက်ဖို့ လိုတာတွေ ရှိနိုင် မယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့် ပုံမှန်အခြေအနေ အမြန်ဆုံး ရောက်စေချင်ပါတယ်။ ရောက်နိုင်အောင်လည်း ကြိုးစားပါမယ်။ သို့သော် ဒီအချိန်မှာတော့သည်းခံရပါမယ်။ သည်းခံကြပါ။သည်းခံရခြင်းအကြောင်းတွေ နောင်တစ်ချိန်မှာ ရေးနိုင်တာပေါ့။

ရောဂါမကူးစက်စေဖို့ ထိရောက်တဲ့နည်းတစ်ခုကတော့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းပါပဲ။ Mask တပ်ဆင်တဲ့ အလေ့အထကို အားပေးဖို့ maskပြိုင်ပွဲလေးတစ်ခုလုပ်မလား စဉ်းစားနေပါတယ်။ စိတ်ဝင်စားကြပါလား။ အိမ်မှာနေပြီးလုပ်နိုင်မဲ့ အလုပ်လေ။

By Daw Aung San Suu Kyi

Credit thanks to Amay Su

Address

Shwe Gyoe Phyu Condo, No. 286, Khay Mar Thi Road (Near Maydarwi Junction)
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959254004112

Website

Alerts

Be the first to know and let us send you an email when Fortune Business Institute - FBI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fortune Business Institute - FBI:

Share